← Chapters

ရှောင်ချီ

Vol. 007 Ch. 644

ရှောင်ချီ

Vol. 007 Ch. 644

ရှီမာယူယူသည် လက်ထဲမှပစ္စည်းများကိုချလိုက်သည်။ သူမသည် အဝေးသို့ကြည့်ကာ “ချောင်းနေတာ ဘယ်သူလဲ”

သူမနှင့် ဟန့်မြောင်ရွှမ်သည် တဖက်လူမှာ သူတို့လောက်အားမကောင်းသည်ကို ခံစားမိဖြင့် အလျင်စလို မလှုပ်ရှားပေ။

သူတို့သည် အတော်ကြာအောင်စောင့်နေသည်။ လှုပ်ရှားမှုမရှိသော်လည်း ထိုလူမှထွက်သွားသည်ကို မတွေ့သဖြင့် သတိမလွတ်ရဲပေ။

ရှီမာယူယူသည် အကြည့်လွှဲကာ ထိုနေရာသို့မကြည့်တော့ပေ။ သူမသည် ဟန့်မြောင်ရွှမ်အား ပြောလိုက် သည် “စီနီယာအစ်မ အသားကင်ကို အရသာမှုန့်ဖြူးရမယ့်အချိန်ပဲ”

“ဟင် အင်း” ဟန့်မြောင်ရွှမ်သည် အသားကင်ကို ရှီမာယူယူကိုပေးလိုက်သည်။ သူမသည် အရသာမှုန့် ယူပြီး အသားပေါ်ဖြူးလိုက်သည်။ အနံ့သည် တောင်ကြားတစ်လျှောက်ပြန့်သွားလေသည်။

အသားကင်ပြီးနောက်တွင် ရှီမာယူယူသည် အသားကင်ကို ပန်းကန်ထဲထည့်လိုက်သည် “ရော့ စီနီယာ အစ်မ”

ဟန့်မြောင်ရွှမ်သည် ပန်းကန်ကိုတစ်ဖက်သို့ ယူသွားကာစားလေသည်။ ရှီမာယူယူသည် အလျင်မလိုပဲ အသားကိုဆက်ကင်နေသည်။ သူမသည် အသီးဝိုင်တစ်ကရားထုတ်ကာ ဟန့်မြောင်ရွှမ်ဆီသို့ ပစ်ပေးလိုက် သည်။

ဟန့်မြောင်ရွှမ်သည် အဖုံးဖွင့်လိုက်ရာ အသီးဝိုင်အနံ့ပြန့်သွားသည်။

“မွှေးလိုက်တာ” ဟန့်မြောင်ရွှမ်သည် အသီးဝိုင်တစ်ငုံ့သောက်ပြီး ကျေနပ်စွာသက်ပြင်းချလိုက်သည် “ကလေး အမှတ်တရစားသောက်ဆိုင်မှာတောင် မရောင်းတဲ့အသီးဝိုင်က မင်းမှာဘယ်လိုလုပ်ရှိနေတာလဲ”

“ကျွန်တော်နှပ်ထားတာလေ” ရှီမာယူယူသည် ပြင်ဆင်ပြီးသား ကြက်သားကိုထုတ်ကာ အိုးထဲထည့် လိုက်သည်။ သူမရေထည့်ကာ အဖုံးဖုံးလိုက်သည်။ ထို့နောက်တွင် မီးထည့်လိုက်သ်ည။

ဟန့်မြောင်ရွှမ်သည် ထပ်ပြီးမေးချင်သော်လည်း ရှီမာယူယူသည် သူမအားကြည့်လိုက်ရာ စကားများ ပြန် ဝင်သွားလေသည်။ ထိုအစား သူမမှတ်ချက်ပေးလေသည် “ဂျူနီယာမောင်လေး ဝိုင်ကောင်းတစ်ခွက်က အသားနဲ့ လိုက်တယ်၊ အသားထပ်ကင်ပေးလို့ရလား”

