← Chapters

အခန်း (၆၂၉)

Vol. 42 Ch. 629

အခန်း (၆၂၉)

Vol. 42 Ch. 629

သီးခြားတာဝန်ပေါ်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဤနေရာတွင် မည်သည့် ရတနာမှ မရှိဘဲ တားမြစ်ထားသည့် တည်နေရာတစ်ခုဖြစ်နေကြောင်း သိရှိလိုက်ရတော့သည်။ သို့ပေမဲ့ တစ်နာရီလောက် စောင့်ပြီးသည့်နောက် မည်သည့် လှုပ်ရှားမှုမှ မရှိခဲ့ပေ။

"အားလုံးပဲ"

ကျွမ်းလောင် မီးတောက် ဂိုဏ်း၏ အကြီးအကဲက ပြောလိုက်သည်။ "ပြန်လှည့်ကြစို့"

သူနှင့် တစ်ခြားသော ကျွမ်းကျင်သူများအားလုံးသည် အရင်ဦးဆုံး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် ခုနစ်ရက် သို့မဟုတ် ရှစ်ရက်နည်းပါး စောင့်နှင့်ပြီး ဖြစ်သည်။

အရင်ဖြစ်ပေါ်ခဲ့သော ရှားပါးလှသည့် ရတနာများ ပေါ်ထွက်လာသည့် အချိန်အရဆိုလျှင် ဤကဲ့သို့ ပတ်ဝန်းကျင် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်နှင့် ရတနာသည် ကျိန်းသေပေါက် ပေါ်လာရမှာဖြစ်၏။ ဤကဲ့သို့ အချိန်ကြာမြင့် လှမည် မဟုတ်ချေ။

"သွားကြစို့ သွားကြစို့"

များပြားလှသည့် ကျင့်ကြံသူများ အားလုံးသည် စိတ်ဓာတ်တကျဖြင့် ပြန်လည်ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။

အဓိကဂိုဏ်းများမှ ကျွမ်းကျင်သူများ ရောက်ရှိလာချိန်တွင် မည်သည့် အရာမှ ရရှိတော့မည်မဟုတ်ကြောင်း ကျင့်ကြံသူ‌ ‌တော်တော်များများက သိရှိပြီး ဖြစ်သည်။ သူတို့သည် ဤနေရာသို့ ကြည့်ရန် သက်သက်ဖြင့် ရပ်နေကြခြင်း ဖြစ်၏။

သို့ပေမဲ့ အခု မည်သည့်ရတနာမျိုးမှ ရှာဖွေ မတွေ့ရှိကြောင်း သိရှိလိုက်ရချိန်မှာတော့ အားလုံးသည် စိတ်ပျက်သွားကြ၏။ "သွားကြစို့"

သွားကြ သွားကြ …. ငါနဲ့ ခန်းမသခင်ရှစ်ကို ဒီမှာ ထားသွားကြ။

ကျွင်းချောင်ရှောင်း တွေး‌နေတုန်းမှာပဲ သိုင်းအုပ်စိုးသူတစ်ယောက်သည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ကြည့်အုံး …. ဟိုတွင်းထဲမှာ လှုပ်နေတယ်"

ဝှစ် ဝှစ်

ထွက်ခွာသွားရန် ပြင်နေကြသော ကျွမ်းကျင်သူများ အားလုံးသည် ဟိုဘက်သို့ လှည့်ကြည့်လိုက်သည့် အချိန်မှာတော့ မူလအားဖြင့် လက်သီးဆုပ်အရွယ်ခန့် သေးငယ်သော တွင်းလေးတစ်ခုသည် တစ်စုံတစ်ယောက်က တူးဆွလိုက်သကဲ့သို့ တစ်ဖြည်းဖြည်း ကြီးထွားလာတော့သည်။ ထူးဆန်းသော အရာသည် ဖြစ်တည်လာခြင်းပင် ဖြစ်သည်။

တွင်းသည် တစ်ဖြည်းဖြည်းနှင့် ကြီးမားလာပြီး မြေထုထဲတွင်တော့ မြေစိုင်းမြေခဲနှင့် ‌သဲများ ဖွေးကနဲ ဖြစ်လာတော့၏။

