← Chapters

အခန်း (၉၁၈)

Vol. 62 Ch. 918

အခန်း (၉၁၈)

Vol. 62 Ch. 918

အရပ်မြင့်မြင့် တုတ်ခိုင်သန်မာသောကိုယ်နှင့် ပုံရိပ်နှစ်ခုက တောအုပ်၏ ညကောင်းကင်ယံထက်၌ ဝင့်ကြွားစွာရပ်နေသည်။ သိပ်မကြာခင် အရှေ့ဘက်ညကောင်းကင်ယံထဲမှ ပို၍များပြားသောပုံရိပ်များ ပေါ်လာသည်။

စပါးအုံးနဂါးမျိုးနွယ်စုမှစစ်သည်တော် များစုစည်းမိကြပြီဖြစ်သည်။ ၎င်းတို့၏ ကာယခွန်အားက ပထမတပ်မှူးမန့်တနှင့်တတိယတပ်မှူး မန့်ကန်းတို့နှင့် နှိုင်းယှဉ်၍မရပေ။ ထို့ကြောင့် သူတို့က ၎င်းတို့နှစ်ဦး၏ နောက်ဘက်အဝေး၌ရပ်နေကြ၏။

ထို့နောက်လိုက်ပါ၍ ပထမတပ်မှူးမန့်တက ခေါင်းကိုဖြည်းညှင်းစွာမော့လိုက်ပြီး အနောက်ဘက်ညကောင်းကင်ယံထဲသို့ မော့ကြည့်လိုက်သည်။ သူကပြောလိုက်သည်။

“စွမ်းအင်အတက်အကျလှိုင်းတွေကိုငါအာရုံခံမိသလောက်တော့ အဲ့လူက ဒီဘက်ကိုသွားလောက်တယ်.. လိုက်ဖမ်းကြစို့”

“ဒီဘက်”

တတိယတပ်မှူး မန့်ကန်းကလည်း ခေါင်းကိုမော့လိုက်ပြီး အနောက်ဘက်သို့ကြည့်လိုက်သည်။

“ဒီဘက်တောအုပ်အနောက်ဘက်က ယန်လူမျိုးစုတွေရဲ့နေရာပဲ.. ပထမတပ်မှူး စပါးအုံးနဂါးမျိုးနွယ်စုက စစ်သည်တော်အများကြီးကို ခေါ်သွားဖို့က မသင့်တော်ဘူး”

“ယန်မျိုးနွယ်စု”

မန့်ကန်း၏ သတိပေးမှုအားလက်ခံရရှိပြီးနောက် မန့်တကနောက်တစ်ကြိမ်ခေါင်းကိုငုံ့လိုက်ပြီးသူ့အောက်ရှိ ကြီးမားသောတောအုပ်ကြီးကို ကြည့်လိုက်သည်။ ထို့နောက် သူက ကြီးမားသောတောအုပ်လမ်းကြောင်းကိုကြည့်လိုက်ပြီးဖြည်းညှင်းစွာခေါင်းညိမ့်လိုက်၏။

“ဆက်သွားရန်အဲ့တာကတကယ့်ကို ယန်မျိုးနွယ်စုရဲ့နယ်မြေပဲ.. ငါတို့မျိုးနွယ်စုနဲ့ ယန်မျိုးနွယ်စုက အမြဲတမ်း သဟဇာတဖြစ်ပြီး မကောင်းဆိုးဝါးတောင်ပေါ် စုန်းမျိုးနွယ်စုကို ခုခံတွန်းလှန်ဖို့ မဟာမိတ်ဖွဲ့ထားတာကြောင့် စပါးအုံးနဂါးမျိုးနွယ်စုက စစ်သည်တော်တွေအများကြီးကို သူတို့နယ်မြေထဲကို ခေါ်သွားတာက တကယ်မသင့်တော်ဘူး.”

ပထမတပ်မှူးမန့်တက လှည့်လိုက်ပြီး စပါးအုံးနဂါးမျိုးနွယ်စုမှ စစ်သည်တော်များကို အော်ပြောလိုက်သည်။

“ ရှေ့မှာ ရှိနေတာက ယန်မျိုးနွယ်စုရဲ့နယ်မြေပဲ.. စပါးအုံးနဂါးမျိုးနွယ်စုက စစ်သည်တော်တို့ဒီနေရာမှာ ရပ်ကြ”

မန့်တအမိန့်ပေးလိုက်သည်နှင့် စပါးအုံးနဂါးမျိုးနွယ်စုမှ စစ်သည်တော်များက သူတို့၏လမ်းကြောင်းကိုရပ်တန့်လိုက်ပြီး ညကောင်းကင်ယံထဲ၌ဝင့်ကြွားစွာ ရပ်တန့်လိုက်ကြ၏။

ဤအချိန်တွင် မန့်တက ထပ်မံပြောလိုက်သည်။ စပါးအုံးနဂါးမျိုးနွယ်စုမှ ရာနှင့်ချီသောစစ်သည်များကို အော်ပြောလိုက်သည်။

“အဲ့လူယုတ်မာက ယန်မျိုးနွယ်စု နယ်မြေထဲကို ဝင်သွားလောက်တယ်..တတိယတပ်မှူးနဲ့ငါက ယန်မျိုးနွယ်စုနယ်မြေထဲကို ဝင်ဖို့ပြင်ဆင်ထားတယ်.. ကျန်တဲ့မင်းတို့အကုန်လုံးက စပါးအုံးနဂါးမျိုးနွယ်စုကို အရင်ပြန်ကြ”

“အခု မျိုးနွယ်စုခေါင်းဆောင်ရှိမနေတာကြောင့် မျိုးနွယ်စုထဲမှ အစောင့်အကြပ်က စတုတ္ထတပ်မှူးနဲ့ တစ်ထောင်ထက်မနည်းတဲ့ စစ်သည်တော်တွေပဲရှိတယ်.. ငါတို့မှာ ငါတို့မရှိတုံး မကောင်းဆိုးဝါး တောင်ပေါ်စုန်းမျိုးနွယ်စုတွေ အချိန်မရွေးချောင်းတိုက်မှာကို အချိန်တိုင်း စိတ်ပူနေရတာ”

“ပထမတပ်မှူးပြောတာမှန်တယ်. ငါတို့က အချိန်တိုင်း မကောင်းဆိုးဝါးတောင်ပေါ်စုန်းမျိုးနွယ်စုကို စိတ်ပူနေရတာ.. အဲ့လူယုတ်မာက စက်ဆုပ်ဖို့ကောင်းပြီး ငါတို့ရဲ့ အမျိုးသမီးကို ခိုးယူသွားပေမဲ့. သူက ယုတ်မာပြီးရက်စက်တဲ့တောင်ပေါ် စုန်းမျိုးနွယ်စုနဲ့ ယှဉ်လို့မရဘူး”

“ယန်လူမျိုးစုထဲကို ငါတို့တွေအများကြီးဝင်ရောက်တာက တကယ်ပဲ မသင့်တော်တဲ့အပြုအမူပဲ”

မန့်တ၏ စကားတို့အားကြားလိုက်ရသောအခါတွင် စပါးအုံးနဂါးမျိုးနွယ်စုမှ စစ်သည်တော်များကလည်း သဘောတူခေါင်းညိမ့်လိုက်ကြသည်။

“ပထမတပ်မှူးနဲ့ တတိယတပ်မှူးတို့ပြောသလို စပါးအုံးနဂါးမျိုးနွယ်စုဆီကိုပြန်ကြစို့.”

နောက်ထပ်လူတစ်ယောက်က ပြောလိုက်သည်။

“မကောင်းဆိုးဝါး တောင်ပေါ်စုန်းမျိုးနွယ်စု ရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ စောင့်ကြပ်ကြရအောင်”

“သွားစို့. တပ်မှူးကြီးရဲ့စကားကိုနားထောင်ပြီး ငါတို့ရဲ့စပါးအုံးနဂါးမျိုးနွယ်စုဆီကို ပြန်ပြီး မျိုးနွယ်စုကို ကာကွယ်ရအောင်”

ထို့နောက်လိုက်ပါ၍ စပါးအုံးနဂါးမျိုးနွယ်စုမှ စစ်သည်တော်များက လှည့်လိုက်ကြပြီး စပါးအုံးနဂါးမျိုးနွယ်စု၏တည်နေရာရှိရာ အရှေ့အရပ်သို့ဦးတည်လိုက်သည်။ ၎င်းတို့က လေကိုထိုးခွင်းပြီးပြန်သွားကြ၏။

မျိုးနွယ်စုဝင်များထွက်ခွာသွားပြီးနောက် စပါအုံးနဂါးမျိုးနွယ်စုမှ ပထမတပ်မှူးနှင့်တတိယတပ်မှူး တို့ဖြစ်ကြသော မန့်တနှင့်မန့်ကန်းတို့က လည်း လှည့်လိုက်ပြီး အနောက်အရပ်သို့မျက်နှာမူလိုက်သည်။ ထို့နောက်လိုက်ပါ၍ နှစ်ယောက်သားအရှိန်မြှင့်ပြီး ရှစ်ဖုန့်နောက်သို့လိုက်လံဖမ်းဆီး လိုက်ကြသည်။

ညကောင်းကင်ယံထဲတွင်ရှစ်ဖုန့်မှာ သူ၏ရင်ခွင်အတွင်းမှ စပါးအုံးနဂါးမျိုးနွယ်စု၏ ကောင်မလေးနှင့်အတူ မြင့်မားသောအမြန်နှုန်းဖြင့်ပျံသန်းနေသည်။ အဝေးမှာအော်ရာနှစ်ခုက သူ့နောက်သို့လက်ဖမ်းနေသည်ကို သူအာရုံခံမိပြီးဖြစ်သည်။

သူ၏မှန်းဆချက်သာမှန်မည်ဆိုလျှင် ဤအော်ရာနှစ်ခုက စပါးအုံးနဂါးမျိုးနွယ်စုမှ စွမ်းအားကြီးလူနှစ်ယောက်ဖြစ်နိုင်သည်။

ယခင်ကစပါးအုံးနဂါးမျိုးနွယ်စုမှပထမ တပ်မှူးနှင့် ၎င်းနှင့် လက်ရည်ညီသော ဒုတိယတပ်မှူးမန့်ကန်းတို့ကို သူ မြင်တွေ့ခဲ့ပြီးပြီဖြစ်သည်။ စပါးအုံးနဂါးမျိုးနွယ်စုမှ စွမ်းအားကြီးမားသောကာယခန္ဓာကိုယ်နှင့် စွမ်းအားကြီးသူအနည်းငယ် ထပ်ပြီးရှိနေခြင်းက အံ့အားသင့်စရာမဟုတ်ပေ။

မြင့်မားသောအမြန်နှုန်းဖြင့် ပျံသန်းနေသကဲ့သို့ ခေါင်းကိုငုံ့လိုက်ပြီး စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးကိုကြည့်လိုက်သည်။ သူကမေးလိုက်၏။

“မင်းတို့စပါးအုံးနဂါးမျိုးနွယ်စုမှ အဲ့ကောင်ကြီးလိုမျိုး သန်မာတဲ့သူတွေ ဘယ်လောက်အထိရှိလဲ”

“နင်ပြောတာဒုတိယတပ်မှူးလား”

ရှစ်ဖုန့်၏မေးခွန်းအားကြားသောအခါတွင် ကောင်မလေးကရှစ်ဖုန့်အား ကြည့်ပြီးမေးလိုက်သည်။

“ဟုတ်တယ်. သူပဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒုတိယတပ်မှူးရဲ့ ကာယခ္ဓာကိုယ်က ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ကိုရောက်နေပြီ..ငါတို့မျိုးနွယ်စုထဲမှာ သူ့ရဲ့ခွန်အားက ပထမတပ်မှူးနဲ့ယှဉ်လို့ရတယ်.. ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကိုရောက်နေတဲ့ တတိယတပ်မှူးနဲ့ စတုတ္ထတပ်မှူးတို့လည်းရှိနေသေးတယ်.. ဒါပေမဲ့ ငါကြားရသလောက်တော့ သူတို့ရဲ့တိုက်ခိုက်ရေးခွန်အားက ပထမတပ်မှူးနဲ့ ဒုတိယတပ်မှူးတို့ထက် အနည်းငယ်နိမ့်ကျတယ်တဲ့..”

ကောင်မလေးက ရိုးသားစွာပြန်ဖြေသည်။

ယခုသူမက ဤလူ၏ဖမ်းဆီးခြင်းကိုခံထားရပြီး အဖမ်းခံရသည်မှာလည်း အချိန်တော်တော်ကြာပြီဖြစ်ကာ စပါးအုံးနဂါးမျိုးနွယ်စုမှလူများ ကသူတို့ကိုမြင်သည်နှင့် ဒုတိယတပ်မှူးကဲ့သို့ ဤပြင်ပလူကြောင့် သူတို့ညစ်နွမ်းသွားသည်ဟုထင်မည် ကိုသူမကြောက်မိသည်။

အကယ်၍ထိုသို့သာတကယ်ဖြစ်ခဲ့လျှင် …..

ဤအချိန်တွင် စပါးအုံးနဂါးမျိုးနွယ်စုမှကောင်မလေးမှာ စပါးအုံးနဂါးမျိုးနွယ်စုထံသို့ မပြန်ရဲတော့ပေ။ သူမကအပျိုစင်တစ်ဦးဖြစ်နေသေးသော်လည်း ဤကဲ့သို့အချိန်တော်တော်ကြာပြီးနောက် မည်သူကများ သူမကိုယုံကြည်ပါမည်နည်း။

မြေရိုင်းတိုက်ကြီးအတွင်းတွင် အမျိုးသမီးများကို မနှစ်သက်သောယောက်ျားသားမည်သူရှိပါသနည်း။ ထိုကဲ့သို့အရာမျိုးဖြစ်ပျက်ပြီးနောက် ၎င်းက အမျိုးသမီးတစ်ယောက်အား လွှတ်ပေးလိမ့်မည်မဟုတ်ပေ။

စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးမှာ အနည်းငယ်စိတ်သက်သာရာရစွာဖြင့်ကျေးဇူးတင်မိသည်။ အကယ်၍ဒုတိယတပ်မှူးကိုသာ ဤလူအနိုင်မယူခဲ့လျှင် သူမအနေဖြင့် ဒုတိယတပ်မှူး၏ ထိန်းမနိုင်သိမ်းနိုင်ဒေါသထွက်မှုကြောင့် အသတ်ခံရလိမ့်မည်ဖြစ်သည်။

ဤကဲ့သို့သန်မာသောယောက်ျား တစ်ယောက်ဖြစ်နေပြီးရုပ်ရည်က လည်းချောမောသည်ဖြစ်သည်။ သူကစပါးအုံးနဂါးမျိုးနွယ်စုမှ ယောက်ျားတစ်ယောက်မဖြစ်နေခြင်းက စိတ်မကောင်းစရာဖြစ်၏။

“မဟုတ်သေးဘူး.အကယ်၍ ငါသာ စပါးအုံးနဂါးမျိုးနွယ်စုကိုပြန်မသွားနိုင်ရင် ငါကစပါးအုံးနဂါးမျိုးနွယ်စုနဲ့ထပ်ပြီး မချည်နှောင်တော့ဘူး.. ဖြစ်နိုင်တာ..ဖြစ်နိုင်တာက အခု ကစပြီးငါသူ့နောက်ကိုလိုက်သင့်တယ်”

ကောင်မလေးက စိတ်ကူးရိုင်းလေးများယဉ်နေလေသည်။ သူမကထိုအရာအားတွေးနေသကဲ့သို့ မျက်နှာကလဲ ရဲတွတ်လာသည်။

ကောင်မလေး၏ ပြန်ဖြေမှုအားကြားပြီးနောက် ရှစ်ဖုန့်ကသူမကိုထပ်မံအာရုံမစိုက်တော့ပေ။ ပင်ကိုယ်အားဖြင့် သူမ၏ရဲတွတ်နေသောမျက်နှာအား သတိမပြုမိပေ။

“မျိုးနွယ်စုတစ်ခုတည်းကတကယ်ကြီး ကာယခန္ဓာကိုယ်မှာ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကိုရောက်နေတဲ့ လူလေးယောက်တောင် မွေးထုတ်နိုင်တယ်..အခြား အင်အားကြီးမျိုးနွယ်စုတွေလည်း အတူတူပဲလားဆိုတာကိုငါသိချင်မိတယ်..အကယ်၍အဲ့လိုသာဆိုရင်တော့ ဒီကမ္ဘာကတကယ့်ကိုထူးခြားအံ့ဖွယ်ပဲ”

“ဟမ်”

ရှစ်ဖုန့်က စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးနှင့်တူ မသိလိုက်ပါဘဲ တောအုပ်အတွင်းမှပျံသန်းထွက်လာသည်။ ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိအပူချိန်ကရုတ်ခြည်း ဒီဂရီအနည်းငယ်မြင့်တက်လာသည်ကိုအာရုံခံမိလိုက်သည်။ ၎င်းကခြစ်ခြစ်တောက်ပူခြင်းဖြစ်၏။

ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းငုံ့ကြည့်လိုက်၏။ အောက်ဘက်တွင် ပြွတ်သိပ်နေသောမီးတောင်ဝများစွာကို ချက်ချင်းမြင်တွေ့လိုက်ရ၏။ အကြိမ်တိုင်းအကြိမ်တိုင်း မီးနဂါးတစ်ကောင်လေထဲ၌ ချာလပတ်လည်နေသကဲ့သို့ မီးတောက်များကို ပန်းထုတ်နေ၏။

စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးကလည်း အပူချိန်ပြောင်းလဲမှုကိုခံစားလိုက်ရသည်။သူမကမြေပြင်သို့ငုံ့ကြည့်လိုက်ပြီးအံ့အားသင့်စွာ ပြောလိုက်သည်။

“ဒါ..ဒါက ယန်မျိုးနွယ်စုနယ်မြေတော့ မဖြစ်နိုင်ဘူးမလား”

“ယန်မျိုးနွယ်စုလား”

ရှစ်ဖုန့်ကကောင်မလေးအား ကြည့်လိုက်ပြီးမေးလိုက်သည်။

“တောအုပ်အနောက်ဘက်အလွန်မှာ ယန်မျိုးနွယ်စုနယ်မြေရှိတယ်လို့မျိုးနွယ်စုကလူတွေဆီကနေငါတစ်ခါကြားဖူးတယ်”

စပါးအုံးနဂါးမျိုးနွယ်စုမှကောင်မလေးက ပြန်ဖြေသည်။

“စပါးအုံးနဂါးမျိုးနွယ်စုနဲ့ယှဉ်ရင်ယန်မျိုးနွယ်စုက ဘယ်လိုနေလဲ”

ရှစ်ဖုန့်က အရေးကြီးသောမေးခွန်းကိုမေးလိုက်သည်။

“ငါတို့စပါးအုံးနဂါးမျိုးနွယ်စုက မကောင်းဆိုးဝါးတောင်ပေါ်စုန်းမျိုးနွယ်စုကိုခုခံတွန်းလှန်ဖို့အတွက် ယန်မျိုးနွယ်စုနဲ့ မဟာမိတ်ဖွဲ့ထားတယ်..သူတို့ရဲ့အင်အားကငါတို့စပါးအုံးနဂါးမျိုးနွယ်စုထက်ပိုပြီးသာတယ်လို့ကြားဖူးတယ်”

ကောင်မလေးကပြောသည်။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters