← Chapters

နှုတ်ဆက်စကား

Vol. 108 Ch. 1618

နှုတ်ဆက်စကား

Vol. 108 Ch. 1618

“ အဲ့လောက်ထိ စိတ်မလှုပ်ရှားနဲ့လေ… ဘာပဲဆိုဆို ခင်များလည်း ကောင်တီ အကြီးအကဲ တစ်ယောက်ပဲဟာ စိတ်ငြိမ်ငြိမ် ထားစမ်းပါ …”

“ ငါက ဘယ်လို စိတ်ငြိမ်ငြိမ် ထားနိုင်မှာတုန်းကွ …” ဝမ်ယွင်ကျန်း ပြောလိုက်ပြီး “ အဲ့တာက နာမည်ကြီး ကုမ္ပဏီကွ… မင်းသိလား … မင်းက တကယ်ကြီး အဲ့နောက်ကွယ်က သူဌေးကြီး ဖြစ်နေတယ်… အဲ့တာတောင် ငါက မင်းကို ဟိုသွားခိုင်းလိုက်... ဒီဟာလုပ်ခိုင်းလိုက်နဲ့ အမိန့်တွေ ပေးနေလိုက်သေးတယ်… မင်းရဲ့ အဆင့်အတန်းနဲ့ဆို ပေးချင်းပေး မင်းကပဲ ငါ့ကို ပြန်ပေးရမှာ …”

“ အဲ့လိုပြောလို့တော့ ဘယ်ရမှာ … ခင်များက ခေါင်းဆောင် ဖြစ်နေတုန်းပဲလေ…”

“ မင်းမှာ ဒီလောက်ထိ ကြီးတဲ့ စီးပွားရေး လုပ်ငန်းကြီး ရှိနေတာ တုံးစန်းကောင်တီကို ဘာလို့လာခဲ့တာ … မင်း အနေအထားနဲ့ဆိုရင် အဲ့လိုလုပ်ဖို့ မလိုဘူးမလား …”

“ လောင်ချီရဲ့ အစွမ်းအစတွေက ထူးချွန်တယ်… ပြီးတော့ သူ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ကုမ္ပဏီကလည်း ကောင်းကောင်းမွန်မွန်နဲ့ ရှိနေတယ်… ကျွန်တော်လည်း ဘာမှ လုပ်စရာ မရှိတော့ ဒီလာပြီး ပြည်သူ့ဝန်ထမ်း လုပ်ရင်း အချိန်ဖြုန်းတာပေါ့ … ကိုယ့်ကိုယ်ကို ဆန်းစစ်ချင်တာလည်း ပါတယ်… ခု ဘယ်လိုတွေ ဖြစ်သွားလဲ ကြည့်လိုက်လေ… ကျွန်တော်တော့ ကောင်းတဲ့ ရွေးချယ်မှုလို့ ထင်တယ်…”

ဝမ်ယွင်ကျယ် အားပါးတရ ရယ်မောလိုက်ပြီး “ မင်း တကယ်ကို ကောင်းကောင်းကြီး ဖုံးကွယ်ထားခဲ့တာပဲကွ ဟမ် …”

“ မဟုတ်တာဗျာ … ခင်များကိုက အလုပ်များလွန်းလို့ ကျွန်တော့်ကိစ္စတွေ အာရုံမစိုက်နိုင်တာပါ … မဟုတ်ရင် ခင်များဆီက ဖုံးကွယ်ထားဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဟုတ်တယ်မလား ….”

“ ကောင်းပြီ… မင်း ဘာမှ မပြောနဲ့တော့ … ငါ အစတုန်းက မင်းကို ဆက်ပြီး သိမ်းသွင်းဦးမလို့ပဲ … ဒါပေမယ့် ကျိုးဟိုင်မှာ ဒီလောက်ကြီးတဲ့ လုပ်ငန်းရှိနေတယ်ဆိုတော့ ငါ ဘာပြောစရာ စကားမှ မရှိတော့ဘူး …”

ဝမ်ယွင်ကျန်းသည် လင်းရီအား နောက်ထပ် ရေနွေးကြမ်း တစ်ခွက် ငှဲ့ပေးလိုက်သည်။ သို့သော် အနည်းငယ်တော့ ကိုးရို့ကားယား နိုင်နေဆဲပင်။ သူ့ကိုယ်သူ တည်ငြိမ်စေရန် အချိန်အတော်ကြာအောင် ပေးပြီးနောက် “ မင်းက နှုတ်ထွက်တော့မယ် ဆိုရင်တောင် ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့တွေ နှစ်ဝက်ကျော်လောက် အတူတူ အလုပ်လုပ်ခဲ့ကြတဲ့ လူတွေပဲလေ… မင်းသာ မရှိရင် တုံးစန်းကောင်တီကလည်း ဒီနေ့လို အနေအထားမျိုး ရောက်လာခဲ့မှာ မဟုတ်ဘူး …. ငါ … ဝမ်ယွင်ကျန်း … မင်းရဲ့ တုံးစန်းကောင်တီအပေါ် အကျိုးပြုခဲ့တဲ့ ကိစ္စတွေကို အမြဲတမ်း အမှတ်ရနေမယ်…”

ပြောပြီးနောက် စက္ကန့်အနည်းငယ် ကြာအောင် ပြန်တိတ်ဆိတ်သွားခဲ့ကာ ဝမ်ယွင်ကျန်း၏ မျက်လုံးတို့ နီရဲလာလေသည်။

“ ငါ တခြား ဘာမှတော့ မပြောလိုဘူးကွာ … ဒါပေမယ့် ငါ့လက်ထဲ အာဏာ ရှိသေးသရွေ့ … မင်းလည်း တုံးစန်းကောင်တီမှာ ရှိနေသရွေ့ လွတ်လွတ်လပ်လပ်သာနေ … ဘယ်သူ မင်းအရှေ့မှာ မောက်မာရဲလဲ … ငါ အဲ့ကောင်တွေကို သင်ခန်းစာပေးပစ်မယ်…”

ဝမ်ယွင်ကျန်း၏ လေးနက်သည့် စကားလုံးတို့ကြောင့် လင်းရီ ရင်ထဲ ထိရှသွားခဲ့ရသည်။

“ ကျွန်တော်တို့ကြားထဲမှာ ဒီလို စကားမျိုးတွေ ပြောစရာ လိုသေးလို့လား … နောင်ကျ အချင်းချင်း ကူညီပေးကြတာပေါ့ … ခင်များလိုအပ်တာ ရှိရင်လည်း အချိန်မရွေး ဖုန်းခေါ်လိုက် …”

ဝမ်ယွင်ကျန်း ပြုံးပြီး ခေါင်းညိမ့်လိုက်၏။ “ ဒီနေ့တော့ မသွားသေးနဲ့ဦး… ငါ နှုတ်ဆက်ပွဲ ကျင်းပပြီးမှ မင်းကို လိုက်ပို့ချင်တယ်…”

“ မလုပ်နဲ့ … အဲ့လိုလုပ်ဖို့ မလိုဘူး ..” လင်းရီ သူ၏ ရေနွေးကြမ်းခွက်ကို ကောက်ယူလိုက်ပြီး “ ဆိုရိုးဟောင်းတွေအတိုင်း … စာကြောင်းဝါကျချင်း ဖလှယ်တာက ရေလိုဖျော့တော့တယ်… နောင်ကျလည်း ထပ်တွေ့ရဦးမှာပဲမလား …”

ဝမ်ယွင်ကျန်း တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီး ပြုံးလိုက်ကာ လက်ညိုးတထိုးထိုးနှင့် “ မင်းကတော့လေ ……..”

ထို့နောက် နှစ်ယောက်သား ရေနွေးကြမ်းခွက်ကို ဝိုင်အဖြစ် မှတ်ယူကာ တစ်ကျိုက်တည်း အပြတ်ဖြတ်ပစ်လိုက်၏။

“ သွားစို့ … ငါမင်းကို လိုက်ပို့မယ်…”

လင်းရီ ဝင်ယွင်ကျန်းကို ဘာမျှ မလုပ်ပေးစေချင်ပေ။ သူက သတင်းပို့ပြီး တိတ်တဆိတ်နှင့် ပြန်ထွက်သွားချင်ခဲ့ရုံမျှသာ ဖြစ်သည်။ သို့သော် ဤအဘိုးကြီး လိုက်ပို့ပေးမည်ကိုတော့ မဖြောင်းဖြနိုင်ချေ။

“ အတွင်းရေးမှူးဝမ်…”

ဝမ်ယွင်ကျန်းကို မြင်တော့ လီစီကျင်း နှုတ်ဆက်လိုက်၏။ သို့သော် ဝမ်ယွင်ကျန်း၏ မျက်နှာ အမူအရာက သိပ်မူမမှန်နေသည်ကို သတိထားမိလိုက်သည်။

“ မင်းရဲ့ အစ်ကိုရီက နှုတ်ထွက်တော့မယ် … သူ့ကို လိုက်ပို့ပေးလိုက်ပါဦး …”

“ အစ်ကိုရီက နှုတ်ထွက်တော့မယ်…”

အဆိုပါသတင်းကို ကြားလိုက်ရတော့ လီစီကျင်း သူမနားကိုပင် မယုံကြည်နိုင်ချေ။

ဤမတိုင်ခင်က သူမသည် လင်းရီ နှုတ်ထွက်မည့် ကိစ္စကို စိုးစဉ်းသော်မျှ မတွေးမိခဲ့ချေ။

သို့သော် မကြာမီ အချိန်တိုအတွင်းမှာပဲ ထိုအချက်ကို လက်ခံလိုက်နိုင်လေသည်။ အစ်ကိုရီက ဘီလီယမ်နာကြီး တစ်ဦးဖြစ်ပြီး ကျိုးဟိုင်တွင်လည်း သူ၏ စီးပွားရေး လုပ်ငန်းများ ရှိသည်။ ဤနေရာ၌ အချိန်အကြာကြီး မနေနိုင်သည်မှာ ပုံမှန်ပင်။ ထို့ကြောင့် အချိန်တန်၍ နှုတ်ထွက်သည်က ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်၏။

သို့ဆိုသော်ငြားလည်း သူမ စိတ်ထဲ လက်သင့်မခံချင်ပေ။ အစ်ကိုရီသာ မရှိဘူးဆိုပါက ရုံးခန်းထဲတွင် အရေးကြီးသည့် တစ်စုံတစ်ရာ ပျောက်ဆုံးသွားတော့မည်ကို ခံစားနေမိသည်။

“ ဒါရိုက်တာလင်းက နှုတ်ထွက်တော့မယ် ဟုတ်လား …”

ဝမ်ယွင်ကျန်း၏ ရုံးခန်းနားက ဖြတ်သွားကြသည့် လူများလည်း ဤသတင်းကို ကြားတော့ အားလုံး အံ့အားသင့်ကုန်ကြ၏။

တုံးစန်းကောင်တီ၏ ယခုလို အခြေအနေ ဖြစ်ပေါ်လာရခြင်းမှာ သူ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်သည်ကိုတော့ မည်သူကမျှ သံသယဖြစ်ဖို့ မလိုချေ။

သူ၏ အတောက်ပဆုံး အချိန်ကာလ၌ ယခုလို ထွက်သွားလိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။

“ ငါက နှုတ်ထွက်ရုံလေးတင်ပါဟ … တစ်သက်လုံး ပျောက်ကွယ်သွားတော့မှာလည်း မဟုတ်တာကို ဘာလို့ အမူအရာကြီးတွေက အဲ့လောက်ထိ ချဲ့ကားနေကြတာ …” လင်းရီ ငိုရ အခက် ၊ ရယ်ရ အခက် ဖြစ်နေမိ၏။

လူအုပ်ကြီး၏ စိတ်အခြေအနေမှာ မြူးမြူးကြွကြွ ဖြစ်မနေဘဲ မလိုလား တွန့်ဆုတ်မှုတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။

“ မင်းက နွမ်းပါးမှု တိုက်ဖျက်ရေး ဌာနက ဆိုရင်တောင် ငါတို့နဲ့ အလုပ်လုပ်လာတာ ကြာပြီလေ… ငါတို့ရဲ့ ပြဿနာတွေကိုတောင် ကူညီပေးခဲ့သေးတယ်… မင်း ဒီလို ထွက်သွားတော့မှာဆိုတော့ ငါတို့ရင်ထဲမှာ တစ်ခုခုဟာသွားသလိုပဲ …”

“ အကုန်လုံးကလည်း လူကြီးတွေကိုပဲ … ဒီလောက်ထိ သံယောဇဉ် တွယ်ပြနေစရာ မလိုပါဘူး …”

လင်းရီ ဘာပြောလို့ ပြောရမှန်းပင် မသိတော့ချေ။ သူ ယခုလို အခြေအနေမျိုးကို ကြိုတင် မျှော်မှန်းထားပြီး ဖြစ်သဖြင့် လီစီကျင်းနှင့် လီချင်းခိုင်တို့ကိုပင် ကြိုတင်၍ မပြောပြထားခဲ့ပေ။

သို့သော် အဆုံး၌ သူ့ဘက်က ဖုံးကွယ်၍ မရခဲ့ချေ။

“ ငါလည်း ဘာပြောရမှန်း မသိတော့ဘူး … သွားစို့ … ငါတို့ လိုက်ပို့ပေးမယ်…”

သိသည့်လူများက သူတို့၏ လုပ်လက်စ အလုပ်များကို ချထား၍ လင်းရီကို အဆောက်အဦးပြင်ပသို့ လိုက်ပို့ပေးကြသည်။

ထိုအချိန်အတောအတွင်း အဆောက်အဦးတွင်းရှိ အခြားသူများလည်း လင်းရီ၏ ထွက်ခွာမှုကို သတိရရှိသွားခဲ့ကြကာ သူ့အား လိုက်ပို့ပေးရန် ထွက်လာကြလေသည်။

တစ်ချို့ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တို့မှာ မျက်ရည်တို့အား ခိုးခိုးသုတ်နေကြ၏။ ရုံး အဆောက်အဦး၏ ဝင်ပေါက်ဝတွင် လူအုပ်ကြီး တစ်ခု ဖြစ်ပေါ်နေပြီး ဖြတ်သွားဖြတ်လာတို့ကလည်း စူးစမ်းချင်စိတ်အပြည့်ဖြင့် ဘာများဖြစ်တာလဲ ဆိုပြီး လာရောက် ကြည့်ရှုကြလေသည်။

သေးငယ်သည့် လူပမာဏကသာလျှင် လင်းရီ မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိကြပြီး သူ့အား မထွက်သွားစေချင်ခဲ့ပေ။

“ ကောင်လေး … မင်း ဘာလို့ ဒီလောက်တောင် ခိုးကြောင်ခိုးဝှက်နိုင်နေရတာ … လူကို ဘာမှလည်း မပြော …. မင်း ဒီလို ထွက်သွားမယ်လို့ ငါ ထင်တောင် မထားဘူး … ဒီနေ့ ငါ အပြင်မထွက်ဖြစ်တာ တော်သေးတယ်… မဟုတ်ရင် မင်းကို လိုက်ပို့ပေးနိုင်မှာတောင် မဟုတ်ဘူး …” လီချင်းခိုင်မှ မလိုလား တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

“ တွေ့ချင်ရင် နောင်ကျ အခွင့်အရေးတွေ အများကြီးရှိပါတယ်… အစ်ကိုလီရဲ့ သားကလည်း ကျွန်တော့် ကုမ္ပဏီမှာ အလုပ်လုပ်နေတာပဲလေ… သူ့ကို လာတွေ့တဲ့အချိန် ကျွန်တော့်ကိုလည်း တွေ့လို့ရနေတာပဲ မဟုတ်ဘူးလား …”

“ မင်းမှန်တယ်… ငါ ကျိုးဟိုင်ကို လာဖြစ်ရင် မင်းနဲ့ သေချာပေါက် သောက်မယ်…”

“ အဲ့ခါကျ သောက်ကြတာပေါ့ …”

ထိုအခိုက်အတန့်တွင် ကျိုးဖုန်း ရောက်လာခဲ့သည်။

“ ဒါရိုက်တာလင်း … မင်း ဒီကို အလုပ် စစဝင်ချင်းတုန်းက ငါတို့ကြားထဲ သိပ်ပြီး မသင့်မြတ်ခဲ့ကြဘူး … ဒါပေမယ့် အခုတော့ … ငါမင်းကို တကယ် လေးစားမိတာ … မင်းရဲ့ အနာဂတ် တောက်ပနေပါစေလို့ ငါ ဆုတောင်းပေးပါတယ်…”

“ မင်းဆီက ဒီလိုဆုတောင်းပေးတာ ကြားရဖို့က တကယ်မလွယ်တာပဲ ….”

နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ သူတို့ ပုံစံကြည့်ရသည်မှာ အတိတ်က ရန်ငြိုးရန်စများ အားလုံးကို အပြုံးတစ်ချက်ဖြင့် ချေဖျက်လိုက်ကြတော့မည့်နှယ်ပင်။

“ ကောင်းပြီ… နောင်လည်း တွေ့ကြဦးမှာပဲကို … လူတိုင်းပဲ … ဒီလို မျက်နှာထားကြီးတွေ ဖြစ်နေစရာ မလိုပါဘူး … ကျုပ်ကို အရှက်ရအောင် လုပ်နေတယ်… ကောင်းပြီ… ကျုပ် အရင် သွားနှင့်တော့မယ်…”

လင်းရီနှင့် ရှောင်ပင်းတို့ ကားထဲ ဝင်သွားခဲ့ကြလေသည်။

လီစီကျင်းမှာမူကား ရှိုက်တငင်ငင် ငိုကြွေးလျက် ကျန်ရစ်နေခဲ့၏။

ဤလူများအားလုံးထဲတွင် သူမသည် လင်းရီနှင့် မခွဲနိုင် မခွာရက် အဖြစ်ဆုံးဟု ပြောလျှင် မှန်လိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူမကို လင်းရီကပဲ ဂရုစိုက်ပေးခဲ့ဆုံးဖြစ်ပြီး သူ့ဆီကနေ အများအပြား သင်ယူရရှိခဲ့ကာ ထို အမှတ်တရတို့အား ပြန်တွေးတောမိရင်း အငိုမတိတ်နိုင်ချေ။

“ ကဲပါ .. ငိုမနေနဲ့တော့ … တုံးစန်းကောင်တီနဲ့ ကျိုးဟိုင်က ကီလို ၂၀၀ လောက်ပဲ ဝေးတာ … အသွားအပြန်ကို နေ့ချင်း လုပ်လို့ရတယ်… မင်း သွားတွေ့ချင်တဲ့ အချိန် တွေ့လို့ရနေတာကိုပဲ …”

“ အွန်း … ကျွန်မ ထပ်မငိုတော့ဘူး …”

လင်းရီလည်း အနည်းငယ် စိတ်ခံစားချက်တို့ ပြင်းထန်သွားပြီး ရှောင်ပင်းကို ကားမောင်းဖို့ ပြောလိုက်၏။ အကယ်၍ သူမသာ ယခု မမောင်းဘူးဆိုပါက သူသည် ယနေ့ ထွက်သွားနိုင်တော့မည် မဟုတ်ချေ။

အင်ဂျင်စက်သံ မြည်ဟည်းလာပြီး လူတိုင်း၏ အကြည့်အောက်တွင် ရှောင်ပင်း ကားကို အဝေးသို့ မောင်းထွက်သွားခဲ့၏။

“ ရှင် နောက်ပြန်လှည့်မကြည့်တော့ဘူးလား …”

လင်းရီ ထိုင်ခုံနောက်သို့ မှီထားရင်း ခေါင်းမော့လျက် “ လှည့်ကြည့်လိုက်ရင် ထွက်သွားနိုင်မှာ မဟုတ်ဘူးဆိုတာ ငါ့ကိုယ်ငါ သေချာတယ်… ဒီကို စစရောက်ချင်းတုန်းကသာ ဘယ်လိုမှ မခံစားရတာ ဒါပေမယ့် ခုလို ထွက်သွားတဲ့ အချိန်ကျတော့ ဒီ တုံးစန်းကောင်တီက လူတွေနဲ့ တကယ် မခွဲချင်တော့ဘူး …”

“ ရှင့်ကြောင့်သာ မဟုတ်ရင် တုံးစန်းကောင်တီကလည်း ဒီနေ့လို အနေအထားမျိုး ရောက်လာမှာ မဟုတ်ဘူးလေ… နောင်လည်း ဆင်းရဲမြဲ ဆင်းရဲနေမှာပဲ … ရှင်က ဒီလူတွေရဲ့ ကျေးဇူးရှင်လို့ ပြောရင်တောင် မမှားဘူး …”

“ ငါက ကိုယ်တတ်နိုင်တာကို လုပ်ခဲ့ရုံတင်ပဲ … ငါကိုယ်၌က ဒီမှာ ရှိနေမှတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ လုပ်ပေးမှ ဖြစ်မယ် ဟုတ်တယ်မလား … ကိုယ့်မှာ လုပ်နိုင်စွမ်းလည်း ရှိနေတာကို….”

“ ကျုံးဝေ့တပ်ဖွဲ့က ရှင့်ကို အသင်းခေါင်းဆောင် ရာထူး ခန့်အပ်ထားတာ မဆန်းတော့ပါဘူး … ရှင်တာဝန်ယူနေသရွေ့ သူတို့ရဲ့ အနာဂတ်လည်း တောက်ပနေမှာ သေချာတယ်… ခုဆို မစ်ရှင်တွေ လုပ်ဖို့ကို မျှော်လင့်မိနေပြီ…”

“ ဘာကိစ္စ မျှော်လင့်မှာ … မစ်ရှင်လုပ်ရင်း လူတွေ သေသွားနိုင်တယ်ဆိုတာ မင်းမသိဘူးလား …”

“ သိတယ်လေ …. ဒါပေမယ့် ‘ရဲမှလည်း မင်းဖြစ်တာ’ … ကြောက်နေရင် ဘာသွားသုံးစားရတော့မှာ ….. ”

“ မင်းရဲ့ စိတ်က တကယ်ကို ပွင့်ပွင့်လင်းလင်း ရှိတာပဲ … အသင်း ၁ က မင်းကို ရလိုက်တာ ကံကောင်းတယ် ပြောရမယ်…”

“ ဒါပေါ့ … မြင့်မားတာက ကျွန်မရဲ့ အသိတရားတင် မဟုတ်ဘူး … ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း လုံးဝ အကိတ်ကြီးလေ.. ဟားဟားဟား ….”

နာရီဝက်ကြာပြီးနောက် နှစ်ယောက်သား ယွီဟန်မြို့သို့ ရောက်လာခဲ့ကြ၏။ သို့သော် ရှောင်ပင်းသည် လင်းရီကို 4S စတိုးဆိုင်သို့ တန်းမတ်စွာ ခေါ်ဆောင်လာခဲ့လေသည်။

“ ဟင် … ဒီကို ဘာလဲ လာလုပ်တာ …”

“ ကားဝယ်ဖို့…”

All Chapters