သေးငယ်သော တွင်းလေးသည် အတွင်းဘက်မှ ယက်ထုတ်လိုက်သလို ဖြစ်တည်လာပြီးသည့်နောက်မှာတော့ နောက်ဆုံးတွင် လှိုဏ်ဂူတစ်ခု ကဲ့သို့ ဝင်ပေါက်တစ်ခု ဖြစ်တည်လာတော့သည်။

ကြည့်ရသည်မှာ ဤအရာသည် တားမြစ်နယ်မြေ၏ ဝင်ပေါက်ဝပင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ဘာလို့ အခြားသူများ ထွက်ခွာသွားသည်ကို မစောင့်ဘဲနဲ့ ထွက်ပေါ်လာရသနည်း။

ဝှစ် ဝှစ်။

လေပြင်းများ တိုက်ခိုက်ပြီးသည့်နောက်မှာတော့ လေထုထဲတွင် သဲများ ဖွေးကနဲ ဖြစ်သွား၏။

များပြားလှသော ကျင့်ကြံသူများသည် အမှတ်မထင် လက်များကို မြှောက်ကာ၍ လေနှင့် သဲများ၏ ရန်မှ ကာကွယ်လိုက်၏။ တစ်ချို့ဆိုလျှင် မျက်လုံးကို စုံ၍ ပိတ်ထားလိုက်ကြသည်။

"နှစ်သုံးထောင်အတွင်း ငါ စောင့်ကြပ်နေတဲ့ သင်္ချိုင်းက အလင်းရတဲ့ နေ့ကို ကြုံလာရပြီပဲ။မင်းတို့အားလုံး ဒီမှာ ရှိနေတယ်ဆိုတော့ ရေစက်ရှိလို့ပဲ။သင်္ချိုင်းထဲမှာ ရှိတဲ့ ရတနာကို ရှာဖွေလို့ တွေ့ရှိနိုင်မလား မတွေ့ရှိနိုင်ဘူးလားဆိုတာက မင်းတို့ရဲ့ ကံပေါ်မှာ မူတည်နေတယ်။‌"

လေးနက်ပြီး အိုမင်းလှသော အသံတစ်ခုသည် ရုတ်တရက် ဆိုသလိုပဲ ထူးဆန်းလှသည့် ကျောက်လှိုဏ်ခေါင်းကြီးတစ်ခုထဲမှ ထွက်ပေါ်လာတော့သည်။

များပြားလှသော သိုင်းအုပ်စိုးသူ တော်တော်များများတို့၏ အမူအရာများသည်‌ ပြောင်းလဲသွားကြ၏။

ရုတ်တရက် ထွက်ပေါ်လာသော အသံသည် ထူးခြားသည့် အသံများ ပါဝင်နေပြီး ၎င်းတို့၏ ဝိညာဉ်များကိုပင် တုန်ခါသွားစေသည်။

ကျွင်းချောင်ရှောင်းသည်လည်း တူညီစွာဖြင့် ခံစားလိုက်မိ၏။

ထွက်ပေါ်လာသော အသံသည် ကြယ်တာရာများဆီမှ ဆင်းသက်လာသည့် အသံတစ်ခုကဲ့သို့ ထူးခြားလှပြီး ခမ်းနား ထည်ဝါလွန်းနေသည်။

သင်္ချိုင်း ဟုတ်လား။ဒီအဝင်ပေါက်က မြေအောက်သင်္ချိုင်းတစ်ခုခုနဲ့ ဆက်စပ်ထားတာ ဖြစ်နိုင်တယ်။ ကောင်းကင်ဘုံ ငါတို့က သင်္ချိုင်းတူးဖို့ စဉ်းစားနေကြတာလား။

ကျွင်းချောင်ရှောင်းသည် သေချာလှည့်၍ ကြည့်လိုက်သည့် အချိန်မှာတော့ ဒီထူးဆန်းသော ကျောက်အခေါင်းကြီးတစ်ခု အတွင်းဘက်တွင် များပြားလှသော ‌အပေါက်များ ရှိနေသည်ကိုလည်း ထပ်မံမြင်တွေ့လိုက်ရ၏။

