← Chapters

အခန်း (၆၅၂)

Vol. 44 Ch. 652

အခန်း (၆၅၂)

Vol. 44 Ch. 652

ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ၎င်းတို့၏ အစစ်အမှန်အားအင်ကို ထုတ်ဖော်အသုံးမပြုခဲ့သော်လည်း အရှေ့လွင်ပြင်ရှိ တပည့်များကို အနိုင်ယူနိုင်ခဲ့၏။ ဤအရာမှာ သာမန်ပင်ဖြစ်သည်။

ရှောင်ကျီ နှင့် မုယုံရှင်းတို့မှာတော့ တူညီသည့်အဆင့်တွင် ရှိနေကြသည်။ သို့ပေမဲ့ တိုက်ခိုက်ချက် အနည်းငယ်ကို ထုတ်ဖော် ပြီးသည့်နောက်မှာတော့ ရှောင်ကျီသည် တစ်ဖက်လူအား ဖိနှိပ်အနိုင်ယူထားနိုင်၏။

နှစ်ယောက်ကြားတိုက်ပွဲသည် သုံးနှစ်အတွင်း ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ တကယ်တမ်း တိုက်ခိုက်ချိန်မှာတော့ တစ်ဖက်စောင်းနင်းကြီး ဖြစ်နေသည်ကို မြင်လိုက်ရ၏။ ဤအရာသည် ကျွင်းချောင်ရှောင်း အား အလွန်ပင် စိတ်ပျက်စေသည်။

ဟမ့်

ချမ်းဟွာရှင်းသည် အေးစက်စက်နှင့် ပြောလိုက်၏။ “တိုက်ပွဲက အခုမှစတာလေ၊ အစောကြီး ပျော်မနေနဲ့”

သူမ၏စကားကို နားထောင်ရသည်မှာ မုယုံရှင်းတွင် ဝှက်ဖဲတိုက်ကွက်မျိုး ရှိနေသည်လား။ ဤအရာမှာ အမှန်ပင် ဖြစ်သည်။ ဒုတိယအဆင့်ဂိုဏ်းတစ်ခု၏ တိုက်ရိုက်တပည့်တစ်ယောက် အနေဖြင့် မည်သည့်ဝှက်ဖဲမှ မရှိဘူးဆိုလျှင် ကျိုးကြောင်း မဆီလျော်သလို ဖြစ်နေပေလိမ့်မည်။

ဟူး ဟူး

ထိုအချိန်မှာပဲ မုယုံရှင်းသည် သူမ၏လက်များကို စုစည်းလိုက်ပြီးသည့်နောက်မှာ မျက်လုံးထဲတွင် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားတော့သည်။ သူမ၏ နူးညံ့ပျော့ပျောင်းသော ဆံနွယ်များသည် လေမတိုက်ဘဲ လွှင့်စင်လာသည်။

ဖေါက် ဖေါက်

ကောင်းကင်ယံထက်ဆီမှ မိုးရေများ ကျဆင်းလာသည်ကို မြင်တော့ အားလုံးသည် ကြောင်သွားကြ၏။ ကောင်းကင်ကြီးသည် ရှင်းလင်းနေသည်။ အဘယ်ကြောင့် ဤတိမ်ပြာပြာကြီးပေါ်မှ မိုးများရွာချနေရသနည်း။

“သတိထား”

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။ အားလုံး လှမ်းကြည့်လိုက်သည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် မျက်နှာဖြင့် ပြောလိုက်၏။ “မိုးရွာနေပြီ … အဝတ်တွေရုတ်တော့”

“...”

အားလုံးသောသူများ၏ မျက်လုံးများသည် ချာချာလည်သွားကြ၏။

ဟူး လား လား ..။

မိုးများသည် ပိုမို၍ သည်းထန်လာသည်။ ကျင့်ကြံသူများသည် ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ကာဆီးထားရ၏။ သို့ပေမဲ့ အဆင့်နိမ့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ကြသော သိုင်းကျင့်ကြံသူများမှာတော့ ဆွံ့အလျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ မိုးများကို တားဆီးမရသော ကြောင့်ပင်ဖြစ်၏။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ များပြားလှသော လူများသည် ရေစိုနေသော ကြွက် များကဲ့သို့ပင် စိုစွတ်လျက်ရှိနေတော့သည်။

