← Chapters

အခန်း (၆၃၆)

Vol. 43 Ch. 636

အခန်း (၆၃၆)

Vol. 43 Ch. 636

*

“ကျုပ်တို့လည်း ပေးမယ်”

အဘိုးကြီးကဲ့နှင့် ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်းမှ အကြီးအကဲနှစ်ယောက်လုံး သဘောတူလိုက်ပြီး ဖစ်သည်မို့ တခြားသော ကျင့်ကြံသူများအားလုံးသည်လည်း ပူးပေါင်းရုံသာ တတ်နိုင်တော့သည်။ ထို့အပြင် စိတ်ဝိညာဉ် ကျောက်တုံးငါးရာဆိုသည်မှာ သူတို့အသက်နှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။

“ရပ်စမ်း”

ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ကျောက်ပြားအား အသုံးပြု၍ အလောင်းရုပ်သေးများအား ထပ်မံ၍ ရပ်တန့်ခိုင်းလိုက်သည်။ ဤတစ်ကြိမ်မှာတော့ သူသည် အလောင်းရုပ်သေးများအား ထိန်းချုပ်နိုင်နေပြီဖြစ်ကြောင်း အရူးပင်လျှင် သိသာသွားတော့၏။

ထိုသို့ဆိုလျှင် သူတို့၏ လုံခြုံရေးအတွက် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြု သင့်သည်ဟု သတ်မှတ်ရပေမည်။ များပြားလှသော ဂိုဏ်းများမှ သိုင်းကျင့်ကြံသူများအားလုံးသည် စိတ်ဝိညာဉ်‌ ကျောက်တုံးငါးရာ ပါဝင်သော ၎င်းတို့၏ သိုလှောင်လက်စွပ်များကို လှမ်း၍ ပစ်ပေးလိုက်ကြသည်။

“ဂိုဏ်းချုပ်ကျွင်း”

သိုင်းကျင့်ကြံသူတစ်ယောက်သည် နာနာကျင်ကျင် မျက်နှာဖြင့် ပြောလိုက်၏။ “ကျုပ်တို့ဆီမှာ အဲလောက်များပြားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ မရှိဘူး”

များပြားလှသော ဂိုဏ်းကြီးများသည် စိတ်ဝိညာဉ်ကျောက်တုံးများ မလစ်ဟင်းဟု ဆိုသော်လည်း တစ်ကိုယ်တော် ကျင့်ကြံသူနှင့် မိသားစုသေးများမှ ကျင့်ကြံသူများသည် စိတ်ဝိညာဉ်ကျောက်တုံး ငါးရာကိုတောင် မတတ်နိုင်ကြချေ။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တန်ဖိုးကြီးတဲ့ အခြားအရာတွေနဲ့ ပေးလည်း ရတယ်၊ ငွေသားတွေ၊ ကျောက်ရိုင်းတုံးတွေ၊ ဆေးပင်တွေ၊ ဘာမဆို လဲလှယ်လို့ရတယ်”

သူသည် စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုတည်းကိုသာ မျက်နှာလိုက်စွာ လက်ခံသည်မဟုတ်ချေ။ တန်ဖိုးရှိသောပစ္စည်းများအားလုံးကို လက်သင့်ခံလျက်ရှိနေသည်။ တရားမျှတမှုကို လက်ကိုင်ထားတတ်သည့် ဂိုဏ်းချုပ်ကျွင်းပါတကား။

ဂိုဏ်းကြီးများရှိ ကျင့်ကြံသူများအားလုံးသည် မပျော်မရွှင် ဖြစ်သွားခဲ့ကြ၏။ ၎င်းတို့သည် စိတ်ဝိညာဉ်ကျောက်တုံး ငါးရာကို ပေးအပ်ခဲ့ရ၏။ သို့ပေမဲ့ တခြားသူများမှာတော့ ဆေးပင်နှင့် ကျောက်ရိုင်းတုံးများကို ပေးစွမ်း၍ ရနေ၏။ ဤအရာသည် မမျှတခြင်းပင်ဖြစ်၏။

