← Chapters

အခန်း (၆၃၇)

Vol. 43 Ch. 637

အခန်း (၆၃၇)

Vol. 43 Ch. 637

*

“ဂိုဏ်းချုပ်”

တောထဲမှာတော့ အဘိုးကြီးကဲ့က ထပ်မံမေးလိုက်သည်။ “ခန်းမသခင်ရှစ်နဲ့ ဘာမှမသက်ဆိုင်ဘူးလား”

“မဆိုင်ဘူးလေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

အဘိုးကြီးကဲ့သည် သူ့အား ယုံကြည်သွား၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။ “နှမြောစရာပဲ “

သူ၏ အထင်အရဆိုလျှင် ကျွင်းချောင်ရှောင်းနှင့် ရှစ်ကျန်းရွှမ်တို့သည် ကောင်းကင်မှ ပေးထားသော နတ်ဖက်သည့် စုံတွဲပင် ဖြစ်၏။ သို့ပေမဲ့ နှစ်ယောက်လုံးသည် ပတ်သက်ဆက်နွယ်မှု မရှိကြချေ။

မိစ္ဆာသူတော်စင် ဝူကျူးသည်လည်း ဆွံ့အသွားမိ၏။

ဤကောင်လေးသည် ကလေးမနှင့် မည်သို့မှ သက်ဆိုင်ခြင်း မရှိချေ။ ဤသို့ဆိုလျှင် အဘယ့်ကြောင့် ဆေးသူတော်စင်၏ ကျောက်ဂူထဲသို့ ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ရသနည်း။

“သွားကြစို့”

ကျွင်းချောင်ရှောင်းသည် စက်အတောင်ပံကို အသက်သွင်းကာ ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။

နတ်ဆိုးလင်းယုန်နှက်ကြီးသည် အတောင်ပံကို ယမ်းခါပြီးသည့်နောက်မှာ အလောင်းကောင် ရုပ်သေးများအားလုံး ကို သူ၏ ကျောပေါ်သို့တင်ကာ ပျံသန်းလာခဲ့တော့သည်။

ကျွင်းချောင်ရှောင်းသည် လောကကြီးတွင် ရှိသော အလှပဆုံး မိန်းကလေးများနှင့် ပတ်သက်ဆက်နွယ်မှု ရှိချင်နေ၏။ သို့ပေမဲ့ ပြိုင်စံရှား ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်မို့ အဓိက တာဝန်များကို ပြည့်စုံစေရန် သူ အလုပ်ကြိုးစားနေရသည်။ ထို့ကြောင့် အချစ်ရေးအချစ်ရာ ကိစ္စများကို စဉ်းစားရန် အချိန်မရှိပေ။ ထို့ကြောင့်ပင် သူ့အနေနှင့် မိန်းကလေးများနှင့် ကလူကျီစယ်ခြင်းကို ပြုလုပ်၍ မရနိုင်တာ ဖြစ်၏။

ဂီ ဂီ

နတ်ဆိုးလင်းယုန်နှက်ကြီးသည် သူ၏ အတောင်ပံများကို ဖြန့်ကာ လေ့ကျင့်ရေးကွင်းပြင်ဆီသို့ ဖြန့်တက်ကာ ဆင်းသက်လာ၏။ အလောင်းရုပ်သေးများအားလုံးသည် မြေပေါ်သို့ ခုန်ချလိုက်သည်။

“ဒါ ဘာတွေလဲ”

တပည့်များသည် ဆွံ့အသွားမိ၏။

လီချင်းယန်သည် မျက်မှောင်ကုတ်လိုက်သည်။ “သူတို့ဆီမှာ အသက်ဓာတ်တွေ မရှိဘူး ဒါတွေအားလုံးက အလောင်းကောင်တွေပဲ။”

