အစားအသောက်နှစ်သက်ရခြင်းအကြောင်းအရင်း
Vol. 007 Ch. 643
အစားအသောက်အကြောင်းကြားလိုက်သည်နှင့် ဟန့်မြောင်ရွှမ်သည် မျက်လုံးများရဲလာကာ ချက်ချင်း ပင် စကားပြောင်းသွားလေသည် “ငါဒီနေ့အတွက် ဆေးဖော်ပြီးပြီ၊ အခုနေတောင်ဝင်နေပြီ၊ နားပြီး တစ်ခုခုစားတာ ပိုကောင်းမယ်၊ မနက်ဖြန်အတွက်အားမွေးထားရမယ်”
ဒီနေ့စားခဲ့သော ဟင်းသည် အလွန်အရသာရှိသည်။ ထို့ကြောင့် အသားကင်လည်းမဆိုးဘူးဟုထင် သည်။ အသားကင်အကြောင်းစဉ်းစားလိုက်သည်နှင့် သားရေကျလာသည်။
ရှီမာယူယူသည် သူမ၏ လောဘကြီးသည့်ပုံစံကိုကြည့်ပြီး ပြုံးလိုက်သည်။ “ခြံဝန်းထဲမှာ ဟင်းချက်လို့ မရဘူး”
“ကိစ္စမရှိဘူး ငါ့မှာနေရာရှိတယ်” ဟန့်မြောင်ရွှမ်သည် ကြိတ်ပြုံးလိုက်သည်။
နာရီဝက်အကြာတွင် သူတို့သည် တောင်ကြားတစ်ခုသို့ရောက်လေသည်။
“ဒီနေရာကကောင်းသားပဲ” ရှီမာယူယူသည် တောင်ကြား၏ ရှုခင်းကိုကြည့်လိုက်သည်။ သတိမထားပဲ စားရန်နေရာကောင်းဖြစ်သည်။ “ဒါဘယ်နေရာလဲ”
“ဒါကဂိုဏ်းအနောက်ကတောင်ပဲ ဒီနေရာကို ပုံမှန်ဆိုလူလာနည်းတယ်၊ ငါ တစ်ခုခုစားချင်တဲ့အချိန်တိုင်း ဒီကိုလာတတ်တယ်” ဟန့်မြောင်ရွှမ် ပြောလေသည်။
“နေတဲ့နေရာမှာမစားပဲ ဘာလို့ဒီကိုလာတာလဲ” ရှီမာယူယူသည် အသားကင်ရန် ပစ္စည်းကိရိယာများ ထုတ်နေသည်မှာ ဟန့်မြောင်ရွှမ်၏ အာရုံကိုဖမ်းစားနိုင်သည်။
“ငါအရင်က ခြံဝန်းထဲမှာ ချက်ပြုတ်တယ်၊ ဒါပေမဲ့ရှောင်ရှောင်ရောက်လာပြီးတော့ အဲမှာချက်ခဲတယ်၊ သိတဲ့အတိုင်းပဲ သူက သန့်သန့်ရှင်းရှင်းကြိုက်တာလေ၊ ငါ့ကြောင့်ညစ်ပတ်သွားတယ်ဆိုရင် သူအရမ်းကြမ်းတာ၊ ဒီနေ့မနက်ပဲကြည့်လေ” ဟန့်မြောင်ရွှမ်သည် မတတ်သာစွာပြောလေသည် “နောက်တော့၊ ငါအပြင်ထွက်စား တော့တာပဲ၊ တစ်ခါတစ်လေ ငါ့ဘာသာချက်ချင်တယ်ဆိုရင်တောင် နေရာမရှိခဲ့ဘူး၊ အဲ့နောက်မှတော့ ဂိုဏ်း အတွင်းမှာ ကျောင်းသားတွေလည်းများလာတာနဲ့ ဒီနေရာကိုရှာတွေ့တာပဲ”
“ဒီနေရာကဂိုဏ်းနဲ့သိပ်မဝေးဘူး၊ တခြားကျောင်းသားတွေတွေ့သွားမှာ မစိုးဘူးလား” ရှီမာယူယူ မေး လိုက်သည်။
“မလာပါဘူး၊ မဟုတ်ရင် ငါဒီနေရာကိုရွေးမှာမဟုတ်ဘူး” ဟန့်မြောင်ရွှမ်သည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။
“သေချာရဲ့လား”
