← Chapters

အခန်း (၉၁၇)

Vol. 62 Ch. 917

အခန်း (၉၁၇)

Vol. 62 Ch. 917

ငရဲဘုံကိုးခု ဓားပညာရပ်.. ကောင်းကင်ပိုင်းဖြတ်ဓား”

ရှစ်ဖုန့်က အော်ပြောလိုက်သကဲ့သို့ ရှစ်ဖုန့်လက်ထဲရှိ ကောင်းကင်မွန်းစတားဓားက ပြင်းထန်စွာခုတ်ပိုင်းကျဆင်းလာသည်။

သူ၏ဓားစွမ်းအားအောက်တွင် ရှေ့ရှိညကောင်းကင်ယံမှာလည်းပြင်းထန်စွာလှုပ်ခါလာ၏။ ဆူနာမီတစ်ခု ပြင်းထန်စွာသိမ်းကျုံးတိုက်ခတ်သည့် တလိပ်လိပ်အုံကြွထနေသော ပင်လယ်တစ်ခုနှယ်ပင်ဖြစ်သည်။

ဤကမ္ဘာရှိအာကာသဓာတ်ဟင်းလင်းပြင်က ထျန်းဟန်တိုက်ကြီးအတွင်းကထက်များစွာပို၍ အကြမ်းခံသည်ကို ရှစ်ဖုန့် သတိပြုမိပြီးဖြစ်သည်။ ထျန်းဟန်တိုက်ကြီးအတွင်း၌သာ ဤဓားနည်းစနစ်ကို သူအသုံးပြုလျှင် စွမ်းအားဖြတ်သန်းသွားသော နေရာတိုင်းက အစိတ်စိတ်အမွှာမွှာကွဲကြေပြီး အကျည်းတန်သော အာကာသအက်ကွဲကြောင်းများ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်သည်။

ရှေ့သို့ပျံသန်းလာနေသောစပါးအုံးနဂါး မျိးနွယ်စုမှ ဒုတိယတပ်မှူး မန့်ချီးက နောက်ထပ်ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုအား ထုတ်ဖော်ရန်အဆင်သင့်ဖြစ်နေသည်။ ရုတ်ခြည်း သူ့ထံသို့ လာနေသော စွမ်းအားကြီးစွမ်းအင်လှိုင်းတစ်ခုကို သူ မြင်တွေ့လိုက်ရသည်။ သူ၏ မာကျောခက်ထန်သောမျက်နှာက ရုတ်ခြည်းပြောင်းလဲသွား၏။

“ဒီ.ဒီစွမ်းအား.. တပ်မှူးကြီး မန့်တတောင် သူ့ကိုရှုံးနိမ့်ခဲ့ရတာ မအံ့ဩတော့ပါဘူး . ဒီလူရဲ့တိုက်ခုက်မှုက တကယ်မရိုးရှင်းဘူး”

မန့်ချီး၏ မျက်နှာက ထပ်မံပြောင်းလဲနေသည်။ သူ၏မာကျောခက်ထန်သော မျက်နှာကထပ်မံပေါ်လာသည်။ သူကအော်ပြောလိုက်သည်။

“ငါ မန့်ချီး..က စပါးအုံးနဂါးမျိုးနွယ်စုအောက်က အသန်မာဆုံးစစ်သည်တော်ပဲ.. ငါမန့်ချီးက မသေမျိုးအဆင့်အောက်က အသန်မာဆုံးစစ်သည်တော်တစ်ဦးပဲ.. ပြီးတော့နတ်ဘုရားတစ်ပိုင်း နယ်ပယ်ထဲဝင်ရောက်နေတဲ့ တိုက်ခိုက်မှုတွေအားလုံး ဒီတပ်မှူးကြောင့် ပြိုကွဲသွားရမယ်”

