ရှောင်ချီသိတယ်
Vol. 007 Ch. 645
ရှီမာယူယူ ပြုံးလိုက်သည် “သွားလိုက်ပါ၊ ကျွန်တော်ပိုက်ဆံမယူပါဘူး”
“ကောင်းပြီ” ရှီမာယူယူစဉ်းစားကာ ဝိဉာဉ်အသီးများထုတ်ပြီးပြောလိုက်သည် “ဒါအရင်စားလိုက်၊ ဟင်းကခဏနေချက်မယ်”
“ဟုတ်ပြီ ဂျူနီယာမောင်လေး မင်းဝိဉာဉ်အသီးတွေက လတ်ဆတ်လိုက်တာ”
ဟန့်မြောင်ရွှမ်သည် အသီးကိုပျော်ရွှင်စွာကောက်ယူလိုက်ပြီး ရှောင်ချီသည် ဘာမှမပြောပဲ အသီးကို ယူ လိုက်သည်။
“သူမက မမလေ ဘာလို့သူမကို ဂျူနီယာမောင်လေးလို့ခေါ်တာလဲ” ရှောင်ချီသည် အသီးကိုကိုက်ရင်း ပြောလေသည်။
ရှီမာယူယူသည် လက်များတုန်သွားသည်။ ဟန့်မြောင်ရွှမ်သည် အသီးကိုကိုက်ရန်ပင်မေ့သွားသည့်ပုံပင်။
“ရှောင်ချီ ဘာတွေပြောနေတာလဲ ငါကယောက်ျားလေးလေ” ရှီမာယူယူ ရယ်မောလိုက်သည်။
“မဟုတ်ဘူးလေ မမကမိန်းကလေးပဲ အဲအပုတ်နဲ့ထွက်နေတဲ့ ယောက်ျားတွေလိုမဟုတ်ဘူး” ရှောင်ချီ သည် အတိအကျပင်ပြောလေသည် “ယောက်ျားတွေက အပုတ်နဲ့ထွက်တယ် ပြီးတော့ မမရဲ့ခန္ဓာကိုယ်က မိန်းကလေးအနံ့၊ ရှောင်ချီမမှားနိုင်ဘူး”
“ဂျူနီယာမောင်လေး မင်းကတကယ်ပဲ မိန်းကလေးလား” ဟန့်မြောင်ရွှမ်သည် သူမအား အံ့အားသင့်စွာ ပြောလေသည်။
“ကျွန်တော့်လျှို့ဝှက်ချက်ကို ထိန်းပေးနိုင်မလား၊ မဟုတ်ရင် ချက်မပေးတော့ဘူး” ရှီမာယူယူသည် ဝန်ခံလိုက်သည်။
“ဘုရားရေ မင်းကတကယ်ပဲ မိန်းကလေးပဲ” ဟန့်မြောင်ရွှမ်လက်ထဲမှ အသီးသည် မြေပေးသို့ကျသွားလေသည်။ သူမသည် ရှီမာယူယူအား မယုံကြည်စွာကြည့်လိုက်သည်။ သူမသည် မျက်တောင်ခတ်ပြီး လျင်မြန်စွာ ခေါင်းညိမ့်လိုက်သည် “စိတ်ချပါ ငါမပြောပါဘူး”
“ရှောင်ချီရော” ရှီမာယူယူသည် ရှောင်ချီအားကြည့်လိုက်သည်။
“ရှောင်ချီအတွက်အမြဲချက်ပြုတ်ပေးမှာလား” ရှောင်ချီ ပြန်ချေပလေသည်။
ရှီမာယူယူသည် မျက်ခုံးပင့်လိုက်သည်။ ဒီကောင်မလေးက သူမကိုခြိမ်းခြောက်နေတာပဲ။
“မင်းကိုချက်ပြုတ်ပေးရအောင် ငါအချိန်အဲလောက်မများဘူး” ရှီမာယူယူ ပခုံးတွန့်လေသည်။
“အချိန်ရရင်သာ ချက်ပြုတ်ပေးပါ” ရှောင်ချီပြောလိုက်သည်။
“ကောင်းပြီ” ရှီမာယူယူ ပြုံးပြီး “ငါ့ကို ကတိပေးပြီးမှတော့ နောက်ကိုစကားတည်ပါ”
“အစ်ကိုကြီး” ရှောင်ချီ သူမကိုခေါ်လေသည်။
“ဘာ” ဟန့်မြောင်ရွှမ်သည် ရှောင်ချီအား လှည့်ကြည့်လိုက်သည်။
“ဒါဆိုရှင်းပြီးပြီ” ရှီမာယူယူသည် သူမဆိုလိုသည်ကို နားလည်သည်။ သူမသည် စိတ်အေးသွားကာ သူတို့အတွက် ချက်ပြုတ်ပေးလေသည်။
ရှီမာယူယူသည် ကြက်သားကျက်သည်နှင့် ခြင်္သေ့ခေါင်းနှပ်ကိုနှစ်ယောက်စာလုပ်ပေးလေသည်။ သူတို့ နှစ်ယောက်စားသည်မှာ မလောက်ငှသည်ကိုကြည့်ပြီး ကျန်ရှိသည့် အသားများကိုကင်ပေးလေသည်။ သူမ လုပ်ပေးသော ဟင်းများကြောင့် တောက်ပသောမျက်လုံးများကိုမြင်လိုက်ရကာ နောက်ဆုံးတွင် သူတို့ဗိုက်ပြည့် သွားကြလေသည်။
နှစ်ယောက်သား ဗိုက်ကိုပွတ်နေသည်ကို ရှီမာယူယူ မြင်ပြီးနောက် သူမသည် ကန့်သတ်နယ်မြေဘက် သို့ ကြည့်မိလေသည်။ ဟန့်မြောင်ရွှမ်အား ညစာစားရန်ခေါ်သည့် ရည်ရွယ်ချက်မပြည့်မြောက်သည့်ပုံပင်။
“အစ်ကိုကြီး တားမြစ်နယ်မြေထဲသွားချင်လို့လား” ရှောင်ချီသည် ကန့်သန်နယ်မြေဘက်ကြည့်နေသော ရှီမာယူယူအား မြင်သောအခါ ကျယ်လောင်စွာ မေးလေသည်။
“ဟင်”
“အစ်ကိုကြီးက အဲဘက်ကိုကြည့်နေလို့လေ” ရှောင်ချီပြောလိုက်သည် “အစ်ကိုကြီးသွားချင်ရင် ရှောင်ချီ ခေါ်သွားပေးလို့ရတယ်”
“မင်းငါ့ကိုခေါ်သွားပေးမယ် ဟုတ်လား၊ အဲတားမြစ်နယ်မြေက ဘယ်သူမှဝင်လို့မရဘူးမလား” ရှီမာယူယူ မေးလိုက်သည်။
“ကျွတ် ဘယ်သူမှဝင်လို့မရဘူးလို့ ဘယ်သူပြောလဲ အဲထဲအများကြီးဝင်သွားတာ မြင်ဘူးတယ်” ရှောင်ချီ ရေရွတ်လေသည်။
“လူဝင်သွားတာမြင်တယ်ပေါ့” ဟန့်မြောင်ရွှမ်သည် အံ့သြစွာမေးလိုက်သည်။
“ဟုတ်တယ် အများကြီးပဲ ညတိုင်းကို အသုတ်တိုင်းပဲ” ရှောင်ချီသည် ဖြစ်နေကျအတိုင်းလိုပင် ပြောလေ သည်။
“ရှောင်ချီဘယ်လိုသိလဲ”
“ရှောင်ချီက ဟိုနေရာကနေ သူတို့ကိုကြည့်နေတာလေ” ရှောင်ချီပြန်ဖြေလေသည် “ဒါပေမဲ့ ခုတလော လူတွေအများကြီးမလာတော့ဘူး”
“ရှောင်ချီသူတို့ကို ဘယ်လိုတွေ့တာလဲ”
“ရှောင်ချီက အစားအစာရှာရင်းနဲ့ တစ်ခါတစ်လေတွေ့တယ်” ရှောင်ချီပြောလိုက်သည်။
“ဒါဆိုရင် ဝင်လာတဲ့လူတွေကိုရောသိလား”
“မသိဘူး သူတို့ဝင်သွားသာသွားတာ ပြန်ထွက်မလာဘူး၊ တစ်ချို့ပြန်ထွက်လာပေမယ့် တချို့ထွက်မလာဘူး” ရှောင်ချီပြောလိုက်သည် “ဒါပေမဲ့ ဘယ်သူဝင်သွားလဲလိုက်ကြည့်မနေပါဘူး၊ ဒါပေမဲ့ အစ်ကိုကြီးဝင်ချင် တယ်ဆိုရင် ရှောင်ချီကူပေးမယ်”
