← Chapters

အခန်း (၆၅၃)

Vol. 44 Ch. 653

အခန်း (၆၅၃)

Vol. 44 Ch. 653

ဖူး ….။

ရှောင်ကျီ၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ တောက်လောင်လှသော မီးတောက်များ ထွက်ပေါ်လာသည်။ ပြီးနောက် သူသည် တိမ်ခြေလှမ်းကို အသုံးပြု၍ ရှေ့သို့ တက်လာကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ "ကောင်းကင်နီဓား ခုတ်ပိုင်းချက်"

ခရက်စ် ခရက်စ် ခရက်စ်

သူသည် မြေပြင်အား ဆောင့်၍ နင်းလိုက်ပြီးနောက် ကြမ်းပြင် တစ်ခုလုံးသည် ကွဲကြေကုန်ကြသည်။

ဝှစ် ….. ဝှစ်။

ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာသော မီးတောက်များသည် မြေပြင်တစ်ခုလုံးကို ပျံ့နှံ့ပြီးသွားသည့်နောက်မှာတော့ အလွန်တရာ ကြမ်းတမ်းလှသော မီးညွန့် မီးလျှံများအဖြစ် ပြောင်းလဲသွားခဲ့၏။

သူသည် သူ၏ သိုင်းကျင့်ကြံခြင်း နည်းစနစ်ကို ထုတ်ဖော်အသုံးပြုခဲ့ပြီး ဖြစ်သည် ဤအရာသည် အလွန် ကြမ်းတမ်းလွန်းသည်။

ပတ်ဝန်းကျင်တွင် ရှိနေသော အပူချိန်များသည်လည်း ပြန်လည်၍ မြင့်တက်လာကြပြီး ကောင်းကင်ပေါ်မှ ရွာချနေသော မိးများပင်လျှင် အငွေ့ပြန် ပျောက်ကွယ်သွားခဲ့သည်။ အဆုံးမဲ့ တောက်လောင်လှသော ‌‌မီးတောက်များ၏ အောက်မှာတော့ မည်သည့် ရေဓာတ်သဘာဝမှ အသုံးမဝင်တော့ချေ။

"မကောင်းတော့ဘူး"

မုယုံရှင်း၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွား၏။

စိတ်ဝိညာဉ် စွမ်းအင်များသည် ပေါက်ကွဲထွက်လာပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးသည် လှုပ်ရှား သွား၏။ ရေတံခွန်ကဲသို့သော အကာအကွယ်အတားအစီးတစ်ခုသည် သူမ၏ ရှေ့၌ ဖြစ်တည်လာသည်။

တစ်လွှာ … နှစ်လွှာ …. သုံးလွှာ ..။

ဘုန်း … ဘုန်း ….. ဘုန်း..။

ကောင်းကင်နီဓား ခုတ်ပိုင်းချက်သည် ရုတ်တရက်ဆိုသလိုပဲ ကျဆင်းလာပြီးသည့်နောက်မှာတော့ တို့ဖူးအား ဓားပူပူနှင့် ထိုးခွဲလိုက်သလို ဖြစ်သွား၏။

မုယုံရှင်းသည် အနောက်ဘက်သို့ လွင့်ထွက်သွားပြီးသည့်နောက်မှာတော့ သူမ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ လန်ကျသွားတော့သည်။

သူမ၏ မျက်နှာတစ်ခုလုံးသည် ဖြူဖျော့သွား၏။

သို့ပေမဲ့ ကောင်းကင်နီဓား ခုတ်ပိုင်းချက်၏ အားအဟုန်မှာတော့ ပျောက်ကွယ်မသွားခဲ့ချေ။ မည်သည့် ခုခံမှုမှ မရှိတော့သော သူမဆီသို့ တိုးဝင်လာသည်။ သူမသည် ရပ်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

"ပြီးသွားပြီ" စွမ်းအားမြင့် ကျင့်ကြံသူများအားလုံးသည် ခေါင်းကိုသာ ခါယမ်းလိုက်၏။

ဘုန်း

လေ့ကျင့်ရေးကွင်းပြင်ရှိ တည်နေရာတစ်ခုလုံးသည် တုန်ခါသွား၏။ အလွန်တရာ နက်နဲလှသော မီးတောက် ဓားရာကြီးသည် မြေပြင်တစ်ခုလုံးတွင် ဖြစ်တည်လာသည်။

အားလုံးတို့၏ မြင်ကွင်းများ ရှင်းလင်းသွားပြီးသည့်နောက် မုယုံရှင်း အနေနှင့် သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် အားပျော့စွာ ရပ်တန့်နေကို မြင်လိုက်ကြရ၏။ သို့ပေမဲ့ တောက်လောက်လှသော မီးတောက်များသည် သူမကို မထိမှန်ခဲ့ချေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမအနေနှင့် လွတ်မြောက်နိုင်စရာ လမ်းမရှိပေ။

ရှောင်ကျီသည် မီးတောက်များကို ပြန်လည်ရုပ်သိမ်းကာ ခံစားချက်မဲ့စွာဖြင့်ပြောလိုက်သည်။ "ခင်ဗျားရှုံးသွားပြီ"

ဘုတ်။

မုယုံရှင်းသည် မည်သို့မှ မရပ်တန့်နိုင်တော့ဘဲ ပူလောင်လှသော ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်တော့သည်။ သူမ၏ ဆံပင်များသည် ပွစာကျဲလျက်ရှိပြီး ဆံပင်များသည် အလွန်တရာ အားနည်းကာ ဖြူဖျော်လျက်ရှိသည်။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ "ကျွန်မရှုံးပြီ"

ဒင်

"တပည့်ရှောင်ကျီသည် လိုင်လီနတ်ဂိုဏ်းမှ မုယုံရှင်းအား အနိုင်ယူခဲ့သည်။အထူးတာဝန် (၆) သည် ပြည့်စုံခဲ့ပါသည်။ဆုလာဘ်များ အတွက် စတင်ကာ စုစည်းနေသည်။"

မုယုံရှင်းဆီမှ ‘ကျွန်မရှုံးပြီ’ ဆိုသည့် စကားသံကို ကြားရချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ နားထဲတွင် သတိပေးချက်များ ပေါ်လာတော့သည်။ ဤအရာသည် သဘာဝ၏ အသံများပင် ဖြစ်တော့သည်။

ဂိုဏ်းချုပ်ကျွင်းသည် အစောကြီးကတည်းက ပြင်ဆင်ထားပြီးသား ဖြစ်၏။ သူ့အနေနှင့် တာဝန်နှစ်ခု ပြီးသည့်နောက် ရရှိလာမည့် ဆုလာဘ်များကို တောင်းတနေမိ၏။ ပို၍ အရေးကြီးသည်မှာ သူသည် ဤအထူးတာဝန်ကို ပြည့်စုံသွားသည်နှင့် တစ်ပြိုင်နက် သိုင်းအုပ်စိုးသူ အဆင့်သို့ ချိုးဖြတ်ရောက်ရှိတော့မှာဖြစ်၏။

………....

လိုင်လီနတ်ဂိုဏ်းထဲတွင် ရှိသော လူများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ချမ်းဟွာရှင်း သည် သူမ၏ လက်များ တုန်ယင်နေသည်အထိ ဒေါသထွက်လျက်ရှိသည်။ သူမ ဂုဏ်အယူရဆုံး ဖြစ်သည့် မုယုံရှင်းသည် ရှုံးနိမ့်ခဲ့ရပြီးဖြစ်သည်။ ဤနှစ်များအတွင်း သူမသည် ခန့်မှန်း၍မရအောင် များပြားသော သိုင်းအရင်းအမြစ်များကိုအသုံးပြု၍ သူမအား ပြုစု ပျိုးထောင်ခဲ့ရ၏။

သို့ပေမဲ့ မုယုံရှင်းသည် ရှောင်ကျီအား ရှုံးနိမ့်ခဲ့ရသည်။

ပို၍ လက်မခံနိုင်စရာ ကောင်းသည်မှာ သူမကိုယ်တိုင်သွားရောက်၍ စေ့စပ်ပွဲဖျက်သိမ်းသူ၏ အနိုင်ယူ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းပင် ဖြစ်တော့သည်။

ချမ်းဟွာရှင်း၏ မျက်နှာအိုကြီးသည် ရှုံ့တွလျက်ရှိသည်။ သူမအနေနှင့် လူသား နှင့်တောင် မတူတော့ချေ။

"အကြီးအကဲချမ်း"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အခု ဘယ်သူက ဘယ်သူနဲ့မတန်ဘူးဆိုတာ သိသင့်ပြီမဟုတ်လား။

သူသည် ထပ်မံ၍ မီးထိုးပေးခဲ့ပြန်သည်။

ချမ်းဟွာရှင်းသည် လက်သီးကို တင်းတင်းဆုပ်ထား၏။ သူမ၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများနှင့် ပြည့်နက်နေ၏။

"ဆရာ"

မုယုံရှင်းသည် အားပျော့စွာဖြင့် ပြောလိုက်သည်။ "စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်"

ဟမ့် …။

မုယုံရှင်းသည် ဒေါသတကြီးဖြင့် သူမ၏ အင်္ကျီလက်ကို ယမ်းခါကာ လှည့်၍ ထွက်သွားတော့သည်။

"မုယုံရှင်း"

ရှောင်ကျီသည် ထူးမခြားနားသလို ပြောလိုက်သည်။ "ခင်ဗျားနဲ့ ကျုပ်နဲ့ ကြားကရန်ငြိုးတွေက ပြီးဆုံးသွားပြီ။ဒီနေ့ကစပြီး ကျုပ်တို့က တစ်လှမ်းဆီ သွားကြမှာဖြစ်ပြီး တစ်‌ယောက်နဲ့ တစ်ယောက်နဲ့ ထပ်ပြီး ဆုံစရာ အကြောင်းမရှိတော့ဘူး။"

အချက်အလက်အားဖြင့် သူသည် ကောင်းကင်နီဓားခုတ်ပိုင်းချက်ကို အသုံးပြုသည့်အချိန်တွင် မုယုံရှင်းအား အနိုင်ယူသည်။ သို့ပေမဲ့ သူသည် ကောင်းကင်နီဓား ခုတ်ပိုင်းချက်အား ထုတ်ဖော်ပြီးချိန်တွင် လက်ကို ရုတ်သိမ်းကာ ကြမ်းပြင်ပေါ်သို့သာထိမှန်အောင် ပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။

တတယ်တမ်း မီးတောက်များသည် မုယုံရှင်းနှင့် ထိခိုက်မိခါနီး၌ မုယုံရှင်းသည် ရှောင်ကျီဆီသို့ အသံပို့လွှတ်ခဲ့၏။ "ရှောင်ကျီ တစ်ချိန်က ဖြစ်ခဲ့တဲ့ ပြသနာတွေအတွက် ဒီနေ့မှာ အဆုံးစွန်ထိ အတိုးနဲ့ ပြန်ပေးလိုက်ပါ့မယ်"

ဤစကားလုံးများကို ကြားရသည့် အ‌ချိန်မှာတော့ ရှောင်ကျီသည် မည်သို့မှ မနေနိုင်တော့ပေ။ ထို့ကြောင့် ကောင်းကင်နီဓား ခုတ်ပိုင်းချက်ကို အားဖျော့ရင်း မြေကြီးအား ခုတ်ပိုင်းခဲ့ခြင်းပင် ဖြစ်တော့၏။

လက်ရှိအခြေအနေမှာတော့ ရှောင်ကျီသည် လိုင်လီနတ်ဂိုဏ်းအဓိက ဟောခန်းရှေ့တွင် ရပ်၍ များပြားလှသော ကျင့်ကြံသူများ၏ ရှေ့တွင် မုယုံရှင်းအား အနိုင်တိုက်ခိုက်နေခဲ့ပြီဖြစ်ပြီး သူ၏ ပျောက်ဆုံးသွားခဲ့သော ဂုဏ်သိက္ခာများအားလုံးကို ပြန်လည်ရယူခဲ့ပြီးဖြစ်သည်။

………....

"ပြိုင်စံရှား ဂိုဏ်းတပည့်တွေက အတော်ကို အားကောင်းလွန်းတာပဲ။ ခုနက လှုပ်ရှားသွားတဲ့ တိုက်ကွက်ကို ကြည့်လိုက်ရင် သာမန်သိုင်းဘုရင် တစ်ယောက် မဟုတ်တာ သေချာတယ်"

တိုက်ပွဲက ပြီးဆုံးသွားပြီဆိုသော်လည်း ၎င်းတို့သည် ဆွေးနွေးခြင်းကို မရပ်တန့်ကြပေ။

လက်ရှိ အခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်း၏ လှုပ်ရှားမှု နှင့် ရှောင်ကျီ၏ အောင်မြင်မှုသည် အားလုံး၏ နှလုံးသားထဲတွင် ထင်ဟပ်လျက်ရှိနေတော့သည်။

အချိန်အတိုင်းအတာ တစ်ခုတွင် ကျော်ကြား ထင်ရှား လာခဲ့သော ဂိုဏ်းနှင့်တပည့်များသည် ဒုတိယအဆင့် ဂိုဏ်းကိုပင် အနိုင်ယူနိုင်စွမ်းရှိသည်။ ဤအတိုင်းသာ ဆက်လက်ကြီးထွားလာပါက အနာဂတ်တွင် ခန့်မှန်း၍ မရအောင် အားကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။

"မြို့တော်ဝန်တင်း"

မူချန်းဟုန်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "ကျုပ်တို့ ပြည်နယ်ရဲ့ ဂိုဏ်းက ခင်ဗျားကို အရှက်ရစေခဲ့တယ်။"

ပထဦးဆုံး၌ သူသည် မည်သည့် မျှော်လင့်ချက်မှ မရှိခဲ့ပေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ တပည့်သည်သူ့အား ကြီးမားသည့် အံ့အားသင့်မှုကို ရရှိစေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ခန့်မှန်းရသည့် စိတ်ခံစားချက်သည် အလွန်တရာ ကောင်းမွန်လွန်းနေ၏။

တင်လင်းရွှမ်၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိသည်။ သူ အနိုင်ရတော့မည်ဟု ထင်မှတ်လျက်ရှိ‌သော်လည်း တကယ်တမ်းမှာတော့ အရှက်ကွဲ ဖြစ်ခဲ့ရလေသည်။ လိုင်လီနတ်ဂိုဏ်း၏ တန်ဖိုးအထားရဆုံး တိုက်ရိုက်တပည့်ပင်လျှင် ရှုံးနိမ့်ခဲ့သည်။ ဤအရာမှာ အလွန်တရာ ရှက်ရွံ့စရာ ကောင်းလွန်းလှသည်။

ဤကဲ့သို့ ဖြစ်မည်မှန်းသာ စောစောက သိမည်ဆိုလျှင် သူသည် ဖိတ်စာအားပင် ပို့လိမ့်မည် မဟုတ်ချေ။

သူ ဖိတ်ခေါ်ခဲ့သော မူချန်းဟုန်သည် သူ့အား ပြန်လည် လှောင်ပြောင်နေပြီ ဖြစ်၏။ ဆိုးရွားလိုက်သည့် ဘဝပင် ဖြစ်နေတော့သည်။

အရှေ့ဘက်လွင်ပြင်မှာရှိသော များပြားလှသော ဂိုဏ်းများသည်လည်း ငြိမ်သက် တိတ်ဆိတ်နေကြ၏။

ထို့ကြောင့် အားပေးသူ များခြင်း ၊ မများခြင်းသည် အဓိက မဟုတ်ပေ။အားအင်အဆင့်ကသာ အဓိက ကျ‌ပေသည်။

"အားလုံးပဲ"

ကျွင်းချောင်ရှောင်းသည် ရှိရှိသမျှသော ကျင့်ကြံသူများကို တစ်ချက်ဝှေ့ကြည့်ကာ ပြောလိုက်သည်။ "ဘယ်သူ ဆက်ပြီးတော့ တိုက်ခိုက်ချင်သေးလဲ..."