ခက်ထန်သော ကြုံးဝါးသံနှင့်အတူ မန့်ချီးမှာ သိမ်းကျုံးဦးတည်လာနေသော ကြမ်းကြုတ်ပြင်းထန်သည့် စွမ်းအားအတွင်းခြေလှမ်း တစ်ဝက်ဝင်ရောက်နေသည့်တိုင် ဆုတ်ခွာခြင်းမရှိပေ။ ထိုအစား တိုက်ခိုက်မှုနှင့်တွေ့ဆုံရန် သူ၏ ခန္ဓာကိုယ်ကို အရှိန်မြှင့်ပြီး ရှေ့သို့ ပျံသန်းသွားလိုက်သည်။ ညာလက်သီးအား နောက်တစ်ကြိမ်တင်းနေအောင်ဆုပ်လိုက်ပြီး ဆူနာမီကဲ့သို့သောညကောင်းကင်ယံအားဆုတ်ဖြဲနေသည့်စွမ်းအားထံသို့စွမ်းအား ကြီးမားသောလက်သီးတစ်လုံးကို ပြင်းထန်စွာပစ်သွင်းလိုက်သည်။

ဤလက်သီးက အရာအားလုံးအား ဖျက်ဆီးပစ်တော့မည့်နှယ်ပင်ဖြစ်သည်။

ထူးခြားအံ့ဖွယ်ကောင်းသော ခမ်းနားပြီး စွမ်းအားကြီးမားသည့်စွမ်းအင်နှစ်ခုတို့က ဤအချိန်၌ရုတ်ခြည်းပစ်ဆောင့် ထိမှန်သွားသည်။

သို့သော် မန့်ချီး၏ ပြင်းထန်သော လက်သီးက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ကောင်းကင်မွန်းစတားဓား၏စွမ်းအားနှင့်ထိမှန်သွားသောအချိန်တွင် မာကျောခက်ထန်သော၎င်း၏မျက်နှာက ရုတ်ခြည်း ပြောင်းလဲသွား၏။ လွန်စွာ အံ့အားသင့်တုန်လှုပ်နေသော အမူအယာတစ်ခု ဖြစ်ပေါ်လာပြီး မျက်လုံးတို့က ပြူးကျယ်နေသည်။

“ဒီ..ဒီစွမ်းအား .. ဒါက ငါ့ထက်ပိုပြီးတော့သန်မာနေတယ်.. ဘယ်.ဘယ်လိုဖြစ်နိုင်မှာလဲ..သူ.. သူကဘယ်သူလဲ”

မန့်ချီးက အံ့အားသင့်စွာ ပြောလိုက်သကဲ့သို့ အသံပျောက်သွားသည်နှင့် သူ၏ မြင့်မားတုတ်ခိုင်သန်မာသောကိုယ်က ရုတ်ခြည်းတုန်ယင်သွားသည်။

သူ၏ ပြင်းထန်သောလက်သီးချက်က သူ့ရှေ့ရှိ အုံကြွနေသောစွမ်းအားအား ခဏတာသာ တားဆီးအောင်ပြုလုပ်နိုင်သည်။ သူ၏ကိုယ်ကတုန်ယင်နေသကဲ့သို့ သူ၏လက်သီးမှ ပြင်းထန်သော စွမ်းအားတို့ကလည်း ရုတ်ခြည်း တစ်စစီပြိုကွဲသွားသည်။

ထို့နောက် ငရဲဘုံကိုးခု ကောင်းကင်ပိုင်းဖြတ်ဓား၏ စွမ်းအားက သူ၏ကိုယ်အား ဧရာမလှိုင်းလုံးကြီးတစ်ခုကဲ့သို့ ထိမှန်သွားသည်။ ထို့နောက်လိုက်ပါ၍ အကန့်သတ်မဲ့သောစွမ်းအင်စီးကြောင်းတစ်ခုက သူ့ထံသို့ တစ်ဟုန်ထိုးဦးတည်လာသည်။

“အား”

မန့်ချီးကကောင်းကင်ထက်သို့ခေါင်းမော့ပြီး လက်သင့်မခံနိုင်စွာဖြင့် နာကျင်မှုအပြည့်အော်ဟစ်လိုက်သည်။

“ဟမ့်”

လက်ထဲရှိ ကောင်းကင်မွန်းစတားဓားနှင့်အတူ ဝင့်ကြွားစွာရပ်နေသောရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ စပါအုံးနဂါးမျိုးနွယ်စုမှ ဤအထီးကောင်အား စစ်မှန်သောကျွမ်းကျင်သူတစ်ဦးဟု သုံးသပ်၍ရ၏။ ၎င်းက ကာယခန္ဓာကိုယ်ကျင့်ကြံမှုကို အထူးကိုယ်စားပြုပြီး ၎င်း၏ ကာယခန္ဓာကိုယ်နှင့်အတူ သူထုတ်ဖော်လိုက်သောစွမ်းအားက သူ၏လက်သီးသက်သက်ထုတ်ဖော်သောခွန်အားနှင့်တူညီသည်ဖြစ်သည်။

သို့သော် ယင်းက လက်သီးသက်သက်ခွန်အားတစ်ခုတည်းဖြင့်သာ နှိုင်းယှဉ်ဖော်ပြနိုင်ခြင်းဖြစ်သည်။ အကယ်၍ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် လက်နက်တစ်ခုဖြစ်သော ကောင်းကင်မွန်းစတားဓား ကိုသာဆွဲကိုင်ပြီး ကိုယ်ပိုင် ဓားပညာရပ်ကိုသာထုတ်ဖော်ခဲ့မည်ဆိုလျှင် ၎င်းအနေဖြင့်မည်ကဲ့သို့ ခုခံရပ်တည်နိုင်စွမ်းရှိနိုင်ပါမည်လော။

မန့်ချီး၏အကြမ်းခံသောကိုယ်က ကောင်းကင်မွန်းစတားဓား၏ စွမ်းအားကြောင့် ဓားရာများဗရပွဖြစ်ကုန်သည်။ လတ်ဆက်သောသွေးများ ကလည်းအဆက်မပြတ်ပန်းထွက်နေ၏။ မန့်ချီး၏ကိုယ်မှာ အချိန်မရွေးဖျက်ဆီးခံရနိုင်သော မုန်တိုင်းကြားထဲမှ အထီးကျန်လှေငယ်လေးတစ်စင်းနှယ်ဖြစ်နေသည်။

ဤအချိန်တွင် ရှစ်ဖုန့်က ခေါင်းကိုလှည့်လိုက်ပြီး အရှေ့ဘက်အရပ်ဆီသို့ကြည့်လိုက်သည်။ သူ့ထံသို့ချဉ်းကပ်လာနေသော သက်ရှိသတ္တဝါတို့၏ အော်ရာများ အာရုံခံမိထားပြီးဖြစ်သည်။

သူကခေါင်းကိုလှည့်လိုက်ပြီး သူ၏စွမ်းအားဖြင့်တိုက်ခိုက်ခြင်း ခံလိုက်ရသည့် စပါးအုံးနဂါးမျိုးနွယ်စုမှ ဒုတိယတပ်မှူးကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့လိုက်ပြီး အနီးအနား၌ပုန်းအောင်းနေသော စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးကိုကြည့်လိုက်သည်။ ရှစ်ဖုန့်ကထပ်မံလှုပ်ရှားလိုက်ပြီး သူ့ရှေ့ရှိမန့်ချီးထံသို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။ မကြာခင်တွင် သူကမန့်ချီး၏ရှေ့သို့ ရောက်ရှိလာသည်။

ထို့နောက် ရှစ်ဖုန့်၏ ဘယ်လက်ဖဝါးပေါ်တွင် အဖြူရောင်ရုန်းတစ်ခုပေါ်လာပြီးမန့်ချီးထံသို့ရိုက်ထုတ်လိုက်၏။

ဤအခိုက်အတန့်တွင် မန့်ချီး၌ ရှစ်ဖုန့်၏တိုက်ခိုက်မှုအား ခုခံနိုင်သောခွန်အားရှိမနေပေ။ ရှစ်ဖုန့်၏လက်ဝါးက မန့်ချီး၏ရင်ဘက်ပေါ်သို့ စတုရန်းအတိုင်းကျရောက်သွားသည်။

“အား”

မန့်ချီး၏ပါးစပ်မှ နောက်ထပ်နာကျင်မှုအပြည့်ဖြင့်အော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။

ရှစ်ဖုန့်၏တိုက်ခိုက်မှုက မန့်ချီးအားထပ်မံဒဏ်ရာရသွားစေရုံသာမက မန့်ချီး၏ရင်ဘက်ထံသို့ ကန့်သတ်ချက်ဆီးလ်တစ်ခုကို ပါထည့်သွင်းလိုက်ခြင်းဖြစ်သည်။

ထျန်းဟန်တိုက်ကြီးအတွက် ရှေးဟောင်းစာလိပ်အားသူရလိုလျှင် စပါအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးနှင့်ဒုတိယတပ်မှူးတို့က သူ၏အောင်မြင်မှုအတွက် အာမခံပေးနိုင်လိမ့်မည်ဖြစ်သည်။

ထို့နောက် မန့်ချီး၏ရင်ဘက်အားရိုက်လိုက်သော ရှစ်ဖုန့်၏ လက်ဝါးက လက်သည်းတစ်ခုအသွင်ပြောင်းလဲသွားပြီး မန့်ချီး၏သားမွှေးကုတ်ကို ဖမ်းဆွဲလိုက်သည်။ ထို့နောက် သွေးနီရောင်အလင်းတစ်ခု လင်းလက်လာသည်။ သွေးနီရောင်အလင်းပျောက်ကွယ်သွားသောအခါတွင် စပါးအုံးနဂါးမျိုးနွယ်စုမှ ဒုတိယတပ်မှူးလည်း ပျောက်ကွယ်သွားသည်။ သူကရှစ်ဖုန့်၏သွေးကျောက်ပြားနေရာလွတ်အတွင်းသို့ စုပ်ယူခံလိုက်ရခြင်းဖြစ်သည်။

မန့်ချီးအားဖမ်းလိုက်ပြီးနောက် ရှစ်ဖုန့်ကထိုးဆင်းလိုက်ပြီး စပါးအုံးနဂါးမျိုးနွယ်စုမှကောင်မလေး ပုန်းအောင်းနေသော ကောင်မလေးထံသို့ အပြင်းဦးတည်လိုက်သည်။

“ဝုန်း”

ကျယ်လောင်သောပေါက်ကွဲသံတစ်ခုနှင့်အတူ မြေပြင်ကလှုပ်ခါသွားသည်။ ရှစ်ဖုန့်ကသစ်ပင်အားလက်သီး ဖြင့်ထိုးနှက်လိုက်၏။ ရှစ်ဖုန့်၏လက်သီးချက်စွမ်းအားအောက်တွင် မြင့်အားသောသစ်ပင်ကြီးမှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။ ၎င်းကသစ်မှုန်သစ်စများအဖြစ်ပြောင်းလဲသွားပြီး လှုပ်ခါယိမ်းထိုးနေသောမြေပြင်ပေါ်သို့ခွဲဖြာကျသွားသည်။

လမ်းအားပိတ်ဆို့နေသော သစ်ပင်ကြီးကရုတ်ခြည်းပျောက်ကွယ်သွားပြီး ကြီးမားများပြားသော သစ်မှုန့်ပုံကြီးအဖြစ်ပြောင်းလဲသွားသည်။ စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေး၏ ပုံရိပ်က ရုတ်ခြည်းထွက်ပေါ်လာသည်။ အလွန်လျှင်မြန်စွာဖြင့် ရှစ်ဖုန့်၏ပုံရိပ်က ဆင်းသက်လိုက်သည်။ သူ၏ဘယ်လက်အားတစ်ချက် လှုပ်ရှားလိုက်ပြီးကောင်မလေး၏ ပျော့ပျောင်းနူးညံ့ညင်သာသော ခါးကိုဖမ်းဆုပ်လိုက်သည်။

ထို့နောက်ကောင်မလေးအား ရင်ခွင်ထဲထည့်ကာအပေါ်သို့ထိုးတက်လိုက်ပြီး အမြှောက်ဆံတစ်ခုကဲ့သို့ ညကောင်းကင်ယံထဲရွှတ်ခနဲ ဝင်ရောက်သွားသည်။

မကြာခင် နှစ်ဦးသား ညကောင်းကင်ယံထဲ၌ ပျောက်ကွယ်သွားသည်။

ရှစ်ဖုန့်ထွက်ခွာသွားပြီးသိပ်မကြာခင် အရှေ့ဘက်ရှိညကောင်းကင်ယံထဲမှ ပုံရိပ်နှစ်ခုက မြင့်အားသော အမြန်နှုန်းဖြင့်လေကိုထိုးခွင်းလာသည်။ သစ်တော၏အထက်သို့ရောက်သောအခါတွင် ပုံရိပ်နှစ်ခုက ရုတ်ခြည်းရပ်တန့်သွားသည်။

၎င်းတို့ထဲကတစ်ယောက်မှာ ရှစ်ဖုန့်နှင့်ယခင်ကတိုက်ခိုက်ဖူးသော စပါးအုံးနဂါးမျိုးနွယ်စုမှ တပ်မှူးကြီးဖြစ်သူ မန့်တဖြစ်သည်။

အခြားတစ်ယောက်က မန့်တနှင့် အဝတ်အစား ရော ကိုယ်လုံးကိုယ်ပေါက်ကပါတူညီသည်ဖြစ်သည်။ သူက အနည်းငယ်အသက်ငယ်ကာ အသက်သုံးဆယ်အရွယ်ရှိပြီး သူ၏ခါး၌ ဧရာမရေခဲမြွေကြီးတစ်ကောင် ရစ်ခွေနေသည်။ ဤလူက စပါးအုံးနဂါးမျိုးနွယ်စုမှ တတိယတပ်မှူးဖြစ်သူ မန့်ကန်းပင်ဖြစ်သည်။

စပါးအုံးနဂါးမျိုးနွယ်စုမှ စစ်သည်တော်နှစ်ဦး ရောက်ရှိသောအခါတွင် ခေါင်းများကိုငုံ့ပြီး အောက်သို့ကြည့်လိုက်ကြသည်။ ခဏကြာပြီဂးနောက် မန့်တကပြောလိုက်သည်။

“ဒီအောက်မှ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တဲ့ သဲလွန်စတွေရှိတယ်”

“ဟုတ်တယ်”

မန့်ကန်းက ခေါင်းညိမ့်လိုက်ပြီး မကျယ်သောအသံဖြင့်ပြန်ဖြေလိုက်သည်။ ထို့နောက်သူကပြောလိုက်၏။

“တိုက်ပွဲအကြွင်းအကျန်စွမ်းအားတွေကို ငါအာရုံခံမိသလောက် ဒုတိယတပ်မှူး မန့်ချီးက ဒီနေရာမှာ တစ်စုံတစ်ယောက်နဲ့တိုက်ခိုက်ခဲ့တဲ့ပုံပဲ”

တူညီသောစွမ်းအားကိုကျင့်ကြံကြသည့် စပါးအုံးနဂါးမျိုးနွယ်စုမှ စစ်သည်တော်များဖြစ်သည်နှင့်အညီ မန်ကန်းအနေဖြင့် မန့်ချီး၏ စွမ်းအားအကြွင်းအကျန်အားအာရုံခံမိသည်မှာ အံ့အားသင့်စရာမဟုတ်ပေ။

“မန့်ချီးတစ်ယောက်သေသွားမှာတောင် ငါကြောက်မိတယ်”

မန့်တက မကျယ်သောအသံဖြင့်ပြောလိုက်သည်။

“ငါအဲ့လူနဲ့အရင်ကတိုက်ဖူးတယ်.. သူကရဲ့စွမ်းအားက မင်းနဲ့ငါနဲ့တောင်ယှဉ်လို့ရတယ်.. ဒါပေမဲ့ သူ့မှာထူးဆန်းတဲ့ ဧကရာဇ်နယ်ပယ် လက်နက်တစ်ခုရှိနေတယ်. အဲ့လက်နက်နဲ့ဆိုရင် သူက ငါတို့ထက်ပိုသန်မာတဲ့ စွမ်းအားကြီးတိုက်ခိုက်မှုကို ထုတ်ဖော်နိုင်တယ်”

“မန့်တ မင်းက အဲ့လူကိုငါ့တို့နဲ့တူ လိုက်ဖမ်းဖို့ အကြံပေးခဲ့ပေမဲ့ မန့်ချီးက မင်းပြောတာကိုနားမထောင်ခဲ့ပဲ. သူ့ဘာသာသူလုပ်ဆောင်ခဲ့တယ်..အကယ်၍ မတော်တဆမှုဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲ့တာကသူ့ရဲ့ကိုယ်လုပ်တဲ့အမှားပဲ.”

မန့်ကန်းကပြောလိုက်သည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters