← Chapters

အခန်း (၉၁၆)

Vol. 62 Ch. 916

အခန်း (၉၁၆)

Vol. 62 Ch. 916

မြင့်မားပြီး စိမ်းလန်းစိုပြည်သော သစ်ပင်များနှင့် ပေါင်းပင်များကနေရာအနှံ့၌ရှိနေသည်။ ၎င်းက အလွန်ရှေးကျသော တောအုပ်တစ်ခုနှယ်ဖြစ်သည်။

ရှစ်ဖုန့်က ခက်ထန်သော ဒုတိယတပ်မှူးအားကြည့်လိုက်ပြီး ဒေါသထွက်နေသောစကားတို့အားကြားသောအခါတွင် နောက်ဆုံး၌ ၎င်း၏ဒေါသအရင်းအမြစ်အား နားလည်လိုက်သည်။

ဒုတိယတပ်မှူးက စပါးအုံးနဂါးမျိုးနွယ်စုဤကောင်မလေးအပေါ် လွန်ခဲ့သောရက်အချို့က အခွင့်အရေးယူလိုခဲ့သည်။ သူမကခုခံခဲ့ပြီး အဆုံးသတ်တွင်သူမအား အခွင့်အရေး မယူလိုက်ရပေ။

ယခု၎င်းက သူအခွင့်အရေးယူမရဟုထင်ခဲ့သော ကောင်မလေးကို အခွင့်အရေးယူခဲ့သည်ဖြစ်သည်။ သူ့အနေဖြင့်မည်ကဲ့သို့ စိတ်မဆိုးပဲနေပါမည်နည်း။

“ ဒုတိယတပ်မှူး.. ကျေးဇူးပြုပြီးယုံကြည်ပေးပါ…ကျွန်မတကယ်ဒီပြင်ပလူကြောင့်မညစ်နွမ်းခဲ့ရပါဘူး. ကျေးဇူးပြုပြီးကျွန်မကိုယုံကြည်ပေးပါ”

စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးက ဒုတိယတပ်မှူးအား ဆက်လက်အသနားခံနေသည်။

စပါးအုံးနဂါးမျိုးနွယ်စုအတွင်းတွင် အကယ်၍အမျိုးသမီးတစ်ဦးက အခြားပြင်ပမှယောက်ျားသားတစ်ဦးနှင့် ညစ်နွမ်းသောအမှုကိုပြုခဲ့လျှင် ယင်းက သေးငယ်သောကိစ္စတစ်ခုမဟုတ်ပေ။ အကယ်၍သူတို့သာညစ်နွမ်းခဲ့လျှင် မျိုးနွယ်စု ၏ စည်းမျဉ်းအတိုင်း ကြီးလေးစွာအပြစ်ပေးခံရလိမ့်မည်ဖြစ်သည်။ ၎င်းတို့အနေဖြင့်ခြောက်သွေ့သည်အထိ စုပ်ယူခံရပြီးသေဆုံးလိမ့်မည်ဖြစ်သည်။

မျိုးနွယ်စုအတွင် ဒုတိယတပ်မှူးဟူသည့်ရာထူနှင့်အ ဆင့်အတန်းကိုပေးထားချက်အရ သူ၏စကားတို့ကအဆုံးအစွန်အထိ အရေးပါအရာရောက်သည်ဖြစ်သည်။ အကယ်၍ ပြင်ပမှယောက်ျားကြောင့်ညစ်နွမ်းခဲ့သည်ဟု သူကသာပြောခဲ့သည်ဆိုလျှင် သူမအနေဖြင့် ညစ်နွမ်းမသန့်စင်သောသူတစ်ဦး အဖြစ်သာသုံးသပ်ခံရလိမ့်မည်ဖြစ်သည်။ငြင်းဆန်ရန်မည်သည့်လမ်းမှရှိလိမ့်မည်မဟုတ်ပေ။

“ဟမ့်”

မိန်းကလေး၏စကားတို့အားကြားပြီးနောက် စပါးအုံးနဂါးမျိုးနွယ်စုမှဒုတိယတပ်မှူးက အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

“မင်းလို့ညစ်နွမ်းတဲ့မိန်းမတစ်ယောက်ရဲ့ စကားကို ငါကဘာလို့ ယုံရမှာလဲ.. မင်းကဒီကောင်ကြောင့်ညစ်နွမ်းသွားရုံမကဘူး.. ဒီကောင်အတွက်တစ်ခုခုကိုယူပေးဖို့ စပါးအုံးနဂါးမျိုးနွယ်စုကိုပြန်မယ်လို့ကတိပေးခဲ့သေးတယ်.. မင်းစပါးအုံးနဂါးမျိုးနွယ်စုကိုပြန်ပြီးဒီကောင့်အတွက် ဘိုးဘေးလက်နက်ကို ခိုးပေးဖို့လို့တော့ငါ့ကိုလာမပြောနဲ့..ခွေးမ.. ရဲတင်းနေတာ”

စပါးအုံးနဂါးမျိုးနွယ်စုမှဒုတိယတပ်မှူးက စကားပြောရင်းပို၍ပို၍ စိတ်လှုပ်ရှားပြင်းထန်လာသည်။

စပါးအုံးနဂါးမျိုးနွယ်စုမှကောင်မလေးက ခေါင်းကို ထပ်တလဲလဲ ခါယမ်းပြီး ငြင်းဆန်နေသည် ။

ရှစ်ဖုန့်ကကောင်းကင်ထဲသို့မော့ကြည့်နေသကဲ့သို့သူ၏မျက်နှာထက်၌ အပြုံးခပ်ရေးရေးပေါ်လာပြီး ဂရုမထားဟန်ဖြင့်ပြောလိုက်သည်။

“မင်းက တကယ်ကို စိက်ကူးစိတ်သန်းကြွယ်တဲ့သူလို့ငါပြောရမှာပဲ”

“မင်းလိုမျိုး စိတ်ထားသေးသိမ်တဲ့သူတွေကို ဒီသခင်လေးနားလည်တယ်.. မင်းမရနိုင်တဲ့ အမျိုးသမီးတစ်ယောက်ကို တစ်ခြားသူတစ်ယောက် အခွင့်အရေးယူသွားတယ်လို့မင်းမှားတွေးမိချိန် ဒေါသမထွက်ဘဲဘယ်နေမှာလဲ.. မင်းမျက်စိစပါးမွှေးမစူးအောင် ဒီအမျိုးသမီးကိုမင်းအခုချက်ချင်း ပဲ သတ်ပစ်ဖို့မစောင့်နိုင်ဖြစ်နေမလား ဆိုတာကိုတောင်ဒီသခင်လေးသိချင်မိတယ်”

“မင်း”

ရှစ်ဖုန့်၏ ကြားဖြတ်ပြောဆိုမှုအားကြားသောအခါတွင် စပါးအုံးနဂါးမျိုးနွယ်စုမှ ဒုတိယတပ်မှူးက ရှစ်ဖုန့်အား ပို၍ခက်ထန်စွာဖြင့်စိန်းစိန်းကြည့်လိုက်သည်။ သူကရှစ်ဖုန့်အား လက်ညှိုးထိုးပြီး အော်ဟစ်ပြောဆိုလိုက်၏။

“ငါဘာတွေးတွေးမင်းနဲ့မဆိုင်ဘူး. ပြီးတော့မင်း..ငါ့ရဲ့စပါးအုံးနဂါးမျိုးနွယ်စု အမျိုးသမီးတစ်ယောက်ကို ညစ်နွမ်းစေတဲ့ မင်း ဒီညသေရမယ်”

“တပ်မှူးကြီးကို မင်းအနိုင်ယူခဲ့တယ်လို့ငါကြားတယ်.. ဒီည ..ငါမန့်ချီး စပါးအုံးနဂါးမျိုးနွယ်စုရဲ့အရှက်ရမှုကို ပြန်အဖက်ဆယ်မယ်.. အားလုံးကို ငါကစပါးအုံးနဂါးမျိုးနွယ်စုရဲ့အသန်မာဆုံးသူဆိုတာကို သိစေရမယ်”

စပါးအုံးနဂါးမျိုးနွယ်စု၏ ဒုတိယတပ်မှူးမန့်ချီးက ရုတ်တရက်လှုပ်ရှားမှုတစ်ခုကိုပြုလုပ်လိုက်ပြီး အောက်သို့ထိုးဆင်းလိုက်သည်။ သူ၏ခြေထောက်ကအပေါ်ကို မျက်နှာမူထားပြီး ခေါင်းကအောက်ဘက်သို့မျက်နှာမူထားကာ သူ၏ညာလက်သီးကို တင်းနေအောင်ဆုပ်ထား၏။ သူ၏လက်သီးပေါ်တွင်အားကောင်း ပြင်းထန်သော စွမ်းအားတစ်ခုကို စုစည်းထားသည်။

“နောက်ထပ်ကာယခန္ဓာကိုယ်ကိုကျင့်ကြံထားတဲ့ စွမ်းအားကြီးကျင့်ကြံသူတစ်ယောက်ပဲ.. အဲ့တာထက်ပိုတာက. သူ့ကိုယ်ကထုတ်လွှတ်နေတဲ့စွမ်းအားက စပါးအုံးနဂါးမျိုးနွယ်စုက တပ်မှူးကြီးအောက်ကို မလျော့ဘူး. စပါအုံးနဂါးမျိုးနွယ်စုမှာဒီလိုလူ တစ်ယောက်ရှိနေတယ်.. ဒီကမ္ဘာကကျွမ်းကျင်သူတွေက တကယ့်ကို ငါ့ရဲ့ထျန်းဟန်တိုက်ကြီးက အဲ့လူတွေထက်ပိုသန်မာကြတာပဲ”

တစ်ဟုန်ထိုးထိုးဆင်းလာသော မန့်ချီးအားကြည့်၍ ရှစ်ဖုန့်က မိမိဖာသာမိမိတီးတိုးရေရွတ်လိုက်သည်။

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ကိုယ်ကလည်းတစ်ဟုန်ထိုးလှုပ်ရှားသွား၏။ သူက ညာလက်သီးကိုကျစ်နေအောင်ဆုပ်ပြီးအပေါ်သို့ထိုးတက်လိုက်ကာ ဒုတိယတပ်မှူးမန့်ချီး၏ တိုက်ခိုက်မှုနှင့်ဆုံတွေ့စေလိုက်သည်။

ပုံရိပ်နှစ်ခုက လေထုအလယ်၌လျှင်မြန်စွာတွေ့ဆုံသွားသည်။ ထို့နောက်ချက်ချင်း နှစ်ယောက်လုံးက ရိုးရှင်းပြီးအညှာတာကင်းမဲ့သော လက်သီးတစ်လုံးစီကိုပစ်သွင်းလိုက်ကြသည်။ ရိုးရှင်းပြီးသာမညောင်ညဖြစ်ပုံရသောလက်သီးနှစ်ခုက ဤအခိုက်အတန့်တွင်တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ဆုံပစ်ဆောင့်သွားသည်။

“ဝုန်း”

ရုတ်ခြည်းတောအုပ်အတွင်းမိုးခြိမ်းသံကဲ့သို့ မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။ ၎င်းတို့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်နှင့်နေရာတစ်ခုလုံးပင် ၎င်းတို့၏ပစ်ဆောင့်သေစာ စွမ်းအားနှစ်ခုကြောင့်ပြင်းထန်စွာတုန်ခါသွားသည်။

၎င်းတို့ဘေးရှိများစွာမြင့်မားသော သစ်ပင်ကြီးများကလည်း ၎င်းတို့နှစ်ဦး၏စွမ်းအားအောက်တွင် ပေါက်ကွဲထွက်ကုန်သည်။

လက်သီးနှစ်ထိပ်တိုက်ပစ်ဆောင့် ထိမှန်ချိန်တွင် နှစ်ယောက်လုံးတစ်ဖက်ခွန်အားကြောင့်တစ်ဖက်တုန်လှုပ်အံ့အားသင့်သွားကြသည်။

ထို့နောက်နှစ်ယောက်လုံးက လက်သီးတို့ကို တစ်ချိန်တည်းတွင်ရုတ်သိမ်းလိုက်ကြသည်။ နောက်တစ်ကြိမ် ၎င်းတို့၏လက်သီးများ၌ အားကောင်းသောစွမ်းအားတို့ကိုစုစည်းပြီး ပြင်းထန်စွာထိုးနှက်လိုက်သည်။

“ဝုန်း”

နောက်ထပ် မိုးခြိမ်းသံကဲ့သို့မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကပို၍ပင်ဖရိုဖရဲ ပရမ်းပတာဖြစ်လာသည်။

“ဝုန်း..ဝုန်း.ဝုန်း..ဝုန်း..ဝုန်း”

ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်နှင့်စပါးအုံးနဂါးမျိုးနွယ်စုမှဒုတိယတပ်မှူးတို့က လက်သီးတို့ကို ကိုယ်စီရုတ်သိမ်းပြီး တစ်ဖန် တစ်ဖက်နှင့်တစ်ဖက် ပြန်လည်တိုက်ခိုက်ကြပြန်သည်။ ၎င်းတို့၏ရိုးရှင်းပြီး ပြင်းထန်သောတိုက်ခိုက်မှုများက ပို၍ပို၍ပြင်းထန်လာသကဲ့သို့ မြည်ဟိန်းသံများကလည်းပို၍ ထွက်ပေါ်လာသည်။

တိုက်ပွဲကသဲကြီးမဲကြီးဆက်လက်ဖြစ်ပွားနေသကဲ့သို့ ၎င်းတို့က လက်သီးများကို တစ်ဖက်နှင့်တစ်ဖက် ဆက်လက်၍ကြာကြာမထိုးနှက်ကြတော့ပေ။ ထိုအစားလက်သီးတို့ကိုလွှဲယမ်းကာ တစ်ဖက်နှင့်တစ်ဖက်အဆက်မပြတ်ထိခတ်နေကြသည်။

“ဟမ်”

ဤအချိန်တွင် ပြင်းထန်သောတိုက်ပွဲအလယ်၌ရှိနေသောရှစ်ဖုန့်တစ်ယောက် ရုတ်တရက်မျက်မှောင်ကြုတ်သွားသည်။ တစ်စုံတစ်ခုမှားယွင်းနေသည်ကိုသူခံစားလိုက်ရ၏။

အရှေ့ဘက်ညကောင်းကင်ယံအတွင်းမှ များစွာသော သက်ရှိများ တစ်ဟုန်ထိုးချဉ်းကပ်လာနေသည်ကို သူအာရုံခံမိပြီးဖြစ်သည်။ ၎င်းကစပါးအုံးနဂါးမျိုးနွယ်စု ရှိရာဘက်မှဖြစ်သည်။

၎င်းတို့ကရှစ်ဖုန့်တို့ကြားမှတိုက်ပွဲအား အာရုံခံမိခဲ့သော စပါးအုံးနဂါးမျိုးနွယ်စုဝင်များဖြစ်လိမ့်မည်ဖြစ်သည်။ ၎င်းတို့က ဤဘက်သို့လျှင်မြန်စွာ တစ်ဟုန်ထိုးလာနေသည်။

အကယ်၍ ၎င်းက စပါးအုံးနဂါးမျိုးနွယ်စုမှအခြားသူများသာဆိုလျှင် အဆင်ပြေသေးသည်ဖြစ်၏။ သို့သော် တပ်မှူးကြီးသို့မဟုတ် ၎င်းတို့ကဲ့သို့သန်မာသော အခြားသူတစ်ဦးဦးသာဖြစ်နေခဲ့လျှင် ဤကဲ့သို့စွမ်းအားနှင့်ကျွမ်းကျင် သူနှစ်ယောက်ကြောင့် သူထွက်ပြေးလွတ်မြောက်ရန် ခက်ခဲသွားလိမ့်မည်ဖြစ်သည်။

“ဒါပေမဲ့..”

ထို့နောက်သူ၏လက်သီးတို့ဖြင့်တိုက်ခိုက်နေဆဲဖြစ်သောရှစ်ဖုန့်က ခေါင်းကိုငုံ့လိုက်ပြီး သိပ်မဝေးသောနေရာရှိ သစ်ပင်တစ်ပင်၏နောက်၌ပုန်းနေဆဲဖြစ်သော စပါးအုံးနဂါးမျိုးနွယ်စုမှကောင်မလေးကို ကြည့်လိုက်သည်။

ရှစ်ဖုန့်နှင့် စပါးအုံးနဂါးမျိုးနွယ်စုမှဒုတိယတပ်မှူးတို့၏တိုက်ပွဲက အရမ်းပြင်းထန်ပြီး သည်းထိတ်ရင်ဖိုဖွယ်ဖြစ်သည်။ ၎င်းတို့၏ခွန်အားသက်ရောက်မှု ကိုခံရခြင်းမှရှောင်ရှားနိုင်ရန်အတွက် စပါးအုံးနဂါးမျိုးနွယ်စုမှကောင်မလေးက ၎င်းတို့၏ဝေးရာ၌နေနေရခြင်းဖြစ်သည်။