“ဒါပေါ့၊ နည်းနည်းလောက်ဆက်သွားရင် ဂိုဏ်းရဲ့တားမြစ်နယ်မြေရောက်နေပြီ၊ အဲတော့ လာတဲ့လူ နည်းတယ်၊ ဒီနေရာကိုလာတာရှားတယ်၊ ငါဒီမှာလာစားတာကို သူတို့ပါးစပ်မဖွာရဲဘူး ပြီးတော့ သူတို့် တားမြစ် နယ်မြေထဲလာတာကို ဘယ်သူကကိုယ့်အကြောင်းကိုယ်ပြောမှာလဲ မဟုတ်ဘူးလား” ဟန့်မြောင်ရွှမ်သည် ပြုံးပြီး ပြောလေသည်။ ရှီမာယူယူ အသားမျိုးစုံထုတ်ကာ ဘေးသို့ထားနေသည်ကို တွေ့သည်နှင့် သူမအံ့သြသွားကာ မေးလိုက်သည် “ယူယူ မင်းမှာဘာလို့အဲလောက်အသားတွေအများကြီးရှိနေတာလဲ”
“ကျွန်တော် အစ်ကိုတွေသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတတ်တယ်၊ တစ်ခါတစ်လေ ကျွန်တော်ကပဲ ချက်ပြုတ်ပေးတာ” ရှီမာယူယူ ဖြည်းညင်းစွာရယ်လိုက်သည်။
“သူတို့ကကံကောင်းလိုက်တာ” ဟန့်မြောင်ရွှမ်သည် အားကျစွာပြုံးလိုက်သည်။
“ကျွန်တော်တို့က အမြဲတမ်းအတူတူရှိနေကြတော့ သူတို့လည်းချက်တတ်ကြတယ်၊ အဲဒါကြောင့် အချိန် တိုင်းချက်ပေးတာတော့မဟုတ်ဘူး” ရှီမာယူယူ ရှင်းပြလေသည်။
“သူတို့လက်ရာရောဘယ်လိုလဲ”
“ကောင်းပါတယ်၊ ဒါပေမဲ့ မကောင်းတဲ့လူလည်းရှိတယ် ကျန်တဲ့လူတွေကတော့ အဆင်ပြေပါတယ်”
“နောက်တစ်ခါကို သူတို့ကိုပါခေါ်လာကစားရမယ်” ဟန့်မြောင်ရွှမ်သည် ပြုံးပြးပြောလိုက်သည်။
“ကောင်းပါပြီ” ရှီမာယူယူသည် လျင်မြန်စွာပင် သဘောတူလိုက်သည်။ ဘေဂုံထန်နှင့် တခြားသူများပါ သူမနှင့် တွေ့သည်မှာ ကောင်းသောကိစ္စပင်ဖြစ်သည်။
“မိုက်သွားပြီ နောက်ကို မင်းမအားရင်တောင် သူတို့ကိုရှာပြီးချက်ခိုင်းလို့ရတယ်” ဟန့်မြောင်ရွှမ်သည် လက်ခုတ်တီးလိုက်သည်။ အဲလိုပဲဆုံးဖြတ်လိုက်ပြီ။
သူတို့ကို ဒုက္ခပေးမိသလိုဖြစ်သွားသည်ဟု ရှီမာယူယူခံစားရသည်။ “စီနီယာအစ်မက စားတာကို ကြိုက်တာကို မချက်တတ်ဘူးလား”
“ငါအသားပဲကင်တတ်တာ” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “ပြီးတော့ ငါသားကောင်ဖမ်းမိရင် ဒီကိုလာ ပြီး အသားကင်တာ အဲဒါအပြင် ဘာမှမလုပ်တတ်ဘူး”
“ဒါဆို စားချင်ရင် ဘာလုပ်လဲ”
“အပြင်သွားစားတာလေ၊ ငါအပြင်ထွက်စားတာအကျင့်ဖြစ်နေပြီ နောက်ပိုင်းကျ အမှတ်တရစားသောက် ဆိုင်ဖွင့်လာတယ်၊ အဲသွားပြီးစားနေကျပဲ သူတို့အဖွဲ့ဝင်ကတ်တောင်ရနေပြီ ငါ့ကိုဆို အချိန်တိုင်းလျော့ဈေး ပေးတယ်” ဟန့်မြောင်ရွှမ်သည် ပျော်ရွှင်စွာပြောလေသည် “ဂျူနီယာညီလေး အမှတ်တရစားသောက်ဆိုင်မှာ စားဖူးလား မစားဘူးရင် နောက်တစ်ခါခေါ်သွားပေးမယ်”
