အခန်း (၆၅၈)
Vol. 44 Ch. 658
မိစ္ဆာသူတော်စင် ဝူကျူးသည် ၎င်း၏ ဓာတ်သဘာဝများကို ထုတ်လွှတ်လိုက်သည့် အချိန်မှာတော့ တခြားသော သိုင်းအုပ်စိုးသူများသည် ၎င်းမှာ မိစ္ဆာကျင့်ကြံသူဖြစ်မှန်း ချက်ချင်းနားလည်လိုက်ကြ၏။ အထူးသဖြင့် ၎င်းတို့ထံသို့ ဆင်းသက်လာသော အော်ရာများသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းပြီး နှလုံးသားတွင် မကောင်းသည့် ခံစားချက်များ ရရှိလာသည်။ ဤလူသည် အလွန်တရာ အားကောင်းလှပြီး အလွန်တရာလည်း အန္တရာယ်ကြီးမားလှ၏။
“သေစမ်း”
မိစ္ဆာသူတော်စင် ဝူကျူးသည် အေးစက်စက်ဖြင့် ပြုံးလိုက်တော့သည်။ ထူးဆန်းလှသော ဓာတ်သဘာဝများသည် တိမ်မဲကြီးကဲ့သို့ပင် ဆင်းသက်လာပြီးသည့်နောက် တစ်ချိန်တည်းမှာပဲ အလွန်တရာ အားကောင်းလှသော ချီဖိနှိပ်မှု သည် ၎င်းတို့အား ချုပ်နှောင်တော့သည်။
“မကောင်းတော့ဘူး”
သိုင်းအုပ်စိုးသူ ငါးယောက်တို့သည် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်ကြသည်။ ကြောက်မက်ဖွယ်ရာ ကောင်းသော ချီဖိနှိပ်မှုအောက်တွင်မှာတော့ ၎င်းတို့သည် တစ်ချက်ကလေးမှ မလှုပ်ရှားနိုင်တော့ကြချေ။ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အားအင်များသည် ၎င်းတို့ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာသည် ကိုသာ အတိုင်းသား ကြည့်ရှုနေရ၏။
“မဖြစ်တော့ဘူး”
အလွန်တရာ စိတ်ဓာတ်ကျလွန်းသော အသံသည် ကောင်းကင်ပေါ်မှ ဖြစ်ပေါ်လာခဲ့၏။ သို့ပေမဲ့ အသုံးမဝင်ခဲ့ချေ။
ဘန်း ဘန်း ဘန်း
ဆက်တိုက်ပေါက်ကွဲမှုများသည် ကောင်းကင်ယံ၌ ဖြစ်တည်လာတော့သည်။ ထွက်ပြေးသွားကြသော သူများ နောက်မှ လိုက်၍ သတ်ဖြတ်နေကြသော လီချင်းယန်နှင့် တခြားသူများအားလုံးသည် ကောင်းကင်ပေါ်မှ အသား အစိတ်အပိုင်းများနှင့် သွေးများ ကျဆင်းလာသည်ကို မြင်လိုက်ရ၏။
ဟူး
စုရှောင်မို၊ လီဖေးနှင့် တခြားသူများအားလုံးသည် သက်မကြီး ချလိုက်မိကြသည်။
ဤသူများသည် သိုင်းအုပ်စိုးသူ ငါးယောက်တို့ဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်၏ အစေခံလက်အောက်တွင် ချက်ချင်းပဲ သတ်ဖြတ်ခံလိုက်ရ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
“အင်း”
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “သိုင်းအုပ်စိုးသူ ငါးယောက်က ဒီလိုပုံစံမျိုး သေဆုံးသွားတာပဲ၊ သနားဖို့တောင် ကောင်းသေးတယ်”
မိစ္ဆာသူတော်စင်သည် သိုင်းအုပ်စိုးသူ ငါးယောက်တို့အား သတ်ဖြတ်ပစ်ခဲ့၏။ ထို့ကြောင့် ဤလူသည် အလွန်တရာ အားကောင်းပြီး ရက်စက်လွန်းသည့်လူတစ်ယောက်ဖြစ်မှန်း သိသာလှ၏။
သူသည် သိုင်းနယ်မြေ ကျင့်ကြံသူ အဆင့်မှသည် တစ်ဆင့်လျှော့ကျခဲ့သည်ဆိုလျှင်တောင်မှ သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်၏ အားအင်မျိုးကို တော့ ထုတ်ဖော်အသုံးပြုနိုင်နေလောက်သည်။
ဘုန်း
အခြားတစ်ဖက်မှာတော့ အအေးနန်းတော်၏ ဘိုးဘေး အကြီးအကဲကြီးသည် မျက်နှာဖုံးစွပ်လူနှင့် အပြိုင်အဆိုင် တိုက်ခိုက်ရင်း အနိုင်ရရှိနေခဲ့သည်။ တစ်ဖက်လူသည် အောက်စည်းသို့ ရောက်လျက်ရှိပြီး အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ကာသွား၏။
တကယ်တမ်းမှာတော့ တစ်ဖက်သူသည် အမှန်တကယ်တော့ အားနည်းလှသည် မဟုတ်ပေ။ အဓိကအားဖြင့် မိစ္ဆာသူတော်စင် ဝူကျူးသည် သိုင်းအုပ်စိုးသူ ငါးယောက်အား ချက်ချင်း သတ်ဖြတ် လိုက်သည်ကို မြင်ရချိန်မှာတော့ အလွန်တရာ ထိတ်လန့်သွားခဲ့၏။ ထို့ကြောင့် မည်သို့မှ စိတ်တည်ငြိမ်မှုကို မထိန်း ချုပ်နိုင်ဘဲ အားနည်းချက်များ ဖြစ်ပေါ်သွားရခြင်းပင်ဖြစ်သည်။ ကျွမ်းကျင်သူများ၏ တိုက်ပွဲသည် အလွန်တရာ ကြမ်းရမ်း လွန်းလှ၏။ အထူးသဖြင့် ဤကဲ့သို့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများ၏ တိုက်ခိုက်ပွဲတွင် အမှားသေးသေး ကပင် ရလဒ်ကို ပြောင်းလဲသွားစေသည်။
ရွီး ရွီး
ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် မျက်နှာဖုံးစွပ်နှင့် လူများနောက်သို့ လိုက်လံကာ သတ်ဖြတ်ကြတော့ သည်။ လီချင်းယန်နှင့် သူ၏ ဂျူနီယာညီလေးအပေါင်းတို့သည် ကျွမ်းကျင်စွာဖြင့် ရန်သူများအား သတ်ဖြတ်လျက် ရှိနေကြတော့၏။
နောက်လိုက်တစ်ထောင်ကျော်နှင့် သိုင်းအုပ်စိုးသူ ငါးယောက်စလုံး သေဆုံးသွားခဲ့သည်ကို မြင်သည့်အချိန်မှာတော့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် စစ်သားမရှိသော စစ်ဗိုလ်ချုပ်ကဲ့သို့ပင် ဖြစ်လျက် ရှိသည်။ ဖြစ်ပျက်သွားသော အမြန်နှုန်းသည် အလွန်တရာမြန်ဆန်လွန်းလှ၏။ ထို့ကြောင့် သူ့အနေနှင့် လက်မခံနိုင် သလိုပင် ဖြစ်မိနေသည်။
“ရောင်းရင်း”
ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာ ပြောလိုက်၏။ “ခင်ဗျားကို စကားပြောဖို့အတွက် ပြိုင်စံရှားဂိုဏ်းဆီ ဖိတ်ခေါ်သွားချင်တယ်၊ စိတ်ဝင်စားရဲ့လား”
ဤစကားလုံးများသည် ရင်းနှီးနေ၏။ စောဏကလေးတင် သူပြောခဲ့သည့် စကားလုံးများ မဟုတ်လား။ သို့ပေမဲ့ အဓိပ္ပာယ်မှာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
“ကျွင်းချောင်ရှောင်း”
အမဲရောင်ဝတ်စုံဝတ် မျက်နှာဖုံးနှင့်လူသည် လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။ “မင်း ကျုပ်ရဲ့ လူတွေအများကြီးကို သတ်ပစ်ခဲ့တယ်၊ အနာဂတ်မှာ ဒီအဘိုးကြီးက ဒီအကြွေးကို နှစ်ဆ ပြန်လည် တောင်းမယ်”
ဝှစ် ဝှစ်
ပြောပြီးသည့်နောက်မှာတော့ တည်နေရာအက်ကွဲကြောင်းတစ်ခုပေါ်လာပြီး သူသည် ထိုအထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားပြီဖြစ်၏။ သူသည် ထွက်ပြေးသွားခဲ့ခြင်းပင်ဖြစ်သည်။ ၎င်းသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ တည်နေရာစွမ်းအင်ကို အစောကြီးကတည်းက ကျွမ်းကျင်နေသူ ဖြစ်သည်။ ထို့ကြောင့် သူသာ ထွက်ခွာသွားချင်လျှင် မည်သူမှ သူ့အားတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
အချက်အလက်အားဖြင့် မျက်နှာဖုံးတပ် ကျင့်ကြံသူသည် အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲအား မကြောက်ရွံ့ခဲ့ချေ။ သို့ပေမဲ့ မိစ္ဆာသူတော်စင် ဝူကျူးမှာတော့ အလွန်တရာ ထူးဆန်းလွန်းနေ၏။ ထိုသူအား တစ်ချက်ကြည့်လိုက်သည်နှင့် သူ့အား အလွန်တရာ ကြောက်လန့်မိစေသည်။ ထို့ကြောင့်သာလျှင် ထွက်ခွာသွားခဲ့ခြင်းဟု ဆိုရမည်။
သူ၏ နောက်လိုက်များနှင့် သိုင်းအုပ်စိုးသူ ငါးယောက်တို့သည် ပြန်ပါမလာခဲ့ချေ။ ဤအရာမှာ အလွန်တရာ ဝမ်းနည်းစရာ ကောင်းလှ၏။ အရိုးသားဆုံးပြောရမည်ဆိုလျှင် ဤဘာမှန်းမသိသော ဂိုဏ်းသည် ပြိုင်စံရှားဂိုဏ်း အား အထင်ကြီးနှင့်နေပြီးသားဖြစ်သည်။ ထို့ကြောင့်ပင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်နှင့် သိုင်းအုပ်စိုးသူ ငါးယောက်တို့အား စေလွှတ်ခဲ့ခြင်းဖြစ်၏။ ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်း၏ အစေခံနှစ်ယောက် တို့သည် အလွန်တရာ အားကောင်းလွန်းနေ၏။ ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်ရသည့် အချိန်မှာတော့ ၎င်းတို့၏ ပုဆိန်များသည် ကျိုးပြတ်ခဲ့ရတော့သည်။
..........
ဟူး ဟူး
အလောင်းများကို ပုံထားပြီးနောက် မီးနှင့်ရှို့လိုက်သည့်နောက်တွင် အကုန်ပြာဖြစ်ကုန်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော သိုလှောင်လက်စွပ်နှင့် တခြားသော ပစ္စည်းများအားလုံးကို လီချင်းယန်နှင့် တခြားသူ များအားလုံးသည် သိမ်းဆည်းရယူပြီးဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ထိုအရင်းအမြစ်များအား ကြည့်ရှုရန် စိတ်မဝင်စားသေးပေ။ သူ၏ မေးစေ့ကို ပွတ်သပ်ကာ တီးတိုးရေရွတ်လိုက်မိ၏။ “ဒီလူတွေ ဘယ်ကနေလာတာလဲ”
ပထမအကြိမ်တွင် သိုင်းအုပ်စိုးသူ လေးယောက်အား စေလွှတ်ခဲ့၏။ ဒုတိယအကြိမ်တွင် များပြားလှသည့် ကျင့်ကြံသူများကို ထပ်မံစေလွှတ်ခဲ့ပြန်သည်။ တစ်ဖက်လူသည် သာမန်အရိပ်ဂိုဏ်းတစ်ခုမှ မဟုတ်ကြောင်း သူ သတိထားလိုက်မိ၏။
“သခင်”
မိစ္ဆာသူတော်စင် ဝူကျူးသည် ထူးဆန်းသည့်မျက်နှာဖုံးကိုကိုင်ကာ လှမ်းလျှောက်လာသည်။ ပြီးနောက် ပြောလိုက် သည်။ “ဒီမျက်နှာဖုံးကို နည်းနည်း ရင်းနှီးနေတယ်”
အမ်
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ခင်ဗျားဒါကို မြင်ဖူးတာလား”
“မဟုတ်ဘူး”
မိစ္ဆာသူတော်စင် ဝူကျူးက ပြောလိုက်သည်။ “မဟုတ်ဘူး၊ ကြားဖူးတာ”
ဤလူသည် နှစ်ပေါင်းကြာရှည်စွာ အသက်ရှင်နေထိုင်ခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် ထိုသူကြားဖူးသည်ဆိုလျှင် ဤမျက်နှာဖုံးကို ဝတ်ဆင်ထားသော အဖွဲ့အစည်းသည် နှစ်ပေါင်းသုံးထောင်ကျော် ကြာမြှင့်နေသည့် အဖွဲ့အစည်း တစ်ခုပင် ဖြစ်မည်ဟု ဆိုလိုသည်မဟုတ်လား။
“ပြောလေ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။
မိစ္ဆာသူတော်စင် ဝူကျူးက ပြောလိုက်သည်။ “နတ်ဆိုးအင်ပါယာဂိုဏ်းက နတ်ဆိုးဂိုဏ်းတွေရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ကျုပ်ကြားခဲ့ဖူးတယ်၊ အဲတုန်းက နတ်ဆိုးအင်ပါယာ ကျဆုံးပြီးတဲ့နောက်မှာ ဂိုဏ်တွေတော်တော်များများက အစည်းပြေသလို ဖြစ်ကုန်ကြတယ်၊ ကျွမ်းကျင်သူတွေကလည်း မြန်မြန်ဆန်ဆန် ထွက်ခွာသွားခဲ့ကြပြီး တခြားဂိုဏ်းတွေရဲ့ သွေးဆောင်ရာကို လိုက်ပါ သွားကြတယ်၊ တချို့က အမှောင်ဂိုဏ်းထဲကို ရောက်ရှိသွားကြတယ်လေ၊ သူတို့သာ တကယ်တမ်း လှုပ်ရှားလို့ရှိရင် အမှောင်ဂိုဏ်းတွေက ဒီလိုထူးဆန်းတဲ့ မျက်နှာဖုံးတွေကို တပ်ပြီးတော့ လှုပ်ရှားလေ့ရှိတယ်”
ဤအရာသည် ရှေးစာအုပ်များတွင် မှတ်တမ်းမတင်ထားသော ကိစ္စရပ်များပင်ဖြစ်သည်။ သို့ပေမဲ့ သူသည် ဤအရာ များနှင့်ပတ်သက်၍ အမှတ်မထင် သိရှိနားလည်ခဲ့ရခြင်းပင်ဖြစ်သည်။
တစ်ချိန်လုံးငြိမ်သက်နေသော ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ “ဒီတော့ ပြိုင်စံရှားဂိုဏ်းကို လာပြီး ပြဿနာရှာတဲ့လူတွေက နတ်ဆိုးအင်ပါယာရဲ့ အကြွင်းအကျန်တွေလို့ ဆိုလို တာလား”
“ပြောဖို့တော့ ခက်တယ်”
မိစ္ဆာသူတော်စင် ဝူကျူးသည် သူသိမျှကို ပြောပြခဲ့လိုက်၏။ အစစ်အမှန်ဖြစ်သည်လား၊ မှားယွင်းသည်လား ဆိုသည် ကိုတော့ အချိန်အတော်ကြာမှ သိရှိပေလိမ့်မည်။ နတ်ဆိုးဂိုဏ်းများ၏ အကြွင်းအကျန်များသည် တခြားသော ဂိုဏ်းများ၏ နှိမ်နင်းခြင်းကို ခံခဲ့ရပြီးဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်၏။ “ပထမဆုံး ရှောင်ကျီနဲ့ ရီရှင်းချန်တို့ကို ပြန်ပေးဆွဲချင်တယ်၊ အခု ကျုပ်ကို လာပြီး ဖိတ်ခေါ်ပြန်ပြီ၊ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာများလဲ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ဂိုဏ်းက မြန်မြန်ဆန်ဆန်ပဲ ကြီးထွားတိုးတက်နေတာလေ၊ ဒီတော့ ပစ်မှတ်ထားခံရတယ်ဆိုတာက သာမန်ပဲ”
ကျွင်းချောင်ရှောင်းကလည်း ထိုအရာကို နားလည်မိသည်။ သို့ပေမဲ့ တစ်ဖက်လူများ အမှောင်ထဲမှာ ပုန်းကွယ်၍ လုပ်ကိုင်နေသည်ကို သူသဘောမတွေ့သလို ခံစားရမိ၏။ မိစ္ဆာသူတော်စင် ဝူကျူး ပြောဆိုခဲ့သည့် အတိုင်းဆိုလျှင် သူသည် ဤရရှိသော သဲလွန်စအနည်းငယ်ကို အခြေခံ၍ ဆက်လက်ကာ ရှာဖွေမှ ဖြစ်ပေလိမ့်မည်။
ဟူး
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ “ဂိုဏ်းကို ပြန်ကြစို့”
“ဂိုဏ်းချုပ်”
စုရှောင်မိုသည် မြေပေါ်တွင် တုန်ယင်လျက်ရှိနေသော လေဓာတ်အမျိုးအစား သားရဲတစ်ထောင်ကျော်တို့ကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“ဒီကောင်တွေကို ဘာလုပ်ရမလဲ”
ထိုအကောင်များသည် အမဲရောင်ဝတ်စုံဝတ်ဆင်ထားသော မျက်နှာဖုံးတပ်လူများ ခေါ်ဆောင်လာခဲ့သည့် သားရဲများဖြစ်သည်။ ထိုသားရဲများသည် အလွန်တရာ ကြမ်းရမ်းလွန်းလှ၏။ သို့ပေမဲ့ နတ်ဆိုးလင်းယုန်နက်ကြီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားများကို ခံစားမိသည့်နောက်မှာတော့ ၎င်းတို့သည် သေမတတ် ကြောက်လန့် ခဲ့ရသည်။ “သူတို့ကို ပြန်ယူခဲ့၊ ဂိုဏ်းမှာ လေ့ကျင့်ပေးရမယ်”
သံချပ်ကာ ဝံပုလွေတပ်သားများသည် စီးတော်ယာဉ်လိုအပ်နေကြသည်ဖြစ်ပြီး ၎င်းတို့သည် ဟာရီကိန်းဝံပုလွေ လောက် အားမကောင်းကြဘူးဆိုသော်လည်း လေဓာတ်အမျိုးအစား သားရဲများပင်ဖြစ်သည်။ ထို့ကြောင့် အသုံးပြု၍ ရနိုင်ကောင်း၏။
ဘယ်ဂိုဏ်းကမှန်းမသိသော မျက်နှာဖုံးစွပ်လူများ အားလုံးသည် ရောက်ရှိလာပြီး ဂိုဏ်းချုပ်ကျွင်းအား လက်ဆောင်ကြီးကြီး ပေးသွားသည်ဟု ဆိုရမည်။
............
ဝှစ် … ဝှစ်
လေပြင်းများ တိုက်ခတ်ပြီးသည့်နောက်မှာတော့ တိုက်ပွဲဖြစ်ပွားရာ တည်နေရာတစ်ခုလုံးသည် ဘာမှ မဖြစ်ခဲ့သလို ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။
အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ အရှေ့မြောက်လုကျိုးပြည်နယ်မှ အဆင့်လေးဂိုဏ်း ကိုးဂိုဏ်း တို့သည် လိုင်လီနတ်ဂိုဏ်းဆီမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလာကြပြီး လမ်းသို့ရောက်ရှိနေကြပြီဖြစ်၏။
“ပြိုင်စံရှားဂိုဏ်းက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ၊ သူတို့ဆီမှာ သိုင်းဘုရင်တွေ အများကြီး ရှိတယ်”
“ပြီးတော့ တစ်ဖက်ရဲ့ သိုင်းဘုရင်နဲ့ သိုင်းအုပ်စိုးသူတွေ အကုန်လုံးကလည်း အသတ်ခံခဲ့ရတယ်”
“ဟိုလူကို ကြည့်ရတာ မိစ္ဆာကျင့်ကြံသူတစ်ယောက်ပဲ၊ သူ့ရဲ့ အားအင်အဆင့်က ခန့်မှန်းလို့မရနိုင်ဘူး”
ဂိုဏ်းချုပ်ကိုးယောက်တို့သည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ပြီး ပြိုင်စံရှားဂိုဏ်းနှင့် တစ်ဖက် အဖွဲ့ အစည်းများ တိုက်ခိုက်ခဲ့သည်ကို သိရှိခဲ့ပြီးဖြစ်သည်။
သူတို့သည် မိစ္ဆာသူတော်စင် ဝူကျူ၏ သိုင်းအုပ်စိုးသူ ငါးယောက်အား သတ်ဖြတ်လိုက်သည့် ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြသည်။ လက်ရှိ အခြေအနေ မှာတော့ သူတို့သည် နားလည်လိုက်ကြပြီးဖြစ်၏။
ကျွင်းချောင်ရှောင်း ခေါ်ယူလာသည့် တပည့်များ၏ အားအင် အဆင့်သည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ တကယ်တမ်း သေရေးရှင်ရေး တိုက်ခိုက်ကြမည်ဆိုလျှင် အရှေ့လွင်ပြင် ဒေသရှိ များပြားလှသည့် ဂိုဏ်းများဆီမှ တပည့်များသည် လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်ကြမည် မဟုတ်ချေ။
“ကြောက်စရာပဲ”
အအေးနန်းတော်၏ ခန်းမသခင်သည် မည်သို့မျှ မနေနိုင်ဘဲ ထ၍ ပြောလိုက်မိ၏။ “ဒါက အရမ်းကြောက်ဖို့ကောင်းတယ်”
ကျွင်းချောင်ရှောင်းသည် တပည့်များကို ခေါ်ဆောင်လာပြီး သူ့ဂိုဏ်းကို လာရောက်ဖျက်ဆီးခဲ့၏။ သို့ပေမဲ့ ကံကောင်းစွာဖြင့် သူတို့ဂိုဏ်းသည် အသက်ရှင်ကျန်နေသေး၏။
“ပြိုင်စံရှားဂိုဏ်းဆိုတာ သွားရှုပ်လို့ရတဲ့ ဂိုဏ်းတစ်ခုမဟုတ်ဘူး”
ပြိုင်ပွဲကို မျက်မြင်တွေ့ရှိပြီးသည့်နောက် ဂိုဏ်းချုပ်ကိုးယောက်တို့သည် ကျွင်းချောင်ရှောင်း၏ ဂိုဏ်းအပေါ်တွင် အသစ် အသစ်သော နားလည်မှုများ ရရှိလာခဲ့ကြတော့၏။ ၎င်းတို့၏ စိတ်ထဲတွင်တော့ ကြောက်ရွံ့ထိတ်လန့်စိတ် များသည် ပိုမို၍ အားကောင်းလာခဲ့သည်။