ရှစ်ဖုန့်မှာ စိတ်ထားသေးသိမ်သော စပါးအုံးနဂါးမျိုးနွယ်စုမှကျင့်ကြံသူကို စိုးရိမ်သည်ဖြစ်သည်။ သူက ကောင်မလေးနှင့်လိင်မှုကိစ္စကိုပြုလုပ် ချင်ခဲ့သော်လည်းကျရှုံးခဲ့သည်ဖြစ်၏။ ယခု၎င်းကရှစ်ဖုန့်နှင့်ဤကောင်မလေးတို့ ကျူးလွန်ထားသည်ဟု မှားယွင်းစွာထင်နေသောကြောင့်သူမကိုသတ်ရန်၎င်း၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပြပြီးဖြစ်သည်။

အကယ်၍ ၎င်းကသာဝင်ရောက်စွတ်ဖက်ပြီး ကောင်မလေးကိုသတ်ခဲ့လျှင် စပါးအုံးနဂါးမျိုးနွယ်စုမှ ရှေးဟောင်းစာလိပ်အားရရန်ရှစ်ဖုန့် အတွက်ခက်ခဲသွားလိမ့်မည်ဖြစ်သည်။

“ဟင့်အင်း..ငါ့အစီအစဉ်ကိုသူ့ကို ဖျက်ဆီးခွင့်ပေးလို့မဖြစ်ဘူး”

ရှစ်ဖုန့်ကစိတ်ထဲမှအော်ပြောလိုက်သည်။ ထို့နောက်လိုက်ပါ၍ သူ၏လက်သီးကိုရုတ်သိမ်းလိုက်ပြီး လက်ဝါးပုံရိပ်တစ်ခုကိုပုံဖော်လိုက်သည်။ ထို့နောက် စပါးအုံးနဂါးမျိုးနွယ်မှ မန့်ချီးထံသို့ ရိုက်ထုတ်လိုက်၏။

“ဟ”

ရှစ်ဖုန့် ၏ ထူးဆန်းသောတိုက်ခိုက်မှုအားမြင်တွေ့သောအခါတွင် စပါးအုံးနဂါးမျိုးနွယ်စုမှ ဒုတိယတပ်မှူးက ကျယ်လောင်စွာမာန်သွင်းလိုက်သည်။ ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်ထံသို့ ပြင်းထန်သောလက်သီးတစ်လုံး ကိုပစ်သွင်းလိုက်၏။

“ဘန်း”

လက်ဝါးနှင့်လက်သီးတို့က နောက်တစ်ကြိမ်ပြင်းထန်စွာထိမှန်သွားသည်။ နှစ်ယောက်သားထိပ်တိုက်တွေ့ဆုံ ထိမှန်ပြီးနောက် တစ်ယောက်၏ပြင်းထန်သောစွမ်းအားကြောင့်တစ်ယောက်နောက်ပြန်လွင့်သွားသည်။

“ဟမ့်”

နောက်သို့လွင့်ပျံသွားသောရှစ်ဖုန့်က အေးစက်စွာနှာမှုတ်လိုက်သည်။ ထို့နောက်လိုက်ပါ၍ သူ၏ညာလက်၌ ရွှေရောင်ဓားအလင်းတစ်ခုလက် ခနဲဖြစ်ပေါ်လာသည်။ ရှစ်ဖုန့်၏လက်ထဲ၌ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ကောင်းကင်မွန်းစတားဓားကပေါ်လာသည်။

“ဒီတစ်ကြိမ်တိုက်ပွဲရဲ့အဆုံးသတ်ပဲ”

ရှစ်ဖုန့်က သူ၏လက်ထဲမှကောင်းကင်မွန်းစတားဓားနှင့်အတူအေးစက်စွာပြောလိုက်သည်။ နောက်သို့လွင့်ပျံနေသောပုံရိပ်ကလည်း ဤအချိန်တွင် တုန့်ခနဲရပ်သွားသည်။ ထို့နောက်ရှေ့သို့အပြင်းချီတက်လာ၏။

“သတ်”

ဒုတိယတပ်မှူး မန့်ချီးက လည်းဤအချိန်တွင်သူ၏နောက်သို့လွင့်ထွက်နေသောပုံရိပ်ကရပ်သွားပြီဖြစ်သည်။ ယခင်ကကဲ့သိုပင် ရှေ့သို့ပျံတက်လာပြီး သူ၏ပါးစပ်မှ နက်ရှိုင်းသောငြာသံပေးသံလှိုင်း တစ်ခုထွက်ပေါ်လာသည်။

“ငရဲဘုံကိုးခု ဓားပညာရပ် ကောင်းကင်ပိုင်းဖြတ်ဓား”

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters