← Chapters

အခန်း (၆၄၄)

Vol. 43 Ch. 644

အခန်း (၆၄၄)

Vol. 43 Ch. 644

*

အရင်တုန်းက နတ်စမ်းချောင်းဂိုဏ်းသို့ သွားရောက်စိန်ခေါ်ခဲ့စဉ်က ကျွင်းချောင်ရှောင်းသည် လူအနည်းငယ်ကို ခေါ်သွားခဲ့၏။

လက်ရှိအခြေအနေမှာတော့ လိုင်လီနတ်ဂိုဏ်းကို သွား၍ စိန်ခေါ်ရမည်ဖြစ်သောကြောင့် ပိုမို၍ အလေးထားရ ပေမည်။ အကြီးအကဲများမှာ ကျန့်ရာ၊ နင်ညီအစ်ကိုနှင့် အကြီးအကဲကဲ့တို့ ပါဝင်နေ၏။ ဟောခန်းသခင်ဖြစ်သော ကျန်းတယ်ကျွင်းလည်း ပါဝင်၏။ မိစ္ဆာသူတော်စင် ဝူကျူးနှင့် အအေးနန်းတော်မှ ဘိုးဘေးအကြီးအကဲကြီးလည်း လိုက်ပါလာကြ၏။ ၎င်းတို့နှစ်ယောက်သည် ဂိုဏ်းထဲသို့ ဝင်ရောက်ခြင်း မပြုရဟုဆိုသော်လည်း ၎င်းတို့၏ ဝိညာဉ် အရင်းအမြစ်များသည် ကျွင်းချောင်ရှောင်း၏ ထိန်းချုပ်မှုကို ခံထားရသည်။ ထို့ကြောင့် အလုံးစုံအားကိုးရသော အစေခံများ ဖြစ်လာကြသည်။

လီလိုရှုနှင့် အကြီးအကဲဝေတို့သည် လိုက်ပါမလာကြချေ။ ၎င်းတို့သည် ဂိုဏ်း၏ နေ့စဉ်ကိစ္စရပ်များကို ပြုလုပ်ရန် အတွက် ဂိုဏ်းအတွင်း၌ နေထိုင်ခဲ့ကြ၏။ ကျွင်းချောင်ရှောင်းအနေနှင့် လိုင်လီနတ်ဂိုဏ်းကို စိန်ခေါ်မည့်ကိစ္စအား အလွန်တရာ အရေးကြီးသောနေရာတွင် ထားထား၏။

အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းသည်သာ ရှုံးနိမ့် ခဲ့မည်ဆိုပါက လောကကြီးတစ်ခုလုံးသည် ၎င်းတို့အား လှောင်ပြောင်ရယ်သွမ်းဖွဲ့ကြမှာ သေချာသည်။ အလုံးစုံသော အားအင်အဆင့်ကို ပိုင်ဆိုင်ထားမှသာလျှင် ကုန်းမြေတိုက်ကြီးထဲတွင် အသက်ရှင်သန်နိုင်မှာဖြစ်သည်။

သူသံမဏိအရိုးတောင်မှ ဆင်းသက်လာသည့်အချိန်တွင် များပြားလှသည့်လူများသည် တော၏အစပ်တည်နေရာ ၌ ပေါ်လာကြသည်။ ခေါင်းဆောင်လာသူမှာ မြို့တော်ဝန်ရှဲ့ပင်ဖြစ်၏။ သူ၏နောက်တွင်တော့ ချင်းယန်နိုင်ငံတွင် ရှိသော များပြားလှသည့် မိသားစုများမှ ခေါင်းဆောင်များပင်ဖြစ်ကြ၏။ ထို့ပြင် သိုင်းကျင့်ကြံသူများနှင့် သာမန်လူ များလည်း ပါဝင်နေသေး၏။ အနောက်မှ တွဲလောင်းတွဲလောင်းနှင့် လိုက်ပါလာကြသော ကလေးများသည်ပင်လျှင် ရှိ၏။

လိုင်လီနတ်ဂိုဏ်းသည် အလွန်ဝေးကွာသော တည်နေရာတွင်ရှိသည်မို့ မြို့တော်ဝန်ရှဲ့သည် လိုက်ပါ အားမပေးနိုင် ခဲ့ချေ။ ထို့ပြင် ဒုတိယအဆင့်ဂိုဏ်းတစ်ခုသည် သူတို့အား ဝင်ခွင့်ပေးလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် လက်ရှိအချိန် တွင် ဂိုဏ်းချုပ်ကျွင်းအား လိုက်ပါ ပို့ဆောင်ရန်သာတတ်နိုင်ကြ၏။ ဟွာရန်မြို့ရှိ အိုက်မိသားစုနှင့် တခြားသော မြို့အသီးသီးမှ မိသားစုခေါင်းဆောင်များသည်လည်း လိုက်ပါပို့ဆောင်ကြသည်။

“ဂိုဏ်းချုပ်ကျွင်း”

မြို့တော်ဝင်ရှဲ့သည် မတ်တပ်ရပ်ကာ လက်သီးကို ဆုပ်၍ ပြောလိုက်၏။ “ကျုပ် မလိုက်နိုင်တာကို ခွင့်လွှတ်ပေးပါ၊ ပြိုင်စံရှားဂိုဏ်းက တကယ့်ကို ပြိုင်စံရှားစေဖို့ မျှော်လင့်မိတယ်”

“ပြိုင်စံရှား... ပြိုင်စံရှားရမယ်”

ချင်းယန်မြို့ရှိ လူများအားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။ မြို့တော်ဝန်ရှဲ့သည် ၎င်းတို့အား အသိပေးခြင်း မပြုလုပ်ခဲ့ပေ။ မိမိဘာသာ ပြိုင်စံရှားဂိုဏ်းအား နှုတ်ဆက်ရန် လာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ သူတို့၏မြို့ကို ကာကွယ် ပေးခဲ့သူ၊ သူတို့၏ နိုင်ငံကို ကာကွယ်ပေးခဲ့သူ၊ ၎င်းတို့ ကျေးကျွန်များ ဖြစ်ရခြင်းမှ ကာကွယ်ပေးခဲ့သူများ တိုက်ပွဲ အတွက် သွားရောက်ချိန် သူတို့သည် တကူးတက လိုက်ပါပို့ဆောင်ဖို့ မမေ့လျော့ခဲ့ကြချေ။

လူပေါင်းတစ်သိန်းလောက် တောင်ခြေရင်းတွင်ရပ်ကာ သံပြိုင်အော်ဟစ်လိုက်သောအသံကို ကြားချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ကျေနပ်မှုကြောင့် ကြက်သီးများပင်ထမိကြသည်။ ၎င်းတို့၏ အသံများသည် ကောင်းကင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ အပြင်လောကတွင်တော့ များပြားလှသော ကျင့်ကြံသူများသည် ပြိုင်စံရှားဂိုဏ်းကို ဂရုမစိုက်ကြချေ။ အလေးလည်း မထားကြချေ။ သို့ပေမဲ့ ချင်းယန်နိုင်ငံမှာတော့ ဂိုဏ်းသည် သိုင်းကျင့်ကြံသူများ၏ နတ်ဘုံနတ်နန်းပင် ဖြစ်တော့သည်။

“သား”

လီမိသားစုခေါင်းဆောင်က ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းကို အရှက်မရစေနဲ့”

သူ့အဖေ၏ ဆံပင်များသည် ဖြူဖွေးလာသည်ကို မြင်ရချိန်မှာတော့ လီချင်းယန်သည် စိတ်ထဲမှာ ကြုံးဝါးလိုက်မိ၏။ အဖေ စိတ်မပူနဲ့၊ သားက ရှိသမျှ အားကုန်ထုတ်ပြီး ဂိုဏ်းကို ကာကွယ်မှာ။

အဘိုးကြီးစုန့်သည်လည်း သူ၏သား စုန့်ရွှမ်ကျူး အား အားပေးလျက်ရှိသည်။ လက်ရှိအချိန်မှာတော့ ပြိုင်စံရှား ဂိုဏ်းထဲတွင် ရှိနေသော သူတို့၏ ကလေးများအတွက် မိဘများသည် အလွန်တရာ ဂုဏ်ယူနေကြ၏။

ကျွင်းချောင်ရှောင်းသည် သူ့ကို လိုက်ပါပို့ဆောင်ကြသော ချင်းယန်နိုင်ငံမှ လူများကို ကြည့်ပြီး နှလုံးသားတွေ နွေးထွေးလာမိ၏။ ၎င်းတို့၏ အားပေးမှုနှင့်အတူ သူသည် ပိုမို၍ စိတ်ဓာတ်တက်ကြွလာသည်။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် ရှင်းလင်းစွာပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက အောင်ပွဲနှင့်အတူ ပြန်လာမှာကို စောင့်နေကြပါ”

လူပေါင်းအားလုံး၏ အကြည့်အောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် သူ၏ တပည့်များကို ဦးဆောင်ကာ အရှေ့အရပ်သို့ ဦးတည်သွားတော့သည်။ အချိန်အတော်ကြာ ခရီးသွားပြီးသည့်နောက်မှာတော့ သူသည် အနောက်ဘက်မှ အော်ဟစ်လိုက်သည့်အသံ သဲ့သဲ့ကို ကြားလိုက်ရ၏။

“ပြိုင်စံရှားဂိုဏ်းက ပြိုင်စံရှားတယ်၊ မရှုံးနိမ့်နိုင်ဘူး”

ဤစကားလုံးများသည် ပြိုင်စံရှားဂိုဏ်းတပည့်များ၏ သွေးများကို ဆူဝေသွားစေ၏။ ၎င်းတို့၏ မျက်လုံးထဲ တွင်တော့ တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒများသည် ပိုမို၍ များပြားလာသည်။

“လိုင်လီနတ်ဂိုဏ်း... အားရပါးရ တိုက်ခိုက်ကြမယ်”

……..

လိုင်လီနတ်ဂိုဏ်း

လက်ရှိအခြေအနေမှာတော့ အဓိကတောင်ထိပ်ဆီသို့ သွားရာလမ်းတွင် များပြားလှသော ကျင့်ကြံသူများသည် တောင်ပေါ်သို့ တက်လျက်ရှိသည်။ ထိုသူတို့ထဲတွင် အရှေ့မြောက်အရပ်မှလာသော အဆင့်လေးဂိုဏ်းကြီး ရှစ်ဂိုဏ်းလည်း ပါဝင်နေသည်။

တခြားသော ခေါင်းဆောင်တို့သည် ထိုအချင်းအရာကို မြင်တော့ မျက်လုံးထဲတွင် အံ့အားတသင့် ဖြစ်ကုန်ကြ၏။

အရှေ့မြောက်လုကျိုးဆီမှ သိုင်းကျင့်ကြံသူများသည် ရေခဲသဘာဝကို ကျင့်ကြံ ကြသည်ဖြစ်ပြီး ဤကဲ့သို့သော ကုန်းမြေလွင်ပြင်ဆီသို့ ခြေချခြင်း မပြုကြချေ။ အဘယ်ကြောင့် ဤမျှများပြားသော ကျင့်ကြံသူများ ရောက်ရှိလာရသနည်း။

“မကြာသေးခင်က ကျွင်းချောင်ရှောင်းက တပည့်တွေကို ဦးစီးပြီး အအေးနန်းတော်ကို သွားရောက်တိုက်ခိုက် ခဲ့တယ်လေ၊ ဒါကြောင့် ဂိုဏ်းကြီးကိုးဂိုဏ်းက ပူးပေါင်းပြီး ကာကွယ်ခဲ့ကြတယ်လေ၊ အခုလိုင်လီနတ်ဂိုဏ်းကို စိန်ခေါ်တယ်ကြားတော့ ပြိုင်စံရှားဂိုဏ်းကို လာလှောင်တာ နေမှာပေါ့”

“ဒါ ဟုတ်နိုင်တယ်” အားလုံးသည် သဘောတူညီလိုက်ကြ၏။

“ဒီဂိုဏ်းက အခုတလောမှ ကျော်ကြားလာတယ်ဆိုပေမဲ့ အရမ်းကို ရဲတင်းလွန်းတယ်၊ သူတို့က တပည့်တွေကို ခေါ်ပြီး အရှေ့မြောက်လုကျိုးကို ဦးတည်သွားရဲရုံသာမက အဆင့်နှစ်လိုင်လီဂိုဏ်းကိုတောင်မှ စိန်ခေါ်ရဲနေ ကြတယ်”

“ကျွင်းချောင်ရှောင်းက ငယ်ရွယ်သေးတယ်လို့ ကျုပ်ကြားဖူးတယ်၊ သူက အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတယ်”

“လူငယ်တွေဆိုတာက သွေးဆူလွယ်တာကိုး”

လိုင်လီနတ်ဂိုဏ်းဆီသို့ လာရာလမ်းမှာတော့ များပြားလှသော သိုင်းကျင့်ကြံသူများသည် စကားပြောဆိုလျက်ရှိ သည်။ သူတို့အနေနှင့် ပွဲကြည့်ရှုရာတွင် အားရပါးရ ကြည့်ရှုရမည်ကို မျှော်လင့်နေကြသည်။

ပြိုင်စံရှားဂိုဏ်းသည် လိုင်လီနတ်ဂိုဏ်းကို စိန်ခေါ်ခဲ့လေသည်လား။ ဤအရာသည် စစ်ရထားကို ရပ်တန့်ရန် ကြိုးစားသော ပိုးနှံကောင် နှင့်ပင် ဆင်တူနေသည်။ ပြိုင်စံရှားဂိုဏ်းသည် မိမိကိုယ်ကို အထင်ကြီးနေခြင်းသာ ဖြစ်ရမည်။

အာဝူး အာဝူး

ထိုအချိန်မှာတော့ ဝံပုလွေအော်သံများသည် တောင်၏ခြေရင်းဆီမှ ထွက်ပေါ်လာပြီးသည့်နောက် အားလုံး၏ အာရုံသည် ထိုနေရာဆီသို့ ရောက်ရှိသွား၏။ မကြာခင်မှာပဲ များပြားလှသော ဝံပုလွေသားရဲများသည် သူတို့၏ ကျောကုန်းပေါ်၌ သိုင်းကျင့်ကြံသူများကို တင်ဆောင်ကာ တောင်တတ်လမ်းဆီသို့ တက်သွားကြ၏။

“လေပွေဝံပုလွေတွေလား”

များပြားလှသော ကျင့်ကြံသူများသည် အံ့အားတသင့် ဖြစ်သွားကြသည်။

“ဒါက လေပွေဝံပုလွေတွေမဟုတ်ဘူး”

သားရဲများအကြောင်းကို သိရှိသော သိုင်းကျင့်ကြံသူတစ်ယောက်က မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒါက ဟာရီကိန်းဝံပုလွေတွေပဲ”

“ဟာရီကိန်းဝံပုလွေ ဟုတ်လား”

အားလုံးတို့သည် အံ့အားသင့်ကုန်ကြ၏။ ဤအရာသည် အဆင့်မြင့်ဝံပုလွေ သားရဲများပင်ဖြစ်သည်။ ထိုကဲ့သို့သော အကောင်များအား စီးလို့ရသည်အထိ ထိန်းကျောင်းနိုင်ဖို့ဆိုသည်မှာ ခက်ခဲလွန်းလှသည်။ ယခု လူပေါင်းများစွာ တို့သည် ဝံပုလွေပေါင်းများစွာကို စီးနင်းနေ၏။ ထိတ်လန့်ဖွယ်ရာပင် ဖြစ်၏။

“ပြိုင်စံရှားဂိုဏ်းက လူတွေပဲ”

“ဟုတ်တယ်၊ သူတို့က အရှေ့မြောက်လုကျိုးကို သွားတုန်းက ဝံပုလွေသားရဲတွေကို စီးနင်းသွားတယ်လို့ ကြားတယ်”

“ဒီလောက်ဝံပုလွေတွေ အများကြီးကို ထိန်းကျောင်းနိုင်တဲ့ စွမ်းရည်ရှိမှတော့ ဒီဂိုဏ်းက အရည်အချင်းတော့ ရှိသားပဲ”

ဂီး

ရုတ်တရက်ဆိုသလိုပဲ ကြိုးကြာအော်သံတစ်ခုသည် ကောင်းကင်ပေါ်မှ ထွက်ပေါ်လာ၏။ အလွန်တရာ အေးစက် လွန်းသော အော်ရာများသည် လေထုထဲတွင် ပြည့်နှက်နေပြီး အားလုံးသည့် ကြက်သီးထသွားကြ၏။ တပြိုင်နက် တည်း အပေါ်သို့ မော့ကြည့်လိုက်သည့်အချိန်တွင်တော့ အဖြူရောင်ကြိုးကြာတစ်ကောင်သည် အတောင်ပံကိုဖြန့်ကာ ပျံသန်းလာသည်ကို မြင်လိုက်ရ၏။

“ရေခဲကြိုးကြာပါလား”

“ဒါက လုကျိုးပြည်နယ်မှာရှိတဲ့ အရမ်းလှတဲ့ ငှက်ပဲ”

အားလုံး၏ မေးရိုးများသည် ပြုတ်ကျသွား၏။ ရေခဲကြိုးကြာသည် အလွန်တရာ အားကောင်းလှသည် မဟုတ် သော်လည်း လူများကို သယ်ဆောင်၍ ပျံသန်းနိုင်၏။ ထို့ပြင် ခရီးဝေးသွားလာရာတွင် ကောင်းမွန်လှသည့် သားရဲ ဖြစ်သည်။ ထို့ကြောင့် များပြားလှသော ကျင့်ကြံသူများသည် ထိုအရာကို လိုချင်စိတ်ပင် ဖြစ်နေကြ၏။ ကံမကောင်း သည်မှာ ဤသို့သော သတ္တဝါသည် အလွန်တရာ ရှားပါး၏။ ရှေးယခင်တည်းက လူအနည်းငယ်လေးသာ ထိုသတ္တဝါ မျိုးကို ထိန်းကျောင်းနိုင်စွမ်းရှိသည်။

“အပေါ်မှာလည်း လူတစ်ယောက် ရှိတယ်ဟ”

များပြားလှသော ကျင့်ကြံသူများသည် ရေခဲကြိုးကြာ၏ ကျောပေါ်တွင် မတ်တပ်ရပ်နေသော လုချင်းချင်းအား မြင်လိုက်ရ၏။ ဤအမျိုးသမီးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဆုံးစွန်လှပလွန်းလှ၏။ သေမျိုး လောကထဲသို့ ဆင်းသက်လာသည့် နတ်မိမယ်တစ်ပါးကဲ့သို့ ဖြစ်နေ၏။

“လှလိုက်တာ၊ ဒါက လိုင်လီနတ်ဂိုဏ်းရဲ့ တပည့်လား”

“သူမက ရေခဲအော်ရာတွေကို ထုတ်လွှတ်နေတယ်၊ လုကျိုးပြည်နယ်က ရေခဲဓာတ်အမျိုးအစား သိုင်းကျင့်ကြံသူ မဖြစ်နိုင်ဘူးလား”

အားလုံးသည် စတင်ကာ ပြောဆိုနေကြသည်။ သို့ပေမဲ့ သူတို့သည် မည်သို့ပင်တွေးတောနေပါစေ ဤငယ်ရွယ်ပြီး လှပသော မိန်းကလေးသည် အရှေ့မြောက်လုကျိုးဘက်ဆီမှ ဖြစ်ကြောင်း သူတို့ တွေးထင်လိုက် မိကြသည်။ လက်ရှိအခြေအနေမှာတော့ အအေးနန်းတော်ဆီမှ သိုင်းကျင့်ကြံသူများနှင့် တခြားသော ကျင့်ကြသူ များသည် သူတို့၏ရှေ့မှ ဖြတ်လျှောက်သွားသည်ကို သတိပြုမိ၏။ ၎င်းတို့၏ မျက်လုံးများသည် အံ့အားသင့်မှု များနှင့် ပြည့်နှက်နေပြီး ထိုသို့သော သူများကို ဦးစီးဦးဆောင် ရောက်ရှိလာခဲ့သူမှာ ဤအမျိုးသမီးပင်ဖြစ်မည်ဟု အားလုံးက ခန့်မှန်းမိကြ၏။

ဂီး

လင်းယုန်ငှက်ကြီးတစ်ကောင်၏ အော်သံထွက်ပေါ်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် နတ်ဆိုးလင်းယုန်ငှက် ကြီးအပေါ်တွင် မတ်တပ်ရပ်လျက် ကောင်းကင်ပေါ်၌ ပျံသန်းနေသည်။ တစ်ကောင်က အဖြူရောင်ဖြစ်၍ တစ်ကောင်က အမဲရောင်ဖြစ်၏။ တစ်ကောင်က ရှေ့ကသွား၍ တစ်ကောင်က နောက်ကလိုက်သည်။ သိုင်းကျင့်ကြံ သူများအားလုံးသည် လိုချင်အားကျမှုဖြင့် မော့ကြည့်နေကြသည်။

“ကျွင်းချောင်ရှောင်း”

တချို့သောသူများသည် မှတ်မိလိုက်ကြသဖြင့် အံ့အားတသင့်ဖြင့် ထအော်လိုက်သည်။

“မဖြစ်နိုင်ပါဘူး”

ကျွမ်းကျင်သူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ “ဒီလူက တကယ်ပဲ ပျံသန်းနိုင်တဲ့ သားရဲကြီးကိုတောင်မှ ထိန်းချုပ်ထားနိုင်တာပဲ”

ဝှစ် ဝှစ်

လီချင်းယန်နှင့် တခြားသော သူများသည် ဟာရီကိန်းဝံပုလွေများကို စီးနင်းကာ သူတို့အား ကျော်ဖြတ်သွားကြ၏။ ရုတ်တရက်လေလှိုင်းအဟုန်များကြောင့် သိုင်းကျင့်ကြံသူများ၏ အဝတ်နှင့် ဆံပင်များသည် ပွစာကျဲသွားကြသည်။

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ လိုင်လီနတ်ဂိုဏ်း၏ ဂိတ်တံခါးဆီသို့ တပည့်များသည် ရောက်ရှိလာကြပြီး ညီညီညာညာ မတ်တပ်ရပ်နေ၏။

“ဟာရီကိန်းဝံပုလွေတွေရှိတော့ ဘာလုပ်လို့ရမှာလဲ၊ သူတို့ဝင်သွားပြီဆိုတာနဲ့ ဒုတိယအဆင့်ဂိုဏ်းတစ်ခုက ပက်ပက်စက်စက် ရိုက်နှက်ပစ်လိမ့်မယ်”

ကျင့်ကြံသူများအားလုံးသည် အထင်အမြင်သေးစွာဖြင့် ကြည့်နေကြ၏။ ပြိုင်စံရှားဂိုဏ်းသည် သူတို့မနာလိုလောက်သည့် ဟာရီကိန်းဝံပုလွေများကို ပိုင်ဆိုင်သူများဖြစ်နေကြသည်။ ထို့ကြောင့်ပင် အပြစ်တင်ပြောဆိုနေကြ ခြင်းဖြစ်၏။

ဘုတ်

နတ်ဆိုးလင်းယုန်နက်ကြီးသည် အမြင့်မှ ဆင်းသက်လာပြီး ဂိတ်တံခါး၏ရှေ့တွင် ရပ်တန့်လိုက်တော့သည်။

ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောဆိုလိုက်၏။ “သုံးနှစ်တာ သဘောတူညီချက်အရ တပည့်တွေကို လိုင်လီနတ်ဂိုဏ်းဆီ ခေါ်လာခဲ့ပါပြီ”

All Chapters