အခန်း (၉၂၀)
Vol. 62 Ch. 920
“ဟမ့်. စပါးအုံးနဂါးမျိုးနွယ်စု .”
စပါးအုံးနဂါးမျိုးနွယ်စုမှကောင်မလေး၏ စကားတို့အားကြားသောအခါတွင် ဧရာမမီးတောက်ကြီးပေါ်ရှိ လူက ထပ်မံနှာခေါင်းရှုံ့လိုက်သည်။
“မင်းတို့က ငါ့နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာခဲ့တာ. မင်းက တကယ်ပဲ စပါးနဂါးမျိုးနွယ်စုက သူလျှိုလား. မကောင်းဆိုးဝါးတောင်ပေါ်စုန်းမျိုးနွယ်စုက သူလျှိုလားဆိုတာကို ငါဂရုမစိုက်ဘူး. မင်းတို့ကို အမှောက်သိပ်ပြီး ငါ့ရဲ့ပြင်းထန်တဲ့မီးတောက်နဲ့ စစ်ကြောလိုက်ရင် မင်းတို့ငါ့ကိုအမှန်ပြောလိမ့်မယ်”
ယခု ယန်မျိုးနွယ်စမှာ ရန်မူစွာဖြင့်ချီတက်လာကြသည့် ပုံပင်ဖြစ်သည်။ ၎င်းတို့ကတိုက်ခိုက်တော့မည်ဟန်ပင်ရှိသည်ဖြစ်၏။
လောလောဆယ်တွင် သူတို့အား ယန်မျိုးနွယ်စုမှလူများက ဝိုင်းထားကြ၏။ ဦးတည်ချက်တိုင်းတွင်ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်တစ်ယောက်စီရှိနေသည်။ ထိုထက်ပိုသည်ကားရှေ့ဆုံး၌ ယန်မျိုးနွယ်စုမှ နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူရှိနေခြင်းဖြစ်သည်။ ယင်းမှာ ရှစ်ဖုန့်အတွက်သတ်ဖြတ်ပြီး ထွက်သွားရန်မဖြစ်နိုင်သည်ဖြစ်သည်။
သို့သော် တိုက်ခိုက်ခြင်းမရှိဘဲ ရှေသို့ချီတက်လာသောဤလူများအား လုပ်ချင်တိုင်းလုပ်ခွင့်ပေးပြီးသူ့ကိုဖမ်းဆီးစေခြင်း ရှစ်ဖုန့်၏ပုံစံမဟုတ်ပေ။
သူ၏ညာလက်၌ရွှေရောင်ဓားအလင်းတစ်ခုလင်းလက်လာသည်။ ရှစ်ဖုန့်၏လက်၌ဓားအမှတ်အသားတစ်ခုအဖြစ်ပြောင်းလဲထားသော ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကောင်းကင်မွန်းစားဓားက ထပ်မံပေါ်လာသည်။
မီးတောက်သားရဲပုံစံရှိသောဧရာမမီးတောက်ကြီးတစ်ခုက ချဉ်းကပ်လာသကဲ့သို့ ချစ်ချစ်တောက်ပူသောအပူကလည်း တစ်ဟုန်းထိုး ကူးလူးလာသည်။ ရှစ်ဖုန့်ကမကျယ်သောအသံဖြင့် အော်ပြောလိုက်သည်။
“ငရဲဘုံကိုးခု ကောင်းကင်ပိုင်းဖြတ်ဓား”
ထိုနောက်ရှစ်ဖုန့်ကဓားကို ရေပြင်ညီအတိုင်းလွှဲယမ်းလိုက်သည်။ သူအားအကောင်းဆုံးသတ်ဖြတ်ခြင်းလှုပ်ရှားမှုများထဲကတစ်ခုဖြစ်သော နဝမမြောက်ဓားချက်ဖြစ်သည့်ငရဲဘုံကိုးခု ကောင်းကင်ပိုင်းဖြတ်ဓားကို ခုတ်ပိုင်းလိုက်သည်။
ဓားအားလွှဲယမ်းလိုက်သကဲ့သို့ သူ့ရှေ့ရှိ ဟင်းလင်းပြင်ကလည်း တုန်ခါသွားပြီး လှိုင်းများကဲ့သို့ မြည်ဟိန်းသံများထွက်ပေါ်လာသည်။ ၎င်းက မမြင်နိုင်သောပင်လယ်တစ်ခုအတွင်းမှ အားကောင်းသော ဝါးမျိုခြင်းနှင့်ဖျက်ဆီးခြင်းစွမ်းအားတို့အဖြစ်ပြောင်းလဲသွားသည်။
“ဒီစွမ်းအား. ..ငါဘယ်လိုမျိုးချိုးဖျက်မလဲဆိုတာ ကိုစောင့်ကြည့်လိုက်.”
