← Chapters

ပဋိပက္ခများ

Vol. 007 Ch. 649

ပဋိပက္ခများ

Vol. 007 Ch. 649

ခြံထဲရှိလူအားလုံးသည် ရှီမာယူယူကိုကြည့်လိုက်ကြသည်။ မိုးကြိုးသွားအဖွဲ့မှလူများသည် သူမအား မြင် သည်နှင့် ချဉ်သွားကြပြီး တစ်ချို့မှာ ရှုပ်ကုန်သည်။ တစ်ဖက်တွင် ဖက်တီးကျူနှင့် သူမသူငယ်ချင်းများသည် သူမ အားတွေ့လိုက်ရသဖြင့် ပျော်ရွှင်ကြသည်။

“ယူယူလာပြီလား” ဖက်တီးကျူသည် ပြိုင်ဖက်နှင့်တိုက်ခိုက်ရင်း ရှီမာယူယူကို ပြုံးပြကာ အော်လိုက် သည်။

“မင်းကရှီမာယူယူလား” တိုက်ပွဲကို ရပ်ကြည့်နေခဲ့သော ရှုံ့တွနေသောမျက်နှာနှင့် အနက်ရောင် ဝတ်လူကြီးသည်  ရှီမာယူယူအား အေးစက်စွာမေးလိုက်သည်။

“ခင်ဗျားကဘယ်သူလဲ” ရှီမာယူယူသည် လျှောက်လာရာ သူမလမ်းအားပိတ်လာသည့် လူကိုကန်လိုက် ပြီး မေးလေသည်။

“ဘန်လီကျန်း” ဘန်လီကျန်းသည် လက်ပိုက်ကာ ရှီမာယူယူကိုကြည့်ပြီးပြောလိုက်သည်။ သူ့အကြည့် သည် အလွန်အေးစက်လေသည်။

“ဘန်လီကျန်းကဘယ်သူလဲ” ရှီမာယူယူသည် ဘေဂုံထန်အားကြည့်လိုက်သည်။

“မိုးကြိုးသွားအဖွဲ့က တာဝန်ကျခေါင်းဆောင်တွေထဲကတစ်ယောက်ပဲ အဆင့် ၁၀၀ပေါ့” ဘေဂုံထန် ပြောလိုက်သည်။

“သြော် အဲတော့ သူက တာဝန်ကျခေါင်းဆောင်ထဲကတစ်ယောက်ပေါ့” ရှီမာယူယူသည် ထေ့ငေါ့စွာ ခေါင်းညိမ့်လိုက်သည် “တစ်ခါမှမကြားဖူးပါဘး၊ ဒါပေမဲ့ ကြည့်လိုက်ဦး အဖွဲ့ထဲကတခြားလူတွေနဲ့ ကွာတာလည်း မရှိပါဘူး၊ လွန်ခဲ့တဲ့ ၂ရက်က သားကောင်ဖြစ်သွားရှာတဲ့လူတွေရော ဘယ်လိုနေလဲမသိဘူး”

သူမ ရှဲရုန်နှင့် မာဘိုကျားကိုတွေ့သောအခါ ရှေ့တိုးပြီး ပြုံးကာနှုတ်ဆက်လေသည် “ဘယ်လိုဖြစ်လို့ ဒီရောက်လာတာလဲ”

“မိုးကြိုးသွားအဖွဲ့လူတွေလာတယ်လို့ကြားလို့ မင်းသူငယ်ချင်းကိုပြဿနာရှာမှာစိုးလို့ လာကြည့်တာ တကယ်ပဲ သူတို့တိုက်ခိုက်ခံနေရတာပဲ” ရှဲရုန်ပြောလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ” ရှီမာယူယူသည် မြေပေါ်တွင်လှဲနေသော လူကိုကြည့်လိုက်သည်။

“သူတို့က ငါတို့ကိုပြဿနာလာရှာတာလေ သူတို့က ငါတို့ကိုသူတို့အဖွဲ့ထဲ သွင်းချင်တာ ဒါပေမဲ့ ငါတို့က ငြင်းတော့ အတင်းဖိအားပေးနေတာ” ဝေကျိရွှီ ပြောလိုက်သည်။

“မင်းတို့ကို သူတို့အဖွဲ့ထဲဝင်ခိုင်းတယ်ဟုတ်လား” ရှီမာယူယူသည် အံ့သြပြီး မေးခွန်းမေးမိလေသည်။ ထို့နောက်တွင် သူမသည် ဘန်လီကျန်းဘက်လှည့်ကာ “ခင်ဗျားတို့အားလုံး ဦးနှောက်တွေမကောင်းတော့တာ လား”