"ဒီနေရာမှာ ဘာရတနာမှ မရှိဘူး။သင်္ချိုင်းတစ်ခု ရှိနေတာပဲ။"

ကျွမ်းလောက် မီးတောက်ဂိုဏ်း၏ အကြီးအကဲက နားလည်သွား၏။ "ဘယ်သူ့ရဲ့ သင်္ချိုင်းလဲ"

ဤအရာသည် မေးခွန်းကောင်းပင် ဖြစ်သည်။

ပြီးနောက် ဆွံ့အသွားကြသည်။ အဘယ့်ကြောင့်ဆိုသော် မည်သူမှ မသိသောကြောင့်ပင် ဖြစ်၏။

လက်ရှိ အချိန်တွင် လွန်ခဲ့သည့် နှစ်သုံးထောင်ကဆိုသည့် ထွက်ပေါ်လာသည့် အသံပိုင်ရှင်၏ အဆိုအရဆိုလျှင် အချိန်အတော်ကြာမြင့်စဉ်ကတည်းက ရှိခဲ့သည့် အရာပင် ဖြစ်လိမ့်မည်။

ဖြစ်နိုင်သည်မှာ တစ်ချို့သော အားကောင်းလှသည့် ဘိုးဘေးများ၏ သင်္ချိုင်းပင် ဖြစ်နိုင်သည်။ အထဲတွင် ရှားပါးလှသော ရတနာများ ဖွက်၍ ထားနိုင်သည်။

လက်ရှိရှိနေကြသော ကျွမ်းကျင်သူများ၏ မျက်လုံးများသည် လိုချင် တပ်မက်စိတ်များဖြင့် တောက်ပြောင်လာတော့သည်။

ဤအချင်းအရာကို မြင်တော့ ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် တွေးလိုက်မိ၏။ "ငါတစ်ယောက်တည်း သွားဖို့ မဖြစ်နိုင်တော့ဘူးပဲ။”

“သွားကြ"

သိုင်းအုပ်စိုးသူက ပြောလိုက်သည်။ "အရင်ဝင်ကြရအောင်"

ဝှီ

သူပြောပြီးပြီးချင်းမှာပဲ အလွန်တရာ ကျယ်ဝန်းနေပြီဖြစ်သော တွင်းထဲသို့ လှမ်း၍ ခုန်လိုက်တော့သည်။

ဘန်း

သို့ပေမဲ့ သူ အထဲသို့ ဝင်ခါနီးမှာပဲ နံရံတစ်ခုကို ထိမှန်သွားပုံပေါ်ပြီး ရုတ်တရက် အနောက်ဆီသို့ ပြင်းပြင်းထန်ထန် ပြန်ကန်လာခဲ့သည်။

အနားတွင် ရှိနေသော ကျွမ်းကျင်သူများသည် ထိုအချင်းအရာကို မြင်တော့ လျှင်လျှင်မြန်မြန်ပဲ လှမ်း၍ ဖမ်းလိုက်၏။

ဝမ်

ထိုအချိန်မှာတော့ မှန်ကဲ့သို့ အလင်းတန်းတစ်ခုသည် တွင်းပေါက်၏ အဝ‌ဆီသို့ ပေါ်လာတော့၏။

"အစီအရင်လား။ဒါက အပြင်ဘက်မှာရှိတဲ့ ပျံသန်းမှု တားမြစ်ခြင်း အစီအရင်နဲ့ တူညီနေတာလား"

၎င်းတို့ပြောသည်ကို ကြားချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အပြင်ဘက်တွင် ရှိနေသော အတားအဆီးသည် ပြင်ပမှ လူများ ဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် စီစဉ်ထားသော အစီအရင်ဖြစ်ပြီး ဤအစီအရင်၏ မူလပိုင်ရှင်သည် ဤသင်္ချိုင်းထဲမှ ဖြစ်ကြောင်း သိရှိလိုက်ရသည်။

"ဒါပေမဲ့ ဘယ်သူက ဒီအစီအရင်ကို စီစဉ်ထားတာလဲ"