ဤအခိုက်အတန့်တွင် ဧရာမမီးတောက်သားရဲကြီး၏ထိပ်ဖျားထက်၌ ဝင့်ကြွားစွာရပ်နေသော ယန်မျိုးနွယ်စုမှ လူက ဧရာမမီးတောက်သားရဲကြီးနှင့်အတူ ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးချဉ်း ကပ်လာနေဆဲဖြစ်သည်။
ရှစ်ဖုန့်၏ဓားစွမ်းအားအား အာရုံခံမိသောအခါတွင် အနည်းငယ်မျှသောဆုတ်ခွာ ထွက်ပြေးရန်ရည်ရွယ်ချက်တို့ရှိမနေဘဲ ဧရာမမီးတောက်သားရဲကြီးထံမှာ သူ၏ချစ်ချစ်တောက်သောမီးတောက်တို့နှင့်ပုံရိပ်က ထိုးဆင်းချလာသည်။ ငရဲဘုံကိုးခု ကောင်းကင်ပိုင်းဖြတ်ဓားထံသို့ ပို၍မြင့်မားသောအမြန်နှုန်းဖြင့်ပင် ချဉ်းကပ်လာလေသည်။
“မီးတောက်သတ်ဖြတ်ခြင်း”
တစ်ဟုန်ထိုးထိုးဆင်းလာသော မီးတောက်ပုံရိပ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ပြင်းထန်သော မီးတောက်တို့တောက်လောင်နေသော ၎င်း၏လက်တို့အား အတူတကွတင်းကျပ်စွာ ပူးကပ်ရိုက်လိုက်ပြီး ခပ်မြင့်မြင့်မြှောက်လိုက်သည်။ ထို့နောက် ဒေါင်လိုက်အတိုင်းအောက်သို့ ရိုက်ချလိုက်၏။
ရုတ်ခြည်း ကမ္ဘာကြီး၏အရားလုံးအားလောင်ကျွမ်းပစ်နိုင်စွမ်းရှိပုံရသောချစ်ချစ်တောက် ပူသောမီးတောက်တို့က ယန်မိသားစု မျိုးနွယ်စု၏ကျွမ်းကျင်သူထံမှ ပေါက်ကွဲထွက်ပေါ်လာသည်။ တလိပ်လိပ်ထနေသော မီးတောက်ပင်လယ်ကြီးက ရှစ်ဖုန့်ဖော်ထုတ်လိုက်သောစွမ်းအားထံသို့ တစ်ဟုန်ထိုးဦးတည်လာသည်။
အကယ်၍ တစ်ယောက်ယောက်ကနီးကပ်စွာကြည့်လိုက်မည်ဆိုလျှင် ထိုပြင်းထန်သောမီးတောက်များ က ဧရာမ “သတ်”ဟူသည့်စာလုံးတစ်ခုအဖြစ်ပုံပေါ်နေသည်ကို တွေ့ရလိမ့်မည်ဖြစ်သည်။ ၎င်းကအရားအားလုံးအားလောင်ကျွမ်းပစ်နိုင်သော မြင့်မားသည့် အပူချိန်တစ်ခုကို ထုတ်လွှတ်နေရုံသာမက အားကောင်းသောသတ်ဖြတ်ခြင်းအော်ရာတစ်ခုကိုထုတ်လွှတ်နေသည်။
ဤလှုပ်ရှားမှုက ယန်မျိုးနွယ်စု၏ အန္တိမ ပညာရပ်များထဲမှတစ်ခုဖြစ်သည်။
ထို့နောက်မကြာခင်လွန်စွာစွမ်းအားကြီးမားသောဖျက်ဆီးခြင်းစွမ်းအား တို့ကိုပိုင်ဆိုင်ထားသည့် ထူးထူးကဲကဲစွမ်းအားကြီးမားသောစွမ်းအင်နှစ်ခုတို့က အတူတကွ ရုတ်ခြည်း ပစ်ဆောင့်ထိမှန်သွားပြီး ဒေသတစ်ခုလုံး ပို၍ပင် ပေါက်ကွဲအုံကြွလှိုင်းထန်လာသည်။
ရှစ်ဖုန့်ကငရဲဘုံကိုးခု ကောင်းကင်ပိုင်းဖြတ်ဓားအား ထုတ်ဖော်ပြီးနောက် တစ်ဖက်လူထုတ်ဖော်လိုက်သော ပြင်းထန်သည့်မီးတောက်များကိုလည်း မြင်တွေ့လိုက်ရသည်။ အခြားတစ်ဖက်မှလူ၏ စွမ်းအားကို ခံစားပြီးနောက် ရှစ်ဖုန့်၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး အေးစက်သောအပြုံးတစ်ခုပေါ်လာကာ တီးတိုးရေရွတ်လိုက်သည်။
