ဒေါသဖြစ်ချင်စရာ
Vol. 108 Ch. 1619
“ သေချာလို့လား … ဒါက Lexus store နော်.. မင်းလို အဆင့်အတန်းနဲ့ မိန်းကလေး တစ်ယောက်က ဒီဘရန်းနဲ့ လိုက်ဖက်မှာ မဟုတ်ဘူး …”
“ ကျွန်မအတွက် ဝယ်မှာလို့ ဘယ်သူပြောလဲ … ရှင့်အတွက် ဝယ်ပေးမလို့ …” ရှောင်ပင်း ပြောလိုက်ပြီး “ ချန်ရိက ရှင့်ရဲ့ ကားအဟောင်းကို ဖျက်စီးခဲ့တာဆိုတော့ ကျွန်မကနေပြီး ရှင့်ကို နောက်အသစ်တစ်စီး ပြန်ဝယ်ပေးမယ်…”
“ မင်း ကိုယ့် အသင်းခေါင်းဆောင်ကို မျက်နှာလို မျက်နှာရ လုပ်နေတာလား ဟုတ်လား …”
ရှောင်ပင်း၏ ချမ်းသာမှုဖြင့် ယွမ်တစ်သန်းကျော်တန် ကားတစ်း ဝယ်ရသည်က ဂေါ်ဖီထုပ် ဝယ်ရသကဲ့သို့ပင်။ ထို့ကြောင့် လင်းရီလည်း သူမအပေါ် အားတောင့်အားနာ ပြုမနေချေ။
“ ဒီတိုင်း ကားလေးတစ်စင်းပဲဟာ အဲ့အကြောင်းတွေ ပြောဖို့ လိုလို့လား …” ရှောင်ပင်း ပြုံးလျက် ပြောလိုက်ပြီး “ ပြီးတော့ ကျွန်မက ကားတစ်စင်းထက် ပိုအဖိုးတန်ပါတယ်နော်… ရှင်ကော မထင်ဘူးလား ….”
“ အမှန်ပဲ … အဲ့ မီးလုံးကြီး နှစ်ခုက တစ်ညလုံး ဖျော်ဖြေနိုင်တယ်…”
“ ဟီးဟီး … အဲ့လိုဆိုမှတော့ ရှင်နဲ့ ဆွေးနွေးမနေတော့ဘူး …” ပြောပြီးနောက် ရှောင်ပင်းမှ သူမ၏ ဖုန်းကို ကိုင်၍ “ ရှင်က တုံးစန်းကောင်တီကနေ အလုပ်ထွက်လိုက်ပြီဆိုတော့ ကျွန်မထင်တယ်… ရှင်နောင်ကျရင် ယွီဟန်ကိုလာဖြစ်ဖို့ အခွင့်အရေး သိပ်မရှိတော့ဘူး ဟုတ်တယ်မလား … ဒါကြောင့်မို့ ဒီည ပါတီ လုပ်ပေးမယ်… ရှင် ပျော်ရွှင်စေဖို့ အရွယ်အစားမျိုးစုံနဲ့ မီးလုံးကြီးတွေ ရှိနေလိမ့်မယ်…”
“ ကျုံးဝေ့ တပ်ဖွဲ့ တစ်ခုလုံးမှာ မင်းနဲ့ နင်ချဲ့ကပဲ ငါ့ နှလုံးသားကို အနိုင်ယူနိုင်တယ်…”
ရှောင်ပင်း၏ ယွီဟန်မြို့တွင် ဩဇာ လွှမ်းမိုးမှုဖြင့် ဝီချက် မက်ဆေ့ချ် တစ်ခု ပို့လိုက်သည်နှင့် ဧရာမ လူအုပ်ကြီးကို မိနစ်ပိုင်းအတွင်း ရောက်လာအောင် ပြုလုပ်နိုင်လေသည်။
မိနစ် အနည်းငယ် ကြာပြီးနောက် ညနေခင်း ပွဲအစီအစဉ်မှာ အသင့် စီစဉ်ပြီး ဖြစ်သွားခဲ့၏။
ပြီးနောက် ရှောင်ပင်းက ကားကို ကားပါကင် နေရာသို့ မောင်းသွားခဲ့ပြီး 4S ဆိုင်အတွင်းသို့ လင်းရီနှင့်အတူ ဝင်ရောက်လာသည်။
ဆိုင်ထဲတွင် လူအနည်းငယ်သာလျှင် ရှိသောကြောင့် လင်းရီလည်း လှည့်ပတ်ကြည့်လိုက်၏။
BBA ပြီးလျှင် Lexus အပေါ်ရှိ လင်းရီ၏ အင်ပရက်ရှင်မှာ အကောင်းဆုံးဖြစ်သည်။ တိတ်ဆိတ်စွာဖြင့် အထက်တန်းကျသည် ဟူသော စာသားကို အပြည့်အဝ ဖော်ဆောင်နေပြီး ကွယ်ဝှက်ပြီး ဆန်းကြယ်သည့် ခံစားချက်မျိုးကို ရရှိစေသည်။ မဟုတ်ပါက အင်ဂျင်သည် အဘွားကြီးတစ်ယောက်၏ ဂွမ်းကပ်ဘောင်းဘီလောက်ပင် မာကြောတောင့်တင်းသည်ဟု ခံစားရလိမ့်မည် မဟုတ်ချေ။
လက်ဇရီကားများ၊ စူပါကားတို့ဖြင့် နေသားကျနေပြီးသဖြင့် နှစ်ယောက်သည် သာမန် sedan ကားတို့အား သိပ်စိတ်မဝင်စားလှချေ။
ဤနေရာသို့ Lexus 570 ဝယ်ရန် အထူးရောက်လာခြင်းဖြစ်ပြီး နေ့စဉ် အသုံးပြုရန် သင့်လျော်သည့် ကားတစ်စင်းလည်း ဖြစ်ပါသည်။
“ မင်း ဘာတွေ ကြည့်နေတာ …”
4S စတိုး၏ ပြတင်းပေါက်ဘေးတွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေကြပြီး နှစ်ဦးလုံးက အားကစား ဝတ်စုံကို ဝတ်ဆင်ထားကြသည်။
အထူးသဖြင့် ပိုနီတေးနှင့် အမျိုးသမီးအတွက်ဆို ပိုမှန်သည်။ သူမက အပြာရောင်ဂျင်းနှင့် အနက်ရောင် Doc Martens ကို ဝတ်ဆင်ထားပြီး ဒေါင်လည်းကောင်းကာ သွယ်လျသည့် ခြေတံတို့ ရှိ၏။ သူမရှေ့ဘက်ခြမ်းရှိ ယုန်ဖြူဖြူကြီးတို့ကသာ အနည်းငယ် သေးငယ်မနေခဲ့ဘူးဆိုပါက သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည် ရှောင်ပင်းကိုပင် နှိုင်းယှဉ်သာလေသည်။
ထို အမျိုးသမီး၏ နာမည်က ကူရိရန်ဖြစ်ပြီး ဘေးရှိ အမျိုးသားက သူမ၏ အစ်ကို ကူကျင်းချွမ် ဖြစ်သည်။
“ အဲ့တစ်ယောက် အတော်လေး ချောလို့ ကြည့်နေတာလေ…”
“ အမြင် မကန်းစမ်းနဲ့ … မင်းရဲ့ အလုပ်က ကျိုးဟိုင်မှာ .. ပြီးတော့ နောင်လည်း ကျိုးဟိုင်မှာပဲ အခြေချရတော့မှာ … ဒီ ယွီဟန်က ကောင်လေးတွေဆိုတာ နောက်မှာ ကျန်ရစ်ဖြစ်ဖို့ ကံကြမ္မာ ပါလာပြီးသား …”
“ ဒီတိုင်းကြည့်တာပါ အစ်ကိုတော်ရယ်… အဲ့လောက်ကြီးလည်း ဆန်းဆန်းတင့် ဖြစ်မနေစမ်းပါနဲ့ …” ကူရိရန် ပြောလိုက်ပြီး “ ဒါပေမယ့် အရင်ဆုံး ရှင်းအောင် ပြောထားလိုက်မယ်… နင် ကားဝယ်ပြီးသွားရင် ငါ့ကို သုံးလေးလလောက် ငှားပေးရမယ် ဒါပဲ …”
“ ငှားပေးရမှာက ပြဿနာ မရှိပါဘူး … ဒါပေမယ့် ငါသိချင်တာ မင်းလို မိန်းကလေးက ဘာလို့ 570 လို ကားကိုမှ စိတ်ဝင်စားနေရတာ … sedan ဆိုရင်ကော အဆင်မပြေဘူးလား …”
“ ဟင့်အင်း … 570 နဲ့ လန်ခရူဇာတို့လို ကားတွေမှ ညီမလေး အကြိုက် …” ကူရိရန် ပြောလိုက်ပြီး “ ခုလောလောဆယ် ပိုက်ဆံ မရှိသေးလို့သာပေါ့ … ပိုက်ဆံသာ လောက်အောင်စုပြီးသွားရင် အရစ်ကျနဲ့ လန်ခရူတစ်စင်း ဝယ်မယ်…”
“ မင်း အဲ့ဒီအတွေးကို အမြန် ဖျောက်ပစ်လိုက်တာ ကောင်းမယ်…” ကူကျင်းချွမ် အကြ့ပေးလိုက်ပြီး “ အရစ်ကျနဲ့ ပေးတာက ပြဿနာ မရှိဘူး … အဓိကက လစဉ် ထိန်းသိမ်းစရိတ်တွေပဲ … ငါတောင် ရာထူးတိုး ၊ လစာတိုးပြီးမှ ဒီကားကို ဝယ်ရဲတာ မင်းရဲ့ လစာလေးနဲ့ ကိုယ့်အသုံးစရိတ်ကိုယ် ကာမိရင်တောင် ဟုတ်နေပြီ… လန်ခရူဇာ ဝယ်မယ့် အကြံကို မေ့လိုက်တော့ …”
ကူရိရန် နှုတ်ခမ်းထော်သွားခဲ့၏။ “ ဒါဆို နင့်ဟာပဲ ယူမောင်းမယ်… ငါ မောင်းလို့ ဝတော့မှ နင့်ကို ပြန်ပေးမယ်…”
ကလေးကတည်းက အလိုလိုက်ထားခဲ့မိသည့် သူ့ညီမကို ကြည့်ရင်း ကူကျင်းချွမ် အတော်လေး ကူကယ်ရာမဲ့နေမိသည်။ မည်သို့ပင်ဆိုစေ သူချစ်ရတဲ့ ညီမလေးပဲလေ။
“ ငါ့ကားမောင်းမှာက ကိစ္စ မရှိဘူး .. ဒါပေမယ့် ဈေးညှိနှိုင်းပေးရမယ့် တာဝန်ကတော့ မင်းတာဝန်ပဲ … အိုကေလား …”
“ ငါနဲ့သာ လွှဲထားပေးလိုက် … ဒီက ဈေးစစ်ဘယ်လောက်တောင်လဲ အစ်ကို သိတယ်မလား …”
ထိုသို့ ပြောပြီးနောက် ကူရိရန်သည် လင်းရီဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သောအခါ သူလည်း သူမတို့ဘက် လျှောက်လှမ်းလာနေသည်ကို မြင်တော့ အတော်လေး အံ့အားသင့်မိသွားခဲ့၏။
“ လူကြီးမင်းတို့နှစ်ယောက် … ဘယ်လို မော်ဒယ်လ်ကိုများ လိုချင်ပါသလဲရှင့် .. ရည်ရွယ်ထားတာ မရှိဘူးဆိုရင် မော်ဒယ်လ်တစ်ချို့နဲ့ မိတ်ဆက်ပေးလို့ရပါတယ်…” အရောင်းဝန်ထမ်း အမျိုးသမီးက သူတို့ ရှေ့၌ ရောက်လာပြီး မေး၏။
“ မင်းတို့မှာ 570 ရှိလား …”
ကူရိရန်နှင့် ကူကျင်းချွမ်တို့ ပြိုင်တူ လှမ်းကြည့်လိုက်မိကြသည်။
“ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦးနော်… ကားသိုလှောင်တဲ့ စာရင်းမှာ တစ်ချက်ကြည့်လိုက်ဦးမယ်…”
အရောင်းဝန်ထမ်း အမျိုးသမီးမှ ဖုန်းထုတ်၍ စစ်ကြည့်လိုက်ပြီး “ အဖြူရောင် mid-sized တစ်စင်းတော့ ကျန်ဦးမယ်…”
“ တစ်စင်းတည်း ကျန်တော့တာလား …” ရှောင်ပင်း မေးမြန်းလိုက်၏။
သူမက လင်းရီအတွက် ကားဝယ်ပေးချင်သဖြင့် high -spec ကားတစ်စင်းကို ဝယ်ပေးချင်သည်။
ဤတစ်စင်းက နည်းနည်း ရှက်ဖို့ကောင်း၏။
“ 570 မော်ဒယ်လ်က လုံးဝကို လက်ကျန် မရှိတော့တာရှင့် … တကယ်လို့ စောင့်ချင်တယ်ဆိုရင်တော့ အနည်းဆုံး သုံးလကနေ ငါးလအထိ ကြာနိုင်တယ်…”
“ အဲ့တာဆိုလည်း ရှိတဲ့ဟာပဲ ယူလိုက်တော့မယ်…”
လင်းရီ၏ ကားများအတွက် တောင်းဆိုချက်က အတော်လေး မြင့်မားသည်။ သို့သော် ၎င်းက စူပါကားများအတွက်သာ ဖြစ်၏။
အကယ်၍ သူသာ 570 ကို ကိုယ်တိုင် ဝယ်ထားမည်ဆိုလျှင် သူ့တွင် ပစ္စည်းတော်တော်များများ သယ်စရာ ရှိသည့် အခါ သို့မဟုတ် လမ်းအခြေအနေ မကောင်းသည့် အခါ၌သာ အသုံးပြုလေ့ရှိ၏။ အလယ်အလတ်စားပဲ ဖြစ်ဖြစ် ၊ အထက်တန်းစားပဲ ဖြစ်ဖြစ် ပြဿနာ မရှိချေ။
“ ကျွန်မက ပိုကောင်းတာလေး ဝယ်ပေးချင်တာပါဆို …”
“ ဘာမှမဖြစ်ပါဘူး … ဘယ်ကားပဲဖြစ်ဖြစ် ငါမောင်းလို့ အဆင်ပြေတယ်…”
ကူရိရန် နှုတ်ခမ်းကိုက်လိုက်မိ၏။ မျက်နှာကို ဖြုန်းတီးနေတာပဲ … လက်စသတ်တော့ ရုပ်လေးပဲ ရှိတဲ့ အပျော်လင်လေး ဖြစ်နေတာကိုး …
သို့သော် ထိုအခိုက်အတန့်တွင် ကူကျင်းချွမ်သည် အနီးသို့ ချဉ်းကပ်လို့လာပြီး “ ဟယ်လို … ငါ တစ်ခုလောက် မေးချင်လို့ … ငါတို့လည်း 570 ဝယ်မလို့ လုပ်နေတာ … ငါတို့ နှစ်ယောက်လုံးက လိုချင်နေရင်တောင် မင်းတို့က တစ်ယောက်ကိုပဲ ရောင်းနိုင်မှာ မလား …”
ကူရိရန်သည် လင်းရီအား စိတ်ထဲတွင် ဆော်ပလော်တီးနေရာမှ အသိစိတ်ပြန်ဝင်လာခဲ့ကာ သူ့အား အကြည့်လွှဲလိုက်၏။
ယခုလေးတင် အရောင်းဝန်ထမ်း အမျိုးသမီး ပြောသွားခဲ့သည်မှာ ကားက တစ်စင်းတည်းသာ ကျန်ရစ်တော့သည် ဆိုပင်။ သို့သော် နှစ်ဖက်လုံးက ဝယ်လိုနေသဖြင့် သူတို့က မည်သည့်ဘက်ကို ရောင်းပေးမည်နည်း။
လင်းရီနှင့် ရှောင်ပင်းတို့လည်း သူတို့ဘေးနားရှိ ကူမောင်နှမကို သတိထားမိသွားခဲ့ကြသည်။ သူတို့လည် ကားတစ်စင်း ဝယ်ရန်အတွက် အခြားသူများနှင့် ယှဉ်ပြိုင်ရလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။
“ သူတို့ ပိုက်ဆံရှင်းပြီးပြီလား …” ရှောင်ပင်း မေးလိုက်၏။
“ ငါတို့က ဈေးညှိနေတုန်း ရှိသေးတယ်.. ပိုက်ဆံ မရှင်းရသေးဘူး …”
“ အဲ့တာဆို ပိုလွယ်သွားပြီ…” ရှောင်ပင်း သူ၏ ဘဏ်ကတ်ကို ထုတ်၍ “ ငါ့ကတ်ကို ဖြတ်လိုက်တော့ … ဒီကား ငါယူမယ်…”
အရောင်းဝန်ထမ်း အမျိုးသမီးလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမရှေ့ရှိ ဤအမျိုးသမီးက ဤမျှ ရက်ရောလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။ သူတို့က ဈေးနှုန်းပင် တစ်စက်မျှ မညှိနှိုင်းပဲ ပိုက်ဆံ ချေချင်နေခဲ့၏။
“ ကောင်းပါပြီရှင့် … ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ…”
“ ဟဲ့ ... မင်းတို့ ဘာလုပ်တာလဲ … ငါတို့က အရင်လာတာ အရင်လာတဲ့သူ အရင်ရမှာပဲ မဟုတ်လား …” ကူရိရန် မကျေမနပ် ဖြစ်သွားခဲ့လေသည်။
သူမ ဤကားကို မျက်စိကျနေသည်မှာ အတော်ကြာနေပြီး ဖြစ်၏။ သူမ၏ အစ်ကို ဝယ်ပြီးသည့်နောက်တွင် သူမလည်း မောင်းနိုင်ပေမည်။
အကယ်၍ ဤစုံတွဲသာ ဝယ်သွားခဲ့မည်ဆိုပါက သူမ မောင်းနိုင်ဖို့ကို နောက်သုံးလလောက် စောင့်ရတော့မည် ဖြစ်၏။
“ မင်း အဲ့လိုပြောလို့တော့ ဘယ်ရမှာ …” လင်းရီ ပြောလိုက်ပြီး “ သူတို့က မင်းကို ရောင်းဖို့ ဆန္ဒရှိနေတယ်ဆိုရင် ငါလည်း မတတ်နိုင်ဘူး … ဒါတော့ စတိုးဆိုင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အပေါ်ပဲ မူတည်တယ်…”
အရောင်းဝန်ထမ်း အမျိုးသမီးက ကူရိရန်ကို ကြည့်လိုက်၏။
“ မိန်းကလေးရှင့် … ကျွန်မ တကယ်ကို တောင်းပန်ပါတယ်နော်… ဆိုင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အရဆို ကားကို အရင် ငွေရှင်းတဲ့သူ အပိုင်ပါ … ဒါကြောင့်မို့ တောင်းပန်ပါတယ်ရှင့် …”
ပြောပြီးနောက် အရောင်းဝန်ထမ်း အမျိုးသမီးသည် ဘဏ္ဍာရေး ဌာနသို့ ပြေးသွားပြီး ငွေချေသည့် လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်သည်။
ကားတစ်စင်း ဝယ်ယူသည်က ဆန်ကိတ်ဝယ်ယူသည်နှင့် လုံးဝ ခြားနား၏။
မတူညီသည့် အုပ်စုနှစ်ခုအတွက် မတူညီသည့် အရောင်းနည်းလမ်းတို့ ရှိသည်။ ကားကို မည်သည့်ဘက်ကပဲ ရောင်းထွက်ပါစေ သူမတို့တွေ ကော်မရှင်ခ ရ၏။
လင်းရီနှင့် ရှောင်ပင်းတို့က သူမ၏ ဖောက်သည်များ ဖြစ်သဖြင့် အရောင်းဝန်ထမ်း အမျိုးသမီးသည် ကားကို လင်းရီတို့ထံ ပိုပြီး ရောင်းလိုစိတ် ရှိလေသည်။
ကားကို အပြည့်ငွေချေပြီး ဝယ်ယူမှာ ဖြစ်သဖြင့် လုပ်ငန်းဆောင်တာတို့က ပွေလီခြင်း မရှိလှပေ။ ကတ်ဖြတ်ပြီးသည့်နောက် စာချုပ်ကို အလျင်အမြန်ပဲ ပြင်ဆင်ပြီးသွားခဲ့လေသည်။
လင်းရီ စာချုပ်ကို လက်မှတ်ထိုးပြီး ထွက်သွားခဲ့သည်ကို မြင်တော့ ကူရိရန် ဒေါသတကြီးဖြင့် အံကို တင်းတင်းကြိတ်မိလိုက်၏။
သူမတို့ အရင်ရောက်လာတာ အရှင်းကြီးကို ဒီအမျိုးသမီးက ကားကို သူတို့ဆီ ရောင်းပေးလိုက်တယ်…
ချီးလိုပဲ …
“ ဟုတ်ပါပြီ… စိတ်လျှော့ပါ … ဟုတ်ပြီလား ..” ကူကျင်းချွမ်လည်း နှမြောဖို့ကောင်းသည်ဟု ခံစားနေရ၏။
သူ့ညီမက ဤနေရာသို့ တက်တက်ကြွကြွနှင့် ကားဝယ်ရန် ရောက်လာခဲ့သော်လည်း အခြားသူများက ဖြတ်ချသွားလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။ ယခုတော့ နည်းနည်းပိုကြာအောင် ထပ်စောင့်ရုံမျှသာ တတ်နိုင်တော့သည်။
“ သေစမ်း … ငါအရမ်း စိတ်တိုတာပဲ …”