သပိတ်
Vol. 108 Ch. 1613
Blue Whale နည်းပညာ ကုမ္ပဏီထဲမှ ထွက်လာခဲ့ပြီးနောက် စုန့်ကျားယွီသည် အချိန်အတော်ကြာသည်အထိ စိတ်မတည်ငြိမ်နိုင်သေးချေ။
“ ခဲအို … နင်က အဲ့လို ဒိတ်ဒိတ်ကျဲကြီးနဲ့ သိနေတယ်ဆိုမှတော့ ငါ့ရဲ့ စီးပွားရေးလုပ်ငန်းက ပန်းခင်းလမ်းလေးလို ဖြစ်နေမှာပဲ မလား … နောင်ကျ နင့်ရဲ့ သင်္ဘောကြီးပေါ်ကနေပဲ လိုက်စီးတော့မယ်…”
စက္ကန့်အနည်းငယ် ကြာအောင် စဉ်းစားပြီးနောက် လင်းရီ ခေါင်းညိမ့်လိုက်၏။
“ သီအိုရီ အရဆိုရင်တော့ မှန်တယ်…”
“ ဘာလို့ သီအိုရီ အရလဲ … နင့်ရဲ့ လက်ရှိ အထောက်အထား ၊ အဆင့်အတန်းနဲ့ဆိုရင် ဟွာရှမှာ ဘယ်သူက နင့်ကို အပြစ်ပြုရဲမှာမို့လို့ …”
“ တကယ်တော့ မင်းက ဒီနေ့ ကိစ္စ ဖြစ်ပြီးတဲ့နောက်မှာ အတော်လေး ကျိုးကြောင်း မဆီလျော်နိုင်နေတာပဲ … ငါတို့ဘက်ကနေပြီး သူ့ကို အကူအညီ သွားတောင်းစရာ အကြောင်းကို မရှိတာ … ဥပဒေက မင်းဘက်ခြမ်းမှာ ရပ်တည်ပေးမှာ မဟုတ်ဘူး … ငါ ဒီနေ့ သူ့ကို တိုက်ခိုက်ခဲ့တယ်ဆိုတာလည်း တအား ဟန်များလွန်းတော့ သည်းမခံနိုင်လို့ …” လင်းရီ ပြောလိုက်ပြီး “ မင်း ‘ ခန္ဓာကိုယ် သုံးခု ပြဿနာ ‘ ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးလား … လုံးဝ ခြားနားတဲ့ ရှုထောင့်ကနေ အပြတ်သတ် ချေမှုန်းခြင်းဆိုတာ အဲတာပဲ … ငါက မင်းထက်ပိုသန်မာတယ်.. ဒါကြောင့်မို့ မင်းကို ဖိနှိပ်တဲ့နေရာမှာ အကြောင်းပြချက်တွေ ပေးနေစရာမလိုဘူး … မင်းဘက်ကလည်း ခုခံနိုင်မယ့် နည်းလမ်းမရှိဘူး …”
“ နောင်ကျရင် ငါလည်း ငါ့ကို လက်တစ်ချက် တောက်ချလိုက်ရုံနဲ့ ချေမှုန်းနိုင်တဲ့ လူနဲ့ တွေ့ရင်လည်း တွေ့နိုင်တယ်… အဲ့ဒီ အခါကျရင် လင်းယွင်အုပ်စုက ဆက်ရှိနိုင်တော့မှာမဟုတ်ဘူး … ပြောချင်တာ နားလည်လား …”
“ နားလည်တယ်…”
“ အခုတော့ … ငါရယ် … မင်းအစ်မရယ် … မင်းကို ကာကွယ်ပေးနေတော့ မင်းရဲ့ ဘဝကြီးက ဖြောင့်ဖြောင့်ဖြူးဖြူးပဲ ဖြစ်နေဦးမှာ … ဖိအားဒဏ်ဆိုတာ ရှိမယ်တောင် မထင်ဘူး … ဒါပေမယ့် ကိုယ့်ရဲ့ ကိုယ်ပိုင် အစွမ်းအစကို တိုးတက်အောင် လုပ်ဖို့လည်း လိုသေးတယ်… မဟုတ်ရင် ဆန်အပြည့်အိုးထဲ ရောက်နေတဲ့ ကြွက်လို ဖြစ်သွားလိမ့်မယ်….”
စုန့်ကျားယွီ သူမ၏ မျက်ရည်များအား ဖယ်သပ်လိုက်၏။
“ ငါနားလည်ပြီ… ကျေးဇူးပဲနော် ခဲအို …”
“ ရင်ထဲ ထိသွားတာလား …”
“ အွန်း …”
“ ဒါဆို ငါနဲ့ မင်းရဲ့ အစ်မပင်း အကြောင်းကို လျှောက်မပြောနဲ့ …”
“ အွန်း … ငါ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်…”
“ နောက်ထပ် သန်း ၃၀ ရင်းနှီးပေးမယ်…”
“ အစ်မပင်းလား အစ်မပန်းလား … သူက ဘယ်သူကြီးလဲ … ဒီကဖြင့် ဘယ်သူမှန်းကို မသိတာ …”
လင်းရီ အားရကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်၏။ သူမ၏ ယခုလို လျင်မြန်သည့် တွေးခေါ်နိုင်စွမ်းဖြင့် ဆိုပါက အနာဂတ်က ထွန်းထွန်းပေါက်ပေါက် ရှိမည်မှာ မလွဲမသွေပင်။
လင်းရီ သူ၏ နာရီကို ကြည့်လိုက်ပြီး နေ့လည်ကျော်တော့မည်ကို သတိထားမိလိုက်သည်။ သူ စုန့်ကျားယွီ၏ ပခုံးကို ပုတ်လိုက်၏။
“ မင်းရဲ့ ကုမ္ပဏီက အရှုပ်ထုပ်ကြီးကို အရင်သွားရှင်းလိုက်ဦး … ငါ တခြား လုပ်စရာတွေ ရှိလို့ တုံးစန်းကောင်တီကို သွားရတော့မှာ …”
“ နင် ဘယ်တော့ပြန်လာမှာ … ယွီဟန်ကို ပြန်ဖြတ်ရဦးမယ် မလား ….”
“ အဲ့တော့ ဘာဖြစ်လို့ …”
“ ပြန်လာရင် ထမင်း ဖိတ်ကျွေးချင်လို့ပေါ့ …” စုန့်ကျားယွီ လင်းရီကို သူမ၏ ပခုံးဖြင့် ပစ်တိုက်လိုက်ပြီး “ ငါ နင့်ဝန်ထမ်းတွေဆီက ကြားမိတာ နင်က ဓားသူတော်စင်တဲ့ … ယွီဟန်မှာရှိတဲ့ အကောင်းဆုံး ရေချိုးစင်တာမှာ စီစဉ်ပေးမယ်… ဘယ်လိုသဘောရလဲ …”
“ မင်းထင်နေတာ မင်းတိုင်ဖို့ အကြောင်းပြချက်ရအောင် အခွင့်အရေး ပေးမယ်များ မှတ်နေလား …”
စုန့်ကျားယွီ မျက်လုံး လှိမ့်လိုက်၏။
လျင်လိုက်တဲ့လူ ….
ထို့နောက် နှစ်ယောက်သား ကိုယ်စီ လမ်းခွဲလိုက်ကြသည်။ လင်းရီကတော့ ရှောင်ပင်းထံ ဖုန်းဆက်လိုက်လေသည်။ သူ၏ ကားက ဖျက်စီး ခံထားရသဖြင့် တုံးစန်းကောင်တီကို သူမ၏ ကားဖြင့် သွားရုံသာ တတ်နိုင်တော့သည်။
နာရီဝက်ကြာပြီးသည့်နောက် နှစ်ယောက်သား တုံးစန်းကောင်တီသို့ ရောက်ရှိလို့လာသည်။
သို့သော် သူတို့ ကောင်တီထဲသို့ မဝင်မီ ရှောင်ပင်းက ကားကို ရုတ်တရက် ထိုးရပ်လိုက်၏။
ကြီးမားကျယ်ပြန့်စွာ ဆောက်လုပ်နေလျက် ရှိသည့် စက်မှုဇုန်ကြီးကို ကြည့်ရင်း “ ဒီနေရာက တကယ့်ကို နေရာကောင်းပဲ…”
မသိသည့်လူတို့က မြင်ကွင်းကို ရှုစားပြီး ကျွမ်းကျင်သည့်လူတို့ကတော့ အခွင့်အလမ်းကို မြင်နိုင်သည်။
ရှောင်ပင်း၏ မျက်လုံးထဲတွင်တော့ ဤမြေက အကန့်အသတ်မဲ့သည့် မျှော်လင့်ချက်တို့ကို ဆုပ်ကိုင်ထားသကဲ့သို့ပင်။
“ ကံကောင်းချင်တော့ အဲ့ဒီတုန်းက ရင်းနှီးခဲ့ပေလို့သာပေါ့ … မဟုတ်ရင် ကျွန်မတော့ အခွင့်အရေးကို ဆုံးရှုံးလိုက်ရတော့မယ်…”
“ နောက်သုံးနှစ်ထိ အခွင့်အရေးတွေ အများကြီး ရှိပါတယ်… ဒါပေမယ့် နောက်လာမယ့် အရာတွေက ရှင်းရှင်းလင်းလင်းတော့ မရှိသေးဘူးပေါ့ … ဒီကနေ အတွေ့အကြုံ ရဖို့ပဲ အာရုံစိုက်ထားနှင့် … ဒါပေမယ့် ကိုယ့်မိသားစုရဲ့ အဓိက စီးပွားရေး လုပ်ငန်းတွေကိုလည်း လွယ်လွယ်နဲ့ အာရုံ မလွှဲပစ်နဲ့ ….”
“ နားလည်ပြီ… အစ်ကိုရီ…”
“ ကောင်တီထဲ သွားကြစို့ … အလုပ်မစခင် နေ့လည်စာ အရင်စားကြမယ်…”
“ အိုကေလေ…”
နှစ်ယောက်သား ကောင်တီထဲသို့ မောင်းဝင်လာခဲ့သည်။
နှစ်လ သုံးလ အတွင်း၌ တုံးစန်းကောင်တီသည် တော်တော်ကြီး ပြောင်းလဲသွားခဲ့ကြောင်းကို လင်းရီ သတိပြုမိလိုက်သည်။ လွန်ခဲ့သည့် နှစ်ဝက်ကနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်တော့ ပြောနေရန်ပင် မလိုချေ။
ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အဦးတို့က များစွာ ရှိနေပြီး လူပေါင်းများစွာတို့ကလည်း ဝင်ချည်ထွက်ချည် ပြုနေကြကာ ရပ်ထားသည့် ကားတို့ကလည်း ပြည့်ညှပ်ကျပ်လို့နေသည်။
ထို့ပြင် နေရာအနှံ့တွင် အလျင်လိုနေသည့် လူတို့အား မြင်တွေ့နေရ၏။
အခြေခံ အဆောက်အဦးများနှင့် စပ်လျဉ်း၍ ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိသေးသော်လည်း ဇုန်၏ အတွင်းပိုင်းမှာတော့ ဖြည်းဖြည်းချင်း တရွေ့ရွေ့နှင့် တိုးတက်ပြောင်းလဲလို့ လာနေသည်။
ဤသည်ကလည်း လင်းရီ မြင်တွေ့ချင်သည့် ပုံစံပင်။
ပြီးနောက် နှစ်ယောက်သား စားသောက်ဆိုင် တစ်ဆိုင်သို့ဝင်၍ နေ့လည်စာ စားသောက်လိုက်ကြ၏။
စားပြီးနောက် ဘေလ်ရှင်းသည့်အခါ ယွမ် ၆၀ ကျော် သုံးလိုက်ရကြောင်းကို လင်းရီ သတိထားမိလိုက်သည်။ ယခင်တစ်ခေါက်ကထပ် ငါးယွမ် ဈေးကြီးလာလေသည်။
ဤသည်က စီးပွားရေး တိုးတက်လာနေပြီ ဆိုသည့် အရိပ်လက္ခဏာပင် ဖြစ်၏။
“ အစ်ကိုရီ… ကျွန်မတို့ အခု ဘယ်လဲ သွားကြမှာ …” စားသောက်ဆိုင် အပြင်ဘက်သို့ ထွက်လာရင်း ရှောင်ပင်း မေးမြန်းလိုက်၏။
“ ကောင်တီ အဆောက်အဦးဆီကို … မဝေးဘူး … ဒီကနေ လမ်းလျှောက်သွားရင်ကို ရောက်တယ်…”
“ မှတ်မိပြီ… ဒီလာတုန်းက ကျွန်မတို့ ကျော်ခဲ့တဲ့ နေရာထင်တယ်…”
“ အင်း သွားစို့ …”
ငါးမိနစ် ကြာပြီးနောက် နှစ်ယောက်သား ကောင်တီ၏ အဆောက်အဦးသို့ ရောက်ရှိလာလေသည်။
ရုံးခန်းထဲတွင် လီချင်းခိုင်က သူ့ အိမ်က မိန်းမ ထည့်ပေးလိုက်သည်များအား စားသောက်နေသည်။ အခြားတစ်ဖက်တွင်တော့ ဖုန်းကိုကိုင်လျက် web novel တစ်ပုဒ်ကို ဖတ်ရှုနေလျက် ရှိသည်။
လူကြီး ဖြစ်သည့်တိုင် နိုဗယ်များ ဖတ်နေသေးသည့်အတွက် လင်းရီ တစ်ခါ စနောက်ခဲ့ဖူး၏။ သို့သော် အဆုံးတွင် လီချင်းခိုင်၏ အပြတ်သတ် ချေပခြင်းကို ခံလိုက်ရလေသည်။
သူပြောသည်က သူ ဖတ်သည့် နိုဗယ်မှာ “ ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ် " ဆိုသည့် စိတ်ဝင်စားဖို့ အကောင်းဆုံးနှင့် အင်တာနက်ပေါ်တွင် နာမည်အကြီးဆုံး ဝတ္ထုဖြစ်ကြောင်း ရှင်းပြသည်။
ထိုစဉ်တုန်းက လင်းရီလည်း မယုံကြည်ပေ။ သိချင်စိတ်ပြင်းပြစွာဖြင့် ရှာကြည့်သည်တွင် စာရေးသူ၏ အရေးအသားနှင့် အကြောင်းအရာတို့က အမှန်ပင် စိတ်ဝင်စားဖို့ ကောင်းလှကြောင်းကို တွေ့ရှိလိုက်ရသည်။
အရေးကြီးဆုံးကတော့ အဓိက ဇာတ်လိုက်၏ အတွေ့အကြုံတို့က သူနှင့် အတော်လေး ဆင်တူနေခြင်းပင်။
တော်တော်လေး အထင်ကြီးဖို့ ကောင်းလှ၏။ စာရေးသူကို သူ၏ အားပေးမှုအား ဖော်ပြရန် ဘောက်ဆူးများပင် ပေးလိုက်သေးသည်။
“ အာ … ရီလေး … မင်း ပြန်လာပြီပဲ …”
လင်းရီကို မြင်တော့ လီချင်းခိုင်မှာ ဖတ်လက်စ ဝတ္ထုကို အောက်ချ၍ မတ်တပ်ရပ်ပြီး ကြိုဆိုသည်။ “ နှစ်သစ်ကူးပြီးတော့ မင်း ပိုဝလာသလိုပဲကွ… ဟားဟား ….”
“ ခင်များ ကိုယ့်ကိုယ်ကို ပြန်ပြောနေတာလား ဟုတ်လား …” လင်းရီလည်း ရယ်မောလိုက်သည်။
ထို့နောက် ရှောင်ပင်းနှင့် မိတ်ဆက်ပေး၏။
သို့သော် လီချင်းခိုင်၏ အမြင်တွင်တော့ ဤမိန်းကလေးနှင့် လင်းရီ၏ ဆက်ဆံရေးမှာ လုံးဝ သာမန် မဖြစ်နိုင်ချေ။
ရုပ်ချောခြင်း၏ ကောင်းကျိုးတို့ကလည်း အဖြာဖြာပင်။ အနည်းဆုံးတော့ ဘေးတွင် မိန်းမလှလေးတို့ မရှားပေ။
“ ဘာလို့ တစ်ယောက်တည်းလဲ … စီကျင်းရော … သူ ဂျူတီ သွားလုပ်နေတာလား ဟုတ်လား …”
“ မဟုတ်ဘူး … ကျောင်းဆီ လွှဲပြောင်းခံလိုက်ရပြီ…”
“ ကျောင်းကို ………..” လင်းရီ အံ့အားသင့်သွားခဲ့၏။
“ နွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာက ကျောင်းသွားပြီး ဘာလဲလုပ်တာ …”
“ မပြောစမ်းနဲ့ကွာ … ကောင်တီက ဆရာ/မ တစ်ချို့ နှုတ်ထွက်ကုန်ကြပြီ… တချို့ကလည်း သပိတ်မှောက်လို့ မှောက်နဲ့ … ကျောင်းသားတွေကို စာမသင်ပေးကြဘူး … ဒါကြောင့်မို့ ကျောင်းမှာ ဆရာတွေ မရှိတော့ဘူး …”လီချင်းခိုင် ပြောလိုက်ပြီး “ ဒါပေမယ့် ကလေးတွေရဲ့ ပညာရေးကိုတော့ လျစ်လျူရှုလို့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား … ကောင်တီရဲ့ ခေါင်းဆောင်ကြီးတွေ၊ အတွင်းရေးမှူးဝမ်ရော … သူတို့တွေ ပူးပေါင်းပြီးမှ တက္ကသိုလ် ကျောင်းသားတွေကို ကွက်လပ်ဖြစ်နေတဲ့ နေရာတွေမှာ ယာယီဖြည့်ဖို့ စေလွှတ်မယ်ဆိုပြီး တညီတညွှတ်တည်း ဆုံးဖြတ်ချက် ချလိုက်ကြတာ … “
“ သူတို့က ဘာဖြစ်လို့ သပိတ်မှောက်နေကြတာ …”
“ ကောင်တီရဲ့ အခြေအနေတွေက ရုတ်တရက်ကြီး တိုးတက်လာတယ်လေကွာ … အဲ့ဒီ ဆရာ/မ တွေက သူတို့ရဲ့ လစာ နိမ့်တာကို ကွန်ပလိန်းတက်နေကြတာ …ကောင်တီကို လစာတိုးပေးဖို့ပေါ့ …”
လင်းရီ ခေတ္တ အတွေးနက်သွားခဲ့ပြီး “ ကျွန်တော် မှတ်မိတာ မှန်မယ်ဆိုရင် သူတို့ရဲ့ လစာက တစ်လ ယွမ် 2,800 မဟုတ်လား … ကောင်တီက ကုန်ဈေးနှုန်းတွေလည်း မြင့်လာမှတော့ လစာတိုးပေးသင့်တာ သဘာဝပဲလေ…”
“ ကောင်တီလည်း သူတို့ရဲ့ လစာတွေကို တိုးပေးဖို့ အရင်လကတည်းကရင် သဘောတူထားတယ်… ဒါပေမယ့် ကောင်တီရဲ့ ဘဏ္ဍာရေးကို တခြားနေရာမှာ သုံးလိုက်ရတယ်… ပြီးတော့ ဝင်လာတဲ့ လုပ်ငန်းတွေဆီကနေ ဒီနှစ်အတွက် အခွန်ကလည်း မကောက်ရသေးတာရယ်… ဒါကြောင့်မို့ သူတို့ကို လစာတိုးပေးမယ့် အစီအစဉ်က ခုထိ အကောင်အထည် မဖော်ရသေးတာ….”
“ ဒါဆိုရင်တော့ ကောင်တီ အမှားပဲလေ… သူတို့ဘက်က ကတိပေးပြီး တည်ဖို့ ပျက်ကွက်တာကိုတော့ ဘယ်သူက လက်ခံနိုင်မှာ …”
“ အဲ့လို မဟုတ်ပါဘူးကွာ … ငါတို့ဘက်က အချိန်အတိုင်းအတာ တစ်ခုလောက်အထိပဲ ပေးဖို့ မတတ်နိုင်သေးတာ … အခွန်တွေ ကောက်ပြီးတာနဲ့ ငါတို့ဘက်က အကြွေးတင်နေတာတွေ အကုန် ပြန်ပေးသွားမှာ ….”
“ အဲ့လိုဆို ဆိုးတော့ မဆိုးပါဘူး …”
“ ဒါပေမယ့် သူတို့ဘက်ကမှ မကျေနပ်တာ …” လီချင်းခိုင် ပခုံးတွန့်လိုက်ပြီး “ ကောင်တီရဲ့ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် အာမခံ ၃ ခုနဲ့ လစာကို ၃,၅၀၀ အထိ တိုးပေးမယ်… ဒါပေမယ့် သူတို့က လစာ ၄,၅၀၀ နဲ့ အိမ်သုံးစရိတ် ထောက်ပံ့ငွေ အပါအဝင် အာမခံ ၅ ခု လိုချင်နေတယ်…”
“ အာ … အဲ့သလောက်တောင် မြင့်တာလားဟ…” လင်းရီ အံ့အားသင့်သွားခဲ့သည်။
“ ကျိုးဟိုင်နဲ့ ယွီဟန်လို နေရာမျိုးမှာတောင် ကျောင်းဆရာ/မ တွေရဲ့ လစာက အာမခံ ငါးခုအပြင်ကို လစာက ၆,၀၀၀ ပဲ ရှိတာ… ပြီးတော့ အိမ်သုံးစရိတ် ထောက်ပံ့ငွေ အကြောင်း စကားတောင် မဟရဲဘူး …”
“ စီမံခန့်ခွဲဖို့ ခက်ခဲနေတာ မဆန်းတော့ပါဘူး … မဟုတ်ရင် သူတို့တွေ စီကျင်းလို့ ဘွဲ့ရတွေကို အဲ့ဒီကို ပို့မှာ မဟုတ်ဘူး …”