← Chapters

သံသယဝင်မှု

Vol. 007 Ch. 648

သံသယဝင်မှု

Vol. 007 Ch. 648

ရှီမာယူယူ အံ့သြလွန်းသည့်ပုံစံမှာ ရှားသည်။ သို့သော် လက်ရှိတွင် သူမသည် လုံးဝကို မှင်တက်သွား သည်။

“ဘာကိုစောင့်နေတာလဲ ဒါလိုချင်နေတာမဟုတ်ဘူးလား” ရှုဂျင်း မေးလိုက်သည်။

“ဆရာ ဒါကိုဘယ်ကရလာတာလဲ၊ ဒါအစစ်လား” ရှီမာယူယူသည် ကမ္ဘာကြီးမျက်လုံးကို ကိုင်ထားလေ သည်။ သူမသည် အချိန်အတော်ကြာအောင် တုံ့ပြန်နိုင်မှုမရှိပေ။

ကမ္ဘာကြီးမျက်လုံးက ဂိုဏ်းရဲ့ ရတနာမလား။ လူအများလိုချင်နေကြတာလေ။ ရဖို့ခက်တယ်လို့ ပြောကြ တယ်လေ။

သူမက ဘာလို့ဒီလောက်လွယ်လွယ်နဲ့ရနေတာလဲ။ အတုများဖြစ်နေမလား။ ရှုဂျင်းက သူမကို ညာနေ တာလား။

ရှီမာယူယူ၏ သံသယဝင်နေသောအကြည့်ကိုကြည့်ပြီး ရှုဂျင်း မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင်လေးက သူ့ကိုမယုံတာလား။

“ငါပေးတဲ့ဟာပဲ အစစ်ပေါ့ဟ” ရှီမာယူယူ သူ့အားယုံကြည်မှုမရှိသည်ကို ရှုဂျင်းတွေ့လိုက်ရသည်။ ရှီမာယူယူသည် သူ့အား ရိုးသားသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူ သူမကိုကန်ပစ်ချင်လာပြီ။

ရှီမာယူယူ ထိုစကားကိုကြားသောအခါ ပျော်ရွှင်စွာပင် ကမ္ဘာကြီးမျက်လုံးကိုသိမ်းလိုက်သည်။

“ဆရာဒါကိုဘယ်ကရလာတာလဲ” ရှီမာယူယူသည် ရှုဂျင်းအားပြုံးပြီးကြည့်လိုက်သည်။

“လူတစ်ယောက်ပို့လိုက်တာ” ရှုဂျင်းပြန်ဖြေလေသည်။

“ဘယ်သူပို့လိုက်တာလဲ” ရှီမာယူယူမေးသည် “ဒီလိုပစ္စည်းမျိုးကို ပို့တဲ့လူက သာမန်လူတော့မဖြစ်နိုင်ဘူး အဲလူကို ကျွန်တော်ဘယ်လိုကျေးဇူးတင်ရမလဲ”

“ဘာကျေးဇူးတင်စရာရှိလဲ အဲကောင်က ပေးချင်နေတာကို” ရှုဂျင်း ပြောလိုက်သည်။

“အဲဒါတော့ မကောင်းဘူးထင်တယ်၊ ဟုတ်တယ်မလား၊ ပြီးတော့ အရမ်းအရေးကြီးတဲ့လူများ၊ ဒီလို ပစ္စည်းမျိုးကို ဘယ်လိုလုပ်ယူရမလဲ”

“စိတ်ပူဖို့မလိုပါဘူး” ရှုဂျင်းသည် စိတ်မရှည်စွာပြောလေသည်။

“ဒါဆိုလည်း ကောင်းပါပြီ” ရှီမာယူယူ ပြုံးလိုက်သည်။

“ကောင်းပြီ မင်းသွားလိုက်တော့” ရှုဂျင်း သူမအား လှုံ့ဆော်လိုက်သည်။

“ဆရာ” ရှီမာယူယူသည် နေရာပင်မရွေ့ပေ။

“ဘာရှိသေးလို့လဲ”

“ဆရာ ရှောင်ချီရဲ့ သရုပ်မှန်ကိုသိလား” ရှီမာယူယူသည်တွေဝေပြီးနောက် မေးလေသည်။

“ဘာ”

“ရှောင်ချီက ဘယ်နနှစ်မှမရှိသေးတဲ့ ကောင်မလေးလို့ထင်ရပေမယ့် သူ့စွမ်းအားက ကျွန်တော့်ထက် ပို ကြီးတယ်၊ သူက အသွင်ပြောင်းမိစ္ဆာလို့တော့ထင်တယ် ဒါပေမဲ့ သူ့ဆီကနေ ဝိဉာဉ်မိစ္ဆာရဲ့ အငွေ့အသက်မရဘူး သူမက ဒီဂိုဏ်းရဲ့ကျောင်းသားဆိုတော့ ဆရာသိလောက်မယ်ထင်လို့” ရှီမာယူယူ မေးလိုက်သည်။

“အင်း သိတာပေါ့” ရှုဂျင်း ပြန်ဖြေလေသည်။

“ဒါဆိုရင် သူမက ဘယ်လိုလူမျိုးလဲ၊ တောင်တွေမှာဘာလို့ လျှောက်သွားနိုင်ရတာလဲ၊ သူမမှာ ဘာလို့ ဒီလောက်မြင့်တဲ့ကျင့်စဉ်ရှိနေရတာလဲ”

“သူမသရုပ်မှန်ကို စိတ်မပူနဲ့ သူမနဲ့သာနေပေးလိုက်၊ အချိန်တန်ရင်သိလာမှာ၊ ဒါနဲ့ အဲကလေးမက အမြဲတမ်းဗိုက်ဆာနေတာ၊ သူမကို စားစရာတွေကျွေးပေးလိုက်၊ အစာနင်ပြီးသေမှာတော့ စိတ်မပူနဲ့” ရှုဂျင်း ပြော လိုက်သည် “ကဲသွားတော့”

“ဟုတ်” သူမ ပြန်လာခဲ့သည်။ ရှောင်ချီ၏ သရုပ်မှန်ကို ရှုဂျင်းမပြောလိုက်သော်လည်း သူပြောသည်မှာ မှန်သည်။

ရှောင်ချီသည် နှစ်သက်စရာကောင်းသော်လည်း သူမသရုပ်မှန်ကတော့ စဉ်းစားစရာပင်။ အရင်ကဆို လျှင် သူမသည် စိတ်ခုနေသည့်ကိစ္စများကို တစ်ရက်လုံးရှာဖွေတတ်သည်။ အခု ရှုဂျင်းမှာ ပြဿနာမရှိဟု ပြော လိုက်သဖြင့် သူမမေ့ထားရန်လုပ်လိုက်သည်။

ရှောင်ချီအကြောင်းတွေးမိသည်နှင့် တုလေးကိုပါ သတိရလာသည်။ သူတို့နှစ်ယောက်လုံးသည် လက်ဆောင်နှင့် တူသော ကလေးများဖြစ်သည်။ သူမ ရှောင်ချီကိုမြင်သည့်အခါက တုလေးကို မြင်လိုက်ရသည့် အချိန်ကို ပြန်တွေးမိသည်။ ထို့ကြောင့်ပင် သူမသည် ရှောင်ချီကိုနှစ်သက်ခြင်းဖြစ်သည်။

သူမ အခန်းသို့ပြန်လာချိန်တွင် ရှောင်ချီသည် စားပွဲပေါ်မှ စားစရာများကို ကုန်အောင်စားပြီးလေပြီ။ သူမသည် စိတ်စောစွာကြည့်လိုက်သည်။

“အကုန်စားကုန်ပြန်ပြီလား မင်းက ငါ့ရဲ့အိမ်မက်လေးထက်တောင် စားနိုင်သေးတယ်” ရှီမာယူယူသည် သက်ပြင်းချလိုက်သည်။

“အိမ်မက်လေးကဘယ်သူလဲ” ရှောင်ချီသည် သိချင်သဖြင့် မေးလိုက်သည်။

“ငါ့စာချုပ်မိစ္ဆာ” ရှီမာယူယူ ဖြေလိုက်သည် “သူမက မင်းနဲ့တူတယ် အရုပ်ကလေးလိုပဲ”

“ဟင်း မကြိုက်ဘူး” ရှောင်ချီသည် နှုတ်ခမ်းဆူလေသည်။

“ရှောင်ချီ နောက်ကိုငါ့နောက်လိုက်မလား” ရှီမာယူယူသည် ရုတ်တရက်မေးလေသည်။

ရှောင်ချီ ခေါင်းညိမ့်လိုက်သည်။

“ငါနဲ့ရှိချင်တယ်ဆိုရင် ငါ့နားမှာရှိတဲ့လူတွေကို လက်ခံနိုင်ရမယမ၊ သူတို့ကိုမကြိုက်ရင်တောင် တိုက်ခိုက် လို့မရဘူး၊ မကောင်းတဲ့လူတွေ ငါ့နားမှာရှိတာမကြိုက်ဘူး၊ အဲဒါမလုပ်နိုင်ရင် ငါ့နောက်လိုက်လို့မရဘူး” ရှီမာယူယူသည် တည်ငြိမ်စွာ ပြောလိုက်သည်။

“ကောင်းပါပြီ” ရှောင်ချီသည် မတတ်သာစွာပြောလိုက်သည် “သူတို့ကိုမစားပါဘူးလို့ ကတိပေးပါတယ်”

ရှီမာယူယူသည် သူမစကားများကို သဘောကျသွားသည်။ ရှီမာယူယူသည် သူမနဖူးကို ပုတ်လိုက် သည်။ သူမ အားရပါးရပြုံးကာ “ဘာလို့အမြဲစားမယ်လို့ပြောနေတာလဲ”

“အင်း လူဆိုးတွေကို စားရမယ်လေ” ရှောင်ချီသည် ရယ်ပြလေသည် “ရှောင်ချီ့ကိုပစ်မှတ်ထားတဲ့လူ တွေကို ရှောင်ချီကစားပစ်တာပဲ၊ ဒါပေမဲ့ အဘိုးကသူတို့ကိုမစားခိုင်းဘူး အဲလူတွေက အရမ်းစိတ်တိုဖို့ကောင်းတာ ပဲ၊ ရှောင်ချီ တကယ်ပဲသူတို့ကိုစားချင်တယ် ဒါပေမဲ့စားလို့မရဘူး၊ စိုးရိမ်လို့သေတော့မှာပဲ”

ရှောင်ချီသည် ပြဿနာတက်သောအမူအရာဖြင့် စားပွဲကိုရိုက်လိုက်လေသည်။ ရှီမာယူယူ ရယ်မော လိုက်သည်။ ရုတ်တရက်ပင် သူမအမူအရာပြောင်းသွားသည်။ သူမ ရှောင်ချီအားပြောလိုက်သည် “ဒီမှာနေခဲ့ ငါအပြင်ခဏသွားလိုက်ဦးမယ်”

“ရှောင်ချီလည်းလိုက်မယ်” ရှောင်ချီသည် မတ်တပ်ရပ်ကာ “ယူယူ သွားတဲ့နေရာကို ရှောင်ချီလည်း သွားမှာပဲ”

“ရှောင်ချီ ငါကအပြင်မှာကိစ္စရှိလို့သွားမှာ၊ ငါတိုက်ခိုက်ရနိုင်တယ် အဲအချိန်ကျရင် မင်းထိခိုက်မိလိမ့် မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ရှောင်ချီက တိုက်ခိုက်ရတာမကြိုက်ပေမယ့် လူတွေက ရှောင်ချီ့ကို ထိခိုက်အောင်လုပ်လို့မရပါဘူး” ရှောင်ချီသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

ရှီမာယူယူသည် သူမပုံစံကိုကြည့်လိုက်သည်။ သူမထက်ပင် သိုင်းပညာပိုကောင်းသည်ကိုတွေးပြီး နောက် ခေါင်းညိမ့်ကာ ခေါ်လာခဲ့လိုက်သည်။

သူတို့ထွက်သွားပြီးနောက်တွင် ရှုဂျင်းသည် အခန်းထဲမှာ အပေါ်ထပ်သို့အော်လေသည်။ “ရှောင်ရှောင် ရေ တစ်ယောက်ကတော့ မင်းဂျူနီယာညီလေးကိုအနိုင်ကျင့်နေပြီ”

“ဘာ” ရှောင်ရှောင်သည် ဆေးဖော်ပြီးသဖြင့် ရှင်းလင်းရေးလုပ်နေလေသည်။ သူအားလုံးကိုပစ်ထားခဲ့ ပြီးထွက်လာသည် “ဆရာ ကျွန်တော့်ဂျူနီယာညီလေးကို ဘယ်သူအနိုင်ကျင့်ရဲတာလဲ”

“ကျွီ”

ဟန့်မြောင်ရွှမ်၏ တံခါးပွင့်လာသည်။ သူမ ခါးထောက်ရပ်ကာ အော်လိုက်သည် “ငါ့ယူယူလေးကို ဘယ်သူအနိုင်ကျင့်ရဲတာလဲ”

သူတို့သည် တစ်ရက်သာ အတူနေရသေးသည်။ ဂျူနီယာမောင်လေးမှ ယူယူလေးအဖြစ်သို့ ပြောင်းသွား လေသည်။

“သွားကြည့်ရင်တွေ့မှာပေါ့” ရှုဂျင်းသည် ပျင်းရိစွာပြန်ဖြေလေသည်။

“ကောင်းပြီ သွားကြည့်မယ်” ဟန့်မြောင်ရွှမ်သည် ဆူရှောင်ရှောင်၏အဝတ်ကိုဆွဲကာ ခြံထဲမှ ထွက်သွား လေသည်။

ရှီမာယူယူနှင့် ရှောင်ချီတို့သည် ရှီမာယူမင်၏ အိမ်သို့သွားကြလေသည်။ သူတို့မရောက်ခင်တွင် ခြံထဲ တွင် တိုက်ခိုက်သံများ အော်သံများကြားရလေသည်။

အထဲမှ အော်သံများကြားရသဖြင့် သူမခြေလှမ်းသွက်ကာ တံခါးတွန်းဖွင့်ပြီး ဝင်လိုက်သည်။

“သူတို့ကိုသေအောင်ရိုက်”

“သွား”

“မင်းတို့ကို အစောကြီးကတည်းက ဦးညွှတ်ခိုင်းတယ်မလား၊ ဒါပေမဲ့ နားမထောင်ဘူးလေ၊ အခု မင်းတို့ အရိုက်ခံရပြီ”

“မင်းက ငါတို့ကိုရိုက်ဖို့အရည်အချင်းမရှိပါဘူး” ဖက်တီးကျူသည် တစ်ဖက်လူ၏ မျက်နှာကိုထိုးလေ သည်။

“ဖက်တီး သူတို့ကိုကောင်းကောင်းသမပေးလိုက်” ဘေဂုံထန်သည် ဘေးမှအော်လေသည်။

“မိုးကြိုးသွားအဖွဲ့ကဘာတွေကောင်းနေလို့လဲ ငါတို့နေရာကိုလာပြီး ရိုင်းစိုင်းရဲရင် အရိုက်ခံရမှာပဲ”

“ငါတို့ကိုရိုက်ရဲလား၊ ငါတို့ကိုရန်စတာရဲ့ အကျိုးဆက်ကိုသိလား”

“ဟင် မင်းတို့လာသာ မိုးကြိုးသွားအဖွဲ့ဖြစ်နေနေ ဒီနေ့တော့ ရအောင်ရိုက်ပြမယ်”

“ညီအစ်ကိုတို့ အတူတိုက်ကြမယ်၊ ဒီနှစ်ရဲ့ ကျောင်းသားသစ်တွေကို သင်ခန်းစာပေးရမယ်”

ရှီမာယူယူသည် ဝင်လိုက်သည်နှင့် ရှုပ်ထွေးသောအခြေအနေကိုမြင်လိုက်ရသည်။

“ဝှီး”

ဖက်တီးကျူထိုးလိုက်သော လူသည် ရှီမာယူယူရှိရာသို့ ပျံလာလေသည်။ သူမ အဝတ်ကိုသပ်ပြီးသည် နှင့် ခုန်ကာ ထိုပျံလာသောလူကို ကန်လိုက်ရာ မိုးကြိုးသွားအဖွဲ့ဆီသို့ ကျသွားလေသည်။ အားလုံး တိတ်သွား ကြသည်။

***

All Chapters