← Chapters

အခန်း (၆၄၂)

Vol. 43 Ch. 642

အခန်း (၆၄၂)

Vol. 43 Ch. 642

ဟူး..

ရှောင်ကျီသည် သက်ပြင်းရှည်ကြီးချလိုက်၏။ ပြီးနောက် ရီရှင်းချန်၏အနောက်သို့ လိုက်ပါသွားတော့သည်။

ဝှစ်.. ဝှစ်

သူတို့နှစ်ယောက် အပေါ်သို့ လျှောက်တက်လိုက်သည့်အချိန်မှာပဲ ကြောက်မက်ဖွယ်ရာကောင်းလှသော အားအင်တစ်ခုသည် သူတို့၏ဝိညာဉ်ကို ဖိနှိပ်လိုက်တော့၏။

စမ်းသပ်မှုမျှော်စင်၏ ပဉ္စမထပ်သည် ဝိညာဉ်ကြံ့ခိုင်အောင် ပြုလုပ်ခြင်းပင်ဖြစ်၏။ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သည်းခံ၍ရနိုင်လောက်သည် ဆိုသော်လည်း ခန္ဓာကိုယ်အတွင်းဘက်တွင်ရှိသော ဝိညာဉ်အား ပိုမိုသန့်စင်ကြံ့ခိုင်အောင် ပြုလုပ်ခြင်းသည် ဖော်ပြ၍မရနိုင်သော နာကျင်လှသည့် ခံစားချက်ကို ရရှိစေသည်။

မိနစ်အနည်းငယ်လောက် ကြာပြီးသည့်နောက်မှာတော.. ရှောင်ကျီ၏မျက်နှာပေါ်တွင် ချွေးများ တပေါက်ပေါက်ကျလျက် ရှိနေတော့သည်။ ဝိညာဉ်ကို နှိပ်စက်ခံရခြင်းသည် ငရဲပြည်သို့ သွားရောက်၍ ဒုက္ခခံနေရသည်ထက်ပင် ပိုမို၍အားကောင်းလွန်း၏။

မဖြစ်ဘူး။ ငါ အရှုံးပေးလို့ မဖြစ်ဘူး။

အလွန်တရာ အံ့အားသင့်စရာကောင်းသော ဇွဲနဘဲ ကို ပိုင်ဆိုင်သည့် ရှောင်ကျီသည် နာကျင်မှုကို သည်းခံကာ တောင့်ခံလျက်ရှိနေသည်။

အခြားတစ်ဖက်တွင်ရှိနေသော ရီရှင်းချန်မှာတော့ တည်ငြိမ်လျက် ရှိနေတုန်းပင်ဖြစ်သည်။ သူသည် သူ့အပေါ်ကျဆင်းလာသော ဝိညာဉ်စွမ်းအင်များကို လျစ်လျူရှုထားမိ၏။ သစ်ခုတ်သမားတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ပြန်လည်မွေးဖွားပြီးနောက်မှာတော့ သူ၏ခန္ဓာကိုယ်နှင့် မရီဒန်များအားလုံးသည် အလွန်တရာ အားနည်းလွန်းလှ၏။ သို့ပေမဲ့ ဝိညာဉ်စွမ်းအင်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အားကောင်းလွန်းနေသည်။

နှစ်ပေါင်းထောင်ကျော် မြေအဆီအနှစ်ထဲတွင် နေထိုင်ခဲ့ရသည်ဖြစ်သောကြောင့် သူ၏ဝိညာဉ်သည် သာမန်လူများ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အားကောင်းလွန်း၏။ အထူးသဖြင့် ထိုက်ရွှမ်ကျမ်းကို နားလည်မှုကလည်း မြင့်မားလာခဲ့ပြီဖြစ်သောကြောင့် သူ၏ဝိညာဉ်သည် တစ်စစ ပို၍အားကောင်းလာခဲ့သည်။

စမ်းသပ်မှုမျှော်စင်တိုင်းတွင် အဆင့်သတ်မှတ်ချက်ဟူ၍ရှိ၏။ ညအင်ပါယာသည် ပထမအဆင့် နှင့် အောက်ပိုင်းအဆင့်အနည်းငယ်တို့တွင် မှတ်တမ်းတင်ရလောက်သည့် ရလဒ်မျိုး မရရှိခဲ့ဘူးဆိုသော်လည်း ပဉ္စမအဆင့်သည်တော့ သူ့အတွက် ဖန်တီးပြုလုပ်ထားသည့်အထပ်ဟုပင် ဆိုနိုင်၏်။