“ဂျူနီယာမောင်လေးက တားမြစ်နယ်မြေထဲသွားချင်လို့လား” ဟန့်မြောင်ရွှမ် မေးလေသည်။
“မသွားချင်ပါဘူး ဒါပေမဲ့ တားမြစ်နယ်မြေအကြောင်းကို သိချင်လို့ပါ” ရှီမာယူယူ ပြောလိုက်သည် “အဲ တားမြစ်နယ်မြေမှာ ဘာကောင်းတာတွေရှိနေလဲလို့”
ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏ စကားများကို သံသယမဝင်ပေ။ သူမသည် ပြုံးပြီးပြောလိုက်သည် “တားမြစ်နယ်မြေမှာ ဘာမှကောင်းတာမရှိဘူး”
“စီနီယာအစ်မသိတာလား” ရှီမာယူယူသည် အံ့အားသင့်စွာ မေးလေသည်။
“ဟားဟား ငါဆရာနဲ့ တစ်ခါဝင်သွားဖူးတယ် အဲထဲကပစ္စည်းတွေလည်းတွေ့ခဲ့ရတယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“အထဲမှာ ရတနာတွေအများကြီးပဲလား” ရှီမာယူယူ မေးလိုက်သည်။
“ရတနာတွေကလည်း ရှားတဲ့ဟာတွေမဟုတ်ပါဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “အဲက ပစ္စည်း တချို့ဆိုရင် ဆရာဟာတွေလောက်တောင် မကောင်းဘူး”
“အဲမှာ ကမ္ဘာကြီးမျက်လုံးရှိတယ်လို့ ကြားဖူးတယ်” ရှီမာယူယူသည် အခွင့်အရေးကို အမိဖမ်းကာ မေး လိုက်သည်။
“ကမ္ဘာကြီးမျက်လုံးဟုတ်လား အဲဒါဘာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“စီနီယာအစ်မမကြားဖူးဘူးလား၊ ဂိုဏ်းထဲက လူအများစုသိကြတယ်လေ” ရှီမာယူူယ မေးလိုက်သည်။
ဟန့်မြောင်ရွှမ် ခေါင်းရမ်းကာ “ငါတို့ ဂိုဏ်းထဲရောက်တာကြာပြီဆိုပေမယ့် ဂိုဏ်းအကြောင်းအများကြီး မသိဘူး”
“ကမ္ဘာကြီးမျက်လုံးက ကန့်သတ်နယ်မြေထဲမှာမရှိဘူး” ရှောင်ချီ ရုတ်တရက်ပြောလေသည်။
“မင်းသိတယ်လား”
“ဒါပေါ့၊ ဂိုဏ်းထဲမှာ ရှောင်ချီမသိတာမရှိဘူး” ရှောင်ချီသည် ဂိုဏ်ယူစွာဖြင့် မျက်နှာမော့ကာ “ရှောင်ချီ တစ်ခါတလေ ဂိုဏ်းထဲသွားတယ်၊ တချို့သတင်းတွေကြားခဲ့တယ်၊ ဒါပေမဲ့ အဲလူတွေကို မကြိုက်လို့ မရင်းနှီးချင် ဘူး”
“မင်းက ဂိုဏ်းကအဖွဲ့ဝင်ပဲလား”
“ဟင်းဟင်း” ရှောင်ချီသည် ဘဝင်မြင့်သွားလေသည်။
ရှီမာယူယူ ရယ်မောလိုက်သည်။ ဒါက ကောင်မလေးငယ်ငယ်လေးတွေရဲ့ အကျင့်ပဲလေ။
“အစ်ကိုကြီး ကမ္ဘာကြီးမျက်လုံးလိုချင်တာလား” ရှောင်ချီသည် အနည်းငယ်ထူးဆန်းသည်။ ရှီမာယူယူ တိတ်ဆိတ်နေသည်ကို တွေ့သောအခါ သူမရင်ဘတ်ကို ပုတ်လိုက်သည် “အစ်ကိုကြီးလိုချင်ရင် ရှောင်ချီယူပေးး မယ်”
“မင်းကလား” ဟန့်မြောင်ရွှမ်သည် ရှောင်ချီအား မေးမြန်းလိုက်သည် “မင်းမှာ နည်းလမ်းရှိလား”
“အစ်မကိုဘာလို့ပြောပြရမှာလဲ” ရှောင်ချီသည် သူမအား လျစ်လျူရှုပြီး ရှီမာယူယူဘက်လှည့်လိုက်သည် “အစ်ကိုကြီး လိုချင်လား”
“လိုချင်တယ် ဒါပေမဲ့ ကမ္ဘာကြီးမျက်လုံးက အရမ်းလုံခြုံတဲ့နေရာမှာဖြစ်လောက်တယ်၊ ပြီးတော့ အရမ်း အန္တရာယ်များတယ်၊ မင်းကိုဘယ်လိုလုပ် လွှတ်ရမှာလဲ” ရှီမာယူယူသည် ရှောင်ချီဘေးတွင် ထိုင်လိုက်သည်။ သူမ၏ ကြည်လင်သောအသားအရေကိုကြည့်ပြီး သူမနှာခေါင်းကိုဆွဲဆိတ်လိုက်သည်။
“ရှောင်ချီက အရမ်းအားကောင်းတယ်” ရှောင်ချီသည် ရှီမာယူယူ၏ လက်ကိုပုတ်ထုတ်လိုက်သည်။
“သိပါတယ် ရှောင်ချီကအရမ်းအားကောင်းတယ်” ရှီမာယူယူ ပြန်ပြောလိုက်သည် “ဒါပေမဲ့ မင်းက ငယ် သေးတယ်၊ ငါနည်းလမ်းရှာတွေ့မှာပါ”
“အစ်ကိုကြီးက ကမ္ဘာကြီးမျက်လုံးကိုဘာအတွက်သုံးမှာလဲ” ရှောင်ချီမေးလိုက်သည်။
“ငါ့မောင်လေး ခန္ဓာကိုယ်ကမကောင်းဘူး၊ သူ့ကိုကုဖို့အတွက် နည်းနည်းလောက်လိုတယ်” ရှီမာယူူယူ ပြန်ဖြေလေသည်။
“ဘယ်လောက်နည်းနည်းလဲ”
“၈အောင်စ” ရှီမာယူယူ ပြန်ဖြေလေသည်။
“၈အောင်စပဲလား” ရှောင်ချီသည် သက်ပြင်းချလိုက်ကာ “ဘယ်လောက်မှလဲမရှိဘူး အဲလောက်ကတော့ ကမ္ဘာကြီးမျက်လုံးကို မထိခိုက်နိုင်ဘူး”
“မင်းအဲဒါလည်းသိတာပဲလား” ရှီမာယူယူသည် ရှောင်ချီ၏ ခေါင်းကိုနှိပ်နယ်ပေးလိုက်သည်။
“ဒါပေါ့ ကမ္ဘာကြီးမျက်လုံးအကြောင်းကို ရှောင်ချီထက်ပိုသိတဲ့သူမရှိဘူး” ရှောင်ချီသည် ဂုဏ်ယူစွာပြော လေသည်။
“မင်းထိခိုက်လို့မရဘူးလေ” ရှီမာယူယူပြေလာိုက်သည်။
“ဘာလို့လဲ” ရှောင်ချီနားမလည်ပေ။
“မင်းကကယ်သေးတယ်လေ ငါ့ဘာသာရှာပါမယ်”
“ဟင်” ရှီမာယူယူ သူမကိုမယုံကြည်သည်ကို ရှောင်ချီတွေ့လိုက်သည်။ သူမ နှုတ်ခမ်းဆူလိုက်သည်။
“မင်း ဂိုဏ်းထဲမှာပဲ အေးအေးဆေးဆေးနေပြီး ကျင့်ကြံပါ” ရှီမာယူယူသည် သူမနှခေါင်းကိုဆိတ်လိုက် သည်။
ရှောင်ချီသည် စိတ်မပျော်တော့ပေ။ အဲဒါကိုယူပြီးတဲ့အထိ စောင့်။ အဲကျရင် အထင်သေးမလားလို့ ကြည့် ကြတာပေါ့
***