← Chapters

အခန်း (၆၄၁)

Vol. 43 Ch. 641

အခန်း (၆၄၁)

Vol. 43 Ch. 641

နေ့လယ်သို့ ရောက်ချိန်မှာတော့ မုယုံမိသားစုသည် ပြိုင်စံရှားဂိုဏ်းဆီမှစာကို လက်ခံရရှိခဲ့သည်။ ပါဝင်သည့် အကြောင်းအရာမှာ “ခင်ဗျားတို့မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် ရှစ်ယောက်တို့က ပြိုင်စံရှားဂိုဏ်းကို လာရောက် စိန်ခေါ်တဲ့နေရာမှာ ကျရှုံးခဲ့တယ်၊ ဒါကြောင့် အကျဉ်းသားတွေအဖြစ် ဖမ်းချုပ်ခြင်းခံထားရတယ်၊ သူတို့ကို ငါးရက် အတွင်း ပြန်ရွေးဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းကို ပြင်ဆင်ထားပါ၊ မဟုတ်ရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို စဉ်းစားကြည့်ပေါ့”။

ဤအရာသည် ပြန်ပေးဆွဲခြင်းနှင့်ပင် ဆင်တူနေသည်။ ထိုသို့သောကိစ္စရပ် များကို ကျွင်းချောင်ရှောင်း တစ်ယောက်တည်းသာ ပြုလုပ်ပေလိမ့်မည်။ တခြားသော မှန်ကန်သည့်ဂိုဏ်းများသည် ၎င်းတို့၏ ဂုဏ်သိက္ခာ ကျဆင်းမည်စိုးရိမ်သောကြောင့် ဤကဲ့သို့သော ကိစ္စမျိုးကို ပြုလုပ်လိမ့်မည်မဟုတ်ချေ။

ပြောနေစရာ မလိုအပ်ပေ။ ပြိုင်စံရှားဂိုဏ်း၏ ပုံပန်းသွင်ပြင်သည် သူတို့အား ရန်ပြုပြဿနာရှာမည့်သူများကို ချက်ချင်းအရေးယူ ကလဲ့စားချေတတ်ကြ၏။ ထိုကဲ့သို့သော အချိန်မျိုးတွင် မှန်ကန်သည့်ဂိုဏ်းနှင့် သိပ်မတူပဲ မိစ္ဆာဂိုဏ်းနှင့်ပင် ဆင်တူနေ၏။ သို့ပေမဲ့ မိစ္ဆာဂိုဏ်းဟု ခေါ်၍လည်း မသင့်တော်လှချေ။

အဘယ်ကြောင့်ဆိုသော် ချင်းယန်နိုင်ငံအား ကျန်းယန်နိုင်ငံမှ လာရောက်ကျုးကျော်စဉ်က သူတို့သည် မြို့သူမြို့သားများအတွက် ကာကွယ်ပေးခဲ့သည်မဟုတ်လား။ ထိုသို့သော ကိစ္စရပ်များကို မှန်ကန်သည့်ဂိုဏ်းများပင် ပြုလုပ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းနှင့်ပတ်သက်၍ ပြင်ပလောကရှိလူများ အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုလျှင် ကောင်းမွန်ခြင်းနှင့် ဆိုးယုတ်ခြင်းကို ယှဉ်တွဲသတ်မှတ်ကြပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ကောင်းတာတွေ၊ ဆိုးတာတွေကို ဂရုစိုက်တတ်သူ မဟုတ်ချေ။ သူစိတ်တိုင်းကျရာကို လုပ်ချင်သည့်စိတ်သာရှိ၏။

ဘုတ်

မုယုံမိသားစု၏ ခေါင်းဆောင်သည် စားပွဲခုံအား လက်ဝါးဖြင့် ရိုက်နှက်လိုက်၏။ ပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။ “ဒီသောက်တိရစ္ဆာန်လေးတွေ၊ ဘာမှ လုပ်တတ်၊ ကိုင်တတ်တာ မရှိတော့ပါလား”

