← Chapters

အခန်း (၆၄၆)

Vol. 44 Ch. 646

အခန်း (၆၄၆)

Vol. 44 Ch. 646

ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဒုတိယအဆင့် ဂိုဏ်းတစ်ခုကို စိန်ခေါ်ရဲသည်ကို စဉ်းစားကြည့်လိုက်ရုံနှင့် ၎င်း၏ ဦးနှောက်သည် ကောင်းမွန်သည်မဟုတ်ပဲ တစ်ခုခု လွဲမှားနေသည်ကို သိရှိနိုင်၏။ ထိုသို့တွေးကြည့်ပြီး သည့်နောက် တွင် အားလုံးသည် စိတ်သက်သာရာ ရမိသွားသည်။

“ဟမ့်”

နောက်ကျောဘက်တွင် ဓားတစ်စင်းကို လွယ်ထားသော အဘိုးအိုတစ်ယောက်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “လိုင်လီနတ်ဂိုဏ်းက ဒီလောက်များပြားတဲ့ အတွင်းစည်းတပည့်တွေကို ခေါ်ထုတ်ပြီး လေးစားမှုကို ပြသပြီးပြီ၊ ဂိုဏ်းချုပ်ကျွင်း... ကျေးဇူးပြုပြီး ကိုယ့်အဆင့်ကိုယ်သိပေးပါ”

ကျွင်းချောင်ရှောင်းသည် ထိုသူအား လှမ်းကြည့်ကာ မေးလိုက်၏။ “ခင်ဗျားက”

“နတ်ဓားဂိုဏ်းရဲ့ အကြီးအကဲ” အဘိုးအို၏လေသံသည် တည်ငြိမ်နေ၏။ ၎င်း၏ခန္ဓာကိုယ်ဆီမှ အသားလွတ် မောက်မာမှုမျိုး အရှိန်အဝါများ ထွက်ပေါ်လျက်ရှိ နေသည်။

“ဒါက ဒုတိယအဆင့် ဓားဂိုဏ်းတစ်ခုပဲ”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “ဒီလောက်အားကောင်းတဲ့ အော်ရာတွေ ထွက်ပေါ်နေတာ အံ့အားသင့်စရာတော့ မဟုတ်တော့ဘူး၊ မလေးမစား ပြုမူမိတဲ့အတွက် တောင်းပန်ပါတယ်”

နတ်ဓားဂိုဏ်းမှ အကြီးအကဲသည် ထူးမခြားနားသလို ပြောလိုက်၏။ “မြို့တော်ဝန်မူကလည်း ဒီမှာ ရှိနေတယ်လေ၊ မြန်မြန် ရှောင်ကျီကို ခေါ်ထုတ်ပြီး တိုက်ခိုက်လိုက်ကြတော့၊ ရှုံးသွားပြီဆိုလည်း မြန်မြန်ရှုံးသွားတော့ ပိုမကောင်းဘူးလား”

“...”

မြို့တော်ဝန်မူသည် ငြိမ်သက်တိတ်ဆိတ်နေသည်။

ငါဒီကို ပွဲလာကြည့်ဖို့လာတာလေ၊ ဘယ်လိုဖြစ်ပြီး ကိစ္စအားလုံး ငါ့ကို ဆွဲထည့်နေရတာလဲ။

“ရှုံးနိမ့်တယ် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြုံးလိုက်၏။ ပြီးနောက် ချမ်းဟွာရှင်းကို ကြည့်ကာ ပြောလိုက် တော့သည်။ “ဒီလိုဆိုရင် ထပ်ပြီး အချိန်မဖြုန်းတော့ဘူး၊ စကြတာပေါ့၊ ရွှမ်ကျူး... သွားတိုက်ခိုက်တော့”

“ကောင်းပါပြီ”

စုန့်ရွှမ်ကျူး သည် အရှေ့သို့ လှမ်းတက်သွား၏။ ပြီးနောက် သူသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် မတ်မတ် ရပ်လျက်ရှိသည်။ ပထမဦးဆုံး တိုက်ခိုက်ရန် ဂိုဏ်းချုပ်သည် သူ့အားရွေးချယ်ခဲ့သည်မို့ သူ၏သွေးများသည် ဆူဝေ လျက်ရှိသည်။

စိန်ခေါ်သူမှာ ရှောင်ကျီမဟုတ်သည်ကို မြင်ရသည့်အချိန်မှာတော့ ချမ်းဟွာရှင်းသည် မျက်မှောင် ကုတ်မိသွား၏။ “ဂိုဏ်းချုပ်ကျွင်း.... ရှင်တကယ်ပဲ တပည့်တွေကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ဖို့ စီစဉ်ထားတာလား”

သူမသည် အချိန်အများကြီး မဖြုန်းတီးချင်ပေ။ သူမ၏ တပည့်အပေါ် အလွန်တရာ ယုံကြည်မှုရှိသည်မို့ ရှောင်ကျီကို မြန်မြန်ဆန်ဆန် တိုက်ခိုက်ပြီး အနိုင်ယူနိုင်လျှင် ကောင်းပြီဟု ဆုံးဖြတ်ထားသည်။

ပြိုင်စံရှားဂိုဏ်း မှာတော့ တပည့်များ တစ်ယောက်ပြီးတစ်ယောက်ခေါ်ထုတ် စိန်ခေါ်တိုက်ခိုက်ရန် စဉ်းစားနေ၏။

“အမှန်ပါပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ့အနေနှင့် ရှောင်ကျီကို ပထမဦးဆုံး ခေါ်ထုတ်၍ တိုက်ခိုက်ရန် အစီအစဉ် မရှိပေ။ ထို့ပြင် ဤအရာသည် နောက်ဆုံးတိုက်ပွဲဖြစ်မည်ဟု ဆုံးဖြတ်ထားသည်။

ဟမ့်

နတ်ဓားဂိုဏ်း၏ အကြီးအကဲသည် ထူးမခြားနားသလို ပြောလိုက်သည်။ “မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ”

၎င်းတို့နှင့် လိုင်လီနတ်ဂိုဏ်းသည် မဟာမိတ်များဖြစ်သည်ကို ကျွင်းချောင်ရှောင်း ကောင်းကောင်းသိ၏။ ထို့ကြောင့် ဝင်ရောက်ကာ ပြောဆိုနေခြင်းဖြစ်သည်မို့ သူအလေးမထားတော့ချေ။

“ကောင်းပြီ”

ချမ်းဟွာရှင်းသည် သူ၏လက်ကို မြှောက်လိုက်တော့သည်။

ရွှီး

လှပလွန်းသောမိန်းကလေးတစ်ယောက်သည် အရှေ့ဆီသို့ လျှောက်ထွက်လာသည်။ သူမသည် လိုင်လီနတ်ဂိုဏ်းရဲ့ အပြင်စည်းတပည့်တစ်ယောက်ဖြစ်သည်။ အားအင်အဆင့်မှာမူ သိုင်းစစ်သူကြီး အဆင့်ကိုးသို့ ရောက်ရှိနေပြီ ဖြစ်၏။

စုန့်ရွှမ်ကျူး သည် အနည်းငယ်ဆွံ့အသွားသည်။ သိုင်းပညာကို စတင်လေ့ကျင့်ကတည်းက မိန်းကလေးတစ်ယောက်နှင့် တိုက်ခိုက်ဖို့ ပထမဦးဆုံးအကြိမ် ဖြစ်နေသည်။ ရှောင်လွှဲ၍ မရနိုင်ဘူး ဟုဆိုသော်လည်း စိတ်မသက်မသာတော့ ဖြစ်နေသည်။

သို့ပေမဲ့ ဂိုဏ်းချုပ်၏ သတိပေးမှုကို ပြန်လည်ကြားယောင်မိသည်။ အမျိုးသမီးပင် ဖြစ်လင့်ကစား အလွန်တရာ နူးညံ့လှသော စိတ်နှလုံးသားနှင့်သွား၍ ဆက်ဆံမည်ဆိုပါက ကျိန်းသေပေါက် ဟိုဘက်ကပြန်၍ တိုက်ခိုက်သွားပေလိမ့်မည်။ ထို့ကြောင့် သူ၏ အကြည့်များသည် ပြန်လည်၍ လေးနက်သွားသည်။ မိန်းကလေး... ငါတောင်းပန်ပါတယ်။

“လိုင်လီနတ်ဂိုဏ်းက လျှိုရှင်း”

“ပြိုင်စံရှားဂိုဏ်းက စုန့်ရွှမ်ကျူး”

နာမည်များကို ကြေညာပြီးသည့်နောက်မှာတော့ ပထမဦးဆုံးတိုက်ပွဲသည် တရားဝင် စတင်ခဲ့ပြီဖြစ်သည်။

သို့ပေမဲ့ သူတို့နှစ်ယောက်သည် စတင်မတိုက်ခိုက်သေးရစေကာမူ လူများအားလုံးသည် သီးသန့်ပြောဆိုဆွေးနွေးနေကြ၏။

“ပြိုင်စံရှားဂိုဏ်းရဲ့တပည့်ပုံစံက ကြည့်ရတာ မဆိုးဘူးဆိုပေမဲ့ သိုင်းစစ်သူကြီးအဆင့်ငါး၊ အဆင့်ခြောက် အဲလောက်ပဲ ရှိမယ်ထင်တယ်၊ ဘယ်လိုလုပ်ပြီး သိုင်းစစ်သူကြီး အဆင့်ကိုးကို အနိုင်ယူနိုင်မှာလဲ”

“ပြိုင်စံရှားဂိုဏ်းက ဒီကိုလာပြီး အနိုင်တစ်ပွဲတစ်လေလောက်ရမယ်လို့ ထင်နေသေးတာလား”

“အမှန်ပဲ”

ဤနေရာသို့ ရောက်ရှိလာကြခြင်းမှာ ပြိုင်စံရှားဂိုဏ်းကို သူတို့ထည့်တွက်နေကြခြင်းမဟုတ်ဘဲ လိုင်လီနတ်ဂိုဏ်းမှ လူများ၏ အားအင်အဆင့်ကို လေ့လာချင်သောကြောင့် ရောက်လာကြခြင်း ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ တည်နေရာတစ်ခုလုံးတွင် အဆင့်သုံးနှင့် အဆင့်လေးဂိုဏ်းများက ကျွမ်းကျင်သူများသည် စုဝေးလျက်ရှိနေကြ သည်။ နတ်ဓားဂိုဏ်းမှ အကြီးအကဲလည်း ရှိနေသည်။ ထို့ကြောင့် ပေါ့သေးသေး တည်နေရာကြီးတော့ မဟုတ်ပေ။

ဝှစ်

ထိုစဉ်မှာတော့ လျှိုရှင်းဟုခေါ်သော လိုင်လီနတ်ဂိုဏ်းမှ တပည့်သည် ပထမဦးဆုံး လှုပ်ရှားလိုက်တော့သည်။ သူမသည် လေထဲသို့ လက်များအား ယမ်းခါလိုက်ပြီးသည့်နောက် ညင်သာလှသည့် အားအင်တစ်ခုဖြင့် ဖိနှိပ်ရိုက်ချ လိုက်သည်။

စုန့်ရွှမ်ကျူး သည် မျက်မှောင်ကုတ်သွားမိသည်။ သူသည် ကြောက်ရွံ့နေခြင်းမဟုတ်ပေ။ တစ်ဖက်လူမှာ အလွန်တရာ အားနည်းသောကြောင့်ပင်ဖြစ်သည်။ သူမကို အနိုင်ယူရန်အတွက် သူ့တွင် နည်းလမ်းပေါင်းတစ်ရာ ကျော်ရှိနေသည်။ “ထားလိုက်ပါတော့၊ အရိုးရှင်းဆုံးနည်းနဲ့ပဲ တိုက်ခိုက်တာပေါ့”

စုန့်ရွှမ်ကျူး သည် ရပ်တန့်နေသည့်နေရာမှ တစ်ချက်ကလေးမှ မလှုပ်ပေ။ သူ့ဆီသို့ ရောက်ရှိလာမည့် လက်ဝါး ရိုက်ချက်ကြီးအား အသာစောင့်နေလျက်ရှိသည်။ အနီးသို့ ရောက်ရှိလာသည်ဆိုသည်နှင့် သူသည် ထိုလက်ဝါးချက် ကြီးအား လက်သီးဖြင့် ထိုးလိုက်တော့သည်။

လျှိုရှင်းသည် အနောက်သို့ လှန်ထွက်သွား၏။ ပြီးနောက် သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ ဤလူ၏ အားအင် အဆင့်သည် အထင်သေး၍တော့ မရချေ။

သို့ပေမဲ့ သူမ၏ လက်ဝါးရိုက်ချက်သည် အားကောင်းလွန်းသည်။ ဤကဲ့သို့ ဖျက်ဆီးရန်အတွက် လွယ်ကူလှသည် မဟုတ်ပေ။ သို့ပေမဲ့ တစ်ဖက်လူမှာတော့ လက်သီးချက်တစ်ချက်တည်းနှင့် ဖျက်ဆီးခဲ့၏။

များပြားလှသောဂိုဏ်းများမှ ကျွမ်းကျင်သူများသည်လည်း အံ့အားသင့်မိနေကြ၏။ လိုင်လီနတ်ဂိုဏ်းတပည့်၏ တိုက်ခိုက်ချက်သည် အားအင်ပြင်းထန်လွန်းသည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ လက်သီးချက်တစ်ခုနှင့် ဖြိုခွင်းခြင်းကို ခံလိုက်ရတော့သည်။ ဒါက သိုင်းစစ်သူကြီး စဦးအဆင့်တွေ လုပ်နိုင်တဲ့အရာသည့်အရာမျိုး မဟုတ်နိုင်ပေ။

ရွှီး

လျှိုရှင်းသည် သူမ၏ ဆန်းကြယ်လှသော ခြေလှမ်းကွက်ကို အသုံးပြု၍ ရှေ့သို့ တိုးလိုက်သည်။ သူမ၏ လက်များ သည် လက်သီးသင်္ကေတများကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ လေထုထဲတွင် အလွန်တရာအားကောင်း လှသော စွမ်းအင်များသည် ဖြစ်တည်လာတော့သည်။

စုန့်ရွှမ်ကျူး သည် ခေါင်းကိုခါယမ်းလိုက်သည်။ ပြီးနောက် သူ၏လက်သီးတွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းပြီးသည့်နောက် မြေကွဲလက်သီးကို ဒိုင်းကနဲ ထိုးချလိုက်သည်။ သူသည် အလွန်တရာ ကြမ်းတမ်းလွန်းသော အားအင်ကို အသုံးပြု၍ တစ်ဖက်ဆီမှ သိမ်မွေ့သည့် အားအင်များကို ဖျက်ဆီးပစ်လိုက်တော့၏။

ဘုန်း ဘုန်း ဘုန်း

ချက်ချင်းဆိုသလိုပဲ ညင်သာသိမ်မွေ့သည့် အားအင်များသည် အလုံးစုံ ပျက်စီးသွားတော့သည်။ လျှိုရှင်း၏ အမူ အရာသည် အလွန်အမင်းဆိုးရွားသွားတော့သည်။ သူမအနေနှင့် တိုက်ခိုက်မည့်ပုံစံကို ရွေးချယ်လိုက်သည်။ သို့ပေမဲ့ သူမ၏ရှေ့တွင် စုန့်ရွှမ်ကျူး က ပေါ်လာတော့သည်။ ပြီးနောက် စုန့်ရွှမ်ကျူး ၏ လက်သည် သူမ၏ ပခုံးဆီသို့ ရောက်ရှိ လာသည်။

“အားနာပါတယ်”

ဘုန်း

ပြီးသည့်နောက် သူမသည် လေထဲသို့ ရောက်ရှိသွားပြီး မြေပေါ်သို့ ပြန်ကျလာ၏။

“...” သိုင်းကျင့်ကြံသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။

သူမသည် အမျိုးသမီးတစ်ယောက်ဖြစ်၏။ တခြားသောနည်းလမ်းများနှင့် တိုက်ခိုက်အနိုင်ယူ၍ ရသည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းမှ တပည့်သည် ပခုံးမှ ကိုင်၍ မြှောက်လိုက်၊ ရိုက်ချလိုက်၊ မြှောက်လိုက်၊ ရိုက်ချလိုက်နှင့် လုပ်လျက်ရှိနေတော့သည်။

လျှိုရှင်းသည် ဆိုးရွားစွာ ရိုက်နှက်ခံနေရသည်ဖြစ်ပြီး သူမ၏စိတ်ထဲမှာရှိသော အသိစိတ်များသည် ကောင်းကောင်းတွေးတောနိုင်ခြင်း မရှိတော့ပေ။

စုန့်ရွှမ်ကျူး သည် သူမ၏ပခုံးအား ထပ်မံကိုင်ဆောင်ပြီးသည့်နောက်မှာတော့ လေထဲသို့ မြှောက်တင်လိုက် တော့သည်။ ရုတ်တရက် အားပြင်းပြင်းနှင့် ပစ်လွှတ်လိုက်သည်မို့ သူမသည် အလွန်တရာ ရုပ်ပျက်ဆင်းပျက် အမူအရာမျိုးဖြင့် သိုင်းလေ့ကျင့်ရေးကွင်း၏ အပြင်ဘက်ဆီသို့ လွှင့်စင်သွားတော့၏။

ပထမဦးဆုံးတိုက်ပွဲသည် ပြီးဆုံး သွားခဲ့ပြီဖြစ်သည်။ လျှိုရှင်းသည်သာ မိန်းမတစ်ယောက် မဟုတ်ပါက တစ်ခါတည်း တိုက်ခိုက် အနိုင်ယူခံရပေလိမ့် မည်။ သို့ပေမဲ့ စုန့်ရွှမ်ကျူး သည် သူ၏ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းကို မထုတ်ဖော်ခဲ့ချေ။ သိုင်းစစ်သူကြီး အဆင့် ငါး၊ အဆင့်ခြောက် ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်ပေသည်။

အမှန်တကယ်ပင်ဖြစ်သည်။ လိုင်လီနတ်ဂိုဏ်းသည် အလွန်တရာ အားနည်းလွန်း၏။

“ဒင်... လိုင်လီနတ်ဂိုဏ်းတပည့်အား အနိုင်ယူခြင်း x ၁”

သတိပေးသည့်အသံသည် သူ၏နားထဲသို့ ဝင်ရောက်လာ၏။ ဤကဲ့သို့ အောင်မြင်မှုများသည် အထူးတာဝန် တစ်စိတ်တစ်ပိုင်းပင် ဖြစ်နေ၏။ ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တတ်သွား၏။ အထူး တာဝန်သည် တပည့်များအား ခေါ်ဆောင်၍ လိုင်လီနတ်ဂိုဏ်းအား သွားရောက်စိန်ခေါ်ရန်ပင်ဖြစ်၏။ ထို့အပြင် ရှောင်ကျီ၏ ကျဆင်းသွားသော ဂုဏ်သိက္ခာများကို ပြန်လည်ရယူရန်ပင် ဖြစ်တော့သည်။

လက်ရှိ စုန့်ရွှမ်ကျူး သည် လိုင်လီနတ်ဂိုဏ်းတပည့်အား အနိုင်ယူပြီးသည့်နောက်မှာတော့ အထူးတာဝန်ထဲတွင် ဖုံးကွယ်ထားသည့် တာဝန်များအဖြစ် တည်ရှိနေသည်ကို သိရှိလိုက်ရတော့သည်။ တခြားတစ်ဖက်မှ ပြောရမည် ဆိုလျှင် သူ၏တပည့်များသည် တစ်ဖက်လူများအား အနိုင်ယူနိုင်မည်ဆိုပါက ဂိုဏ်းတာဝန်များပြည့်စုံပြီး ဆုလာဘ် များ ပိုမို ရရှိပေလိမ့်မည်။

ဖျောင်း

ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးကာ ပြောလိုက်၏။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးပါပဲ”

ချမ်းဟွာရှင်း၏ မျက်နှာသည် မဲမှောင်သွားခဲ့သည်။ ပြိုင်စံရှားဂိုဏ်းသို့ သူမ ခေါ်ဆောင်သွားခဲ့သော တပည့် အနည်းငယ်တို့သည် အားမကောင်းကြချေ။ ထို့ကြောင့် လက်ရှိအခြေအနေတွင် အားကောင်းပြီး တော်လှသော တပည့်များကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူများသည် သိုင်းစစ်သူကြီးအဆင့်ကိုး တပည့်ကိုပင် ဘာမှပြန်မလုပ်နိုင်သည့်အထိ တိုက်ခိုက် ရိုက်နှက်ခဲ့သည်။

ဤအရာသည် သူမ အတွက် လက်ခံနိုင်ဖို့ ခဲယဉ်းလွန်းသည့်အရာ ဖြစ်နေ၏။

ပြိုင်စံရှားဂိုဏ်းမှ တပည့်များထုတ်လွှတ်လိုက်သည့် အော်ရာများသည် အဆင့်ငါး သို့မဟုတ် အဆင့်ခြောက် အဆင့် သာ ဖြစ်သည်။ အဘယ်ကြောင့် လျှိုရှင်းအား လွယ်လွယ်ကူကူဖြင့် အနိုင်ယူနိုင်ခဲ့သနည်း။

“ဂိုဏ်းချုပ်”

စုန့်ရွှမ်ကျူး က ပြောလိုက်သည်။ “ဆက်ပြီး တိုက်ခိုက်လို့ရလား”

ထိုအသံကို ကြားသည့်အချိန်မှာတော့ ချမ်းဟွာရှင်းသည် သွေးအန်တော့မလို ဖြစ်သွားသည်။ အရင်တုန်းက လင်းယွမ်ရွှယ်ဆိုသည့် မိန်းကလေးသည် တစ်ပုံစံတည်း ပြုလုပ်ခဲ့သည်။ ရလဒ်မှာတော့ လိုင်လီနတ်ဂိုဏ်း၏ တပည့် ကိုးယောက်လုံးသည် ရှုံးနိမ့်ခဲ့ရသည်။

ယခု ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံး မောက်မာလွန်းသည်မှာ ဩချရ လောက်ပေသည်။ ၎င်းတို့၏ မျက်လုံးထဲတွင် လိုင်လီနတ်ဂိုဏ်း၏ တပည့်များသည် အလွန်အမင်း အားနည်းလွန်း နေသည်လား။ ထို့ကြောင့် များပြားလှသောလူများကို ခေါ်၍ တစ်ယောက်တည်းနှင့် တစ်ခါတည်းတိုက်ခိုက်ရန် စဉ်းစားနေသည်လားတော့ မပြောတတ်ပေ။

“ဆက်တိုက်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

အထူးတာဝန်၏ တစ်ခုချင်းစီ ပြည့်စုံမှုနှုန်းသည် ဆုလာဘ်များ ဖြစ်နေ၏။ ထို့ကြောင့် သူသည် တပည့်များအား စေလွှတ်ကာ လိုင်လီနတ်ဂိုဏ်းမှ တပည့်များအား အနိုင်ယူရန် စဉ်းစားထား တော့သည်။

လက်ရှိအခြေအနေမှာတော့ တာဝန်တစ်ခု ပြည့်စုံသွားသည်ဆိုလျှင်နှင့် သူ၏ ဆုလာဘ်များသည် ပိုမို၍ များပြားလာပြီ ဖြစ်တော့သည်။ ထို့အပြင် အထူးတာဝန်ငါး၏ ဆုလာဘ်များသည်လည်း သူ့ဆီ မရောက်လာသေးပေ။ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပလျက်ရှိနေ၏။ “အကြီးအကဲချမ်း... တစ်ယောက်ယောက်ကို လွှတ်ပါအုံး”

ချမ်းဟွာရှင်းသည် အေးစက်စက်နှင့် ပြောလိုက်၏။ “ရှောင်ယု... တိုက်ခိုက်မယ်”

“ကောင်းပါပြီ”

လိုင်လီနတ်ဂိုဏ်း၏ အခြားသော အတွင်းစည်းတပည့်သည် တိုက်ခိုက်ရန် ရှေ့သို့တက်လာ၏။ ကံဆိုးစွာဖြင့် စုန့်ရွှမ်ကျူး သည် တစ်ဖက်လူများကို မည်သို့မျှ အခွင့်အရေးမပေးပဲ လွင့်စင်သွားအောင် ချက်ချင်း တိုက်ခိုက် ခဲ့တော့သည်။

ဘုန်း

All Chapters