သူမ စိတ်လှုပ်ရှားမှုကို ရှီမာယူယူမြင်သောအခါ ထိုဆိုင်သည် သူမပိုင်သည်ကို ပြောရမလားဆိုသည်ကို တွေးနေမိသည်။
“စီနီယာအစ်မ စားရတာကိုဘာလို့အဲလောက်ကြိုက်တာလဲ”
သူမသည် သံတံဆို့ထုတ်ပြီး တံဆို့ဖြင့်အသားကို ထိုးလေသည်။ ဟန့်မြောင်ရွှမ်သည် သူမကိုလာကူညီ ပေးလေသည်။ သူမ လုပ်ဆောင်မှုများသည် လုပ်နေကျအတိုင်းပင်။
“တကယ်တော့ ကလေးဘဝကတည်းကအကျင့်ပါ” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “ဆယ်ကျော်သက် တုန်းက မစားပဲနေလို့ရတဲ့အဆင့်မရောက်သေးဘူး၊ တစ်ခါက ငါအမှောင်ခန်းထဲမှာ ၇ရက် ၈ရက်လောက် မစား မသောက်ပဲ အပိတ်ခံခဲ့ရတယ်၊ ပြန်ထွက်လာတော့ သေလုနီးပါးပဲ အဲတုန်းက ငါဗိုက်ဆာလွန်းလို့ စားစရာမလိုတဲ့ အချိန်ရောက်တာတောင် အဲခံစားချက်ကြီးကိုမေ့မရခဲ့ဘူး၊ နောက်တော့ စားရတာကြိုက်သွားတာပဲ၊ ဗိုက်ပြည့်နေ ရင် ပျော်နေတာပဲ”
ရှီမာယူယူသည် သူမအပြုံးကိုကြည့်လိုက်သည်။ သူမသည် ငယ်စဉ်ကခံစားချက်ကြောင့်ပင် စားခြင်းကို နှစ်သက်သည်ကို နားလည်သွားလေသည်။
“စီနီယာအစ်မ အပြင်ထွက်စားနေကျလား”
“ဟုတ်တယ်လေ၊ အများစုတော့ အမှတ်တရစားသောက်ဆိုင်သွားတယ်” ဟန့်မြောင်ရွှမ် ပြောလိုက် သည် “ငါတို့က တခြားကျောင်းသားတွေထက် အပြင်ပိုထွက်ခွင့်ရှိတယ်ဆိုပေမယ့် တစ်လကို တစ်ခါပဲလေ၊ ငါ့ အတွက်တော့ မလောက်ဘူး အဲဒါကြောင့် ငါ့ဘာသာချက်စားရတာ၊ ဒါပေမဲ့ တကယ်ပဲ အမှတ်တရစားသောက် ဆိုင်က ဟင်းတွေစားချင်တယ်”
“စီနီယာအစ်မက ဘာကြိုက်လဲ”
“ခြင်္သေ့ခေါင်းနှပ်၊ ကြက်သားပေါင်း” ဟန့်မြောင်ရွှမ်သည် အလိုအလျောက်ပင် ပြန်ဖြေလေသည်။
“ဒါဆို အသားကင်မစားချင်ဘူးလား”
“စားချင်တယ်” ဟန့်မြောင်ရွှမ်သည် ပြန်လည်ချေပလေသည်။ “အခုက အသားကင်ပဲရတာကိုး၊ စားချင် တာတော့ ခြင်္သေ့ခေါင်းနှပ်နဲ့ ကြက်သားပေါင်းပဲ၊ မစားရတာတော့ကြာနေပြီ၊ နောက်ထပ်စားဖို့ကို ဘယ်လောက် စောင့်ရမလဲမသိတော့ဘူး၊ အခုတော့ မင်းရောက်နေပြီဆိုတော့ အသားကင်ကို တစ်ချိန်လုံးစားစရာမလိုတော့ ဘူး”
ရှီမာယူယူသည် အသားများကိုတံဆို့ဖြင့် ထိုးပြီးလေပြီ။ မီးသွေးမှာလည်း ပူလာပြီဖြစ်ရာ ဘောင်များ လည်းပူလာသည်။ သူမသည် အသားတုတ်များကို အကင်ဖိုပေးတင်ပြီးနောက် အရသာမှုန့်များကို ဖြူးလိုက်လေ သည်။