သို့ပေမဲ့ တကယ်တမ်း မှတ်တမ်းကို ရရှိသူမှာတော့ ညအင်ပါယာ မဟုတ်ဘဲ ဟယ်ဝူတီပင် ဖြစ်နေသည်။ အထက်နယ်မြေဆီမှ ဆင်းသက်လာသော စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်မို့ သူ၏ကျင့်ကြံခြင်းနှင့် ဝိညာဉ်စွမ်းအား တို့သည် လျှော့ချခြင်းခံလိုက်ရသည် ဖြစ်သည်ဆိုလျှင်တောင်မှ သိုင်းအင်ပါယာ အဆင့်လူတစ်ယောက် နှိုင်းယှဉ်ရနိုင်သည့် အရာတစ်ခု မဟုတ်ပေ။

ထို့ကြောင့် ညအင်ပါယာသည် စမ်းသပ်မှုမျှော်စင်၏အထပ်တိုင်းတွင် မှတ်တမ်းတင်ရေးထိုးနိုင်သူ ဖြစ်လာခဲ့တော့၏။ သို့ပေမဲ့ ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကို ကျင့်ကြံပြီးသည့်နောက်မှာတော့ ညအင်ပါယာသည် ဟယ်ဝူတီနှင့် ရလဒ်ချင်း တဖြည်းဖြည်းယှဉ်လာအောင် ပြုလုပ်လာနိုင်ခဲ့တော့သည်။

ထို့အပြင် ထိုက်ရွှမ်ကျမ်းအား နားလည်မှုသည်လည်း အဆင့်မြင့်ဆုံးတည်နေရာတစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီး ဆက်လက်၍ အဆင့်မတက်နိုင်တော့ချေ။

ထိုအချိန်မှာတော့ ညအင်ပါယာသည် ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကိုသာ အာရုံစိုက်ကျင့်ကြံလျက်ရှိပြီး တခြားသော ကျင့်ကြံခြင်းနည်းစနစ်များအား ခဏဖယ်ရှားထား၏။

….

တစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ ရှောင်ကျီသည် ဝိညာဉ်သန့်စင်ခြင်းလုပ်ငန်းစဉ်အား မခုခံနိုင်တော့ဘဲ ခြေလက်လေးဖက်လုံး မြေပေါ်သို့ထောက်လျက် ရှိနေတော့သည်။ ကံကောင်းစွာဖြင့် သူသည် ဤအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့သည်ဖြစ်သောကြောင့် ဝိညာဉ်တစ်ခုလုံး အပြင်ဘက်သို့ ပို့လွှတ်ခံရသည့် ကျရှုံးမှုကို မရရှိခဲ့ချေ။

ရီရှင်းချန်မှာတော့ ဆက်လက်တောင့်ခံနေတုန်းပင်ဖြစ်သည်။

တစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ သူ၏အမူအရာများသည် ပြောင်းလဲသွားပြီး မျက်မှောင်လည်း ကုပ်လာမိသည်။

ဘုတ်

သုံးနာရီတိတိ သည်းခံထားပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် မြေပေါ်သို့ ငိုက်ကျသွား၏။

၎င်းတို့နှစ်ယောက်သည် အလွန်တရာ မောပန်းစွာဖြင့် စမ်းသပ်မှုမျှော်စင်မှ ပြန်လည်ထွက်ခွာလာခဲ့သည်။

တစ်ညတာ အနားယူပြီးနောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များသည် ပြန်လည်ပြည့်ဝလာခဲ့သည်။ အထူးသဖြင့် ၎င်းတို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်များသည် ပိုမိုအားကောင်းလာခဲ့သည်မှာ ထင်ရှားသွားကြ၏။

စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်ဆီသို့ တက်ရောက်နိုင်ခဲ့သော တပည့်များသည် ပြိုင်စံရှားဂိုဏ်းတွင် အများကြီး မရှိလှပေ။ ဥပမာအားဖြင့် စုရှောင်မိုနှင့် လီဖေးတို့သည် ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်ကိုသာ လည်လည်ဝယ်ဝယ် လျှောက်၍သွားလာနိုင်၏။ ၎င်းတို့နှစ်ယောက်သည် လှုပ်ရှားမှုနည်းစနစ်ကိုသာ အာရုံစိုက်၍ ကျင့်ကြံသောကြောင့်ပင်ဖြစ်၏။ ခန္ဓာကိုယ်ကျင့်ကြံသည့်အဆင့်အား သူတို့သိပ်ပြီး စိတ်မဝင်စားလှချေ။

