← Chapters

အခန်း (၆၄၈)

Vol. 44 Ch. 648

အခန်း (၆၄၈)

Vol. 44 Ch. 648

မြေကမ္ဘာအဆင့်ထဲကို ဝင်သော လင်းဖေးသည် စုန့်ရွှမ်ကျူး ၏ သက်တောင့်သက်သာ အနိုင်ယူခြင်းကို ခံခဲ့ရ၏။ ဤအရာသည် လိုင်လီနတ်ဂိုဏ်းမှ တပည့်နှစ်ယောက်ကို အနိုင်ယူသည်ထက် ပို၍ အံ့အားသင့်စရာ ဖြစ်နေသည်။

ထို့ကြောင့်ပင် ရှိရှိသမျှသော ကျင့်ကြံသူများအားလုံးသည် အံ့ဩနေမိကြ၏။

အဘယ့်ကြောင့်ဆိုသော် စုန့်ရွှမ်ကျူး သည် သုံးကြိမ်တိတိ တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်သော်လည်း ချွေးပင် မစိုချေ။ ကြည့်ရသည်မှာ လေးလေးနက်နက် တိုက်ခိုက်ခြင်း ဟုတ်ပုံ မပေါ်ပေ။

ပြိုင်စံရှား ဂိုဏ်းမှ တပည့်များသည် ကျင့်ကြံခြင်း အဆင့်သည် သိုင်းစစ်သူကြီး အဆင့်ငါး အဆင့်‌ ခြောက်လောက်သာ ရှိသည်ဆိုသော်လည်း သိုင်းဘုရင်တစ်ယောက်နှင့် တိုက်ခိုက်ရန် လုံလောက်သည့် အားအင်မျိုး ရှိနှင့်နေသည်လား။

နတ်ဓားဂိုဏ်းမှ အကြီးအကဲသည် မျက်မှောင်ကုတ်သွားသည်။ သူ၏ တပည့်၏ လှုပ်ရှားမှုသည် ဖျက်စီးခဲ့ရပြီး ဓားသည်လည်း လည်ပင်းပေါ်သို့ အတင်ခံခဲ့ရသည်။ ရှုံးနိမ့်မှုသည်လည်း အလွန်တရာ မြန်ဆန်လွန်းနေ၏။

ဤအရာအား လက်သင့်မခံနိုင်ပေ။

"ဖန်းချင်းရီ"

နတ်ဓားဂိုဏ်းမှ အကြီးအကဲသည် လေးလေးနက်နက် ပြောလိုက်သည်။

"သွား"

"အကြီးအကဲ ရှီ"

ချမ်းဟွာရှင်းသည် သူ့အား တားမြစ်ကာ ပြောလိုက်သည်။ “လူတွေ ဒီကို လာတာက ကျွန်မတို့ဂိုဏ်းကို လာစိန်ခေါ်တာပါ။ဒီတော့ ဘေးကနေပြီးတော့ ကျေးဇူးပြုပြီး ကြည့်နေပေးပါ။”

"ကိစ္စမရှိဘူး"

ကျွင်းချောင်ရှောင်းသည် ပုခုံးကို တွန့်ကာဖြင့် ကောင်းကောင်းရိုက်နှက်သင့်သည့် ရုပ်ရည်မျိုးကို ဖန်တီးကာ ပြောလိုက်သည်။ "ဒီနေ့မှာ ကျုပ်တို့ ပြိုင်စံရှား ဂိုဏ်းက အရှေ့လွင်ပြင် ဒေသကြီးကို ရောက်လာတယ်။ဒီနေရာမှာရှိတဲ့ ဘယ်ဂိုဏ်းမဆိုရဲ့ စိန်ခေါ်မှု လက်ခံတယ်။ လာခဲ့လို့ရတယ်။"

အကယ်၍ နတ်ဓားဂိုဏ်းသည်လည်း အထူးတာဝန်တွင် ပါဝင်သည်ဟု တစ်စိတ်တစ်ပိုင်း သတ်မှတ် သုံးသပ်၍ ရသည်ဆိုလျှင် တစ်ပြည်နယ်ထဲတွင် ရှိသော တခြားသူများသည်လည်း အထူးတာဝန်တွင်ပါဝင်နေပေလိမ့်မည်။ သူသည် ဤအရာကို မျှော်လင့်နေခြင်းပင် ဖြစ်သည်။

"ဒီကောင်က တကယ့်ကို မောက်မာတာပဲ"

"အရှေ့လွင်ပြင် ဒေသကြီးတစ်ခုလုံးကို သူက မျက်စိထဲ မထည့်တဲ့ ပုံစံမျိုး သူက ပြောဆိုနေတာ။"

အရှေ့လွင်ပြင်ဒေသရှိ ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူ အားလုံးတို့သည် ချက်ချင်းပဲ ဒေါသထွက်သွားကြ၏။

သူတို့သည် လိုင်လီနတ်ဂိုဏ်းမှ မဟုတ်ပေ။ သူတို့သည်သာ လိုင်လီနတ်ဂိုဏ်းထဲတွင် ရှိနေသည်သာ မဟုတ်ပါက သူတို့၏ အထူးချွန်ဆုံးသော တပည့်များကို ထွက်၍ တိုက်ခိုက်ခိုင်းမည်မှာ သေချာ၏။

မူချန်းဟုန်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

ဂိုဏ်းချုပ်ကျွင်း …. လိုင်လီနတ်ဂိုဏ်းကို စိန်ခေါ်တယ်။အခု အရှေ့လွင်ပြင် ဒေသကြီးတစ်ခုလုံးကိုတောင် စိန်ခေါ်နေပြီလား။

အထူးတာဝန်ပြည့်စုံဖိုအတွက်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် တစ်လောကလုံးကိုပင် စိန်ခေါ်ရဲသည်ဟု ဆိုရမည်။

"ဂိုဏ်းချုပ်ကျွင်း"

ချမ်းဟွာရှင်းသည် လက်ကို မြှောက်ကာဖြင့် ထူးမခြားနားသလို ပြောလိုက်သည်။ "ရှင့်ရဲ့ တပည့်က အားကောင်းလွန်းတယ်။ဒီ‌တော့ ကျွန်မတို့ လေးလေးနက်နက် တိုက်ခိုက်ပါပြီ"

ဝှစ်။

အလွန်တရာ ကြည့်ကောင်းလှသော မိန်းကလေးတစ်ယောက်သည် အဝေးဆီမှ ရောက်ရှိလာခဲ့သည်။ သူမသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီသို့ ရောက်ရှိလာ၏။

အသက်နှစ်ဆယ့်ခန့် နီးပါးရှိသော လှပလှသော မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမ၏ ဆံပင်ရှည်များသည် ကျောနောက်ဘက်တွင် ဖြန့်ကျဲထားသည်။

"ကျန့်ချင်းယု … တိုက်ရိုက်တပည့်"

"လိုင်လီနတ်ဂိုဏ်းက တကယ့်ကို လေးလေးနက်နက် တိုက်ခိုက်ပြီပဲ ။ဒီကောင်လေး ရှုံးရတော့မယ်။"

အရှေ့လွင်ပြင်ရှိ သိုင်းကျင့်ကြံသူများအားလုံးသည် စိတ်လှုပ်ရှားသွားမိကြ၏။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

"အကြီးအကဲချမ် … ခင်ဗျားအနေနဲ့ အစောကြီးကတည်းက လေးလေးနက်နက် တိုက်ခိုက်သင့်တယ်လေ။"

"ချင်းယု သူ့ကို တိုက်ခိုက်တော့"

အားလုံးသော သူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

ဂိုဏ်းချုပ်ကျွင်းသည် မောက်မာရုံသာမက နှုတ်သီးကောင်းလျှာပါးလည်း ဖြစ်လွန်းလှသည်။

စုန့်ရွှမ်ကျူး သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "မိန်းကလေး ကျေးဇူးပြုပြီး စမယ်"

ဝှစ် ဝှစ်။

သူ ပြောပြောပြီးချင်းမှာပဲ ကျန့်ချင်းယုသည် လက်ပိုက်လိုက်၏။ အရမ်းအားကောင်းလှသော သူမ၏ အော်ရာများသည် ထွက်ပေါ်လာသည်။

"သိုင်းဘုရင်"

"ဒီတိုက်ရိုက်တပည့်က သိုင်းဘုရင်ပဲ"

ကျင့်ကြံသူအားလုံးသည် ထိတ်လန့်သွားကြ၏။ လိုင်လီနတ်ဂိုဏ်း၏ တိုက်ရိုက်တပည့်တစ်ယောက်သည် သိုင်းဘုရင် အဆင့်သို့ ရောက်ရှိလျက်ရှိနေ၏။

အလယ်ပိုင်းလွင်ပြင်ဒေသရှိ ကျင့်ကြံသူတိုသည် နှာခေါင်းရှုံ့လိုက်ကြသည်။ "ကောင်လေး မင်းကြွားဝါရဲသေးလား"

ဟူး ….