“ယူယူ သူတို့ကငါတို့ကို သူတို့အဖွဲ့ထဲဝင်စေချင်တာကို ငါတို့ကိုအရင်ရိုက်ခိုင်းတယ်” ဖက်တီးကျူ ပြော လိုက်သည်။ “သူတို့ကိုယ်တိုင်ပြောတာပဲ”

“ဖိအားပေးပြီး ဝင်ခိုင်းတဲ့အဖွဲ့ကရှိသေးတာလား” ရှီမာယူယူသည် မိုးကြိုးသွားအဖွဲ့ကိုကြည့်ပြီး လှောင် ပြောင်လေသည်။

“မိုးကြိုးသွားအဖွဲ့က အကြီးဆုံးအဖွဲ့ပဲ ငါတို့အဖွဲ့ကို မင်းတို့ကို ဝင်ခိုင်းတာကိုကာ ဂုဏ်ယူစရာပဲ၊ ဒါပေမဲ့ မင်းတို့က တစ်ခုခုလုပ်မယ်ဆို တွေဝေနေလို့ ဖိအားပေးရတာပဲ၊ မင်းတို့က ငါ့လူတွေကို ဒဏ်ရာရအောင်လုပ်ရဲ သေးတယ်၊ ဒီနေ့ကိစ္စပါတွက်လိုက်ရင် ဒါကိုငါတို့ ဘယ်လိုဖြေရှင်းသင့်လဲ” ဘန်လီကျန်းသည် သူမအား ကြည့် လေသည်။

“ဘယ်လိုဖြေရှင်းရှင်း မျက်စိရှေ့ကချက်ချင်းထွက်သွားပါ မဟုတ်ရင် ထွက်သွားတဲ့ထိ ရိုက်ရလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့ကိုဒီလိုအမိန့်ပေးရဲတဲ့လူက ဘယ်သူပါလိမ့်” မိုးကြိုးသွားအဖွဲ့ဝင်များသည် ထလာကာ ရှီမာယူယူ အားလက်ညှိုးထိုးလေသည်။

“ခင်ဗျားတို့အားလုံးကို အမိန့်ပေးနေတာ မဟုတ်ဘူး ထွက်သွားဖို့တောင်းဆိုနေတာ၊ ဘာလဲ ခင်ဗျားတို့ က ကိုယ့်ဘာသာထွက်မသွားပဲ ကျွန်တော်တို့်ရိုက်မှပဲထွက်သွားချင်တာလား” ဘေဂုံထန်သည် ပြန်ဖြေလေ သည်။

“မင်းတို့က ငါတို့အဖွဲ့ထဲမဝင်ခတော့ အတွင်းဂိုဏ်းမှာနေရတဲ့ရက်တွေက သာယာမှာမဟုတ်ဘူး ငါတို့က လွဲပြီး မင်းတို့်ကဘယ်အဖွဲ့ထဲဝင်ချင်တာလဲ၊ မင်းတို့က ကျွမ်းကျင်သူတွေကလိုငါတို့က မြင်လို့လာခေါ်တာ မဟုတ်ရင် မင်းတို့ဒီမှာရှိမယ်ထင်နေလား” လူတစ်ယောက်ကပြောလိုက်သည် “ဒီနေ့ ငါတို့က မင်းတို့ကို အဖွဲ့ထဲ ခေါ်ပြီး အခွင့်အရေးကောင်းပေးမလို့ကို”

“ဒီအခွင့်အရေးမျိုးဆိုမလိုပါဘူး” မာဘိုကျား အော်လိုက်သည်။ “ဒီနေ့ငါတို့လာတာက လုပ်စရာရှိလို့ပဲ ညီအစ်ကိုယူယူ မင်းတို့သူငယ်ချင်းတွေငါတို့အဖွဲ့ထဲဝင်ချင်လား”

“အစ်ကိုတို့အဖွဲ့ထဲဝင်ရမယ်ဟုတ်လား”

“ဟုတ်တယ်” ရှဲရုန် အတည်ပြုလိုက်သည် “မင်းတို့ ငါတို့ရဲ့ ချောက်ကမ်းပါးအဖွဲ့ထဲဝင်ချင်လားလို့ မေး ချင်လို့ပါ”

“ရှဲရုန် မင်းနဲ့ မင်းတို့ချောက်ကမ်းပါးအဖွဲ့က ငါတို့ကို ဆန့်ကျင်နေတာလား” ဘန်လီကျန်းသည် ရှဲရုန် အားစိုက်ကြည့်လေသည်။

“အဲတော့ ဘာလုပ်ပေးရမလဲ” ရှဲရုန်သည် ဂရုမစိုက်သလိုပြောလိုက်သည် “ငါတို့ ချောက်ကမ်းပါးအဖွဲ့က မင်းတို့ကို ကြောက်မယ်ထင်နေတာလား”

“မင်းတို့်ကောင်တွေ ငါတို့မိုးကြိုးသွားအဖွဲ့နဲ့တွေ့ရင် အရိုက်ခံရတာပဲမလား၊ အခုက ရန်စနေတာလား၊ မင်းက တကယ်ကို နောက်ဆုံးအထိ စဉ်းစားထားတာပဲ” မိုးကြိုးသွားအဖွဲ့မှလူများသည် ရယ်မောကြလေသည်။

“ကျွန်တော်တို့ ခင်ဗျားတို့အဖွဲ့ကိုမဝင်ဘူး၊ ဒီ့ထက်ဆိုးဆိုးဝါးဝါး အရိုက်မခံရချင်ရင်တော့ ချက်ချင်းပဲ ထွက်သွားလိုက်ပါ” ရှီမာယူယူ ကျယ်လောင်စွာ အော်လိုက်သည်။

မိုးကြိုးသွားအဖွဲ့မှ လူများသည် မျက်နှာပျက်သွားကြသည်။ သို့သော် မာဘိုကျားတို့ လူအများခေါ်လာ သည်ကိုကြည့်ပြီး စိတ်မပါစွာဖြင့် ထွက်သွားလေသည်။

မိုးကြိုးသွားအဖွဲ့မှ လူများထွက်သွားသည်နှင့် မာဘိုကျားသည် လက်ရမ်းပြရာ ချောက်ကမ်းပါးအဖွဲ့မှ လူများလည်း ထွက်သွားကြလေသည်။

“ယူယူ ဘာလို့ရောက်လာတာလဲ” ရှီမာယူလင်း မေးလိုက်သ်ည။

“မိုးကြိုးသွားအဖွဲ့ကလူတွေက ပြဿနာလာရှာမယ်ဆိုတာသိလို့ လာခဲ့တာ၊ မင်းတို့က ကြိုဖြစ်ပြီးနေကြ ပြီ၊ ရှဲရုန်ုတို့က လူတွေခေါ်လာပြီး လာကူညီမယ်လို့ထင်မထားမိဘူး” ရှီမာယူယူ လက်ယက်ခေါ်လိုက်သည်။ များစွာသော နီရဲပျားများသည် ခေါင်မိုးပေါ်မှပျံလာကာ လှည့်ပတ်ပြီးနောက် ပျံထွက်သွားလေသည်။

သူမထွက်သွားပြီးနောက်တွင် နီရဲပျားများလိုက်လာသည်ကို ဘေဂုံထန်တို့သတိထားမိခဲ့ကြသည်။

“ဂျူနီယာမောင်လေး မင်းကိုဘယ်သူအနိုင်ကျင့်တာလဲ၊ မင်းကိုကူညီဖို့ငါတို့ရောက်လာပြီ” ဟန့်မြောင်ရွှမ်သည် သောက်ရင်းရောက်လာသော်လည်း ရှီမာယူယူအား အနိုင်ကျင့်သည့်သူကို မမြင်ရပေ။ သူမ သည် ကြောင်သွားကာ မေးလိုက်သည် “ဂျူနီယာမောင်လေး အနိုင်ကျင့်တဲ့သူတွေ ဘယ်ရောက်သွားတာလဲ”

“ချောက်ကမ်းပါးအဖွဲ့ကလူတွေရိုက်လိုက်လို့ ထွက်သွားကြပြီ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “စီနီယာ အစ်မနဲ့ စီနီယာအစ်ကို ၃၊ ဘာလို့ရောက်လာကြတာလဲ”

“မင်းကို အနိုင်ကျင့်တဲ့သူရှိတယ်လို့ ဆရာပြောလိုက်လို့ ကြည့်ဖို့ရောက်လာတာ၊ အခုအဆင်ပြေပြီဆို တော့ ရှောင်ရှောင် ငါတို့ပြန်ရအောင်”

ထို့နောက်တွင် သူတို့နှစ်ယောက် ထွက်သွားကြလေသည်။

“ယူယူ မင်းဆရာရော စီနီယာအစ်ကိုတွေ အစ်မတွေက မင်းကိုဂရုစိုက်ကြသားပဲ”

“အင်း သူတို့က ကောင်းကြပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုဖြစ်လို့ရောက်လာကြတာလဲ”

“သူတို့က တံခါးပိတ်ကျင့်ကြံတာကနေထွက်လာကြတာ၊ မင်းအခြေအနေကို ကြားတာနဲ့ ဘေဂုံထန်တို့ ကိုလာမေးတာ၊ ငါရောက်လာတာနဲ့ မိုးကြိုးသွားအဖွဲ့ကရောက်နှင့်ပြီးမယ်လို့ မထင်မိဘူး၊ ယူယူ ဒီအရုပ်ကလေး ကဘယ်သူလဲ”

“သူမက ရှောင်ချီ ငါတို့ခြံကပဲ” ရှီမာယူယူ ပြောလိုက်သည်။

“အားလုံးပဲ ကိုယ့်အခန်းကိုယ်ပြန်ကြပါ” ရှီမာယူရန်အကြံပေးလိုက်သည်။

“ဟုတ်သားပဲ အားလုံး ဒီမှာရပ်မနေကြနဲ့တော့ တာဝန်ကျခေါင်းဆောင်မာနဲ့ မိန်းကလေးရှဲတို့ ဝင်ကြပါ”

“လာကြပါ”

အဖွဲ့လိုက် အခန်းသို့ဝင်ကြလေသည်။ ကံကောင်းစွာပင် ထိုနေရာရှိအခန်းများမှာကျယ်ဝန်းသည်။ မဟုတ်လျှင် ဒီလောက်လူအများကြီးသည် ရပ်ရုံသာရပ်ကြရလိမ့်မည်။

“ဒီနေ့ ကျွန်တော်တို့ အခက်အခဲကိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ကို မိုးကြိုးသွားအဖွဲ့က လာပြဿနာရှာမှာစိုးမိတယ်” ရှီမာယူရွှီသည် မာဘိုကျား၏ လက်ကိုဆွဲကာ ကျေးဇူးတင် ကြောင်းပြောလေသည်။

“ကျွန်မတို့နဲ့ မိုးကြိုးသွားအဖွဲ့က အမြဲတမ်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ ငြိနေကြတာပါ ဒီတစ်ခါတင်မဟုတ်ပါဘူး” ရှဲရုန် ပြောလိုက်သည်။ “ဒါပေမဲ့ ခုနကကျွန်မတို့် ပြောတာအမှန်ပဲ ရှင်တို့ ကျွန်မတို့်အဖွဲ့ကိုဝင်ချင်ကြလား”

“အင်း…” အားလုံးသည် တွေဝေသွားကြသည်။

“ဘန်လီကျန်းက ကောင်းကွက်တစ်ခုမှ ပြောစရာမရှိပါဘူး၊ ဒါပေမဲ့ သူပြောလိုက်တာတော့ မှန်တာရှိပါ တယ်၊ ဒီကျောင်းဝန်းထဲမှာ အဖွဲ့တစ်ခုကိုမဝင်ရင် နောက်ကို ခက်ခဲမှာပဲ” ရှဲရုန် ရှင်းပြလေသည် “တခြားလူသစ် တွေက ပြီးခဲ့တဲ့လတွေကပဲ တခြားအဖွဲ့တွေကိုအသီးသီးဝင်သွားကြပြီ အခုမင်းတို့က မဝင်ရသေးဘူးလေ၊ ဒါပေမဲ့ မိုးကြိုးသွားအဖွဲ့နဲ့ ပဋိပက္ခဖြစ်ထားတော့ တခြားအဖွဲ့ကလည်းလိုချင်မှာမဟုတ်ဘူး”

“ခင်ဗျားတို့ ချောက်ကမ်းပါးအဖွဲ့က မကြောက်ဘူးလား”

“ကျွန်မတို့က သူတို့နဲ့အမြဲတမ်းပြိုင်နေကြတာပဲ၊ မင်းတို့ရှိရှိ မရှိရှိ ပြောင်းသွားမှာမဟုတ်ဘူး” ရှဲရုန် ပခုံး တွန့်လိုက်သည်။

“အတွင်းဂိုဏ်းကလူတွေက ဘာလို့အဖွဲ့တွေထဲဝင်ကြတာလဲ” ရှီမာယူယူသည် ထိုကိစ္စကိုနားမလည် သေးပေ။

“ဂိုဏ်းရဲ့ ကျင့်စဉ်အရင်းအမြစ်တွေက အကန့်အသတ်ရှိတယ်လေ၊ အမြင့်ဆုံးပတ်ဝန်းကျင်က အရင်း အမြစ်တွေရဖို့ အကောင်းဆုံးနည်းလမ်းက အတူဖြေရှင်းကြတာပဲ၊ အချိန်တန်ရင် အဲကျင့်စဉ်အရင်းအမြစ်တွေက အဖွဲ့ထဲကိုခွဲပေးတာ၊ အဖွဲ့ထဲကိုမဝင်ချင်တဲ့သူတွေကတော့ သူတို့ပေါ်မှာမူတည်ပြီးကိုယ်ပိုင်အားသုံးပြီး အဖွဲ့ တွေကို ဆန့်ကျင်တာပဲ၊ အဲဒါတော့ စိတ်မချမ်းသာစရာပဲ”

***

All Chapters