စိတ်ဝိညာဉ်ကျောက်တုံးနှစ်သိန်း - မိသားစုတစ်ခုအတွက် ဤအရာသည် များပြားလှသော ပိုက်ဆံဖြစ်သည်။

ဘိုးဘေးအကြီးအကဲတစ်ယောက်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “တိုက်ရိုက်မျိုးဆက်တွေက စိန်ခေါ်ဖို့ သွားခဲ့တာလေ၊ ရှုံးတယ်ဆိုရင်တောင် ထိန်းသိမ်းထားလို့ မဖြစ်ဘူးမို့လား၊ ပြိုင်စံရှားဂိုဏ်းက တမင်သက်သက် ငွေညှစ်တာလို့ ခံစားမိတယ်”

“ဒါက သည်းမခံနိုင်စရာပဲ”

ဒုတိယအကြီးအကဲသည် အံကိုကြိတ်ကာ မတ်တပ်ထရပ်လိုက်၏။ “ခေါင်းဆောင်၊ ဒီအဘိုးကြီးက ပြိုင်စံရှားဂိုဏ်းကို သွားပြီးတော့ ကလေးတွေကို ပြန်တောင်းခဲ့မယ်၊ သူတို့က ကောင်းကောင်းမပေးဘူးဆိုရင် ပြိုင်စံရှားဂိုဏ်းကို တစ်ခါတည်း စိန်ခေါ်ခဲ့လိုက်မယ်”

“စိန်ခေါ်မယ် ဟုတ်လား”

မုယုံမိသားစု၏ ခေါင်းဆောင်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ကျုပ်တို့ မုယုံမိသားစုက နတ်ဆိုးမိစ္ဆာဂိုဏ်းထက် ပိုပြီးအားကောင်းတယ်လို့ ထင်နေလား”

“ဒါ .. ဒါက”

“ဒါမှမဟုတ် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းနဲ့ ယှဉ်ပြိုင်နိုင်နေပြီလို့ ထင်လား”

ဒုတိယအကြီးအကဲသည် ငြိမ်သက်သွား၏။ ပြီးနောက် သူသည် ပြန်လည်ကာ ထိုင်ချလိုက်၏။

မုယုံမိသားစု၏ ခေါင်းဆောင်သည် ပြောလိုက်၏။ “တတိယအဆင့် မိစ္ဆာဂိုဏ်းနှစ်ခုတောင်မှ သူတို့ရဲ့လူတွေကို ပြန်ရွေးဖို့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို လိမ်လိမ်မာမာနဲ့ ထုတ်ပေးလိုက်ရတယ်၊ ကျုပ်တို့ မုယုံမိသားစုက သွားပြီးတော့ စစ်ကြေညာမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတာနဲ့ မတူဘူးလား”

မိသားစု၏ တိုက်ရိုက်မျိုးဆက်များသည် အလွန်တရာ ညံ့ဖျင်းလွန်းကြ၏။ သို့ပေမဲ့ မိသားစုခေါင်းဆောင်မှာ အလွန်တရာ ဉာဏ်ကောင်းလွန်းသည်။ မဟုတ်ပါက ဤရက်စက်လွန်းသော လောကကြီးတွင် သူတို့ မည်သို့ အသက်ရှင် နေထိုင်နိုင်မည်နည်း။ မုယုံမိသားစု၏ ခေါင်းဆောင်သည် အလွန်တရာ ဦးနှောက်ရှိသူဟု ဆိုရမည်။

သုံးနှစ် သဘော တူညီမှု တိုက်ပွဲအကြောင်းကို သိရှိပြီးသည့်နောက်မှာတော့ သူသည် ဘေးမှ ပွဲကြည့်ပရိသတ် တစ်ယောက်လိုပင် စောင့်ကြည့်နေရန် ရွေးချယ်ခဲ့၏။ ထို့ပြင် ဤအရာသည် ပြိုင်စံရှားဂိုဏ်းနှင့် လိုင်လီနတ်ဂိုဏ်း ကြားရှိ ပြဿနာ မဟုတ်လား။ သို့ပေမဲ့ တိုက်ရိုက်မျိုးဆက်ဖြစ်သော ခွေးကလေးများသည် မိမိကိုယ်ကို အထင်ကြီးကာဖြင့် ပြိုင်စံရှားဂိုဏ်းဆီသို့ သွားရောက်ကာ စိန်ခေါ်ရဲခဲ့ကြ၏။

“ခေါင်းဆောင်”

အကြီးအကဲကြီးက မေးလိုက်၏။ “ဒါဆို ဘာဆက်လုပ်ရမလဲ”

“ဘာဆက်လုပ်ရမှာလဲ”

မုယုံမိသားစု၏ ခေါင်းဆောင်သည် ရင်နာနာဖြင့် ပြောလိုက်သည်။ “မြန်မြန် စိတ်ဝိညာဉ်ကျောက်တုံးတွေ သွားစုတော့လေ၊ ဟိုခွေးကောင်လေးတွေကို သွားရွေးရမယ်”

မုယုံရှောင်လင်နှင့် တခြားသူများအားလုံးသည် မိသားစု၏ အငယ်ဆုံးသော တိုက်ရိုက်မျိုးဆက်များဖြစ်သည်။ ၎င်းတို့သာ တစ်ခုခုဖြစ်သွားမည်ဆိုပါက ကြီးမားသည့် ရိုက်ခတ်မှုကို ခံစားရမှာ သေချာသည်။ ကလန်တစ်ခု ဆက်လက်၍ တည်ရှိခြင်း၊ မတည်ရှိခြင်းသည် ထိုကလန်၏ မျိုးဆက်သစ်လူငယ်များပေါ် မူတည်နေ၏။ ထို့ကြောင့် ပဲ သူသည် ကျွင်းချောင်ရှောင်းတစ်ယောက် ငွေညှစ်နေသည်ကို သိလျှင်တောင်မှ မုယုံမိသားစု၏ ခေါင်းဆောင် တစ်ယော်ကအနေနှင့် လိမ်လိမ်မာမာ ပူးပေါင်း ဆောင်ရွက်ပေးရပေလိမ့်မည်။

……..

ပြိုင်စံရှားဂိုဏ်း၏ တောင်ခြေမှာတော့ မျက်နှာပြင်တစ်ခုလုံး ဒဏ်ရာဗရပွဖြင့် မုယုံရှောင်လင်နှင့် တခြားသူများ အားလုံးသည် အကြီးအကဲကြီး၏ နောက်မှ အလွန်တရာ ထိတ်လန့်ကြောက်ရွံ့တတ်သော ယုန်များကဲ့သို့ ကုတ်ကုတ်လေး လိုက်ပါသွားကြတော့သည်။ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းဆိုသည်မှာ အလွန်တရာ များပြား လှသည့် ပမာဏဖြစ်သည်။ ထိုပမာဏကို အသုံးပြု၍ သူတို့၏ လွတ်လပ်ခွင့်ကို လဲလှယ်ခဲ့ရသည်။ ထိုအရာသည် သူတို့၏ နှလုံးသားထဲတွင် အရိပ်မည်းကြီးတစ်ခုလို စိုးမိုးထားတော့မှာဖြစ်၏။

ပို၍ ဆိုးရွားသည်မှာ မုယုံရှောင်လင် ဖြစ်သည်။ သူသည် ရီချင်းရှန်၏ ပက်ပက်စက်စက် ရိုက်နှက်မှုကို ခံရပြီးသည့်နောက်တွင်တော့ နှလုံးသားထဲတွင် အရိပ်မည်းကြီး စိုးမိုးနေတော့သည်။ သူအိမ်သို့ပြန်လာပြီးသည့် နောက် အနာဂတ်တွင် ညစဉ်ညတိုင်း အိမ်မက်ဆိုးများ မက်ပေ၏။ ထိုအချိန်မျိုးတွင် သူသည် ခေါင်းကို အုပ်ကိုင်ကာ ထိတ်လန့်တကြားဖြင့် တောင်းပန်တတ်၏။ “မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့”

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှာ ထိုင်ပြီး လက်ထဲရှိ သိုလှောင်လက်စွပ် အနည်းငယ်အား ဆော့ကစားလျက်ရှိသည်။

“ဘာမှလုပ်စရာမရှိလို့ ပျင်းနေတာ၊ လာပြီး စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးသွားသေးတယ်၊ မုယုံမိသားစုက တကယ့်ကို ကြင်နာတတ်တာပဲ”

သူသည် စိတ်ဝိညာဉ်ကျောက်တုံးနှစ်သိန်းအား လွယ်လွယ်ကူကူနှင့် ရှာဖွေနိုင်ခဲ့၏။ ထို့ကြောင့် အလွန်တရာ ပျော်ရွှင်မိနေသည်။

လီလိုရှုက ပြောလိုက်၏။ “လက်ရှိမှာ သိုင်းကျင့်ကြံသူတွေက ကျွန်မတို့ ပြိုင်စံရှားဂိုဏ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတယ်”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒီသတင်းကို တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်လွှင့်ခဲ့တာပဲ ဖြစ်ရမယ်”

သုံးနှစ်တာသဘောတူညီချက် တိုက်ပွဲသည် သူတို့ ဂိုဏ်းနှစ်ခုကြား သီးသန့်သာ သိရှိသော ကိစ္စဖြစ်၏။ သူသည်လည်း မည်သူ့ကိုမှ မပြောပြခဲ့ချေ။ သို့ပေမဲ့ သတင်းသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့လျက် ရှိသည်။ ဤအရာများ၏ နောက်ကွယ်တွင် မီးလောင်စေရန် ဆီထိုးပေးလျက်ရှိနေသော ကျွမ်းကျင်သူတစ်ယောက် ရှိနေပေလိမ့်မည်။

“ဒါက သတင်းကို ရည်ရွယ်ချက်ရှိရှိဖြန့်တာ၊ လိုင်လီနတ်ဂိုဏ်း ဖြစ်နိုင်တယ်၊ သူတို့က ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းကို ဘယ်လိုအနိုင်ကျင့် တိုက်ခိုက်မလဲဆိုတာ တစ်လောကလုံးကို သိစေချင်ပုံပေါ်တယ်” ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်သည်။

ထိုစဉ်မှာပဲ အသံတစ်ခုသည် လီလိုရှု၏နားထဲသို့ ဝင်ရောက်လာ သည်။ ခဏလောက်ကြာတော့ သူမကပြောလိုက်သည်။ “ဂိုဏ်းချုပ်... အခု ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ အကြီးမားဆုံး လောင်းကစားလုပ်ငန်းကြီးဆီကနေ သတင်းတစ်ခု ရခဲ့တယ်၊ သူတို့က ပြိုင်စံရှားဂိုဏ်းနဲ့ လိုင်လီနတ်ဂိုဏ်းတို့ကြား တိုက်ပွဲအတွက် လောင်းကြေး တောင်ဖွင့်နေပြီတဲ့”

“အဲလိုလား”

ကျွင်းချောင်ရှောင်းသည်လည်း အနည်းငယ် အံ့အားသင့်မိသွား၏။ သူတို့၏ တိုက်ပွဲသည် လောင်းကစားလုပ်ငန်း များအထိပင် ရောက်ရှိသွားမည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ ၏

လီလိုရှုက ပြောလိုက်၏။ “ဒုတိယနဲ့ တတိယအဆင့် ဂိုဏ်းတွေက လိုင်လီနတ်ဂိုဏ်းဆီကို သွားနေကြတယ်၊ သူတို့အားလုံးက တိုက်ပွဲကို ကြည့်ဖို့ စိတ်အားထက်သန်နေတာလေ”

“ပိုပြီး တိတိကျကျ ပြောပါလား” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

