အခန်း (၆၄၀)
Vol. 43 Ch. 640
*
မုယုံမိသားစု၏ အလုံးစုံသော အားအင်သည် မဆိုးလှချေ။ ထို့အတူ ၎င်းတို့၏ တိုက်ရိုက်မျိုးဆက်များသည်လည်း အားကောင်းသည့်အထဲ ပါဝင်လာ၏။ ဥပမာအားဖြင့် ယခုလာရောက်စိန်ခေါ်ကြသူများသည် အနည်းဆုံး သိုင်းစစ်သူကြီးအဆင့်ကျင့်ကြံသူများ ဖြစ်လို့နေ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ၎င်းတို့၏ ကျင့်ကြံ ခြင်းအဆင့်ကို ထုတ်လွှင့်လိုက်ပြီးနောက်မှာတော့ အလွန်တရာ ပြင်းထန်လှသော ဖိအားများသည် ဖြစ်ပေါ်လာ၏။ ၎င်းတို့သည် အာရုံတွေပျောက်ကာ ချော်လဲသူက လဲနေကြတော့သည်။
မုယုံရှောင်လင်သည်လည်း ဆွံ့အလျက် ရှိသည်။ ပြိုင်စံရှားဂိုဏ်းထဲတွင် ရှိနေကြသော တပည့်များအားလုံးသည် အော်ရာများကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် သူ့ထက် အလွန်တရာ အားကောင်းလှကြောင်း သိသာနေ၏။
“မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
မုယုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။ သူတို့၏ အရင်တုန်းက ရှိခဲ့သော မောက်မာမှုများအားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်များ ကျင့်ကြံခြင်းအဆင့်ကို ထုတ်လွှတ်လိုက် သည့် အချိန်မှာတော့ အလုံးစုံ ပျောက်ကွယ်သွားခဲ့ရပြီးဖြစ်သည်။
မည်သူက ငပေါများဖြစ်သနည်း။ ဤတစ်ကြိမ်တွင် ရှင်းပြနေစရာပင် မလိုအပ်တော့ချေ။
“အားလုံးပဲ”
လီချင်းယန်က ပြောလိုက်သည်။ “ကြိုက်တဲ့လူကိုရွေး၊ ပြိုင်စံရှားဂိုဏ်းက ဘယ်သူ့ကိုမှ ငြင်းပယ်မှာ မဟုတ်ဘူး”
သူသည် တည်တည်ကြည်ကြည်နှင့် နေထိုင်တတ်သူဖြစ်သော်လည်း ဂိုဏ်းချုပ်ကျွင်းနှင့် အချိန်ကာလတစ်ခုအထိ နေထိုင်ခဲ့ပြီးသည့်နောက်မှာတော့ မောက်မာပြီး ကြီးကြီးကျယ်ကျယ်စကားများကို ပြောဆိုတတ်နေပြီဖြစ်၏။
လူသားတို့ဖြစ်သည်မို့ အခြေအနေနှင့် အချိန်အခါအရ ပြောင်းလဲသွားပေလိမ့်မည်။ ထို့အပြင် အရူးတစ်သိုက်သည် ဂိုဏ်းဆီသို့ လာရောက်၍ စိန်ခေါ်ခဲ့သည့်အပြင် ဂိုဏ်းချုပ်၏ နာမည်ကိုပင် ရင့်ရင့်သီးသီးနှင့် ခေါ်ဆိုခဲ့သေး၏။ ထို့ကြောင့် ဒုတိယအစ်ကိုသည် အလွန်တရာ ဒေါသထွက်နေသည်။
“အစ်ကိုရှောင်လင်”
မုယုံရှောင်မန်၏ မျက်နှာပေါ်တွင် ကြောက်လန့်မှုများ ပေါ်လာသည်။ ပြီးနောက် သူပြောလိုက်သည်။ “ကျုပ် … ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ”
ပြိုင်စံရှားဂိုဏ်း၏ တပည့်များ ထုတ်လွှတ်လိုက်သော အော်ရာများသည် အလွန်တရာ ကြမ်းတမ်းလွန်းလှသော ကြောင့် သူတို့အနေနှင့် စိန်ခေါ်မှုကို ပြုလုပ်ရန် သတ္တိပင် မရှိတော့ချေ။
“ငါတို့ ဒီဂိုဏ်းကို အထင်သေးခဲ့မိတာပဲ”
မုယုံရှောင်လင်သည် ပြိုင်စံရှားဂိုဏ်း၏ တပည့်များ အလွန်တရာ အားကောင်းနေလိမ့်မည်ဟု မထင်မှတ်ခဲ့ကြချေ။ သို့ပေမဲ့ ရောက်လာပြီဆိုသည့်နောက်မှာတော့ ဘာမှ မတတ်နိုင်ပေ။ အံကြိတ်ကာ ဆက်လက် စိန်ခေါ်ရပေတော့ မည်။ “ရှောင်မန်... မင်းအရင်ဆုံးထွက်လိုက်”
“ဟမ်”
“မြန်မြန်”
မုယုံရှောင်မန်သည် သူ၏ဝမ်းကွဲ၏ စကားကို နားထောင်လိုက်သည်။ သူသည် မည်သူ့ကို ရွေးချယ်ရမှန်းမသိ၍ ဤအရာသည် ပြဿနာကြီးတစ်ခု ဖြစ်နေတော့သည်။ ထိုအချိန်မှာတော့ မူယုံရှောင်မန်သည် ချူရှိုးနန်အား မြင်လိုက်ရတော့သည်။ ကောင်းကင်ဘုံကျောင်းသို့ သွားရောက်စဉ်အခါက ဤအကောင်သည် သူ့အား ရိုက်နှက်ခဲ့ ဖူး၏။ အမုန်းတရား အသစ်နှင့် အဟောင်းများ ပေါင်းစပ်ပြီးသည့်နောက်မှာတော့ သူသည် ဒေါသထွက်လာတော့သည်။
“ချူရှိုးနန်”
သူသည် အံကြိတ်ကာ ပြောလိုက်၏။ “မင်းကို စိန်ခေါ်တယ်”
“ဂျူနီယာ ညီလေးချူ”
လီချင်းယန်က ပြောလိုက်သည်။ “သွားတော့”
ဘုန်း
ချူရှိုးနန်သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင် မတ်မတ်ရပ်လိုက်၏။ ပြီးနောက် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “အရှုံးသမား... မင်းငါ့ကို စိန်ခေါ်ရဲသေးတယ်ဟုတ်လား”
မုယုံရှောင်မန်သည် အပြင်ဘက်သို့ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အလွန်တရာ လေးလံလှသော ခြေလှမ်း များနှင့် သူရှေ့သို့တိုးလာ၏။ သူက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ကျုပ်က လွန်ခဲ့တဲ့ သုံးနှစ်တုန်းကလို မဟုတ်တော့ဘူး”
ဝှစ်
စိတ်ဝိညာဉ်စွမ်းအင်များသည် သူ့အား ရစ်သိုင်းလာပြီးသည့်နောက် လေထဲတွင် လက်သီးကြီးတစ်ခု ဖြစ်ပေါ်လာ တော့သည်။ အလွန်တရာပြင်းထန်လှသော အော်ရာများကို သုံးသပ်ကြည့်မည်ဆိုလျှင် တစ်ဖက်လူသည် အလွန်တရာ အားကောင်းနေမှန်း သိသာလှ၏။
“ဒီက ထွက်သွားစမ်း”
ချူရှိုးနန်သည် လှမ်းအော်ပြီးသည့်နောက်မှာတော့ ခြေထောက်နှင့်လှမ်းကာ ကန်လိုက်တော့၏။ ရိုးရှင်းလှသည့် တိုက်ခိုက်ချက်တစ်ခုဖြစ်သော်လည်း စိတ်ဝိညာဉ်စွမ်းအင်များသည် အလွန်တရာ အားကောင်းစွာ ပါဝင်နေသော ကြောင့် မုယုံရှောင်မန်၏ မျက်နှာကို တိုက်ရိုက်ထိမှန်သွားတော့သည်။
ဖောင်း
မုယုံရှောင်မန်သည် လွင့်စင်သွားတော့သည်။ ချူရှိုးနန်သည် ရှေ့သို့ အသာလှမ်းတက်ပြီးသည်နောက် မုယုံရှောင်မန် ၏ ခန္ဓာကိုယ်ကို ခွစီးလိုက်၏။ ပြီးနောက် လက်သီးကို မြှောက်ကာ အရူးတစ်ယောက်လိုပင် အားရပါးရ ထိုးနှက် တော့သည်။ တစ်ဖက်လူများအား ဘောင်းဘီထဲ သေးပေါက်ချသည်အထိ ရိုက်နှက် နှိပ်စက်ရန် ဂိုဏ်းချုပ်က အမိန့် ပေးထားခဲ့၏။
ဘန်း ဘန်း
ပက်ပက်စက်စက် ရိုက်နှက်ခြင်း ခံရပြီးသည့်နောက်မှာတော့ မုယုံရှောင်မန်သည် တစ်ကိုယ်လုံး ပြာနှမ်းနေပြီ ဖြစ်သည်။ အဆုံးသတ်မှာတော့ သူသည် အပြင်ဘက်တည်နေရာတစ်ခုဆီသို့ ကန်ထုတ်ခံလိုက်ရတော့သည်။
“အားနည်းလိုက်တာ”
စုရှောင်မိုနှင့် တခြားသောသူများသည် ခေါင်းကို ခါယမ်းမိ၏။
မုယုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များအားလုံးသည် လည်း မျက်လုံးပြူးသွားမိသည်။ အရင်တုန်းက စိန်ခေါ်ပွဲတွင် မုယုံရှောင်မန်သည် ဤလူအား တိုက်ကွက်အနည်းငယ်အထိ ခုခံကာကွယ်နိုင်ခဲ့သေး၏။ လက်ရှိအခြေအနေမှာတော့ တစ်စက္ကန့်တောင် မကြာသေးဘဲ ရှုံးနိမ့်သွားခဲ့သည်။
ချူရှိုးနန်သည် ခပ်တည်တည်နှင့် ပြောလိုက်သည်။ “ငါကလည်း လွန်ခဲ့တဲ့ သုံးနှစ်ကလို မဟုတ်တော့ဘူး”
သူ့အနေနှင့် ကျောင်းမှာသာ ဆက်လက်ကျင့်ကြံနေမည်ဆိုလျှင် မုယုံရှောင်မန်ကို ဆက်လက်၍ အနိုင်ယူနိုင်သည် ဆိုသော်လည်း ဤကဲ့သို့ ပြတ်ပြတ်သားသား ဖြစ်မည်မဟုတ်ချေ။
လီချင်းယန်က ခပ်တည်တည်နှင့် ထပ်ပြော လိုက်သည်။ “ဆက်ပြီး စိန်ခေါ်တော့”
“…”
မုယုံရှောင်လင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်၏။ “ရှောင်ကန်... မင်းတိုက်ခိုက်တော့”
“…”
မုယုံရှောင်ကန်ဟု ခေါ်သော တိုက်ရိုက်မျိုးဆက်သည် မထွက်ရဲ ထွက်ရဲနှင့် အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ သူသည် ပြိုင်စံရှားဂိုဏ်းမှ တပည့်အားလုံးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ သူ၏ အကြည့်သည် ရောင်မုန့်ယဉ် ထံသို့ ရောက်ရှိသွား၏။
“သူ့ကို စိန်ခေါ်မယ်”
မုယုံရှောင်လင်သည် သွေးအန်လုမတတ် ဖြစ်သွားတော့သည်။ များပြားလှသည့် လူများရှိသည့်အထဲတွင် ဤကလေးသာသာ ကောင်မလေးအား စိန်ခေါ်လျက်ရှိနေသည်။ ရှောင်ကန်သည် ဆိုးဝါးလွန်းလှ၏။
မုယုံရှောင်ကန်သည် ပြိုင်စံရှားဂိုဏ်းမှ တပည့်များကို စိန်ခေါ်ရန် သတ္တိမရှိပေ။ ထို့ကြောင့် သူသည် အားအနည်းဆုံး နှင့် အနိုင်ကျင့်ရအလွယ်ကူဆုံးဖြစ်မည့် အငယ်ဆုံးသူအား ရွေးချယ်လိုက်ခြင်းဖြစ်သည်။
“ငါတို့ ဂျူနီယာညီမလေးကို စိန်ခေါ်တာလား၊ သူက မုယုံမိသားစုရဲ့ တိုက်ရိုက်တပည့်ကော ဟုတ်ရဲ့လား၊ ဘယ်လို ကောင်စားပါလိမ့်”
ပြိုင်စံရှားဂိုဏ်းမှ တပည့်အားလုံးသည် ၎င်းအား အထင်အမြင်သေးသလို ကြည့်ရှုလိုက်ကြသည်။
“ဂျူနီယာ ညီမလေး”
လီချင်းယန်က ပြောလိုက်သည်။ “တိုက်ခိုက်ရအောင်”
“အင်း”
ရောင်မုန့်ယဉ်သည် ပေါ့ပါးသည့်ခြေလှမ်းများနှင့်အတူ လျှောက်ထွက်လာခဲ့တော့သည်။
“ဂျူနီယာညီမလေး... အတော်ဆုံးပဲ”
“ဂျူနီယာညီမလေး... ဒီအရှက်မဲ့တဲ့အကောင်ကို သူ့အမေတောင် မမှတ်မိအောင် ရိုက်နှက်လိုက်တော့”
သူမ၏ နောက်တွင်ရှိသော စီနီယာအစ်ကိုများသည် သူမအား ချီးကျူးလျက်ရှိ၏။
အဓိကဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် မေးကို လက်တစ်ဖက်ဖြင့်ထောက်ကာ စိတ်ဝင်တစားပြောလိုက်၏။ “ဒီလောက်ကြာအောင် ကျင့်ကြံပြီးတဲ့နောက်မှာတော့ တကယ် တိုက်ခိုက်ကြည့်ဖို့ အချိန်ရောက်လာပြီ”
အကြီးအကဲဝေသည် စိတ်လက်ပူပန်စွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်... သူမက နတ်ဆိုးကျင့်ကြံသူလေ၊ အဲအကြောင်းသာ ပေါ်သွားရင် ပြဿနာများလိမ့်မယ်”
ကျွင်းချောင်ရှောင်းက သဘောမတွေ့စွာနှင့် ပြောလိုက်၏။ “ဒီကြောင်လို၊ ခွေးလိုကောင်တွေနဲ့ တိုက်ခိုက်ချိန်မှာ ကောင်မလေးက အစစ်အမှန်အားအင်တွေ ထုတ်ဖော်စရာ မလိုပါဘူး”
“ဒါလည်း ဟုတ်တာပဲ”
အကြီးအကဲဝေသည် စိတ်လက်သက်သာရာ ရသွား၏။
မုယုံရှောင်ကန်သည်သာ ထိုစကားများကို ကြားသိမည် ဆိုပါက ဒေါသအကြီးအကျယ် ထွက်သွားပေလိမ့်မည်။ “အသက်ခြောက်နှစ်၊ ခုနှစ်နှစ် ကလေးငယ်လေးကတောင်မှ အားပြည့်အင်ပြည့် မတိုက်ခိုက်ရလောက်အောင် ကျုပ်က အားနည်းနေလွန်းတာလား”
ဟုတ်ပေသည်။ သူသည် အစစ်အမှန် အားနည်းခြင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်ပွဲ စတင်သည် ဆိုသည်နှင့် ရောင်မုန့်ယဉ်သည် တိမ်ခြေလှမ်းကွက်ကို အသုံးပြု၍ မုယုံရှောင်ကန်အား တိုက်ခိုက်လိုက်တော့သည်။
ဘုန်း
မုယုံရှောင်ကန်သည် အပြင်ဘက်နံရံဆီသို့ လွှင့်စင်သွားပြီးသည့်နောက်မှာတော့ သတိလစ်မေ့မျောသွားခဲ့ပြီ ဖြစ်သည်။
“ဒါက”
မုယုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များ အားလုံးသည် မျက်လုံးပြူးသွားမိ၏။ ချူရှိုးနန်ကို ရှုံးနိမ့်သည်မှာ လက်ခံ နိုင်လောက်သည့်အရာဖြစ်၏။ ထို့ပြင် တစ်ဖက်လူသည် အရှေ့တောင်ရန်ကျူး၏ ချူမိသားစုဆီမှ တိုက်ရိုက် မျိုးဆက်ပင်ဖြစ်၏။
သို့ပေမဲ့ ဤကလေးမလေး၏ ရိုက်နှက်ခြင်းကို ခံရပြီး တစ်ခါထဲ ရှုံးနိမ့်သွားသည်ဆိုသည် မှာတော့ မဖြစ်သင့်သည့် ကိစ္စပင် ဖြစ်တော့သည်။
“ကျုပ်ရှုံးပြီ”
“အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရောင်မုန့်ယဉ်သည် လက်သီးကို ဆုပ်ကာဖြင့် ခပ်တည်တည်နှင့် ပြန်လှည့်ထွက်သွားတော့သည်။
“ဂျူနီယာညီမလေးက အရမ်းတော်တယ်”
“ဂျူနီယာညီမလေးက အရမ်းတော်တယ်” တပည့်များသည် ချီးကျူးလိုက်ကြ၏။
လီချင်းယန်က ပြောလိုက်သည်။ “အားလုံးပဲ၊ အချိန်က အကန့်အသတ်ရှိတယ်၊ ဒီတော့ မြန်မြန် စိန်ခေါ်တော့”
“ချီးတဲ့မှ”
မုယုံရှောင်လင်သည် အံကို ကြိတ်လိုက်၏။ သူ့အနေနှင့် အရှုံးမပေးဘဲ တခြားသူများကို ဆက်လက် တိုက်ခိုက်စေခဲ့၏။
ဘန်း ဘန်း ဘန်း ..။
အချိန်တိုအတွင်းမှာပဲ များပြားလှသော မုယုံမိသားစု အဖွဲ့သားများအားလုံးသည် ၎င်းတို့၏ ပြိုင်ဘက်များကြောင့် တစ်ယောက်ပြီးတစ်ယောက် လွှင့်စင်ကာ သတိလစ်မေ့မျောကုန်ကြသည်။ ပြိုင်စံရှားဂိုဏ်းကို လာရောက်စိန်ခေါ်ရဲ သည့် သတ္တိကိုတော့ ချီးကျူးလောက်ပေ၏။ ၎င်း၏ ဝမ်းကွဲများ သတိလစ်မေ့မျောသွားပြီးနောက် မုယုံရှောင်လင်တစ်ယောက်သာ ကျန်ရှိခဲ့တော့သည်။
“ရွေးပါအုံး”
လီချင်းယန်က တည်ငြိမ်စွာ ပြောလိုက်သည်။ မုယုံရှောင်လင်သည် စိတ်ဓာတ်ကျလျက်ရှိသည်။ သို့ပေမဲ့ သူ့အနေနှင့် မည်သည့်အရာပဲဖြစ်ဖြစ် ဆက်လက်တိုက်ခိုက်မှဖြစ်မည်။
“ကျုပ် သူနဲ့ တိုက်ခိုက်မယ်”
လူအုပ်များကြားမှ ရီချင်းရှန်သည် လျှောက်ထွက်လာတော့သည်။
“ဂျူနီယာညီလေးရီ… ထားလိုက်ပါတော့”
ဂျူနီယာညီလေးရီ သည် တိုက်ခိုက်သည်ဆိုသည်နှင့် တစ်ဖက်လူအား ရစရာမရှိအောင် နှိပ်စက်ထိုးကြိတ်ခြင်းကို ပြုလုပ်တော့မည်ဟု လီချင်းယန် ကောင်းကောင်းသိ၏။
“ရတယ်”
မုယုံရှောင်လင်က ပြောလိုက်သည်။ “ကျုပ် သူ့ကိုပဲ ရွေးမယ်”
ပြောပြီးသည့်နောက်မှာတော့ စုရှောင်မိုနှင့် တခြားသူများသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ငါတို့မင်းကို လေးစားတယ်၊ မင်းက တကယ် ယောက်ျားတစ်ယောက်ပဲ”
…….
ဘုန်း ဘုန်း ဘုန်း
တည်နေရာကြီးတစ်ခုလုံး တုန်ခါလျက်ရှိပြီး မြေကြီးတွင်ရှိသော သဲမှုန်များပင်လျှင် လေထဲသို့ ခုန်ပျံတက်လာ တော့သည်။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောလူများ၏ နှုတ်ခမ်းများသည် တုန်ယင်နေသည်။ အဆုံးသတ်မှာ တော့ သူတို့သည် ဆက်လက်မကြည့်နိုင်တော့ဘဲ ဘေးတစ်ဖက်ဆီသို့ပင် မျက်နှာလွဲထားရ၏။ အလွန်တရာ ဆိုးရွားပြီး သွေးထွက်သံယိုဖြစ်လှသည့် မြင်ကွင်းမျိုးပင်ဖြစ်သည်။
ဘုန်း
လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ ရီချင်းရှန်သည် လက်သီးချက်တစ်ချက်ကို ထိုးလွှတ်ပြီးသည့်နောက်မှာတော့ ရပ်တန့်လိုက်၏။ သူ၏ အောက်မှာတော့ မုယုံရှောင်လင်သည် ဦးခေါင်းတစ်ခုလုံး ဝက်ခေါင်းကဲ့သို့ ရောင်ကိုင်း နေပြီဖြစ်၏။ အဆိုးဆုံးမှာ သူ့အနေနှင့် သတိလစ် မေ့မျော မသွားခြင်းပင်။ အလွန်တရာဆိုးရွားသည့် နာကျင် ခံစားမှုကို တွေ့ကြုံခံစားနေရသည်။ ဤခံစားချက်သည် သေသည်ထက်ပင် ပို၍ ဆိုးရွားလွန်း၏။
“ချင်းယန်”
ကျွင်းချောင်ရှောင်းသည် တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်၏။ “အားလုံးကို ဖမ်းချုပ်ထားလိုက်”
ပြိုင်စံရှားဂိုဏ်းကို လာ၍ လွယ်လွယ်ကူကူနှင့် စိန်ခေါ်၍ ရနေမည်လား။ ထိုသို့ဆိုလျှင် စိန်ခေါ်သည်သူများအားလုံး ကို သူသည် ကြိုဆိုရမှာဖြစ်သည်။ သို့ပေမဲ့ ဤနေရာသို့ ရောက်ရှိလာသည်ဆိုသော်လည်း လွယ်လွယ်ကူကူဖြင့် ပြန်လည် ထွက်ခွာသွား၍ မရချေ။
“ကောင်းပါပြီ”
လီချင်းယန်သည် မုယုံရှောင်လင်တို့အား ဖမ်းချုပ်ထားရန် အမိန့်ပေးလိုက်တော့သည်။ အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီးသည် အဝေးတစ်နေရာတွင် တံမြက်စည်း လှည်းနေရင်းမှ စိတ်ဓာတ်ကျ ဝမ်းနည်းသည့် အကြည့်များဖြင့် ကြည့်နေတော့သည်။ သူသည်လည်း ထိုကဲ့သို့ အဖမ်းခံလိုက်ရခြင်းပင်ဖြစ်၏။
“ဟောခန်းသခင်လီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မုယုံမိသားစုဆီ စာပို့လိုက်၊ ဒီလူတွေကို ပြန်ရွေးဖို့ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းပေးဖို့ ပြင်ဆင်ထားလို့”