← Chapters

အခန်း (၆၅၄)

Vol. 44 Ch. 654

အခန်း (၆၅၄)

Vol. 44 Ch. 654

အထူးတာဝန်နှစ်ခုကို ပြည့်စုံပြီးသည့်နောက်မှာတော့ သူသည် စုစုပေါင်းဂိုဏ်းစုဆောင်းမှတ် ၄၀၀၀၀ အား ရရှိခဲ့သည်။

ထို့အပြင် ရရှိခဲ့သော ဆုလာဘ်များမှာလည်း အလွန်တရာ များပြားလှ၏။ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည် အမျိုးမျိုး၊ အဆင့်မြင့် ၊ အလယ်အလတ်အဆင့် လက်နက်နှင့် ပစ္စည်း အမျိုးအစားများ ၏ ဖော်မြူလာများကို ရရှိခဲ့သည်။ သူသည် အလွန်တရာ ချမ်းသာသွားရသလို ခံစားလိုက်မိ၏။

အကောင်းဆုံးသော အရာမှာ အတွေ့အကြုံ အဆောင် လေးခုကို ရရှိခဲ့ခြင်းပင် ဖြစ်သည်။

တစ်ခုသည် သူ၏ အဆင့်အား အဆင့်တစ်ခုဆီသို့ တိုးမြှင့်စေသည်။ တစ်ခုချင်းစီသည် အဆင့်တစ်ခု တိုးတက်သည်ဆိုလျှင် သူသည် အဆင့် လေးဆင့်သို့ တိုးတက်တော့မှာ ဖြစ်သည်။ အထူးတာဝန်၏ ပြည့်စုံမှု နှုန်းသည် အလွန်တရာ မြင့်မားလှ၏။

လက်ရှိအခြေအနေမှာတော့ တာဝန်နှစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ သူသည် အဆင့်တစ်ခုချင်းစီကို ကြိုးကြိုးစားစားနှင့် တိုးတက်အောင် ပြုလုပ်နေရသည်။ သို့ပေမဲ့ အတွေ့အကြုံ အဆောင်ကိုသာ အားကိုးမည်ဆိုလျှင် သူသည် မိနစ်ပိုင်းအတွင်း သိုင်းအုပ်စိုးသူ အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးထိသို့ပင် ရောက်ရှိသွားနိုင်လောက်သည်။

"မဟုတ် … မဟုတ်သေးဘူး"

ကျွင်းချောင်ရှောင်းသည် နှလုံး ခုန်နှုန်းများ မြန်ဆန်လာသည်။

"အကြီးအကဲကျန်း"

သူသည် ရယ်ခြင်းကို ရပ်တန့်ကာ ပြောလိုက်သည်။ "အနီးအနားမှာ သီးခြား ဖြစ်တည်မှု အစီအရင်တစ်ခုကို ဖန်တီးပေး"

ကျန်းတယ်ကျွင်းသည် ဇဝေဇဝါဖြစ်သွားသည်ဆိုသော်လည်း ဂိုဏ်းချုပ်က အမိန့်ပေးလိုက်ပြီ ဖြစ်သည်မို့ နှောင်းနှေး မနေတော့ချေ။ တည်နေရာ အလွတ်တစ်ခုကို ရှာဖွေ၍ သူ၏ အစီအရင် အလံများထုတ်ဖော်ကာ စီရင်တော့သည်။

ဝှစ် ဝှစ်

ချက်ချင်းဆိုသလိုပဲ အလွန်တရာ အဆင့်မြင့်လှသော သီးခြား ဖြစ်တည်‌ခြင်း အစီအရင်တစ်ခုသည် ဖြစ်တည်လာ၏။

အကြီးအကဲကျန်းသည် ဆန်းကြယ်ဂိတ်တံခါး သုံးဆယ့်နှစ် ဆိုသည့် စာအုပ်ကို လေ့လာနေခဲ့ခြင်း ဖြစ်သည်။ အစီအရင်နှင့် ပတ်သက်၍ ၎င်း၏ နားလည်မှုသည် ပိုမို၍ အားကောင်းလာသည်။ ကိုယ်ပိုင်ဖန်တီးမှု အရာများနှင့် ပေါင်းစပ်လိုက်ပြီးသည့်နောက်မှာတော့ သူသည် အစီအရင် အင်ပါယာတစ်ယောက် အဖြစ်သို့ ရောက်ရှိရန် ခရီးမဝေးတော့ချေ။

"ကျန်တဲ့ လူတွေ အပြင်မှာစောင့်နေ" ပြောပြီးသည့်နောက် အစီအရင် အထဲသို့ လှမ်းဝင်သွားတော့သည်။

သူ မည်သည့် အရာကို ပြုလုပ်ချင်သနည်း။

ဆုလာဘ် ရရှိပြီးသည့်နောက်မှာတော့ သူ၏‌ နောက်ထပ် ပြုလုပ်ရမည့် ခြေလှမ်းသည် သူ၏ အဆင့် တိုးတက်အောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။

သိုင်းအုပ်စိုးသူ အဆင့်သို ချိုးဖြတ် ရောက်ရှိခြင်းသည် သိုင်းဘုရင် အဆင့် ချိုးဖြတ်ရောက်ရှိခြင်းထက် ပိုမို၍ ကြောက်စရာကောင်းသော ပတ်ဝန်းကျင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာမှာ သေချာ၏။

ထို့ကြောင့် မလိုလားအပ်သည့် ပြသနာများဖြစ်မလာရန် သူသည် သိုသိုသိပ်သိပ်နှင့် အဆင့်တက်ရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။

"လာစမ်း"

သီးခြား ဖြစ်တည်ခြင်း အစီအရင်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် မျက်လုံးကို မှိတ်ကာ လက်များကို ဖြန့်ကားလိုက်သည်။

ဝှစ် ဝှစ်။

ထင်မှတ်ထားသည့် အတိုင်းပင် အလွန်တရာ ဆန်းကြယ်လှသော အော်ရာများသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ် အမြုတေနှစ်ခု ဆီမှ စွမ်းအင်များသည်လည်း ရုတ်တရက် ဆိုသလိုပဲ ဆူဝေလာ၏။

လက်ရှိ အခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ ဝိညာဉ်တစ်ခုလုံး ပျောက်ကွယ်သွားသလို ခံစားရနေသည်။ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးရှိ ဓာတ်သဘာဝများသည် သူ၏ ဝိညာဉ်နှင့် ပေါင်းစပ်သွားသလိုပင်။

သိုင်းဘုရင်အဆင့်မှသည် သိုင်းအုပ်စိုးသူ အဆင့် ဆီသို့ တိုးတက်ရောက်ရှိခြင်း။

ဤအရာသည် ‌ဓာတ်သဘာဝတင်မက ဝိညာဉ် များပါ ပိုမိုတိုးတက် ပြောင်းလဲလာခြင်း ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် အလွန်တရာ လန်းဆန်းလှသော ငါးတစ်ကောင်အဖြစ် လောကကြီးတွင် လှည့်ပတ်ကူးခတ်နေရသည်ဟု ခံစားနေမိသည်။

ဤထူးဆန်းသော ခံစားချက်သည် အချိန်အတော်ကြာကြာမြင့်နေပြီး သူ၏ ဝိညာဉ်အားအင်များသည် ဖြည်းဖြည်းချင်း ပို၍ ကောင်းမွန်လာခဲ့၏။

ဝှစ်။

ကျွင်းချောင်ရှောင်းသည် သူ၏ မျက်လုံးကို ရုတ်တရက် ဖွင့်ကြည့်လိုက်သည့်နောက်မှာတော့ အလင်းတန်း နှစ်ခု ဖြစ်တည်လာခဲ့၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်မှာတော့ အလွန်တရာ အားကောင်းလှသော အော်ရာများ ထွက်ပေါ်လာသည်။ သူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "ငါက သိုင်းအုပ်စိုးသူပဲ"

ဝူး

ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသော အော်ရာများသည် ပိုမို၍ သိပ်သည်းလာသည်။

ချက်ချင်းပဲ နှိုင်းယှဉ်၍ မရနိုင်အောင် ‌အားကောင်းသော အော်ရာများ ဖြစ်တည်လာပြီး‌သည့်နောက် ချီနယ်မြေ တစ်ခု သည် အစီအရင် ထဲတွင် ဖြစ်တည်လာခဲ့၏။

တူညီသည့် အဆင့်တူ ကျင့်ကြံသူများသည်သာ ကျွင်းချောင်ရှောင်း ထုတ်ဖော်ခဲ့သော ချီဖိနှိပ်မှု အခြေအနေကို မြင်ရသည်ဆိုပါက မျက်လုံး ပြူးသွားပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ထုတ်ဖော်လိုက်သည့် အားအင်အဆင့်သည် အလွန်တရာ အားကောင်း လွန်းလှသောကြောင့် ယခုမှ အဆင့်တက်လာသော သိုင်းအုပ်စိုးသူ တစ်ယောက်ဟုပင် ထင်မှတ်စရာ မရှိပေ။

သိုင်းအုပ်စိုးသူတစ်ယောက်၏ ချီဖိနှိပ်မှုသည် စိတ်ဝိညာဉ် အမြုတေထဲတွင် ရှိသော စိတ်ဝိညာဉ်များ၏ အရေအတွက် ၊ အရည်အသွေး နှင့် ဆုံးဖြတ်ခြင်း ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ် အမြုတေနှစ်ခုရှိသည်ဖြစ်သောကြောင့် ၎င်း၏ ချီဖိနှိပ်မှုသည် သာမန်ထက်ပို၍ သာလွန်နေသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။

ကျွင်းချောင်ရှောင်း၏ လက်ရှိ ချီဖိနှိပ်မှု အားအင်ကို နှိုင်းယှဉ်ရမည်ဆိုလျှင် သိုင်းအုပ်စိုးသူ အဆင့်ငါးနှင့် အဆင့်ခြောက် နီးပါးလောက်ပင် ရှိနေလေသည်။

ချီစုစည်းမှုသည် အဆင့်နိမ့် သိုင်းကျင့်ကြံသူများ အပေါ်တွင် အသုံးပြုရခြင်း ဖြစ်သည်။ သို့ပေမဲ့ အဆုံးသတ် အလုံးစုံ ဖိနှိပ်ခြင်းမျိုးတော့ မဟုတ်ချေ။

ဥပမာအားဖြင့် ပြိုင်စံရှား ဂိုဏ်းမှ တပည့်များအားလုံးသည် ဂိုဏ်းအတွင်းတွင် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် အားအင်များကို ပိုမိုအားကောင်းအောင် ကျင့်ကြံခဲ့ကြရသည်။ ထို့အပြင် စမ်းသပ်မှု မျှော်စင်ထဲတွင် မြေဆွဲအား ဆယ်ဆရှိသော ဖိအားများကို ခံခဲ့ကြသူများဖြစ်သည်။ ထို့ကြောင့် သိုင်းအုပ်စိုးသူ စာဦးအဆင့် ကျွမ်းကျင်သူတစ်ယောက်၏ ဖိအားများကို သူတို့ ကောင်းကောင်း ခုခံနိုင်ကြသည်။

ဝူး

ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်သည် အလွန်အားကောင်းလှသော ထက်ရှလှသည့် အော်ရာများသည် ထွက်ပေါ်လာခဲ့ပြန်သည်။

သူသည် သိုင်းအုပ်စိုးသူ အဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီး ဤတစ်ကြိမ်မှာတော့ သူသည် ဓားအုပ်စိုးသူ အဖြစ် အဆင့် တက်နေခြင်းဖြစ်၏။

ဆုလာဘ်များသည် တစ်ခုပြီးတစ်ခု ပေးအပ်ခြင်း ဖြစ်သောကြောင့် အဆင့်တက်မှု မှာလည်း တစ်ပြိုင်နက်တည်းမဟုတ်ဘဲ တစ်ခုချင်းစီ ဖြစ်လို့နေသည်။

မည်သို့ပင် ဆိုစေကာမူ သူသည် သိုသိုသိပ်သိပ်နေထိုင်မှဖြစ်မည်။

ပထမတစ်ကြိမ် ဓားနှင့် သိုင်းဘုရင် အဆင့်သို့ ချိုးဖြတ်နိုင်ပြီးသည့်နောက်မှာတော့ တစ်လောကလုံးသည် သူ ဓားနှင့် သိုင်းဘုရင် ဖြစ်ကြောင်း သိရှိသွားခဲ့၏။ ထို့ကြောင့် သူ့အနေနှင့် လက်ရှိ အခြေအနေတွင်တော့ သိုသိုသိပ်သိပ် အဆင့်တက်မှဖြစ်မည်ဟု တွေးထားမိ၏။

………...

အပြင်ဘက်မှာတော့ လီချင်းယန်နှင့် တစ်ခြားသူများ အားလုံးသည် စောင့်နေလျက် ရှိ၏။

ဟမ်

ကြီးမားလှသော သစ်ပင်ကြီးကို မှီကာ ထိုင်နေသည့် ကျိုးဟုန်သည် ရုတ်တရက် မျက်မှောင်ကုတ်သွား၏။

သူသည် သီးခြားဖြစ်တည်ခြင်း အစီအရင်ကို ကြည့်လိုက်သည့် အချိန်မှာတော့ အလွန်တရာ အားကောင်းလှသော ဓားစွမ်းအင်များသည် အထဲတွင် ဖြစ်တည်နေသည်ကို သတိထားမိသည်။

"ဂျူနီယာညီလေး ရှောင်"

စုရှောင်မိုသည် ရှောင်ကျီ၏ ပုခုံးပေါ် လက်တင်ကာ ပြောလိုက်သည်။ "အခု စိတ်သက်သာရာ ရပြီလား"

"လိုင်လီနတ်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့်က အရမ်းအားကောင်းမယ်လို့ ထင်ထားတာ။တကယ်တမ်းကျတော့ ဒီလောက်ပါပဲ" လီဖေးက‌ ပြောလိုက်သည်။

အမှန်တကယ်တမ်းမှာတော့ အားနည်းသူမှာ မုယုံရှင်း မဟုတ်ပေ။ ရှောင်ကျီသည် အလွန်တရာ အားကောင်းနေခြင်းပင် ဖြစ်၏။

အတိအကျပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း၏ ကြမ်းတမ်းလှသော လေ့ကျင့်ပေးမှုများ အောက်တွင် ပြိုင်စံရှား ဂိုဏ်း၏ တပည့်များသည် မွန်းစတားများကဲ့သို့ ဖြစ်တည်နေတော့သည်။

ရှောင်ကျီသည် မည်သည့် စကားမှ မဆိုချေ။

လိုင်လီနတ်ဂိုဏ်း၏ တောင်ဂိတ်တံခါးဆီသို့ လှမ်းမျှော်ကြည့်ရှုလိုက်ကာ တီးတိုးရေရွတ်လိုက်၏။ “အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။”

သူနဲ့ မုယုံရှင်းတို့ကြားရှိ ရန်ငြိုးသည်လည်း ပြီးဆုံးသွားခဲ့ပြီ။ လက်ရှိအခြေအနေမှာတော့ သူတို့သည် မတူညီသည့် လမ်းများကို လျှောက်လှမ်းရမည်ဖြစ်သည်။ ဘယ်တော့မှ ပြန်လည်တွေ့ဆုံလိမ့်မည် မဟုတ်ချေ။

ဟူး

ရှောင်ကျီသည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီးသည့်နောက် ရယ်ကာ ပြောလိုက်တော့သည်။ "စီနီယာအစ်ကိုစု … ပြန်ရောက်ရင် အားရပါးရ သောက်လိုက်ကြရအောင်"

စုရှောင်မိုက ပြောလိုက်သည်။ "မင်းက အရက်ဒဏ် ကို ခံနိုင်တာ မဟုတ်ဘူး။ ဘာကို အားရပါးရ သောက်မှာလဲ။"

"ဘာပဲ ဖြစ်ဖြစ် သောက်စရာရှိတာ သောက်ရမှာပဲလေ။"

"မင်း အကြီးကြီးတွေ လျှောက်ပြောနေတယ်။"

ဟား ဟား ဟား

"ကောင်းပြီ ကောင်းပြီ ဂိုဏ်းကို ပြန်ရောက်ပြီဆိုတာနဲ့ မင်းနဲ့ငါ အခွက်သုံးရာလောက်သောက်ပစ်လိုက်မယ်။ မဟုတ်ရင် ငါ့နာမည်ကို စုရှောင်မိုလို့ မခေါ်နဲ့တော့။"

"လူနှစ်ယောက်တည်း သောက်ရတာ ပျင်းစရာကြီး ကျွန်တော့်ကိုလည်း ထည့်တွက်လေ" လီဖေးက ရယ်လိုက်သည်။

လီချင်းယန်သည် ရယ်ကာ ပြောလိုက်သည်။ "ဂျူနီယာညီလေးရှောင်က ရင်ထဲမှာရှိတဲ့ အစိုင်အခဲကြီးကို ဖယ်ရှားလိုက်ပြီလေ။ဒီတော့ ဂိုဏ်းချုပ်က ကျိန်းသေပေါက် စားပွဲတစ်ခု ဖန်တီးပေးလိမ့်မယ်။"

"စားပွဲဟုတ်လား" စုရှောင်မို မေးလိုက်သည်။

"ဟုတ်တယ် … အောင်ပွဲခံ စားပွဲပဲ" လီချင်းယန်က ပြောလိုက်သည်။

"အချိန်ရောက်ရင် အားလုံးပဲ ဝိုင်ပြိုင်ပြီး သောက်ကြရအောင်။ဒုတိယစီနီယာအစ်ကိုကလည်း သောက်မှာပဲလား"

"မဟုတ်ဘူး မဟုတ်ဘူး ငါက အရက်ကို မခံနိုင်ဘူး။ဒီတော့ မင်းတို့ပဲ သောက်ကြ"

ကြီးမားလှသည့် ကျောက်တုံးကြီးပေါ်တွင် ထိုင်လျက်ရှိသော ရီရှင်းချန်မှာတော့ ထူးမခြားနားသလို ပြောလိုက်သည်။ "ကလေးဆန်လိုက်ကြတာ"

သူ့အနေနှင့် လိုင်လီနတ်ဂိုဏ်းဆီသို့ လာရောက်စိန်ခေါ်သည့် အချိန်တွင် မတိုက်ခိုက်ခဲ့ရချေ။

ကျွင်းချောင်ရှောင်း သည် သူ့အား မတိုက်ခိုက်စေချင်၍ မဟုတ်ပေ။ များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများသည် ဂိုဏ်းရှိတစ်ခြားသော တပည့်များ၏ နှိပ်စက်မှုနှင့်ပင် လုံလောက်ပြီး ဖြစ်နေ၏။ ထို့ကြောင့် ရီရှင်းချန် မလိုအပ်ပေ။

ကံကောင်းသည်မှာ တိုက်ခိုက်ပွဲများ ပြီးပြီးချင်း အထူးတာဝန် ပြည့်စုံပြီဖြစ်ကြောင်း သတိပေးချက် ပေါ်ထွက်လာခြင်းပင်ဖြစ်သည်။ မဟုတ်ပါက ကျွင်းချောင်ရှောင်း၏ အမူအကျင့်အရဆိုလျှင် ရှောင်ကျီတို့၏ တိုက်ပွဲ ပြီးဆုံးသွားလျှင်ပင် ဆက်လက် တိုက်ခိုက်ရန် အခွင့်အရေးကို လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ လိုင်လီနတ်ဂိုဏ်းမှ တပည့်များအားလုံးကို စိန်ခေါ်၍ တစ်ယောက်ချင်းစီ ထပ်မံ၍ တိုက်ခိုက်ခိုင်းနေပေလိမ့်မည်။

သီးခြား ဖြစ်တည်ခြင်း အစီအရင် ထဲမှာတော့ အလွန်တရာ ထက်ရှလှသော ဓားအဟုန်များ ဖြစ်ပေါ်လာခဲ့ပြီး အရာအားလုံးသည် ပြန်လည်၍ တည်ငြိမ်သွားခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ဓားဘုရင် အဆင့်မှသည် ဓားအုပ်စိုးသူ အဖြစ်သို့ ထပ်မံ ရောက်ရှိသွားခဲ့သည်။ ဓားအုပ်စိုးသူ တစ်ယောက် ဖြစ်တည်လာခြင်းသည် ကြီးမားသည့် ပြောင်းလဲမှုများကို ဖြစ်တည်စေနိုင်သည်။ ကံကောင်းစွာဖြင့် သီးခြားဖြစ်တည်ခြင်း အစီအရင်သည် ထိုဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင် ပြောင်းလဲမှု များအားလုံးကို ဖိနှိပ်ထားနိုင်၏။

"ဆက်လုပ်မယ် …. ဆက်လုပ်မယ်။ ပိုပြီး အဆင့်မြင့်တဲ့ အထိကို အဆင့်ချိုဖြတ်ရမယ်။"

သို့ပေမဲ့ ဆယ်မိနစ်လောက် စောင့်လိုက်ပြီးသည့် အချိန်မှာတော့ သူ၏ အဆင့်သည် သိုင်းအုပ်စိုးသူ အဆင့်တစ် မှာသာ ရှိနေသေး၏။ မည်သည့်အသံကို မှ မကြားရပေ။

သူသည် ဒုတိယအဆင့်ဆီသို့ ချိုးဖြတ်ရန် မျှော်လင့်နေမိ၏။

"အဆင့်တက်မယ်လေ"

သူသည် ပြိုလဲလုနီးပါး ဖြစ်သွားသည်။

စနစ်သည် ဒေါသတကြီးဖြင့် ပြောလိုက်တော့သည်။ "ဓားဘုရင် အဆင့်ကနေပြီးတော့ အဆင့်တက်ပြီးပြီလေ။ဘာတွေ ထပ်ပြီး လိုချင်နေသေးတာလဲ"

ဤအရာမှာ အမှန်ပင် ဖြစ်၏။

သူသည် သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ပြီးသည့် နောက်မှာတော့ ‌တစ်ခါတည်း အဆင့်ထပ်၍ မတက်ခဲ့ပေ။ သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ အထူးတာဝန်သည် နှစ်ခု ရှိပြီဖြစ်ပြီး သူ့တွင် အသိအမြင်အဆောင် လေးခုတောင် ရှိခဲ့၏။ ထို့ကြောင့် ထပ်မံ၍ အဆင့်တက်ရန် သူ မျှော်လင့်နေမိသည်။

"မျက်နှာသစ်ပြီး သွားအိပ်တော့" စနစ်က ပြောလိုက်သည်။

……......

ကျွင်းချောင်ရှောင်းသည် မယုံကြည်ပေ။ ထို့ကြောင့် ဆက်လက်ကာ စောင့်စားနေ၏။

အဆုံးသတ်မှာတော့ နောက်ထပ် တစ်နာရီ ကြာမြင့်အောင် စောင့်နေသော်လည်း မည်သည့်လှုပ်ရှား မှုကိုမှ မတွေ့ရချေ။

ဟင်း။

သူသည် ခေါင်းကို ခါယမ်းပြီးသည့်နောက်မှာတော့ အသိအမြင်အဆောင်တစ်ခုအား ထပ်မံကာ ထုတ်ယူလိုက်သည်။

အထူးတာဝန်ကို ပြည့်စုံပြီးသည့်နောက်မှာတော့ အဆင့်သေးလေးတစ်ခုတောင် ထပ်၍ မတက်ခဲ့ပေ။ ထို့ကြောင့် သူ့အနေနှင့် ဤအရာကို ထုတ်၍ အသုံးပြုမှ ဖြစ်ပေတော့မည်။

ဂျွတ်

သူသည် အတွေ့အကြုံအဆောင်အား ချိုးဖြတ်လိုက်၏။

သူ၏ ဒန်ထျန်ထဲတွင်ရှိသော စိတ်ဝိညာဉ် အမြုတေဆီမှ အလွန်တရာ အားကောင်းလှသော စိတ်ဝိညာဉ် စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။

"လာစမ်း"

ကျွင်းချောင်ရှောင်းသည် မျက်လုံးကို ‌စုံမှိတ်ကာ ကလေးလေးတစ်ယောက်လို ပြောလိုက်သည်။ "ချိုးဖြတ်တော့"

ဟူး ဟူး ဟူး ဟူး

စိတ်ဝိညာဉ်စွမ်းအင်ထဲတွင် ရှိသော စိတ်ဝိညာဉ် စွမ်းအင်များသည် အလျင်အမြန်ဆိုသလိုပဲ ချဲ့ဝင်လာပြီး အားကောင်းလာခဲ့သည်။ သို့ပေမဲ့ အရာအားလုံး ရပ်တန့်သွားပြီးသည့်နောက်မှာတော့ သိုင်းအုပ်စိုးသူ ပထမအဆင့်မှာသာ ရှိနေသေး၏။အဆင့် မချိုးဖြတ်နိုင်သေးပေ။

"ဘာတွေ ဖြစ်နေတာလဲ"

"လက်ခံသူက ဓားဘုရင်ကနေ ဓားအုပ်စိုးသူ အဆင့်ကို ချိုးဖြတ်ဖို့ အတွက် စိတ်ဝိညာဉ် စွမ်းအင်တွေ အများကြီး လိုအပ်ခဲ့တယ်လေ။အတွေ့အကြုံ အဆောင်တစ်ခုတည်းကနေပြီး ဒီလိုမျိုး အဆင့်ချိုးဖြတ်ဖို့ မလွယ်ဘူး"

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်းသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး သူ၏ ဆံပင်များကို ဆွဲနှုတ်နေမိ၏။

သူသည် အထူးတာဝန်နှစ်ခုကို ပြုလုပ်ပြီးသည့်နောက် အတွေ့အကြုံ အဆောင်များကို အားကိုး၍ သိုင်းအုပ်စိုးသူ အဆင့်ကိုး ဆီသို့ ရောက်ရှိရန် မျှော်လင့်ထားခဲ့သည်။

သို့ပေမဲ့ စဉ်းစားတွေးခေါ်ခြင်းကသာ လှပခြင်း ဖြစ်သည်။ အစစ်အမှန်တရားမှာတော့ ရက်စက်လွန်းလှလေ၏။

All Chapters