အခန်း (၆၃၄)
Vol. 43 Ch. 634
ငယ်ရွယ်လှသော ကောင်လေးသည် ဤမျှအားကောင်းလိမ့်မည်ဟု မထင်မှတ်ထားချေ။ ထို့ကြောင့် သူသည် ဆွဲဆောင်နိုင်ရန် ကြိုးစားလိုက်၏။
“ကောင်လေး… ဒီသင်္ချိုင်းကြီးတစ်ခုလုံးက ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ၊ ဒီတော့ ကြာပန်းကို ပေးမယ် ဆိုရင် လက်လွှတ်ပေးလိမ့်မယ်”
“ဒီလိုလား”
ကျွင်းချောင်ရှောင်းသည် နှာခေါင်းကိုရှုံ့လိုက်၏။ ဤအဘိုးကြီးသည် သင်္ချိုင်းထဲတွင် ပိတ်မိနေခြင်းဖြစ်ကြောင်း သူ အကြမ်းဖျဉ်းခံစားလိုက်မိ၏။ ကြာပန်းကို အပြင်းအထန် လိုအပ်နေခြင်းမှာ အရေးကြီးသည့် အကြောင်းအရာ ရှိနေ လောက်၏။ ထို့ကြောင့် သူ့အနေနှင့် ဤနေရာတွင် တိုက်ခိုက်ရင်း များပြားလှသော ကျင့်ကြံသူများ ရောက်ရှိလာ သည့် အချိန်အထိ စောင့်စားခြင်းသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
မိစ္ဆာသူတော်စင် ဝူကျူးက ပြောလိုက်၏။ “မင်းနဲ့ငါက အားအင်အရ လက်ရည်ညီနေတယ်လေ၊ ဒီတော့ ရက်အနည်းငယ်၊ ညအနည်းငယ်လောက် ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင်တောင် အဖြေထွက်မှာ မဟုတ်ဘူး၊ ဒီတော့ နှစ်ယောက်လုံး နောက်ပြန်ဆုတ်လိုက်တာ ပိုမကောင်းဘူးလား”
“လက်ရည်ညီတယ် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့လိုက်၏။ “ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ”
မိစ္ဆာသူတော်စင် ဝူကျူးက ပြောလိုက်သည်။ “ကြာပန်းက စည်းကို ဖယ်ရှားလိုက်တယ်လေ၊ ဒါကြောင့် ဆေးသူတော်စင် ချန်ထားခဲ့တဲ့ အလောင်းရုပ်သေး တစ်ရာကျော်က အသက်ဝင်သွားခဲ့ပြီ”
“အလောင်းရုပ်သေး ဟုတ်လား”
သူမီးရှို့ခဲ့သည့် အလောင်းရုပ်သေးများသည် ထပ်မံ၍ ကျန်ရှိနေသေးသည်လား။ ကျွင်းချောင်ရှောင်းသည် ထူးမခြား နားသလို ပြောလိုက်၏။ “အဲတာ ကျုပ်နဲ့ဘာဆိုင်လို့လဲ”
မိစ္ဆာသူတော်စင်ဝူကျူးသည် အမြင်ကပ်ဖို့ကောင်းစွာ ပြုံးလိုက်၏။ “သင်္ချိုင်းထဲကို ဝင်လာတဲ့ သိုင်းကျင့်ကြံသူတွေက အနည်းဆုံးတစ်ထောင်လောက် ရှိတယ်။ သူတို့ရဲ့ အားအင် အဆင့်က မဆိုးဘူးဆိုပေမဲ့ အလောင်းရုပ်သေးတွေကို ယှဉ်ပြိုင်ဖို့အတွက်ဆိုတာက မဖြစ်နိုင်ဘူး၊ မင်းသာ ကြာပန်းကို လက်လွှဲပေးမယ်ဆိုရင် ဒီရုပ်သေးအလောင်းတွေကို ဘယ်လိုစည်းခတ်ရမယ်ဆိုတာ ငါပြောပြမယ်၊ ဒါဆိုရင် သူတို့အားလုံး အသက်ရှင်ရက် ပြန်ပြီး ထွက်ခွာသွားနိုင်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အားနာပါတယ်၊ အခြားလူတွေရဲ့ သေခြင်းရှင်ခြင်းကို ကျုပ်က ဂရုစိုက်နေတဲ့သူ မဟုတ်ဘူး”
၎င်းတို့အနေနှင့် သင်္ချိုင်းထဲသို့ ဝင်ရောက်ပြီးပြီဆိုကတည်းက သေဆုံးရန်အတွက် ပြင်ဆင်ထားခဲ့သင့်သည် မဟုတ်လား။ သူ့အနေနှင့် သူနှင့်ဘာမှ မသက်ဆိုင်သည့်လူများအတွက် ရှေ့ကိုတိုးကာ ကယ်တင်သည့်အလုပ်ကို ဘယ်တော့မှ ပြုလုပ်လိမ့်မည်မဟုတ်ချေ။
မိစ္ဆာသူတော်စင် ဝူကျူးက ပြောလိုက်သည်။ “သူတို့သေသွားရင် မင်းကော လုံခြုံတယ်လို့ ထင်လား၊ အလောင်းရုပ်သေးတွေက ဒီကိုရောက်လာပြီဆိုရင် မင်းလည်း သေမှာပဲ”
“ပေါက်ကရတွေ မပြောနဲ့”
ကျွင်းချောင်ရှောင်းသည် စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ “အခု ခင်ဗျားကို ရိုက်ချင်နေတာပဲ သိတယ်”
ဝှီး ဝှီး ဝှီး
အလင်းတန်းများသည် သူ၏ညာဘက်လက်တွင် စုစည်းလာပြီး သံမဏိလက်အိတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား သည်။ ကျွင်းချောင်ရှောင်း၏ လက်ရှိအဆင့်အရ သူသည် သိုင်းနယ်မြေအဆင့်မှ ကျဆင်းလာသော သိုင်းအုပ်စိုးသူ အဆင့်တစ်ယောက်ကို အနိုင်မယူနိုင်ချေ။ ထို့ကြောင့် သူ၏ဝှက်ဖဲကို ထုတ်ဖော်အသုံးပြုမှ ဖြစ်ပေလိမ့်မည်။
ဟမ်
မိစ္ဆာသူတော်စင် ဝူကျူးသည် ကြောင်သွား၏။ ဒီလက်အိတ်ကဲ့သို့ အရာတစ်ခုသည် ရှားပါးလှသည့် ရတနာတစ်ခုခု ဖြစ်နိုင်သည်လား။
ဖျောင်း ….
ကျွင်းချောင်ရှောင်းသည် သူ၏ညာဘက်လက်သီးကို ဆုပ်လိုက်ပြီးသည့်နောက်မှာတော့ စက်အတောင်ပံ၏ တိုက်ခိုက်မှုပုံစံကို အသက်သွင်းလိုက်တော့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ထူထဲလှသည့် သံမဏိပြားများ ကာရံသွား၏။
အလွန်တရာအားကောင်းလှသည့်အော်ရာမျိုး ထွက်ပေါ်နေသည်မဟုတ်သော်လည်း မိစ္ဆာသူတော်စင် ဝူကျိုးသည် မျက်မှောင်ကုတ်လိုက်မိ၏။ ဤပစ္စည်းသည် ရိုးရှင်းလှသည့် အရာတစ်ခုမဟုတ်မှန်း သူက အလိုလို သိရှိလို့နေသည်။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်ပြီးသည့်နောက်မှာတော့ သူ၏ ညာဘက် လက်သီးကို လေထဲသို့ဆန့်ထုတ်ကာ ထိုးလိုက်တော့၏။
ဝမ် ……။
တည်နေရာသည် လှိုင်းများဖြစ်တည်လာပြီးသည့်နောက်မှာတော့ လက်သီး၏ အရိပ်များသည် အရင်ဆုံး ရောက်ရှိ လာသည်။ သာမန်လက်သီးထိုးချက်တစ်ခုသည် တည်နေရာရာတစ်ခုလုံးကိုပင် တုန်ခါသွားစေနိုင်၏။ မည်မျှ ကြောက်မက်ဖွယ်ကောင်းလှသည့် အားအင်မျိုး ပါဝင်နေသည်ဆိုသည်ကို စဉ်းစားတွေးကြည့်၍ပင်ရ၏။
“မကောင်းတော့ဘူး”
မိစ္ဆာသူတော်စင်ဝူကျိုး၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် သူ၏ရှေ့၌ စိတ်ဝိညာဉ်စွမ်းအင် နံရံတစ်ခု ကို ဖန်တီးလိုက်၏။ သို့ပေမဲ့ လက်သီးချက်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်နံရံအား ဖောက်ထွင်းလာသည်။
ဘန်း …….။
တည်နေရာကြီးတစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားပြီး ထောက်တိုင်ကြီးရှစ်ခုပင်လျှင် ယိုင်ထွက်သွားတော့ သည်။ မိစ္ဆာသူတော်စင်ဝူကျူး ဖန်တီးထားသော စိတ်ဝိညာဉ်နံရံသည် ကွဲကြေသွားပြီး သူသည် နောက်သို့ ဆုတ်ခွာသွားရသည်။ ခန္ဓာကိုယ်တွင်းရှိ သွေးနှင့်ချီများသည် ပြောင်းပြန်လည်ပတ်သွားတော့၏။ သူ၏ မျက်နှာ တစ်ခုလုံးသည် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွား၏။ မည်ကဲ့သို့သော အထူးရတနာမျိုးဖြစ်သည်မို့ ဤမျှ အားကောင်းသော အခြေအနေမျိုး ထုတ်ဖော်နိုင်ရသနည်း။ လက်သီးချက်တစ်ချက်တည်း နှင့် သူ့အား အလွန်ဆိုးရွား သည့်အခြေအနေသို့ ရောက်ရှိသွားစေ၏။
ဟူး
ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်လာပြီးသည့်နောက်မှာတော့ သူ၏လက်သီးချက်နှင့် နတ်မီးခန္ဓာကိုယ် ကိုပါ အသက်သွင်းလိုက်တော့သည်။ ဝှက်ဖဲနှစ်ခုကို တိုက်ရိုက်ထုတ်ဖော်လိုက်ခြင်းပင်ဖြစ်သည်။
မိစ္ဆာသူတော်စင် ဝူကျူး၏ မျက်လုံးများသည် ပိုမို၍ တုန်လှုပ်သွားသည်။ သူသည် ဝိညာဉ်ခန္ဓာကိုယ်ခြေလှမ်းကွက်ကို အသုံးပြု၍ အလျင်အမြန်ရှောင်ရှားရန် ပြင်ဆင်လိုက်၏။ သူသည် အလွန်တရာ ထိတ်လန့်နေပြီဖြစ်သည်။ ထို့ကြောင့် ထိပ်တိုက် ရင်မဆိုင်ရဲချေ။ သူ မပြောနှင့် တခြားသော သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဆိုလျှင်ပင် ဤလက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိရှိလိမ့်မည် မဟုတ်ချေ။
“ပြေးချင်တာလား”
ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် တစ်ဖက်လူ၏ ပြေးသွားရာ တည်နေရာဆီသို့ လှမ်း၍ ထိုးလိုက်သည်။ တည်နေရာကြီးသည် တုန်ခါသွားပြီးသည့်နောက်မှာတော့ မီးတောက်လက်သီးကြီးသည် ဖြစ်တည်လာတော့သည်။ ဤမီးတောက်လက်သီးကြီးသည် အလွန်တရာ ကြီးမားလှပြီး တည်နေရာကြီး တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွား၏။
မိစ္ဆာသူတော်စင် ဝူကျူးသည် သူရှောင်တိမ်း၍ မရနိုင်ကြောင်း နားလည်လိုက်မိ၏။ ထို့ကြောင့် သူ၏ လက်များကို မြှောက်ကာ၍ အမဲရောင်အလွှာတစ်ခုကို ဖန်တီးလိုက်သည်။
ဘုန်း
မီးတောက်လက်သီးကြီးသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ သူဖန်တီးထားသည့် အမဲရောင်အလွှာကြီး အား ဖျက်ဆီးပစ်လိုက်တော့သည်။ အဘိုးကြီး၏ ခန္ဓာကိုယ်ထဲတွင်ရှိသော ချီနှင့် သွေးများသည် ဆူဝေသွား၏။ နောက်ဆုံးမှာတော့ သူသည် မည်သို့မှ မနေနိုင်တော့ဘဲ သွေးတွေ အန်ထွက်လာတော့သည်။ ကံကောင်းစွာဖြင့် သူ၏ အကာအကွယ်သည် အားကောင်းလွန်းနေ၏။ ချိုးဖြတ်ပြီးသည့်နောက်မှာတော့ မီးလက်ဝါးကြီး၏ အားအင် သည် သူ့ဆီသို့ ထပ်မံ၍ ရောက်ရှိလာပြန်၏။ သူသည် အလျင်အမြန်ပဲ နောက်သို့ ဆုတ်ခွာလိုက်၏။
ရွှီး
ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းကွက်ကို အသုံးပြု၍ ထိုသူ၏ ရှေ့၌ပေါ်လာ၏။ ပြီးနောက် အေးစက်စက် ပြောလိုက်၏။ “ခင်ဗျားက စွမ်းအားတွေအကြောင်းကို ဘာမှ မသိပါဘူး”
“မဟုတ်သေးဘူး”
မိစ္ဆာသူတော်စင် ဝူကျူး၏ မျက်စိသူငယ်အိမ်များသည် ကျုံ့ဝင်သွား၏။
ဘုန်း
တခြားသော ပေါက်ကွဲသံကြီးတစ်ခုသည် လှိုဏ်ခေါင်းထဲမှ ထွက်ပေါ်လာတော့သည်။
ကျွင်းချောင်ရှောင်း၏ လက်သီးချက်သည် မိစ္ဆာသူတော်စင် ဝူကျူး၏ရင်ဘတ်ပေါ်သို့ တိုက်ရိုက်ပင် ကျဆင်းသွား၏။ ခန္ဓာကိုယ်တစ်ခုလုံး သည် လွှင့်စင်သွားပြီး ကျောက်နံရံကြီးနှင့်သွား၍ တိုက်မိတော့သည်။ နတ်မီးတောက်ခန္ဓာကိုယ်နှင့် စက်အတောင်ပံ ၏ တိုက်ခိုက်မှုပုံစံကို အသက်သွင်းထားခြင်းသည် သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အား ပြန်လည် မတိုက်ခိုက်နိုင်သည်အထိ ဖိအားပေးနိုင်ခဲ့သည်။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
“သေ …. သေစမ်း”
မိစ္ဆာသူတော်စင် ဝူကျူးသည် မနည်းရုန်းကန်၍ ထလိုက်၏။ သူသည် နာကျင်နေသော ရင်ဘတ်ကို အုပ်ကိုင်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ငါ့ရဲ့စွမ်းအင်တွေသာ နှစ်ပေါင်းသုံးထောင်လောက် ဖိနှိပ်ထားခြင်း မခံရရင် မင်းလို ဂျူနီယာလေးတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံရမှာတောင် မဟုတ်ဘူး”
သူ၏ ခန္ဓာကိုယ်သည် အလွန်တရာ အားနည်းနေ၏။ လက်ရှိအခြေအနေတွင် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သည်ဖြစ်သော်လည်း အင်ပြည့်အားပြည့် တိုက်ရိုက်ရန်မူ ခက်ခဲနေသေးသည်။ ဤနေရာတွင် ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်း အကြီးအကဲ သို့မဟုတ် အဘိုးကြီးကဲ့သာ ဖြစ်မည်ဆိုလျှင် သူသည် ဆိုးရွားသည့်အခြေအနေမျိုး ရောက်နေသည်ဆိုလျှင်တောင်မှ လွယ်လွယ်ကူကူနှင့် ရင်ဆိုင်နိုင်စွမ်းရှိသည်။ သို့ပေမဲ့ သူသည် ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်းနှင့် ထိပ်တိုက်တွေ့ခဲ့တော့သည်။
ရွှီး …. ရွှီး
မီးတောက်လက်သီးကြီးသည် ထပ်မံ၍ ရောက်ရှိလာသည်။
ဘုန်း ဘုန်း
တည်နေရာကြီးတစ်ခုလုံးတွင် ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ တည်နေရာ တစ်ခုလုံးတွင်လည်း စွမ်းအင်လှိုင်းများ ပျံ့နှံ့နေတော့သည်။
ထူးဆန်းလှချေသည်။ ကျွင်းချောင်ရှောင်း၏ ရူးရူးမူးမူး တိုက်ခိုက်ခြင်းသည် အလွန်တရာ အားကောင်းလှသည်ဆိုသော်လည်း လှိုဏ်ဂူကြီးတစ်ခုလုံးသည် လှုပ်ခါရုံသာ ရှိနေ၏။ ပြိုမကျလာခဲ့ချေ။ စင်မြင့်ထက်တွင်ရှိနေသော ကျောက်အခေါင်းနှစ်ခုဆိုလျှင် လှုပ်တောင် မလှုပ်ချေ။
............
ဘုန်း
နောက်ထပ်အလွန်တရာ အားကောင်းလှသော လက်သီးချက်ကြီး ကျဆင်းလာ၏။ မိစ္ဆာသူတော်စင် ဝူကျူးသည် နံရံနှင့်သွား၍ တိုက်မိ၏။ သူ၏ မျက်နှာတစ်ခုလုံးသည်လည်း ရှုံ့တွလျက်ရှိနေတော့သည်။ အချိန်တိုအတွင်းမှာပဲ သူသည် လက်သီးချက်တစ်ရာလောက်ကို ခံယူခဲ့ရခြင်းဖြစ်သည်။ သတိလစ် မေ့မျောမသွားဟု ဆိုသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးသည် ရောင်ကိုင်းလျက်ရှိနေ၏။ အချိန်မရွေး သတိလစ်မေ့မျောသွားမည့်ဟန် ပေါ်နေ၏။
မိစ္ဆာသူတော်စင် ဝူကျူးသည် သိုင်းနယ်မြေအဆင့်ကျင့်ကြံမှုကို ပိုင်ဆိုင်ခဲ့ဖူးသူ ဖြစ်သော်လည်း လက်ရှိအခြေအနေ မှာတော့ ကျွင်းချောင်ရှောင်းသည် ဝှက်ဖဲကို အသုံးပြုရင်း ထိုသူအား သဲအိတ်တစ်ခုလို ထိုးနှက်လျက်ရှိနေသည်။ ကျွင်းချောင်ရှောင်းသည် လက်သီးကို ထပ်မံ၍ ယမ်းခါလိုက်သည်နောက်မှာတော့ အလွန်တရာ တောက်လောင် လျက်ရှိသော မီးတောက်များသည် လက်သီးတွင် စုဝေးလာ၏။
“ရောင် …..း ရောင်းရင်းလေး”
မိစ္ဆာသူတော်စင် ဝူကျူးသည် အလျင်အမြန်ပြောလိုက်၏။
“စကားကောင်း ပြောကြရအောင်”
သူ၏ခန္ဓာကိုယ်သည် အလွန်တရာ အားကောင်းလှ၏။ အရိုက်အနှက်ခံရခြင်းကိုလည်း ကောင်းကောင်း ခုခံနိုင်စွမ်း ရှိသည်။ သို့ပေမဲ့ ဤအတိုင်းသာ ဆက်လက်ထိုးနှက်ခံနေရမည်ဆိုပါက မကြာသောအချိန်တစ်ခုတွင် သူခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နေအုံး ….. အစာပိတ်လေး တွယ်လိုက်ဦးမယ်”
“...”
မိစ္ဆာသူတော်စင် ဝူကျူး၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည်။ နှစ်ပေါင်းသုံးထောင်ကျော်လောက် စောင့်ပြီးသည့် နောက်မှာတော့ သူသည် နောက်ဆုံးတွင် အစီအမံတစ်ခုကို သေသေချာချာ ချမှတ်၍ စီစဉ်ခဲ့၏။ သို့ပေမဲ့ ဤမွန်းစတားလေးနှင့် တွေ့ဆုံခဲ့လိမ့်မည်ဟု သူမထင်မှတ်ခဲ့ချေ။
“ရောင်းရင်းလေး... ကျုပ် ကြာပန်းကို မလိုချင်တော့ဘူး”
မိစ္ဆာသူတော်စင် ဝူကျူးသည် ရှုံးနိမ့်မှုကို ဝန်ခံကာ ပြောလိုက်သည်။ “မင်း သင်္ချိုင်းထဲက ထွက်ခွာသွားချင်တယ်ဆိုရင် ထွက်ပေါက်ကို ပြောပြမယ်”
ကြာပန်းသည် သူ၏ ကျင့်ကြံခြင်းအဆင့်အား ပြန်လည်ရရှိမည်ဆိုသော်လည်း အရေးအကြီးဆုံးအရာမှာ အသက် ရှင်သန်ရန်ပင်ဖြစ်၏။ သူ့အနေနှင့် သိုင်းအုပ်စိုးသူအဆင့်တွင် နေရမည်ဆိုလျှင်တောင်မှ အသက်ရှင်မည်ဆိုလျှင် ပျော်ရွှင်နေသေး၏။
ကျွင်းချောင်ရှောင်း၏ ညာဘက်လက်သီးရှိ မီးတောက်များသည် ပိုမို၍ တောက်လောင်လာ သည်။ သူသည် အေးစက်စက်နှင့် ပြောလိုက်၏။ “ခင်ဗျားရဲ့ ဝိညာဉ်အရင်းအမြစ်ကို လွှဲပေး၊ ဒါဆိုရင် လက်လွှတ်ပေးမယ်”
ဆိုးရွားသည်မှာ ကျွင်းချောင်ရှောင်းအနေဖြင့် အလွန်တရာ အားကောင်းလှသော အစေခံတစ်ယောက်ကို လက်မလွှတ်နိုင်ခြင်းပင် ဖြစ်တော့သည်။ မိစ္ဆာသူတော်စင် ဝူကျူးသည် အလွန်တရာ ဒေါသထွက်မိသွား၏။ သူ့အနေနှင့် ဝိညာဉ်အရင်းအမြစ်ကို ပြန်လည်ရရှိအောင် ကြိုးစားခဲ့ရသည်မှာ လွယ်ကူသည်မဟုတ်ပေ။ အဘယ်ကြောင့် တခြားသူတစ်ယောက်ကို ထပ်၍ ထိန်းချုပ်ခွင့် ပေးရမည်နည်း။
“လူငယ်လေး”
သူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “သေတဲ့အထိ တိုက်ခိုက်ချင်တာလား
ရွှီး
ကျွင်းချောင်ရှောင်းသည် ရှေ့သို့တိုးလာပြီးသည့်နောက် အားရပါးရ ထပ်မံ၍ ထိုးနှက်တော့သည်။ မိစ္ဆာသူတော်စင် ဝူကျူးသည် အလွန်တရာ မောပန်းနေပြီဖြစ်သောကြောင့် ထိရောက်သည် ခုခံမှုမျိုးကို မပြုလုပ်နိုင်တော့ချေ။ ထို့ကြောင့် ပက်ပက်စက်စက် ထိုးကြိတ်ရိုက်နှက်ခြင်းကို ခံနေရတော့သည်။