← Chapters

ရှောင်ချီ၏ လျှို့ဝှက်ချက်

Vol. 007 Ch. 647

ရှောင်ချီ၏ လျှို့ဝှက်ချက်

Vol. 007 Ch. 647

သူတို့တိတ်တဆိတ်ပြောနေသည်များကို ရှီမာယူယူ မသိပေ။ သူမသည် ရှောင်ချီအား အောက်ထပ်ခေါ် သွားပြီး ဆူရှောင်ရှောင်ကိုသွားရှာလေသည်။ သူမ အခန်းဘေးတွင် ရှောင်ချီအတွက်အခန်းပြင်ပေးရန် ပြော လိုက်သည်။ ဆူရှောင်ရှောင်သည် ချက်ချင်းပင် အခန်းကိုရှင်းလင်းလေသည်။

သူတစ်ယောက်တည်းရှင်းနေသည်ကို ကြည့်၍ ရှီမာယူယူ ကူရှင်းပေးလေသည်။ ရှောင်ချီသည် တံခါး တွင် မုန့်စားရင်း သူမအတွက် အခန်းရှင်းပေးနေသော ၂ယောက်ကိုကြည့်နေလေသည်။

အခန်းပြင်ပြီးသောအခါ ကျန်းကျူကျီနိုးလာသည်။ အရုပ်ကလေးအားကြည့်ပြီး သူပြောရုံသာပြောလေ သည် “ငါအိပ်နေတဲ့အချိန် ခြံထဲမှာ ဆူဆူညံညံမလုပ်နဲ့”

“နံလိုက်တာ” ရှောင်ချီသည် သူ့အဝေးတွင်နေလေသည်။

ကျန်းကျူကျီသည် နှုတ်ခမ်းတွန့်သွားသည်။ သူသည် ဒီအရုပ်ကလေးနှင့် ပြိုင်မငြင်းတော့ပေ။ သူလှည့် ထွက်ကာ ဆေးဖော်သည့်အခန်းသို့ ဦးတည်သွားလေသည်။

ရှီမာယူယူသည် အခန်းထဲမှ ရယ်မောလေသည်။ ကောင်မလေးသည် ယောက်ျားလေးများကို မနှစ်မြို့ ကာ အကုန်လုံးကို နံဟောင်သည်ဟု ပြောသည်။

သူမသည် အခန်းကိုပန်းရောင်ဆင်သည့်အပြင် အိမ်ရာကိုလည်း ပန်းရောင်ပြင်ဆင်လိုက်သည်။ ရှောင်ချီ မြင်သောအခါ ရှီမာယူယူ သတိမထားမိခင်တွင် နှုတ်ခမ်းတွန့်လိုက်လေသည်။

ရှီမာယူယူသည် ရှောင်ချီဆီလာပြီး သူမ၏ ဆီပေနေသောလက်များကို သုတ်ပေးလိုက်သည်။ သူမသည် ရှီမာယူယူ၏ လက်ရာကို သွားဖြဲပြီးရယ်မောလေသည်။

ရှီမာယူယူ ခေါင်းရမ်းပြိး “ဒီအရောင်ကိုမကြိုက်ဘူးလား”

ရှောင်ချီ ခေါင်းညိမ့်သည်။

“ဘယ်အရောင်ကြိုက်တာလဲ”

ရှောင်ချီသည် သူမအဝတ်ကိုညွှန်ပြကာ ထိုအဝတ်သည် ကောင်းကင်ပြာရောင်ဖြစ်လေသည်။

ရှီမာယူယူသည် သူမခေါင်းကိုပွတ်လိုက်သည်။ သူမသည် ပန်းရောင်များအားလုံးကိုပြောင်းလိုက်သည်။ အိပ်ရာခင်းများနှင့် စောင်များသည် မိုးပြာရောင်ပြောင်းသွားသည်။ နောက်ဆုံးတွင် ရှောင်ချီသည် ပျော်ရွှင်စွာ ပြုံး နိုင်တော့သည်။

ရှင်းလင်းပြီးနောက်တွင် ရှီမာယူယူသည် အိပ်ရာပေါ်ထိုင်ပြီး ရှောင်ချီကို သူမဘေးဆွဲကာ ပြောလေ သည် “ရှောင်ချီ မင်းခြံထဲမှာ ခါတိုင်းလိုပဲ ကျိုးကျိုးနွံနွံနေရမယ်နော်၊ စီနီယာ အစ်ကိုတွေ အစ်မတွေက တိတ်ဆိတ်တာကို အသားကျနေပြီ သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်နဲ့နော်”

ရှောင်ချီ ခေါင်းညိမ့်လေသည်။

“ခြံအဝင်ဝမှာ တည်ဆောက်မှုရှိတယ်၊ ဘယ်လိုထွက်ရမလဲဆိုတာ ခဏနေသင်ပေးမယ်၊ အဲလိုဆိုရင် အပြင်သွားရင် လူတစ်ယောက်ခေါ်စရာမလိုတော့ဘူး၊ မင်း အပြင်မှာနေလာတယ်ဆိုတာ ငါသိတယ် ဒါယူထား မင်း ပြန်မလာနိုင်ရင် င့ါကိုပြော သိပြီလား”

သူမသည် သားအမိကျောက်တုံးကို ရှောင်ချီလက်ထဲထည့်ပေးလိုက်သည်။

ရှောင်ချီသည် သားအမိကျောက်တုံး၏ လုပ်ဆောင်ချက်ကိုမသိပေ။ ရှီမာယူယူသည် သူမအား စိတ်ရှည် စွာရှင်းပြလေသည်။

“ငါ့ကိုဘယ်လိုရှာရမလဲသိတယ်မလား” ရှီမာယူယူ မေးလိုက်သည်။

ရှောင်ချီသည် ပျော်ရွှင်စွာ ခေါင်းညိမ့်လေသည်။ သူမသည် သားအမိကျောက်တုံးကို သိမ်းလိုက်သည်။ ရှီမာယူယူသည် သူမလက်ချောင်းမှ မှော်ဝင်လက်စွပ်ကိုမမြင်မိပေ။ သူမတွင် တခြားသော ထိန်းသိမ်းရန်နေရာရှိ ၍ဖြစ်မည်။

“ရှောင်ချီ ငါဆေးသွားဖော်လိုက်ဦးမယ်၊ မင်းလိမ်လိမ်မာမာနေပြီး ခြံထဲမှာသွားကစားနေလိုက်” ရှီမာယူယူသည် စားပွဲပေါ်တွင် စားစရာများထားပေးထားလိုက်သည်။

“ကောင်းပါပြီ” ရှောင်ချီသည် စားစရာများကိုမြင်ပြီးနောက် ပိုလိမ္မာလာသည် “သေရည်ရော”

“ကလေးတွေက သေရည်အများကြီးသောက်လို့မရဘူး”

သူမပြောပြီးသည်နှင့် သေရည်ကရားအနည်းငယ်ထုတ်လိုက်သည်။ ထို့နောက်တွင် သူမသည် ဆေးဖော် ရန်ထွက်သွားလေသ်။

ရှောင်ချီ အခန်းထဲတွင်ထိုင်ပြီး အစားစားနေချိန်တွင် ရှုဂျင်းရောက်လာသည်။ ရှောင်ချီသည် သူ့အား တစ်ချက်ကြည့်ပြီး ဆက်စားနေလသည်။

“ယူယူလေးက မင်းကိုကောင်းကောင်းဆက်ဆံတာပဲ၊ ငါတောင် အဲဒါတွေစားရတာမဟုတ်ဘူး” ရှုဂျင်း ရောက်လာကာ စားပွဲပေါ်မှ မုန့်များကို ကောက်ယူလိုက်သည် “အဘွားကြီး ငါ့တပည့်လေးနောက်လိုက်ပြီး ဘာလုပ်တာလဲ”

“ငါ့ကို အဘွားကြီးလို့ထပ်ခေါ်ရဲခေါ်ကြည့်” ရှောင်ချီသည် သူမသည် ကျားအစွယ်၂ခုကို ထုတ်ပြလိုက် သည်။

“မင်းက အရုပ်ကလေးရဲ့အဝတ်ကိုဝတ်ထားပေမယ့် ဒီအဆင့်မြင့်တဲ့အသက်ရဲ့ ဝိဉာဉ်ကိုဖုံးကွယ်လို့မရ ဘူး” ရှုဂျင်းသည် သူမအား ကြောက်ရွံ့ခြင်းမရှိပေ။ သူသည် သူမ၏ အားနည်းချက်ကို ညှာတာခြင်းမရှိရုံလောက် ပင်။

“ယူယူလေးက ငါ့ကိုကလေးလို့ပဲထင်နေတာ” ရှောင်ချီသည် သူနှင့် မငြင်းခုန်တော့ပေ။

“မင်းက ကလေးဆိုပြီးလူတွေကို လိမ်နေတာကိုး၊ ငါမင်းအကြောင်းကို ပြောပြဖြစ်လိမ့်မယ် သတိထား” ရှုဂျင်းသည် ပြောလိုက်သည်။

“ငါက အမြဲဒီလိုပဲလေ” ရှောင်ချီသည် ဂရုမစိုက်သည့်အနေနှင့် ပခုံးတွန့်လေသည်။

“ဒီလောက်ခမ်းနားတဲ့ဂိုဏ်းကိုရောက်တဲ့အချိန်မှာ တခြားသူတွေစားသွားမှာကို မကြောက်ဘူးလား၊ ဒီကို မကြာခင်က လူတွေအများကြီးရောက်လာကြတယ်” ရှုဂျင်းသည် ခုံကိုမှီပြီး ဝိဉာဉ်အသီးကိုကိုက်လိုက်သည်။

“သူတို့အရည်အချင်းရှိရင်တော့ ရမှာပေါ့” ရှောင်ချီ နှာခေါင်းရှုံ့လေသည်။

“ဟုတ်တယ်၊ မင်းအသက်ရှင်နေတာကို ဘယ်သူမှ နှောင့်ယှက်လို့မရဘူး၊ မင်း သူတို့ကို တစ်ကိုက် လောက်နဲ့ အပြီးသတ်ပေးလို့ရတယ်” ရှုဂျင်းသည် လုံးဝစိုးရိမ်မှုမရှိပေ။

ရှောင်ချီသည် မျက်လုံးလှန်လိုက်သည်။ သူမသည် အဖြူရောင်နှင်းအသားတစ်ခုကို ရှုဂျင်းသို့ပစ်ပေး လိုက်သည်။ လင်ဇီးနှင့် ဆင်တူသည်။

“ယူယူက ဒါလိုချင်နေတာ” ရှောင်ချီ ပြောလိုက်သည်။

ရှုဂျင်းသည် ထိုကြီးမားသောအရာကိုကြည့်ပြီး အော်လေသည် “မင်းက တခြားသူကို လက်သည်းခွံပေး ဖို့တောင်နှမြောတာ၊ အခုသူ့ကို ဒီလောက်ပေးမှာလား၊ ရက်ရောလိုက်တာ”

“ငါသဘောကျလို့” ရှောင်ချီ နှာမှုတ်လိုက်သည်။

“မင်းက ငါ့ရဲ့တန်ဖိုးရှိတဲ့တပည့်လေးအပေါ်ကောင်းတာပဲ သူ့ကိုဒါတောင်ပေးတယ်၊ ပြော မင်းဘာဖြစ် ချင်တာလဲ” ရှုဂျင်းသည် ပစ္စည်းကိုသိမ်းလိုက်သည်။

“မင်းကိုဘာလို့ပြောပြရမှာလဲ”

“ဒီမှာမနေချင်ဘူးလား” ရှုဂျင်းသည် မျက်ခုံးပင့်လိုက်သည်။

ရှောင်ချီသည် သူ့အား အချိန်အတော်ကြာကြည့်ပြီးနောက် ဖျန်ဖြေလေသည် “သူငါ့ကို ကြီးထွားလာ အောင်လုပ်ပေးနိုင်တယ်”

“မင်းကို ကြီးထွားအောင်လုပ်ပေးမယ်၊ မင်းက မကြီးထွားခဲ့တာ အတော်ကြာပြီလား” ရှုဂျင်း ပြောလိုက် သည်။

“အင်း” ရှောင်ချီသည် ခေါင်းညိမ့်လေသည်။ နောက်ဆုံးကြီးထွားခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ် သည်။

“သူက လူသားပဲ ဘယ်လိုလုပ် မင်းကြီးထွားတာကိုကူညီပေးနိုင်မှာလဲ၊ မင်းသူ့ကိုစားမလို့လား” ရှုဂျင်း သည် သူမအား သတိနှင့်ကြည့်လိုက်သည်။

သူမသာ တကယ်ပဲယူယူကိုစားမည်ဆိုပါက သူဘာကိုမှ သဘောတူမည်မဟုတ်ပေ။

“ငါသူ့ကိုမစားပါဘူး သူ့နားမှာရှိရင် သက်တောင့်သက်သာဖြစ်တယ်” ရှောင်ချီပြောလိုက်သည်။

“အဲဒါက မင်းကိုကြီးထွားအောင်လုပ်ပေးတာလား”

ရှောင်ချီ ခေါင်းရမ်းလိုက်သည်။

“ဒါဆို သူက မင်းကိုကြီးထွားအောင်လုပ်ပေးနိုင်တယ်လို့ ဘာလို့ပြောတာလဲ”

“အလိုလိုသိနေတာ” ရှောင်ချီ ပြောလိုက်သည် “သူ့နားမှာရှိရင် ငါကြီးထွားလာနိုင်တယ်လို့ အလိုလိုသိ နေတယ်၊ အခုတော့ ငါ့သရုပ်မှန်ကိုသူ့ကို မသိစေချင်ဘူး၊ ဒါကိုပြောမယ်ဆိုရင် မင်းမျက်နှာကိုခြစ်ပြီး ပုံပျက်သွား အောင်လုပ်လိုက်မယ်”

ရှုဂျင်းသည် သူ့မျက်နှာကိုကိုင်လိုက်သည် “ငါ့အလှကို မနာလိုတဲ့လူတွေကိုသွားမပြောနဲ့”

ထို့နောက်တွင် သူထပြီးထွက်သွားလေသည်။

ရှောင်ချီသည် အပြင်အား အချိန်ကြာအောင်ကြည့်ပြီးနောက် စားပွဲပေါ်မှ အရသာရှိသော စားစရာများကို ဆက်စားလေသည်။

ရှီမာယူယူ ဆေးဖောသည့်အခန်းမှပြန်လာချိန်တွင် ရှောင်ချီသည် စားနေတုန်းပင်ဖြစ်သည်။ သူ ထိုင်ကာ “မင်းတစ်ချိန်လုံးစားနေတာလား”

ရှောင်ချီ ခေါင်းညိမ့်လိုက်သည်။

“ဗိုက်မပြည့်ဘူးလား”

“စားကောင်းတယ်” ရှောင်ချီ ပြန်ပြုံးပြလေသည်။

ထိုစားစရာများသည် သူမစားနေကျ ဆေးပင်များထက် ပိုအရသာရှိသည်။

ရှီမာယူယူသည် လက်ကိုင်ပုဝါထုတ်ကာ သူမပါးစပ်မှ ပေနေသော ဆီများကိုသုတ်ပေးလိုက်သည်။ သူမ ပြောလိုက်သည် “မင်း တစ်ချိန်လုံးစားနေလို့မရဘူးလေ၊ ဗိုက်ပေါက်သွားရင် ဘယ်လိုလုပ်မလဲ”

“အင်း” ရှောင်ချီသည် စားရသည်ကိုနှစ်သက်သော်လည်း သူမ မပျော်ရွှင်စေသည့်အရာကိုတော့ မလုပ် လိုပေ။

“ယူယူ လာခဲ့” ရှုဂျင်းသည် သူ့အခန်းမှအော်လေသည်။

“အတူလိုက်ချင်လား” ရှီမာယူယူ မေးလိုက်သည်။

ရှောင်ချီသည် သူမဖက်ထားသည်မှ ထွက်ကာ ခေါင်းရမ်းလိုက်သည်။

“ဒါဆို ဒီမှာနေခဲ့၊ ဆရာဘာကိစ္စရှိလို့လဲမသိဘူး သွားလိုက်ဦးမယ်” သူမသည် ရှောင်ချီ၏ နှာခေါင်းကို ဆိတ်လိုက်သည်။

သူမ ရှုဂျင်းအခန်းသို့ရောက်သောအခါ ဆရာသည် ခုံတွင်လှဲနေသည်ကိုတွေ့သဖြင့် မေးလိုက်သည် “ဆရာ ကျွန်တော့်ကိုခေါ်တာလား”

“မင်း ကမ္ဘာကြီးမျက်လုံးရှာနေတယ်လို့ကြားတယ်” ရှုဂျင်းသည်တဲ့တိုးပင် မေးလိုက်သည်။

ရှီမာယူယူ မှင်တက်သွားလေသည်။ သူဘယ်လိုသိလဲကို သူမ မသိတော့ပေ။ သို့သော် သူမ ထိုအရာကို ရှာနေသည်ကို ဟော်လန်နှင့် တခြားသူများသိသောကြောင့် သူသိသည်မှာလည်း မထူးဆန်းတော့ပေ။

“ဟုတ်ပါတယ်” သူမဝန်ခံလိုက်သည်။

သူမရိုးသားမှုကို ရှုဂျင်း သဘောကျသွားသည်။ သူ သူမရှေ့သို့ သေတ္တာတစ်လုံးပစ်ပေးလိုက်သည် “လူတစ်ယောက်က မင်းကိုပေးခိုင်းလိုက်တာ”

ရှီမာယူယူသည် သေတ္တာယူပြီး ဖွင့်ကြည့်လေသည်။ အထဲတွင် ရှည်လျားသော အဖြူရောင်အသားတစ် ခုရှိလေသည်။

“ဒါက….”

“ကမ္ဘာကြီးမျက်လုံးပဲ” ရှုဂျင်း ပေါ့ပါးစွာပြောလိုက်သော်လည်း ရှီမာယူယူအတွက်တော့ အသက်ရှုရန်ပင် မေ့သွားလေသည်။

***

All Chapters