← Chapters

သူတို့ကို ထပ်မလိုတော့ဘူး

Vol. 108 Ch. 1615

သူတို့ကို ထပ်မလိုတော့ဘူး

Vol. 108 Ch. 1615

“ အိုး … ဒါရိုက်တာလင်းပဲ … မင်း ဘာလို့ ဒီရောက်လာတာ …”

စီမံအုပ်ချုပ်ရေး ရာထူးအဆင့်အတိုင်းဆိုပါက လင်းရီ၏ ရာထူးသည် တင်းဝေ့ကျွင်းအောက် နိမ့်လေသည်။

သို့သော် တုံးစန်းကောင်တီ တစ်ခုလုံး၌ ဝမ်ယွင်ကျန်းအပြင် လင်းရီသည် ပြောရေးဆိုပိုင်ခွင့် အရှိဆုံး ဆိုတာကို သူ ကောင်းကောင်း နားလည်ထားသည်။

သူ မပါဘဲနှင့် တုံးစန်းကောင်တီက ယနေ့လို အခြေအနေသို့ မရောက်လာနိုင်ချေ။

“ ကျောင်းအုပ်တင်း … သူက ဘယ်သူတုန်း …”

လင်းရီ ရုတ်တရက် ရောက်ချလာသည်ကို မြင်တော့ လျိုပေါင်းကော် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

“ ဒါက … တုံးစန်းကောင်တီ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာ… လင်းရီ …. ”

လျိုပေါင်ကော် မသိစိတ်အလျောက် ခေါင်းညိမ့်လိုက်မိ၏။ သူက ကျောင်းဆရာ တစ်ယောက်ဖြစ်ပြီး ဤလူကတော့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာပင်။ သူတို့ချင်း ဘာမျှ မသက်ဆိုင်ချေ။

သူက ဤနေရာသို့ အခြား ကိစ္စ တစ်ခုခုဖြင့် ရောက်လာခဲ့ခြင်း ဖြစ်လောက်၏။

“ ကျောင်းအုပ်တင်း … ဒါရိုက်တာလင်းက ကိစ္စရှိလို့နဲ့တူတယ်… ကျုပ်တို့ မနှောက်ယှက်တော့ဘူး … ဒီခု ကိစ္စကိုတော့ အထက်အကြီးအကဲတွေဆီ တင်ပြပေးဖို့ ကျောင်းအုပ်တင်းကို ဒုက္ခပေးရတော့မှာပဲ … ကျုပ်တို့ အိမ်ကနေ သတင်းကောင်း မျှော်နေမယ်နော်…”

“ သွားစို့ …” လျိုပေါင်ကော် အေးစက်စက် ပြုံး၍ ပြောလိုက်သည်။

“ နေဦး … မသွားသေးနဲ့ဦး …”

လင်းရီ လျိုပေါင်ကော်ကို လှမ်းဟန့်လိုက်၏။

“ ဒါရိုက်တာလင်း … မင်း ကိစ္စရှိလို့လား …”

“ ထွေထူးတော့ မဟုတ်ပါဘူး … ကျုပ်က ခင်များနဲ့ အခြေအနေကို အတည်ပြုချင်ရုံလောက်ပါပဲ ..” လင်းရီ ပြုံးလိုက်ပြီး “ ကျုပ်ကြားထားတာ ခင်များတို့က ကောင်တီကို လစာ ၄,၅၀၀ အထိ တိုးပေးဖို့ တောင်းဆိုနေတယ် ကြားတာ … ပြီးတော့ အာမခံ ၅ ခု အပြင် အိမ်သုံးစရိတ် ထောက်ပံ့ငွေ ရောပဲဆို … အဲ့တာ ဟုတ်သလား …”

“ အင်း … ငါတော့ ငါ့ရဲ့ တောင်းဆိုမှုတွေက လွန်တယ်လို့ မထင်ဘူး .. အခြေခံ အကျဆုံး တောင်းဆိုချက်လေးတွေလို့တောင် ပြောလို့ရတယ်…” လျိုပေါင်းကော် ခိုင်မာစွာ ပြောဆိုလိုက်၏။

“ တောင်းဆိုမှုက မမြင့်ပါဘူး … ဘာပဲဆိုဆို ကျိုးဟိုင်နဲ့ ယွီဟိုင်မြို့တွေမှာတောင် လစာက ၆,၀၀၀ အထိ ရှိတယ်လေ… ပြီးတော့ အာမခံ ၅ ခုနဲ့ အိမ်သုံးစရိတ် ထောက်ပံ့ငွေ တစ်ခုတောင် ပါသေး …”

“ ဟင် …”

လျိုပေါင်းကော်က ချက်ဆိုသည်နှင့် နားခွက်က မီးတောက်သည့် လူစားမျိုး ဖြစ်သဖြင့် လင်းရီ ဆိုလိုချင်နေသည့် အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားခဲ့သည်။

“ ဒါရိုက်တာလင်းက ဘာပြောချင်နေတာလဲ…”

“ ကျုပ်ပြောချင်တာက တုံးစန်းကောင်တီရဲ့ အခြေအနေတွေ တိုးတက်လာတာနဲ့ ခင်များတို့ရဲ့ လစာကို တိုးပေးပြီး ခင်များတို့ တောင်းဆိုတဲ့ အကျိုးကျေးဇူးတွေကို ဖြည့်ဆည်းပေးနိုင်တယ်…” လင်းရီ ပြောပြီးနောက် ခေတ္တ ရပ်တန့်ကာ ဆက်ပြောသည်။

“ ဒါပေမယ့် အခုလောလောဆယ် ကောင်တီရဲ့ စီးပွားရေး အခြေအနေက ပြန်ပြီး သက်သာ ကောင်းမွန်လာစပဲ ရှိသေးတယ်… တစ်လစာ ၃,၅၀၀ အပြင်ကို အာမခံ ၃ ခုက တော်တော်လေး ကောင်းနေပြီ… ရေတို အကျိုးအမြတ်တွေအပေါ်မှာ အဲ့လောက်ထိ အာရုံခံနေစရာ မလိုဘူးလို့ ထင်တယ်…”

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက လင်းရီသည် ဤလူများအား ကျောင်း၌ နေရစ်စေချင်ပါသည်။

မည်သို့ပင်ဆိုစေ ကောင်တီရှိ တစ်ခုတည်းသော ကျောင်းဖြစ်ကာ မူလတန်း ၊ အလယ်တန်းနှင့် အထက်တန်း အားလုံးကို ဤနေရာတွင် စုစည်းထားသည်။ ဆရာ မလုံလောက်မှုက အမြဲတစေ ဖြစ်ပေါ်နေပြီး သူ ရှာတွေ့ထားသည့် လူတို့နှင့် ဧရိယာ တစ်ခုလုံးကို ခြုံလွှမ်းထားနိုင်ရန်က အင်မတန် ခက်ခဲလှပါသည်။

လင်းရီက သူတို့ကို ဖြောင်းဖြရန် ရောက်လာသည်ကို မြင်တော့ လျိုပေါင်းကော်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့တော့သည်။

“ ဒါ ငါတို့ရဲ့ အောက်စည်း လိုအပ်ချက်ပဲ … ကျောင်းအုပ်တင်းကိုလည်း ဒီကိစ္စပြောပြပြီးပြီ… ဒါရိုက်တာလင်း …. မင်း ငါတို့ကို ဖြောင်းဖြဖို့ မကြိုးစားပါနဲ့ … ငါတို့ တောင်းဆိုထားတဲ့အပေါ် တစ်ပြားတစ်ချပ်လေးပဲ လျော့ရင်တောင် ငါတို့ ဒီမှာ အလုပ်ဆက်မလုပ်နိုင်ဘူး …”

“ အတိတ်က ပတ်သက်မှုဟောင်းတွေကို ထောက်ထားပြီးမှ ပြန်မစဉ်းစားပေးတော့ဘူးလား …”

“ မင်း သိမှာတော့ မဟုတ်ဘူး … ဒါပေမယ့် ငါက ကောင်တီထဲမှာ တစ်ယောက်တည်းသော ထူးချွန် ဆရာကွ…. ကျောင်းတွေ အများကြီးက ငါ့ကို လိုချင်လွန်းလို့ ငမ်းငမ်းတက် ဖြစ်နေကြတာ အတိတ်က ပတ်သက်မှု သံယောစဉ်တွေကိုသာ ထောက်ချင့်မနေရင် ငါ ထွက်သွားခဲ့ပြီးတာ ကြာပေါ့ … ဒီလာပြီး ညှိနှိုင်းဆွေးနွေးဖို့ ရောက်လာတာတောင် ငါတို့ တောင်းဆိုတာက တစ်လ ၄,၅၀၀ ပေးဖို့ပဲ … ဒီလောက်က မလုံလောက်သေးဘူးလား …”

“ ဆိုတော့ သဘောက ထပ်ပြီး ညှိနှိုင်းနိုင်တဲ့ အခန်း ကဏ္ဍ မရှိတော့ဘူးပေါ့ …”

“ ဟုတ်တယ် … အတိအကျပဲ …”

လင်းရီ နောက်သို့လှည့်ပြီး အပြင်ဘက်ရှိ လူ ၂၀ ကျော်ကို လှမ်းကြည့်လိုက်သည်။ “ ခင်များတို့အားလုံးလည်း အတူတူပဲလား …”

“ ဟုတ်တယ်… တစ်လ ၄,၅၀၀ အပြင် အာမခံတွေနဲ့ အိမ်အသုံးစရိတ်အတွက်ရောပဲ … တစ်ခုလေးတောင် လျော့လို့ကတော့ ငါတို့ ဒီမှာ ဆက်ပြီး အလုပ်မလုပ်ပေးနိုင်ဘူး …”

လျိုပေါင်းကော်နှင့် နှိုင်းယှဉ်မည်ဆိုပါက အပြင်တွင် ရှိသည့် ဆရာ/မ တို့၏ အီးကျူက အတော်နိမ့်လှ၏။ ဗျူရိုကရက်တစ် ကျကျပင် စကားမပြောတတ်ကြချေ။

“ ဒါဆိုလည်း ကောင်းပြီလေ… ညှိနှိုင်းလို့ မရတော့ဘူး ဆိုမှတော့ ခင်များတို့တွေ အထုပ်အပိုး ပြင်ပြီး အိမ်သာ ပြန်လိုက်ကြတော့ …”

“ ဒီနေ့ ကိစ္စ ဒီမှာတင် ရပ်ကြမယ်… ဒါပေမယ့် လျင်လျင်မြန်မြန်နဲ့ ဆုံးဖြတ်ချက် ချနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ … ကျောင်းတွေ တော်တော်များများက ငါ့ကို ဆက်သွယ်ဖို့ ကြိုးစားနေကြတာ .. တကယ်လို့ တစ်ပတ်အတွင်း ရလဒ် ထွက်မလာရင် ငါတော့ ထွက်သွားပြီ…”

“ ခင်များ တစ်ပတ်အထိ စောင့်စရာ မလိုဘူး … ခုချက်ချင်း ထွက်သွားလိုက်တော့ …” လင်းရီ ပြောလိုက်၏။

“ မင်း ဘာပြောချင်နေတာလဲ …”

“ ရှင်းနေတာပဲ မဟုတ်လား … ကျောင်းက ခင်များတို့လိုချင်နေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ မစွမ်းသာဘူး … နှစ်ဘက်ကလည်း ဘယ်လိုမှ အလျှော့မပေးနိုင်မှတော့ အကွဲအပြဲ ဖြစ်ကြမှာပဲလေ.. ဒီတော့ ခင်များ နှုတ်ထွက်လိုက်တာက အကောင်းဆုံးပဲ ..”

နှုတ်ထွက်ရမယ်….

ဤစကားလုံးများကို ကြားလိုက်ရတော့ တံခါး အပြင်ဘက်တွင် ရှိနေကြသည့် ဆရာ/မ ၂၀ ကျော်မှာ ရင်ထဲ အထိတ်တလန့် ဖြစ်ကုန်ကြ၏။

အဘယ်ကြောင့်ဆိုသော် သူတို့တွေ နှုတ်မထွက်ချင်ကြပေ။ သူတို့က သူတို့၏ အကျိုးအမြတ်အတွက် တိုက်ခိုက်ချင်ရုံမျှသာ ဖြစ်၏။

အကယ်၍ သူတို့သာ အတည်ကြီး နှုတ်ထွက်လိုက်မည်ဆိုပါက အနာဂတ်တွင် ဝင်‌ငွေ ရှိတော့မည် မဟုတ်ချေ။ သို့ဆိုလျှင် သူတို့၏ မိသားစုကို မည်သို့ ပံ့ပိုးပေးရမည်နည်း။

လျိုပေါင်ကော်သည်လည်း ထိုအခြေအနေကို ကြိုသိကာ မနှေးမမြန် ဝင်ထိန်းသည်။

“ တကယ်လို့ ကောင်တီက ငါတို့ရဲ့ အသေးငယ်ဆုံး လိုအပ်ချက်လေးကိုတောင် မဖြည့်ဆည်းပေးချင်မှတော့ ငါတို့လည်း ဒီမှာ ဆက်လုပ်နေစရာ အကြောင်းပြချက် မရှိတော့ဘူး .. လူတိုင်းပဲ … ကိုယ့်ပစ္စည်းကိုယ် သိမ်းပြီး ငါတို့ ထွက်သွားကြမယ်….”

လူတိုင်း၏ အကြည့်က လျိုပေါင်းကော်ထံ ကျရောက်လာခဲ့ကြသည်။ သူတို့ သတိထားမိလိုက်သည်က လျိုပေါင်းကော်သည် သူတို့အား အကြည့်ဖြင့် စကားပြောနေသည်ကိုပင်။ ဖြစ်နိုင်သည်မှာ သူ့တွင် အခြားသော အကြံဉာဏ်များ ရှိချင် ရှိနေနိုင်လောက်၏။

ဆရာ/မ များလည်း စည်းဝါးမိမိ နားလည်ကုန်ကြ၏။ ဆရာလျိုကတော့ ထင်ထားတဲ့အတိုင်း ကျောင်းအုပ်ကြီးကို ဖိအားပေးနေတာပဲ …

“ သွားစို့ … ပစ္စည်းတွေ သိမ်းကြမယ်… တစ်လ မစို့မပို့ ဝင်ငွေလေးနဲ့ ဒီမှာနေလို့ အလကားပဲ … အပြင်မှာ ကျောင်းတွေမှ ရိုက်သတ်လို့ကို မကုန်တာ ပိုက်ဆံပိုပေးတဲ့ ကျောင်းတစ်ကျောင်းတော့ ရှိမှာပဲ … ငါတို့ရဲ့ အချိန်တွေကို ဒီမှာ ဖြုန်းတီးဖို့ မလိုဘူး …”

လူအုပ်ကြီးမှာ အရုံးရုံးနှင့် ထွက်ခွာသွားခဲ့ကြပြီး ရုံးသို့ ပြန်ကာ ပစ္စည်းများ သိမ်းဆည်း၍ အမှန်တကယ် နှုတ်ထွက်တော့မည့်နှယ် ဟန်ပြင်နေကြသည်။

“ ဒါရိုက်တာလင်း … မင်းဘာလို့ ………”

လင်းရီက ဆရာများအား မောင်းထုတ်လိုက်သည်ကို မြင်တော့ တင်းဝမ့်ကျွင်း အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့သည်။ သို့သော် ဘာမျှတော့ ဆက်မဆိုဝံ့ချေ။

လင်းရီ ပခုံးတွန့်လျက် “ ကျုပ်လည်း ဒီလို မလုပ်ချင်ပါဘူး … ဒါပေမယ့် သူတို့မှ ကျောင်းမှာ ဆက်မနေချင်ကြတာ ကျုပ်လည်း ဘာတတ်နိုင်မှာမို့လို့ …”

“ ငါတို့ တကယ်ကြီး အလုပ်ဖြုတ်ပစ်ကြမှာလား …”

“ ဘယ်လိုလုပ်ချင်သေးလို့ … ကောင်တီက ပိုကောင်းတဲ့ အကျိုးကျေးဇူးတွေ ကမ်းပေးနိုင်လို့လား …”

“ ဒါပေမယ့် သူတို့သာ နှုတ်ထွက်သွားရင် ကျောင်းလည်း သင်ကြားရေး လုပ်ငန်းတွေ ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူးလေ…” တင်း၀မ့်ကျွင်း ကသိကအောက်နိုင်စွာ ပြောလိုက်သည်။

“ ကျောင်းသား အများစုအတွက် ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူး ဆိုပေမယ့် အထက်တန်း တတိယနှစ် ကျောင်းသားတွေအတွက်ကျတော့ သူတို့ ကောလိပ် ဝင်ခွင့် စာမေးပွဲက လာတော့မှာ … သူတို့ရဲ့ အချိန်တွေကို တစ်မိနစ်လေးတောင် နှောင့်နှေးစေလို့ မဖြစ်ဘူး …”

“ ခင်များ ဘာမှ မပူနဲ့ ကျောင်းအုပ်တင်း … ကျုပ် ဒီကိစ္စ ကူညီဖြေရှင်းပေးမှာပါ ….”

“ ဖြေရှင်းပေးမယ် ဟုတ်လား ….”

“ ကျုပ် ခင်များကိုယ်စား ယွီဟန်ကနေ ကျွမ်းကျင်တဲ့ ဆရာ/မ ၃၂ ယောက် ခေါ်လာတယ်… အားလုံးက အတွေ့အကြုံ ရင့်ကျက်ပြီး ကျောင်းမှာလည်း အချိန်အကြာကြီး နေဖို့ ဆန္ဒရှိကြတယ်… “ လင်းရီ ပြောလိုက်ပြီး “ သူတို့ရဲ့ စံချိန်စံနှုန်းတွေနဲ့ ပတ်သက်ပြီးမှတော့ ကျုပ် မှတ်ချက် မပေးတတ်ဘူး .. ဒါပေမယ့် ဒီက သာမန် ဆရာ/မ တွေထက် ပိုကောင်းမယ်လို့တော့ ထင်တယ်…”

“ မင်းက ယွီဟန်ကနေ ဆရာမတွေ ခေါ်လာတယ်…”

တင်းဝမ့်ကျွင်း၏ အမူအရာမှာ မယုံကြည်နိုင်သည့် တစ်စုံတစ်ရာကို ကြားလိုက်ရသည့်နှယ် ရှော့ခ်ရသွားခဲ့၏။

“ အင်း … ခုလေးတင်ပဲ ဖုန်းဝင်လာတာ ဘက်စ်ကားက ကောင်းတီထဲကိုတောင် ရောက်နေပြီ…” လင်းရီ နာရီကို ငုံ့ကြည့်ရင်း “ ကျုပ် ကျောင်းရဲ့ တည်နေရာကို ပို့ထားပေးတယ်… ခဏဆို ရောက်လောက်ပြီ… အချိန်ကျရင် ခင်များ ထွက်ကြိုဖို့ မမေ့နဲ့ဦးနော်… ကျုပ်တို့ဘက်က သင့်တင့်တဲ့ လေးစားသမှုတော့ ပြပေးမှ…..”

“ ဒါပေါ့ ဒါပေါ့ … ငါတို့က ပြပေးရမှာပေါ့ … လျစ်လျူရှုလို့ ဘယ်ဖြစ်မှာ …”

ဆရာများ ရုံးခန်းထဲတွင် လျိုပေါင်းကော်နှင့် ကျန်သည့် ဆရာများအားလုံး ကိုယ်စီ ပစ္စည်းများအား သိမ်းဆည်းမနေကြပေ။ ထိုအစား သူတို့အားလုံး အတူ စုဝေးနေလျက် ရှိကြ၏။

“ ဆရာလျို … ကျွန်မတို့တွေ တကယ်ကြီး နှုတ်ထွက်ကြမှာလား … ကျွန်မရဲ့ အိမ်က ဒီရဲ့ လစာအပေါ် မှီခိုနေရတာနော်…”

“ မင်းတို့က ဘာတွေ စိုးရိမ်နေကြတာ …. ဘာမှ မစိုးရိမ်နဲ့ …”

လျိုပေါင်ကော် တည်ငြိမ်စွာဖြင့် ဆေးလိပ် မီးညှိလိုက်၏။ သူ၏ သွင်ပြင်မှာ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်၌သာ ရှိနေသကဲ့သို့ပင်။

“ တကယ်လို့ ငါတို့သာ နှုတ်ထွက်လိုက်မယ်ဆိုရင် ကျောင်းရဲ့ တတိယနှစ် ကျောင်းသားတွေ ဘယ်လိုဖြစ်ကုန်မယ် ထင်လဲ ….”

“ ဒါဆို ငါတို့တွေ အယောင်ပြ နှုတ်ထွက်တာရော လုပ်လို့ မရဘူးလား … ပစ္စည်းတွေ သိမ်းဖို့မှ မလိုတာ ….”

“ မဟုတ်ဘူး .. ငါတို့ သိမ်းရမယ်… လုပ်မယ့်လုပ်တော့ ကောင်းကောင်းလုပ်ရမှာပေါ့ ….” လျိုပေါင်းကော် ပြောလိုက်ပြီး “ ဘယ်သူမှ အတန်းမဝင်ကြတော့ဘူးဆိုရင် သူတို့တွေ အံ့ဩဘနန်း ဖြစ်ကုန်ကြမှာ သေချာတယ်… အဲ့ခါကျ ငါတို့ဆီ ကျိန်းသေပေါက် လာရှာမှာပဲ … ပြီးရင် ငါတို့လိုချင်တဲ့ လစာကို အောင်အောင်မြင်မြင်နဲ့ ရနိုင်မယ် မထင်ဘူးလား ….”

All Chapters