လီလိုရှုသည် တွက်ချက်ကာ ပြောလိုက်၏။ “အနည်းဆုံး အဆင့်လေးဂိုဏ်းနှစ်ဆယ်၊ အဆင့်သုံးဂိုဏ်း ငါးဂိုဏ်း၊ အဆင့်နှစ်ဂိုဏ်း နှစ်ဂိုဏ်းပါတယ်။ အဲဂိုဏ်း တွေထဲမှာ အဆင့်နှစ်ဂိုဏ်းဖြစ်တဲ့ ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်းနဲ့ နတ်ဓားဂိုဏ်းတို့က အထင်ကရပဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ကျွမ်းလောင်ခြင်းမီးတောက်ဂိုဏ်းက အကြီးအကဲတွေဆီကနေ စိတ်ဝိညာဉ်ကျောက်တုံးတွေ မ လာခဲ့သေးတယ်၊ သူတို့က တိုက်ပွဲကို လာကြည့်တယ်ဆိုတော့ ပြိုင်စံရှားဂိုဏ်းကို ဟာသတစ်ခုလို ထင်နေသေးတာလား မသိဘူး”

လီလိုရှုက ပြောလိုက်သည်။ “နတ်ဓားဂိုဏ်းနဲ့ လိုင်လီနတ်ဂိုဏ်းတို့က မဟာမိတ်တွေလေ”

“ဒီလိုလား”

ဤအရာသည် ကျွင်းချောင်ရှောင်းအား အံ့အားသင့်သွားစေ၏။ နတ်ဓားဂိုဏ်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး တွင်ရှိသော ဓားလေ့ကျင့်ရာ ဂိုဏ်းအနည်းငယ်ထဲမှ တစ်ခုဖြစ်၏။ ၎င်းတို့၏ အားအင်အဆင့်သည် အလွန်တရာ အားကောင်း၏။ ဟုတ်ပေသည်။ ဓားကို ကျင့်ကြံကြသော တပည့်များသည် နည်းပါးလှသလို ဓားကျင့်ကြံသူ တစ်ယောက်ဖြစ်သွားသည်နှင့် အလွန်တရာ အစွမ်းထက်လှ၏။

“ကျုပ်တပည့်တွေကို ခေါ်ပြီး လိုင်လီနတ်ဂိုဏ်းကို သွားရင် ဒုတိယအဆင့်ဂိုဏ်းကလည်း ထွက်လာအုံးမှာလား” ကျွင်းချောင်ရှောင်းသည် တီးတိုးမေးမြန်းလိုက်၏။

“ဒါက ပြောဖို့ခက်ပါတယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒုတိယအဆင့် ဂိုဏ်းတစ်ခုကို စိန်ခေါ်ရတာက ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးတာပဲ”

……..

ခရက် ခရက်

အရိုးကျိုးသံများသည် ထွက်ပေါ်လာ၏။ ရှောင်ကျီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူ၏ မျက်နှာ တစ်ခုလုံးသည် ရှုံ့တွလျက်ရှိပြီး သူသည် အံကြိတ်လျက်ရှိနေ၏။ တစ်နာရီလောက် ကြာပြီးသည့်နောက် မှာတော့ ရိုးတွင်းခြင်ဆီနှင့် အရိုးများကို ပြန်လည်သန့်စင်ခြင်းလုပ်ငန်းသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သူ၏ ခန္ဓာ ကိုယ်တစ်ခုလုံးသည် မြေပေါ်သို့ လဲကျလုမတတ် ဖြစ်သွား၏။

ဘာတွေဖြစ်နေသနည်း။ သူသည် လေ့ကျင့်နေခြင်း ပင် ဖြစ်သည်။

မည်သည့်နေရာတွင် လေ့ကျင့်နေသနည်းဟုဆိုသော် စမ်းသပ်မှုမျှော်စင်၏ စတုတ္ထအဆင့်တွင် လေ့ကျင့်နေခြင်း ဖြစ်သည်။ ပထမအဆင့်သည် ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ပြုလုပ်ခြင်းဖြစ်ပြီး၊ ဒုတိယအဆင့်သည် လှုပ်ရှားမှု နည်းစနစ်များကို ပိုမိုအားကောင်းစေ၏။ တတိယအဆင့်သည် စိတ်ဝိညာဉ်စွမ်းအင်များကို သန့်စင်ခြင်းဖြစ်ပြီး စတုတ္ထအဆင့်မှာတော့ ရိုးတွင်းခြင်ဆီနှင့် အရိုးများကို သန့်စင်အောင် ပြုလုပ်ခြင်းပင်ဖြစ်တော့၏။

စုရှောင်မိုနှင့် လီဖေးတို့သည်လည်း ဤနေရာသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့ဖူး၏။ သို့ပေမဲ့ စတုတ္ထအဆင့်၏ အားအင်သက်ရောက်မှုကို သူတို့ မခံနိုင်ကြချေ။ ရိုးတွင်းခြင်ဆီနှင့် အရိုးတွေကို ပိုပြီး ကြံ့ခိုင်အောင်လုပ်ဖို့ ဤအရာသည် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဒုတိယအကြိမ် ပြန်လည်သန့်စင်ခြင်းနှင့် ဆင်တူ၏။ ပိုမို အားကောင်းပြီး သန်မာလာပေလိမ့်မည်။ သန့်စင်အောင် ပြုလုပ်ခြင်း လုပ်ငန်းစဉ်သည် ခန္ဓာကိုယ်တွင်းရှိ အရိုးများ ကို ချိုးခြေပြီး ပြန်လည်ချိတ်ဆက်ခြင်းပင် ဖြစ်တော့၏။ ထို့ကြောင့် ဖြစ်ပေါ်လာရသော နာကျင်မှုသည် သေဆုံး သည်ထက်ပင် ပိုမို၍ နာကျင်လွန်းနေ၏။

ရှောင်ကျီသည် ပထမ၊ ဒုတိယနှင့် တတိယအဆင့်များကို အသားကျခဲ့ပြီးသည့်နောက်မှာတော့ စတုတ္ထအဆင့်ဆီသို့ ရောက်ရှိခဲ့သည်မှာ လွန်ခဲ့သည်လကတည်းက ဖြစ်သည်။ သုံးနှစ်တာ သဘောတူညီမှု တိုက်ပွဲသည် တဖြေးဖြေးနှင့် နီးကပ်လာခဲ့ပြီဖြစ်၏။ ထို့ကြောင့် သူသည် ဇွဲကောင်းကောင်းနှင့် ဆက်လက်ကာ လေ့ကျင့်နေခဲ့၏။ သူ၏ ပင်ကိုယ်စွမ်းရည်များ ပြန်လည်ရရှိပြီ အရင်ကထက်ပိုမို အားကောင်း လာခဲ့သည်ဆိုသော်လည်း ရှောင်ကျီသည် ဒီထက်မက ပိုမို၍ သန်မာအားကောင်းလာစေချင်နေသေး၏။ သူသည် ဂိုဏ်းအတွက် သီးသန့်တိုက်ခိုက်သူတစ်ယောက် ဖြစ်ရ မည်ဟု သတ်မှတ်ထား၏။

ဘုတ်

ထိုအချိန်မှာပဲ ရိုးတွင်းခြင်ဆီနှင့် အရိုးများကို သန့်စင်လျက်ရှိသော ရီချင်းရှန်သည် ပဉ္စမထပ်ဆီသို့ သွားရာ လှေကားထစ်ဆီသို့ လျှောက်တက်သွားတော့သည်။ ပြီးနောက် ပြောလိုက်သည်။ “ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင်လုပ်ဖို့တစ်ခုပဲ ခင်ဗျားသိတယ်၊ ဒီအရာက သူများထိုးနှက်တဲ့အချိန်မှာ ပိုပြီးအားကောင်းအောင် လုပ်ရတာပဲ၊ သဲအိတ်ကြီးလိုက အဆင်မပြေဘူး၊ အခုက ဝိညာဉ်ကို ပိုပြီးအားကောင်းအောင်လုပ်ဖို့ အချိန်တန်ပြီ၊ သွားကြစို့”

All Chapters