များပြားလှသော ကျင့်ကြံသူများသည် တိတ်ဆိတ်သွားကြသည်။

လိုင်လီနတ်ဂိုဏ်း၏ အတွင်းတပည့်ပင်လျှင် ရှုံးနိမ့်ခဲ့၏။ သူတို့သည် သူတို့၏ အခြေအနေကို သိရှိကြ၏။

"ဘယ်သူမှ မတိုက်ခိုက်တော့ဘူးလား။ဒါဆိုရင် ကျုပ် အရင်ပြန်တော့မယ်။တပည့်တွေအားလုံး နားထောင်ကြ"

သူသည် ကျယ်လောင်စွာ ပြောလိုက်သည် "ဂိုဏ်းကို ပြန်ကြအောင်"

"ကောင်းပါပြီ"

တပည့်များအားလုံးသည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်လိုက်ကြသည်။

၎င်းတို့၏ အားကောင်းလှသော အသံများအားလုံးသည် တည်နေရာတစ်ခုလုံးကိုပင် တုန်ခါသွားစေ၏။

အရှေ့လွင်ပြင်တွင် ရှိသော ကျင့်ကြံသူများသည် အားအင်ကင်းမဲ့သလို ဖြစ်နေကြသည်။

ကျွင်းချောင်ရှောင်းနှင့် သူ၏ တပည့်များ မောက်မာစွာဖြင့် ပြန်လည်ထွက်ခွာသွားသည်ကို အတိုင်းသား ကြည့်ရှုနေရ၏။

ဤတစ်ကြိမ်မှာတော့ ရှောင်ကျီသည် သူ၏ အားအင်အဆင့်ကို သက်သေပြနိုင်ရုံသာ မကဘဲ ပြိုင်စံရှားဂိုဏ်း၏ ဂုဏ်သတင်းကိုလည်း ပိုမ်ုတိုးတက်အောင် ပြုလုပ်ပေးနိုင်ခဲ့၏။ ကုန်းမြေတိုက်ကြီးတစ်ခုလုံးဆီသို့ ဤသတင်း ပျံ့နှံ့သွားပြီဆိုပါက အပူတပြင်း ဆွေးနွေးစရာ အသစ်တစ်ခု ကို ရရှိပေတော့မည်။

လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှား ဂိုဏ်းသည် အားလုံး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။ ဤအသစ်ဖြစ်တည်လာသော ဂိုဏ်းသည် အားအင်အဆင့်သည် သာမန်မဟုတ်သည်ကို အားလုံးက နက်နက်နဲနဲ နားလည်လိုက်ကြ၏။

လွန်ခဲ့သည့် သုံးနှစ်တုန်းက ဘာမှန် မသိသော်လည်း သုံးနှစ်ကြာပြီးသည့်နောက်မှာတော့ သူတို့သည် ဒုတိယအဆင့် ဂိုဏ်းတစ်ခုနှင့်ပင် နှိုင်းယှဉ်၍ ရနေသည်။

အမြန်နှုန်းမှာ အလွန်တရာ အားကောင်းလွန်းနေ၏။

ရှောင်ကျီ၏ ပျောက်ဆုံးခဲ့သော ဂုဏ်သိက္ခာများကို ပြန်လည်ရယူပြီးသည့်နောက်မှာတော့ ဂိုဏ်းသည် လုံလောက်သည့် အားအင်အဆင့်ကို ပြသခဲ့ပြီးဖြစ်သည်။ ပြောရမည်ဆိုလျှင် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်းပင် ဖြစ်သည်။

သို့ပေမဲ့ အကောင်းဆုံးသော အရာသည် အခုမှ စ လာမှာ ဖြစ်သည်။ တောင်အဆင်းအတိုင်းဆင်းသက်လာသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ နားထဲတွင် သတိပေးသံများ ထွက်ပေါ်နေတော့၏။

ဒင်

“ဂိုဏ်းတပည့်သည် လိုအပ်သည့် ရည်မှန်ချက်ကို ပြည့်ဝအောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်သောကြောင့် အထူးတာဝန် ပြည့်စုံမှုနှုန်းသည် နှစ်ရာ ရာခိုင်နှုန်းဖြစ်သည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀၀အား ရရှိသည်။”

ဒင်။

“ဂိုဏ်းစုဆောင်းမှတ် ၃၃၇၄၃/၂၀၀၀၀”

“ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့် ...”

နောက်ထပ်ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀၀ တောင် ထပ်မံရရှိနေသည်။ အံ့အားသင့်စရာပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် စိတ်ခံစားချက် ကင်းမဲ့လျက်ရှိသည်။ သူ၏ စိတ်ခံစားချက်များသည် ငြိမ်သက်တိတ်ဆိတ်နေပြီး နောက်ထပ် ရရှိလာသည့် ဆုလာဘ်များကို တိတ်တဆိတ်ဖြင့်စောင့်စားနေ၏။

ဒင်

“အထူးတာဝန် (၅) အား ပြည့်စုံစေသည့် အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။”

လက်ခံသူသည် အထူးအဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးပုလင်း ငါးပုလင်း ၊ အဆင့်မြင့် ကျန်းယန်ဓား ဖော်မြူလာတစ်ခု၊ အဆင့်မြင့် တိမ်ဖောက်ဓားမော့ ဖော်မြူလာတစ်ခု၊ အလယ်အလတ်အဆင့် သံမဏိဒိုင်းကာ အမဲ ဖော်မြူလာတစ်ခု၊ အတွေ့အကြုံ အဆောင် နှစ်ခုတို့ကို ရရှိသည်။”

ဒင်

"လက်ခံသူသည် အထူးတာဝန်ခြောက်ကို အောင်မြင်အောင် ပြုလုပ်နိုင်သည့် အတွက် သူတော်စင် အဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးပုလင်း နှစ်ခုနှင့် စဦးအဆင့် ဝိညာဉ် ဖြစ်တည်ခြင်း ဆေးလုံးဖော်မြူလာတစ်ခု၊ စည်းဓားမော့ အဆင့်မြှင့်တင်မှု ကျောက်ရိုင်း တစ်ခု ၊ အတွေ့အကြုံ အဆောင် နှစ်ခု"

သတိပေးသံများသည် သူ၏နားထဲတွင် ထွက်ပေါ်လာသည်။ လမ်းလျှောက်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ‌ရပ်တန့်လိုက်၏။ ပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ သူ၏ မျက်နှာအား အုပ်ကာ၍ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါသည် အထိ ရယ်နေတော့သည်။

"ဂိုဏ်းချုပ်"

ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ "ဘာဖြစ်တာလဲ"

"ထပ်လာပြန်ပြီ" လီချင်းယန်က ပြောလိုက်သည်။

"ထပ်လာပြန်ပြီ ဟုတ်လား" ကျန်းတယ်ကျွင်းသည် ဇဝေဇဝါဖြစ်သွားမိ၏။

“ဟား ဟား ဟား”

ကျွင်းချောင်ရှောင်းသည် အားရပါးရ ရုတ်တရက်ကြီး ထရယ်လိုက်တော့သည်။

ထိုသည်ကို မြင်တော့ အကြီးအကဲကျန်းသည် ထိတ်လန့်စွာဖြင့် နောက်သို့ ခုန်ဆုတ်လိုက်မိသည်။

လီချင်းယန်က ပြောလိုက်သည်။ "စိတ်အေ‌‌အေးထား စိတ်အေးအေးထား"

စုရှောင်မိုနှင့် တစ်ခြားသော သူများသည် ဂိုဏ်းချုပ်ဖြစ်ပျက်နေသည့် ပုံစံအား အသားကျနေပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့သည် နည်းနည်းလေးမှ မအံ့ဩကြတော့ချေ။ ဂိုဏ်းချုပ်သည် ဤသို့ပင် တစ်ခါတလေ၌ စိတ်ဖောက်တတ်သည့် အကျင့်ရှိနေ၏။

All Chapters