“ဒီနေ့တော့ အသားထပ်မကင်တော့ဘူး၊ အဲအသားကင်တွေစားပြီးတော့ ထပ်မရတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ကျွန်မလည်းစားချင်တယ်” သူမစကားဆုံးသည်နှင့် အရိပ်ထဲမှ နူးညံ့သောအသံထွက်လာသည်။ ချက်ချင်းပင် သေးငယ်သောအရိပ်တစ်ခုသည် အလျင်စလိုရောက်လာပြီး ဟန့်မြောင်ရွှမ်ဘေးထိုင်ကာ သူမ ပန်းကန်အား လုယူလေသည်။

ဟန့်မြောင်ရွှမ်သည် သူမဘေးမှ ကောင်မလေးကိုကြည့်ပြီး မှင်တက်နေလေသည်။

“မင်းဘယ်သူလဲ” ထိုနေရာတွင်ပုန်းနေသည်မှာ မိန်းကလေးတစ်ယောက်ဖြစ်လိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမသည် နှစ်ပေါင်းများစွာမစားရသကဲ့သို့ အငမ်းမရစားနေနေသည်ကို မြင်သောအခါ စိတ်မကောင်းဖြစ်မိကာ “ဖြေးဖြေးစား လျှာကျက်မယ်”

“ဝူ…”

ကောင်မလေးသည် သူမအားလျစ်လျူရှုပြီး ခေါင်းငုံ့ကာ အသားကင်စားနေလေသည်။ အသားကင်သည် ပူသည်ဟု မခံစားရပေ။ စားသောက်ပြီးမှပင် သူမသည် ရှီမာယူယူအား မျှော်လင့်သောမျက်လုံးများဖြင့် ကြည့် လေသည်။

“မရှိတော့ဘူး” ရှီမာယူယူသည် သူမအကြည့်ကိုနားလည်သည်။ သူမသည် အသားစိမ်းများကို ညွှန်ပြ ကာ “စားချင်သေးတယ်ဆိုရင် အဲဒါကိုအရင်ကင်ရမယ်”

“အစိုကင်လေ” ကောင်မလေးသည် အံကြိတ်ကာ “မဟုတ်ရင် အစ်ကို့ကိုစားမှာ”

“မင်းကငါ့ကိုစားချင်တယ်ဟုတ်လား၊ ဒါဆိုရင် မင်းအတွက်ဘယ်သူမှ အသားကင်မပေးဘူး” ရှီမာယူယူ ပြန်လည်ချေပလေသည်။

“ဒါဆို အစ်ကို့ကိုမစားဘူး ကင်ပေးပါ” ကောင်မလေးသည် ခက်ထန်သောအကြည့်မှ ချစ်စရာကောင်း သောအရုပ်ကလေးအဖြစ်သို့ပြောင်းသွားလေသည်။

“ဒါပေမဲ့ ငါတို့မင်းကိုမှမသိတာ ဘာလို့မင်းအတွက်အသားကင်ပေးရမှာလဲ” ရှီမာယူယူသည် သူမအား စနောက်လိုက်သည်။

ကောင်မလေးသည် သူမအား မေးမြန်းသည်ဟု ထင်မိသည်။ သူမသည်ချက်ချင်းပင် လက်ဖျံအရွယ် ရှိသော တစ်စုံတစ်ခုကိုထုတ်လာသည်။ သူမသည် ပေးကာ “ဒီမုန်လာဥနဲ့ လဲမယ် အဆင်ပြေတယ်မလား”

“ဒါမုန်လာဥလား” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ ထိုအရာသည် နှစ်ပေါင်းထောင်ချီသော ဖန် ဂျင်ဆင်းဖြစ်သည်မှာ သိသာသည်။

“ဒါဘာလဲတော့မသိဘူး၊ မုန်လာဥနဲ့တူတယ် အဲဒါကြောင့် မုန့်လာဥလို့ခေါ်တာ” ကောင်မလေး ပြောလေ သည် “အဲတုန်းက လူအများလိုချင်ကြတာပဲ ဘယ်လိုလဲ ဒါနဲ့လဲမယ် အသားကင်ပေး”

သူမ၏ အပြစ်ကင်းသောမျက်လုံးများကိုမြင်သောအခါ ရှီမာယူယူ မစရက်တော့ပေ။

“ငါဒါကိုလက်ခံဘူး မင်းအတွက်အသားကင်ပေးမယ်” သူမသည် ကောင်မလေး၏ ခေါင်းကိုပုတ်လိုက် သည်။

ကောင်မလေးသည် သူမအပြုအမူကြောင့် ကိုက်ရန်လုပ်လိုက်သော်လည်း ကိုက်လိုက်သည်နှင့် သူမ အတွက် ချက်ပြုတ်ပေးဖူးသည့်လူမရှိသည်ကို တွေးမိကာ ပြန်ခုခံလိုက်သည်။

“လဲမယ်” သူမသည် ရှီမာယူယူ၏ လက်ထဲကိုဖန်ဂျင်ဆင်းထည့်လိုက်သည်။ သူမသည် အကြွေးအတင် မခံနိုင်ပေ။

ရှီမာယူယူသည် ဖန်ဂျင်ဆင်းကိုသူမလက်ထဲပြန်ထည့်ကာ ပြောလိုက်သည် “ဒါက အရမ်းတန်ဖိုးရှိတယ် အစားသောက်အတွက် လဲလိုက်ရင် မင်းနစ်နာမှာပေါ့”

“ကျွန်မမှာဒါပဲရှိတယ်” ကောင်မလေး ပြောလိုက်သည် “ယူလိုက်ပါ အများရှိသေးတယ်”

“မင်းမှာအများကြီးရှိတာလား” ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့နှစ်ယောက်လုံး အံ့အားသင့်သွားလေ သည်။

“အဲဒါအများကြီးရှိတာတော့မဟုတ်ဘူး ဒါပေမဲ့ တခြားဟာရှိတယ်” ကောင်မလေး ပြောလေသည်။

“ဒါဆိုရင် တခြားမုန်လာဥတွေကိုကြည့်လို့ရလား” ရှီမာယူယူမေးလိုက်သည်။

“ဒါမလိုချင်ဘူးလား” ကောင်မလေး စဉ်းစားလေသည်။ ရှီမာယူယူ ထိုအရာကိုမလိုချင်ဘူးဟုအထင်နှင့် ရှားပါးသော ဆေးဖက်ဝင်ပစ္စည်းများထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။ “လိုချင်တာရွေးလိုက်”

သူမထုတ်လိုက်သည့်အရာများကို ရှီမာယူယူမြင်သောအခါ အလန့်တကြားပြောလေသည် “မင်းမှာ ဘာလို့ ဆေးဖက်ဝင်ပစ္စည်းတွေဘာလို့အများကြီးရှိနေတာလဲ”

“ကျွန်မရှာတွေ့လာတာ တောင်ပေါ်မှာအများကြီးပဲ၊ သွားလိုက်တာနဲ့ လွယ်လွယ်နဲ့ရှာလို့ရတယ်” ကောင်မလေး ပြောလိုက်သည် “လိုချင်လို့လား”

“ဆေးပစ္စည်းတွေကို ဘာအတွက်သုံးမလို့လဲ” ရှီမာယူယူသည် သူမပစ္စည်းများကို မလိုချင်သည့် ပုံဖြင့် လက်ပြန်ရုတ်လိုက်သည်။

“စားဖို့” ကောင်မလေးသည် ဖန်ဂျင်ဆင်းထုတ်ပြီး တစ်ကိုက်ကိုက်ပြီးနောက်ထွေးထုတ်လိုက်သည် “ဒါက အရသာမရှိဘူး”

“မင်းဒါစားလိုက်တာလား” ဟန့်မြောင်ရွှမ်သည် မျက်လုံးပြူးသွားလေသည်။

“ဟုတ်တယ် အရင်က ဒါတွေစားတာပဲ” ကောင်မလေးသည် ထပ်ပြီးထွေးထုတ်ပြန်သည် “အရသာ မရှိဘူး၊ အသားကင်ပေးပါ ဒါတွေကိုပေးမယ်”