သို့ပေမဲ့ သူတို့သည် ဤအရာကို စိတ်ထဲမှာ တွေးနေခြင်းဖြစ်ပြီး အပြင်ဘက်မှာတော့ ထုတ်ဖော် မပြောရဲကြချေ။ ဤကဲ့သို့သော အခြေအနေတွင် သူတို့သည် ရှုံးနိမ့်သည်ဟု ဝန်ခံရမည်ဖြစ်သည်။

အချိန်တိုအတွင်းမှာပဲ သိုင်းကျင့်ကြံသူ သုံးထောင် နီးပါးတို့သည် ကာကွယ်စောင့်ရှောက်ခများကို ပေးခဲ့ရ၏။ သေချာတွက်ချက် ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်းကို ရရှိခဲ့၏။ ကံဆိုးစွာဖြင့် ဤအရာများသည် သဘာဝ စိတ်ဝိညာဉ်ကျောက်တုံးများ မဟုတ်ပေ။ ထို့အပြင် ဆေးပင်၊ ကျောက်ရိုင်းတုံး၊ သလင်းအမြူတေနှင့် တခြားသော ငွေသားများပင် ပါဝင်နေသေး၏။

သင်္ချိုင်းထဲမှ တန်ဖိုးကြီးမားသော အရာများကို သူသည် ယူဆောင်ခဲ့သည်။ ထို့အပြင် တခြားသော အရင်းအမြစ် များကိုလည်း ရရှိခဲ့သေး၏။ ဂိုဏ်းချုပ်ကျွင်းသည် အမှန်တကယ် ပွပေါက်တိုးခြင်းပင်ဖြစ်သည်။

“သူတို့ရဲ့ ဘေးအန္တရာယ်ကို ဖြေရှင်းပေးတဲ့အတွက် ပိုက်ဆံယူတာလေ” ကျွင်းချောင်ရှောင်းသည် သူ၏အစေခံအား လှမ်း၍ ပြောလိုက်၏။

“သွားကြစို့၊ ခင်ဗျားတို့အားလုံးကို အပြင်ကို ထုတ်ပေးမယ်”

ထိုအချိန်မှာတော့ သူ၏ခန္ဓာကိုယ်သည် တလက်လက်တောက်ပသော အလင်းတန်းများနှင့် ဖြတ်ပြေးသွား တော့သည်။ သူသည် လောကကြီး၏ ကယ်တင်ရှင်ပင် ဖြစ်တော့သည်။

……

အဓိကသင်္ချိုင်းတည်နေရာတွင် ထွက်ပေါက် တည်ရှိနေသည်။ ကျွင်းချောင်ရှောင်းသည် အားလုံးကို ပြန်လည် ခေါ်ထုတ်လာပြီးသည့်နောက်မှာတော့ အလောင်းရုပ်သေးတစ်ရာကျော်တို့ကလည်း အနောက်မှာ စီစီရီရီနှင့် လိုက်ပါလာကြသည်။ ဝိညာဉ်ကျောက်ပြားသည် ၎င်းတို့အား ထိန်းချုပ်ထားနိုင်၏။ ထို့ကြောင့် အလောင်းရုပ်သေးများကို သူပိုင်ဆိုင်ခဲ့ပြီဖြစ်၏။

ကောင်းပေသည်။ အလွန်တရာကောင်းမွန်သော ပစ္စည်းများအားလုံးသည် ကျွင်းချောင်ရှောင်း၏ အိတ်ကပ်ထဲသို့ ဝင်ရောက်သွားကြသည်ဟု ဆိုရမည်။

မိစ္ဆာသူတော်စင် ဝူကျူးသည် အဓိကဟောခန်းတည်နေရာတွင် စောင့်နေ၏။ ပြီးနောက် ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်းမှ အကြီးအကဲများကို မြင်တော့ နှာခေါင်းရှုံ့မိလိုက်၏။ သူသာ မွန်းစတားလေးနှင့် မတွေ့ဆုံပဲ ဤသိုင်းကျင့်ကြံသူများနှင့်သာ တွေ့ဆုံမည်ဆိုပါက ကြာပန်းကို လက်ဝယ် ပိုင်ဆိုင်နိုင်မည်မှာ သေချာ၏။

“ဂိုဏ်းချုပ်ကျွင်း”

အဘိုးကြီးကဲ့သည် စင်မြင့်ထက်တွင်ရှိနေသော ကျောက်အခေါင်းကို ကြည့်ကာ မေးလိုက်၏။ “ဒါက ဘယ်စီနီယာရဲ့ အုတ်ဂူတွေလဲ”

“ဆေးသူတော်စင်နဲ့သူ့မိန်းမရဲ့ အုတ်ဂူပဲ”

ဟမ်

အဘိုးကြီးကဲ့သည် ထအော်လိုက်၏။ “စီနီယာဆေးသူတော်စင်က သေဆုံးသွားပြီလား၊ ဒီမှာ ဆေးစာအုပ်တွေ အများကြီးနဲ့ မိစ္ဆာဂိုဏ်းက အလောင်း တွေ အများကြီး ရှိနေတာ အံ့အားသင့်စရာတော့ မဟုတ်တော့ဘူး”

ဆေးသူတော်စင်၏ အုတ်ဂူ

“ဆေးသူတော်စင် သေဆုံးခြင်းက ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ”

လူသားအားလုံးသည် နေမကောင်းဖြစ်နိုင်၏။ ဤကဲ့သို့ စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေသည့် ကမ္ဘာကြီး ဖြစ်သည်ဆိုလျှင်တောင်မှ လူများသည် နာမကျန်း ဖြစ်နိုင်သေးသည်။ မျက်နှာတစ်ရာ ဆေးသူတော်စင်သည် လောကကြီးကို ကယ်တင်ရန် ဆေးပညာအား လေ့လာခဲ့သူဖြစ်ပြီး ရောဂါရှိသော လူပေါင်းများစွာကို ကယ်တင်ခဲ့၏။ သူသည် တခြားသောသူများ၏ ချီးကျူးမှုနှင့် ချစ်ခင်မှုကို ခံခဲ့ရသူဖြစ်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စီနီယာဆေးသူတော်စင်က သင်္ချိုင်းထဲမှာ ဆေးစာအုပ်တွေပဲ ချန်ခဲ့တာလေ၊ ဒီတော့ အားလုံးထွက်ခွာပြီးတဲ့နောက်မှာ ထပ်လာပြီး မနှောက်ယှက်ကြဖို့ ကျုပ်က မျှော်လင့်မိတယ်”

“နားလည်ပါတယ်၊ နားလည်ပါတယ်”

အားလုံးသည် သံယောင်လိုက်ကာ ပြောဆိုလိုက်ကြတော့သည်။ ဤနေရာသည် တခြားသော သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက်၏ သိုင်းနယ်မြေဖြစ်သည်ဆိုပါက သူတို့သည် တခြားသော အကြံအစည်တစ်ခုခု ထားပေ လိမ့်မည်။ သို့ပေမဲ့ မျက်နှာတစ်ရာဆေးသူတော်စင်၏ သင်္ချိုင်းဖြစ်မှန်းသိသည့်အချိန်မှာတော့ သူတို့သည် စိတ်မဝင်စားတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဆေးသူတော်စင်သည် သိုင်းပညာတွင် အလွန်အမင်း ကျွမ်းကျင် လှသူ မဟုတ်ချေ။ သူတို့သည် သိုင်းပညာကိုသာ စိတ်ဝင်စားကြသည် မဟုတ်လား။

“ဒါ … ဒါက”

အဘိုးကြီးကဲ့သည် မိစ္ဆာသူတော်စင်ကို လှမ်းကြည့်ပြီး စိတ်ထဲတွင် ကြောက်လန့်စိတ်များပေါ်လာ၏။ ဤလူသည် အားနည်းသည့်ပုံပေါ်သော်လည်း အားအင်အဆင့်မှာ အလွန်တရာ အားကောင်းလှသည်ဟု သူက အလိုလို သိနေ၏။

မိစ္ဆာသူတော်စင် ဝူကျူး အားနည်းနေရခြင်း အကြောင်းအရင်းတစ်ဝက်မှာ သင်္ချိုင်းထဲတွင် အချိန် ကြာမြင့်စွာ နေထိုင်ခဲ့ရခြင်းဖြစ်ပြီး တခြားသောတစ်ဝက်မှာမူ ကျွင်းချောင်ရှောင်း၏ ရိုက်နှက်နှိပ်စက်ခြင်းကို ခံခဲ့ရ သောကြောင့်ဖြစ်သည်။

ကျွမ်းလောင်ခြင်းမီးတောက် ဂိုဏ်းမှ အကြီးအကဲများသည် ထိုအရာကို နားလည်သွားကြ၏။ မိစ္ဆာသူတော်စင် ဝူကျူး ကို သူတို့သိပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ သတိအပြည့်ဖြင့် ဖြစ်သွားသည်။

“ဒါက ကျုပ်အစေခံပါပဲ”

“အစေခံ ဟုတ်လား”

အားလုံး၏ မျက်လုံးများထဲမှာ အံ့အားသင့်မှု အရိပ်အယောင်များနှင့် ပြည့်နှက်သွားသည်။

ဂျိန်း

တင်းတင်းပိတ်ထားသော ကျောက်နံရံကြီးသည် ရုတ်တရက်ဆိုသလိုပဲ ပွင့်လှစ်သွားတော့၏။ ဤအရာသည် အပေါ်သို့ ပြန်တက်သည့် ဥမင်လှိုဏ်ခေါင်းပင်ဖြစ်သည်။ လမ်းတစ်လျှောက် လျှောက်ပြီးသည့် နောက်မှာတော့ အပြင်ဘက်လောကကြီးသို့ ရောက်ရှိသွား၏။

ဂျိန်း

အားလုံးလျှောက်ထွက်လာပြီးသည့်နောက်မှာတော့ လှိုဏ်ဂူ၏ ဝင်ပေါက်တံခါးသည် ပြန်လည်၍ စေ့ပိတ်သွား တော့သည်။ သင်္ချိုင်း၏ အစီအရင်သည် အလုံးစုံစည်းခတ်ခံလိုက်ရပြီး မည်သူမှ အထဲသို့ ဝင်ရောက်ခွင့်မရနိုင် တော့ချေ။ မိစ္ဆာသူတော်စင် ဝူကျူးသည် အလွန်တရာ အားကောင်းလှသော နေ၏အလင်းရောင်ကို အသားကျ ပြီးသည့်နောက်မှာတော့ မျက်လုံးများကို ဖြေးညှင်းစွာဖြင့် ဖွင့်လိုက်သည်။ သူ၏နှလုံးသားထဲတွင်တော့ ရောထွေး နေသည့် ခံစားချက်များနှင့် ပြည့်နှက်နေသည်။

မိစ္ဆာကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် အမှောင်ထဲကိုသာ ရွေးချယ်ခဲ့သူဖြစ်၏။ သို့ပေမဲ့ သင်္ချိုင်းထဲတွင် နှစ်ပေါင်းသုံးထောင်ကြာ ပိတ်မိနေပြီးနောက်မှာတော့ သူ၏စိတ်များသည် နှိပ်စက်ဖျက်ဆီးခြင်းကို ခံလိုက်ရသည် ဟု ဆိုရမည်။ ထို့အပြင် လူသားများသည် ပြောဆိုဆက်ဆံတတ်သည့် သတ္တဝါများ ဖြစ်ကြ၏။ စည်းတည်နေရာ ထဲတွင် ပိတ်မိခံရပြီးနောက် နှစ်ပေါင်းထောင်ကျော်ခန့် သူသည် မည်သူနှင့်မှ စကားမပြောရခြင်းမှာ ငရဲပြည်သို့ ကျဆင်းနေသလိုပင် ခံစားခဲ့ရ၏။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လိုက်မပို့ပေးနိုင်တဲ့အတွက် ခွင့်လွှတ်ပါ”

“…”

ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်းမှ အကြီးအကဲများသည် မည်သည့်စကားမှမဆိုဘဲ သူတို့၏လူများကို ခေါ်ကာ ထွက်ခွာသွားကြ၏။ ဤနေရာတွင် အလောင်းရုပ်သေးများနှင့် မိစ္ဆာသူတော်စင် ဝူကျူးသာ မရှိပါက သူတို့သည် ကျွင်းချောင်ရှောင်းအား မကျေနပ်ချက်များနှင့် လက်စားချေမိပေလိမ့်မည်။

“နှုတ်ဆက်ပါတယ်”

တခြားသောဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း ထွက်ခွာသွားကြ၏။ တောင်ပိုင်းသဲကန္တာရတည်နေရသည် သဘာဝလွန်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့၏။ ၎င်းတို့သည် တစ်စုံတစ်ခုကို ရရှိမလားဆိုသည့် အတွေးနှင့် တိုက်ခိုက်ခဲ့ကြ သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ မည်သည့်အရာကိုမှ မရရှိခဲ့သည့်အပြင် စိတ်ဝိညာဉ်ကျောက်တုံးငါးရာကိုပင် ဆုံးရှုံးခဲ့ရ၏။ ဤအရာသည် နှစ်ဆ ဆုံးရှုံးခြင်းပင် ဖြစ်တော့သည်။ များပြားလှသော ကျင့်ကြံသူများ ထွက်ခွာသွားပြီး နောက်မှာတော့ အဘိုးကြီးကဲ့သည် ထွက်ခွာမသွားချေ။ သူသည် ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်ရဲ့ဝေစုက ဘယ်မှာလဲ”

“ရော့ ဒီမှာ”

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း ပါဝင်သော သိုလှောင်လက်စွပ်ကို လှမ်းကာ ပစ်ပေးလိုက်၏။ သူသည် အခြေအနေကို အခွင့်ကောင်းယူပြီး အဘိုးကြီးကဲ့ဆီသို့ အသံပို့လွှတ်ခဲ့၏။ ပူးပေါင်း ပါဝင်ပြီး စိတ်ဝိညာဉ်ကျောက်တုံးများကို အရင်ဆုံးထွက်၍ပေးရန်ဖြစ်၏။

“ကျေးဇူးပဲ”

စိတ်ဝိညာဉ်ကျောက်တုံးများကို ရေတွက်ပြီးသည့်နောက်မှာတော့ အဘိုးကြီးကဲ့သည် ပြုံးကာ လက်သီးဆုပ် လိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ခင်ဗျားက လွတ်လပ်တဲ့ကျင့်ကြံသူဆိုတော့ ဘယ်ဂိုဏ်းကမှ မပိုင်ဘူးမို့လား၊ ဒါဆိုရင် ဘာလို့ ဂိုဏ်းတစ်ဂိုဏ်းကို ရှာပြီးတော့ အတည်တကျ မနေရတာလဲ”

“ဂိုဏ်းချုပ်ကျွင်းက ကျုပ်ကို ခေါ်ချင်လို့လား” အဘိုးကြီးကဲ့သည် ပြုံးကာ ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာ ပြောလိုက်သည်။ “ကျုပ် ကိုယ်တိုင်ခေါ်ရတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုရင်တော့ အရမ်းကို ဂုဏ်ယူသင့်တယ်”

မောက်မာလွန်းလှ၏။

ဟား ဟား ဟား ဟား

အဘိုးကြီးကဲ့သည် ရယ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက မောက်မာလွန်းတယ်လို့ ကျုပ်ကြားဖူးတယ်၊ ဒီနေ့မှာတော့ တကယ့်ကို ဖြစ်နေတာပဲ၊ ကျုပ်က နှစ်ပေါင်းရာကျော် နေထိုင်ခဲ့ပြီးတော့ ရေတွက်လို့မရနိုင်တဲ့ဂိုဏ်းတွေ မြင့်တက်လာလိုက်၊ ပျောက်ဆုံး သွားလိုက်ဆိုတဲ့ မြင်ကွင်းတွေကို မြင်ခဲ့ရတယ်၊ ဒါပေမဲ့ ဘာမှန်းမသိတဲ့ ဂိုဏ်းတစ်ခုကနေ ခဏအတွင်း အဆင့်မြင့်တဲ့ ဂိုဏ်းအဖြစ်ကို ပြောင်းလဲလာတဲ့ ဂိုဏ်းတစ်ခုကို တစ်ခါမှ မမြင်ဖူးဘူး၊ တကယ်လို့ ဂိုဏ်းချုပ်ကျွင်း သာ စိတ်မရှိဘူးဆိုရင် ကျုပ်က ပြိုင်စံရှားဂိုဏ်းကို တစ်ခါတည်း ဝင်ချင်ပါတယ်၊ ဂိတ်စောင့်တစ်ယောက် လုပ်ရမယ်ဆိုရင်တောင်ပေါ့”

မိစ္ဆာသူတော်စင် ဝူကျူးသည် ဆွံ့အသွားမိ၏။ သိုင်းအုပ်စိုးသူတစ်ယောက်ကိုပင် လွယ်လွယ်ကူကူ ဂိုဏ်းသား အဖြစ် ခေါ်ယူ၍ ရနေ၏။

သူသည် သင်္ချိုင်းထဲတွင် နှစ်ပေါင်းသုံးထောင်ကျော် သင်္ချိုင်းစောင့်လုပ်နေရသူဖြစ်ပြီး လတ်တလော ကျော်ကြားနေသော ပြိုင်စံရှားဂိုဏ်းအကြောင်းကို သိရှိလိမ့်မည် မဟုတ်ချေ။ မဟုတ်ပါက အဘယ်ကြောင့် တစ်ဖက်လူသည် လိုလိုချင်ချင်ဖြင့် တစ်ခါတည်း ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်အကြောင်းကို သူနားလည်ပေးနိုင်နေလိမ့်မည်။

“ကျုပ်ရဲ့ဂိုဏ်းထဲကို ဝင်လိုက်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ ဂိုဏ်းဝင်ကြေးအဖြစ် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းပေးရမယ်”

အဘိုးကြီးကဲ့သည် ဆွံ့အသွားမိသည်။ ပြိုင်စံရှားဂိုဏ်းနှင့်ပတ်သက်၍ သူသည် အလွန်တရာ နှစ်သက်၏။ အလား အလာနှင့်ပတ်သက်၍ ထိပ်ဆုံးသုံးခုတွင် ပါဝင်သော ဂိုဏ်းတစ်ခုဖြစ်သည်မို့ အနာဂတ်တွင် ကြီးကျယ်တောက်ပ သော အနာဂတ်ကို ပိုင်ဆိုင်ပေလိမ့်မည်။ ထို့ကြောင့် သူသည် ခဏလောက်စဉ်းစားပြီး သည့်နောက်မှာတော့ စိတ်ဝိညာဉ်ကျောက်တုံးများကို ပြန်လည်ကာ ပေးလိုက်တော့သည်။

ဝှစ် ဝှစ်

ထိုအချိန်မှာပဲ ကျန်းစွန်းဖန်ဟွာ၊ လန့်ရှင်းရွဲ့နှင့် တခြားသောသူများသည် မိုင်တစ်ထောင်လေအဟုန်မြင်းများကို စီးနင်းကာ ရောက်ရှိလာကြတော့သည်။ ကိစ္စတွေအားလုံးပြီးစီးသွားပြီးမှ ရောက်ရှိလာသည်ဖြစ်သောကြောင့် အလွန်နောက်ကျခဲ့သည်ဟု ဆိုရမည်။ ၎င်းတို့၏ ခန်းမသခင်သည် ကျွမ်းချောင်ရှောင်း၏ ချီပိုးမှုကို ခံထားရသည် ကိုမြင်တော့ မြောင်ဟွာခန်းမရှိ အကြီးအကဲများအားလုံးသည် စူးစိုက်ကြည့်လိုက်ကြ၏။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “နားလည်မှု မလွဲပါနဲ့၊ ခင်ဗျားတို့ ခန်းမသခင်က ထပ်ပြီး စိတ်လွတ်သွားတယ်၊ ဒါကြောင့် ကျုပ်က ရွေးချယ်စရာ မရှိတာမို့ သတိမေ့အောင် လုပ်ထားရတာ”

………..

“ငါ့ …. ငါ့ခေါင်း နာလိုက်တာ”

မြောင်ဟွာခန်းမထဲမှာတော့ သတိလစ်မေ့မျောနေသော ရှစ်ကျန်းရွမ်သည် ဖြည်းဖြည်းချင်း ပြန်လည်နိုးထလာ သည်။ သူသည် အမှတ်မထင်ပဲ ခေါင်း၏ အနောက်ဘက်ဆီသို့ စမ်းလိုက်မိ၏။

“ခန်းမသခင် နိုးလာပြီ”

ဝှစ် ဝှစ်

ကျန်းစွန်းဖန်းဟွာ၊ လန့်ရှင်းရွဲ့နှင့် တခြားသောသူများသည် အပြေးရောက်လာကြသည်။

“ဂိုဏ်းချုပ်ကျွင်း ဘယ်ရောက်သွားလဲ”

ရှစ်ကျန်းရွမ်သည် ဇဝေဇဝါ ဖြစ်နေသည်။ သူသည် ဂိုဏ်းချုပ်ကျွင်းနှင့် မြေအောက်သင်္ချိုင်းထဲတွင် ရှိနေသည်ကို သတိရလိုက်မိသည်။ အဘယ်ကြောင့် သူမ၏ ဂိုဏ်းဆီသို့ ပြန်လည်ရောက်ရှိနေရသနည်း။ ကျန်းစွန်းဖန်းဟွာက ပြောလိုက်၏။

“ခန်းမသခင်... ဒီကောင်လေးက ချင်းယန်နိုင်ငံကို ပြန်သွားပါပြီ”

ပြောပြီးသည်နောက်မှာတော့ သူမသည် သေသပ်လှပသော သေတ္တာသေးလေးကို ထုတ်ယူကာ ပြောလိုက်၏။ “မသွားခင်မှာ ဒီပစ္စည်းနဲ့ စာတစ်စောင်ကို ထားခဲ့တယ်”

ရှစ်ကျန်းရွမ်သည် စာကိုဖွင့်ကာ ပါဝင်သည့်အကြောင်းအရာများကို ဖတ်ရှုခိုင်းလိုက်၏။ ပြီးနောက် ပြောလိုက်သည်။

“ရှင်တို့အားလုံး ထွက်သွားလို့ရပြီ”

“ကောင်းပါပြီ”

အားလုံးထွက်ခွာသွားကြ၏။ အားလုံးထွက်ပြီးသည့်နောက်မှာတော့ ရှစ်ကျန်းရွမ်သည် သေတ္တာလေးကို အသာဖွင့် ကြည့်လိုက်၏။ အထဲတွင်တော့ အသက်ဓာတ်များ အလွန်တရာ ပေါကြွယ်လှသည့် ကြာပန်း၏ ပွင့်ဖတ်တစ်ခု ရှိလို့နေ၏။

ကျွင်းချောင်ရှောင်း ရေးသားထားသည့် အကြောင်းအရာမှာ ဤအရာသည် သူတော်စင် ကြာပန်းပွင့်ဖတ်တစ်ခုဖြစ်သည်။ ရောဂါများအားလုံးကို ကုသနိုင်စွမ်းရှိသည်ဟုလည်း ဆိုသည်။

ခန်းမသခင်ရှစ်အနေနဲ့ နိုးလာတာနဲ့တပြိုင်နက် ဒါကိုစားသုံးကြည့်လိုက်ပါ၊ ခင်ဗျားရဲ့ ရောဂါတွေ ပြန်လည် ကုသနိုင်ပြီး အမြင်အာရုံ ပြန်လည်ရပါစေလို့ ကျုပ် လေးလေးနက်နက် မျှော်လင့်မိတယ်။

ပုံ ….

ကျွင်းချောင်ရှောင်း။

All Chapters