← Chapters

အခန်း (၉၂၁)

Vol. 62 Ch. 921

အခန်း (၉၂၁)

Vol. 62 Ch. 921

ယန်မျိုးနွယ်စု၏ ချစ်ချစ်တောက်ပူသော ကောင်းကင်ထက်တွင် ယန်မျိုးနွယ်စုခေါင်းဆောင်ဖြစ်သူ၏သားဖြစ်သူ ယန်လွင်းက ဖခင်ဖြစ်သူ၏စကားတို့အားကြားပြီးနောက် လျှင်မြန်စွာပြောလိုက်သည်။

“အဖေ…လွင်းအာ အနာဂတ်မှာပိုပြီးကြိုးစားပါ့မယ်.. ကျွန်တော့်အဖေ့ကို ထပ်ပြီး စိတ်မပျက်စေရပါဘူး”

ယန်မျိုးနွယ်စုခေါင်းဆောင်၌ သားသုံးယောက်ရှိသည်ဖြစ်သည်။ ၎င်းတို့အားလုံးက အနာဂတ်၌ ယန်မျိုးနွယ်စုခေါင်းဆောင်နေရာကို ဆက်ခံလိုကြသည်ဖြစ်၏။ ယန်လွင်းအနေဖြင့် ဖခင်ဖြစ်သူစိတ်ပျက်သွားမည်ကို မလိုလားပေ။

ယန်လင်းကသူ၏ ဖခင်ဖြစ်သူရှေ့၌ သက်သေပြချင်သောကြောင့် ပြင်ပလူတစ်ဦးအတွက်ထွက်ကာရပ်တည်ခဲ့ခြင်းဖြစ်သည်။ သိုသော် သူက ထိုသို့လုပ်ရန်ကျရှုံးခဲ့ရုံသာမက သူ့အား ပို၍ သန်မာလာစေနိုင်သော ယန်မျိုးနွယ်စု ၏နယ်မြေအတွင်း၌ပင်ရှုံး နိမ့်ခဲ့ရသည်ဖြစ်သည်။ ယန်မျိုးနွယ်စု၏မျက်လုံးများရှေ့တွင် ယန်လင်းမျက်နှာပျက်ခဲ့ရရုံသာမက သူ၏ဖခင် ဖြစ်သူကလည်း တိုက်ပွဲအတွေ့ကြုံမရှိဟုပြောခဲ့လေသည်။

“ဒီလူ.. အားလုံးကဒီကောင်ကြောင့်ပဲ. ဘယ်လိုတောင်ငါ့ကိုအနိုင်ယူပြီး အရှက်ခွဲရဲတာလဲ.. ငါ..ယန်လွင်းကျိန်ဆိုတယ်..တစ်နေ့ကြ ငါသူ့ကိုအပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်”

ယန်လွင်းကခေါင်းကိုမော့လိုက်ပြီး ရှေ့ရှိရှစ်ဖုန့်အားကြည့်လိုက်ကာနှလုံးသားထဲမှရက်ရက်စက်စက်တွေးလိုက်သည်။

ဤအချိန်တွင် ဧကရာဇ်မင်းတစ်ပါးကဲ့သို့အော်ရာမျိုးနှင့် ဂရုမစိုက်သောအမူအယာရှိသည့် ယန်မျိုးနွယ်စုမှခေါင်းဆောင်ဖြစ်သူက ရှစ်ဖုန့်အားကြည့်နေဆဲဖြစ်သည်။ ထို့နောက်သူက ပါးစပ်ကိုဖြည်းညှင်းစွာထပ်မံဖွင့်ဟလိုက်ပြီး ဂရုမထားစွာပြောလိုက်သည်။

“မင်းကအရမ်းတော်တယ်.. ဒီလိုအသက်အရွယ်မျိုးနဲ့ ဒီလိုမျိုးသန်မာမှုနဲ့ ရဲစွမ်းသတ္တိကိုပိုင်ဆိုင်ထားတယ်.မင်းရဲ့ပါရမီစွမ်းရည်က ငါ့ရဲ့သားတွေထက် အများကြီးပိုပြီးသာတာကို ငါဝန်ခံရမှာပဲ”

“အဖေ”

ဖခင်ဖြစ်သူမှ ဤလူကသူ့ထက်ပိုပြီးသန်မာကြောင်းပြောသည်ကိုကြားရသောအခါတွင် ယန်လွင်းကလက်သင့်မခံနိုင်စွာပြောလိုက်သည်။

