← Chapters

အခန်း (၆၃၅)

Vol. 43 Ch. 635

အခန်း (၆၃၅)

Vol. 43 Ch. 635

ဘုန်း … ဘုန်း

ကျွင်းချောင်ရှောင်းသည် မိစ္ဆာသူတော်စင် ဝူကျူးအား အားရပါးရ ထိုးနှက်တော့သည်။ နောက်ဆုံးမှာတော့ မိစ္ဆာ သူတော်စင် ဝူကျူးမှာ သွေးများအန်ထွက်လာသည့်အပြင် စကားပင် ကောင်းကောင်းမပြောနိုင်တော့ချေ။

တခြား နည်းလမ်းလည်းမရှိပေ။ အားအင်အဆင့်ဖြင့်သာ တစ်ဖက်လူအား ဦးညွတ်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည်။ ထို့ကြောင့် သူသည် ဆက်လက်ကာ ရိုက်နှက်ရပေလိမ့်မည်။ အချက်ပေါင်းများစွာ ထိုးနှက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ရပ်တန့်ကာ ပြောလိုက်၏။ “အဘိုးကြီး... ခင်ဗျား အစစ်အမှန်တရားနှင့် ရင်ဆိုင်နေသင့်ပြီ”

“ချီးတဲ့မှ” မိစ္ဆာသူတော်စင် ဝူကျူး၏ မျက်လုံးများသည် ဒေါသတရားနှင့် ပြည့်နှက်သွားတော့သည်။

“ခင်ဗျား ကျုပ်ကို ဝိညာဉ်အရင်းအမြစ် လွှဲပေးမှာလား၊ မလွှဲပေးဘူးလား”

“လွှဲမပေးဘူး”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် အပိုစကားတွေ မပြောတော့ချေ။ သူ၏ လက်ကိုမြှောက်ကာ နဂါးစိမ်းလခြမ်းဓားမော့ကြီး ကို ထုတ်ယူလိုက်တော့သည်။ ဤဓားမော့ကြီးသည် မီးတောက်များနှင့် ဖုံးလွှမ်းလျက်ရှိသည်။ ၎င်း၏ မျက်လုံးထဲ တွင်တော့ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေသည်။

“ခင်ဗျားရဲ့ ဝိညာဉ်အရင်းအမြစ်ကို မလွှဲပေးဘူးဆိုရင် ခင်ဗျားရဲ့ ဝိညာဉ်ကို ငရဲပြည်ကို ပို့ပစ်လိုက်မယ်”

ပူးပေါင်းဆောင်ရွက်ခြင်းကို မပြုလုပ်ပါက သူ့အနေနှင့် သတ်ဖြတ်ရန်သာ စဉ်းစားရပေတော့မည်။

နဂါးစိမ်းလခြမ်း ဓားမော့ကြီးသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ခန့်မှန်းကြည့်ရန်ပင် ခက်ခဲလှ၏။ မိစ္ဆာသူတော်စင် ဝူကျူးသည် ဒီဓားမော့ကြီး၏ အရည်အသွေးမှာ သာမန်မဟုတ်ကြောင်း သိရှိနားလည်လိုက်ရ၏။ သူသည် လက်သီး ကို ကျစ်ကျစ်ပါအောင်ဆုပ်၊ အံကိုကြိတ်ကာ ပြောလိုက်၏။ “ကျုပ် လွှဲပေးမယ်”

သူသည် တစ်စက္ကန့်အတွင်း အရှုံးပေးခဲ့ရပြီးဖြစ်၏။ လွန်ခဲ့သည့်နှစ်ပေါင်းထောင်ကျော်ထဲက အသက်ရှင်နေထိုင်ခဲ့ရ သော ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်မို့ သူ့အနေနှင့် အခြေအနေ၊ အချိန်အခါကို အကောင်းဆုံး သုံးသပ်နိုင်၏။ သူသည် ဝိညာဉ်အရင်းအမြစ်ကို ပထမဦးဆုံးတစ်ကြိမ် အခြားသူအား ပေးအပ်ခဲ့ဖူး၏။ ထို့ကြောင့် ထပ်မံပေးအပ်ဖို့ ဆိုသည်မှာ အခက်အခဲတော့ ရှိမနေတော့ချေ။

သူသည် အတွေ့အကြုံ ရင့်ကျက်လှသော မိစ္ဆာဂိုဏ်း၏ ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်မို့ မည်သို့သော အခြေအနေတွင် ခေါင်းမာရမည်၊ မည်သို့သောအခြေအနေတွင် အညံ့ခံရမည် ကို ကောင်းကောင်း နားလည်နေ၏။ မဟုတ်ပါက သူ့အနေနှင့် မျက်နှာတစ်ရာ ဆေးသူတော်စင်ကြီးထံတွင် သေဆုံးနှင့်သည်မှာ ကြာပြီဖြစ်၏။

........

ယခင်အတွေ့အကြုံများကို အခြေခံ၍ မိစ္ဆာသူတော်စင် ဝူကျူးသည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အရင်းအမြစ်ကို ထုတ်လိုက်တော့သည်။

ကျွင်းချောင်ရှောင်းသည် ဝိညာဉ်အရင်းအမြစ်ကို လှမ်းယူကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ဒီနေ့ကစပြီး ခင်ဗျားက ကျုပ်ရဲ့ အစေခံပဲ”

“ကောင်းပါပြီ”

မိစ္ဆာသူတော်စင် ဝူကျိုးသည် လေးလေးစားစားဖြင့် ပြန်ပြောလိုက်၏။ “သခင်”

သူ မကြာသေးခင်ကမှ ရရှိထားသော ဝိညာဉ်အရင်းအမြစ်ကို ယခုချက်ချင်း ပြန်လည်ဆုံးရှုံးသွားသည်မို့ သူသည် ငိုချင်စိတ်ပင် ပေါက်မိနေ၏။

နှစ်ပေါင်းသုံးထောင်ကျော် ဤသင်္ချိုင်းကြီးထဲတွင် ပိတ်မိနေခဲ့ပြီးသည့်နောက် သူသည် အလင်းရောင်ကို ထပ်မံ၍ မြင်တွေ့ခဲ့ရ၏။ သို့ပေမဲ့ ဝံပုလွေအုပ်ထံမှ လှမ်းလျောက်ထွက်လာပြီးသည့်နောက်မှာတော့ ကျားပါးစပ်ထဲသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ သူသည် အလွန်တရာ ကံဆိုးလှသည်ဟု ဆိုရမည်။

“ကြာပန်းအပြင် ဒီသင်္ချိုင်းထဲမှာ တခြားကောင်းတာလေးတွေ ရှိသေးလား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

မိစ္ဆာသူတော်စင် ဝူကျူးက ပြောလိုက်၏။ “ဒီမှာ ဆေးသူတော်စင် ချန်ခဲ့တဲ့ ဆေးမျိုးစေ့တွေ ရှိသေးတယ်”

“တခြားအရာတွေကော” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

“ဒါအကုန်ပါပဲ”

မိစ္ဆာသူတော်စင် ဝူကျူးက ပြောလိုက်၏။ “မဟုတ်သေးဘူး၊ အလောင်းရုပ်သေးတွေကို ထိန်းချုပ်နိုင်တဲ့ ဝိညာဉ်ကျောက်ပြားရှိတယ်လေ”

“အဲတာ ဘယ်နေရာ မှာလဲ”

“သခင်... ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပါ”

သူတို့နှစ်ယောက်သည် တခြားသော ကျောက်လှိုဏ်ဂူတစ်ခုဆီသို့ သွားလိုက်၏။ ကျွင်းချောင်ရှောင်းသည် သတိလစ်နေသော ရှစ်ကျန်းရွမ်အား ထမ်းပိုး၍ အောင်အောင်မြင်မြင်ပဲ တခြားအခန်းဆီသို့ ရောက်ရှိလာ၏။ သူသည် အလယ်ဗဟိုရှိ ကျောက်ပြားမြင့်ပေါ်တွင် တည်ရှိနေသော လက်ဝါးတစ်ခုအရွယ် ကျောက်ပြားတစ်ခုကို မြင်လိုက်ရသည်။ ထိုအရာပေါ်မှာတော့ ထူးဆန်းသော မျဉ်းကြောင်းများ ရေးထိုးထား၏။

