သူမနောက်လိုက်ခြင်း
Vol. 007 Ch. 646
“ဂျူနီယာမောင်လေး မင်းကမ္ဘာကြီးမျက်လုံးလိုရင် ဆရာ့ကိုမေးကြည့်ပါလား” ဟန့်မြောင်ရွှမ် အကြံပေး လေသည်။
“ဆရာ့ကိုမေးလိုက်ပါမယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်အလျင်မလိုပါဘူး၊ လေ့လာဖို့အချိန် ရှိသေးတယ်”
“အင်း” ရှောင်ချီသည် အေးစက်စွာ သက်ပြင်းချလေသည်။
ရှောင်ချီစိတ်ဆိုးနေသေးသည်ကို ကြည့်ကာ သူမသည် ခေါင်းကိုပွတ်လိုက်သည်။ ရှီမာယူယူထပြီး အိုး နှင့် ဒယ်ပြားများကိုသိမ်းလိုက်သည်။
“ကဲ နောက်ကျနေပြီ ပြန်သင့်နေပြီ”
“အမှန်ပဲ ပြန်မယ့်အချိန်ဖြစ်နေပြီ” ဟန့်မြောင်ရွှမ် ထလိုက်သည် “ဟုတ်သားပဲ ကောင်မလေး ငါတို့ ပြန်တော့မယ်”
“ကျွန်မက ကလေးမဟုတ်ဘူး” ရှောင်ချီသည် နှုတ်ခမ်းဆူလေသည်။
ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့်သည် ခွဲခွာခြင်းဥယျာဉ်သို့ပြန်ရန် ပြင်လေသည်။ သူတို့သွားတော့မည်ကို ရှောင်ချီတွေ့သည်နှင့် လိုက်လာလေသည်။
“ရှောင်ချီ မင်းတစ်ညလုံးအပြင်မှာနေမလို့လား အိမ်မပြန်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“အတူတူပြန်မယ်လေ” ရှောင်ချီသည် ရှီမာယူယူ၏ အဝတ်ကိုဆုပ်ကိုင်လိုက်သည်။
“အတူတူဟုတ်လား မင်းက ငါတို့နဲ့လိုက်ချင်လို့လား”
ရှောင်ချီ ခေါင်းညိမ့်လေသည်။
“မင်းက ငါတို့ခြံထဲကမှမဟုတ်တာ ငါတို့နဲ့လိုက်လို့မရဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“လိုက်ချင်တယ်” ရှောင်ချီသည် ရှီမာယူယူ၏ လက်ကိုဆွဲကာ လွှတ်မပေးပေ။ သူမသည် သူတို့နှင့်အတူ ပြန်လိုက်ရန် ဆုံးဖြတ်ပြီးဖြစ်လေသည်။
ရှီမာယူယူ သူမလက်အားငုံ့ကြည့်ပြီးနောက် ဟန့်မြောင်ရွှမ်အား ကြည့်လိုက်သည်။ သူမသည် နေရခက် စွာ ပြောလိုက်သည် “စီနီယာအစ်မ ဘယ်လို….”
“မင်းအပေါ်မှာမူတည်တာပဲ ဆရာက အခုဆိုမင်းကို သဘောကျတယ်၊ လူတစ်ယောက်ခေါ်လာတာ ဘာမှမပြောလောက်ပါဘူး” ဟန့်မြောင်ရွှမ်သည် သူမ၏ အင်တင်တင်သော်လည်း စိတ်ထားနူးညံ့ပုံကိုမြင်သည်။
“ဒါဆို မင်းငါတို့နဲ့လိုက်ခဲ့ပေါ့” ရှီမာယူယူသည် ရှောင်ချီ၏လက်ကိုကိုင်လိုက်သည်။
၃ယောက်သား ခြံဝန်းသို့ပြန်လာလေသည်။ ဆူရှောင်ရှောင်သည် ခြံဝန်းအားရှင်းလင်းနေသည်။
“စီနီယာအစ်ကို ၃ မင်္ဂလာမနက်ခင်းပါ”
သူတို့ဝင်လာသည်ကို မြင်လိုက်သည့်အချိန်တွင် ဆူရှောင်ရှောင်သည် တံမြက်စည်းကိုင်ထားသည်။ သူ ပြုံးကာ “အပြင်သွားပြီးစားပြန်တာလား”
“သိပြီးတာလား”
“ငါတို့ အဂ္ဂိရတ်ပညာရှင်ရဲ့နှာခေါင်းက အနံ့ခံကောင်းတယ်လေ၊ မနေ့က မင်းတို့မှာမရှိတဲ့အနံ့ရနေ တယ်” ဆူရှောင်ရှောင်ပြောလိုက်သည် “ဒီအရုပ်ကလေးကဘယ်သူလဲ”
“သူမက ရှောင်ချီတဲ့၊ နောက်ကိုဒီမှာနေဖြစ်လောက်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဆရာ.. သူအိပ် နေသေးတဲ့ပုံပဲ၊ သူ့ကိုနောက်မှသွားရှာတော့မယ်၊ ရှောင်ချီ ဒါက စီနီယာအစ်ကို၃ ဆူရှောင်ရှောင်တဲ့ မင်း နောက် ကိုဒီမှာနေမယ်ဆိုရင် သူနဲ့ကစားလို့ရတယ်”
“မကစားချင်ပါဘူး နံတယ်” ရှောင်ချီသည် လှည့်ထွက်သေလည်။
“နံတယ်ဟုတ်လား” ဆူရှောင်ရှောင်သည် သူ့ကိုယ်သူ အနံ့ရှုကြည့်လေသည်။ သူ ရေချိုးပြီးသားပါ။ ဘာ အနံ့မှမရပါဘူး။
ဒါပေမဲ့ ရှောင်ချီက သူ့ကိုမကြိုုက်ဘူးထင်တယ်။
“အာ…. ငါမအိပ်ရတာကြာပြီ သွားအိပ်လိုက်ဦးမယ်” ဟန့်မြောင်ရွှမ်သည် အကြောတန့်ကာ သူမနေရာ သို့သွားလေသည်။
“ဂျူနီယာညီလေး ဒီကောင်မလေးက လာလည်တာလား ဒီမှာနေမှာလား” ဆူရှောင်ရှောင် မေးလိုက် သည်။
“ဘာဖြစ်လို့လဲ”
“သူမ ဒီမှာနေမယ်ဆိုရင် အခန်းပြင်ပေးရအောင်လို့” ဆူရှောင်ရှောင်ပြန်ဖြေလေသည်။
ရှီမာယူယူသည် ရှောင်ချီအားကြည့်ပြီး ဆူရှောင်ရှောင်ကိုပြန်ဖြေလေသည် “ဆရာ့ကိုမေးပြီးမှ ပြောကြ တာပေါ့”
ရှုဂျင်းသာ ရှောင်ချီကိုဒီမှာမနေခိုင်းပါက သူမ အတင်းလုပ်မည်မဟုတ်ပေ။
“ကောင်းပြီ ဆရာမနေ့ကအိပ်တာစောတယ်၊ ဒီနေ့ကိုစောစောနိုးလောက်တယ်” ဆူရှောင်ရှောင် သတိ ပေးလေသည်။
“သိပြီ ရှောင်ချီ ငါတို့သွားကြမယ်”
ရှီမာယူယူသည် ရှောင်ချီအား သူမအခန်းသို့ခေါ်သွားပြီး စားသောက်ရန်ပေးထားလေသည်။ သူမကို ဘေးတွင် တစ်ယောက်တည်းကစားရန် ခွင့်ပြုထားလေသည်။ ထို့နောက်တွင် သူမသည် ဆေးပစ္စည်းများထုတ် ကာ ကလိနေလိုက်သည်။
ရှောင်ချီသည် ထူးဆန်းသော ကလေးဖြစ်သည်။ သူမသည် ဟန့်မြောင်ရွှမ်အပေါ်တွင် အေးစက်စွာ ဆက်ဆံသော်လည်း ရှီမာယူယူကိုတော့ ယုံကြည်စိတ်ချစွာဆက်ဆံသည်။ ရှီမာယူယူသည် ဝိဉာဉ်စေတီနှင့် စာချုပ်ချုပ်ထားသဖြင့် သူမ၏ ဝိဉာဉ်သည် ထူးခြားစွာဆွဲဆောင်မှုရှိသည်။
“ရှောင်ချီ မင်းအသက်ဘယ်လောက်လဲ” ရှီမာယူယူသည် ဆေးပစ္စည်းများနှင့် အချိန်အတော်ကြာအောင် အချိန်ဖြုန်းနေလေသည်။ ရှောင်ချီစားနေသေးသည်ကို တွေ့ပြီးသော် သူမရောက်လာကာ အစားအစာကို ဆွဲ ယူလိုက်သည်။
ရှောင်ချီသည် အစားအစာများဆွဲယူခံလိုက်ရဖြင့် စိတ်ဆိုးသွားသည်။ သို့သော် သူမသည် မေးခွန်းကို တော့ ကျိုးနွံစွာပြန်ဖြေလေသည်။
“အသက်ဘယ်လောက်ရှိပြီလဲတော့ ရှောင်ချီလည်းမသိဘူး မေ့သွားပြီ အာ… ငါအသက်ဘယ်လောက် ပါလိမ့်” ရှောင်ချီသည် ခေါင်းရမ်းလေသည်။
“မေ့သွားပြီဟုတ်လား” ရှီမာယူယူသည် ရှောင်ချီ စိတ်ပူပန်ဖြစ်နေသည်ကိုတွေ့လိုက်သည်။ သူမသည် အရင်က ပြင်းထန်စွာထိခိုက်ဖူးသဖြင့် အတိတ်ကိုမေ့နေပုံရသည်။
“မစိုးရိမ်ပါနဲ့ မေ့နေမှတော့ မေ့ပစ်လိုက်တော့၊ မင်းပုံစံကြည့်ရတာ အသက်မကြီးသေးပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မင်းသရုပ်မှန်ကို ငါတို့မသိရဘူး မင်းက ဒီလောက်ငယ်ငယ်လေးနဲ့ အားကောင်းတာပဲ”
“စားမယ်” ရှောင်ချီသည် ရှီမာယူယူလုယူသွားသော အသားခြောက်ကို ကြည့်နေလေသည်။
“ရှောင်ချီ မင်းအများကြီးစားပြီးပြီလေ ဗိုက်ပူလာဦးမယ် သတိထားဦး”
“ဗိုက်ဆာတယ်” ရှောင်ချီသည် ဗိုက်ကိုပွတ်သပ်နေလေသည်။ လုံးဝန်းနေသော ဗိုက်လေးသည် တွန့်လိမ်နေလေသည်။
“ဗိုက်ပြန်ဆာပြန်ပြီလား” ရှီမာယူယူသည် သူမအား အံ့အားသင့်စွာကြည့်လိုက်သည်။ သူမသည် အမှန် တကယ်ပင်ဗိုက်ဆာနေလေသည်။ သူမ ဘယ်လိုလုပ်ဒီလောက်စားနိုင်ရတာလဲ။
ရှောင်ချီ ခေါင်းညိမ့်လိုက်သည်။ သူမသည် ဂျင်ဆင်းနောက်တစ်ခုထုတ်ကာ ကိုက်ပြီး မျက်မှောင်ကြုတ် ကာ ရှီမာယူယူလက်ထဲထည့်လိုက်သည်။
“လဲမယ်”
ရှီမာယူယူသည် အသားခြောက်ကို ရှောင်ချီ၏ လက်ထဲထည့်ကာ သူမခေါင်းအားပုတ်လိုက်သည်။ “စားပါ မင်းဗိုက်ပြည့်ရင် ငါ့ဆရာကိုသွားတွေ့ကြမယ်၊ သူ မင်းကိုဒီမှာနေခိုင်းမလားကြည့်ကြတာပေါ့ မနေခိုင်းရင် မင်းနေတဲ့နေရာကို ပြန်သွားရမယ်”
ရှောင်ချီသည် ခေါင်းငုံနေရာမှ ခေါင်းညိမ့်လေသည်။
နေ့လည်ရောက်ခါနီးတွင် ရှုဂျင်းအခန်းထဲမှ လှုပ်ရှားမှုကို ရှီမာယူယူ ခံစားမိလေသည်။ သူမသည် လက် ထဲမှစာအုပ်ချပြီး ပြောလိုက်သည် “ဆရာ ထလာပြီ သွားတွေ့ရအောင်”
ရှောင်ချီသည် ခုံပေါ်မှ ခုန်ဆင်းကာ သူမနောက်လိုက်လာသည်။
ရှုဂျင်းသည် နိုးလာသည်နှင့် ရှီမာယူယူလာနေသည်ကို အာရုံခံမိသည်။ သူမ တံခါးမခေါက်ခင်မှာပင် ဝင် လာခိုင်းလေသည်။ သူမနောက်တွင် ၆နှစ် ၇နှစ်အရွယ်ရှိသော မိန်းကလေးလိုက်လာသည်ကို မြင်လိုက်ရသည်။ သူ့မျက်လုံးများသည် အံ့သြမှုဖြင့် တောက်ပသွားလေသည်။
သူမက ဘာလို့ဒီကောင်မလေးနဲ့ ရှိနေရတာလဲ။
“ဆရာ ဒီနေ့နိုးတာစောတာပဲ”
“အင်း ကျန်းကျူကျီထက် နည်းနည်းစောနိုးတာပေါ့” ရှုဂျင်းပြောလိုက်သည်။ “ဒီကောင်မလေးကို ဘာလို့ ခေါ်လာတာလဲ”
“ဆရာ ဒါကရှောင်ချီက ကျွန်တော် မနေ့က သူမနဲ့တွေ့ခဲ့တာပါ သူမက ကျွန်တော်တို့်နဲ့နေချင်တယ်တဲ့ အဆင်ပြေမလား”
ရှုဂျင်းသည် ရှောင်ချီအား တည့်တည့်ကြည့်လိုက်သည်။ ဒီကောင်မလေးက သူ့တပည့်ကိုတောင် လှည့်စားရဲတယ်ဟုတ်လား။ သို့သော် သူမသည် ရှီမာယူယူ၏ နောက်တွင်ကွယ်နေကာ သူငြင်းဆန်လျှင် စားပစ် မည်ဟူသည့် အေးစက်သောအကြည့်ဖြင့် ခြိမ်းခြောက်နေသည်ကို မြင်လိုက်ရသည်။ သူ စနောက်လိုက်သည်။
“တပည့်ကောင်းလေး ငါတို့်ခွဲခွာခြင်းဥယျာဉ်က လူတကာနေလို့ရတဲ့နေရာမဟုတ်ဘူး”
သူသည် ရှောင်ချီအား မျက်ခုံးပင့်ကြည့်လိုက်သည်။
ရှောင်ချီသည် ငိုတော့မည့်ပုံစံပြောင်းသွားကာ ရှီမာယူယူ၏ လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားလေ သည်။ သူမသည် ရှီမာယူယူအနောက်တွင် ကျုံ့သွားကာ သူ့အားခေါင်းထွက်ပြီးကြည့်လေသည်။
“ဆရာ ရှောင်ချီက ကလေးပဲရှိသေးတာ၊ အရုပ်လေးကိုဘာလို့ အဲလိုစကားတွေနဲ့ခြောက်ရတာလဲ” ရှီမာယူယူသည် ရှုဂျင်းအား ကြည့်လိုက်သည်။
ရှောင်ချီသည် အနောက်မှ ရှုဂျင်းအား မေ့ငေါ့ပြလေသည်။
ရှုဂျင်းသည် ဆွံ့အသွားသည်။ သူက ဘယ်လိုလုပ်ဒီအရုပ်လေးရဲ့ ခြိမ်းခြောက်တာကိုခံနေရတာလဲ။ သူ သည် သာမန်စကားကိုပဲပြောလိုက်တာလေ။
“ဆရာ ရှောင်ချီက အနောက်ဘက်ကတောင်မှာ တစ်ယောက်တည်း အစာရှားနေရတယ်ပြောတယ် သူမကို ကြည့်ပေးမယ့်သူမရှိဘူး ရှောင်ချီက ငယ်သေးတယ် အနောက်ဘက်တောင်က အရမ်းအန္တရာယ်များ တယ်၊ သူမကို ဒီမှာနေခိုင်းလိုက်ပါ၊ ရှောင်ချီ မင်းခြံဝန်းထဲမှာ ပြဿနာမရှိဘူးမလား”
ရှီမာယူယူသည် ရှောင်ချီကိုငုံ့ကြည့်လိုက်သည်။ ရှောင်ချီသည် ချက်ချင်းပင် အမူအရာပြောင်းသွားကာ နာခံစွာခေါင်းညိမ့်လေသည်။
ရှီမာယူယူ သူမကိုကာကွယ်ပေးနေသည်ကို ရှုဂျင်းတွေ့သောအခါ အကူအညီမဲ့သွားသလိုပင်။ သူသည် သဘောတူသည်ဆိုသည့်ပုံဖြင့် သွားရန် လက်ရမ်းပြလိုက်သည်။
“ကျေးဇူးပါဆရာ ဒါဆို ကျွန်တော်တို့်မနှောင့်ယှက်တော့ဘူး ကောင်းကောင်းနားပါ” ရှီမာယူယူသည် ရှောင်ချီကို ခေါ်သွားလေသည်။
ရှောင်ချီထွက်သွားသည်နှင့် ရှုဂျင်းအား ကျေနပ်မှုရှိစွာ ကြည့်သွားလေသည်။
“အဘွားကြီး ငါ့တပည့်လိမ္မာလေးကို မသင်ပေးနဲ့” ရှုဂျင်းသည် လျှို့ဝှက်စွာ ဆက်သွယ်လိုက်သည်။
“ဟင်း ငါ့ခံစားချက်ပေါ်မူတည်တယ်” ရှောင်ချီသည် ပြန်ဖြေပြီးနောက် ရှီမာယူယူနှင့်အတူ ထွက်သွား လေသည်။
***