ရှီမာယူယူသည် ကောင်မလေး၏ ပဟေဠိဆန်သော မျက်နှာကိုကြည့်လိုက်သည်။ သူမ၏ သရုပ်မှန်ကို မသိနိုင်ပေ။ သူမသည် ပြင်းထန်သောဆေးကိုပင် ထိခိုက်မှုမရှိပဲ ဝါးစားလိုက်သည်။

သူမ ငယ်ရွယ်သည်ကိုပါတွေးလိုက်လျှင် သူမသည် ထင်ထားသည်ထက် ပိုအားကောင်းနိုင်သည်။ သူမ အတွင် ဝိဉာဉ်မိစ္ဆာပြောင်းလဲမှုအရိပ်အယောင်တွေ့ရသော်လည်း ဝိဉာဉ်မိစ္ဆာ၏ ရောင်ဝါကို မခံစားမိပေ။ ထို့ကြောင့် သူမသည် မည်သည့်သတ္တဝါဖြစ်သည်ကို မသိနိုင်တော့ပေ။

“မင်းနာမည်ဘာလဲ”

“ရှောင်ချီ”

“ရှောင်ချီ၊ မင်းနဲ့ မမဟန့်မြောင်ရွှမ်တို့် အရင်သွားကစားလိုက် ငါမင်းတို့အတွက် ခြင်္သေ့ခေါင်းနှပ်လုပ် ပေးမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ခြင်္သေ့ခေါင်းနှပ်ဟုတ်လား ဒီမှာခြင်္သေ့မှမရှိတာ” ရှောင်ချီသည် လှည့်ပတ်ကြည့်သော်လည်း ခြင်္သေ့ မပြောနှင့် ခြင်္သေ့အမွှေးပင် မတွေ့ပေ။

“ခဏနေရင်သိမှာပါ” ရှီမာယူယူသည် ရှောင်ချီ၏ နှာခေါင်းကိုဆွဲလိုက်သည်။

“ဒါနဲ့ ဂျူနီယာမောင်လေး ငါပြောတာမပြီးသေးဘူး၊ မင်း အမှတ်တရစားသောက်ဆိုင်က အထူးဟင်းတွေ ကိုဘယ်လိုသိတာလဲ” ဟန့်မြောင်ရွှမ်းသည် သူမ နားမလည်မှုပြတ်တောက်သွားသည်ကို သတိရလိုက်သည်။ အခု ခြင်္သေ့ခေါင်းနှပ်အကြေင်းပြောမှပင် မေးရန်သတိရသွားသည်။

“ကျွန်တော် သူတို့ကိုသင်ပေးခဲ့လို့ပါ” ရှီမာယူယူသည် ပါဝင်ပစ္စည်းများကို ရှင်းလင်းနေသည်။

“သူတို့ကို သင်ပေးတယ်ဟုတ်လား အမှတ်တရစားသောက်ဆိုင်က မင်းဆိုင်လား”

“အဲလိုတော့မဟုတ်ဘူး ကျွန်တော့်သူငယ်ချင်းဆိုင်ပါ၊ အစတုန်းကသူ့ကို ချက်ပြုတ်တာတွေ သင်ပေးခဲ့ တယ်၊ နောက်တော့ သူ အဲဟင်းတွေနဲ့ အမှတ်တရစားသောက်ဆိုင်ဖွင့်ခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒီကောင်းကင်မြို့က အမှတ်တရစားသောက်ဆိုင်ကတော့ ကျွန်တော့်ဆိုင်ပဲ၊ နောက်ကျ အစ်မ အမှတ်တရစားသောက်ဆိုင်သွားလို့ ကျွန်တော့်နာမည်ပြောလိုက်ရင် အလကားစားရလိမ့်မယ်”

“ဟားဟား တကယ်ပဲမင်းဆိုင်ပဲ” ဟန့်မြောင်ရွှမ်သည် ပျော်ရွှင်စွာ အားပေးလေသည် “ငါသွားရင် ငါ့ကို ပိုက်ဆံမပေးခိုင်းနဲ့ မင်းဆိုင်က ဟာတွေက အရမ်းဈေးကြီးတယ်”

***

All Chapters