သူမေးလိုက်၏။ “စီနီယာဆေးသူတော်စင်က အစီအရင်တွေကို ကျွမ်းကျင်တဲ့သူတစ်ယောက်ပဲလား”

မိစ္ဆာသူတော်စင် ဝူကျူးက ပြောလိုက်၏။ “အစီအရင်တွေက သူ့မိန်းမ စီရင်ထားတာလေ”

“ကျုပ်သိပြီ”

ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ကျောက်ပြားအား သိမ်းဆည်းလိုက်တော့သည်။ အဓိက သင်္ချိုင်းတည်နေရာဆီသို့ ပြန်လာပြီးသည့်နောက် သူသည် ကျောက်အခေါင်းနှစ်ခုအား ကြည့်ကာ တောင်းပန်လိုက်တော့သည်။ “စီနီယာ... နှောက်ယှက်ဖို့ မရည်ရွယ်ပါဘူး၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

သေဆုံးသွားသော သူ၏ဇနီးရှေ့တွင် သူသည် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရွေးချယ်ခဲ့၏။ ဆေးသူတော်စင်၏ ချစ်ခြင်းတရားသည် အလွန်တရာနက်နဲလှပြီး လေးစားဖို့ ကောင်းလှ၏။

“သွားကြစို့”

ကျွင်းချောင်ရှောင်းသည် ဤအခေါင်းအား ဖွင့်လှစ်ရန် ရည်ရွယ်ချက်မရှိပေ။ ထို့အပြင် တစ်ဖက်လူများ၏ သေဆုံးမှု သည် အလွန်တရာ ခမ်းနားလွန်းလှ၏။ သူ့အနေနှင့် နှောက်ယှက်ခြင်းကို မပြုလုပ်ချင်ပေ။ သင်္ချိုင်းအတွင်းမှ အရေးအကြီးဆုံးအရာသည် ကြာပန်းဖြစ်သည်။

ဆေးသူတော်စင် ရေးသားထားသော ဆေးစာအုပ်များ အားလုံးသည်လည်း တန်ဖိုးကြီးမားလှသော ရတနာများဖြစ်၏။ သူသည် ဤခရီးသို့ လာရောက်ခြင်းတွင် ကြီးမားသည့် အကျိုးအမြတ် ကြီးကို ရရှိခဲ့သည်ဟု ဆိုရမည်။

ဘန်း ဘန်း

အခြားသော လှိုဏ်ဂူထဲမှာတော့ အကြီးအကဲကဲ့နှင့် တခြားသူများသည် အလောင်းရုပ်သေးတစ်ရာကျော်တို့နှင့် တိုက်ခိုက်လျက်ရှိနေသည်။ ပြိုင်ဘက်များသည် အလွန်တရာမာကျောပြီး မသေနိုင်သောသူများဖြစ်သည့်အပြင် မိစ္ဆာဓားကျင့်ကြံသူရှစ်ယောက်တို့လည်းရှိသည်မို့ အချိန်အတိုင်းအတာတစ်ခုအတွင်း သိုင်းကျင့်ကြံသူ ခြောက်ဆယ်မှ ခုနှစ်ဆယ်နီးပါးတို့သည် သေဆုံးသွားခဲ့ပြီဖြစ်၏။

ဘန်း

ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်းမှ အကြီးအကဲသည် တောက်ပနေသော မီးတောက်များကို ထုတ်ဖော်ကာ အနားသို့ ရောက်လာသော အလောင်းရုပ်သေးအား အနောက်သို့ ဆုတ်ခွာရန် ဖိအားပေးလိုက်သည်။ ပြီးနောက် ဒေါသတကြီး ပြောလိုက်တော့သည်။ “ဒီအတိုင်းသာ ဆက်ပြီးသွားနေမယ်ဆိုရင် မကြာခင်မှာ မောပြီးတော့ သေဆုံးသွားနိုင်တယ်”

ရွှီး …. ရွှီး။

ထိုအချိန်မှာပဲ မိစ္ဆာဓားကျင့်ကြံသူ ရုပ်သေးအလောင်းသည် သူ၏ဓားကို ယမ်းခါပြီး အနားသို့ တိုးလာတော့သည်။ ချက်ချင်းပဲ သူသည် ရေတွက်လို့မရအောင် များပြားသော ဓားအလင်းတန်းများကို ထုတ်ဖော်လိုက်တော့သည်။ သူ၏ ရှေ့တွင်ရှိသော သိုင်းကျင့်ကြံသူ တော်တော်များများ၏ လည်ပင်းများသည် ပိုင်းဖြတ်သွားကြ၏။

တခြားသော မိစ္ဆာဓားကျင့်ကြံသူများသည်လည်း သိုင်းအုပ်စိုးသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်လျက် ရှိနေသည်။ မည်သူက အထက်စီးတွင် ရှိနေသည်ကို မှန်းဆရ ခက်နေသည်။

တကယ်တမ်းမှာတော့ မိစ္ဆာဓားဂိုဏ်း၏ အစောင့်အရှောက် ရှစ်ယောက်တို့သည် အသက်ရှင်စဉ် အချိန်ကဆိုလျှင် သိုင်းအုပ်စိုးသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် သူမဟုတ်ပေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူတို့သည် မသေဆုံးနိုင်သော အလောင်းကောင်များအဖြစ်သို့ ပြုပြင်သန့်စင်ခြင်းကို ခံထားရခြင်းဖြစ်သည်မို့ ၎င်းတို့၏ အားအင်များသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။

ဘန်း ဘန်း

သိုင်းအုပ်စိုးသူ နှစ်ယောက်တို့သည် ဂျင်ဆယ်သန်းကျော်သော ၎င်းတို့၏ အားအင်များကို ထုတ်ဖော်ကာ မိစ္ဆာဓား ကျင့်ကြံသူများကို တိုက်ခိုက်ကြသည်။ တစ်ဖက်လူများသည် မြေပေါ်သို့ လွှင့်စင်သွားကြသည်ဆိုသော်လည်း ချက်ချင်းဆိုသလိုပဲ ကုန်းရုန်းထကာ ဓားကို ထပ်မံမြှောက်၍ တိုက်ခိုက်လာကြသည်။ ဤကဲ့သို့သော မသေနိုင်သည့် အလောင်းကောင်များနှင့် တိုက်ခိုက်ရသည်ဆိုသည်မှာ ရွံရှာဖို့ ကောင်းလွန်းလှ၏။

“ကျုပ်တို့ ကြာကြာခံနိုင်မှာ မဟုတ်တော့ဘူး” အကြီးအကဲကဲ့က မျက်မှောင်ကုတ်လိုက်၏။

“ဒါဆိုရင် လာရာလမ်းအတိုင်း ပြန်ကြစို့”

“လှိုဏ်ဂူရဲ့ အဝင်ဝက စည်းခတ်ခံထားရတယ်၊ ဘယ်လိုပြန်မှာလဲ” ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်းမှ အကြီးအကဲက ပြောလိုက်၏။ သူသည် ပြောနေရင်းမှာပဲ လက်ဝါးရိုက်ချက်ကို ထုတ်ဖော်ကာ အလောင်းရုပ်သေးတစ်ခုအား လွှင့်စင်သွားအောင် တိုက်ခိုက်လိုက်သည်။

“ကျုပ်တို့ဒီမှာသေတော့မယ်၊ ဒီလိုမှန်းသိရင် ဒီထဲကို ဝင်မလာပါဘူး” များပြားလှသော သိုင်းကျင့်ကြံသူများသည် စိတ်ပျက်နေကြ၏။

ဂျိန်း

ထိုအချိန်မှာပဲ အဓိက သင်္ချိုင်း အဓိက တည်နေရာနှင့် ချိတ်ဆက်ထားသော ကျောက်ပြားသည် ရုတ်တရက် မြင့်တက်လာ သည်။

“တံခါးပွင့်သွားပြီ၊ လာ လာ ဝင်ကြစို့”

စိတ်ပျက်နေကြသော ကျင့်ကြံသူများသည် အမှောင်ထဲမှာ အလင်းကို မြင်လိုက်ရသလို ပျော်ရွှင်သွားကြ၏။ သို့ပေမဲ့ သူတို့ အရှေ့ဘက်သို့ ပြေးဝင်ရန် ပြင်လိုက်ချိန်မှာပဲ ရှစ်ကျန်းရွမ်အား ချီပိုး၍ ထွက်လာသော ကျွင်းချောင်ရှောင်း အား မြင်လိုက်ရသည်။

ကျွင်းချောင်ရှောင်းသည် ရယ်ကာ ပြောလိုက်၏။ “အားလုံးပဲ ဒုက္ခရောက်နေပုံ ပေါ်တယ်”

“...”

အားလုံးသောလူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ဒုက္ခရောက်နေတာ မဟုတ်ဘူး၊ သေတော့မှာ … သေတော့မှာ။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အားလုံးပဲ မစိုးရိမ်ပါနဲ့၊ ဒီအလောင်းကောင်တွေကို ဖိနှိပ်နိုင်တဲ့ နည်းလမ်း ကျုပ်ရှာတွေ့ခဲ့ပြီ”

အားလုံး ပျော်ရွှင်သွားကြသည်။

“ဒါပေမဲ့”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ပေးရမယ့် တန်ကြေးတော့ရှိတယ်၊ အားလုံး စိတ်ဝိညာဉ်ကျောက်တုံးတွေကို ထုတ်ပေးကြမယ်လို့ မျှော်လင့်ပါ တယ်”

ဤမျှကောင်းမွန်သည့် အခွင့်အရေး ရှိနေသည်မို့ သူ့အနေနှင့် အပိုပိုက်ဆံကို ရှာဖွေရပေလိမ့်မည်။

“ချီးတဲ့မှ”

ကျွမ်းလောင်ခြင်း မီးတောက်ဂိုဏ်းမှ အကြီးအကဲသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဒီလို အခြေအနေပေါ်မှာ အခွင့်ကောင်း ယူချင်တာလား”

“ခင်ဗျား ထင်ချင်သလို ထင်လို့ရတယ်”

ကျွင်းချောင်ရှောင်းသည် မငြင်းပယ်ချေ။ အရှက်မဲ့စွာဖြင့် ပြောလိုက်သည်။ “ကျုပ်တို့က သင်္ချိုင်းထဲကို တူတူဝင်လာကြတာဆိုတော့ အများကြီး မတောင်းပါဘူး၊ လူတစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံး ငါးရာပဲပေး”

ဟုတ်ပေသည်။ ဤနေရာတွင် လူပေါင်းတစ်ထောင်ကျော်ရှိနေ၏။ တစ်ဦးလျှင် စိတ်ဝိညာဉ်ကျောက်တုံး ငါးရာ ဆိုလျှင် အလွန်များပြားသော ပမာဏကို ရရှိမှာဖြစ်၏။

“မင်း”

ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်းမှ အကြီးအကဲသည် နောက်ဆုံးမှာတော့ ဆိတ်ဆိတ်နေရန် ရွေးချယ်လိုက်ရ၏။ သူ့အနေနှင့် ဤအလောင်းကောင်များကို မထိန်းချုပ်နိုင်လျှင် အန္တရာယ်ကျရောက်သွားနိုင်၏။ စိတ်ဝိညာဉ် ကျောက်တုံးငါးရာဆိုသည်မှာ များပြားလှသည်တော့ မဟုတ်ချေ။

ဘန်း

သိုင်းအုပ်စိုးသူတစ်ယောက်သည် အလောင်းရုပ်သေးအား ရိုက်နှက်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်၏။ “မင်း လိမ်နေတာ မဟုတ်ဘူးဆိုတာ ဘယ်လိုလုပ် သိမှာလဲ”