ဟုတ်ပေသည်။ လီချင်းယန် သည်လည်း စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်ဆီသို့ ချိုးဖြတ်သွားရောက်နိုင်ကြသည်။ ဒါပေမဲ့ သူသည် အဆင့်တိုးတက်ရောက်ရှိရာတွင် ဘက်စုံမျှတသည့် အခြေအနေတစ်ခုကို လိုချင်သောကြောင့် အရမ်းကြီး ပြင်းပြင်းထန်ထန် လေကျင့်ခြင်းမျိုးကို မပြုလုပ်ချေ။

လုံကျိယန် နှင့် အခြားသောသူများမှာတော့ အချိန်ကာလတစ်ခုအတွင်း ဤအထပ်ဆီသို့ မတက်ရောက်နိုင်ကြသေးပေ။ သူတို့အနေနှင့် အောက်ထပ်ရှိ စမ်းသပ်မှုများကို အသားကျပြီးသည်ဆိုမှ အပေါ်ထပ်သို့ ဆက်၍တက်ရန် စဉ်းစားထားသည်။

ကျွင်းချောင်ရှောင်းသည်လည်း စတုတ္ထထပ်နှင့် ပဉ္စမထပ်သို့ သွားရောက်ခဲ့ဖူးသည်လား။ အဖြေကို ပြောရမည်ဆိုလျှင် သွားရောက်ဖူးသည်ဟု ဆိုရမည်။ သို့ပေမဲ့ သူသည် သိုင်းဘုရင်ထိပ်ဆုံးအဆင့်တွင် ပိတ်မိနေသည်ဖြစ်သောကြောင့် တစ်ခါလောက်သာ သွားကြည့်ခဲ့ဖူး၏။

တခြားသော အချိန်များမှာတော့ သူသည် ဂိုဏ်းဖွံ့ဖြိုးတိုးတက်လာဖို့ကိုသာ အာရုံစိုက်လျက်ရှိနေသည်။

သူသွားနေသည့် လမ်းစဉ်သည် တခြားသောသူများနှင့် ခြားနားလှ၏။ ထို့ကြောင့် အချိန်ကုန်ခံပြီးတော့ ကျင့်ကြံရန် မလိုအပ်ချေ။

………

ရေခဲတည်နေရာကြီးတစ်ခုထဲမှာတော့..

မိုင်ပေါင်းတစ်ရာကျော်အတွင်း စားသောက်ဆိုင်လေးတစ်ခုတည်းသာ ရှိနေ၏။ လုချင်းချင်းသည် အထဲသို့ လျှောက်ဝင်လာတော့သည်။

“မုန့်ပဲ စားမှာလား၊ တခြားရော..” စားပွဲထိုးလေးသည် ရောက်ရှိလာပြီး တည်ငြိမ်စွာဖြင့် မေးလိုက်၏။

“မုန့်ပဲ စားမယ်”

စားပွဲထိုးလေးသည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ကောင်းပါပြီ မိန်းကလေး၊ ခဏစောင့်ပါအုံး”

စားသောက်ခန်းထဲတွင် ရှိနေသော ဧည့်သည်များ အားလုံးသည် အရင်တခေါက်ကလို လူများတော့ မဟုတ်တော့ပေ။ သို့ပေမဲ့ အချိန်အတော်ကြာ ငြိမ်သက်ပြီးသည့်နောက်မှာတော့ သူတို့သည် သူတို့ပြောဆိုချင်သည့် အကြောင်းအရာများကိုသာ ဆက်လက်၍ ပြောဆိုနေကြသည်။

အဓိကအကြောင်းအရာမှာ ပြိုင်စံရှားဂိုဏ်းအနေနှင့် လိုင်လီနတ်ဂိုဏ်းကို စိန်ခေါ်သည့်အကြောင်းပင် ဖြစ်တော့၏။

“လေးလကျန်သေးတယ်”

လုချင်းချင်းက ပြောလိုက်၏။ “ငါတို့ အနိုင်ရအောင် လုပ်မှဖြစ်မယ်”

သူမသည် စားစရာများကို ခဏလောက် စားပြီးသည့်နောက်မှာတော့ ငွေများကို စားပွဲပေါ်သို့တင်ကာ စားသောက်ခန်းထဲမှ ထွက်ခွာသွားသည်။

သူမ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ စားသောက်ဆိုင်တစ်ခုလုံးထဲတွင် ရှိနေသော အအေး အော်ရာများသည် ပျောက်ကွယ်သွားကြ၏။ ထိုမှသာလျှင် သိုင်းကျင့်ကြံသူများ အားလုံးသည် လွတ်လွတ်လပ်လပ်နှင့် စားသောက်ပြောဆိုမှုများကို ပြုလုပ်လာနိုင်ကြတော့၏။

……

အအေးနန်းတော်

ပေါက်ကွဲမှုကြောင့် ဖြစ်တည်လာသော တွင်းနက်ကြီးအား ပြန်လည်မြေဖို့ပြီးဖြစ်၏။ အဓိကဟောခန်းကြီးကိုလည်း ပြန်လည်တည်ဆောက်ထားခဲ့၏။

“ရေခဲအင်ပါယာရဲ့ ကျောက်စိမ်းပြား” အအေးနန်းတော်၏သခင်သည် ဒူးခေါင်းများခွေ၍ ကျသွားခဲ့သည်။

လုချင်းချင်းသည် သူ၏ရှေ့မှာ အသာမတ်တပ်ရပ်လျက် ကျောက်စိမ်းပြားကို ပြလိုက်၏။ ပြီးနောက် အေးစက်စက်ပြောလိုက်သည်။ “ရှင်တို့ဂိုဏ်းရဲ့ ဘိုးဘေးအကြီးအကဲကြီးက ပြိုင်စံရှားဂိုဏ်းကို သွားပြီးပြဿနာရှာခဲ့တယ် မဟုတ်လား၊ ဒီကိစ္စကို ဘယ်လိုဖြေရှင်းချင်လဲ”

အအေးနန်းတော်သခင်သည် ငိုချင်စိတ်ပင်ပေါက်သွား၏။ ဘိုးဘေးအကြီးအကဲသည် ထွက်ခွာသွားပြီးသည့် နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းထဲတွင် အထိန်းသိမ်းခံထားရပြီး ပြန်မလာခဲ့ပေ။ သူ ဘာကိုပြော၍ရမည်နည်း။

“မိန်းကလေး”

သူသည် တောင်းပန်တိုးလျှိုးစွာဖြင့် ပြောလိုက်၏။ “မိန်းကလေး ပြောသလို လုပ်ပါ့မယ်”

“စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း” လုချင်းချင်းက ပြောလိုက်သည်။ ပြောပြီးသည့်နောက်မှာတော့ သူမသည် အအေးဓာတ်အော်ရာများကို ထုတ်လွှတ်လိုက်၏။

အအေးနန်းတော်သခင်သည် တုန်လှုပ်သွားသည်။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက ရေခဲအင်ပါယာသည် စိတ်ဝိညာဉ်အအေးချီကို ကျွမ်းကျင်ပြီး မိုင်ပေါင်းတစ်ထောင်ကျော်ကို အေးခဲအောင် ပြုလုပ်နိုင်စွမ်းရှိ၏။ ယခု ဤမိန်းကလေးသည်လည်း တူညီသည့်ဓာတ်သဘာဝများကို ထုတ်ဖော်အသုံးပြုနေသည်။ ဆိုလိုသည်မှာ သူမသည် အမွေအနှစ်များကို ရရှိခံစားခဲ့သည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်တော့၏။

“ကောင်းပြီ၊ ကောင်းပါပြီ” အအေးနန်းတော်၏သခင်သည် အလျင်အမြန်ပဲ ပြောလိုက်၏။ ရာသီဥတုသည် အလွန်တရာ အေးစက်လျက်ရှိ၏။ သို့ပေမဲ့ သူ၏နဖူးပေါ်မှာတော့ ချွေးစက်များ မရပ်မနားကျလျက် ရှိနေတော့သည်။

ဟုတ်ပေသည်။ သူ၏နှလုံးသားထဲတွင်တော့ ဂိုဏ်းရှစ်ဂိုဏ်းမှ ဂိုဏ်းချုပ်များအား ကျိန်ဆဲလျက်ရှိနေသည်။ ဤသူတောင်းစားများသည် သူ့အား အမှန်တရားကို ဖုံးကွယ်ထားခဲ့၏။ ထို့ကြောင့်ပင် သူသည် တံခါးပိတ်ကျင့်ကြံနေသော ဘိုးဘေးအကြီးအကဲကြီးကို သွားရောက်ကာ အကူအညီတောင်းခဲ့ခြင်းပင်ဖြစ်၏။

စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းကို ရရှိပြီးသည့်နောက်မှာတော့ လုချင်းချင်းသည် လက်ကိုမြှောက်လိုက်၏။

ဂီး..

နှင်းစက်ကဲ့သို့ ဖြူဖွေးနေသော ငှက်ကြီးတစ်ကောင်သည် တောင်ပေါ်မှ ဆင်းသက်လာတော့သည်။ ဤသားရဲကြီးသည် မကြီးမားလွန်းပေ။ သို့ပေမဲ့ ဦးခေါင်းတွင် အလင်းတန်းများ ဖြတ်ပြေးနေ၏။

အအေးနန်းတော်သခင်သည် အံ့အားသင့်မိသွား၏။

ရေခဲကြိုးကြာ။

ဤကြိုးကြာသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ဆင်းသက်လာ၏။ လုချင်းချင်းသည် ထိုရေခဲကြိုးကြာပေါ်သို့ ခုန်တက်ကာ ပြောလိုက်တော့သည်။ “မကြာခင်မှာ ရှင့်ဂိုဏ်းက တပည့်တွေကိုခေါ်ပြီး လိုင်လီနတ်ဂိုဏ်းဆီ လိုက်ခဲ့ကြ”

“ကောင်းပါပြီ၊ ကောင်းပါပြီ” အအေးနန်းတော်သခင်သည် အလောတကြီး ပြန်ပြောလိုက်၏။

ဂီး.. ဂီး..

ရေခဲကြိုးကြာသည် တောင်ပံများကို ဖြန့်ကာပင် ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။

ဘုတ်

အအေးနန်းတော်သခင်သည် မည်သို့မျှမခံစားနိုင်တော့ဘဲ မြေပေါ်သို့ ဒူးထောက်ထိုင်ချလိုက်မိ၏။ သူသည် ကြီးမားလှသည့်ဖိအားကြီး ပျောက်ကွယ်သွားသည်ဆိုလျှင်တောင်မှ အသက်ကို ပြင်းပြင်းရှူနေရ၏။

…..

ရွှမ်လင်ဂိုဏ်း ..။

လုချင်းချင်းသည် လေ့ကျင့်ရေးကွင်းပြင်တွင် ဆင်းသက်လိုက်၏။

ဂိုဏ်း၏အကြီးအကဲများ အားလုံးသည် ဟောခန်းထဲမှ ထွက်လာ၍ အလျင်အမြန်နှင့် ဦးညွတ်လိုက်ကြ၏။ အထူးသဖြင့် ဤမိန်းကလေးဆီမှ ထွက်ပေါ်နေသော အော်ရာများသည် ပထမအကြိမ်ဆုံတွေ့ကစဉ်ထက် ပိုမို၍အားကောင်းလာသည်။

ထို့ကြောင့် ရေခဲအင်ပါယာ၏အမွေအနှစ်များနှင့် ပတ်သက်၍ ပိုမိုကာ နက်ရှိုင်းသည့်နားလည်မှုများ ရရှိသွားပြီဟု ချွင်လင်ဂိုဏ်း၏အကြီးအကဲက သုံးသပ်လိုက်မိ၏။

“စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းပေး” လုချင်းချင်းက ပြောလိုက်သည်။

အရှက်မဲ့လှပါသည်ဆိုသော ကျွင်းချောင်ရှောင်းပင်လျှင် ဤကဲ့သို့ တိုက်ရိုက်မတောင်းဆိုပေ။ သို့ပေမဲ့ ၎င်း၏ တပည့်ကြီးမှာတော့ ခပ်တည်တည်ဖြင့် ငွေများကိုတောင်းလျက် ရှိနေတော့သည်။

“ဒီမှာ … ဒီမှာ” ချွင်လင်ဂိုဏ်း၏ဂိုဏ်းချုပ်သည် လျင်လျင်မြန်မြန်ပဲ စိတ်ဝိညာဉ်ကျောက်တုံးများ ပါဝင်သော သိုလှောင်လက်စွပ်များအား ကမ်းပေးလိုက်၏။

လုချင်းချင်းသည် ထွက်ခွာမသွားခင်မှာ ပြောလိုက်၏။ “မကြာခင်မှာ လိုင်လီနတ်ဂိုဏ်းကို ရှင့်ရဲ့တပည့်တွေ ခေါ်ခဲ့တော့”

“နားလည်ပါပြီ၊ နားလည်ပါပြီ”

ရွှမ်လင်ဂိုဏ်းချုပ်သည် ကြောက်လန့်မှုနှင့် တုန်ယင်လျက်ရှိ၏။

ပြီးသည့်နောက်မှာတော့ လုချင်းချင်းသည် တခြားသော ဂိုဏ်းခုနှဏ် ဂိုဏ်းဆီသို့ သွားရောက်ခဲ့လိုက်သည်။ ထုံးစံအတိုင်းပင် စိတ်ဝိညာဉ်ကျောက်တုံးများကို တောင်းဆိုခဲ့ပြီး လိုင်လီနတ်ဂိုဏ်းသို့ လိုက်လာရန် မှာကြားခဲ့သည်။

“လိုင်လီနတ်ဂိုဏ်းဆီကို ဘာသွားလုပ်ရမှာလဲ”

“ပြိုင်စံရှားဂိုဏ်းက လိုင်လီနတ်ဂိုဏ်းကို သွားစိန်ခေါ်တယ်လေ။ ဒီတော့ ကျုပ်တို့က သူတို့ကို သွားအားပေး ရမှာပေါ့”

“အဲလိုမျိုးလား”

“အဆင့်ငါး ဂိုဏ်းတစ်ခုက အဆင့်နှစ် ဂိုဏ်းတစ်ခုကို စိန်ခေါ်မှာတဲ့။ ဒါက နည်းနည်း ကြောင်တောင်တောင်နိုင်တယ်။ ကျုပ်တို့သွားပြီး အားပေးရင်ရော ဘာများဖြစ်လာမှာမို့လို့လဲ”

ဂိုဏ်းချုပ်များသည် အတူတကွထိုင်ကာ ဆွေးနွေးလျက်ရှိနေကြသည်။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းအား ကြီးကြီးမားမား မျှော်လင့်မထားကြသည်ဖြစ်သော်လည်း ရေခဲအင်ပါယာ၏ဆက်ခံသူသည် ထိုသို့ပြုလုပ်ရန် ပြောဆိုနေသည်ဆိုမှတော့ လိုက်နာရန်သာ ရှိတော့၏။

…..

“စီနီယာအစ်မကြီး ပြန်လာပြီဟေ့၊ စီနီယာအစ်မကြီး ပြန်လာပြီ”

စုရှောင်မိုသည် ပြိုင်စံရှားဂိုဏ်းတစ်ခုလုံး ကြားသွားအောင် အော်ဟစ်လိုက်တော့သည်။

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းမှ ထွက်ပေါ်လာပြီးသည့်နောက်မှာ ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်သည်။ အဖြူရောင်ကြိုးကြာကြီးသည် တောင်ပံကိုဖြန့်ကြက်ကာ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့၏။

လုချင်းချင်းသည် ကြိုးကြာပေါ်မှ ခုန်ဆင်းပြီးသည့်နောက် လက်သီးကိုဆုပ်လိုက်၏။ “တပည့်လုချင်းချင်း၊ လေ့ကျင့်ရာကနေ ပြန်လာပါပြီ”

ဂိုဏ်းရှိတပည့်များ အားလုံးသည် စုဝေးလာကြပြီး ၎င်းတို့၏ စီနီယာအစ်မကြီးကို လာရောက်ကြိုဆိုလိုက်၏။ မမြင်ရတာ ကြာပြီဖြစ်သော အစ်မကြီးကို မြင်ရချိန်မှာတော့ သူတို့သည် တောက်ပစွာ ပြုံးမိကြ၏။

“အစ်မကြီး”

လျှိုဝမ်ရှစ်၏မျက်လုံးများသည် နီရဲလျက်ရှိ၏။ ချုရှိုးနန် ၊ ဟုန့်လင်နှင့် အခြားသောတပည့်များ အားလုံးသည်လည်း မျက်လုံးပြူးသွားမိကြ၏။

သူတို့သည် လုချင်းချင်းအကြောင်းကို အရင်က ကြားဖူးခဲ့၏။ သို့ပေမဲ့ တစ်ခါမှ မမြင်ဖူးချေ။ လက်ရှိတွေ့ရချိန်မှာတော့ ၎င်းတို့၏ စီနီယာအစ်မကြီးသည် အလွန်တရာ ချောမောလွန်းသည်ကို မျက်မြင်ထင်ရှား တွေ့လိုက်ရတော့သည်။

“ပြန်လာတာ ကောင်းတယ်”

ကျင်းချောင်ရှောင်းက ပြောလိုက်၏။ “ပြန်လာတာ သိပ်ကောင်းတာပေါ့”

All Chapters