“ဟမ့်.. ငါ့ရဲ့ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်လက်နက်နဲ့ထုတ်ဖော်တဲ့ အားအကောင်းဆုံးဓားနည်းစနစ်ကို မင်းလိုကောင်က ဘယ်လိုမျိုးခုခံရပ်တည်နိုင်မှာတဲ့လဲ…ဖျက်ဆီးစမ်း”
ရှစ်ဖုန့်ကဤစကားများအား ပြောပြီးပြီးချင်းချက်ချင်း ပြင်းထန်သောမီးတောက်များအား ထုတ်ဖော်ထားခဲ့သော ယန်မျိုးနွယ်စုမှကျင့်ကြံသူက မယုံကြည်နိုင်စွာဖြင့် ရုတ်ခြည်းအော်ဟစ်လိုက်သည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”
ငရဲဘုံကိုးခု ကောင်းကင်ပိုင်းဖြတ်ဓား၏ရှေ့တွင် ယန်မျိုးနွယ်စု ကျွမ်းကျင်သူထုတ်ဖော်လိုက်သော ပြင်းထန်သည့်မီးတောက်များမှာ ရုတ်ခြည်းဖရိုဖရဲဖြစ်လာပြီး မတည်မငြိမ်ဖြစ်လာသည်။ ထို့နောက် မမြင်နိုင်သောစွမ်းအားကြောင့် ပြင်းထန်သောမီးတောက်များက ပျောက်ကွယ်သွားပြီး ၎င်းတို့၏ မူလမီးတောက်စွမ်းအားများကိုဆုံးရှုံးသွားရသည်။
“ငါတို့ယန်မျိုးနွယ်စု နယ်မြေထဲမှာ ချစ်ချစ်တောက်ပူတဲ့ အော်ရာက ငါ့ရဲ့ စွမ်းကို ပိုပြီးအားကောင်းစေတယ်.. ငါတို့ရဲ့ယန်မျိုးနွယ်စုရဲ့ အန္တိမနည်းစနစ်ဖြစ်တဲ့ မီတောက်သတ်ဖြတ်ခြင်းက ထူးထူးကဲကဲကိုစွမ်းအားကြီးမားတယ်.. ငါတို့နှစ်ယောက်လုံးက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတွေ အခု ငါ့ရဲ့အစွမ်းကုန်တိုက်ခိုက်မှုကို သူက တကယ်ပဲ သူ့ထက်နိမ့်ကျတာလား”
ပြင်းထန်သောမီးတောက်များ ဖုံးလွှမ်းနေသာ ယန်မျိုးနွယ်စုမှကျွမ်းကျင်သူမှာ မမြင်နိုင်သော စွမ်းအားက သူ၏အန္တိမပညာရပ်အား ဝါးမျိုသွားသည်ကို လက်သင့်ခံနိုင်ရန်ခက်ခဲနေသည်။ သူ၏လက်ရှိဖြစ်နေသော စိတ်အခြေအနေကြောင့် သူ့ကိုယ်ပေါ်ရှိ ပြင်းထန်သောမီးတောက်များက ပို၍ ဖရိုဖရဲဖြစ်လာသည်။
၎င်းတို့ကအချိန်မရွေးငြိမ်းသက်ခံရကာ ပျောက်ကွယ်တော့မည့်နှယ်ပင်ဖြစ်သည်။
“ဟမ့်.. ဒီတော့သူက ကျင့်ကြံခြင်းစွမ်းအားကိုတော့ ပိုင်ဆိုင်ထားပေမဲ့ စိတ်မတည်ငြိမ်တဲ့လူစားအဖြစ်ပြောင်းသွားတယ်ပေါ့.. ဒီလိုတိုက်ခိုက်မှုတစ်ခုနဲ့ကြုံတွေ့ပြီးတော့ သူ့ရဲ့တိုက်ခိုက်ချင်စိတ်ကို ဆုံးရှုံးသွားပြီး ငါ့ကိုသတ်ဖြတ်ခွင့်ပေးနေတယ်..အနိုင်အရှုံးကိုဆုံးဖြတ်ရတဲ့ဒီသခင်လေးလိုလူနဲ့ကြုံတွေတဲ့တိုက်ပွဲတစ်ခုမှာ ဒီလိုလူမျိုးက ပျက်ကိန်းပဲစိုက်မှာပဲ…”
တိုက်ခိုက်ချင်စိတ်ဆုံးရှုံးသွားသော ယန်မျိုးနွယ်စုမှကျင့်ကြံသူအားကြည့်၍ ရှစ်ဖုန့်ကအထင်းသေမှု အပြည့်ဖြင့်ပြောလိုက်သည်။
ဤကဲ့သို့သော ကျင့်ကြံသူတစ်ဦးအတွက် ရှစ်ဖုန့်အနေဖြင့်အထင်သေးမှုကိုသာခံစားရ၏။ ရှစ်ဖုန့်၏တိုက်ခိုက်မှုကြောင့် ၎င်း၏တိုက်ခိုက်မှုက ပျောက်ကွယ်သွားရုံသာရှိသေးသည်ဖြစ်၏။ ထိုအတွက်ကြောင့်နှင့် ၎င်း၏တိုက်ခိုက်ချင်စိတ်ပျောက်ဆုံးသွားပြီး ငရဲဘုံကိုးခု ကောင်းကင်ပိုင်းဖြတ်ဓား၏စွမ်းအားကို ၎င်း၏ကိုယ်အား ပိုင်းဖြတ်ထိမှန်ခွင့်ပေးနေလေသည်။
မမြင်နိုင်သောစွမ်းအားက ယန်မျိုးနွယ်စုမှကျွမ်းကျင်သူ၏ကိုယ်အားထိမှန်တော့မည့်အချိန်တွင် ကောင်းကင်နှင့်မြေကြီးအား ရိုက်ခတ်စေသည့် ထူးထူးကဲကဲဩဇာအရှိန်အဝါရှိသော အသံက ထပ်မံထွက်ပေါ်လာသည်။
“အရူး”
ထိုအသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်၏အမူအယာက ပြောင်းလဲသွားသည်။ ထို့နောက်မကြာခင် သူက လေးနက်သောအမူအယာတစ်ခုကိုပြသလာသည်။ ထိုအသံနှင့်အတူ ယန်မျိုးနွယ်စု၏ကိုယ်အားထိမှန်တော့မည့် ငရဲဘုံကိုးခု ကောင်းကင်ပိုင်းဖြတ်ဓား၏ မမြင်နိုင်သောစွမ်းအားက ရုတ်ခြည်းသဲလွန်စတစ်ခုမ ကျန်ပျောက်ကွယ်သွားသည်။ ယင်းမှာ ဤကမ္ဘာပေါ်၌ လုံးဝမပေါ်လာသကဲ့သို့ပင်ဖြစ်သည်။
အသံတစ်ခု အတွေးတစ်ချက်နှင့်အတူ သူ၏အစွမ်းကုန်တိုက်ခိုက်မှုက ဖျက်ဆီးခံလိုက်ရသည်။ ဤစွမ်းအား က သူတစ်ချိန်လုံးလေ့လာလိုက်စားနေသော စွမ်းအားဖြစ်နေခဲ့သည်လော။
ဤသည်ကား ထျန်းဟန်တိုက်ကြီးအတွင်း အချိန်တော်တော်ကြာ ကောလဟာလအဖြစ်တည်ရှိခဲ့သော နတ်ဘုရားအဆင့်စွမ်းအားလော။ ဤမြေရိုင်းတိုက်ကြီးအတွင်းတွင်တော့ ၎င်းက နတ်ဘုရားတစ်ပိုင်းတစ်ယောက်၏စွမ်းအားလေးမျှသာရှိသည်ဖြစ်လေသည်။
နတ်ဘုရားတစ်ပိုင်းနယ်ပယ် တစ်ဦး၏စွမ်းအားအား ထူးထူးခြားခြား မျက်မြင်ကြုံတွေ့ပြီးနောက် ယန်မျိုးနွယ်စုနယ်မြေအတွင်းမှ တိုက်ခိုက်ပြီးဖောက်ထွက်ရန် သူ့အတွက်မဖြစ်နိုင်မှန်း ကိုရှစ်ဖုန့်သိလိုက်၏။
သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ထွက်ပြေးလွတ်မြောက်နိုင် လိမ့်မည်မဟုတ်ပေ။ ထိုလူကသူ၏အသက်ကိုနှုတ်ယူရန်အတွေးတစ်ချက်သာလိုအပ်သည်ဖြစ်သည်။
ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် နှင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကခြေတစ်လှမ်းစာသာကွာခြားသော်လည်း ၎င်းတို့က လုံးဝကိုကွဲပြားသောနယ်ပယ်နှစ်ခုဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ဝင်ရောက်ဖူးခြင်းမရှိသောသူများက နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး ၏စွမ်းအားကို လုံးဝနားလည်လိမ့်မည်မဟုတ်ပေ။
ထို့နောက်အသံတစ်ချက်မှမထွက်ဘဲ ပုံရိပ်တစ်ခုက ရှစ်ဖုန့်၏ရှေ့၌ ရုတ်ခြည်းပေါ်လာသည်။
အသစ်ရောက်ရှိလာသူက တည်ကြည်သောမျက်နှာနှင့် ခံ့ညားသောအော်ရာတစ်ခုတို့ရှိနေသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်သည်။ ၎င်း၌ ဧကရာဇ်မင်းတစ်ပါး၏ အော်ရာကိုလည်းပိုင်ဆိုင်ထား၏။
ဤလူကရှစ်ဖုန့်၏ရှေ့၌ ဆိတ်ငြိမ်စွာ မျောလွင့်ရပ်တည်နေသည်။ ဘာကိုမှမပြုလုပ်ပါဘဲ အားကောင်းသော ဖိအားတစ်ခုကိုရှစ်ဖုန့်ခံစားရသည်။
ဤလူက ယန်မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သော နတ်ဘုရားတစ်ပိုင်းအဆင့်ကျွမ်းကျင်သူဖြစ်သည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက မီတာတစ်ရာအတွင်းမှ ရှစ်ဖုန့်၏ရှေ့သို့ တိတ်တဆိတ်ပေါ်လာခြင်းဖြစ်သည်။
“အဖေ..အဖေ”
ဤအချိန်တွင် ရှစ်ဖုန့်နှင့်တိုက်ခိုက်ခဲ့သော ယန်မျိုးနွယ်စုမှကျွမ်းကျင်သူက သက်လတ်ပိုင်းအရွယ်လူကသူ၏ရှေ့၌ပေါ်လာသည်ကိုတွေ့လိုက်ရသည်။ သူကနက်ရှိုင်းသောအသံဖြင့် အော်ပြောလိုက်ပြီး ဒူးတစ်ဖက်ကိုထောက်ချလိုက်သည်။
ဒူးထောက်ချလိုက်သကဲ့သို့ သူ၏ကိုယ်ပေါ်ရှိ ပြင်းထန်သောမီးတောက်များကလည်း ရုတ်ခြည်းသူ၏သွေးအသားတို့ထံပြန်လည်လှိမ့်ဝင်သွားပြီးပျောက်ကွယ်သွားကာ ငယ်ရွယ်သန်မာသောပုံရိပ်နှင့် ငယ်ရွယ်ပြီးပြတ်သား ခိုင်မာသောမျက်နှာတစ်ခု ထွက်ပေါ်လာသည်။
မျှော်လင့်မထားစွာဖြင် ဤလူက ယန်မျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်နေသည်။
ယန်မျိုးနွယ်စုခေါင်းဆောင်က တည်ငြိမ်သောမျက်နှာနှင့် ဖြည်းညှင်းစွာပြောလိုက်သည်။
“ယန်လွင်း မင်းရဲ့နယ်ပယ်ကရင်းမြစ်တွေကြောင့်ရထားတာ. ပြီးတော့မင်းက တိုက်ခိုက်ရေးအတွေ့အကြုံလည်းချို့တဲ့ပုံရတယ်..”
ယန်မျိုးနွယ်စုခေါင်းဆောင်ကနောက်ရှိသူ၏သားဖြစ်သူကို ပြောနေသော်လည်း မျက်လုံးများကတော့ ရှေ့ရှိရှစ်ဖုန့်အားတည်ကြည်စွာဖြင့် ကြည့်နေဆဲဖြစ်သည်။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE