← Chapters

အခန်း (၆၄၇)

Vol. 44 Ch. 647

အခန်း (၆၄၇)

Vol. 44 Ch. 647

လိုင်လီနတ်ဂိုဏ်း၏ ဒုတိယမြောက် တပည့်သည် လှုပ်ရှားမှု တစ်ခုမှ မပြုလုပ်ရသေးဘဲ တစ်ခါတည်း ရှုံးနိမ့်ခဲ့ရသည်။

ဤအရာသည် ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးကို မျက်လုံး ပြူးသွားစေမိ၏။

စုန့်ရွှမ်ကျူး သည် သိုင်းစစ်သူကြီး အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်ဟုသာ ရှင်းရှင်းလင်းလင်း မြင်နေရ၏။ သို့ပေမဲ့ အဘယ့်ကြောင့် သိုင်းစစ်သူကြီး ထပ်ဆုံးအဆင့် ကျင့်ကြံသူများအား အဘယ့်ကြောင့် အနိုင်ရအောင် တိုက်ခိုက်နိုင်သနည်း။

ထို့အပြင် ရှင်းရှင်းလင်းလင်း တစ်ချက်တည်း တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

ကျွင်းချောင်ရှောင်း ခေါ်ဆောင်လာခဲ့သော တပည့်များအားလုံးသည် သိုင်းဘုရင် အဆင့်များ ဖြစ်ကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် အားလုံးအား လွယ်လွယ်ကူကူ အနိုင်ယူနိုင်စွမ်းရှိကြ၏။ လိုင်လီနတ်ဂိုဏ်းအနေနှင့် လက်ရွေးစင် တပည့်များကို ထုတ်ဖော်အသုံးမပြုပါက အနိုင်ရရှိရန် အခြေအနေမရှိပေ။

မူချန်းဟုန် သည်လည်း ဆွံ့အသွားမိ၏။

ပြိုင်စံရှား ဂိုဏ်းသည် လိုင်လီနတ်ဂိုဏ်းနှင့် ယှဉ်ပြိုင်ရာတွင် အထက်စီးမှ ရောက်ရှိလိမ့်မည်ဟု သူ ဘယ်တော့မှ မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ တိုက်ပွဲနှစ်ခုလုံးကို အနိုင်ရရှိခဲ့သည်။ ထိုအရာသည် သူ ထင်မှတ်ထားသည်ထက် ကျော်လွန်နေသည့် ကိစ္စပင် ဖြစ်သည်။

"အဖေ"

မူဟုန်လင် သည် အသံပို့လွှတ်လိုက်သည်။ "အံ့အားသင့်မနေနဲ့ ဒါက သာမန်ပဲ"

နေပါဦး။ သူ၏ သမီးသည် အဘယ့်ကြောင့် သူ့အား အသံပို့လွှတ်နိုင်နေသနည်း။

သူမသည် သိုင်းဘုရင် အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားခြင်းလား။ ဤကဲ့သို့ အသံပို့လွှတ်ခြင်းအား သိုင်းဘုရင် အဆင့်များသာ ပြုလုပ်နိုင်သည်။

လက်ရှိအခြေအနေမှာတော့ မူဟောင်ရန်သည် ထိုကဲ့သို့အဆင့်ချိုးဖြတ်ရောက်ရှိခဲ့သည်မှာလည်း လအနည်းငယ် ကြာခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်များကို ဖိနှိပ်ထားရန် အမိန့်ပေးထားခဲ့၏။ ထို့ကြောင့် သူသည် သိုင်းစစ်သူကြီးအဆင့် ကျင့်ကြံခြင်းကိုသာ ထုတ်ဖော်ထားရ၏။

ယနေ့မှာတော့ ကျွင်းချောင်ရှောင်းသည် လိုင်လီနတ်ဂိုဏ်းဆီသို့ တပည့်များကို ခေါ်ဆောင်လာသည့် နေရာတွင် အားနည်းသူများအဖြစ် ဟန်ဆောင်ခိုင်းထားခြင်းပင် ဖြစ်တော့သည်။ ထိုမှသာလျှင် တစ်ဖက်လူများ မထင်မှတ်သည့်အချိန်တွင် ပါးပိတ်ရိုက်နိုင်ပေလိမ့်မည်။

စုန့်ရွှမ်ကျူး သည် တိုက်ပွဲနှစ်ခုကို အနိုင်ယူခဲ့သည်ဆိုသည်မှာ ၎င်းတို့၏ မျက်နှာအား ပိတ်ရိုက်ခြင်းနှင့်ပင် ဆင်တူသည်။

ဤအားနည်းနေပုံပေါက်သော တပည့်များသည် အဆင့်မြင့် သိုင်းစစ်သူကြီး နှစ်ယောက်အား အနိုင်ယူနိုင်မည်ဟု မည်သူကမှ ထင်မှတ်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤအရာသည် အစသာရှိသေး၏။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "အကြီးအကဲချမ်း ခင်ဗျားရဲ့ တပည့်တွေက အရမ်းကို အားနည်းနေတယ်။ဒီထက်ပိုပြီး တော်တဲ့လူတွေ စေလွှတ်တာ မကောင်းဘူးလား"

စုန့်ရွှမ်ကျူး သည် လိုင်လီနတ်ဂိုဏ်း၏ ဒုတိယမြောက် တပည့်အား အနိုင်ယူခဲ့၏။

ထို့ကြောင့် သူသည် အထူးတာဝန်တစ်ခုအား ပြည့်စုံအောင် ပြုလုပ်လိုက်သလိုပင် ဖြစ်နေသည်။ ထို့ကြောင့် တစ်ဖက်လူများအနေနှင့် တပည့်များကို ပိုမို၍ စေလွှတ်ပေးရန် သူ မစောင့် မျှော်နိုင်တော့ချေ။

သူ၏ နားထဲတွင် မည်လျက်ရှိသော လှပသည့် သတိပေးသံများကို သူပိုမို၍ နားထောင်ချင်နေမိသည်။

"မောက်မာလွန်းတယ် သူရဲ့ တပည့်တွေက ဒီလောက်ကြီး အားကောင်းမယ်လို့ ထင်နေတာလား"

"လိုင်လီနတ်ဂိုဏ်းက တပည့်တွေက အစီအရင်နဲ့ ပတ်သက်ရင် အထူးကျွမ်းကျင်ကြတယ်။အထူးသဖြင့် ကြယ်လဖမ်းချုပ်ခြင်း အစီအရင်ပဲ။အရမ်းကို အားကောင်းလွန်းတယ် ခန့်မှန်းလို့တောင် မရဘူးလေ။ခြောက်ယောက် ၊ ခုနစ်ယောက် လောက် စုပြုံပြီး တိုက်ခိုက်ရင် ဒီကောင်က ပြာနှမ်းနေအောင် အရိုက်ခံရ‌မှာပဲ"

အရှေ့လွင်ပြင်ဒေသရှိ များပြားလှသော ဂိုဏ်းများသည် ဆွေးနွေးနေကြ၏။

တစ်ဖက်လူများသည် သူမတို့၏ အစီအရင်းများကို ဖျက်စီးခဲ့သည် ဖြစ်ကြောင်းကို တစ်ခြားသူများ မသိရှိခဲ့ကြပေ။ ထို့ကြောင့်ပင် သူမသည် ပြိုင်စံရှား ဂိုဏ်း၏ တပည့်များ နှင့် တိုက်ခိုက်ရာတွင် အသုံးမပြုခြင်းပင် ဖြစ်တော့၏။

"ဂိုဏ်းချုပ်ကျွင်း"

နတ်ဓားဂိုဏ်းမှ အကြီးအကဲသည် အေးစက်စက်ဖြင့်ပြောလိုက်သည်။ "ဒီလောက် ယုံကြည်ချက်ရှိတယ်ဆိုရင် ကျူပ်တပည့်နဲ့ ဘာလို့ မတိုက်ခိုက်တာလဲ"

သူ့အနေနှင့် ဆက်၍ မကြည့်နိုင်တော့ပေ။ ပြိုင်စံရှား ဂိုဏ်း၏ တပည့်များသည် လူမြင်ကွင်းတွင် အမှန်ပင် မောက်မာလျက်ရှိနေသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကောင်းတာပေါ့"

ပြိုင်စံရှား ဂိုဏ်း၏ အားအင်ကို လောကကြီးတစ်ခုလုံး နားလည်သွားဖို့ ဆိုလျှင် သူသည် မည်သည့် ပြိုင်ဘက်ကို မဆို ရင်ဆိုင်ရဲနေ၏။ ထို့အပြင် ဒီအဘိုးအိုကြီးသည်လည်း အနည်းငယ် ဆောင့်ကြွား ဆောင့်ကြွားနှင့် ဖြစ်နေသည်။ သူ့အနေနှင့် အခြားသော သူများကိုလွယ်လွယ်ကူကူ အနိုင်ယူနိုင်မည်ဟု ထင်နေသည်လားမပြောတတ်ပေ။

"ကောင်းပြီ ။ ဒီနေ့မှာ ပြိုင်စံရှား ဂိုဏ်းက လိုင်လီနတ်ဂိုဏ်းကို စိန်ခေါ်ရုံတင်မကဘူး နတ်ဓား ဂိုဏ်းကိုလည်း စိန်ခေါ်တယ်။"

"အံ့အားသင့်စရာပဲ"

အားလုံးသည် ချီးကျူးလိုက်မိကြသည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ နှာခေါင်းရှုံ့ကာ ရှုံ့ချနေချင်မိသည်။

မူချန်းဟုန် သည် သူ၏ ခေါင်းကို ဆုပ်ကိုင်ကာ စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းကတော့ အရမ်းကို ရဲတင်းလွန်းတယ်။"

လိုင်လီနတ်ဂိုဏ်းကို ရင်ဆိုင်ရခြင်းကပင် အစောကတည်းက စိတ်လှုပ်ရှားစရာဖြစ်နေပြီဖြစ်သည်။ ယခု တစ်ဖက်နတ်ဓားဂိုဏ်းမှ အကြီးအကဲ၏ စိန်ခေါ်မှုကိုလည်း လက်သင့်ခံလိုက်သေးသည်။ ဒုတိယအဆင့် ဂိုဏ်းများသည် ဤမျှ လွယ်လွယ်ကူကူအနိုင်ရရှိမည့် ဂိုဏ်းတစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် တွေးတော့နေရသနည်း။

မဟုတ်ပေ။ တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် ဒုတိယအဆင့် ဂိုဏ်းများ၏ အခြေခံနှင့် အလုံးစုံသော အားအင်ကို ယုံကြည်မှု ရှိ၏။ သို့ပေမဲ့ သူ၏ တပည့်များ၏ အားအင်အဆင့်နှင့် ယှဉ်မည်ဆိုလျှင်‌တော့ သူသည်ယုံကြည်ချက်ရှိနေသေး၏။

"လင်းဖေး"

နတ်ဓားဂိုဏ်းမှ အကြီးအကဲသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ "ပြိုင်စံရှား ဂိုဏ်းတပည့်နဲ့ သွားပြီး တိုက်ခိုက်တော့"

"ကောင်းပါပြီ"

လင်းဖေးဟုခေါ်သော တပည့်သည် ရှေ့သို့ လှမ်းတက်လာသည်။

သူ၏ ရှည်လျား၍ ကျဉ်းမြောင်းလှသော မျက်လုံးများသည် ထက်ရှမှု များနှင့် ပြည့်နက်နေ၏။ ထိုသူသည် ကျွမ်းကျင်လှသော ဓားကျင့်ကြံသူ ဖြစ်မှန်းသိသာလွန်း၏။

ဝှစ် ဝှစ်။

သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ လျှောက်ဝင်လာသည့် အချိန်မှာတော့ သူသည် စုန့်ရွှမ်ကျူး ၏ မီတာ အနည်းငယ် အရှေ့တွင် ရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ ထက်ရှလှသော အရှိန်အဝါများ ပေါ်ပေါက်လာသည်။

"ဒီကောင်လေးက အဆင့်ကိုး ဓားစစ်သူကြီးတစ်ယောက်ပဲ။" ကျွမ်းကျင်သူတစ်ယောက်သည် ချီးကျုးလိုက်၏။

ဘေးတစ်ဖက်တွင် ရပ်နေသော တစ်ခြားသောသူကလည်း လေးလေးနက်နက် ပြောလိုက်တော့သည်။

"အရင်တုန်းက ကျုပ် လင်းဖေးကို ကြားဖူးတယ်။သူက နတ်ဓားဂိုဏ်းရဲ့ အတွင်းစည်းတပည့်ပဲလေ။ပြီးတော့ ဓားလမ်းစဉ်နဲ့ ပတ်သက်ရင် အရမ်းကို နက်နဲစွာ နားလည်ထားတယ်လေ။ပြီးတော့ သူက သူရဲကောင်းစာရင်းရဲ့ မြေကမ္ဘာမှာ ထပ်တန်းစာရင်းထဲမှာ ပါဝင်တယ်လေ။"

အားလုံးက ထိုစကားကို ကြားလိုက်ချိန်မှာတော့ လေးစားမှုများနှင့် ပြည့်နက်သွားကြသည်။

ဒုတိယအဆင့် ဂိုဏ်းတစ်ခု၏ သာမန် အတွင်းစည်းတပည့်များသည်ပင်လျှင် မြေကမ္ဘာအဆင့်သို့ ဝင်လျက်ရှိသည်။ မည်မျှ အံ့အားသင့်စရာကောင်းလောက်သနည်း။

"မြေကမ္ဘာ့အဆင့် ပါရမီရှင် ဟုတ်လား။"

ရီရှင်းချန်သည် ချက်ချင်းပဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

သို့ပေမဲ့ ကျိုးဟုန်သည် သူ့ထက် ခြေတစ်လှမ်းဦးသွား၏။ "ဂိုဏ်းချုပ် …. တပည့်က တိုက်ခိုက်ချင်တယ်"

"မလိုဘူး"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "နတ်ဓားဂိုဏ်းက တပည့်တွေအများကြီးခေါ်လာတာလေ။ အခုလောလောဆယ်တော့ စုန့်ရွှမ်ကျူး ဆီပေးထားလိုက်"

"ကောင်းပါပြီ"

နတ်ဓားဂိုဏ်း၏ အကြီးအကဲ၏ နောက်တွင်ရှိသော တပည့်များကို ကြည့်လျက် ကျိုးဟုန်သည် တိုက်ခိုက်ချင်စိတ်များနှင့် ပြည့်နှက်လျက်ရှိနေတော့သည်။

အစစ်အမှန် ဓားသမားတစ်ယောက်သည် အနိုင်ယူခြင်းကို ဂရုမစိုက်လှပေ။ သူဂရုစိုက်သည်မှာ သူနှင့် လက်ရည်တူ တိုက်ခိုက်နိုင်သော လူရှိခြင်းပင် ဖြစ်၏။

လင်းဖေးသည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "လက်နက်ကိုထုတ်"

ဝှစ်။

စုန့်ရွှမ်ကျူး သည် လက်ကို ဝှေ့ယမ်းလိုက်သည့် အခါမှာတော့ လက်ထဲတွင် အအေးဓားက ပေါ်လာသည်။

ဤတစ်ကြိမ် လိုက်လီနတ်ဂိုဏ်းသို့ ရောက်ရှိလာကြသော တပည့်များအားလုံးတွင် အလယ်အလတ်အဆင့် အအေးဓားများ ကိုယ်စီ ရှိနေကြသည်။

တစ်ချို့သော တပည့်များသည် ကျွင်းချောင်ရှောင်းကိုယ်တိုင် လက်နက်တပ်ဆင်ပေးထားခြင်း မဟုတ်ပေ။ ဂိုဏ်း၏ တာဝန်များကို ပြုလုပ်ခဲ့ပြီးနောက် ရရှိခဲ့သည့် ဂိုဏ်းအမှတ်များနှင့် ပြန်လည်လဲလှယ် ဝယ်ယူထားခဲ့ခြင်းပင် ဖြစ်၏။

လစဉ်ထောက်ပံ့‌ထားသော သိုင်းအရင်းအမြစ်များအပြင် တပည့်များသည် ဆေးလုံးနှင့် အခြားအရာများကိုလိုချင်သည်ဆိုပါက ဂိုဏ်းမှ သတ်မှတ်ပေးသော တာဝန်များကို ပြုလုပ်ရန် လိုနေသည်။

"မင်းရဲ့ဓားက မဆိုးဘူး"

လင်းဖေးသည် အလယ်အလတ်အဆင့် အအေးဓားအား လှမ်းကြည့်ပြီးသည့်နောက် တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ ကံဆိုးတာက ငါ့ဓားကို မမှီသေးဘူး"

ချလွမ်

ပြောပြီးသည့်နောက်မှာတော့ သူ၏ နောက်ကျောဆီမှ ဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာတော့သည်။

သုံးပေ ရှည်လျားသော အစိမ်းရောင် ဓားဖြစ်သည်။ ဓား၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ ထက်ရှလှသော အလင်းတန်းများနှင့် ထွက်ပေါ်လျက်ရှိပြီး အရည်အသွေးကို ကြည့်လိုက်သည်နှင့် နိမ့်ကျသည့် ဓားတစ်လက် မဟုတ်ကြောင်း အားလုံးက သိရှိနိုင်၏။

ဓားကျင့်ကြံသူများတွင် ဓားကောင်းတစ်လက် ရှိသည်ဆိုသည်မှာ ကျားကို အတောင်ပံတပ်ပေးခြင်းနှင့် ဆင်တူသည်။

လင်ဖေးသည် ဓားကို ထုတ်ယူသည့် အချိန်မှာတော့ အရှေ့လွင်ပြင်ဒေသရှိ သိုင်းကျင့်ကြံသူ အားလုံးတို့သည် စုန့်ရွှမ်ကျူး ဟူသော ပြိုင်စံရှားဂိုဏ်းတပည့်သည့် ကျိန်းသေပေါက်ရှုံးနိမ့်လိမ့်မည်ဟု သိရှိလိုက်ကြ၏။

အဘယ့်ကြောင့်နည်း။

အဘယ့်ကြောင့်ဆိုသော် နတ်ဓားဂိုဏ်းမှ ဓားကျင့်ကြံသူများသည် သိုင်းစစ်သူကြီးအဆင့်တွင် အလွန်တရာ အားကောင်းလှသော သူများ ဖြစ်သောကြောင့်ပင် ဖြစ်၏။

"စကြရအောင်" လင်းဖေးသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

စုန့်ရွှမ်ကျူး သည် မငြင်းပယ်ပေ။ သူ၏ လက်ထဲတွင် ရှိသော အအေးဓားနှင့် အတူ ရှေ့သို့ လှမ်းတက်လိုက်၏။

ဝှစ်။

ဓားရောင်စဉ်များသည် ဖြတ်သန်းသွားသည်။

လင်းဖေးသည် အေးစက်စက်ဖြင့် ပြုံးလိုက်၏။ ပြီးနောက် ရှေ့သို့ လှမ်းတက်လိုက်၏။

သူသည် လက်ထက်တွင်ရှိသော သုံးပေရှည်သည့် ဓားစိမ်းအား လေထဲတွင် ဝှေ့ယမ်းလိုက်သည့် အချိန်မှာတော့ ဓားချီများသည် ဖြစ်တည်လာသည်။ ဤလူ၏ အားအင်အဆင့်သည် လိုင်လီနတ်ဂိုဏ်းမှ တပည့်နှစ်ယောက်ထက် ပိုမိုပြီးအားကောင်းသည်မှာ ထင်ရှားသည်။

ဘုန်း ဘုန်း ဘုန်း

ဓားရောင်စဉ်တန်းများသည် ဓားချီများနှင့် ထိခိုက်မိပြီးနောက်မှာတော့ ချက်ချင်းဆိုသလိုပဲ ထိခိုက်မိသွား၏။

ဘာ …။

လင်းဖေး၏ အမူအရာသည် ပြောင်းလဲသွားသည်။

စုန့်ရွှမ်ကျူး သည် တိမ်ခြေလှမ်းကို အသုံးပြု၍ ရှေ့သို့ လှမ်းတက်လိုက်သည်။ ပြီးနောက် သူ၏ အအေးဓားသည် တစ်ဖက်လူ၏ လည်ပင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ပြီးနောက် အေးစက်စက်ဖြင့် ပြောလိုက်တော့သည်။ "မင်းရှုံးပြီ"

"ဒါ … ဒါက "

အားလုံးသော လူများ၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။

နတ်ဓားဂိုဏ်းမှ ဓားနည်းစနစ်သည် အလွန်အားကောင်းသည်။ သို့ပေမဲ့ တစ်ဖက်လူသည် ထိုဓားချက်အား ဖျက်စီးလိုက်ရုံတင်မက ရှေ့သို့ လှမ်းတက်လာပြီး လည်ပင်းပေါ်၌ ဓားကို တင်ထားလျက်ပင် ရှိနေ၏။

"ချီးတဲ့မှ "

လင်းဖေးသည် လက်မခံချင်ဘူးဆိုသော်လည်း အရှုံးကို ဝန်ခံလိုက်ရသည်။ သူ့အနေနှင့် လည်ပင်းပေါ်တွင် တင်‌ထားသော ဓားကြောင့် မဟုတ်ပေ။ ဓား၏ အော်ရာများ ကြောင့်ပင် ဖြစ်တော့သည်။

စောနတုန်းက ထိတ်တိုက်ရင်ဆိုင်ရချိန်တွင် တစ်ဖက်လူထုတ်လွှတ်လိုက်သော အားအင်အဆင့်နှင့် ဓားအရိပ်အယောင်များ သည် သူ့ထက်ပို၍ အားကောင်းသည်ကို သိရှိလိုက်ရ၏။

ဒင်။

“နတ်ဓားဂိုဏ်းတပည့်အား အနိုင်ယူခြင်း။”

ကျွင်းချောင်ရှောင်းသည် တွေဝေသွားသည်။ အထူးတာဝန်သည် လိုက်လီနတ်ဂိုဏ်းနှင့် ပတ်သက်နေသည်မဟုတ်လား။အဘယ့်ကြောင့် နတ်ဓားဂိုဏ်းအား အနိုင်ယူသည့် နေရာတွင် အမှတ်ပေးနေရသနည်း။

စနစ်က ပြောလိုက်သည်။ "ဒီဂိုဏ်းနှစ်ခုက မဟာမိတ်တွေလေ။ဘယ်သူပဲ နိုင်နိုင် ထည့်သွင်းပြီး ရေတွက်ရမှာပဲ။"

"သိပြီ"

ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြောလိုက်သည်။ "ဘယ်သူ မကျေနပ်သေးလဲ။လာကြတော့ လာပြီး တိုက်ခိုက်လိုက်ကြတော့"

All Chapters