← Chapters

အခန်း (၆၅၉)

Vol. 44 Ch. 659

အခန်း (၆၅၉)

Vol. 44 Ch. 659

ရက်အနည်းငယ် ကြာမြင့်ပြီးနောက်မှာတော့ ပြိုင်စံရှား ဂိုဏ်းသည် လိုင်လီနတ်ဂိုဏ်းအား စိန်ခေါ်ခဲ့ပြီး အရှေ့ဘက်ဒေသရှိ များပြားလှသော ဂိုဏ်းများအား အနိုင်ယူ တိုက်ခိုက်ခဲ့သည်ဆိုသည့် သတင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပျံ့နှံ့ခဲ့ပြီဖြစ်သည်။

"တစ်ယောက်နဲ့ ဆယ်ယောက်ချတာ။သူတို့တွေက အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာတောင် တစ်ပွဲ မရှုံးခဲ့ဘူး။ဒါက ဆန်းကြယ်လွန်းတယ်။”

“လိုင်လီနတ်ဂိုဏ်းရဲ့ မုယုံရှင်းက ရေဓာတ်အမျိုးအစား သိုင်းဘုရင်တစ်ယောက်။ဒါပေမဲ့ အဆုံးသတ်မှတော့ ပြိုင်စံရှားဂိုဏ်းရဲ့ ရှောင်ကျီ မီးဓာတ်အမျိုးအစား အောက်မှာ အရှုံး ပေးခဲ့ရတယ်။သူမကပြန်ပြီးတောင် မတိုက်ခိုက်နိုင်ခဲ့ဘူး။”

“ပြိုင်စံရှား ဂိုဏ်းက တပည့်တွေက ဘယ်လိုတောင် လေ့ကျင့်ခဲ့ပါလိမ့်"

ဤစိန်ခေါ်ပွဲ သတင်းသည် တည်နေရာတစ်ခုလုံးဆီသို ပျံ့နှံ့သွားခဲ့၏။

ကျင့်ကြံသူများအားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဆွေးနွေးနေကြ၏။ သံသယရှိစရာ မလိုပေ။ ပြိုင်စံရှား ဂိုဏ်းသည် ၎င်းတို့၏ ဂုဏ်သတင်းအား ဒုတိယအဆင့် ဂိုဏ်းတစ်ခုအား အနိုင်ယူရင်း ပြသခဲ့သည်။ ထိုတင်မက ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ ဂိုဏ်းများနှင့် မိသားစုများ အားလုံးတို့သည် ပြိုင်စံရှား ဂိုဏ်းအား အလေးထား ဆက်ဆံလာရပြီဖြစ်သည်။

ဖွံ့ဖြိုးဆဲ ဂိုဏ်းတစ်ခုဟုပင် မသတ်မှတ်ကြတော့ပေ။ ဤဂိုဏ်းသည် နောင်လာမည့် နဂါးကြား တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်လား ဆိုသည်ကိုပင် တစ်ချို့က ဆွေးနွေးလျက်ရှိနေကြ၏။

"အရှေ့တောင်ရန်ကျုးမှာ တကယ့်ကို တော်တဲ့ ဂိုဏ်းတွေက များများ စားစား ရှိတာ မဟုတ်ဘူး။ပြိုင်စံရှား ဂိုဏ်းကပဲ ဝင်ပြီး ပြိုင်လိမ့်မယ် ထင်တယ်။ဒုတိယအဆင့် ဂိုဏ်းတစ်ခုရဲ့ တပည့်ကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတော့ သူတို့က နဂါးကြား တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင်တော့ ရလာဒ်ကောင်းတွေ ရလာနိုင်တယ်။"

"ငါ မစောင့်နိုင်တော့ဘူး။"

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည် တိုက်ပွဲ ကျင်းပတော့မည် နဂါးကြား တိုက်ပွဲ နှင့် ပတ်သက်ပြီး မျှော်လင့်နေကြသည်။ ထိုသို့ ဆိုလျှင် သူတိုသည် များပြားလှသော ဂိုဏ်းများရှိ ပါရမီရှင်များကို မျက်မြင် တွေ့ရမည် ဖြစ်ပြီး ပြိုင်စံရှား ဂိုဏ်းအား အားပေးရန်လည်း စဉ်းစားထားကြသည်။

သို့ပေမဲ့ နဂါးကြား တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် ဂိုဏ်းသည် နည်းပါးလွန်းလှ၏ သို့ပေမဲ့ ပြိုင်စံရှား ဂိုဏ်းမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ရန် အခွင့် အရေး ရေ……....

ပြိုင်စံရှား ဂိုဏ်းအတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များနှင့် ပြန်ရောက်ပြီး စားသောက်ပွဲကို ကျင်းပခဲ့၏။

ထိုညမှာတော့ ရှောင်ကျီသည် အလွန်တရာ မူးအောင် သောက်၍ မှောက်လျက်ရှိသည်။ သူသည် တစ်ခါတစ်ရံ မြေပေါ်တွင် လှိမ့်လျက်ရှိပြီး ဝိုင်ပုလင်းအလွတ်ကြီးကို ဖတ်ကာ အရူးတစ်ယောက်လိုပင် ပြုံးနေသည်။

ချင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲတုန်းကလည်း သူသည် ဝိုင်ပုလင်းကို ဖက်၍ ငိုခဲ့ဖူးသည်။ လီရန်မြို့တွင် ရှိစဉ်အခါက သူသည် ချင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲတွင် ပထမဆုကို ယူခဲ့ပြီး သူ၏ အရင်မိသားစုနှင့် တစ်ခြားသော သူများအား ခန္ဓာကိုယ်အားအင်သီးသန့်ဖြင့် အောင်မြင်အောင် ကျင့်ကြံနိုင်မည် ဖြစ်ကြောင်းကို သိရှိစေခဲ့၏။

လက်ရှိ အခြေအနေမှာတော့ သူသည် မုံယုံရှင်းအား အနိုင်ယူပြီး ရင်ထဲတွင် ရှိသော အကြိတ်အခဲ ကြီးများအား ဖြေရှင်းခဲ့လိုက်ပြီဖြစ်သည်။

ထို့ကြောင့် အလွန်တရာ စိတ်ချမ်းသာနေ၏။

အမှိုက်ဟုတ်လား။

ဤအရာသည် အရင်က ဖြစ်ခဲ့သည့် အရာများသာ ဖြစ်သည်။ လက်ရှိဖြစ်ခဲ့သည့် သူသည် ပြာပုံများကြားမှ ပြန်လည်မွေးဖွားလာသော သူဟုပင် ဆိုရမည်ဖြစ်သည်။

ခေါင်မိုးထပ်မှာတော့ ကျွင်းချောင်ရှောင်းသည် တစ်ခစ်ခစ်နှင့် ရီလျက်ရှိသော ရှောင်ကျီအား ငုံ၍ ကြည့်လိုက်သည်။ ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။ "မင်းရဲ့ ဇာတ်လမ်းက မုယုံရှင်းကို အနိုင်ယူနိုင်ရုံနဲ့ ပြီးဆုံးသွားမှာ မဟုတ်သေးဘူး။"

ဤအရာမှာ အမှန်ပင် ဖြစ်သည်။ အရာအားလုံးသည် အခုမှ စတက်ခဲ့ခြင်းပင်ဖြစ်၏။

ရှောင်ကျီတင်မဟုတ်ပင် ဂိုဏ်းထဲတွင် ရှိသော အရာအားလုံးသည်လည်း ဘဝခရီးကို အခုမှစတင်၍ လျှောက်လှမ်းရုံသာ ရှိသေး၏။ သူတို့သွားရမည့် လမ်းသည် အဝေးကြီး ကျန်ရှိနေသေးသည်။

ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များအား ကလေးများအား စောင့်ရှောက်သလို အရိပ်တစ်ကြည့်ကြည့်နှင့် စောင့်ရှောက်ခဲ့၏။

၎င်းတို့သည် ဖြည်းဖြည်းချင်း တိုးတက်လာပြီး အားကောင်းလာရပေမည်။ ၎င်းတို့အနေနှင့် တစ်ခြားသူများအား အနိုင်ကျင့်လျှင် ကျင့်လိမ့်မည်။ တစ်ခြားသော သူများသည် သူတို့အား အနိုင်ကျင့်လို့ မရအောင် ဖန်တီးတည်ဆောက်ထားသည်။

....

နောက်တစ်ရက်မှာတော့ မြို့တော်ဝန်ရှဲ့၊ ‌အိုက်ရှန်းရီနှင့် ချင်းယန်နိုင်ငံမှ တစ်ခြားသော အင်အားကြီး အဖွဲ့အစည်းများအားလုံးအပြင် တောင်ပြာဂိုဏ်းမှ မာယွင်တန်အပါအဝင် အားလုံးတို့သည် သူ့အားလာရောက်၍ ဂုဏ်ပြုစကားဆိုတော့သည်။

ဒုတိယအ‌ဆင့် ဂိုဏ်းတစ်ခုအား အနိုင်ယူခဲ့သည် ဆိုသည်မှာ ပျော်ရွင်စရာ ကိစ္စပင် ဖြစ်သည်။ ဖော်ရွေတတ်သော ကျွင်းချောင်ရှောင်းမှာတော့ အဝေးမှ လာရောက်ကြသော မိတ်ဆွေများကို ပျော်ရွင် ရင်းနှီးစွာဖြင့် မိတ်ဆက် နေ၏။

"ဂိုဏ်းချုပ်"

စားပွဲ စတင်ချိန်မှာတော့ လီချင်းယန်သည် အလျှင် အမြန်နှင့် ရောက်ရှိလာကာ ပြောလိုက်သည်။ "ချင်းယန်နိုင်ငံရဲ့ အုပ်ချုပ်သူလို့ ပြောတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က ဒီကို လာလည်တယ်"

"နိုင်ငံ အုပ်ချုပ်သူ"

မြို့တော်ဝန်ရှဲ့ နှင့် တစ်ခြားသော သူများ အားလုံးသည် ဆွံ့အသွားကြ၏။

"သူ့ကို အထဲကို ခေါ်လိုက်" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ဆံပင် အဖြူရောင်များနှင့် ယွမ်ဟယ်သည် ဝိုင်ပုလင်းကို ခါးတွင် ချိတ်ကာ အထဲသို့ ယိုင်တိုင်တိုင်နှင့် ဝင်လာတော့သည်။ အထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် အရက်နံ့သည် လှိုင်ခနဲ ဖြစ်သွားတော့သည်။ ဤလူသည် အလွန်တရာ အရက်သောက်လွန်းလှသူ ဖြစ်ပြီး လက်ရှိ အချိန်တွင်လည်း မူးရူးနေ၏။

"နိုင်ငံအုပ်ချုပ်သူ"

မြို့တော်ဝန်ရှဲ့ နှင့် တစ်ခြားသော အုပ်ချုပ်သူ ခုနစ်ယောက်တို့သည် မတ်တပ်ထရပ်ကာဖြင့် လေးလေးစားစား နှုတ်ဆက်လိုက်သည်။

ယွမ်ဟယ်သည် ရယ်လိုက်၏။

ပြီးသည့်နောက်မှာတော့ သူသည် စားပွဲတွင် ဝင်ရောက်ထိုင်သည်။ ဝိုင်ဘူးအား ထုတ်ယူကာ ပြောလိုက်သည်။ "ကောင်လေး မင်းက ဒုတိယအဆင့် ဂိုဏ်းတစ်ခုကိုတောင် အနိုင်ယူခဲ့တယ်။ ဒါက ချင်းယန်နိုင်ငံရဲ့ အားအင်အဆင့်ကို ပြသခဲ့တာပဲ။ လာ … ငါမင်းနဲ့ ခွက်ချင်းတိုက်မယ်။"

မြို့တော်ဝန်ရှဲ့ နှင့် တစ်ခြားသော သူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

ကျုပ်တို့ရဲ့ နိုင်ငံအုပ်ချုပ်သူ … ပြိုင်စံရှားဂိုဏ်းက သူ့ဘာသူ လိုက်လီနတ်ဂိုဏ်းကို အနိုင်ယူခဲ့တာလေ။ ဘယ်လိုလုပ်ပြီး ချင်းယန်နိုင်ငံရဲ့ အားအင်အဆင့်ကို ပြသခဲ့တယ် ဖြစ်သွားရတာလဲ။

သို့ပေမဲ့ ပြိုင်စံရှား ဂိုဏ်းဆိုသည်မှာ ချင်းယန်နိုင်ငံတွင် ရှိသော ဂိုဏ်းတစ်ခုဖြစ်သည်။

ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း တိုးတက်လာသည်နှင့် အမျှ ချင်းယန်နိုင်ငံသည်လည်း ပိုမို၍ တိုးတက်လာ ပေလိမ့်မည်။

ပြိုင်စံရှား ဂိုဏ်းသည် အရှေ့မြောက် လုကျိုးဘက်သို့ သွားကာ အနိုင်ယူခဲ့၏။ ထို့အပြင် အရှေ့လွင်ပြင်ဒေသတွင် ရှိသော ဒုတိယအဆင့် ဂိုဏ်းတစ်ခုကို ထပ်မံ အနိုင်ယူခဲ့သေးပြန်သည်။ ဤသို့သော အရာသည် အရှေ့တောင်ရန်ကျူးတွင် ပြိုင်စံရှားဂိုဏ်သာ းပြုလုပ်နိုင်သော အရာ ဖြစ်၏။

အရှေ့တောင်ရန်ကျုးတွင် ရှိသော တစ်ခြားသော ပြည်နယ်များအားလုံးသည် ကျွင်းချောင်ရှောင်းနှင့် မရင်းနှီးသေးသောကြောင့်သာ ဖြစ်သည်။ မဟုတ်ပါက အားလုံးသော လူများသည် မဟသေချာသည်။

ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက်ကို အသာမြှောက်လိုက်၏။

ယွမ်ဟယ်သည် သူ၏ ခေါင်းကို မော့ကာဖြင့် များပြား‌လှသော ဝိုင်များကို တစ်ခါတည်း မော့ကာ သောက်လိုက်သည်။

“……....” မြို့တော်ဝန် ရှစ်ယောက်တို့၏ နှုတ်ခမ်းများသည် တုန်ယင်သွားကြ၏။

သူတို့ အနေနှင့် နိုင်ငံအုပ်ချုပ်သူအား မမြင်တွေ့ရသည်မှာ နှစ်ပိုင်း များစွာ ကြာမြင့်လျက်ရှိပြီဖြစ်သည်။ သို့ပေမဲ့ နိုင်ငံအုပ်ချုပ်သူသည် အရက်စွဲလျက် ရှိနေသေး၏။

"ချင်းယန်"

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ "မြို့တော်ဝန်ယွမ်အတွက် ခွက်နဲ့ တူနဲ့ ယူခဲ့အုံး"

"ကောင်းပါပြီ"

လီချင်းယန် ထွက်ခွာသွားခဲ့၏။

ပြိုင်စံရှား ဂိုဏ်းမှ တပည့်များသည် တီးတိုး ပြောဆို ဆွေးနွေးလျက် ရှိပြီး ၎င်းတို့တော်တော်များသည် ချင်းယန်နိုင်ငံမှ ဖြစ်ကြသည်။ သို့ပေမဲ့ သူသည် ငယ်ရွယ်သေးသောကြောင့် နိုင်ငံအုပ်ချုပ်သူကို မမြင်ဖူးခဲ့ချေ။

လက်ရှိ အခြေအနေမှာတော့ နိုင်ငံ အုပ်ချုပ်သူသည် သာမန်လူတစ်ယောက် ဖြစ်သည်။

ခွက်နဲ့ တူများ ရောက်ရှိလာပြီဆိုသော်လည်း ယွမ်ဟယ်သည် မစားခဲ့ချေ။ အဲအစား ဝိုင်ခွက်ကိုတာ တစ်ခါကောက်မော့ကာ ပြောလိုက်သည်။ "ကောင်လေး ဂိုဏ်းဖွံ့ဖြိုးတိုးတက်ဖိုကိုပဲ အားရုံစိုက်မနေနဲ့အုံး။ချင်းယန်နိုင်ငံကိုလည်း ဂရုစိုက်အုံး။ မဟုတ်ရင် ဒုတိယ နိုင်ငံအုပ်ချုပ်သူဆိုတဲ့ မင်းရဲ့ ဂုဏ်သိက္ခာက ပျောက်ကွယ်သွားလိမ့်မယ်။"

"ဒုတိယ နိုင်ငံအုပ်ချုပ်သူ ဟုတ်လား" မြို့တော်ဝန်ရှဲ့ နှင့် တစ်ခြားသော သူများသည် ဆွံ့အသွားကြ၏။

"ဟမ်"

ကျွင်းချောင်ရှောင်းသည် သူ၏ ကျောက်စိမ်းပြားအား ထုတ်ယူကာ ပြောလိုက်၏။ "ဂိုဏ်းတစ်ခုကို စီမံခန့်ခွဲရတာနဲ့တင် ပင်ပန်းနေပြီလေ။နိုင်ငံတစ်ခုကို မအုပ်ချုပ်ချင်ဘူး။ဒါကြောင့် နိုင်ငံအုပ်ချုပ်သူ အနေနဲ့ ဒါကို ပြန်ယူသွားတာ ပိုကောင်းမယ်။"

လက်ရှိ အခြေအနေမှာတော့ သူသည် လွတ်လွတ်လပ်လပ်သာ နေချင်၏။ သူ့ကဲ့သို့သော လူမျိုးအား အဘယ့်ကြောင့် ဒုတိယမြောက်နိုင်ငံအုပ်ချုပ်သူ အဖြစ် သတ်မှတ်ခဲ့ရသနည်း။

"မဟုတ်ဘူး။”

ယွမ်ဟယ်က ပြောလိုက်သည်။ "မင်းဒီ ကျောက်စိမ်းပြားကို ယူပြီးပြီဆိုမှတော့ မင်းက ချင်းယန်နိုင်ငံရဲ့ ဒုတိယမြောက် အုပ်ချုပ်သူပဲ။ဒါကိုမင်း လုပ်ကို လုပ်ရတော့မယ်"

ချီးထဲမှ… ဒုက္ခတော့ ရောက်ပြီနဲ့တူတယ်။

“မင်းတို့ ရဲ့အားလုံး"

ယွမ်ဟယ်သည် မြို့တော်ဝန်ရှဲ့ ကို လက်ညိုးထိုးကာ ပြောလိုက်သည်။ "မြန်မြန် ဒုတိယ နိုင်ငံအုပ်ချုပ်သူကို နှုတ်ဆက်လိုက်လေ။"

ဝှစ် ……။

မြို့တော်ဝန်ရှစ်ယောက်တို့သည် တစ်ယောက်ပြီးတစ်ယောက် ထရပ်ပြီး လေးလေးစားစားနှင့် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။

"နှုတ်ဆက်ပါတယ် ဒုတိယ နိုင်ငံအုပ်ချုပ်သူ"

ဒုတိယနိုင်ငံ အုပ်ချုပ်သူ ဆိုသည်မှာ နိုင်ငံအတွင်း ဒုတိယမြောက် အမိန့်ပေးနိုင်သည့် လူဟုပင် ဆိုလိုသည်။ ယေဘုယျအားဖြင့် မြို့တော်ဝန်များသည် ၎င်း၏ အမိန့်ကို နာခံပေရလိမ့်မည်။

ယွမ်ဟယ်သည် ဝိုင်တစ်ခွက်ကို သောက်ကာ ပြောလိုက်သည်။ "ကျုပ်မရှိတဲ့ အချိန်မှာ အကူအညီလိုရင် ဒုတိယမြောက် နိုင်ငံအုပ်ချုပ်သူကို လွတ်လွတ်လပ်လပ် မေးလို ရတယ်။သူ့ဆီမှာ အရာအားလုံးကို ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး ရှိတယ်။"

မြို့တော်ဝန်ရှစ်ယောက်တို၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ဒီ နှစ်အနည်းငယ် အတွင်း ခင်ဗျား ဘယ်ကို လျှောက်သွားနေတာလဲ။

နိုင်ငံအုပ်ချုပ်သူသည် အဘယ့်ကြောင့် ကျွင်းချောင်ရှောင်းအား နိုင်ငံတစ်ခုလုံး လွှဲအပ်ပေးချင်သည်ဖြစ်ကြောင်းကို သူတို့ ကောင်းကောင်းသိ၏။

ဒုတိယအဆင့်နှင့်ပင် နှိုင်းယှဉ်၍ ရသည့် ဂိုဏ်းတစ်ခုအား အချိန်တိုအတွင်း တည်ဆောက်နိုင်ခဲ့သည် ဖြစ်သောကြောင့် ချင်းယန်နိုင်ငံအား အုပ်ချုပ်မည်ဆိုလျှင် ပြသနာရှိလိမ့်မည် မဟုတ်ချေ။ သူတို့ အနေနှင့် အလုံးစုံ ထောက်ပံ့ပေးရလိမ့်မည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ချင်းယန်နိုင်ငံက ခင်ဗျားဟာလေ။ဘယ်လိုလုပ်ပြီး ကျုပ်ကို အရာအားလုံး ဆုံးဖြတ်ခိုင်းရတာလဲ။ဒါဆိုရင် ခင်ဗျားက နိုင်ငံ အုပ်ချုပ်သူ လုပ်မနေပါနဲ့တော့လား"

အိုး

ယွမ်ဟယ်သည် နိုင်ငံ အုပ်ချုပ်သူ ဆိုသောကျောက်စိမ်းပြား အား ထုတ်ယူ၍ စားပွဲပေါ်သို့ တင်ကာ ပြောလိုက်သည်။ "နိုင်ငံအုပ်ချုပ်သူ လုပ်ချင်တယ်ဆိုရင် ရော့ အခု လုပ်လိုက်လေ"

ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ လဲကျလုမတတ်ပင်ဖြစ်သွား၏။

မြို့တော်ဝန် ရှစ်ယောက်တို့သည်လည်း မူးနောက်နောက်ပင် ဖြစ်သွားတော့သည်။ နိုင်ငံအုပ်ချုပ်သူ ဆိုသော ရာထူးအား ဤကဲ့သို့ လွှဲပြောင်းပေး၍ ရသည်လား။ဟာသလုပ်နေခြင်းပင် ဖြစ်မည်။

"ကောင်လေး"

ယွမ်ဟယ်၏ အမူအရာသည် ရုတ်တရက်ဆိုသလိုပဲ လေးနက်သွား၏။

"ချင်းယန်နိုင်ငံက အဆင့်ကိုး နိုင်ငံတစ်ခုပဲ ဖြစ်တယ်လေ။မင်းတို့လိုအရမ်း အားကောင်းတဲ့ ဂိုဏ်းတစ်ခု ရှိနေတယ်ဆိုရင်တောင်မှ အပြင်က လူတွေ အကုန်လုံးက ငါတို့ကို ခေါင်းငုံပြီး ကြည့်နေကြတာ။ ဒီနိုင်ငံသားတစ်ယောက် အနေနဲ့ မင်း ဒါကို ခံနိုင်ရဲ့လား။"

ဤလူသည် ထောင်ချောက်ဆင်နေခြင်းပင် ဖြစ်၏။

ငါ ရုန်းထွက်မှ ဖြစ်မယ်။ငါ ရုန်းထွက်မှ ဖြစ်မယ်။

ဝှစ်

ယွမ်ဟယ်သည် မတ်တပ်ထရပ်လိုက်ပြီးသည့်နောက် ချင်းယန်နိုင်ငံ၏ မိသားစုခေါင်းဆောင်များဆီသို့ လှမ်းကြည့်လိုက်သည်။ "ခင်ဗျားတို့က ဘဝတစ်လျှောက်လုံး ကျန်တဲ့လူတွေရဲ့ အထင်အမြင်သေး ကြည့်ရှုမှုကို ခံချင်ကြလား"

သူ၏ စကားလုံးများသည် အားလုံးသော လူများ၏ ခံစားချက်ကို နှိုးဆွစေခဲ့သည်။

မိသားစု ခေါင်းဆောင်များသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကြသည်။ သူတို့သည် အလွန်တရာ တောက်ပနေသော မျက်လုံးများနှင့် အတူ နိုင်ငံအုပ်ချုပ်သူ၏ မေးခွန်းအား ပြန်ဖြေလိုက်ကြသည်။ "မခံချင်ပါဘူး"

"ကျွင်းချောင်ရှောင်း"

ယွမ်ဟယ်သည် အော်လိုက်၏။ "ချင်းယန်နိုင်ငံရဲ့ နိုင်ငံသားတစ်ယောက် အနေနဲ့ မင်းက နိုင်ငံကို တစ်ခြားသူတွေ အထင်သေးတာ သည်းခံနိုင်လား"

ပြောပြီးသည့်နှင့် အားလုံးက လှမ်း၍ ကြည့်လိုက်ကြသည်။

ထိုသူများအားလုံးသည် ကျွင်းချောင်ရှောင်းအား အသနားခံသလို ကြည့်ရှုလိုက်ကြသည်။

ချီးတဲ့မှ ….ဒီလူ တကယ့် ပြသနာလူပဲ။

"နိုင်ငံအုပ်ချုပ်သူ"

ကျွင်းချောင်ရှောင်းသည် ဒုတိယ နိုင်ငံအုပ်ချုပ်သူ ဆိုသော ကျောက်စိမ်းပြားအား အသာသိမ်းယူပြီး ခွက်ကြီးထဲသို ဝိုင်အား လောင်းထည့်လိုက်သည်။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

"ကျုပ် ဘယ်သူကိုမှ အရှုးမပေးဘူးဆိုပေမယ့် ခင်ဗျားကိုတော့ အရှုံးပေးလိုက်ရပြီ"

သူအနေနှင့် ရွေးချယ်စရာမရှိ‌ဘဲ အရှုံး ပေးလိုက်ရတော့သည်။

"ကောင်းပြီ"

ယွမ်ဟယ်သည် မတ်တပ်ထရပ်လိုက်ပြီးနောက် ဝိုင်ခွက်ကြီး တစ်ခွက် အပြည့် ကောက်မော့လိုက်တော့သည်။ "ဒီနေ့က စပြီး ချင်းယန်နိုင်ငံက မင်းရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိသွားပြီ။အားလုံးကို ပျော်ရွင်အောင် ထားပါ။"

All Chapters