အနားသို့ ချဉ်းကပ်ရန် ပြင်နေသည့် စုရှောင်မိုသည် မြန်မြန်ပဲ နောက်ဆုတ်လိုက်သည်။

ကျိုးဟုန်သည် မိစ္တာဓား ကျင့်ကြံသူ ရှစ်ယောက်တို့ကို သေသေချာချာ ကြည့်ရှုနေ၏။ တစ်ဖက်လူများသည် ဓားနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ ဖြစ်ကြောင်း သူက အလိုလို သိရှိနေမိ၏။

“အလောင်းကောင်ရုပ်သေးတွေ ဟုတ်လား”

ရီရှင်းချန်သည် ခဏလောက် စဉ်းစားလိုက်မိ၏။ “အချိန်ဒီလောက်ကြာတဲ့အထိ ပုတ်ပွနေခြင်း မရှိအောင် အလောင်းတွေကို ဖန်တီးထားတဲ့ နည်းလမ်းက တော်တော်ကို ထူးဆန်းတာပဲ။”

ညအင်ပါယာဖြစ်ခဲ့ဖူးသည်မို သူသည် အတွေ့အကြုံနှင့် ဗဟုသုတတွင် ကြွယ်ဝသည်ဟု ဆိုရမည်။

ဘုတ် ဘုတ်

မိစ္ဆာသူတော်စင် ဝူကျုးနှင့် အဘိုးကြီးကဲ့တို့သည်လည်း ပျံသန်းကာ ရောက်ရှိလာကြ၏။

၎င်းတို့ နှစ်ယောက်လုံးသည် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူများ ဖြစ်သည့်မို ၎င်းတို့ဆီမှ ထွက်ပေါ်နေသည့် အော်ရာများသည် ၎င်းတို့အား ထိတ်လန့်စေသည်။

အားလုံးက တွေးလိုက်၏။ “ဂိုဏ်းချုပ် ဒီတစ်ခါလည်း စွမ်းအားမြင့် ကျင့်ကြံသူတွေကို တစ်ခါတည်း ခေါ်လာပြန်ပြီနဲ့တူတယ်။”

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် ဂိုဏ်းအတွင်း လက်တလော အခြေအနေများကို မေးမြန်းတော့၏။ ပြီးနောက် ရုပ်သေးအလောင်းများအား သံမဏိအရိုးတောင်ပေါ်တွင်သွားရောက်ကာ ထားလိုက်သည်။

၎င်းတို့ကို တွေ့ကရာ နေရာသို့ ခေါ်ဆောင်သွားနိုင်မှာ မဟုတ်သည်မို ဂိုဏ်းအား ကာကွယ်စောင့်ရှောက်ရန် တာဝန်ပေးထား၏။။

စီစဉ်စရာ ရှိသည်များကို ပြုလုပ်ပြီးသည့်နောက်မှာတော့ သူသည် ဆေးဟောခန်းမဆီသို့ သွား၍ သင်္ချိုင်းထဲမှ ရရှိခဲ့သော ဆေးစာအုပ်များအားလုံးကို ထုတ်လိုက်ကာ ပြောသည်။ “အကြီးအကဲ ဒီဆေးစာအုပ်တွေက မျက်နှာတစ်ရာ ဆေးသူတော်စင် ချန်ခဲ့တဲ့ အရာတွေပဲလေ။ ဆေးခန်းမဆောင်က တပည့်တွေ အားလုံးကို လေ့လာခိုင်းလိုက်လို့ ရတယ်။”

ပြိုင်စံရှား ဂိုဏ်းသည် ဆေးပညာနှင့် ပတ်သက်၍ ကျွမ်းကျင်သူတစ်ယောက်မှ မရှိပေ။ ဤစာအုပ်သည် ဆေးသူတော်စင် ရေးသားခဲ့သော စာအုပ်ဖြစ်သည်မို့ ဂိုဏ်းသားများ၏ ဆေးပညာတာအိုသည် ပိုမို၍ပင် တိုးတက်လာပေလိမ့်မည်။

အကြီးအကဲဝေက အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဆေးသူတော်စင်က သေဆုံးသွားပြီလား”

စီနီယာအရဆိုလျှင် သူသည် ဆေးသူတော်စင်ထက် အများကြီးငယ်၏။ သို့ပေမဲ့ သူသည် ဆေးသူတော်စင်ကို အလွန်တရာ ချီးကျူးလေးစားခဲ့သူ ဖြစ်၏။ ဆိုးဝါးသည်မှာ မျက်နှာချင်းဆိုင် တစ်ခါမှမတွေ့ခဲ့ခြင်းပင်။

ဆေးသူတော်စင်သည် သူ၏ မိန်းမအတွက်နှင့် သေဆုံးခဲ့သူဖြစ်ကြောင်းကို ကျွင်းချောင်ရှောင်းက သေသေချာချာ ပြောပြခဲ့၏။

အကြီးအကဲဝေသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။

“ဆေးသူတော်စင်က တကယ့်ကို လူကြီးလူကောင်းဆန်တာပဲ။ ကျုပ်တို့ ဂျူနီယာတွေအတွက် တကယ့်ကို စံပြထားလောက်စရာ လူပဲ။”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

အကြီးအကဲဝေ ခင်ဗျားက မိန်းကလေးတွေ အများကြီးနဲ့ တွဲခဲ့တာပဲ။ ဆေးသူတော်စင်က တစ်ယောက်တည်း ထားတာ။ ပြီးတော့ သူမိန်းမသေလို့ လိုက်သေခဲ့ရတာလေ။ စံပြပုဂ္ဂိုလ်ထားတယ်ဆိုလည်း စံပြပုဂ္ဂိုလ်လို နေထိုင်ခဲ့ပါ့လား။

“ကျုပ်ဆီမှာ ဆေးမျိုးစေ့တစ်ချို ရှိသေးတယ်။ စွန်းပုကုံးနဲ့တစ်ခြားသူတွေအားလုံးကို အမျိုးအစားတွေ ခွဲပြီးတော့ စာရင်းလုပ်ပြီးစိုက်ပျိုးထားခိုင်းလိုက်တော့”

သင်္ချိုင်းဆီက ရရှိခဲ့သောအကြီးမားဆုံးသော ပစ္စည်းများသည် ဆေးပင် မျိုးစေ့များဖြစ်၏။

ဤအရာများသည် အလယ်အလတ်အဆင့် ချီစုစည်းခြင်း ဆေးလုံး ၊ စိတ်ဝိညာဉ် ဆေးလုံးနှင့် သိုင်းဘုရင်ဆေးလုံးကဲ့သို့သော အရာများကို သန့်စင်၍ ရနိုင်သည်။

“ကောင်းပြီ” အကြီးအကဲဝေက ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် ထပ်မံကာ ပြောလိုက်သည် “ဒါနဲ့ ကျုပ်ဆီမှာ သူတော်စင် ကြာပန်းရှိတယ်”

“သူတော်စင် ကြာပန်းဟုတ်လား”

အကြီးအကဲဝေ မျက်လုံးပြူးသွား၏။ ဤသူတော်စင်ကြာပန်းသည် ဖီးနစ်ငှက်မွှေးကဲ့သို့ပင် ကြယ်ကြွေကုန်းမြေတိုက်တွင် အလွန်တရာ ရှား ပါးလှသည့် အရာဖြစ်သည်။

“ဒါပေမဲ့…”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ပွင့်ချပ်တစ်ခုတော့ မရှိတော့ဘူး။ဒီတော့ စိတ်ဝိညာဉ် စွမ်းအင်တွေ ကုန်ဆုံးသွားမလား မသိနိုင်ဘူး။”

အကြီးအကဲဝေက ပြောလိုက်၏။ “အမြစ်ရှိနေတယ်ဆိုရင် ပွင့်ချပ်တွေ အကုန်လုံး မရှိရင်တောင် ပြန်ပြီးတော့ ကြီးထွားအောင် စိုက်ပျိုးလို ရတယ်။”

နတ်ဘုရား အဆင့် ဆေးပင်များသည် သာမန်ထက်ပိုသော ထူးခြားချက်များ ရှိသည်။

“ဒါဆိုရင် ကောင်းတယ်။”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒါနဲ့ သူတော်စင်ကြာပန်းက အကြီးအကဲဝေရဲ့ ရောဂါကို ကုသပေးနိုင်လား။”

“ဒါက”

အကြီးအကဲဝေသည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “မသေချာဘူး”

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကြာပန်း၏ ပွင့်ဖတ်တစ်ခုအား အသာခူးလိုက်၏။ ပြီးနောက် လှမ်းပေးလိုက်သည်။ “ဒါကို စမ်းကြည့်လိုက်”

အကြီးအကဲဝေ၏ နှုတ်ခမ်းများသည် တုန်ယင် သွား၏။

နတ်ဘုရား ဆေးပင်သည် ပြန်လည်စိုက်ပျိုး၍ ရနိုင်သည်ဆိုလျှင်တောင်မှ ဤကဲ့သို့ လက်လွတ်စပယ်ဖြင့် ပွင့်ဖတ်များကို ခူးလိုက်ခြင်းက စွမ်းအင်များကို ကြီးကြီးမားမား လျော့ကျသွားစေနိုင်၏။ ဤအရာသည် သူ့အတွက် အလုပ်ဖြစ်သည်လား ၊ မဖြစ်သည်လား သေချာမသိပေ။ သို့ပေမဲ့ ဘာစကားမှ မပြောဘဲ ဂိုဏ်းချုပ်သည် ပွင့်ဖတ်ကို ခူးလျက်ရှိသည်။

အလျှင်လိုလွန်းလှ၏။

“ထားလိုက်တော့ …. ထားလိုက်တော့။ငါ အရင်စမ်းကြည့်ရမယ်”

အကြီးအကဲဝေသည် မြန်မြန်ဆန်ဆန်ပဲ ပွင့်ဖတ်ကို ပါးစပ်ထဲသို့ ထိုးထည့်ပြီး ဝါးစားလိုက်၏။

မြိုချပြီးသည့်နောက်မှာတော့ အေးစက်လှသည့် အော်ရာများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့သွား၏။ အလွန်တရာကောင်းမွန်သော စိတ်ခံစားချက်ကို ရရှိစေသည်။

“ဘယ်လိုလဲ။” ကျွင်းချောင်ရှောင်း မေးလိုက်၏။

အကြီးအကဲဝေသည် ခဏလောက် ဆွံ့အသွားပြီးသည့်နောက် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “အလုပ် မဖြစ်ဘူး”

သူ၏ စိတ်ဝိညာဉ် စွမ်းအင်များသည် အရင်ကထက် အနည်းငယ် ပို၍ အားကောင်းလာခြင်းသာ ရှိ၏။ သူ၏ ကျင့်ကြံခြင်းမှာတော့ ပေါ်မလာချေ။ သူ့အနေနှင့် သိုင်းအုပ်စိုးသူတစ်ယောက်၏ အရှိန်အဝါများကို ထုတ်ဖော်၍ ရနိုင်သည်။ သို့ပေမဲ့ ကောင်းကင်နှင့် မြေကြီးကြားထဲမှာရှိသော စိတ်ဝိညာဉ် စွမ်းအင်များအား သူ၏ ဒန်ထျန်တွင် မစုဝေးနိုင်ချေ။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကြာပန်းတောင်မှ ကုမရဘူးလား”

အကြီးအကဲဝေသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “ရောဂါမှန်သမျှကို ကုသနိုင်တယ်ဆိုရင်တောင် ချွင်းချက်တော့ ရှိရင်ရှိမှာပေါ့။ဒါကြောင့်ပဲ ဆေးသူတော်စင်က သူ့မိန်းမကို မကုသနိုင်ခဲ့တာ မဟုတ်လား။”

“ဒါကတော့ အမှန်ပဲ”

ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “အကြီးအကဲဝေ စိတ်ဓာတ်မကျနဲ့။ အသက်ရှင်နေသ၍ မျော်လင့်ချက် ရှိသေးတယ်။”

ဟား ဟား ဟား

အကြီးအကဲဝေသည် ရယ်ကာ ပြောလိုက်သည်။ “ကျုပ်က အိုမင်းနေပြီ။ အရာကိစ္စအားလုံးကိုလည်း တွေ့ကြုံ ခံစားဖူးနေပြီလေ။ပြန်ကောင်းနိုင်လား မကောင်းနိုင်လားဆိုတာ ကိစ္စသိပ်မရှိဘူး။ ဂိုဏ်းချုပ်တိုကို လူငယ်တွေကို ကူညီပေးနိုင်တာက ကျုပ်လုပ်နိုင်တဲ့ အကောင်းဆုံးသော အရာပဲ”

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ စွန်းပုကုံးသည် ရောက်ရှိလာသည်။

“ဆေးသူတော်စင် ချန်ထားခဲ့တဲ့ ဆေးစာအုပ်တွေထဲမှာ ကုသနည်းကို ရှာတွေ့နိုင်လား အကြီးအကဲဝေ”

“ထင်တာပဲ”

ဤတပည့်သည် ဆေးနှင့် သမားတော်ဘက်တွင် ပါရမီပါသူဟု ဆိုရမည်။ လက်ရှိအခြေအနေတွင် အဘိုးကြီးဝေတစ်ယောက် တန်ဖိုးထားရသည့် ဂိုဏ်းသားတစ်ယောက်ပင် ဖြစ်နေလေ၏။

“ဒါဆို ဘာကို စောင့်နေတာလဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မြန်မြန်ဖွင့်ပြီး ရှာဖွေကြည့်လေ”

“ကောင်းပါပြီ” စွန်းပုကုံးသည် လျို့ဝှက်ဆေးမှတ်တမ်းများ အားလုံးကို ယူသွား၍ စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုတော့သည်။

တစ်ခြားတစ်ဖက်မှာတော့ ကျွင်းချောင်ရှောင်း သည် သိုလှောင်လက်စွပ်တစ်ရာကျော်ထဲတွင် ရှိသော ဆေးမျိုးစေ့များကို တစ်ခုချင်းစီ ဖြန့်ကျက် ချလျက်ရှိသည်။

ဆေးဖော်မြူလာများအတိုင်းဆိုလျှင် ချီစုစည်းခြင်း ဆေးလုံး၊ စိတ်ဝိညာဉ်ဆေးလုံးများ အတွက်လည်း ကုန်ကြမ်းများ အများအပြား ပါရှိနေသည်။

အဓိက အရာမှာ သိုင်းဘုရင် ဆေးလုံးအတွက် ဆေးပင် များပင်ဖြစ်သည်။

စုစုပေါင်း ဆေးလုံးပေါင်းတစ်သောင်းကျော်ကို ဖော်စပ်နိုင်ပြီဖြစ်၏။

အားလုံးကို သန့်စင်ပြီးပြီဆိုလျှင် သူသည် တစ်ပြိုင်နက်တည်း ဆေးလုံးတစ်သောင်းကျော်ကို ဖန်တီး၍ ရနိုင်သည်။

ဂိုဏ်းချုပ်ကျွင်းသည် ငါတော့ ပွပြီပဲဟု ထအော်လိုက်သည်မှာ အလကားတော့ မဟုတ်ပေ။ သူသည် ဤကဲ့သို့သော အချက်အလက်များကို စဉ်းစားမိသောကြောင့်ပင် ဖြစ်၏။

…….

နောက်တစ်ရက်မှာတော့ ဆေးဟောခန်းမဆောင်မှ အဖွဲ့သားများသည် မျိုးစေ့ခန်းထဲသို့ မျိုးစေ့များကို ထည့်ကာ တစ်ခုပြီးတစ်ခု စိုက်ပျိုးတော့သည်။

အကြီးအကဲဝေသည်လည်း စိတ်ဝိညာဉ်စွမ်းအင်များ အလွန်တရာပေါများလှသည့် တည်နေရာကို ရွေးချယ်ကာ သူတော်စင်ကြာပန်းအား စတင်ကာ စိုက်ပျိုးတော့၏။

စွန်းပုကုံးတွင်မှာတော့ ဆေးစာအုပ်ထဲတွင် ခေါင်းစိုက်လျက်ရှိသည်။ သူသည် အလွန်တရာ စိတ်ပါဝင်စားစွာဖြင့် လေ့လာလျက်ရှိနေတော့၏။ သူတော်စင် ဆီမှ ရရှိထားသော စာအုပ်များသည် သူ့အတွက် အခွင့်အရေးတစ်ခုပင် ဖြစ်လာခဲ့၏။ သူ၏ ဆေးပညာစွမ်းရည်နှင့် ပတ်သက်၍ အဆင့် ချိုးဖြတ် နိုင်လား မနိုင်လား ဆိုသည်ကတော့ သူ၏ ကံတရားပေါ်တွင် မူတည်လျက်ရှိသည်။

အရာအားလုံး သေသေချာချာ စီမံပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မည်သည့်အရာကိုမှ စိတ်မပူပန်တော့ချေ။

သူသည် စာကြည့်ခန်းထဲတွင် ထိုင်ပြီး မေ့စေ့ကို ပွတ်သက်ကာ တီးတိုး ရေရွတ်နေ၏။ “ဒီကြာပန်းက ခန်းမသခင်ရှစ်ရဲ့ မျက်လုံးရောဂါကို ကုသနိုင်မလား သိချင်မိတယ်”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ “အခု ပါလာတဲ့ နှစ်ယောက်ကို တပည့်နေရာမှာထားမှာလား၊ အကြီးအကဲနေရာမှာထားမှာလား။”

“လောလောဆယ် တပည့်နေရာမှာပဲ ထားလိုက်”

ကျွင်းချောင်ရှောင်းသည် မိစ္ဆာသူတော်စင် ဝူကျူး၏ ဝိညာဉ်အရင်းအမြစ် ကို ထိန်းချုပ်ထားသည်။ ထို့ကြောင့် တပည့်အဖြစ်နှင့် ခန့်ထားမည်ဆိုလျှင်တောင်မှ ငြင်းပယ်ရဲလိမ့်မည် မဟုတ်ပေ။

အဘိုးကြီးကဲ့ကတော့ သိုင်းအုပ်စိုးသူတစ်ယောက်ဖြစ်သည်။ ဂိုဏ်း၏ အကြီးအကဲတစ်ယောက်နေရာတွင် ထားရန် ထိုက်တန်လှသူလည်း ဖြစ်၏။ သို့ပေမဲ့ ပုံမှန်လေ့လာမှု ပြုလုပ်ရန်အတွက် အချိန်အတိုင်းအတာ တစ်ခုထိ ဤအတိုင်းထားမှ ဖြစ်ပေလိမ့်မည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မိစ္တာသူတော်စင် ဝူကျူးက မိစ္ဆာကျင့်ကြံသူတွေနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံ ရှိတယ်လေ။ဒီတော့ သူက မုန့်ယဉ် ကို သင်ပေးနိုင်တယ်။ မုန့်ယဉ် ရဲ့ ကျင့်ကြံခြင်းတွေ တိုးတက်လာစေဖို့အတွက် အကူအညီဖြစ်စေမယ်လို့ ထင်တယ်။”

သိုင်းအုပ်စိုးသူ အဆင့် မိစ္ဆာကျင့်ကြံသူတစ်ယောက်သည် ရောင်မုန့်ယဉ် ကို သင်ပေးမည်ဆိုလျှင် အလွန်တရာ ကောင်းမွန်သော အကျိုးရလာဒ်များ ဖြစ်ပေါ်လာမှာ သေချာသည်။

All Chapters