← Chapters

အခန်း (၆၄၉)

Vol. 44 Ch. 649

အခန်း (၆၄၉)

Vol. 44 Ch. 649

တပည့်တစ်ယောက်သည် လူဆယ်ယောက်နှင့် တိုက်ခိုက်ရမည်ဖြစ်ပြီး တစ်ပွဲရှုံးနိမ့်သည်ဆိုပါက အကုန်လုံးရှုံးနိမ့်သည်ဟု သတ်မှတ်ပေလိမ့်မည်။ ဤအရာသည် စိတ်လှုပ်ရှားစရာကောင်းသော ကစားနည်းတစ်မျိုးပင် ဖြစ်တော့၏။

ဟုတ်ပေသည်။ လက်ရှိရှိနေသော ကျင့်ကြံသူများအနေနှင့် ကျွင်းချောင်ရှောင်းသည် လိုင်လီနတ်ဂိုဏ်းအား သက်သက်မဲ့ အရှက်ခွဲနေသည်ဟု ခံစားမိလာကြသည်။

မည်မျှအံ့အားသင့်စရာ ကောင်းလိုက်သနည်း။ တပည့်တစ်ယောက်တည်းနှင့် တစ်ဖက်မှ လူဆယ်ယောက်တို့အား ယှဉ်ပြိုင်တိုက်ခိုက်မည်ဟု ဆိုနေ၏။ ထို့အပြင် တစ်ဖက်လူများသည် ပေါ့သေးသေးလူများ မဟုတ်ဘဲ ဒုတိယအဆင့်ဂိုဏ်းတစ်ခုမှ တပည့်များ ဖြစ်လို့နေ၏။

တခြားသော စီရင်စုများမှ ဂိုဏ်းကြီးများသည် ကျွင်းချောင်ရှောင်းအား စတင်၍ ချီးကျူးလာမိကြသည်။ ထို့အပြင် ဤကဲ့သို့ ရဲတင်းလွန်းသော လုပ်ရပ်များကို တခြားသူများ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ချမ်းဟွာရှင်း သည် အလွန်တရာ ဒေါသထွက်နေသောကြောင့် အံကိုပင်ကြိတ်လိုက်မိ၏။

အရှေ့ဘက်လွင်ပြင်ဒေသမှာရှိသော ဂိုဏ်းများသည် ဆက်လက်၍ ကြည့်ရှုရန်ပင် သည်းမခံနိုင်ကြတော့ပေ။ အရှေ့တောင်ရန်ကျူးမှ ဂိုဏ်းတစ်ခုသည် ၎င်းတို့အား ထ၍ကျိန်ဆဲမိသည်အထိ မာနကြီးထောင်လွှားလျက် ရှိနေတော့သည်။

ကျွင်းချောင်ရှောင်းသည် အရှေ့ဘက်လွင်ပြင်ဒေသရှိ ကျင့်ကြံသူများ အားလုံး၏ မျက်လုံးထဲတွင် ရှိနေသော ဒေါသတရားများကို မြင်နေရ၏။ သူသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ဒီလောကကြီးက အရမ်းလှပတယ်၊ ဒါပေမဲ့ ခင်ဗျားတို့မျက်လုံးထဲမှာ ဒေါသအရိပ်အယောင်တွေက ထင်ရှားလွန်းနေတယ်။ ဒါဟာ ကောင်းတာမဟုတ်ဘူး”

မူချန်းဟုန်၏နှုတ်ခမ်းများသည် တုန်ယင်သွား၏။

ဂိုဏ်းချုပ်ကျွင်း….. ခင်ဗျားက မီးထဲကို ဆီထည့်နေတာပဲ၊ ဒီလိုလုပ်နေမယ်ဆိုရင် အရှေ့ဘက်လွင်ပြင်ဒေသတစ်ခုလုံးရဲ့ ရန်သူတောင် ဖြစ်လာနိုင်တယ်။

“ဟမ့်”

တချိန်လုံး ငြိမ်သက်လျက်ရှိသော နတ်ဓားဂိုဏ်းမှ အကြီးအကဲသည် မည်သို့မျှ မနေနိုင်တော့ဘဲ ဝင်ကာပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း၊ နတ်ဓားဂိုဏ်းက ဒီပြိုင်ပွဲမှာ ဝင်ပြီးတော့ပါလို့ရလား”

“ပြဿနာ မရှိဘူး”

ကျွင်းချောင်ရှောင်းသည် အရှေ့ဘက်လွင်ပြင်ဒေသရှိ များပြားလှသော ဂိုဏ်းများဆီသို့ လှမ်းကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ရဲ့ တပည့်တွေကို တိုက်ခိုက်ဖို့အတွက် စေလွှတ်နိုင်တယ်၊ ပြိုင်စံရှားဂိုဏ်းက ဘယ်သူ့ကိုမှ ငြင်းပယ်မှာ မဟုတ်ဘူး”

“သူက တကယ်ကို မောက်မာလွန်းတယ်”

“တိုက်ခိုက်ကြမယ်”

“ကျုပ်တို့ တိုက်ခိုက်မယ်”

“ပြိုင်စံရှားဂိုဏ်းသားတစ်ယောက်ကို ကျုပ်တို့ဆယ်ယောက်က မတိုက်ခိုက်နိုင်ဘူးဆိုတာကို မယုံနိုင်ဘူး”

များပြားလှသော ဂိုဏ်းများမှ စွမ်းအားမြင့်ကျင့်ကြံသူများ အားလုံးသည် ဒေါသထွက်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုနေမိကြ၏။ တပည့်များ တိုက်ခိုက်သည့်ပွဲတစ်ခုသာ မဟုတ်ဘူးဆိုပါက သူတို့သည် အင်္ကျီလက်ကို ခေါက်တင်ကာ ဝင်ရောက်၍ တိုက်ခိုက်မိတော့မှာဖြစ်သည်။

“ဒီကောင်..” မူချန်းဟုန်သည် စိတ်ဓာတ်တကျဖြင့် ကြည့်လိုက်မိသည်။

ကျွင်းချောင်ရှောင်းသည် လိုင်လီနတ်ဂိုဏ်းကို စိန်ခေါ်ရုံတင်မကဘဲ အရှေ့ဘက်လွင်ပြင်ရှိ လူများအားလုံးကို စိန်ခေါ်လျက်ရှိနေသည်။

ငါနေခဲ့တာ ဒီလောက်ကြာပြီ၊ ဒါပေမဲ့ ဒီလောက်မောက်မာတဲ့ ဂျူနီယာကို တစ်ခါမှ မမြင်ဖူးဘူး။

အစတုန်းက ကျွင်းချောင်ရှောင်းသည် အရှေ့မြောက်လုကျိုးဆီသို့ သွားရောက် ပြဿနာရှာခဲ့သည်ကို သူနှစ်သက်မိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူ သဘောမတွေ့နိုင် ဖြစ်မိနေသည်။

“ဂိုဏ်းချုပ်ကျွင်း”

အရှေ့ဘက်လွင်ပြင်ဒေသ၏ ဂိုဏ်းအကြီးအကဲက ပြောလိုက်တော့၏။ “လူဆယ်ယောက်ကို တစ်ခါတည်း ပို့လွှတ်လို့ ရတယ်မလား”

“ရတာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက အချိန်ကို ပိုပြီးသက်သာတယ်”

“ကောင်းပြီ”

ဂိုဏ်းချုပ်တစ်ယောက်သည် တိကျရှင်းလင်းသော အသံဖြင့် ပြောလိုက်၏။ “ကျုပ်တို့ အထူးယင်ဂိုဏ်းက ဒီပြိုင်ပွဲကို ဝင်ပြိုင်မယ်”

ဤလူငယ်လေးသည် အလွန်တရာ မောက်မာနေသည်ဆိုသောကြောင့် သူ့အနေနှင့် အရေအတွက်အရ အနိုင်ကျင့်ရပေတော့မည်။ ထို့အပြင် ထိုကဲ့သို့သော အချက်အလက်ကို အကြံပေးခဲ့သည်မှာလည်း ကျွင်းချောင်ရှောင်းပင်ဖြစ်၏။ မည်သူကမှ သူ့ကို ဖိအားပေးခဲ့သည် မဟုတ်ချေ။

ရွှီး.. ရွှီး..

အထူးယင်ဂိုဏ်းမှ တပည့်ဆယ်ယောက်တို့သည် စင်မြင့်ပေါ်သို့ လှမ်းတက်လာကြသည်။ ၎င်းတို့သည် အဆင့်၄ဂိုဏ်းမှ တပည့်များဖြစ်သည်ဆိုသော်လည်း ထိပ်တန်းအဆင့်တပည့်များကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တပည့်များ၏ ပျှမ်းမျှကျင့်ကြံခြင်းအဆင့်သည် အဆင့်၈နှင့် အဆင့်၉ သိုင်းစစ်သူကြီးများ ဖြစ်ကြတော့၏။

အထူးယင်ဂိုဏ်း - စွန်းဟိုက်

အထူးယင်ဂိုဏ်း - စွန်းဟိုင်

အထူးယင်ဂိုဏ်း - ချီ ……

…….

“အချိန်ဖြုန်းမနေနဲ့”

လီထျန်းထျန်းသည် စိတ်မရှည်သလို ဖြတ်ကာ ပြောလိုက်၏။ “မြန်မြန်၊ အကုန်လုံး ဝင်ခဲ့တော့”

အထူးယင်ဂိုဏ်း၏ တပည့်ဆယ်ယောက်တို့၏ မျက်လုံးထဲတွင်မှာတော့ ဒေါသတရားများ ဖြစ်တည်လာခဲ့တော့သည်။

“လူခွဲကြ” စွန်းဟိုင်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။

တခြားသော တပည့် ၉ယောက်တို့သည် မြန်‌မြန်ဆန်ဆန်ဆိုသလိုပဲ တည်နေရာကို ဖြန့်ကြက်လိုက်ကြပြီးနောက် အထူးအစီအရင်တစ်ခုကဲ့သို့ လီထျန်းထျန်းအား ဝန်းပတ်လိုက်ကြသည်။

“သွားစမ်း”

ရွှီး.. ရွှီး

တပည့်ဆယ်ယောက်တို့သည် နည်းဗျူဟာအရ နားလည်ပြီးဖြစ်သောကြောင့် တပြိုင်နက်တည်း တိုက်ခိုက်လာခဲ့ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အော်ရာများသည် အလွန်တရာ အားကောင်းလွန်းလှ၏။

ကံဆိုးစွာဖြင့် သူတို့သည် အစီအရင်ကို သေသေချာချာ မဖန်တီးနိုင်သေးခင်မှာပဲ လီထျန်းထျန်းသည် တိမ်ခြေလှမ်းကွက်ကို အသုံးပြုကာ ရှေ့သို့ရောက်လာသည်။

သူ၏ညာဖက်လက်ကြီးသည် တူကြီးတစ်ချောင်းကဲ့သို့ပင်။ အထူးယင်ဂိုဏ်းမှ တပည့်များ၏ရင်ဘတ်ကို တိုက်ရိုက်ထိမှန်စေ၏။

ဘန်း

ထိုသူသည် လွင့်စင်သွားပြီးသည့်နောက်မှာတော့ ပြုတ်ကျကာ သတိလစ်မေ့မျောသွားခဲ့သည်။ အမျိုးသမီးတပည့်များနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရမည့်အချိန်တွင် သူသည် ယောင်္ကျားတစ်ယောက်အနေဖြင့် သက်သက်ညှာညှာ တိုက်ခိုက်ခဲ့၏။ သို့ပေမဲ့ အမျိုးသားများနှင့် ယှဉ်ပြိုင်တိုက်ခိုက်သည့်အချိန်မှာတော့ သူသည် မည်သို့သော သက်ညှာမှုကိုမှ မပြသခဲ့ချေ။

ဘန်း ဘန်း

လီထျန်းထျန်းသည် နေရာရွေ့လျားပြီးသည့်နောက် သူ၏လက်သီးများကို လွှဲယမ်းကာ တိုက်ခိုက်တော့၏။ ချက်ချင်းဆိုသလိုပင် အထူးယင်ဂိုဏ်းမှ တပည့်နှစ်ယောက်တို့သည် လွင့်စင်သွားခဲ့၏။

“ဒီလောက် အားကောင်းတာလား။”

အားလုံးသည် ဆွံ့အသွားမိကြ၏။ ထိုအချိန်မှာပဲ အထူးယင်ဂိုဏ်းတပည့် တော်တော်များများသည် လွင့်စင်သွားခဲ့ကြပြီဖြစ်သည်။

အချိန်ခဏလေးအတွင်းမှာပင် လီထျန်းထျန်း တစ်ယောက်တည်းသည်သာလျှင် သိုင်းကျင့်ကြံရေးကွင်းပြင်ထဲ ၌ ကျန်ရှိတော့၏။

အမြန်နှုန်း၊ အားအင်၊ အရာအားလုံးသည် ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးကို ဆွံ့အစေသည်။ အထူးယင်ဂိုဏ်းမှ တပည့်ဆယ်ယောက်တို့သည်မှာတော့ ခြွင်းချက်မရှိ သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အပြင်ဘက်တွင် သတိလစ်မေ့မျောနေပြီဖြစ်သည်။

ဒင်.. “အထူးယင်ဂိုဏ်းတပည့်အား အနိုင်ယူခြင်း × ၁”

ဒင်.. ဒင်.. ဒင်.. “အထူးယင်ဂိုဏ်းတပည့်ကို အနိုင်ယူခြင်း × ၁၀”

သူ၏ဦးခေါင်းထဲတွင် သတိပေးသည့်အသံဆယ်ချက် ထွက်ပေါ်လာတော့သည်။ ဤအရာသည် ကမ္ဘာပေါ်တွင် အလှပဆုံးသော အသံဟုပင် ဆိုရမည်။

ထင်မှတ်ထားသည့်အတိုင်းပင်။ အခြားသောဂိုဏ်းများမှ တပည့်များကို တိုက်ခိုက်နိုင်ခြင်းကလည်း တာဝန်၏အစိတ်အပိုင်းတစ်ခုပင် ဖြစ်နေ၏။

အထူးတာဝန် ၆သည် လိုင်လီနတ်ဂိုဏ်းတစ်ခုတည်းပင် မဟုတ်ဘဲ အရှေ့လွင်ပြင်ဒေသကြီးတစ်ခုလုံးကိုပင် ဆိုလိုခြင်းဖြစ်ပေလိမ့်မည်။

“လာစမ်း.. လာစမ်း” ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါကာ ပြောလိုက်၏။ “ဘယ်သူ မကျေနပ်သေးဘူးလဲ၊ မြန်မြန်ထပ်ပြီး ခင်ဗျားတို့တပည့်တွေကို တိုက်ခိုက်ဖို့ အပေါ်ကို လွှတ်လိုက်တော့”

လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်း သည် သူ၏သန္ဓေစွမ်းရည်တစ်ခုဖြစ်သော တခြားသူများအား ရန်စခြင်း စွမ်းရည်အား အပြည့်အစုံ ထုတ်ဖော်ပြသလျက် ရှိနေသည်။

အရှေ့ပိုင်းလွင်ပြင်ဒေသရှိ ဂိုဏ်းများအားလုံးသည် မည်သို့မှ မခံနိုင်တော့ဘဲ စတင်တိုက်ခိုက်ရန် စဉ်းစားကြတော့သည်။

“ချင်းဖန်ဂိုဏ်းက တိုက်မယ်”

ဝှစ်.. ဝှစ်..

ချင်းဖန်ဂိုဏ်း၏ တပည့်ဆယ်ယောက်တို့သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ပေါ်သို့ လျှောက်တက်လာကြ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စီမာကျုံးတ …. သွား”

“ကောင်းပါပြီ”

စီမာကျုံးတသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ သွားလိုက်သည်။ လီထျန်းထျန်းသည် အောက်သို့ဆင်းသက်လာ၏။

ဘုန်း.. ဘုန်း..

ပြိုင်စံရှားဂိုဏ်း၏ သိုင်းနည်းစနစ်များသည် တိုက်ခိုက်ရေးကွင်းပြင်ထဲတွင်တော့ ထုတ်ဖော်ပြသလျက်ရှိနေသည်။ ချင်းဖန်ဂိုဏ်းမှ တပည့်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် လွင့်စင်ထွက်သွားကြသည်။

သူတို့သည် စင်မြင့်ပေါ်သို့ တက်ရောက်စဉ်က အလွန်တရာ ယုံကြည်ချက်မြင့်မားကြသည် ဖြစ်သော်လည်း ပြန်လည်ဆင်းသက်သွားချိန်မှာတော့ အလွန်တရာ ဆိုးရွားသည့်ဟန်ပန်မျိုးပင် ဖြစ်နေ၏။

“ဆက်ကြစမ်းပါ” ကျွင်းချောင်ရှောင်းသည် အားရပါးရ ရယ်ကာပြောလိုက်သည်။ သူ၏အမူအရာသည် စိတ်တိုစရာ အလွန်ကောင်းမွန်လှ၏။

အရှေ့ဘက်လွင်ပြင်ဒေသရှိ ဂိုဏ်းများအားလုံးသည် အလွန်တရာ ဒေါသထွက်လျက် ရှိနေကြ၏။ ထို့ကြောင့် သူတို့သည် သူတို့၏တပည့်များကို အပေါ်သို့တက်ကာ တိုက်ခိုက်စေခဲ့၏။ သို့ပေမဲ့ ၎င်းတပည့်များအားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက်ကိုပင် အနိုင်ယူနိုင်စွမ်း မရှိကြပေ။

သိုင်းဘုရင်ဆယ်ယောက်ကို စေလွှတ်လိုက်မည်ဆိုလျှင်တောင်မှ သူတို့သည် အခွင့်အရေး တစ်ခါတလေ ရလျှင်ရပေဦးမည်။ သိုင်းစစ်သူကြီးအဆင့် ကျင့်ကြံသူများကို စေလွှတ်လိုက်သည်ဆိုသည်မှာတော့ ကျွင်းချောင်ရှောင်းအား တာဝန်အမှတ်များ ပေးစွမ်းသလိုပင် ဖြစ်နေ၏။

ဘုန်း ဘုန်း ဘုန်း

ဒင်… ဒင်.. ဒင်

သတိပေးသံများသည် ဆက်တိုက်ဆိုသလိုပင် မြည်နေ၏။

စွေ့ပုကျန့်၊ လင်းကျန့်ဟန်နှင့် တခြားသောသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် တက်ကာ တိုက်ခိုက်ခဲ့ကြ၏။ အားလုံးသည် အခြားသောဂိုဏ်းများမှ တပည့်များအား အနိုင်ယူခဲ့ကြတော့သည်။

ကျွင်းချောင်ရှောင်း၏ အထူးတာဝန် ၆ အောင်မြင်မှုနှုန်းမှာ တဖြည်းဖြည်းနှင့် ပိုမို၍ နီးကပ်လာခဲ့၏။

မူချန်းဟုန်သည်လည်း အလုံးစုံဆွံ့အလျက်ရှိသည်။

ယခု တစ်ယောက်ပြီးတစ်ယောက်တက်ကာ တိုက်ခိုက်နေကြသည့် တပည့်များအားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ အထူးလက်ရွေးစင်တပည့်များ မဟုတ်ကြောင်းကို သူကောင်းကောင်းသိ၏။ ဥပမာအားဖြင့် လီချင်းယန်နှင့် ရီရှင်းချန်တို့သည် မတိုက်ခိုက်ခဲ့ကြသေးပေ။

ဆယ်ယောက်တစ်ယောက်ပေးကာ တိုက်ခိုက်နေကြသော တပည့်များအားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ သာမန်တပည့်များပင် ဖြစ်ကြ၏။ အကယ်၍ လက်ရွေးစင်တပည့်များကိုသာ တက်၍တိုက်ခိုက်စေမည်ဆိုလျှင် အရှေ့လွင်ပြင်ဒေသတစ်ခုလုံးရှိ တပည့်များအားလုံးသည် ယခုထက် ပိုမိုဆိုးရွားသည့် အခြေအနေကို ရင်ဆိုင်ရတော့မှာဖြစ်သည်။

လက်ရှိအခြေအနေမှာတော့ မူချန်းဟုန်သည် စိတ်သက်သာရာရမိသွား၏။ ဂိုဏ်းချုပ်ကျွင်းသည် ဤမျှမောက်မာသည်ဆိုသည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။ အစစ်အမှန်ပင် အားကောင်းလွန်းသောကြောင့်ပင် ဖြစ်၏။

“တိုက်ခိုက် …. တိုက်ခိုက်၊ တိုက်ခိုက်စမ်း … ဒီနေ့မှာတော့ အရှေ့ဘက်လွင်ပြင်ဒေသတစ်ခုလုံးက ကျင့်ကြံသူတွေကို သိရှိစေချင်တာက အရှေ့တောင်ရန်ကျူးမှာရှိတဲ့ အဆင့်၅ ဂိုဏ်းတစ်ခုဟာ မင်းတို့ကို အနိုင်ယူနိုင်တယ်ဆိုတဲ့ အကြောင်းပဲ”

တင်လင်းရွှမ် ၏ အမူအရာများသည် ပျက်ယွင်းသွားတော့သည်။ သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်း၏ အရှက်တကွဲအကျိုးနည်းဖြစ်ရပုံကို ကြည့်ရှုစေချင်သောကြောင့် မူချန်းဟုန်အား တကူးတက ဖိတ်စာပေးကာ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ အဆုံးသတ်မှာတော့ သူဖြစ်စေချင်သလို ဖြစ်မလာခဲ့ဘဲ အရှေ့ပိုင်းလွင်ပြင်ဒေသရှိ ဂိုဏ်းများ နှိပ်စက်ရိုက်နှက်ခံနေရသည်ကိုသာ ကြည့်ရှုနေရသည်။

“မြို့တော်ဝန်တင်”

မူချန်းဟုန်က ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားကို အရှက်ရစေခဲ့ပြီ”

တင်လင်းရွှမ် သည် အပြင်ပိုင်းအမူအရာတွင် တည်ငြိမ်လျက်ရှိနေသည်ဆိုသော်လည်း စိတ်ထဲမှာတော့ အားရပါးရ အော်ဟစ်နေ၏။

ခွေးကောင်တွေ။ မင်းတို့ ငါ့ကို အရှက်ရအောင် လုပ်တာတွေ မရပ်သေးဘူးလား။ အနည်းဆုံး တစ်ပွဲလောက်တော့ နိုင်အောင်ချကြလေ။

အရှေ့ပိုင်းလွင်ပြင်ရှိ ဂိုဏ်းများအားလုံးသည် တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း စင်ပေါ်သို့တက်ကာ တိုက်ခိုက်ကြ၏။ သို့ပေမဲ့ အားလုံးသည် အလုံးစုံရှုံးနိမ့်ခဲ့ကြ၏။

တချို့သော ဂိုဏ်းခေါင်းဆောင်များသည် ဆက်လက်ကာ တိုက်ခိုက်ချင်ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် နတ်ဓားဂိုဏ်း အကြီးအကဲ၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။

ထိုသူသည် လေးနက်စွာ ပြောလိုက်သည်။ “ဓားခုနှစ်လက်၊ တက်တော့”

“ကောင်းပါပြီ”

နောက်ကျောဘက်တွင် ဓားများကို လွယ်ပိုးထားသော လူငယ် ခုနှစ်ယောက်တို့သည် လှမ်းလျှောက်လာခဲ့ကြသည်။ ၎င်းတို့ ခုနှစ်ေ“ဓားခုနှစ်လက်..”

“သူတို့က နတ်ဓားဂိုဏ်းရဲ့ အထူးတပည့်တွေပဲလေ၊ ပြောရရင် ဓားခုနှစ်လက် ထဲမှာ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်တဲ့လူတိုင်းက အနာဂတ်မှာ နတ်ဓားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်အဖြစ် ရာထူးတိုးမြင့်ခြင်းကို ခံရတတ်တယ်”

All Chapters