“ဒါက စိတ်ဝိညာဉ်ရေပဲ”

ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ မီးဓာတ်သဘာဝတွင် များပြားလှသော အမျိုးအစားများရှိနေသလိုပဲ ရေဓာတ်သဘာဝတွင်လည်း များပြားလှသော အမျိုးအစားများရှိ၏။ စိတ်ဝိညာဉ်ရေသည် ၎င်းတို့ထဲမှ အမျိုးအစား တစ်မျိုးဖြစ်ပြီး အရည်အသွေးပိုင်းအရဆိုလျှင် သူတော်စင်အဆင့်ကိုပင် ရောက်ရှိနေ၏။ စိတ်ဝိညာဉ်ရေ နည်းစနစ်သည် အလွန်တရာ အားကောင်းပြီး ထွင်းဖောက်နိုင်မှု အားအင်လည်းရှိသည်။ သိုင်းပညာရှင်များ အနေဖြင့် ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ တားဆီးမည်ဆိုလျှင်တောင် မတားဆီးနိုင်ချေ။

ကျွတ် ကျွတ်

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စွမ်းရည် တချို့တလေတော့ ရှိသေးတာပဲ”

မုယုံရှင်း၏ စိတ်ဝိညာဉ်ရေအပေါ် နားလည်မှုသည် အလွန်တရာ အားကောင်းလှ၏။ သို့ပေမဲ့ ရှောင်ကျီကိုတော့ ဘာမှ မသက်ရောက်နိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ကျီပေါ်သို့ ကျဆင်းလာသော မိုးရေစက်များသည် အလွန်ပူပြင်းလျက်ရှိသော မီးတောက်ကြောင့် တစ်ခါတည်း အငွေ့ပျံကာ ပျောက်ကွယ်သွားခဲ့သည်။

“ဒါက မင်းရဲ့ဝှက်ဖဲလား” သူသည် ဂုဏ်ယူစွာဖြင့် မေးလိုက်သည်။

မုယုံရှင်းသည် မည်သည်စကားမှ မဆိုချေ။ အလွန်တရာ ရှုပ်ထွေးလှသော လက်စည်းသင်္ကေတများကို ပြုလုပ်လိုက်တော့သည်။ ကောင်းကင်ပေါ်မှ ကျဆင်းလာသော မိုးရေများသည် စုဝေး လာပြီးသည့်နောက် ကြီးမားလှသည့် ရေတိုင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤရေတိုင်ဆီမှ နဂါးအော်သံ များပင် ထွက်ပေါ်နေသည်။ ဤအရာသည် မပြီးဆုံးသေးချေ။

မုယုံရှင်း၏ လက်စည်းသင်္ကေတများ ထပ်မံပြုလုပ်ပြီးသည့်နောက်မှာတော့ ရေတိုင်များ ထပ်မံတိုးပွားလာပြီး လေထဲတွင် ဖြစ်တည်လာခဲ့၏။ လက်ရှိအခြေအနေမှာတော့ ရေနဂါးကိုးကောင်တို့သည် ကောင်းကင်ယံထက်တွင် ရှိနေပြီး နေရာအနှံဆီမှ ရှောင်ကျီအား တိုက်ခိုက်ရန် ပြင်ဆင်နေသည်။ သူမ၏ ရေဓာတ်သဘာဝများ တိုးတက် လာသည်နှင့်အမျှ ပတ်ဝန်းကျင်တွင်ရှိနေသော အပူချိန်များသည်လည်း ကျဆင်းလာခဲ့သည်။

ဟူး

ရေတိုင်ကြီး ကိုးခုသည် ရေနဂါးကြီး ကိုးကောင်ကဲ့သို့ပင် အလွန်တရာ အားကောင်းလှသော စွမ်းအင်များကို ထုတ်ဖော်လျက် ရှောင်ကျီဆီသို့ ဆင်းသက်လာသည်။ ဤအရာသည် ကျိန်းသေပေါက် ရေဓာတ်အမျိုးအစား သိုင်းနည်းစနစ်တစ်မျိုးပင် ဖြစ်ရမည်။

ချမ်းဟွာရှင်းသည် နှာခေါင်းရှုံ့လိုက်မိ၏။ သူမ၏တပည့်သည် သူတော်စင်အဆင့် သိုင်းနည်းစနစ်ကို ထုတ်ဖော် အသုံးပြုခဲ့ပြီး ဖြစ်သည်။ ကျိန်းသေပေါက် တစ်ဖက်လူသည် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ သူမနှင့် တခြား သူများအားလုံးကို ဆွံ့အစေခဲ့သည်မှာ ရေနဂါးကိုးကောင်လုံးသည် တိုက်ခိုက်ရန်ပြင်နေချိန်မှာပဲ ရှောင်ကျီသည် သူ၏ မီးတောက်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ဂုဏ်ယူစွာဖြင့် မတ်မတ်ရပ်လျက်ရှိသည်။ သူ၏မျက်နှာပေါ် တွင်တော့ အထင်သေးသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ ဘာကို ဆိုလိုသနည်း။ စိတ်ဝိညာဉ်ရေ နည်းစနစ်အား မည်သို့မှ အထင်မကြီးသောကြောင့် ဤအတိုင်း ရပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ဘုန်း

ထိုအချိန်မှာတော့ ရှောင်ကျီသည် ရှေ့သို့လှမ်းတက်ပြီးသည့်နောက်မှာတော့ သူ၏ ကြွက်သားများသည် ဖုဖောင်း ထွက်လာ၏။ သူသည် ခုခံခြင်း အခြေအနေတစ်ခုကို ဖန်တီးထားလိုက်၏။

ကျွမ်းကျင်သူတစ်ယောက်က အံ့အား သင့်စွာဖြင့် ပြောလိုက်တော့သည်။ “မီးဓာတ်သဘာဝတွေကို အသုံးပြုပြီး ခုခံတာမဟုတ်ဘဲ ခန္ဓာကိုယ်အားအင် သီးသန့်နဲ့ ခုခံမှာလား၊ ဒါက အရမ်းကို ရဲတင်းလွန်းတယ် မဟုတ်ဘူးလား”

“လိုင်လီနတ်ဂိုဏ်းက တပည့် ထုတ်ဖော်အသုံးပြုတဲ့ ရေဓာတ်အမျိုးအစား သိုင်းနည်းစနစ်က အရမ်းကို အားကောင်း လွန်းတယ်၊ သူ့ရဲ့မီးဓာတ်နားလည်မှုနဲ့ ခုခံနိုင်တယ်လေ၊ အခုတော့ အရာအားလုံးကို လွှတ်ချပြီး ခန္ဓာကိုယ်အားအင်သီးသန့်နဲ့ ကာကွယ်ဖို့ စဉ်းစားနေတာပဲ”

ကျင့်ကြံသူများ အားလုံးသည် ရှောင်ကျီ၏ လုပ်ကွက်နှင့်ပတ်သက်၍ မည်သို့မျှ နားမလည်နိုင်ကြချေ။ သူတို့အနေနှင့် သုံးသပ်ချက်တစ်ခုသာ ပေးနိုင်သည်။ ဤအရာမှာ သေလမ်းရှာခြင်းပင်ဖြစ်၏။

မုယုံရှင်းသည် အသာ မျက်မှောင်ကုတ်လိုက်သည်။ သူမအနေနှင့် လက်များကို ယမ်းခါပြီးသည့်နောက်မှာတော့ ဆန်းကျယ်လှသည့် ရေဓာတ်သဘာဝစိတ်ဝိညာဉ်စွမ်းအင်များသည် ရေနဂါးကိုးကောင်ဆီသို့ တိုးဝင်လာပြီး ပိုမိုအားကောင်းသည့် အားအင်များကို ဖန်တီးလာတော့၏။

ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှားဂိုဏ်းတပည့်များမှာတော့ ရယ်လျက်ရှိနေကြသည်။ သူတို့၏အထင်အရဆိုလျှင် ရှောင်ကျီ၏ အားအင်သည် မီးဓာတ်သဘာဝကို ထုတ်ဖော်အသုံးမပြုဘူးဆိုလျှင်တောင်မှ အလွန်တရာ အားကောင်းလှသော ခန္ဓာကိုယ်အားအင်ဖြင့် ခုခံနိုင်စွမ်း ရှိနေသည်။

မည်သည့်ထောက်ပံ့မှုမှ မရှိဘဲနှင့် စီနီယာ အစ်ကိုရှောင်သည် ရေဓာတ်အမျိုးအစား သိုင်းနည်းစနစ် တော်တော်များများကို ခုခံနိုင်စွမ်းရှိသည်ကို သူတို့သာလျှင် သိ၏။ ဤအရာမှာလည်း အမှန်ပင်ဖြစ်သည်။

ဝှစ် ဝှစ်

ရေတိုင်ကြီးများသည် မျက်စိတစ်မှိတ်အတွင်းမှာပဲ ရောက်ရှိလာခဲ့သည်။ ရှောင်ကျီသည် မြေပေါ်တွင် မတ်မတ် ရပ်လျက်ရှိပြီး သူ၏လက်များကို ဖြန့်ကားထားလိုက်၏။ သူ၏လက်ဆီမှ စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာ ပြီးသည့်နောက် ထူထဲလွန်းသော အကာအကွယ်နံရံကြီးတစ်ခုသည် လေထုထဲတွင် ပေါ်လာတော့သည်။

ဘုန်း

ရေနဂါးကဲ့သို့ ဖြစ်တည်နေသော ရေတိုင်ကြီးများသည် စိတ်ဝိညာဉ်နံရံကြီးနှင့် ထိမှန်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းအဟုန်များသည် တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။ ကျင့်ကြံသူများအားလုံးသည် မျက်လုံးပြူးသွားကြသည်။

ရှောင်ကျီသည် တိုက်ခိုက်ချက်ကို ထိမှန်သွားခဲ့သည် ဆိုသော်လည်း တည်နေရာမှာတင် မတ်မတ်ရပ်လျက် ရှိနေသေးပြီး တစ်ချက်ကလေးမှ မလှုပ်ချေ။ ဤလူငယ်သည် စိတ်ဝိညာဉ်စွမ်းအင်များကို ဤအတိုင်း သီးသန့် အသုံးပြု၍ ကာကွယ်ခဲ့ခြင်းဖြစ်ပြီး မည်သည့်ခုခံခြင်း သိုင်းနည်းစနစ်နှင့်ါမှ တွဲဖက်အသုံးပြုခဲ့ခြင်း မဟုတ်ပေ။ ထိုအရာမှာ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။

ဝှစ် ဝှစ်

အခြားတစ်ဖက်မှာတော့ ရေတိုင်ကြီးများသည် ဖြတ်ပြေးသွားသည်။ ရှောင်ကျီသည် တူညီသည့်နေရာမှာပဲ မတ်မတ်ရပ်၍ လက်တစ်ဖက်ကို မြှောက်ကာ တိုက်ခိုက်ချက်ကို ဖမ်းဆီးလိုက်၏။ တိုက်ခိုက်ချက်၏ အားအင်သည် အလွန်တရာအားကောင်းလှသည်ဆိုသော်လည်း သူသည် တောင်ကြီးတစ်လုံးကဲ့သို့ ငြိမ်ငြိမ်သက်သက်ပင် ရပ်လျက် ရှိသည်။

ဘုန်း ဘုန်း

ထိုအချိန်မှာတော့ လက်ကျန်ရေတိုင်ကြီးများသည် မတူညီသည့်တည်နေရာများမှ ရှောင်ကျီဆီသို့ ဆင်းသက်လာ သည်။ ရှောင်ကျီ၏ ခြေထောက်များသည် တစ်စက်ကလေးမှ မလှုပ်ရှားသေးချေ။ သူ၏လက်များမှာတော့ ဆက်တိုက်ဆိုသလို လှုပ်ရှားပြီး ရေတိုင်ကြီးများကို ကာကွယ်လျက်ရှိသည်။

တိုက်ခိုက်ချက်ကိုးချက် ပြီးဆုံးသွားပြီး သည့်နောက်မှာတော့ ကျင့်ကြံသူများအားလုံး၏ မေးရိုးသည် ပြုတ်ကျသွားခဲ့၏။ ရှောင်ကျီသည် ဂုဏ်ယူဝံ့ကြွားစွာ ဖြင့် မတ်မတ်ရပ်လျက်ရှိနေပြီး တစ်စက်ကလေးမှ နေရာ မရွေ့ခဲ့ချေ။

“ကောင်းကင်ဘုံ… ဒီလောက်အားကောင်းလှတဲ့ ရေဓာတ်သဘာဝသိုင်းနည်းစနစ်ကိုတောင်မှ ဒီအတိုင်းခုခံခဲ့တယ်၊ တစ်ချက်ကလေးမှ နောက်မတွန့်သွားဘူး၊ ဒီကောင်လေးရဲ့ ခန္ဓာကိုယ်က အရမ်းကို အားကောင်းတာပဲ၊ ကြောက်စရာပဲ”

“သိုင်းဘုရင်အထက်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်တယ်ဆိုရင်တောင်မှ သူ့ကို လွယ်လွယ်ကူကူနဲ့ အနိုင်ရဖို့ မလွယ်ဘူး၊ ကြောက်စရာပဲ၊ ကြောက်စရာပဲ”

ကျွမ်းကျင်သူတချို့သည် ရှောင်ကျီ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ မှတ်ချက်ပြုနေကြသည်။ သူတို့သည် ဤလူငယ်လေးအား ချီးကျူးမိသည်မှာ သေချာ၏။ ဟုတ်ပေသည်။ ရှောင်ကျီအနေနှင့် ခန္ဓာကိုယ်အားအင်ကို ဤကဲ့သို့ အခြေအနေမျိုးဖြစ်အောင် လေ့ကျင့်ခဲ့ရသည်မှာလည်း လွယ်ကူလှသည်တော့ မဟုတ်ပေ။ သူသည် တကယ့်ကို ရူးရူးမူးမူးနှင့် လေ့ကျင့်ခဲ့ရခြင်းဖြစ်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

မုယုံရှင်း၏ မျက်လုံးများသည် မယုံကြည်နိုင်မှုနှင့် ပြည့်နှက်သွားသည်။ သူတော်စင်အဆင့် ရေဓာတ်သဘာဝ သိုင်းနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သည်ဆိုသော်လည်း တစ်ဖက်လူသည် လက်ဗလာဖြင့် တားဆီးခဲ့၏။ တစ်ချက်ကလေးမှပင် နောက်မရွေ့သွားချေ။ ဤအရာကို သူမ လက်သင့်မခံနိုင် ဖြစ်နေ၏။

“ဒါက ခင်ဗျားရဲ့ အားအကောင်းဆုံး ဝှက်ဖဲလား၊ ဒါဆိုရင် စိတ်ပျက်မိသွားပြီ” ရှောင်ကျီသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

မုယုံရှင်းက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ရှင်က ဒီလောက်ထိ အားကောင်းလာမယ်လို့ ကျွန်မ မထင်ခဲ့မိဘူး”

ရှောင်ကျီသည် ချမ်းဟွာရှင်းအား လှမ်းကြည့်လိုက်၏။ ပြီးနောက် ရှောင်မိသားစုဆီသို့ လာခဲ့ဖူးကြသော လိုင်လီ နတ်ဂိုဏ်းဆီမှ တပည့်များအားလုံးကို ကြည့်ကာ ပြောလိုက်၏။ “သုံးစားမရတဲ့လူဆိုတာ မရှိတော့ဘူး၊ တကယ့်ကို ကြိုးစားတဲ့လူတွေကပဲ လောကကြီးမှာ နေရာ ရကြတာလေ”

“...” ချမ်းဟွာရှင်းနှင့် တခြားသောတပည့်များအားလုံးသည် တိတ်ဆိတ်ငြိမ်သက် သွားကြ၏။

ရှောင်ကျီက ဆက်ပြော လိုက်သည်။

“ခင်ဗျား မုယုံရှင်းက ကောင်းကင်တဲ့ ဂုဏ်ယူရလောက်တဲ့ သမီးတော်တစ်ပါးပဲ၊ ဒါပေမဲ့ ကျုပ် ရှောင်ကျီက အမှိုက် တစ်စပါ၊ ဒီတော့ ခင်ဗျားနဲ့ မထိုက်တန်ဘူး၊ ဒါပေမဲ့ …”

သူသည် လက်သီးကိုဆုပ်ကာ တစ်လုံးချင်း ပြောလိုက်၏။ “ဒီနေ့မှာတော့ ကောင်းကင်က ဂုဏ်ယူရလောက်တဲ့ သမီးတော်တစ်ပါးဆိုရင်တောင်မှ ကျုပ်လို အမှိုက် တစ်ယောက်ရဲ့ ရှေ့မှာ ဘာမှမဟုတ်ဘူးဆိုတာကို အားလုံးကို သိစေချင်တယ်”

All Chapters