ကျန့်ချင်းယုသည်သူမ၏ လက်ကို ယမ်းခါလိုက်သည့်နောက်မှာတော့ အလွန်တရာ ကြီးမားလှသော လက်ဝါးကြီးတစ်ခုသည် လေထုထဲ၌ ဖြစ်ပေါ်လာပြီး စုန့်ရွှမ်ကျူး ဆီသို့ ကျဆင်းလာခဲ့၏။

သိုင်းဘုရင်များသည် လောက၏ ဓာတ်သဘောဝအပေါ် နားလည်မှုတွင် သိုင်းစစ်သူကြီးထက် ပိုမို၍ အားကောင်းကြသည်။

ထို့ကြောင့် သူမသည် တူညီသည့် သိုင်းနည်းစနစ်ကို ထုတ်ဖော်လိုက်သည့် အချိန်တွင် သိုင်းစစ်သူကြီးအဆင့်တွင် ပိတ်မိနေကြသောလူငယ်မျိုးစက်များအားလုံးသည် မနာလိုစွာဖြင့် ကြည့်မိနေကြ၏။

"မြေကွဲလက်သီး"

စုန့်ရွှမ်ကျူး သည် ရှေ့သို့ လှမ်းတက်လိုက်ပြီး သူ၏ လက်သီးချက်ကြီးဖြင့် လေထုထဲသို့ လှမ်းထိုးလိုက်တော့သည်။

ဖောင်း

ဤလူငယ်၏ လက်သီးနည်းစနစ်သည် အလွန်တရာ ကောင်းမွန်သည်ဟု အားလုံးက သတ်မှတ်ထားကြသည်။ သို့ပေမဲ့ သိုင်းဘုရင် အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ဤကဲ့သို့ တိုက်ရိုက် တိုက်ခိုက်သည်ဆိုသည်မှာ ကျောက်တုံးကို ကြက်ဥနှင့် ပေါက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ဘုန်း

ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာ၏။ ပထမဦးဆုံး လက်ဝါးရိုက်ချက်ကြီးသည် မြေကွဲလက်သီး၏ လက်ချက်ဖြင့် ပျောက်ကွယ်သွားခဲ့ရပြီးဖြစ်သည်။

သိုင်းကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် ရှိနေသော အပြုံးများသည်လည်း အေးခဲသွားတော့၏။

ချိုးဖြတ်စမ်း။

ထိုအချိန်မှာတော့ စုန့်ရွှမ်ကျူး၏ လက်သီးပေါ်မှာတော့ မီးတောက်များ ဖုံးလွှမ်းလာသည်။ သူသည် မြေကွဲလက်သီး နည်းစနစ်ကို ထပ်မံ၍ ထုတ်ဖော်လိုက်သည်။ သူသည် မီးဓာတ်အမျိုးအစား ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်လို့နေ၏။

လူအုပ်ကြီးသည် ဘာပြောရမှန်းမသိအောင် ဖြစ်နေချိန်မှာပဲ မီးတောက်များ ဖုံးလွှမ်းလျက်ရှိသော စုန့်ရွှမ်ကျူး ၏ လက်သီးချက်သည် တစ်ဖက်လူအား ထိုးနှက်မိတော့သည်။

ဖူး။

ကျန့်ချင်းယုသည် နောက်သို ခြေလှမ်းအနည်းငယ် ဆုတ်ပြီးသည့်နောက် သွေးတစ်လုတ် အန်ထွက်သွား၏။

ဝှစ်။

စုန့်ရွှမ်ကျူး သည် ရှေ့သို့ လှမ်းတက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှာတော့ မီးတောက်များ ဖုံးလွှမ်းလျက်ရှိသည်။ ပြီးနောက် ပြောလိုက်သည်။ "ပိုးစုန်းကျူးလေးက လမင်းကြီးရဲ့ တောက်ပမှူကို နှိုင်းယှဉ်ချင်တာလား။"

ဘုန်း ဘုန်း

အလွန်တရာ ပူပြင်းတောက်လောင်လှသော လက်သီးချက်သည် တိုက်ရိုက်ဆိုသလိုပဲ ကျရောက်လာတော့သည်။

ဖောင်းဖောင်း

ကျန့်ချင်းယုသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။ ပြီးနောက် သူမသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အပြင်ဘက်ဆီသို့ ရောက်ရှိသွားတော့၏။

သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ဖြူလျှော်နေသည့် မျက်နှာဖြင့် မြေပေါ်သို့ ကျ‌သွားရသည်။

ဟူးဟူး

ခန္ဓာကိုယ်တွင် တောက်လောင် လျက်ရှိသော မီးတောက်များသည် အားပျော့သွားသည့်နောက်မှာတော့ စုန့်ရွှမ်ကျူး သည် ဝံ့ကြွားစွာဖြင့် မတ်တပ်ရပ်လျက်ရှိသည်။ သူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ "အနိုင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

သူမပြိုင်ဘက်သည် မိန်းကလေးတစ်ယောက် ဖြစ်သည်သာ မဟုတ်ပါက သူ့အနေနှင့် လုံးဝ ညှာတာပေလိမ့်မည် မဟုတ်ချေ။

ဒင်

“လိုင်လီနတ်ဂိုဏ်း၏ တပည့်အား အနိုင်ယူခြင်း x ၃ ...”

သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အပြင်ဘက်မှာတော့ အလုံးစုံ တိတ်ဆိတ်လျက်ရှိနေသည်။

အရှေ့လွင်ပြင်ဒေသရှိ သိုင်းကျင့်ကြံသူများအားလုံးသည် မျက်လုံး အပြူးသားနှင့် ဖြစ်မိနေကြသည်။ လိုင်လီနတ်ဂိုဏ်းသည် သိုင်းဘုရင် အဆင့်ကို ထုတ်‌ဖော် တိုက်ခိုက်ခက်ခဲ၏။ သို့ပေမဲ့ ရှုံးနိမ့်နေခဲ့ပြီဖြစ်၏။

လက်ရှိအခြေအနေမှာတော့ ၎င်းတို့၏ မျက်နှာများသည် အကြိမ်ပေါင်းများစွာ ပါးဖြတ်ရိုက်ခံလိုက်ရသလို နီရဲနေတော့သည်။

ကျွမ်းကျင်သူများအားလုံးသည်လည်း မျက်မှောင်ကုတ်မိသွားကြ၏။

ပြိုင်စံရှားဂိုဏ်း၏ တပည့်သည် မီး‌ဓာတ်အမျိုးအစား ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေခြင်းသည် ၎င်းတို့အား အံ့အားသင့်စေ၏။

ပြန်လည်တိုက်ခိုက်လိုက်သည့် အချိန်တွင် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် အားအင်များသာ ပါဝင်နေသည်။ အဘယ်သို့သော နည်းစနစ်မျိုးကြောင့် သိုင်းဘုရင်တစ်ယောက်ကိုပင် လွယ်လွယ်ကူကူ ပြန်လည်ရိုက်နှက်နိုင်နေသနည်း။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် စုန့်ရွှမ်ကျူး သည် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းကို မထုတ်ဖော်ဘဲ နှင့် ကျန့်ချင်းယုအား အနိုင်ယူခဲ့ခြင်းပင် ဖြစ်တော့သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ် အမြစ်များသည် တစ်ဖက်လူထက် ပိုမို သာလွန်နေသည်။

"အကြီးအကဲချမ်း"

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ "ခင်ဗျားတို့ ဂိုဏ်းရဲ့တပည့်က ဒီလောက်ပဲလား"

လက်ရှိ အခြေအနေမှာတော့ သူသည် မောက်မာမည်ဆိုလျှင်ပင် မောက်မာဖို့အခွင့် အရေး ရှိနေ၏။

ကျွတ်။

ချမ်းဟွာရှင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

အစကတည်းက ပြိုင်စံရှား ဂိုဏ်းသည် ဒုတိယတပည့်တစ်ယောက်ကို မပြောင်းလဲခဲ့ချေ။ သို့ပေမဲ့ သူတို့ ဘက်မှာတော့ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်ပြီးဖြစ်သည်။ ထိုထဲတွင် သိုင်းဘုရင်တစ်ယောက်လည်း ပါဝင်နေသေးသည်။ လက်မခံနိုင်စရာပင် ဖြစ်၏။

"ဂိုဏ်းချုပ်"

စုန့်ရွှမ်ကျူး က ပြောလိုက်သည်။ "ကျွန်တော်နည်းနည်း ပင်ပန်းနေပြီ"

သူ့အနေနှင့် လေးပွဲဆက်တိုက် အနိုင်ယူမည်ဆိုလျှင် တစ်ဖက်လူများအတွက် မကောင်းသည့် အခြေအနေမျိုး ဖြစ်လာနိုင်သည်။ ထို့ကြောင့်သူသည် အားနည်းချင်ယောင် ဆောင်လိုက်ခြင်းပင် ဖြစ်တော့သည်။

"ဂိုဏ်းချုပ်"

လီထျန်းထျန်းက ပြောလိုက်သည်။ "ကျွန်တော် တိုက်ခိုက်လို့ ရလား"

"သွား"

"ကောင်းပါပြီ"

လီထျန်းထျန်းသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်သို့ ရောက်ရှိလာပြီး စုန့်ရွှမ်ကျူး နှင့် နေရာလဲလိုက်သည်။ ပြီးနောက် သူသည် လိုင်လီနတ်ဂိုဏ်းမှ တပည့်များကို ကြည့်၍ လက်ညိုးကို ကွေးကာ ခေါ်လိုက်၏။ "ကောင်မလေးတွေ အကုန်လုံးတက်ခဲ့ကြတော့"

ဤအမူအရာ …. ဤလေသံသည် အထင်မြင်သေးလွန်းလှသည့် သဘောထားများ ပါဝင်နေသည်။

"အကြီးအကဲ"

လိုင်လီနတ်ဂိုဏ်းမှ တပည့်တစ်ယောက်သည် မည်သို့မှ သည်းမခံနိုင်တော့ဘဲ ပြောလိုက်၏။ "တပည့် တိုက်ခိုက်မယ်"

"ကောင်းပြီ …. သွား" ချမ်းဟွာ ရှင်းသည် ပြောလိုက်တော့၏။

သူမ၏ အထင်အရဆိုလျှင် ယခု ပြိုင်စံရှားဂို‌ဏ်းတပည့်၏ အော်ရာသည် စုန့်ရ့ွှမ်ကျူး ထက်ပင် အားနည်းနေသည်။

……....

သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ ၎င်းတို့နှစ်ယောက်သည် နာမည်ကို အပြန်အလှန် ပြောဆိုလိုက်၏။

လီထျန်းျထန်းသည် မိန်းကလေး၏ တိုက်ခိုက်ချက်အား အရင်ဆုံး ခုခံမည်ဟု မစဉ်းစားထားချေ။ ထို့ကြောင့် တိမ်ခြေလှမ်းကို အသုံးပြု၍ တောင်ဖြိုလက်သီး နည်းစနစ်ကို အသုံးပြုကာ ထိုးနှက်လိုက်တော့သည်။

ဘုန်း ဘုန်း။

စိတ်ဝိညာဉ် စွမ်းအင်များသည် လေထုထဲတွင် ပြန့်နှံ့သွား၏။

ဘုတ်

မကြာခင်မှာပဲ လိုင်လီနတ်ဂိုဏ်း၏ တပည့်သည် လွင့်စင်သွားတော့သည်။

"အနိုင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"

လီထျန်းထျန်သည် စပ်ဖြီးဖြီးနှင့် ကြည့်ကာ ပြောလိုက်သည်။ သူသည် ထိုကဲ့သို့ လုပ်လေ တစ်ခြားသူများက ပို၍ ရိုက်နှက်ချင်လေပင် ဖြစ်နေသည်။

ကျွင်းချောင်ရှောင်းသည် ပုခုံးတွန့်ကာဖြင့် ပြောလိုက်သည်။ "အကြီးအကဲချမ်း …. ခင်ဗျားတို့ ဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေက ဒီလောက်အား‌နည်းတာလား"

ချမ်းဟွာရှင်းသည် လက်များ တုန်ရင်သည်အထိ ဒေါသထွက်နေသည်။ "ဒီလိုလုပ်ရအောင် ကစားပွဲကို ပြောင်းလဲမယ်"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်တို့ ဂိုဏ်းက တပည့်တစ်ယောက် နဲ့ ခင်ဗျားတို့ဘက်က ဆယ်ယောက် တိုက်ခိုက်မယ်။ တစ်ပွဲရှုံးသွားရင် အခုလာတဲ့ စိန်ခေါ်ပွဲ တစ်ခုလုံးကို အရှုံးပေးလိုက်မယ်။ ဘယ်လိုလဲ။"

All Chapters