ယန်မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သူက ယန်လွင်းကို လျစ်လျူရှုလိုက်ပြီး ရှစ်ဖုန့်ကိုဆက်ကြည့်နေသည်။ သူကပြောလိုက်သည်။

“ဒါပေမဲ့ အကယ်၍ မင်းက တကယ်ပဲ တောင်ပေါ် စုန်း(ဝါ) နတ်ဆရာ မျိုးနွယ်စုက ဆိုရင် အနာဂတ်မှာ ယန်မျိုးနွယ်စုအတွက ခြိမ်းခြောက်မှုတစ်ခုဖြစ်လာလိမ့်မယ်.. ဒီတော့မင်းက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒီနေ့သေကိုသေရမယ်”

ယန်မျိုးနွယ်စု ခေါင်းဆောင်ဖြစ်သူက “သေ” ဟူသော စကားလုံးအား ပြောလိုက်သည့်အခိုက်အတန့်တွင် ကောင်းကင်ထက်မှကျဆင်းလာသည့် သဏ္ဍန်မဲ့ပြီး စွမ်းအားကြီးမားသော စွမ်းအားတစ်ခုကို ရှစ်ဖုန့်ခံစားလိုက်ရသည်။ ၎င်းကသူ့ပေါ်သို့ ဖိကျလာခြင်းဖြစ်သည်။ ထိုစွမ်းအားက ရှစ်ဖုန့်၏ခန္ဓာကိုယ်ကို ပိတ်ဆို့ထားပြီး လုံးဝမလှုပ်ရှားနိုင်ဖြစ်စေသည်။

ဤစွမ်အား၏အောက်တွင် ဖျက်ဆီးခံရခြင်းတစ်ခုတည်းကိုသာ သူစောင့်ဆိုင်းနေရသည်။

“မျိုးနွယ်စုခေါင်းဆောင်ကို တင်ပြပါတယ်.. စပါးအုံးနဂါးမျိုးနွယ်စုက ပထမတပ်မှူးနဲ့ဒုတိယတပ်မှူးလို့ပြောတဲ့ ပြင်ပလူနှစ်ယောက်ရောက်နေပါတယ်.. သူတို့ကခေါင်းဆောင်နဲ့အရေးကြီးတဲ့ ဆွေးနွေးစရာအချို့ရှိတယ်ပြောပါတယ်”

ဤအချိန်တွင်ရှစ်ဖုန့်၏ နောက်သိပ်မဝေးသောနေရာမှာ ယန်မျိုးနွယ်စု စစ်သည်တော်တစ်ဦးက ရုတ်ခြည်းအော်ပြောလိုက်သည်။

“စပါးအုံးနဂါးမျိုးနွယ်စုလား”

ယန်မျိုးနွယ်စုခေါင်းဆောင်က နားလည်ရခက်သောအမူအယာတစ်ခုနှင့်အတူပြောလိုက်သည်။

ဤအချိန်တွင် နောက်ဘက်ရှိ စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးက အလျှင်အမြန်အော်ပြောလိုက်သည်။

“ဒါက ပထမတပ်မှူးနဲ့ဒုတိယတပ်မှူးတို့ပဲ.. ယန်မျိုးနွယ်စုခေါင်းဆောင် ကျွန်မတို့က တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကတကယ်မဟုတ်ပါဘူး. အခု ပထမတပ်မှူးနဲ့ တတိယတပ်မှူးတို့ဒီကိုရောက်လာတာမို့ သက်သေပြနိုင်ပါတယ်”

“မင်းကတကယ်ပဲ စပါးအုံးနဂါးမျိုးနွယ်စုကလား..”

အမျိုးသမီးငယ်လေး၏ စကားများအားကြားပြီးနောက် ယန်မျိုးနွယ်စုခေါင်းဆောင်ဖြစ်သူ၏ မျက်လုံးက ရှစ်ဖုန့်အားထပ်မံခြုံငုံကြည့်လိုက်သည်။ သူ၏ဂရုမထားသောမျက်နှာက စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။

ယန်မျိုးနွယ်စုခေါင်းဆောင်က စပါးအုံးနဂါးမျိုးနွယ်စုနှင့် များစွာ ဆက်ဆံဘူးဖြစ်သည်။ ဤလူငယ်က အဝတ်အစားဖြစ်စေ၊ကျင့်ကြံမှုဖြစ်စေ ၊အသုံးပြုသောတိုက်ခိုက်မှုနည်းစနစ်များဖြစ်စေ စပါးအုံးနဂါးမျိုးနွယ်စုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပေ။

သို့သော် အတွေးတစ်ချက်ဖြင့် ယန်မျိုးနွယ်စုခေါင်းဆောင်က ရှစ်ဖုန့်ပေါ်သို့ဖိကျနေသော ဖိအားကိုပြန်လည်ရုတ်သိမ်းလိုက်သည်။

ရုတ်ခြည်းရှစ်ဖုန့်တစ်ယောက် သူ့ပေါ်သို့ဖိကျလာသောဖိအား တို့ပျောက်ကွယ်သွားသည် ကိုခံစားလိုက်ရပြီး သူ၏တစ်ကိုလုံးကပေါ့ပါးသွားသည်။ နတ်ဘုရားတစ်ပိုင်းစွမ်းအား ၊သူ့၌ ခုခံရန်စွမ်းအားများစွာရှိမနေခဲ့ပေ။

“ဒီ..ဒီခံစားချက်”

ဤကဲ့သို့ သူ့ဘဝ၏သေခြင်းရှင်ခြင်းက တစ်ပါးသူတစ်ဦး၏လက်အတွင်း၌ ရှိနေသောခံစားချက်က ရှစ်ဖုန့်အားလွန်စွာသက်တောင့် သက်သာမဖြစ်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့ကိုခံစားရသည်။

“ငါ..ငါပိုပြီးတော့သန်မာလာရမယ်.. ငါထပ်ပြီးတော့ချိုးဖျက်ရမယ်.. ငါကပဲတစ်ခြားသူတွေရဲ့ သေခြင်းရှင်ခြင်းကိုထိန်းချုပ်မယ်.. တစ်ခြားသူတွေက ငါ့ရဲ့သေခြင်းရှင်ခြင်းကိုဆုံးဖြတ်မှာကို ငါခွင့်မပြုနိုင်ဘူး”

“ယန်မျိုးနွယ်စုနဲ့ ယန်မျိုးနွယ်စုခေါင်းဆောင်”

ရှစ်ဖုန့်က သူ၏ဘယ်လက်သီးနှင့် ညာလက်သီးတို့ကို ကျစ်နေအောင်ဆုပ်လိုက်သည်။ သူ့ရှေ့ရှိ ယန်မျိုးနွယ်စုခေါင်းဆောင်အားအေးစက်စွာစိုက်ကြည့်နေရင်း သူ၏လက်ထဲရှိ ကောင်းကင်မွန်းစတားဓားက အနည်းငယ်တုန်ယင်နေသည်။

ဤအခိုက်အတန့်တွင် ယန်မျိုးနွယ်စုခေါင်းဆောင်က သူ၏ပါးစပ်ကို ဖွင့်ဟလိုက်ပြီး သတင်းလာပို့သော ယန်မျိုးနွယ်စုစစ်သည်တော်ကို ပြောလိုက်သည်။

“စပါးအုံးနဂါးမျိုးနွယ်စုက နှစ်ယောက်ကို ဒီကိုလာခွင့်ပြုလိုက်”

“ဟုတ်ကဲ့”

ယန်မျိုးနွယ်စု မှစစ်သည်တော်က ပြန်ဖြေလိုက်သည်။ထို့နောက် သူကလှည့်လိုက်ပြီး မီးတောက်များအဖြစ်ပြောင်းလဲကာ ကောင်းကင်ထဲသို့ထိုးတက်သွားသည်။

ဤသည်ကားယန်မျိုးနွယ်စု ၏နယ်မြေဖြစ်သည်ကို စပါးအုံးနဂါးမျိုးနွယ်စုကသိသည်ဖြစ်သည်။ ထို့ကြောင့် ခွင့်ပြုချက်မရှိဘဲ ဇွတ်ဝင်တိုးသည့် ရှစ်ဖုန့်နှင့်မတူဘဲ ယန်မျိုးနွယ်စု ၏စည်းမျဉ်းများအားလိုက်နာကြပြီး ယန်မျိုးနွယ်စုကို သတင်းပို့ကြသည်ဖြစ်သည်။ ယန်မျိုးနွယ်စုမှခွင့်ပြုချက်ကိုရှိပြီးမှသာလျှင် ၎င်းတို့အနေဖြင့်ဝင်နိုင်ကြသည်ဖြစ်၏။

ထိုသို့မဟုတ်ပါဘဲ ယန်မျိုးနွယ်စုသို့ကျူးကျော်ဝင်ရောက်ပါက ယန်မျိုးနွယ်စုမှချမှတ်ထားသော စည်းမျဉ်းများကိုချိုးဖောက်ရာ ဖြစ်လိမ့်မည်ဖြစ်သည်။ စပါးအုံးနဂါးမျိုးနွယ်စုထံသို့အခြားသူများ ကျူးကျော်ဝင်ရောက်လျှင်လည်း ထိုကဲ့သို့ အတူတူပင်ဖြစ်သည်။

မကြာခင်တွင် ထွက်ခွာသွားသောယန်မျိုးနွယ်စုမှ စစ်သည်တော်ပြန်လည်ရောက်ရှိလာသည်။ သူ၏နောက်တွင် ခါးများ၌ ကြီးမားသော မြွေများရစ်ခွေနေသည့် တုတ်ခိုင်သန်မာသော လူနှစ်ယောက်ပါလာသည်။ ၎င်းတို့က စပါးအုံးနဂါးမျိုးနွယ်စုမှ တပ်မှူးနှစ်ယောက်ဖြစ်သည်။ ၎င်းတို့ပ ပထမတပ်မှူး မန့်တနှင့်တတိယတပ်မှူး မန့်ကန်းတို့ပင်ဖြစ်သည်။

“ယန်မျိုးနွယ်စုခေါင်းဆောင် ကိုနှုတ်ဆက်ပါတယ်”

မန့်တနှင့်မန့်ကန်းတို့ရောက်လာပြီး ယန်မျိုးနွယ်စုခေါင်းဆောင်အား မြင်တွေ့လိုက်ရသောအခါတွင် လက်သီးနှစ်ဖက်ကိုဆုပ်ကာ ရင်ဘက်ရှေ့တွင်ထားလိုက်ကြ၏။ ၎င်းတို့က အနည်းငယ်ဦးညွှတ်လိုက်ပြီး မြေရိုင်းတိုက်ကြီး၏ ကျင့်ဝတ်ထုံးတမ်းနှင့်အညီ နှုတ်ဆက်လိုက်ကြသည်။

၎င်းတို့နှစ်ဦးက ရှစ်ဖုန့်နှင့်ရှစ်ဖုန့်အဓမ္မခေါ်ဆောင်သွားသော စပါးအုံးနဂါးမျိုးနွယ်စုမှ ရှောင်းမီတို့အား တွေ့သော်လည်း သူတို့ပထမဆုံးပြုလုပ်သည့်အရာက ယန်မျိုးနွယ်စုခေါင်းဆောင်အား နှုတ်ဆက်ခြင်းပင်ဖြစ်သည်။

“ကောင်းပြီ… ယန်မျိုးနွယ်စုနဲ့ စပါးအုံးနဂါးမျိုးနွယ်စုက တစ်ချိန်တုံးက တော်ပေါ်နတ်ဆရာမျိုးနွယ်စုကို ဆန့်ကျင်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတဲ့ ညီအကိုတွေဖြစ်တယ်.. ငါတို့မျိုးနွယ်စုနှစ်ခုက မိသားစုတစ်ခုတည်းပဲ.. အရမ်းတွေ ခမ်းကြီးနားကြီးတွေလုပ်နေစရာမလိုဘူး..”

ယန်မျိုးနွယ်စုခေါင်းဆောင်က မန့်တနှင့်မန့်ကန်းတို့ကိုပြောလိုက်သည်။

ထို့နောက် ယန်မျိုးနွယ်စုခေါင်းဆောင်က ရှစ်ဖုန့်နှင့် စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးတို့ကိုကြည့်လိုက်ပြီး မေးလိုက်သည်။

“ဒီနှစ်ယောက်ကို မင်းတို့ နှစ်ယောက်သိလား”

“ပထမတပ်မှူးနဲ့ တတိယတပ်မှူးတို့”

စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးက မန့်တနှင့် မန့်ကန်းတို့ကို အော်ပြောလိုက်သည်။

မန့်တနှင့်မန့်ကန်းတို့ မလှည့်ခင် မန့်တက ယန်မျိုးနွယ်စုခေါင်းဆောင် ကိုပြောလိုက်သည်။

“ဒီကောင်မလေးက စပါးအုံးနဂါးမျိုးနွယ်စုက မိန်းကလေးပါ.. ဒီညမှာ ဇစ်မြစ်ရေရေရာရာမသိရတဲ့ဒီလူက စပါးအုံးနဂါးမျိုးနွယ်စုနယ်မြေထဲကို ကျူးကျော်ဝင်ရောက်ပြီး ဒီကောင်မလေးကို အဓမ္မခေါ်ဆောင်သွားခဲ့တယ်. ကျွန်တော်တို့က သူ့နောက်ကိုလိုက်ဖမ်းရင်းနဲ့အရှင့်ရဲ့ နယ်မြေထဲကိုရောက်လာတာပါ”

“အိုး”

မန့်တ၏စကားတို့အားကြားပြီးနောက် ယန်မျိုးနွယ်စု ခေါင်းဆောင်က ညင်သာစွာပြောလိုက်သည်။

“ဒီတော့ ဒီလူကဘယ်ကလာတယ်ဆိုတာကို မင်းတို့မသိဘူးပေါ့”

“ဟုတ်ကဲ့”

မန့်တက ခေါင်းညိမ့်လိုက်သည်။

“ဒီလူရဲ့ လျှို့ဝှက်နည်းစနစ်တွေနဲ့ တိုက်ပွဲနည်းစနစ်တွေက တော်တော်လေးထူးဆန်းတယ်လို့ ကျွန်တော်တို့သံသယတယ်.. ကျွန်တော်တို့ အရင်ကလုံးဝမမြင်ဖူးဘူး.. သူက ယုတ်မာပြီးထူးဆန်းတံ တောင်ပေါ်နတ်ဆရာ မျိုးနွယ်စုက နေလာတဲ့သူဖြစ်ဖို့များပါတယ်”

“ငါလည်းဒီလူကို တောင်ပေါ်နတ်ဆရာမျိုးနွယ်စု ကနေလာတာလို့ သံသယရှိနေတာ”

ယန်မျိုးနွယ်စုခေါင်းဆောင်က အနည်းငယ်ခေါင်းဆတ်ပြီးပြောလိုက်သည်။

“ဒါပေမဲ့. သူက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လာတာယ်မလာတယ်ဆိုတာ ကိစ္စမရှိဘူး.. ငါတို့မျိုးနွယ်စု ရဲ့ အနာဂတ်ငြိမ်းချမ်းဖို့အတွက် သူ့ကိုအခုချက်ချင်းပဲသုတ်သင်ပစ်သင့်တယ်”

“ယန်မျိုးနွယ်စု ခေါင်းဆောင်က အမြှော်အမြင်ရှိပါပေတယ်”

ယန်မျိုးနွယ်စုခေါင်းဆောင်၏ စကားတို့အားကြားပြီးနောက် မန့်တနှင့်မန့်ကန်းတို့က တစ်ချိန်တည်းတွင် ခေါင်းညိမ့်လိုက်ကြသည်။

ယန်မျိုးနွယ်စုခေါင်းဆောင်ထံမှနောက်ဆုံးစကားသံထွက်လာပြီးပြီးချင်း အစောပိုင်းက ပျောက်ကွယ်သွားခဲ့သည့် လွန်စွာကြီးမားပြီး သဏ္ဍန်မဲ့သော စွမ်းအားက နောက်တစ်ကြိမ်သူ၏အထက်၌တိတ်တဆိတ်ပြန်ပေါ်လာသည်ကို ရှစ်ဖုန့်ခံစားမိလိုက်သည်။ ၎င်းကရှစ်ဖုန့်၏ကိုယ်အား ပိတ်လှောင်ထား၏။

ထို့နောက်မကြာခင် စွမ်းအားကြီးမားသောဖိအားကို ရှစ်ဖုန့်နောက်တစ်ကြိမ် ခံစားလိုက်ရသည်။ ဤအခိုက်အတန့်တွင် အသက်ရှူခြင်းရော လှုပ်ရှားမှုပင် ထူးခြားစွာခက်ခဲလာသည်။ ထို့နောက် မမြင်နိုင်သောဖိအားကသူ့ပေါ် ရုတ်ခြည်းဖိကျလာ၏။

“အား”

ရုတ်ခြည်းနာကျင်မှုအပြည့်ဖြင့် အော်ဟစ်သောအသံက ရှစ်ဖုန့်၏ပါးစပ်မှထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏မျက်နှာက လွန်စွာနာကျင်မှုကြောင့် အရုပ်ဆိုးအကျည်းတန်လာသည်။ ဤအခိုက်အတန့်တွင် မမြင်နိုင်သောဖိအားကြောင့်သူ၏တစ်ကိုယ်လုံး လုံးဝကွဲကြေတော့မည်ဟု ခံစားနေရသည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters