← Chapters

အခန်း (၆၃၀)

Vol. 42 Ch. 630

အခန်း (၆၃၀)

Vol. 42 Ch. 630

ကျွင်းချောင်ရှောင်းသည် ရှစ်ကျွန်းရွှမ်ကို အတွင်းသို့ ခေါ်ဆောင်လာနိုင်သောအခါမှာတော့ ကံကောင်းခြင်းကို ပိုင်ဆိုင်လိုက်ရပြီဖြစ်ကြောင်း နားလည်မိ၏။

"အရမ်းကောင်းတယ် အရမ်းကောင်းတယ် ဒီထဲမှာ ရှိတဲ့ ရတနာတွေ သေတ္တာတွေ အကုန်လုံးက ငါ့ဟာတွေပဲ"

အပြင်ဘက်တွင် ရှိသော ကျွမ်းကျင်သူများအားလုံးသည် လက်ဗလာနှင့် ပြန်သွားရမှာဖြစ်၏။

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အကြီးအကဲကျန်းအား အတုခိုးကာ အားရပါးရ ‘ဟား ဟား ဟား’ နှင့် အော်ရယ် ချင်စိတ်ပင် ပေါက်မိနေ၏။

သို့ပေမဲ့ သူသည် တွင်းထဲသို့ ခုန်ဆင်းပြီး ခန္ဓာကိုယ်၏ ဟန်ချက်ကို ထိန်းသိမ်းလိုက်ရချိန်မှာပဲ ထည်ဝါခန့်ညားလှသော အသံကို ထပ်မံ ကြားလိုက်ရသည်။

မဟုတ်သေးဘူး။ငါနဲ့ ရှစ်ကျွန်းရွမ် ဒီအထဲကို ဝင်ရောက်လာချိန်မှာ သူတို့က ဘာလို့ အထဲကို ထပ်ပြီး ဝင်ခွင့်ပေးရတာလဲ။ဒါက မဟုတ်သေးပါဘူး။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စဉ်းစား တွေးခေါ်နေချိန် မရှိပေ။

သူ၏ အရှေ့ဘက်တွင် မှောင်မဲနေသည့် လှိုဏ်ခေါင်းတစ်ခု တည်ရှိနေသည်ကို မြင်ရောက်လိုက်ချိန်မှာတော့ ရှစ်ကျွန်းရွှမ်အား ဆွဲကာ ဝင်သွားလိုက်၏။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ခွဲခွာ မသွားကြပေ။ အဘယ့်ကြောင့်ဆိုသော် သူ့အနေနှင့် ရှစ်ကျွန်းရွမ်အား ဤနေရာတွင် ထားခဲ့သည်ဆိုပါက တွေ့သည့် တွင်းပေါက်ဝများတွင် သွား၍ တိုက်မိနေ ပေလိမ့်မည်။

လက်ဆီမှရှိသော ထူးဆန်းသည့် ခံစားချက်နှင့် အပူချိန်ကို ခံစားမိချိန်မှာတော့ ရှစ်ကျွန်းရွှမ်၏ မျက်နှာတစ်ခုလုံးသည် ပူနေမိသည်။

သို့ပေမဲ့ သူတို့သည် ထူးဆန်းသည့် တည်နေရာတစ်ခုဆီသို့ ရောက်ရှိနေကြောင်းကို သိရှိနေ၏။ ထို့ကြောင့် သူမသည် မရုန်းဘဲ ဂိုဏ်းချုပ်ကျွင်း၏ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာခဲ့၏။

ရွှီ… ရွှီ။

သူတို့နှစ်ယောက်သည် လှိုဏ်ခေါင်းထဲသို့ လျှောက်ဝင်လာပြီးသည့်နောက်မှာတော့ ကျွမ်းလောင်ခြင်း မီးတောက်ဂိုဏ်း၏အကြီးအကဲ ၊ အကြီးအကဲကဲ့နှင့် တစ်ခြားသော သူများအားလုံးသည်လည်း အထဲသို့ ဝင်ရောက်လာပြီးဖြစ်သည်။

တစ်ခြား ကြည့်ရှုနေကြသော ကျင့်ကြံသူများ အားလုံးသည်လည်း အနောက်မှ လိုက်ပါလာကြ၏။

သူတို့ အနေနှင့် များပြားလှသော ဂိုဏ်းအကြီးအကဲ ဂိုဏ်းချုပ်များနှင့် ယှဉ်၍ ပစ္စည်းများကို မလုယက်‌နိုင်သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်းသုံးထောင်ကတည်းက ရှိခဲ့သည်ဖြစ်သောကြောင့် ဗဟုသုတ ရရန် အလိုငှာ ဝင်ရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။

အထဲတွင် အန္တရာယ်များ ရှိနေသလား ဆိုသည်ကိုတော့ မည်သူမှ ဂရုမစိုက်ကြပေ။ အဘယ့်ကြောင့်ဆိုသော် စပ်စုလိုခြင်းသည် အရာအားလုံးကို အနိုင်ယူသွားသောကြောင့်ဖြစ်၏။

အချိန်တစ်ခုအကြာမှာ ပတ်ဝန်းကျင်တွင် ရှိနေကြသော သိုင်းကျင့်ကြံသူ နှစ်ထောင်မှ သုံးထောင် နီးပါးတို့သည် ဤထူးဆန်းသော ကျောက်လှိုဏ်ဂူထဲသို့ ဝင်ရောက်လာကြတော့သည်။

အထဲတွင် အမှန်တကယ်ပင် ရှားပါးလှသော ရတနာများ တည်ရှိနေသည်ဟု စဉ်းစားကြည့်လိုက်ပါက ဤလူများ အားလုံးသည် ကျိန်းသေပေါက် ရူးသွပ်သွားနိုင်၏။

"သခင် ဝင်သွားပြီပဲ"

ရှောင်မိုရှန်သည် အဝေးတစ်နေရာရှိ ကျောက်တုံး တစ်ခုပေါ်တွင် ထိုင်၍ နှုတ်ခမ်းကို ဆူလိုက်သည်။ "ငါ့ကို တစ်ယောက်တည်း ထားခဲ့တယ်။ပျင်းဖို့ ကောင်းလိုက်တာ..."

………..

ဝှစ်

မဲမှောင်နေသော လှိုဏ်ခေါင်းထဲသို့ လေပြင်းများ တိုက်ခတ်လာပြီး အားလုံးသည် ချမ်းအေးမှုကို ခံစားလိုက်ရသည်။ သူတို့သည် ကျောတွေတစ်ခုလုံး စိမ့်တက်သွား၏။

ဤနေရာတွင် ရှိသောအမှောင်သည် ရှစ်ကျန်းရွှမ်ကိုတော့ အနှောက်အယှက် မပေးနိုင်ပေ။ သူမသည် အမြဲတမ်း အမှောင်ကိုသာ မြင်နေရသောကြောင့် ဖြစ်သည်။

အေးစက်မှုကို ခံစားပြီးသည့်နောက်မှာတော့ သူမက မေးလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျွန်မတို့ ဘယ်နေရာ ရောက်နေတာလဲ"

"အေးစက်ပြီး‌တော့ မှောင်မဲနေတဲ့ လှိုဏ်ဂူတစ်ခုထဲမှာ" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ရှစ်ကျန်းရွှမ်က မေးလိုက်၏။ "ဒီထဲမှာ ထောင်ချောက်တစ်ခုခု ရှိနေနိုင်လား။ "

"မရှိဖို့တော့ မျှော်လင့် ရတာပဲ"

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ် ချပ်ဝတ်ကို အသက်သွင်း၍ ပြောလိုက်တော့သည်။

သူတို့ နှစ်ယောက်သည် လှိုဏ်ခေါင်းအတွင်းသို့ ခြေလှမ်းတစ်ရာခန့် လျှောက်ဝင်ပြီးသည့် နောက်မှာတော့ အလွန်တရာကြည့်ကောင်းလှသော ကျောက်လှိုဏ်ဂူတစ်ခုထဲသို့ ရောက်လာကြတော့သည်။

မူလက မဲမှောင်နေသော ပတ်ဝန်းကျင်တစ်ခုလုံးသည် လင်းထိန်သွား၏။

အထဲတွင်တော့ ကျောက်ခုတင်နှင့် ကျောက်ဖြင့် ပြုလုပ်ထားသော ခွေးခြေခုံများ၊ စားပွဲများ၊ လှောင်အိမ်များကို တွေ့ရှိလိုက်ရသည်။ ဤနေရာတွင် အရင်တုန်းက တစ်ယောက်ယောက် နေထိုင်ခဲ့ပုံပေါ်သည်။

ကျွင်းချောင်ရှောင်းသည် ရှစ်ကျွန်းရွှမ်အား လက်မှ ဆွဲ၍ ကျောက်ဖြင့် ပြုလုပ်ထားသော လှောင်အိမ်များ ရှေ့သို့ သွားလိုက်သည်။ ထိုနေရာတွင်တော့ ရေတွက်၍ မရအောင်များပြားသော စာလိပ်များ ရှိနေပြီး အားလုံးသည် ဆေးပညာနှင့် ပတ်သက်သည့် စာလိပ်များပင် ဖြစ်၏။

"သင်္ချိုင်းရဲ့ ပိုင်ရှင်က ဆေးပညာနဲ့ ပတ်သက်ရင် ကျွမ်းကျင်တဲ့ လူတစ်ယောက် ဖြစ်နေတာပဲ။"

"ခန်းမသခင်"

ကျွင်းချောင်ရှောင်းက မေးကြည့်လိုက်၏။ “ဒါ ဘယ်သူဖြစ်နိုင်လဲ”

ရှစ်ကျန်းရွှမ်က အသာ ငြိမ်နေလိုက်၏။ ပြီးသည့်နောက် ပြောလိုက်သည်။ "အများကြီးပဲ ဖြစ်နိုင်တယ်"

"ဥပမာအားဖြင့် နဂါးသိုင်းနယ်မြေ ၊ လင်းရန် ဓား သိုင်းနယ်မြေ ပြီးတော့ နဂါး သိုင်းသူတော်စင် ၊ လင်းရွှယ်ဓား သူတော်စင်နဲ့ ဆေးသူတော်စင်ပဲ ဖြစ်နိုင်တယ်လေ။"

သူမသည် လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင် အတွင်းတွင် ကျော်ကြားခဲ့သော သိုင်းနယ်မြေအဆင့် သူတော်စင်များ အကြောင်းကို ပြန်စဉ်းစားကာ ပြောလိုက်သည်။ ထိုသူများအားလုံးသည် အတိတ်က ဒဏ္ဍရီလာ ပုဂ္ဂိုလ်ပဲ ဖြစ်သည်။

တစ်စုံတစ်ယောက်က မေးမြန်းချင်သည်မှာ ဤလူများအားလုံးသည် အဘယ့်ကြောင့် သူတော်စင်များ အဖြစ် တည်ရှိနေရသနည်း။

အဘယ့်ကြောင့် ဆိုသော် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတိုက်ပွဲပြီးသည့်နောက်တွင် ကုန်း‌‌မြေတိုက်ကြီး တစ်ခုလုံး သည် အစိတ်စိတ် အမွှာမွှာကွဲသွားခဲ့သည်။

လူကိုးယောက်သည်သာ သိုင်းအင်ပါယာအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။

ကောင်းကင်၏ တာအိုသည် ကောင်းကင်နှင့် မြေကြီး ဖျက်စီးခံရခြင်းကို ရှောင်ရှားသည့် အနေဖြင့် သိုင်းအင်ပါယာများကို ထပ်မံ တင်မြှောက်ခြင်း မပြုလုပ်တော့ပေ။ ဤအရာသည် အတားအဆီး တစ်ခုလိုပင်ဖြစ်တည်လာသည်။

သိုင်းအင်ပါယာ ကိုးယောက်တို့သည် အထူးတည်ရှိလှသော ကျွမ်းကျင်သူများဖြစ်ပြီး သူတို့ အနေနှင့် ဤလောကကြီးထဲတွင် ဖုံးကွယ်ကာ နေထိုင်ခဲ့ကြသည်။ မည်သူမှသည် ထိုသူများနှင့် တွေ့ဆုံရန် ကံ‌မကောင်းလှချေ။

ထိုကဲ့သို့ သိုင်းအင်ပါယာများသာ တည်ရှိနေသည် မဟုတ်ပါက သိုင်းနယ်မြေ သူတော်စင်များအားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ထိပ်တန်းကျင့်ကြံသူများ ဖြစ်ပေလိမ့်မည်။

၎င်းတို့သည် ‌ရှည်လျားလှသည့် အသက်ဓာတ်ကို ပိုင်ဆိုင်လှသည်ဆိုသော်လည်း ၎င်းတို့သည် လေ့လာသင်ယူနေရင်း ကောင်းကင်နှင့် မြေကြီး အတွင်းတွင် ရှိသော လျို့ဝှက်ချက်များကို သိရှိနားလည်ကာ ဆယ်ယောက်မြောက် အင်ပါယာအဖြစ်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်နေမိကြ၏။

ကံဆိုးစွာဖြင့် ဤကဲ့သို့ မျှော်လင့်နေကြသည့် သိုင်းနယ်မြေ သူတော်စင်များသည် အလွန်တရာ များပြားလွန်းလှ၏။

"ဆေးသူတော်စင်"

ကျွင်းချောင်ရှောင်း မေးလိုက်သည်။ "သူက ဘယ်မှာလဲ"

ရှစ်ကျန်းရွှမ်သည် ခေါင်းကို ခါယမ်းလိုက်၏။ "သူက ပျောက်ကွယ်နေတာ တော်တော်ကြာပြီ။ သူက ဘယ်မှာလဲ ဆိုတာ ဘယ်သူမှ မသိဘူး"

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်လိုက်၏။ "ဒီကျောက်စင်မြင့် ပေါ်မှာ ဆေးပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးပဲ။ဒါက ဆေးသူတော်စင်နဲ့ ပတ်သက်နေတာဖြစ်နိုင်တယ်"

"မဟုတ်နိုင်ဘူး"

ရှစ်ကျန်းရွှမ် ပြောလိုက်သည်။ “စီနီယာ ဆေးသူတော်စင်ရဲ့ ဆေးပညာက အရမ်းကို အားကောင်းလွန်းတယ်။ ဘယ်လိုဖြစ်ပြီး သေရမှာလဲ"

မျက်လုံးရောဂါကို ခံစားနေရသော သူမသည် ဆေးသူတော်စင်ကို တွေ့ဆုံဖို့အတွက် လူပေါင်းများစွာကို စေလွှတ် စုံစမ်းခိုင်းထားခဲ့၏။ ထို့အပြင် သူမ ၏ မျက်လုံးရောဂါကို ကုသနိုင်သည်မှာ ထိုဆေးအင်ပါယာတစ်ခုတည်းသာ ရှိသည်ဟု သတ်မှတ်ထားသည်။

အကယ်၍ ထိုသူသာ သေဆုံးသွားသည်ဆိုလျှင် သူမတွင် ရှိသော မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားမှာ သေချာ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်က ခန့်မှန်းကြည့်ရုံ သက်သက်ပါ"

"ဂိုဏ်းချုပ်ကျွင်း"

ရှစ်ကျန်းရွှမ်က ပြောလိုက်သည်။ "ဒီစာအုပ်တွေရဲ့ နာမည်တွေက ဘာတွေလဲ"

"ကြည့်ကြည့်ရအောင်"

ကျွင်းချောင်ရှောင်းသည် သူ၏ လက်နှင့် တိုက်ရိုက်မယူရဲပေ။

ထို့ကြောင့် စိတ်ဝိညာဉ် စွမ်းအင်များနှင့် အသာလှမ်းယူလိုက်ပြီး ပြောလိုက်သည်။

"တစ်ခုက ကျောင်းတစ်ရာ ဂန္တဝင်စာအုပ် ၊ တစ်ခုက မရီဒန်များ၏ ဂန္တာဝင်ဆုံချက် ၊ တစ်ခုက ဆေးပညာရဲ့ အတွင်းစည်း အဓိပ္ပာယ်များ"

ရှစ်ကျန်းရွှမ်၏ နှလုံးခုန်သံများသည် ငြိမ်သက်သွား၏။ သူမက ပြောလိုက်သည်။ "ဒီစာအုပ်တွေအကုန်လုံးက စီနီယာဆေးသူတော်စင် ရေးထားတဲ့ အရာတွေပဲ။"

"ဒါဆိုရင်"

ထိုအချိန်မှာတော့ သူမ၏ မျက်နှာပေါ်တွင်စိတ်ဓာတ်ကျသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူမက ပြောလိုက်သည်။ "သူတကယ်ပဲ သေသွားတာလား"

ကျွင်းချောင်ရှောင်း အလောတကြီးဖြင့် ပြောလိုက်သည်။ "ခန်းမသခင်ရှစ် ဒီလောက်ကြီးလဲ စဉ်းစားမနေပါနဲ့။စီနီယာ ဆေးသူတော်စင်ရဲ့ စာအုပ်တွေကို ကူးရေးထားတာလည်း ဖြစ်နိုင်တာပဲ။"

ရှစ်ကျန်းရွှမ်သည် စိတ်ဓာတ်ကျသွားသည့် အချိန်တွင် ရူးသွပ်သွားသလို ထိန်းချုပ်ရခက်သည့် လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားတတ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိထားသည်။

ရှစ်ကျန်းရွှမ်သည် တောက်ပစွာဖြင့် ပြုံးကာ ပြောလိုက်သည်။ "ကျွန်မလည်း ဒီလို ထင်ပါတယ်။"

ဟူး။

ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းအရှည်ကြီး ချကာ တွေးလိုက်မိသည်။

ဟူး ဟူး။

"တော်သေးတာပေါ့"

ရှစ်ကျန်းရွှမ်သည် ပြောလိုက်သည်။ "စီနီယာ ဆေးသူတော်စင်ရဲ့ ဆေးပညာက အခုခေတ်မှာ အရမ်းကို ရှားသွားပြီ။ဒါတွေကို ဘာလို့ မယူသွားတာလဲ"

"အဲဒါကိုပဲ တွေးနေတာလေ"

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ် စွမ်းအင်များကို အသုံးပြု၍ အားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်၏။ တစ်ချိန်တည်းမှာပဲ သူသည် သတိ အပြည့်နှင့် ရှိနေ၏။

သို့ပေမဲ့ မည်သည့် ထောင်ချောက်မှ ထွက်ပေါ်မလာချေ။

"ဒါ အရမ်းရိုးရှင်းတာပဲ"

ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဆွံ့အသွားသည်။

သူ၏ အထင်အရဆိုလျှင် ထူးဆန်းသော သင်္ချိုင်းတစ်ခုထဲတွင် ထောင်ချောက်များနှင့် ပြည့်နက်နေပြီး သူ့အနေနှင့် စာအုပ်များကို ယူဆောင်လိုက်ပြီဆိုပါက ထောင်ချောက်များ အသက်ဝင်သွားမည်ဟု ထင်မှတ်မိ၏။

"သွားကြစို့"

ကျွင်းချောင်ရှောင်းသည် ဤနေရာတွင် အချိန်အတော်ကြာ မနေနိုင်ပေ။ ထို့ကြောင့် ရှစ်ကျန်းရွှမ်အား ခေါ်၍ အရှေ့ဘက်ရှိ လှိုဏ်ခေါင်းတစ်ခုထဲသို့ ထပ်ကာ သွားလိုက်‌တော့သည်။

လမ်းထဲသို့ လျှောက်၍ ဝင်လိုက်သည့် အချိန်မှာတော့ ပိုမို၍ ကျယ်သော လှိုဏ်ခေါင်းတစ်ခုကို ရောက်ရှိလာကြသည်။

တည်နေရာမှာတော့ ကျောက်တုံးများနှင့် ခင်းကျင်းထားသည် မဟုတ်ဘဲ ရွံ‌့မြေဆီများဖြင့် ဖြစ်လို့နေ၏။

ဒါက ဆေးဥယျာဉ်တစ်ခုလား။

ကျွင်းချောင်ရှောင်း ခဏလောက် တွေးလိုက်မိ၏။

လှိုဏ်ဂူ၏ အလယ် ဗဟို နားမှာတော့ ကြီးမားလှသည့် စင်မြင့်လေးတစ်ခုရှိပြီး ထိုနေရာတွင် များပြားလှသော ခြင်းများ ရှိသည်။

အနီးကပ် သွား၍ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ထိုအထဲတွင် ရှိနေသော အရာများသည် သိုလှောင် လက်စွပ်များအား မြင်လိုက်ရ၏။

ဤ‌ခြင်းများ၏ အရွယ်အစားများသည် ဆေးပင်များကို ထားသိုရန် ခြင်းများနှင့် ဆင်တူနေသည်။ ယခု ထိုခြင်းများအား ဆေးပင်များ မထိန်းသိမ်းထားဘဲ သိုလှောင်လက်စွပ်များ ထိန်းသိမ်းထားသည်ကို မြင်လိုက် ရသည်။ ဤအရာမှာ ထူးဆန်းလွန်းနေချေသည်။

ကျွင်းချောင်ရှောင်းသည် အမှတ်တမဲ့ သိုလှောင်လက်စွပ်တစ်ခုကို အသာလှမ်းယူ၍ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်လိုက်သည့် အခါမှာတော့ ချက်ချင်းဆိုသလိုပဲ ပါးစပ် အဟောင်းသား ဖြစ်သွားမိ၏။

အလယ်အလတ် အဆင့် သိုလှောင်လက်စွပ်တစ်ခုလုံးတွင် ဆေးပင် မျိုးစေ့များဖြင့် ပြည့်နှက်လျက်ရှိသည်။ အနည်းဆုံး ဆေးပင်မျိုးစေ့ပေါင်း တစ်သိန်းမှ နှစ်သိန်းနည်းပါးခန့် ရှိနေသည်။

ဝှစ်

သူသည် အလောတကြီးဖြင့် တစ်ခြားသော သိုလှောင်လက်စွပ်နှစ်ခုကို ထပ်ယူ၍ စစ်ဆေးကြည့်လိုက်သည့် အခါမှာတော့ ဆေးပင် မျိုးစေ့များနှင့် ပြည့်နက်နေကြောင်း မြင်လိုက်ရ၏။

သိုလှောင်လက်စွပ်တစ်ကွင်းသည် ဆေးပင်ပေါင်း တစ်သိန်းနည်းပါးခန့် ရှိသည်ဟု ဆိုရမည်။

ဒီခြင်းထဲတွင်တော့ သိုလှောင် လက်စွပ်ပေါင်း ငါးရာကျော် ရှိနေသည်။ ကျွင်းချောင်ရှောင်းသည် ထိပ်လန့် တုန်လှုပ်စွာဖြင့် ထ၍ အော်လိုက်မိ၏။ "ငါတော့ ပွပြီပဲ"

All Chapters