← Chapters

လာထိလေ

Vol. 108 Ch. 1611

လာထိလေ

Vol. 108 Ch. 1611

“ ဒါပေမယ့် ငါ ကြုံခဲ့ပြီးပြီလေ…”

ယနေ့ ဖြစ်ပျက်သွားခဲ့သည်က စုန့်ကျားယွီအဖို့ သင်ခန်းစာပင်။

ယခု သူမ အရာအားလုံးကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။

လူ့သဘာဝက အတော်လေး ကြောက်ဖို့ကောင်းလှသည်ကိုလည်း သူမ သိသွားခဲ့ချေပြီ။

“ ဒီမှာ ငိုနေလို့ ဘာ အသုံးဝင်မှာ .. ပြဿနာ ရှိတယ်ဆိုရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို စဉ်းစားရမယ်… အဲ့ဒါက အရေးကြီးဆုံးပဲ …”

“ ဒါပေမယ့် ….. ဘယ်လိုလုပ်ပြီးတော့မှလဲ….”

“ အရင်ဆုံး Blue Whale ကို တစ်ချက် သွားစစ်ကြည့်ကြစို့ … အခု မင်းပြောနေတာတွေက ဒီတိုင်း ခန့်မှန်းမှု သပ်သပ်တွေပဲလေ… သူတို့ ဘယ်သွားခဲ့လဲဆိုတာ ငါတို့ သိဖို့လိုတယ်…”

“ ပြေးကြည့်စရာ မလိုဘူး … ရင်ဘက်ကြီး တစ်ခုလုံးနဲ့ အာမခံနိုင်တယ်…”

လင်းရီ စုန့်ကျားယွီ၏ ရင်ဘက်ကို တစ်ချက်ကြည့်လိုက်၏။

“ အဲ့တာလည်း မှန်ချင်မှ မှန်မှာလေ….”

“ နင် ဘယ်လိုလူလဲ … နင်က ငါ့ခဲအို ဖြစ်ရမှာလေ….”

“ ငါက မင်း ခဲအို ဖြစ်လို့ပဲ အတည်ပြုဖို့ လိုတာပေါ့ …. မှန်းဆမှု သပ်သပ် မဟုတ်ဘဲနဲ့ပေါ့ ….”

“ ငါ ပြောနေတာက ငါ့ရင်ဘက်ကို ကြည့်တဲ့ ကိစ္စ ပြောနေတာ …”

အိုး သေစမ်း ….

“ လာ ထ …. သွားပြီး တစ်ချက်ကြည့်ကြမယ်…”

“ အွန်း …”

စုန့်ကျားယွီ သူမ၏ အိတ်ကို ဆွဲ၍ နှစ်ယောက်သား ကားထံသို့ ထွက်လာခဲ့ကြကာ Blue Whale နည်းပညာသို့ ဦးတည်လိုက်ကြသည်။

“ သပလိုပဲ …. ပြောတယ်မလား …. သူတို့ကားက အပြင်မှာ ရပ်ထားတာ …. သူတို့ ဒီလာခဲ့တာပဲ ဖြစ်ရမယ်…”

“ ဒီက လေတွေကို ဆဲဆိုနေလို့ ဘာ ထူးသွားမှာ … သွားပြီး တစ်ချက်ကြည့်ကြစို့ …” “ ငါတို့ ဒီအတွက် ဖြေရှင်းချက် တောင်းရမယ်…”

စုန့်ကျားယွီ ကားပါကင်ထိုးလိုက်သည်။ သူမဘေးတွင် သတ္တိကို လောင်စာ ဖြည့်ပေးမည့် လင်းရီလည်း ပါလာသဖြင့် ယုံကြည်ချက်တို့ အများအပြား ရှိနေသည်။

Blue Whale နည်းပညာက အတော်လေး နာမည်ကြီးသည့် ကုမ္ပဏီ တစ်ခု ဖြစ်သော်လည်း ပြောသလောက် မဟုတ်သေးချေ။ ၎င်းက စွန့်ဦးတီထွင် လုပ်ငန်းနယ်ပယ်၌သာ ဖြစ်၏။ ကိုယ်ပိုင် အဆောက်အဦးလည်း မရှိသေးသလို လုံခြုံရေး အစောင့်များလည်း ရှိမနေချေ။ ထို့ကြောင့် နှစ်ယောက်ကို အတော်လေး သက်သာသွားစေပြီး တားမည့်လူလည်း မရှိချေ။

နှစ်ယောက်သား ဓာတ်လှေကားထဲသို့ ဝင်၍ ၁၅ လွှာသို့ ဦးတည်လိုက်၏။

သို့သော် ဤနေရာတွင်တော့ သူတို့ ဧည့်ကြိုကောင်မလေးနှင့် ပက်ပင်းတိုးလေသည်။

“ မင်္ဂလာပါ လူကြီးမင်းတို့ရှင့် … ကြိုတင် ချိန်းဆိုထားတာများ ရှိလားမသိဘူး …”

“ တိတ်စမ်း … ခုချက်ချင်း ကျန်းရှန့်ကျယ်ကို ထွက်လာခဲ့ခိုင်းလိုက် …”

စုန့်ကျားယွီမှ ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ တစ်လွှာလုံးရှိ လူတိုင်း သူမ၏ အသံကို ကြားကုန်ကြသည်။

ဧည့်ကြိုကောင်မလေးလည်း ဘာဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့လေသည်။

ကုမ္ပဏီက လောလောလတ်လတ်တွင် ကျွမ်းကျင်သည့် နည်းပညာရှင် လူတစ်စုကို ခေါ်ယူထားပြီး ဤလူနှစ်ယောက်ကလည်း ထိုအကြောင်းကိစ္စနှင့် စပ်လျဉ်း၍ ရောက်လာခဲ့ခြင်း ဖြစ်ရပေမည်။

“ စိတ်မရှိပါနဲ့ရှင့် … လူကြီးမင်း ဘာတွေပြောနေလဲ ကျွန်မ နားမလည်လို့ … တကယ်လို့ တခြား ကိစ္စ မရှိဘူးဆိုရင် ခုချက်ချင်း ထွက်သွားပေးပါ … မဟုတ်ရင် ကျွန်မတို့ ရဲခေါ်ရပါလိမ့်မယ်…”

“ နင် အပိုတွေ လာမပြောနဲ့ … နင်တို့ဘက်က အမှားလုပ်ထားတာကို ဝန်မခံရဲဘူးလို့ ငါ့ကို လာမပြောနဲ့ …”

စုန့်ကျားယွီ ဤသို့မျှနှင့် လက်မလျော့ပေးလိုက်လိုချေ။ သူမ အဘယ်ကြောင့် လက်လျော့လိုက်ရမည်နည်း။ သူမ၏ အကြီးမားဆုံးသော အထောက်အပံ့က လင်းရီပင်။

“ စိတ်မရှိပါနဲ့ … ရှင် ဘာပြောနေမှန်း ကျွန်မ မသိလို့ပါ … ကျေးဇူးပြုပြီး ခုချက်ချင်း ဒီက ထွက်သွားပေးဖို့ တောင်းဆိုပါတယ်…”

“ နင် ….”

“ မိန်းကလေး .. မင်း သူ ပြောနေတာတွေ နားမလည်ဘူးဆိုရင် ဒီမှာပဲ ထိုင်ပြီး သူပြောနေတာတွေပဲ နားထောင်မနေနဲ့လေ… မင်းရဲ့ သူဌေးကို သွားပြီး မေးလိုက် … သူတို့ချင်း စကားပြောပါစေ …” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

သူ၏ အသွင်က ဒေါသထွက်ချင်း အလျဉ်းကင်းကာ စကားလုံးတို့ထဲ လွှမ်းမိုးနိုင်စွမ်းတို့ ပါဝင်နေသည်။

လင်းရီ၏ သွင်ပြင်က နွေးထွေး ဖော်ရွေနေဟန် ရသော်လည်း ထွက်ပေါ်နေသည့် အရှိန်အဝါတို့က ဧည့်ကြို မိန်းကလေးအား ငြင်းဆန်နိုင်စွမ်း ကင်းမဲ့သွားစေသည်။

သူမ၏ အလိုလို သိစိတ်က ပြောပြနေသည်မှာ သူမ ရှေ့ရှိ ဤအမျိုးသားက ချောမောလှသော်လည်း သွားရှုပ်၍ ကောင်းမည့် လူစားမျိုး မဟုတ်မှန်း ပြောပြနေလေသည်။

အနည်းဆုံးတော့ သူမဘက်က အပြစ်ပြုလို့ငှာ မစွမ်းသာချေ။

သူတို့နှစ်ယောက်ကို မျက်လုံးထောင့်ကပ် ကြည့်လိုက်ရင်း အမျိုးသမီး ဧည့်ကြို ကောင်မလေးမှ အတွင်းလိုင်းဖုန်းကို ကိုင်၍ သူ၏ သူဌေးထံ ဖုန်းဆက်လိုက်သည်။

“ စီအီးအို စွန်း … ဒီမှာ လူနှစ်ယောက် ကျွန်မတို့ဆီလာပြီး ပြဿနာ ရှာနေလို့ … သူတို့ပြောတာတော့ ကျန်းရှန့်ကျယ်နဲ့ သူ့လူတွေကို ရှာနေတယ်လို့ ပြောတာပဲ … တစ်ချက် လာကြည့်ပေးပါဦး …”

ပြောပြီးနောက် ဧည့်ကြို မိန်းကလေးမှ ဖုန်းချလိုက်လေသည်။

သို့သော် ထိုအခိုက်အတန့်တွင် သူမဘက်က သတင်းပေးပို့ရန်ပင် လိုအပ်မနေခဲ့ချေ။

စုန့်ကျားယွီ၏ အသံက တစ်လွှာလုံး အနှံ့ လူတိုင်းကြားနိုင်ကာ တစ်စုံတစ်ယောက်တော့ သူတို့ ကုမ္ပဏီကို ပြဿနာ လာရှာပြီ ဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။ ဘာတွေများ ဖြစ်နေတာပါလိမ့် ဆိုပြီး ခေါင်းပြူ၍ စပ်စုနေကြသူများလည်း ရှိ၏။

“ အာ …. လူချောလေးနဲ့ အလှလေးပဲ …” မားကတ်တင်း ဌာနက မိန်းမငယ်လေးမှာ ခေါင်းပြူရင်း မြည်တမ်းမိသွားခဲ့၏။

“ အဲ့တာ အရေးလား …” သူမ ဘေးတွင် ခေါင်းပြူရင်း ချောင်းနေသည့် အမျိုးသားက ပြောလိုက်ပြီး “ ငါတို့ ကုမ္ပဏီက ခုလေးတင် နည်းပညာ အသင်းတစ်သင်းကို စုဆောင်းထားတယ်မလား … ငါ့အထင် ဒီလူ နှစ်ယောက်က အဲ့ဒီ အတွက် ရောက်လာတယ်နဲ့ တူတယ်…”

“ အဲ့ကိစ္စနဲ့ ဒီလာခဲ့လို့လည်း အလကားပဲလေ… ဟိုကဖြင့် ငါတို့ဆီ ဝင်ပြီးနေပြီကို စီအီးအို စွန်းက ဒီလောက် ကြီးစိုးနိုင်တာ သူ့ဘက်က ဒီလူတွေကို အရေးတောင် လုပ်မှာ မဟုတ်ဘူး …”

“ အင်း … ခဏနေကျရင် ပွဲကြီးပွဲကောင်းတော့ ကြည့်ရတော့မယ်နဲ့တူတယ်… သွား … ဟိုနားက ခေါက်ဆွဲဘူး သွားယူလာခဲ့….”

“ ဘယ်သူတုန်း ဒီမှာ ပြဿနာလာရှာနေတာ … သေချင်နေလို့လားကွ ဟမ်….”

Blue Whale ၏ ဝန်ထမ်းများ ဤအကြောင်း ဆွေးနွေးနေစဉ် အေးစက်စက် နှာမှုတ်သံ တစ်သံက ထွက်ပေါ်လို့လာသည်။ ဆန့်ကျင်ဘက် ရုံးခန်းထဲမှ ဗိုက်ရွှဲရွှဲနှင့် သက်လတ်ပိုင်း လူတစ်ယောက် သူ့လူများနှင့် အပြင်သို့ ထွက်လာသည်ကို လူတိုင်း မြင်လိုက်ကြရ၏။

သူ့နာမည်က စွန်းဝေ့ ဖြစ်ပြီး Blue Whale နည်းပညာ၏ တည်ထောင်သူပင်။

လင်းရီနှင့် စုန့်ကျားယွီတို့ ခေါင်းလှည့်ကြည့်လိုက်ကြသော် Blue Whale နည်းပညာ၏ သူဌေး ဖြစ်သူကိုသာမက ယခုလေးတင် ထွက်သွားခဲ့သည့် ကျန်းရှန့်ကျယ်ကိုပါ ပူးတွဲမြင်လိုက်ရသည်။

“ ကျန်းရှန့်ကျယ်… နင် မကောင်းတဲ့ကောင် … နင် ကုမ္ပဏီရဲ့ နည်းပညာ အချက်အလက်တွေ အကုန်လုံးကို ယူသွားခဲ့တယ်… နင် လူမှ ဟုတ်သေးရဲ့လား …”

ကျန်းရှန့်ကျယ်ကို မြင်သည်တွင် စုန့်ကျားယွီသည် ရင်ထဲ ဖိနှိပ်ထားသည့် ဒေါသတို့အား မည်သို့မျှ ဆက်လက် မဖိနှိပ်ထားနိုင်တော့‌ချေ။ သူမ ဒေါသတကြီးဖြင့် ဟိန်းဟောက်၍ လူကို မြင်မြင်ချင်း ကျိန်ဆဲတော့၏။

“ ဟေ့ ဟေ့ ဟေ့ …. မင်း စကားကို ကြည့်ကြပ်ပြီးပြော … မဟုတ်ရင် တရားဥပဒေအရ အရေးယူရလိမ့်မယ်… “ ကျန်းရှန့်ကျယ် ပြောလိုက်ပြီ “ ငါက ကုမ္ပဏီရဲ့ ပါတနာ တစ်ယောက်လည်း ဟုတ်တယ်…. ပြီးတော့ offline business ကို run နေတာလည်း ငါပဲ .. ငါက ထွက်ပြီဆိုမှတော့ ငါနဲ့ အတူ ယူလာခဲ့တာ ဆန်းသလား …”

“ နင်ကပဲ ပြောရတယ် ရှိသေး …” စုန့်ကျားယွီ ပြောလိုက်ပြီး “ ငါ ယူလာခဲ့တဲ့ ယွမ် သန်း ၃၀ ရင်းနှီးမြုပ်နှံမှုကြောင့်သာ မဟုတ်ရင် နင့်ရဲ့ offline business ကရော ဒီလောက် မြန်မြန်နဲ့ ချဲ့ထွင်နိုင်ပါ့မလား …”

“ ဒီတိုင်း သန်း ၃၀ လေးပဲမလား … မင်း ထင်နေတာ အဲ့လောက် ငွေနည်းနည်းလေးနဲ့ ကုမ္ပဏီက ဒုံးကျည်လို ထောင်တက်သွားနိုင်မယ် ထင်နေတာလား …” ကျန်းရှန့်ကျယ် ပြောလိုက်ပြီး “ ငါ ပြောလိုက်မယ်… ငါ့ကြောင့်သာ မဟုတ်ရင် ဒီကုမ္ပဏီက အစောကြီးကတည်းက ပျက်စီးသွားခဲ့တာ ကြာပြီ… ငါတို့ မင်းကို မကန်ထုတ်တာပဲ မင်း ကံကောင်းတယ်မှတ်… ငါတို့ဘာ ငါတို့ ထွက်လာပြီး စီအီးအိုစွန်းနဲ့ ပူးပေါင်းတယ်… ဒီလိုလုပ်ပေးတာနဲ့တင် ငါတို့ဘက်က လေးစားမှုတွေ အများကြီး ပေးပြီးနေပြီ…”

စုန့်ကျားယွီ အင်မတန် ဒေါသထွက်သွားခဲ့ကာ သူမရှေ့ ရပ်နေသည့် စွန်းဝေ့အား စိုက်ကြည့်ရင်း “ နင့်မှာကော စီးပွားရေး ကိုယ်ပိုင်ကျင့်ဝတ်တွေ ဘာမှ မရှိဘူးလား … ငါတို့ရဲ့ မော်ဒယ်လ်က အောင်မြင်နေတာ မြင်တော့ ... ကိုယ်တိုင်လည်း မပိုင်ဆိုင်နိုင်တော့ ဒီလို ညစ်ပတ်တဲ့ နည်းလမ်းတွေသုံးပြီး ငါတို့ လူတွေကို ခိုးတယ် ဟုတ်လား … နင့် အမေက နိုင်ငံကြီးသား ပီသဖို့နဲ့ ယဉ်ကျေးလိမ္မာဖို့ကို ငယ်ကတည်းက မသင်ပေးခဲ့ဘူးလား … ဖီး … မဒိန်းရုပ်၊ သုံးစက္ကန့်ပဲ ကြာမယ့် ခန္ဓာနဲ့ … စောက်တန်ဖိုးက နှစ်ပဲ တစ်ပြားမှမရှိ … ကျောရိုးမရှိပဲ မွေးလာတဲ့လူ …”

လင်းရီ “ …… “

ဒီလယ်ဗယ်က နောက်လယ်ဗယ် တစ်ခုကို ရောက်သွားပြီပဲ … သူမက ကျီချင်းရန်ထက်ကို ကြမ်းတယ်…

စွန်းဝေ့ မျက်လုံး‌ မှေးကျဉ်းသွားခဲ့ပြီး တင်းမာစွာ ဆိုလိုက်သည်။

“ မင်းစကားကို ကြည့်ကြပ်ပြောနော်… မင်းမှာ အစွမ်းအစ မရှိရင် ဒီလာပြီး ပြဿနာ လာမရှာနဲ့ … မင်းက မိန်းကလေးမို့ ငါ မိန်းမ တစ်ယောက်နဲ့ ပြိုင်တုပြီး စကားမများချင်ဘူး … အမြန် ထွက်သွားလိုက် … မဟုတ်ရင် မင်းတို့နှစ်ယောက်လုံးကို ရိုက်ထုတ်ပစ်မယ်…”

“ ဖီး … ငါ့ ခဲအိုတစ်ယောက်လုံး ဒီမှာ ရှိတယ်… နင် ထိရဲရင် ထိကြည့်စမ်း …”

ပြောပြီးနောက် စုန့်ကျားယွီသည် လင်းရီ၏ အနောက်သို့ ဝင်ပုန်းလိုက်သည်။

လူတိုင်း၏ အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့လေသည်။

ကျန်းရှန့်ကျယ်က …

“ စုန့်ကျားယွီ… အိုး စုန့်ကျားယွီ… မင်း ငါတို့ ထွက်သွားတာကိုလည်း အပြစ်မမြင်နဲ့လေ… မင်းက မင်းရဲ့ ခဲအိုကို ငါတို့ ကုမ္ပဏီရဲ့ လမ်းကြောင်းကို ညွှန်ပြပေးဖို့ ခေါ်လာခဲ့တယ် ဟုတ်လား … သူက ဘာမို့လို့ … မင်း ဒီလိုတွေ လုပ်နေလို့ပဲ ငါတို့ ကုမ္ပဏီက သောက်တလွဲတွေ ဖြစ်နေတာ …”

“ အိုကေ ရပြီ… သူတို့နဲ့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ တော်လိုက်တော့…”

စွန်းဝေ့ သူ၏ လက်ကို အထင်တသေး ဝှေ့ယမ်းလိုက်၏။ သူ၏ သွင်ပြင်က သူတောင်းစားအား မောင်းထုတ်နေသကဲ့သို့ပင်။

“ ငါ မင်းတို့ကို မရိုက်ထုတ်ခင် ကိုယ့်ဘာကိုယ် ထွက်သွားကြစမ်း …”

“ မင်းက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတဲ့လူပဲ … သူများဆီက လူလည်း ခိုးသေးတယ်.. ပြီးတော့ လူလည်း ပြန်ဟစ်နေသေးတယ်… သေချာတယ်.. ရှေးတုန်းက ဓားပြတွေတောင် မင်းလောက် သောက်ရှက်မဲ့မှာ မဟုတ်ဘူး …”

“ အဲ့တော့ ဘာဖြစ်လဲ … မင်းက မကျေနပ်ဘူးလား …” စွန်းဝေ့ မောက်မာတင်စီးစွာ ပြောဆိုလိုက်သည်။ “ ငါတို့ မင်းဆီကနေ လူတွေခိုးတယ် … နည်းပညာလည်း ခိုးတယ်… မင်း ဘာတတ်နိုင်လဲ … ငါတို့က အင်အားကြီးတယ်… မင်းတို့ကတော့ အမှိုက်ပဲ … ပြီးတော့ ငါတို့ အနိုင့်ကျင့်တယ်ကွာ … မင်းဘာလုပ်ချင်လဲ ပြော ….”

“ မင်းလေသံက … တော်တော် အထောင်းခံချင်နေတဲ့ပုံပဲ …”

“ ဟင်းဟင်း …”

စွန်းဝေ့ ပခုံးတွန့်လျက် ပမာမခန့် အမူအရာဖြင့် “ လာလေ .. လာခဲ့လေ… မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေရင် ငါ့ကို လာထိလိုက်စမ်း ….”

ဖြောင်း …

လင်းရီ ဘာမျှ ဆိုမနေပဲ အဆီထူသည့် မျက်နှာကြီးအား ဖြတ်ရိုက်လိုက်၏။

All Chapters