စနစ်က ပြောလိုက်သည်။ "ဖြစ်နိုင်တာက သင်္ချိုင်းအစောင့်ပဲ ဖြစ်မှာပေါ့။"

စောနက ပြောဆိုခဲ့သော အသံပိုင်ရှင်သည် ငါ စောင့်ကြပ်နေသည့် သင်္ချိုင်းဟု ဆိုလိုခဲ့၏။ ဤအရာသည် သူသည် သင်္ချိုင်းစောင့်အဖြစ်လည်း ဖော်ညွှန်းနေ၏။

နောက်ဘက်သို့ လွင့်စင်သွားသော သိုင်းအုပ်စိုးသူသည် မိမိကိုယ်ကို ပြန်လည်ထိန်းကျောင်း ပြီးသည့်နောက်မှာတော့ သွေးတစ်လုတ် အန်ထွက်လာခဲ့သည်။

တစ်ခြားသော ကျွမ်းကျင်သူများ၏ နှုတ်ခမ်းများသည်လည်း တဆတ်ဆတ် နှင့် တုန်ယင်နေ၏။

အစ်ကိုကြီး … ဘယ်လောက် အားထည့်ပြီး ခုန်‌လိုက်လို့ သွေးတောင် အန်လာရတာလဲ။

သိုင်းအုပ်စိုးသူသည် စိတ်ဓာတ်ကျသွား၏။

သူ့အနေနှင့် ဖြည်းဖြည်းသက်သာ ခုန်ဆင်းလိုက်ခြင်းပင် ဖြစ်သည်။ သို့ပေမဲ့ အစီအရင်အား ထိမှန်ပြီးနောက် သူသည် နောက်ပြန်လန်ရုံတင်မက မရီဒန်များသည်လည်း ပြင်းပြင်းထန် ထန် ဒဏ်ရာရရှိနေသွားခဲ့သည်။

သိုင်းအုပ်စိုးသူက ခန့်မှန်းလိုက်သည်။ "ဒါက အတားအဆီး အစီအရင်တစ်မျိုး ဖြစ်လိမ့်မယ်။ အမှတ်တမဲ့နဲ့ ထိလို့ မရနိုင်ဘူး"

"ဒါဆိုရင် ဘယ်လိုဝင်ရမှာလဲ"

"နေအုံး"

ထိုသူက ဆက်ပြောလိုက်၏။ "ဒီအတားအဆီးပျောက်ကွယ် သွားတဲ့ အထိ စောင့်ရအောင်"

ဤအတားအဆီးပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ သီးခြားတာဝန်၏ သုံးဆယ်မိနစ် အချိန်အတိုင်းအတာသည် စ၍ လျှော့ပါးလာသည်ကို ကျွင်းချောင်ရှောင်း သတိပြုမိလိုက်၏။

ဆိုလိုသည်မှာ ယခုအချိန်မှ စ၍ မိနစ် သုံးဆယ်အတွင်း အတွင်းထဲသို့ အရောက်ဝင်နိုင်ရတော့မည်။

"အားလုံးပဲ"

ကျွမ်းလောင်ခြင်း မီး‌တောက် ဂိုဏ်း၏ အကြီးအကဲက ပြောလိုက်သည်။ "အခု စောနက ကြားတဲ့ အသံက သင်္ချိုင်းထဲမှာ ရတနာတွေ ရှိမယ်လို့ ပြောတယ်။ဒါပေမဲ့ ရမရက ကံတရားပဲလို့ ပြောတယ်။ဒီတော့ ဒီအတားအဆီးက ကံကောင်းပြီး ဝင်လို့ ရမလား မရဘူးလားဆိုတာကို စမ်းသပ်တဲ့ အရာဖြစ်လိမ့်မယ်"

တွင်းထဲတွင် အန္တရာယ်ရှိနေမည်ဟု သူ စိုးရိမ် ပူပန်မိ၏။ ထို့ကြောင့် တစ်ခြားသူများကို အရင် သွား‌စေချင်ခြင်းပင်ဖြစ်သည်။

"ဒါက အဓိပ္ပါယ်ရှိတယ်။"

အကြီးအကဲက သဘောတူညီလိုက်သည်။

ခဏလောက် စဉ်းစားပြီးသည့်နောက်မှာတော့ ထိုအကြီးအကဲ၏ သုံးသပ်ချက်သည် ဖြစ်နိုင်သည်ဟု အားလုံးက သဘောတူလိုက်တော့သည်။

"ငါ စမ်းကြည့်ရအောင်"

သိုင်းအုပ်စိုးသူတစ်ယောက်သည် လျှောက်ထွက်လာပြီးသည့်နောက် လှိုဏ်ဂူထဲသို့ ခုန်ဆင်းလိုက်တော့၏။

ဘန်း။

စောနကတစ်ယောက်လိုပဲ သူသည်လည်း နောက်ဘက်သို့ ခုန်ဆင်းလိုက်ပြီး မြေပေါ်သို့ ပြုတ်ကျလာသည်။

ကံကောင်းစွာဖြင့် သူသည် အနည်းငယ် ပို၍ အားကောင်း၏။ သူ၏ မရီဒန်များသည် ထိခိုက်သွားခဲ့သည် ဆိုသော်လည်း သွေးတော့ အန်မထွက်ခဲ့ပေ။

"ကျုပ် စမ်းကြည့်လိုက်အုံးမယ်။"

ဝှစ် ဘန်း

သူသည်‌လည်း အနောက်သို့ ပြန်၍ ကန်လာတော့သည်။

ပြီးနောက် အဘိုးကြီးကဲ့နှင့် တစ်ခြားသော သိုင်းအုပ်စိုးသူများတို့အပြင် သိုင်းဘုရင်များသည်ပါ စမ်းသပ်ကြတော့သည်။

ထို့အပြင် ထိုသူတို့ အားလုံးသည် အနောက်ဘက်သို့ ပြန်လည်၍ လွင့်စင်သွားတော့၏။ ကြည့်ရသည်မှာ ကံကောင်းကြပုံ မပေါ်ပေ။

"ချီးတဲ့မှ"

ကျွမ်းလောင်ခြင်း မီးတောက်ဂိုဏ်း၏ အကြီးအကဲသည် စိတ်မရှည်သလို ပြောလိုက်၏။ "ဘယ်လို ဝင်ရမှာလဲ"

"ဂိုဏ်းချုပ်ကျွင်း"

အဘိုးကြီးကဲ့က ပြောလိုက်သည်။ "ဘာလို့ စမ်းမကြည့်ရတာလဲ"

"ဒါက"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ခန်းမသခင် ရှစ် … ကျုပ်နဲ့ အတူ စမ်းကြည့်ရအောင်"

သူ့အနေနှင့် ဤအတားအဆီးနှင့် ပတ်သက်၍ ကံကောင်းခြင်းကို ပိုင်ဆိုင်ရသည်ဆိုလျှင်တောင်မှ သူမကို တစ်ဦးတည်းမထားခဲ့နိုင်ချေ။

အဖိုးကြီးကဲ့နှင့် တစ်ခြားသူများသည် ရှစ်ကျန်းရွှမ်ကို ကြည့်၍ တိတ်တဆိတ်နှင့် သုံးသပ်နေမိကြ၏။

ဤမိန်းကလေးသည် ဂိုဏ်းချုပ်ကျွင်း၏ တာအို လက်တွဲဖော် သို့မဟုတ် ချစ်သူရည်စား ဖြစ်နေနိုင်၏။ သူတို့၏ အထင်အရဆိုလျှင် ငယ်ရွယ်ပြီး အလားအလာကောင်းမွန်လှသော ကျွင်းချောင်ရှောင်းကဲ့သို့ ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ချစ်သူရည်းစား တစ်ယောက်ထက် မက ရှိနေနိုင်သည်။

တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် တစ်ဦးတစ်လေမှ ပိုင်ဆိုင်သူ မဟုတ်ချေ။

"ဒီအမျိုးသမီးကို နည်းနည်း ရင်းနှီးနေတယ်"

သိုင်းဘုရင်တစ်ယောက်သည် ရုတ်တရက် ပြောလိုက်သည်။ "သူက မြောက်ဟွာခန်းမသခင်ပဲ"

"မြောင်ဟွာခန်းမဟုတ်လား"

သာမန်ထက်ပို၍ ထူးခြားသည်ဟု သတ်မှတ်ခံရသော ခန်းမသခင်ပင် ဖြစ်သည်။

အဖိုးအိုကဲ့သည် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းနဲ့ မြောင်ဟွာခန်းမသခင်တို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိုဏ်းကို ဦးစီးနေကြတဲ့ သူတွေပဲ။သူတို့က တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပဲ"

အားလုံးသည် သူ၏ စကားနှင့် ပတ်သက်၍ သဘောတူညီစွာဖြင့် ခေါင်းညိတ်မိလိုက်ကြသည်။

အမျိုးသားသည် အလားအလာကောင်းမွန်သလို စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း သန်မာလွန်းလှ၏။ ထို့အတူ မိန်းကလေးငယ်မှာလည်း လှပလွန်းသည်။ ထို့အပြင် နှစ်ယောက်လုံးသည် ဂိုဏ်းခေါင်းဆောင်များ ဖြစ်ကြ၏။

ကောင်းကင်မှ သတ်မှတ်ပေးသော စုံတွဲဟုပင် သတ်မှတ်နိုင်သည်။

ရှစ်ကျန်းရွှမ်သည် ရှက်ရွံ့စွာဖြင့် သူမ၏ ဦးခေါင်းကို ငုံထား၏။

"သွားကြစို့"

ကျွင်းချောင်ရှောင်းသည် သူမသဘောတူညီ မတူသည်ကို ဂရုမစိုက်ပေ။ သူမ၏ နူးညံ့လှသော လက်လေးကို ဆွဲကိုင်လိုက်၏။

ရှစ်ကျန်းရွှမ်၏ မျက်နှာလေးသည် ပိုမို၍ နီမြန်းသွားသည်။ သူမသည် အမှတ်မထင် လက်ကို ခါယမ်းမိတော့မတတ် ဖြစ်သွားတော့သည်။

အားလုံး၏ အကြည့်အောက်မှာပဲ သူတို့နှစ်ယောက်သည် လှိုဏ်ဂူထဲသို့ ခုန်ဆင်းလိုက်၏။

ဝှစ်။

သူတို့သည် အတားအဆီးနှင့် ထိမိလိုက်သည့် အချိန်တွင်တော့ အတားအဆီးနှင့် ပေါင်းစပ်ကာ အထဲသို့ ဝင်ရောက်သွား၏။

"သူတို့ ဝင်သွားပြီ။"

"ဝင်သွားပြီလား"

အားလုံးသည် သံပြိုင်ဆိုသလိုပဲ ထအော်လိုက်ကြသည်။

"မိုင်တစ်ထောင် အကွာအဝေးကနေ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ဖို့ ရေစက်ပါလာတယ်။"

ဆန်းကြယ်ပြီး လေးနက်ထည်ဝါလှသော အသံသည် ထွက်ပေါ်လာသည်။ "သင်္ချိုင်းရဲ့ အတားအဆီးက ဒီ စုံတွဲကြောင့် ပျက်စီးသွားပြီ။ဒီတော့ စိတ်ကြိုက်ဝင်နိုင်ပါပြီ"

ဝှစ်။

အသံထွက်ပေါ်လာချင်းမှာပဲ လှိုဏ်ဂူ၏ ထိပ်တွင်ရှိသော အတားအဆီးသည် ပျောက်ကွယ်သွားသည်။

"သွားစို"

ခဏလောက် တုန်လှုပ်ပြီးသည့်နောက်မှာတော့ အဘိုးကြီးကဲ့နှင့် တစ်ခြားသော ကျွမ်းကျင်သူများသည် သတိပြန်ဝင်လာကြသည်။ သူတို့သည် အလျှင်အမြန်ပဲ လှိုဏ်ဂူထဲသို့ ခုန်ချကာ ဝင်ရောက်လိုက်ကြတော့၏။

All Chapters