“ဂျူနီယာမောင်လေး မင်းမှာ ဟင်းခတ်အမှုန့်တွေများကြီးပဲ ငါ့မှာတောင်မင်းရဲ့ တစ်ဝက်လောက်ပဲ ရှိ တယ်” ဟန့်မြောင်ရွှမ် ဝမ်းနည်းစွာပြောလေသည်။
“အရသာရှိအောင်လုပ်ချင်ရင် ဟင်းခတ်အမှုန့်တွေတော့ မရှိမဖြစ်ပဲ” ရှီမာယူယူ ပြောလိုက်သည် “နောက်ကျပို့ပေးမယ်လေ”
“အိုခေ အိုခေ” ဟန့်မြောင်ရွှမ်သည် လျင်မြန်စွာခေါင်းညိမ့်လေသည်။
အချိန်ကုန်သည်နှင့်အမျှ အသားကင်အနံ့သည် ထွက်လာသည်။ ရှီမာယူယူ အရသာမှုန့်များခတ်နေ သည်ကို ကြည့်ပြီးဟန့်မြောင်ရွှမ် သားရေကျလာသည်။
ရှီမာယူယူသည် အသားကင်များကို ပန်းကန်ပေါ်တင်လိုက်သည်နှင့် ဟန့်မြောင်ရွှမ်သည် စိတ်မရှည်စွာ ပန်းကန်ကိုယူလိုက်သည်။ သူမသည် အသားကင်ယူပြီး အနံ့ခံလိုက်သည် “ဂျူနီယာမောင်လေး အရသာရှိမယ့် ပုံပဲ၊ ပိုစားကောင်းမှာပဲ”
သူမသည် အသားထိပ်ပိုင်းကိုကိုက်လိုက်ရာ ပူလောင်မှုကို မထိန်းချုပ်နိုင်ဖြစ်ကာ အော်လေသည်။
“စီနီယာအစ်မနဲ့ လုစားမယ့်သူလည်းမရှိဘူး ဖြည်းဖြည်းစားပါ” ရှီမာယူယူသည် အသားစိမ်းများကို အကင်ဖိုပေါ်တင်ပြန်သည်။ တစ်ချိန်တည်းမှာပင် သူမသည် အသားတစ်တုံး၊ ကြက်သွန်၊ ဂျင်းနှင့် ကြက်သွန်ဖြူ များကိုထုတ်လိုက်သည်။
သူမသည် အသားကင်ကိုနှစ်ခါလှည့်ပြီး အသားကိုလှီးပြီးနောက် အချိန်ကိုကြည့်ကာ အသားကိုပြန် လှည့်လေသည်။
ဟန့်မြောင်ရွှမ် လက်ထဲမှအသားကိုစားပြီးသောအခါ ရှီမာယူယူ အသားလှီးနေသည်ကို တွေ့သောအခါ မေးလိုက်သည် “ဂျူနီယာမောင်လေး အသားကိုဘာလို့လှီးတာလဲ”
“ခြင်္သေ့ခေါင်းနှပ်လုပ်မလို့လေ မစားချင်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက ခြင်္သေ့ခေါင်းနှပ်လုပ်တတ်လာလား” ဟန့်မြောင်ရွှမ် အော်လိုက်သည်။
“ဟုတ်တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “အသားကင်ကူလှန်ပေးပါဦး ကြက်သားကိုအရင် ချက် လိုက်ဦးမယ်”
“မင်း ငါ့သားရေတွေကုန်အောင်လုပ်နေတာလား” ဟန့်မြောင်ရွှမ်သည် ဒီညနေတွင် ပျော်ပွဲရွှင်ပွဲတွေ့ရ သလိုပင်။
“ကျွန်တော်..ဘယ်သူလဲ” ရှီမာယူယူသည် ဟန့်မြောင်ရွှမ်၏ အနောက်ကို စူးရှစွာကြည့်လိုက်သည်။
ဟန့်မြောင်ရွှမ်သည်လည်း တစ်စုံတစ်ယောက်ကိုအာရုံခံမိကာ သိပ်မဝေးသောအရိပ်ကိုလှည့်ကြည့်လေ သည်။
***