အခန်း (၉၁၉)
Vol. 62 Ch. 919
“မင်းရဲ့ စပါးအုံးနဂါးမျိုးနွယ်စု ထက်တောင်ပိုပြီးအင်အားကြီးတယ်ပေါ့”
စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးပြောသည်အားကြားသောအခါတွင် ရှစ်ဖုန့်က တုန်လှုပ်အံ့အားသင့်သွားသည်။ သူ၏မျက်နှာကတည်ကြည် လေးနက်သွား၏။
စပါးအုံးနဂါးမျိုးနွယ်စု၌ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေသော တပ်မှူးလေးဦးရှိသည်ဖြစ်၏။ ဆန်းကြယ်ပြီး ပို၍စွမ်းအားကြီးမားသော နတ်ဘုရားတစ်ပိုင်းနယ်ပယ်မျိုးနွယ်စုခေါင်းဆောင်လည်းရှိသည်ဖြစ်သည်။
သူ့အားအတင်းအကျပ်ထွက်ပြေး အောင်နောက်မှလိုက်ဖမ်းနေသော နောက်ရှိ စပါးအုံးနဂါးမျိုးနွယ်စုမှ အော်ရာနှစ်ခုကြောင့်ရှစ်ဖုန့်တစ်ယောက် သတိရှိနှင့်နေပြီးဖြစ်သည်။
အကယ်၍သူသာ ယန်မျိုးနွယ်စုမှ ပို၍စွမ်းအားကြီးမားသောသူများကိုသာ ဆွဲဆောင်မိခဲ့လျှင် ၎င်းတို့အား သူဘယ်လိုလုပ်တိုက်ခိုက်နိုင်ပါမည်နည်း။
ဤအကြောင်းအရာအားတွေး မိသောအခါတွင် ရှစ်ဖုန့်၏အရှိန်အပြည့်ဖြင့်ရွေ့လျားနေသောပုံရိပ်က ရုတ်ခြည်းတန့်သွားသည်။
သို့သော် ရှစ်ဖုန့်ရပ်တန့်လိုက်သည့်အခိုက်အတန့်တွင် အောင်ဘက်ရှိ မီးတောင်ဝမှ မီးတန်းကြီးက ပန်းထွက်လာပြီး ကောင်းကင်ထဲသို့ထိုးတက်လာသည်။
ရှစ်ဖုန့်၏အမူအယာကသိသိသာသာပြောင်းလဲသွားသည်။ သူ၏ အကြောက်ဆုံးအရာက တကယ်ဖြစ်လာပြီဖြစ်သည်။
မီးတောင်ဝများဆီမှ မီးတန်းကြီးများ ရွှတ်ခနဲထွက်လာသည်။ ၎င်းတို့က ထောင်နှင့်ချီသည်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း ရှစ်ဖုန့်တစ်ယောက် မီးတန်းများ၏ ဝိုင်းရံခြင်းကိုခံလိုက်ရသည်။
ဤကဲ့သို့ပြွတ်သိပ်များပြားလှသော မီးတန်းများ၏တစ်ခုစီတိုင်းတွင် ရဲရဲတောက်နေသောပုံရိပ်တစ်ခုကို ခပ်ရေးရေးမြင်ရသည်ဖြစ်သည်။ ဤပုံရိပ်များက ကောင်မလေးပြောသော ယန်မျိုးနွယ်စုမှ လူများဖြစ်ရမည်သာဖြစ်သည်။
“ဘယ်သူလဲ.. ယန်မျိုးနွယ်စုရဲ့ပိုင်နက်ထဲကို ခွင့်ပြုချက်မရှိဘဲ ဘယ်လိုလုပ်ပြီး ကျူးကျော်ရဲတာလဲကွ..”
ဤအခိုက်အတန့်တွင် ခံ့ညားသော အသံတစ်ခုက အကွာအဝေးတစ်ခုအတွင်းမှထွက်ပေါ်လာသည်။
အသံက ကုန်းမြေတစ်ခုလုံးကို ဖြတ်သန်းရိုက်ခတ်သွားသည်။
ရှစ်ဖုန့်က မီးတန်းများစွာကိုဖြတ်ကျော်ကြည့်လိုက်ပြီး လွန်စွာကြီးမားသောမီးတန်းကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်းက ကောင်းကင်အားထိန်းထားနိုင်သကဲ့သို့ ပင်ဖြစ်သည်။ မီးတန်းအတွင်း၌ ပြိုင်ဘက်ကင်းစွမ်းအားကြီးအော်ရာတစ်ခု ရှိနေသည်။ ၎င်းကအရာအားလုံးအား လောင်ကျွမ်းပြာချပစ်နိုင်သကဲ့သို့ အရမ်းကို ပူပြင်းသည်ဖြစ်၏။
“ဒီအော်ရာ.. ..အရမ်းစွမ်းအားကြီးတာပဲ”
ရှစ်ဖုန့်တစ်ယောက် လွန်စွာ တုန်လှုပ်အံ့အားသင့်သွားသည်။ ဤကမ္ဘာပေါ်၌ ဤကဲ့သို့ စွမ်းအားကြီးမားသော ကျင့်ကြံသူတစ်ဦးရှိနေလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ချေ။ မီးတန်းကြီးအတွင်းမှ လူနှင့်နှိုင်းယှဉ်လိုက်လျှင် သူ့၌လုံးဝခုခံနိုင်သော စွမ်းအားရှိမနေသည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။ ၎င်းက နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဟုခေါ်သော နယ်ပယ်ဖြစ်နိုင်မည်လော။
“နတ်ဘုရားနယ်ပယ်.. ဒါကနတ်ဘုရားနယ်ပယ်ကျွမ်း ကျင်သူတစ်ယောက်ပဲ.. ဒီအော်ရာက လွန်ခဲ့တဲ့အဲ့နှစ်တွေတုန်းက ငါ့ရဲ့စွမ်းအားနဲ့ ယှဉ်လို့ရတယ်..”
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ဒန်တန်နှင့်ပေါင်းစပ်ထားသော ကောင်းကင်မီးတောက် က အံ့အားသင့်စွာပြောဆိုလိုက်သည်။
“နတ်ဘုရားနယ်ပယ်. ခင်ဗျားနဲ့နှိုင်းယှဉ်နိုင်တာလား”
ကောင်းကင်မီးတောက်၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်တစ်ယောက်ထပ်မံတုန်လှုပ်အံ့အားသင့်သွားသည်။ သူသိသလောက်ဆိုလျှင် ကောင်းကင်မီးတောက်က နတ်ဘုရားနယ်ပယ်ကောင်းကင် မီးတောက်ဖြစ်သည်။ မီးတန်းကြီးအတွင်းရှိ ထိုလူက၎င်းနှင့်နှိုင်းယှဉ်၍ရသည်ဟု ပြောနေ၏။
“ငါအခုနားလည်ပြီ”
ရှစ်ဖုန့်က အသိပြန်ဝင်လာသောအခါတွင် တီးတိုးရေရွတ်လိုက်သည်။
“ထျန်းဟန်တိုက်ကြီးအတွင်းမှာ ဒီလူရဲ့နယ်ပယ်နဲ့ ကောင်းကင်မီးတောက်တို့ရဲ့ နယ်ပယ်ကို နတ်ဘုရားနယ်ပယ်လို့ ခေါ်တယ်..ဒါပေမဲ့ မြေရိုင်းတိုက်ကြီးအတွင်းမှာတော့ ဒီနယ်ပယ်ကနတ်ဘုရား တစ်ပိုင်းနယ်ပယ်ပဲဖြစ်တယ်”
“ကောင်မလေးရဲ့ ပြောစကားအရဆိုရင် ဒီကမ္ဘာမှာ ဒဏ္ဍာရီလာ နတ်ဘုရားအဆင့်ကျွမ်းကျင် သူတွေရှိနေသေးတယ်.. ဒီလိုဆိုရင် ..ဒီကမ္ဘာရဲ့ ဟိုးအတိတ်ထဲမှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ရဲ့အထက်ပိုပြီးစွမ်းအားကြီးတဲ့နယ်ပယ်ရှိလိမ့်မယ်.. အဲ့နယ်ပယ်ကမှ နတ်ဘုရားအဆင့်နယ်ပယ်လို့ခေါ်ဖို့ အရည်အချင်းပြည့်မှီတယ်”
“ငါဒါကိုမမျှော်လင့်ထားဘူး. ငါတကယ်ဒါကိုမမျှော်လင့်ထားဘူး.. ငါအရင်တုန်းက ဒုက္ခသုက္ခခံပြီး လိုက်စားခဲ့တဲ့ နတ်ဘုရားအဆင့်နယ်ပယ်ဆိုတာ ဒီကမ္ဘာမှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်အ ဖြစ်ပဲခေါ်တယ်..အဲ့တာထက်ပိုတာက.. အဲ့နယ်ပယ်ကို ငါကရောက်ခဲ့တဲ့သူမဟုတ်ဘူး”
အများဆုံး ရှစ်ဖုန့်အနေဖြင့် စပါးအုံးနဂါးမျိုးနွယ်စု၏ကောင်မလေးထံမှ ခေါင်းဆောင်ဖြစ်သူကလည်း နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်ရှိနေသည်ဟု ပြောသည်ကိုကြားခဲ့ရသည်ဖြစ်သည်။
ကမ္ဘာပေါ်၏အသန်မာဆုံး လူသားတစ်ယောက်ဖြစ်သည်နှင့်အညီ မြေရိုင်းဒေသကြီးသို့ရောက်ရှိလာပြီး အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက်အား မြင်တွေ့ပြီးနောက် အနည်းငယ်စိတ်ပျက်မှုကိုရှစ်ဖုန့်ခံစားလိုက်ရသည်။
“မင်းကဘယ်သူလဲ…မင်းကို ယန်မျိုးနွယ်စုရဲ့နယ်မြေထဲ ခွင့်မပြုချက်မရှိဘဲ ဘာလို့ကျူးကျော်တာလဲလို့ ငါတို့ရဲ့ယန်မျိုးနွယ်စုခေါင်းဆောင်ကမေးနေတယ်.. အကယ်၍မင်းမဖြေဘူးဆိုရင် မင်းအသက်ကို ငါတို့ယူရလိမ့်မယ်”
ဤအခိုက်အတန့်တွင် အခြားသောမီးတန်းများနှင့်နှိုင်းယှဉ်ပါက ထူးထူးကဲကဲကြီးမားသော မီးတန်းတစ်ခုထံမှ ဒေါသတကြီးအော်ဟစ်သောအသံ တစ်ခုထွက်ပေါ်လာသည်။
ဤအော်သံအားကြားလိုက်ရသောအခါတွင် ထိုမီးတန်းထံမှ ထုတ်လွှတ်နေသည့် ခြစ်ခြစ်တောက်ပူသောမီးတောက်အော်ရာတစ်ခုကိုရှစ်ဖုန့်ခံစားမိသည်ဖြစ်သည်။ ဤလူ၏ခွန်အားက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် သို့ရောက်ရှိနေပြီး သူ၏ ကိုယ်ပိုင်ခွန်အားနှင့်နှိုင်းယှဉ်နိုင် သည်ဖြစ်သည်။
များပြားလှသောမီးတန်းများ၏ကြားထဲတွင် ဤကဲ့သို့ အော်ရာအဆင့်ရောက်ရှိနေသည့် လူလေးဦးရှိ၏။ ယင်းမှာ ထိုနတ်ဘုရားတစ်ပိုင်းကျင့်ကြံသူကို ဖယ်လိုက်မည်ဆိုလျှင် သူနှင့်နှိုင်းယှဉ်နိုင်သည့်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် သို့ရောက်ရှိနေသော လူငါးဦးရှိနေသည်ဟုဆိုလိုခြင်းဖြစ်သည်။
ထို့နောက်ချက်ချင်း အစောပိုင်းကစကားပြောခဲ့သောမီးတန်းအတွင်းမှ မီးတန်းတစ်ခုလုံး ရုတ်ခြည်းထိုးတက်လာပြီးမီးသား ရဲတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားသည်။ ဧရာမမီးတောက်ကြီး၏အထက်တွင် မီးလူသားတစ်ဦးကဲ့သို့ ခြစ်ခြစ်တောက်ပူသောမီးတောက်များတောက်လောင်နေသည့် တုတ်ခိုင်သန်မာသော ပုံရိပ်တစ်ခုကဝင့်ကြွားစွာရပ်နေသည်။
ဧရာမမီးတောက်သားရဲကြီးက ရုတ်ခြည်းလှုပ်ရှားလိုက်သည်။ ၎င်းကပြွတ်သိပ်များပြားသောမီးတန်းများကို ဖြတ်သန်းသွားပြီး ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်လာသည်။
“ဒါကယန်မျိုးနွယ်စုရဲ့ နယ်မြေပဲ.. ဒီခြစ်ခြစ်တောက်ပူတဲ့ဒေသထဲမှာဆိုရင် တို့ရဲ့စွမ်းအားက တိုးပွားလာတယ်ဆိုတဲ့ကောလဟာ လရှိတယ်..အဲ့တာထက်ပိုတာက သူတို့ရဲ့မျိုးနွယ်တစ်ခုလုံး စစ်စည်းရုံးထားတာ.. နင်သူတို့ကို မယှဉ်နိုင်တာရှင်းတယ်..အခု သူတို့ကိုနင်တောင်းပန်ပြီး ဒီနေရာကို မှားဝင်လာတာပါလို့ ပြောသင့်တယ်.. ပြီးရင်တို့တွေ ဒီကနေ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်သွားရအောင်”
စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးက ရန်မူသောအော်ရာနှင့်တစ်ဟုန်ထိုးဦးတည်လာနေသောမီးတောက်သားရဲကြီးနှင့် ၎င်းပေါ်ရှိ စွမ်းအားကြီးပုံရိပ်ကိုကြည့်၍ ရှစ်ဖုန့်အားအလျှင်အမြန်ပြောလိုက်သည်။
ဤလူက မဆင်မခြင်ပြုမူပြီးသူမအားသူနှင့် အတူဆွဲခေါ်သွားမည်ကို ကြောက်မိသည်ဖြစ်သည်။
သိပ်မကြာခင်က စပါးအုံးနဂါးမျိုးနွယ်စုအတွင်း၎င်းက ဤကဲ့သို့ပြုမူခဲ့သည်ဖြစ်သည်။ စပါးအုံးနဂါးမျိုးနွယ်စုအတွင်းတွင် သူက တပ်မှူးကြီးနှင့်မဆိုင်းမတွ တိုက်ခိုက်ခဲ့သည်ဖြစ်သည်။
ဤအချိန်အတောအတွင်း မျိုးနွယ်စုခေါင်းဆောင်ဖြစ်သူက အရေးကြီးကိစ္စများပြုလုပ်ရန်ရှိသောကြောင့်စပါးအုံးနဂါးမျိုးနွယ်စုအတွင်း ရှိမနေခဲ့ခြင်းဖြစ်သည်။ အကယ်၍ ခေါင်းဆောင်သာ ထိုနေရာ၌ရှိနေခဲ့လျှင် ဤနေရာရောက်သည်အထိ သူထွက်ပြေးလွတ်မြောက် နိုင်စွမ်းပင်ရှိလိမ့်မည်မဟုတ်ပေ။
ကောင်မလေး ၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်က သူ့ထံသို့ဦးတည်လာနေသောရှေ့ရှိ ဧရာမမီးတောက်ကြီးထံသို့ ကြည့်လိုက်သည်။ သူက ကောင်မလေးအားရင်ခွင်အတွင်းမှ ဖြည်းညှင်းစွာဖြေလျော့လွှတ်ပေးလိုက်ပြီး ရှေ့သို့ဆက်လက်စိုက်ကြည့်နေသည်။
“ငါကငါတို့နောက်ကသစ်တောကို ဖြတ်ခဲ့တာ.. ဒါကယန်မျိုးနွယ်စုရဲ့နယ်မြေမှန်းကိုငါမသိဘူး. အကယ်၍ မင်းတို့ကို နှောက်ယှက်မိတယ်ဆိုရင်..ငါအခုထွက်သွားပေးမယ်”
အမျှော်အမြင်ရှိသောလူတစ်ယောက်က တိုက်ခိုက်သည်ထက် အခြေအနေကိုပို၍နားလည်သဘောပေါက်သည်ဖြစ်သည်။ ဤနေရာ၌ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ငါးယောက်နှင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦးရှိနေသည်။ ၎င်းတို့အား မယှည်နိုင်သောကြောင့် ဆုတ်ခွာရန်သာတက်နိုင်သည်ဖြစ်၏။
သူတို့နောက်သို့ စပါးအုံးနဂါးမျိုးနွယ်စုမှအော်ရာနှစ်ခု လိုက်ဖမ်းနေပြီးရှစ်ဖုန့်၏ထက်ရှသော ဝိညာဉ်စွမ်းအားအရ ၎င်းတို့အနေဖြင် ယန်မျိုးနွယ်စုနယ်မြေအတွင်းဝင်လာပြီးဖြစ်သည်ကိုအာရုံခံမိပြီးဖြစ်ကာ လက်ရှိနယ်မြေအရှင်များအားတိုက်ခိုက်ခြင်းထက် ထိုနှစ်ယောက်ကိုတိုက်ခိုက်ခြင်းက ပို၍ကောင်းသည်ဖြစ်သည်။
“ဟမ့်. အခုမင်းစကားပြောပြီပေါ့.. အခုမှမင်းကမသိဘူးပြောတယ်..အခုပဲမင်းထွက်သွားမယ်ပြောတယ်.. အရမ်းများနောက်ကျမနေဘူးလား”
ဤအခိုက်အတန့်တွင် တစ်ဟုန်ထိုးလာနေသည့် ဧရာမမီးတောက်သားရဲကြီးပေါ်ရှိ မီးတောက်ပြင်းပြင်းတို့လောင်ကျွမ်းနေသော လူသားပုံစံမီးတောက်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
“မင်းရဲ့ဝတ်ပုံစားပုံကထူးဆန်းပြီး မင်းရဲ့စကားနဲ့အပြုအမူတွေက လည်းထူးဆန်းတယ်.. မင်းက မကောင်းဆိုးဝါးတောင်ပေါ်စုန်းမျိုးနွယ်စုက ဖြစ်ဖို့များတယ်.. မင်းကငါတို့ယန်မျိုးနွယ်စုနယ်မြေထဲကို ဝင်ရောက်ပြီးငါတို့ကို စောင့်ကြည့်ထောက်လှမ်းဖို့ကြိုးစားနေတာပဲ. ငါမင်းကိုမလွှတ်ပေးနိုင်ဘူး”
“အာ.မကောင်းဆိုးဝါးတောင်ပေါ် စုန်းမျိုးနွယ်စုလား. အဲ့လိုမဟုတ်ပါဘူး. ကျွန်မတို့က မကောင်းဆိုးဝါးတောင်ပေါ်စုန်းမျိုးနွယ်ကမဟုတ်ပါဘူး ..ကျွန်မက စပါးအုံးနဂါးမျိုးနွယ်စုကပါ”
စပါးအုံးနဂါးမျိုးနွယ်စုမှကောင်မလေးက မီးတောက်လူသားကို အလျှင်အမြန်ရှင်းပြလိုက်သည်။
အကယ်၍၎င်းတို့ကသာ သူတို့အားတကယ်ကြီး မကောင်းဆိုးဝါးတောင်ပေါ်စုန်းမျိုးနွယ်စုမှထင်သွားခဲ့လျှင်သူ့ကို ရော သူမကိုယ်တိုင်ကိုပါ လုံးဝလွှတ်ပေးလိမ့်မည်မဟုတ်ပေ။
ဆက်ရန်………
ဘာသာပြန်သူ-ARISE