← Chapters

အခန်း (၆၅၆)

Vol. 44 Ch. 656

အခန်း (၆၅၆)

Vol. 44 Ch. 656

“သွားကြစို့”

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တစ်ချက်တီးကာဖြင့် သူ၏တပည့်များအား ဂိုဏ်းဆီသို့ပြန်ခေါ်ဆောင်လာ ခဲ့သည်။

ဂိုဏ်းဆီသို့ ပြန်ရာလမ်းတွင် သူသည် စနစ်၏ စတိုးအား ကျွမ်းကျင်စွာဖွင့်၍ မည်သည့်ပစ္စည်းများ ဝယ်ယူရမည်ကို စတင်ကာ စဉ်းစားလိုက်၏။ သူ၏အဆင့်သည် သိုင်းအုပ်စိုးသူအဆင့် သို့ ချိုးဖြတ်ရောက်ရှိခဲ့သည်။ သူ့တွင် များပြားလှသော ဆေးရည်နှင့် လက်နက်များလည်း ရှိသည်။ ထို့ကြောင့် တခြားသီးခြား လိုအပ်သည့်အရာမျိုးမရှိချေ။

သို့ပေမဲ့ ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသည်ဖြစ်သောကြောင့် နှစ်ဆယ့်လေးနာရီအတွင်း သုံးဖြုန်းမှ ဖြစ်ပေလိမ့်မည်။ မလိုအပ်ဘူးဆိုလျှင်တောင်မှ သူသည် ကြိုတင်၍ ပြင်ဆင်ရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ ပြောလိုက်မိ၏။ “အဆင့်မြှင့်တင်ထားတဲ့ စည်းဓားမော့က သုံးလို့မရသေးဘူး၊ ဒီတော့ ငါ့ဆီမှာ ဝှက်ဖဲမရှိသေးဘူးလို့ ဆိုလိုရမယ်၊ ဒီတော့ လောကအဆောင်ကို ဝယ်ယူတာ ကောင်းမယ်နဲ့တူတယ်”

သူ၏အဆင့်သည် တိုးမြှင့်လာခဲ့သည်ဆိုသော်လည်း အရေးကြီးသော အခိုက်အတန့်တွင် သူ၏အသက်ကို ကယ်တင်ပေးနိုင်သော ဝှက်ဖဲ အရာတစ်ခုခုသည် လိုအပ်နေ၏။ လောကအဆောင်သည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်အား အဆင့်ကြီးတစ်ဆင့်ဆီသို့ တိုးတက်လာစေနိုင်စေ၏။ ထို့ကြောင့် အသုံးပြုရန် လွယ်ကူ သည့်အရာလည်းဖြစ်သည်။ ဘေးထွက်ဆိုးကျိုး တစ်နှစ်ဆိုသည့်အရာမှာတော့ အချိန်နှင့်တည်နေရာလျှို့ဝှက် နယ်မြေ၏ အစွမ်းနှင့် ပြန်လည်ကာ ဖြေရှင်း၍ ရနိုင်၏။

(အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေသည် အပြင်လောက၏ သုံးရက်ဖြစ်သော ရက်ပေါင်း ၁၅၀ သာ အတွင်း၌ နေထိုင်နိုင်စွမ်းရှိသည်။ မည်မျှကြာလျှင် ပြန်လည် အသုံးပြုနိုင်သည် ဆိုသော အချက်အလက်သည် ရှာမတွေ့သေးပါ။ မူရင်း စာရေးဆရာသည် ရေးသားခဲ့မှာ သေချာသည်။ သို့သော်ငြား ကျွနုပ်သည် စက်ရုပ်ဘာသာပြန်ဆိုဒ် MTL မှ တဆင့် ပြန်ဆိုရသည်မို့ လိုအပ်ချက်များ ပါမလာလျှင် လိုက်ရှာရခက်ခဲသည်မို့ နားလည်ပေးကြပါရန်။ အထူးသဖြင့် MTL ဆိုဒ်များ၏ အားနည်းချက်ဖြစ်သည့် အရပ်မျက်နှာ မမှန်ခြင်း ၊ နာမည်များ မမှန်ခြင်း ၊ ကိန်းဂဏန်းများလွဲခြင်းများရှိလျှင် အတတ်နိုင်ဆုံး ပြန်လည် ပြင်ဆင်ပေးပေမဲ့ လိုအပ်ချက်များ တစ်စုံတစ်ခု ရှိပါက ဘာသာပြန်သူ မိမိ၏ ပေါ့လျော့မှုဟု တွေးထင်၍ အပြစ်မမြင် ချစ်ခင်ပေးကြပါရန် တောင်းပန်အပ်ပါသည်)

“ဆုံးဖြတ်ပြီးသွားပြီ”

“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀ အားအသုံးပြု၍ လောကအဆောင် တစ်ခုအား ဝယ်ယူခဲ့သည်၊ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၂၃၇၄၃ / ၂၀၀၀၀”

ဝယ်ယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တခြားသောပစ္စည်းများကို ဆက်လက်ကာ ကြည့်လိုက်၏။

“ငါ့ဆီမှာ ဂိုဏ်းစုဆောင်းမှတ် ထောင်ဂဏန်းကျော်ကျော်လောက် ပိုနေသေးတယ်၊ ဒီတော့ အလယ်အလတ်စတိုးဆီ ဆင်းပြီးတော့ ဝယ်ရမယ်”

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ်များ ပိုလျှံနေသည့် ခံစားချက်ကို မည်သို့မှ အသားမကျနိုင်သလို ဖြစ်နေ၏။ ထို့ကြောင့် တိတိအကျ အသုံးပြုမည်ဆိုသော စိတ်ခံစားချက်သည် ထူးခြားစွာ ဖြစ်ပေါ်နေ၏။ ဤအလေ့အကျင့်ကြောင့်ပဲ သူသည် လောကအဆောင်တစ်ခုအား ဝယ်ယူခဲ့ခြင်း ဖြစ်၏။

“ဒင်… ဒင်”

သတိပေးသံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ဂိုဏ်းချုပ်ကျွင်းသည် ဤကဲ့သို့သော အခြေအနေမျိုး နှင့် အသားကျပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ပိုလျှံနေသော ဂိုဏ်းစုဆောင်းမှတ်သုံးထောင်အား အသုံးပြုခဲ့ပြီး ဖြစ်တော့၏။

မည်သည့်အရာများကို ဝယ်ယူခဲ့သနည်း။ AK-47, AWM စနိုက်ပါရိုင်ဖယ်နှင့် အဆင့်အမျိုးမျိုးရှိသော ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်များပင် ဖြစ်တော့သည်။ လက်နက်တပ်ဆင်မှုသည့် အလွန်မြင့်မား လာသည်နှင့်အမျှ ဂိုဏ်းသားများသည်လည်း ပိုမို၍ အားကောင်းလာပေလိမ့်မည်။

ထို့ကြောင့် ဤသေနတ်ကဲ့သို့ သောအရာများကို သံချပ်ကာဝံပုလွေတပ်သားများ အသုံးပြုနိုင်ရန် ဖန်တီးပေးထားမည်ဆိုလျှင် ဈေးလည်းနည်းလှသလို အစွမ်းသက်ရောက်မှုလည်း ကြီးမားပေလိမ့်မည်။

ဟာရီကိန်းဝံပုလွေများအား စီးနင်းထားသော သံချပ်ကာဝံပုလွေ တပ်သားများသည် AK-47 လက်နက်အား ကိုင်ဆောင်၍ တိုက်ပွဲထဲသို့ ဝင်ရောက်လာသည့် မြင်ကွင်းသည် စဉ်းစားကြည့်လိုက်ရုံဖြင့် အလွန်တရာ ကြည့်လို့ကောင်းသည့် မြင်ကွင်းမျိုးပင် ဖြစ်တော့သည်။

ဂီး

အရှေ့ဘက်လွင်ပြင်၏ ကောင်းကင်ယံမှာတော့ နတ်ဆိုးလင်းယုန်နက်ကြီး၏ အော်သံသည် ထွက်ပေါ်လာတော့ သည်။

အာဝူး အာဝူး

ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည်လည်း ဟာရီကိန်းဝံပုလွေများကို စီးနင်းကာ အမြန်အဆန်နှင့် ဂိုဏ်းဆီသို့ ပြန်နေကြ၏။ ၎င်းတို့သည် တစ်ခါတစ်ရံ V ပုံစံမျိုးကို ပြုလုပ်၍ စီးနင်းကြသလို တစ်ခါတရံ မျဉ်းပြိုင် နှစ်ခု ကဲ့သို့ ပုံစံမျိုး ဖြင့် ဝံပုလွေများကို စီးနင်းနေကြသည်။

အမ်

သူတို့သည့် အရှေ့ဘက်လွင်ပြင်ဆီမှ ထွက်ခွာသွားပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရပ်တန့်လိုက်သည်။ ပြီးနောက် အဝေးတစ်နေရာရှိ သစ်တောနက်ထဲဆီသို့ လှမ်းကြည့်ကာ မျက်မှောင်ကုတ်လိုက်မိ၏။ နောက်မှ လိုက်ပါလာခဲ့သော တပည့်များအားလုံးသည်လည်း ရပ်တန့်လိုက်ကြ၏။

“ဂိုဏ်းချုပ်”

လီချင်းယန်က မေးလိုက်သည်။ “ဘာလို့ရပ်လိုက်တာလဲ”

“အရှေ့ဘက်တောအုပ်ထဲမှာ လူတွေရှိတယ်”

“လူတွေ ဟုတ်လား”

အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီးသည် ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံ ဖြန့်ကျက်လိုက်သည့် နောက်မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတချို့သည့် တောနက်ထဲတွင် ရှိနေကြောင်း တွေ့လိုက်ရသည်။

၎င်းတို့သည် အနည်းဆုံး မီတာ ခုနှစ်ရာနှင့် ရှစ်ရာကြား အကွာအဝေးတွင် ရှိလို့နေ၏။ ဤကဲ့သို့သော အကွာအဝေးကို လှမ်းကြည့်နိုင်ဖို့ဆိုသည်မှာ လွယ်သည်မဟုတ်ချေ။

အအေးနန်းတော်မှ ဘိုးဘေး အကြီးအကဲကြီးသည် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သည်မို့ ၎င်း၏ စိတ်ဝိညာဉ်အာရုံများကို မိုင်တစ်ထောင် အကွာအဝေးအထိ ဖြန့်ကျက်ကာ လွယ်လွယ်ကူကူ ကြည့်ရှုနိုင်သည်။

သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ထိုသူများအား လှမ်း၍ သတိပြုမိနေသည်။ မယုံနိုင်စရာကောင်းလွန်းလှ၏။

“ဒီတောထဲမှာ အရမ်း ကြမ်းရမ်းတဲ့ သားရဲတွေရှိတယ်၊ သားရဲတွေကို အမဲလိုက်တဲ့လူတွေလည်း ဖြစ်နိုင်တယ်” ကျန်းတယ်ကျွင်းက ပြောလိုက်သည်။

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “သူတို့က တစ်စုံတစ်ယောက်ကို စောင့်နေကြတာ”

“ဘယ်သူ့ကို စောင့်နေတာလဲ”

“ကျုပ်တို့ကို စောင့်နေတာလေ”

ကျန်းတယ်ကျွင်းသည် ဇဝေဇဝါနှင့် ဖြစ်သွားခဲ့သည်။ ဤကဲ့သို့ မရင်းနှီးသော နေရာမျိုးတွင် မည်သူသည် သူတို့အား စောင့်မျှော်နေသနည်း။

ဝှစ် ဝှစ်

ထိုအခိုက်မှာပဲ များပြားလှသည့် အလင်းတန်းများသည် တောနက်ထဲမှ ပြေးထွက်လာပြီးသည့်နောက်မှာတော့ လေထဲသို့ ရောက်ရှိလာခဲ့သည်။ ထိုသူတို့သည် ထူးဆန်းလှသော မျက်နှာဖုံးများကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူ ခြောက်ယောက်တို့ပင်ဖြစ်သည်။

လီချင်းယန်နှင့် တခြားသူများသည် ၎င်းတို့ကို မည်သူမှန်း မသိကြချေ။ သို့ပေမဲ့ ရှောင်ကျီနှင့် ရီရှင်းချန်တို့မှာတော့ ကောင်းကောင်းသိလို့ နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ နောက်မှလိုက်လံ၍ ၎င်းတို့အား ဖမ်းဆီးရန် ကြံစည်ခဲ့သည့် သိုင်းအုပ်စိုးသူ လေးယောက်တို့သည် ထိုကဲ့သို့ ထူးဆန်းသည့်မျက်နှာဖုံးကို ဝတ်ဆင်ထားခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည့် အော်ရာများကို သုံးသပ်ကြည့်မည်ဆိုလျှင် ထိုခြောက်ယောက်သည် အရင်တုန်းကလာခဲ့သည့် သိုင်းအုပ်စိုးသူ လေးယောက်ထက် ပိုအားကောင်းသည်မှာ သေချာလှ၏။

အထူးသဖြင့် ရှေ့ဆုံးတွင် မတ်တပ်ရပ်နေသော မျက်နှာဖုံးနှင့်လူပင်ဖြစ်သည်။ ထိုသူ၏ အော်ရာများသည် အလွန်တရာ အားကောင်းလှပြီး လောက၏ ဓာတ်သဘာဝများနှင့် ပေါင်းစပ်ထားပုံပေါ်သည်။ ကြည့်ရသည်မှာ သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် သို့မဟုတ် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

ခြောက်ကပ်ကပ်အသံတစ်ခုသည် မျက်နှာဖုံး၏ အောက်ဆီမှ ထွက်ပေါ်လာသည်။ “ကျုပ်သခင်က ခင်ဗျားကို တွေ့ချင်နေတယ်၊ ဒီတော့ လိုက်ခဲ့ပါ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် ဂိုဏ်းဆီကို ပြန်ဖို့ အလျင်လိုနေတယ်၊ ဒီတော့ ခင်ဗျားတို့နဲ့လိုက်ဖို့ စိတ်မဝင်စားဘူး”

မင်းတို့က အနောက်မြောက်ဒေသမှာတုန်းက ကျုပ်တပည့်တွေကို ပြန်ပေးဆွဲမလို့ နီးပါးထိတောင် လုပ်ခဲ့သေး တယ်လေ၊ အဲကိစ္စတောင် မရှင်းရသေးဘူး၊ အခုဘယ်လိုလုပ်ပြီးတော့ ပြီးသင့်တာတွေ ပြီးသွားပါပြီဆိုတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ။

မျက်နှာဖုံးနှင့် လူကပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်က ဒီနေ့ ဒီကိုလာတာ ခင်ဗျားကို လာဖို့ ဖိတ်ခေါ်တာပါ၊ ဒီတော့ ခင်ဗျား လိုက်ချင်ချင်၊ မလိုက်ချင်ချင် လိုက်ရပါလိမ့်မယ်”

အလွန်တရာ ခက်ထန်၍ မောက်မာလွန်းအားကြီးသည်။

ဝှစ် ဝှစ် ဝှစ်

ထိုအချိန်မှာပဲ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော များပြားလှသည့် သိုင်းကျင့်ကြံသူများသည် တောနက်ထဲမှ ထွက်ပေါ်လာတော့သည်။ ၎င်းတို့သည် လေဓာတ်အမျိုးအစား သားရဲရိုင်းကြီးများအား စီးနင်းထားကြ၏။ စုစုပေါင်း လူအင်အားတစ်ထောင်ကျော်လောက်ရှိပြီး အကုန်လုံးသည် ထူးဆန်းလှသော မျက်နှာဖုံးများကို ဝတ်ဆင် ထားသည်။

ဝူး ဝူး

ဒေါသတကြီး အော်ဟစ်သံလိုက်များသည် ထွက်ပေါ်လာတော့သည်။ အချိန်တိုအတွင်းမှာပဲ မျက်နှာဖုံးဝတ်ဆင် ထားသော သိုင်းကျင့်ကြံသူများအားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ရာကျော်အား ဝန်းရံထားပြီးဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသော မိစ္ဆာအော်ရာများသည် အလွန်တရာ အားကောင်းလွန်းလှ၏။

“အမလေး… ကြောက်လိုက်တာ” စုရှောင်မိုသည် ကြောက်ချင်ဟန် ဆောင်လိုက်တော့သည်။

လီဖေး၊ ထျန်းချီနှင့် တခြားသူများလည်း စပ်ဖြီးဖြီးနှင့် ဖြစ်သွားကြသည်။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များကို ကြည့်မည်ဆိုလျှင် များပြားပြီး ကြမ်းတမ်းလှသော မျက်နှာဖုံးစွပ် သိုင်းကျင့်ကြံသူများ၏ ဝိုင်းရံမှုကို ခံထားရသည်ဆိုသော်လည်း မကြောက်ရွံရုံသာမက အလွန်တရာ အားကောင်းလှသော တိုက်ခိုက်လိုစိတ်များအား ပြန်လည်ထုတ်ဖော်လျက်ရှိနေ၏။

တော်တော်များများသည် လိုင်လီနတ်ဂိုဏ်းဆီသို့ သွားရာလမ်းတွင် မတိုက်ခိုက်ခဲ့ရချေ။ အခု သိုင်းကျင့်ကြံသူများ သည် မကောင်းသောရည်မှန်းချက်နှင့် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့အနေနှင့် သူတို့၏ အစွမ်းများကို ထုတ်ဖော်ပြသရမည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း”

ရှေ့ဆုံးမှ ဦးဆောင်လာသော မျက်နှာဖုံးစွပ်နှင့်လူသည် လေးလေးနက်နက်နှင့် ပြောလိုက်၏။ “ခင်ဗျားရဲ့ တပည့်တွေကို မသေစေချင်ဘူးဆိုရင် ကျုပ်နောက်လိုက်ခဲ့တာ အကောင်းဆုံး ဖြစ်လိမ့်မယ်”

ဆိုလိုသည့်သဘောတရားမှာ မပူးပေါင်းဘူးဆိုသည်နှင့် တိုက်ခိုက်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

“ခင်ဗျားက ဘယ်သူလဲ”

ကျွင်းချောင်ရှောင်းသည် သူ၏နှာခေါင်းကို ကုတ်ကာမေးလိုက်သည်။ သူ့အနေနှင့် ချက်ချင်း တပည့်များအား တိုက်ခိုက်ရန် အမိန့်ပေးနိုင်၏။ သို့ပေမဲ့ မျက်နှာဖုံးနှင့် ရောင်းရင်းများသည် အမှောင်ဂိုဏ်းမှဖြစ်ကြောင်း ရှင်းရှင်း လင်းလင်း သိချင်၍ အရင်ဆုံး မေးမြန်းလိုက်ခြင်းပင်ဖြစ်၏။

ထိုသူက ပြောလိုက်သည်။ “ကျုပ်သခင်ဆီကို လိုက်တွေ့လိုက်ပါ၊ ဒါဆိုရင် ဘယ်သူလဲဆိုတာ သိသွားလိမ့်မယ်၊ ကျုပ်ကတော့ ပြောမှာမဟုတ် ဘူး”

ကျွင်းချောင်ရှောင်းသည် ပခုံးကို တွန့်ကာ ပြောလိုက်၏။ “ကျုပ်ကတော့ လိုက်မှာ မဟုတ်ဘူး”

“ဂိုဏ်းချုပ်ကျွင်း”

မျက်နှာဖုံးနှင့်လူသည် အေးစက်စက်နှင့် ပြောလိုက်သည်။ “အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ မပေါက်ချင်စမ်းပါနဲ့”

“အကြီးအကဲ”

ဘေးတစ်ဖက်တွင် ရပ်လျက်ရှိသောလူက ပြောလိုက်၏။ “ဒီကောင်လေးက ကောင်းကောင်းမွန်မွန်ခေါ်လို့ လိုက်ချင်ပုံမပေါ်ဘူး၊ တိုက်ခိုက်ကြစို့”

တခြားသောမျက်နှာဖုံးနှင့်လူကလည်း သဘောတူညီလိုက်သည်။ သူ၏လက်ထဲတွင်တော့ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလာခဲ့၏။

“ကျုပ် အပ်နဲ့တော့ ထွင်းဖူးတယ်၊ ဒါပေမဲ့ ပုဆိန်နဲ့တော့ မပေါက်ဖူးဘူး၊ ဒီတော့ ဒီနေ့စမ်းကြည့်ရအောင်” ကျွင်းချောင်ရှောင်းသည် ရယ်ကာ ပြောလိုက်၏။

ရှေ့ဆုံးမှ ဦးဆောင်လာသော မျက်နှာဖုံးနှင့်လူသည် လက်ကို မြှောက်လိုက်ပြီး ထူးမခြားနားသလို ပြောလိုက်သည်။ “ဒီလိုဆိုမှတော့ ဂိုဏ်းချုပ်ကျွင်းကို ပုဆိန်ရဲ့အရသာ ပေးမြည်းခိုင်းရမှာပေါ့”

ရွှီး … ရွှီး

အမဲရောင်ဝတ်စုံနှင့် မျက်နှာဖုံးများကို ဝတ်ဆင်ထားကြသော တစ်ဖက်လူတစ်ထောင်ကျော်တို့သည် အရှေ့ဆီသို့ တိုးလာကြပြီးသည့်နောက် ၎င်းတို့၏ လက်နက်များကို ထုတ်ဖော်လိုက်ကြတော့သည်။ သူတို့အားလုံးသည် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

ထိုသူများသည် အလွန်တရာ အားကောင်းလှသည်ဆိုသော်လည်း ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်သာ ရှိနေ၏။ ထို့အတူ ထိုသူများထဲတွင် သိုင်းဘုရင်အဆင့် တစ်ဒါဇင်ကျော်လည်း ပါနေသေးသည်။ ဤကဲ့သို့သော ကြောက်မက်ဖွယ်ရာအားအင်များကို ထုတ်ဖော်လိုက်ပြီးသည့်နောက်မှာ မည်မျှ အားကောင်းသည့် အဖွဲ့အစည်း ဖြစ်မှန်း ခန့်မှန်းကြည့်၍ပင် ရနိုင်တော့သည်။

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွားသည်။ ပြီးနောက် သူသည် ခက်ထန်စွာပြောလိုက်၏။ “အကုန်လုံးကို သတ်လိုက်”

ချလွမ် ချလွမ်

တိုက်ခိုက်ချင်စိတ် အပြည့်ဖြစ်နေသော ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် ၎င်းတို့၏ လက်နက်များကို ထုတ်ယူလိုက်တော့၏။ ပြီးနောက် မျက်နှာဖုံးနှင့်လူများအား ကြိုဆိုတော့၏။

ဟူး ဟူး ဟူး

ထိုအချိန်မှာတော့ ကောင်းကင်ကြီးတစ်ခုလုံးတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်သွားတော့သည်။

All Chapters