“ရပ်စမ်း”

ကျွင်းချောင်ရှောင်း အော်လိုက်၏။ တိုက်ခိုက်နေကြသော အလောင်းရုပ်သေးများသည် တည်နေရာတွင် ရုတ်တရက် ရပ်တန့်သွားကြသည်။ ၎င်းတို့သည် ထူးဆန်းသည့် စွမ်းအင်တစ်ခုနှင့် စည်းခတ်ခံလိုက်ရသလိုပင် ဖြစ်သည်။ ဤအရာသည် ဝိညာဉ်ကျောက်ပြား၏ အစွမ်းပင်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် စိတ်ဝိညာဉ် စွမ်းအင်များကို ထည့်သွင်းပေါင်းစပ်လိုက်သည် ဆိုသည်နှင့် အလောင်းရုပ်သေးများ၏ လှုပ်ရှားမှုများအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသွားသည်။

“လိမ်နေတယ်လို့ ထင်သေးလား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

အားလုံး ဆွံ့အသွားကြသည်။ စကားလုံးတစ်လုံးတည်း နှင့် အလောင်းကောင်များအားလုံးသည် အေးခဲကာ ရပ်တန့်သွားကြပြီဖြစ်သည်။ မယုံနိုင်စရာပင်ဖြစ်တော့၏။

သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူများအားလုံးသည် ဤကောင်လေးမှာ အလောင်းများကို ထိန်းချုပ်နိုင်သည့် အထူးနည်းလမ်းတစ်ခုခုကို တက်ကျွမ်းနေသည်ဖြစ်ကြောင်း နားလည်လိုက်မိ၏။

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲကဲ့က ပြောလိုက်၏။ “ကျုပ်ပေးမယ်”

သူသည် မြန်မြန် ရှေ့သို့လျှောက်ထွက်လာပြီးသည့်နောက် စိတ်ဝိညာဉ်ကျောက်တုံးငါးရာအား ပေးလိုက်သည်။

ကျွင်းချောင်ရှောင်းသည် အားလုံးကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်၏။ “ကျုပ်သုံးစက္ကန့်ရေမယ်၊ မဟုတ်ရင် အလောင်းတွေပေါ်မှာ ခတ်ထားတဲ့ စည်းကို ပြန်ပြီး ဖယ်လိုက်မယ်၊ ဒါဆိုရင် သေခြင်းနဲ့ ရှင်ခြင်းက ခင်ဗျားတို့ရဲ့ကံပဲ”

သူသည် လက်ရှိဖြစ်ပျက်နေသော အခြေအနေကို အခွင့်ကောင်းယူကာ အားလုံးကို ခြိမ်းခြောက်နေခြင်းဖြစ်၏။

“စမယ် ….. သုံး တစ်လီ သုံး”

ကျွင်းချောင်ရှောင်းသည် တစ်ခါတည်း ရေတွက်လိုက်၏။

“လှုပ်စမ်း”

အားလုံး သည် မြေပေါ်သို့ လဲကျလုမတတ်ဖြစ်သွား၏။ “ချီးတဲ့မှ ….. ဘာလဲ သုံးတစ်လီသုံးဆိုတာ … ယီးဟေ့ ..ယီး ..”

ဝှစ် ဝှစ်

အလောင်းရုပ်သေးတစ်ရာကျော်တို့သည် ထပ်မံ၍ လှုပ်ရှားလာတော့သည်။ ကျွင်းချောင်ရှောင်း၏ ထိန်းချုပ်မှု အောက်မှာတော့ ၎င်းတို့သည် သိုင်းကျင့်ကြံသူများအားလုံးကို ဝိုင်းရံလိုက်၏။

“ဂိုဏ်းချုပ်ကျွင်း”

ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်းမှ အကြီးအကဲသည် အလျင်အမြန်ပဲ ပြောလိုက်၏။ “ပေးမယ်၊ ပေးမယ်၊ ကျုပ်ပေးမယ်”

All Chapters