← Chapters

အခန်း (၉၂၂)

Vol. 62 Ch. 922

အခန်း (၉၂၂)

Vol. 62 Ch. 922

ရှစ်ဖုန့်တစ်ယောက် မမြင်နိုင်သော ဖိအားကြောင့် သူ၏တစ်ကိုယ်လုံးကွဲကြေတော့မည့်နှယ်ခံစားနေရသည်။ နာကျင်စွာဖြင့်အော်ဟစ်နေသကဲ့သို့ သူ့ကိုယ်သူမေးလိုက်သည်။

“ငါသေရတော့မှာလား”

“မဟုတ်ဘူး. ငါကငရဲဘုံကိုးခု ဧကရာဇ်..ယိုမင်ပဲ.. ငါတစ်ကြိမ်သေခဲ့ပြီးပြီ. ဘယ်လိုလုပ်ပြီးငါကထပ်သေရမှာလဲ”

ရှစ်ဖုန့်ကရုတ်ခြည်းကျယ်လောင်စွာဟစ်အော်လိုက်သည်။နာကျင်မှုတို့ကြောင့် ခက်ထန်ကြမ်းကြုတ်လာသောသူ၏မျက်နှာက ရုတ်ခြည်းထူးထူးကဲကဲ မြဲမြံခိုင်မာပြတ်သားလာသည်။

သူ့အား ချေမွပစ်ရန်ဖိကျလာသည့်မမြင်နိုင်သော ဖိအားအားခုခံတွန်းလှန်ရန်အတွက် ရှစ်ဖုန့်ကိုယ်အတွင်းမှ ငရဲဘုံကိုးခုစွမ်းအင်တို့ကို အဆက်မပြတ်လှည့်ပတ်လိုက်သည်။

“ဒါကမင်းရဲ့နောက်ဆုံးအပြင်းအထန်ရုန်းကန်မှုလား.. ဇွဲကြီးတာပဲ.. နတ်ဘုရားတစ်ပိုင်းနယ်ပယ်အောက်ကတစ်စုံတစ်ယောက်က ငါ့ရဲ့စွမ်းအားအောက်မှာ အချိန်တော်တော်ကြာ အပြင်းအထန်ရုန်းကန်နေတာကို ငါပထမဆုံးအကြိမ်မြင်ဖူးတာပဲ”

ဖျက်ဆီးမခံရရန်အတွက် အစွမ်းအကုန် အားထုတ်ကာ အပြင်းအထန်ရုန်းကန်နေသော ရှစ်ဖုန့်အား မြင်တွေ့ရသောအခါတွင် ယန်မျိုးနွယ်စုခေါင်းဆောင်၏ ဂရုမထားသောမျက်နှာထက်၌ ပြည်တည်တည်အပြုံးတစ်ခုပေါ်လာသည်။

ရှစ်ဖုန့်အားကြည့်နေသောပုံစံက ပြပွဲကောင်းတစ်ခု စောင့်ကြည့်နေသည့်နှယ်ပင်ဖြစ်သည်။

ထို့နောက်ယန်မျိုးနွယ်စုခေါင်းဆောင်က သူ၏ခေါင်းကိုလှည့်လိုက်ပြီး သူ့နောက်၌ ဝင့်ကြွားစွာရပ်နေသော သားဖြစ်သူ ယန်လွင်းကိုကြည့်လိုက်သည်။ သူကပြောလိုက်၏။

“ငါ့ရဲ့စွမ်းအားအောက်မှာ မင်းဆိုရင်အချိန်ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မယ်လို့ထင်လဲ”

“ကျွန်..ကျွန်တော်ဆိုရင် အဖေ့ရဲ့စွမ်းအားအောက်မှာ ချက်ချင်းလက်ငင်းပြာဖြစ်သွားမှာပါ”

ယန်လွင်းကအမှန်အတိုင်းပြန်ဖြေလိုက်သည်။

ယန်မျိုးနွယ်စုခေါင်းဆောင်က ဖြည်းညှင်းစွာခေါင်းညိမ့်လိုက်၏။ ထို့နောက် သူကပြောလိုက်သည်။

“သူရှင်သန်နိုင်တဲ့ အကြောင်းပြချက်က ခွန်အားစွမ်းပကားကြောင့်မဟုတ်ဘူး. အဲ့အစားသူ့ရဲ့ အနိုင်မခံအရှုံးမပေးချင်တဲ့ စိတ်စွမ်းအားကြောင့်အခုလိုဖြစ်နေတာ.. ဒီလူကမင်းထက် နှစ်နှစ်လောက်ငယ်တယ်..ဒါပေမဲ့ သူ့ရဲ့ ရှုမြင်တွေးခေါ်မှုကို မင်းနှုင်းယှဉ်လို့မရဘူး”

“အား”

ဤအခိုက်အတန့်တွင်ရှစ်ဖုန့်က ထပ်မံဟစ်အော်လိုက်သည်။

“အမ်..ဖျက်ဆီးမခံရသေးဘူးလား”

ဤအခိုက်အတန့်တွင် ယန်မျိုးနွယ်စုခေါင်းဆောင်က သူ၏ခေါင်းကိုလှည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ တုန်လှုပ်အံ့အားသင့်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့က သူ၏မျက်နှာထက်တွင်ပေါ်လာသည်။

ထို့နောက် သူ၏ အကြည့်အား သားဖြစ်သူထံမှရွှေ့ပြောင်းလိုက်ပြီး ရှစ်ဖုန့်ထံသို့ ခေါင်းကိုလှည့်လိုက်သည်။

“အား..မင်းတို့ကဒီသခင်လေးကို ဖျက်ဆီးချင်တာလား. ဟင့်အင်း.မဖြစ်နိုင်ဘူး”

ရှစ်ဖုန့်က ဆက်လက်ကျယ်လောင်စွာအော်ဟစ်နေဆဲဖြစ်သည်။ မည်သည့်အချိန်ကမှန်းမသိလိုက်ဘဲ ရှစ်ဖုန့်၏ကိုယ်ပေါ်၌ ရွှေရောင် ကွင်းတစ်ခုလင်းလက်တောက်ပလာသည်။ ၎င်းက ရှစ်ဖုန့်၏တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။

“ဒါ..ဒါကဘာလဲ”

ယန်မျိုးနွယ်စု ခေါင်းဆောင်က ရှစ်ဖုန့်၏ ကိုယ်ပေါ်၌ပေါ်လာသော ရွှေရောင်ကွင်းကိုကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင် တုန်လှုပ်အံ့အားသင့်မှုတို့ဖြည့်ပြည့်နှက်နေ၏။

“ဒါက.. တကယ်ကြီးငါ့စွမ်းအားကိုဒါကချိုးဖျက်လိုက်တယ်”

ထို့နောက်ချက်ချင်း ယန်မျိုးနွယ်စု ခေါင်းဆောင်၏မျက်နှာအမူအယာက ထပ်မံပြောင်းလဲသွားသည်။ လွန်စွာ တုန်လှုပ်အံ့အားသင့်သောအမူအယာနှင့် အလန့်တကြားပြောလိုက်၏။

“အစောပိုင်းက ငါ့ရဲ့စွမ်းအားကဒီလူကိုနတ်ဘုရားတစ်ပိုင်းနယ်ပယ်ရောက်အောင်တွန်းအားပေးလိုက်တာများလား”

“ဘာ”

“ဘာ”

“ဘာ”

“ဘာ”

ယန်မျိုးနွယ်စုခေါင်းဆောင်၏ တမင်တကာမဟုတ်သော အလန့်တကြားအော်သံက လူအုပ်ကြီး၏နားထဲသို့ဝင်ရောက်လာသည်။ ထို့နောက်ချက်ချင်း ပတ်ဝန်းကျင်၌အလန့်တကြား အော်သံများစတင်ထွက်ပေါ်လာ၏။

သူက နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဖြစ်သောကြောင့် မည်သူကမှ သူ၏အထောက်အထား ကို သံသယမဝင်ကြပေ။ ယန်မျိုးနွယ်စု ၏ခေါင်းဆောင်တစ်ယောက်ဖြစ်သည်နှင့်အညီ ရွှေရောင်ကွင်းက အစောပိုင်းကသူထုတ်ဖော်ခဲ့သော စွမ်းအားအား ချိုးဖျက်ခဲ့သည်ကို တကယ်အာရုံခံမိခဲ့သည်ဖြစ်သည်။ သူသိသလောက်ဆိုလျှင် ယင်းအတွက်အခြားမည်သည့် အကြောင်းပြချက်မှ သူစဉ်းစားမရပေ။

ရှစ်ဖုန့်မှာမူ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့အတင်းတွန်းအားပေးဝင်ရောက်သွားခြင်းမဟုတ်ပေ။ မမြင်နိုင်သောစွမ်းအားကသူ့အား ဖျက်ဆီးတော့မည့်အချိန်တွင် သူကအားကုန်ရုန်းကန်ခဲ့သည်။ ထို့နောက် ဘိုးအေကြီး အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏စွမ်းအားကပေါ်လာခြင်းဖြစ်၏။

ရွှေရောင်ကွင်းအလင်းတစ်ကြိမ်ပေါ်လာသည်နှင့် ယန်မျိုးနွယ်စုခေါင်းဆောင် ထုတ်ဖော်လိုက်သော မမြင်နိုင်သည့်စွမ်းအားကိုရုတ်ခြည်းတားဆီးလိုက်သည်။ ချက်ချင်းပဲ ရှစ်ဖုန့်မှာ ဖိအားတို့ ပျောက်ကွယ်သွားပြီး သူ၏တစ်ကိုယ်လုံးပေါ့ပါးသွားသည်ကိုခံစားလိုက်ရသည်။

“မင်းနှမ သောက်ချီးပဲ. နောက်ဆုံးတော့ကိုယ်ထင်ပြဖို့ဆန္ဒရှိပြီပေါ့.. ငါထပ်ပြီးသေတော့မလို့ကွ”

ရှစ်ဖုန့်ကခေါင်းကိုငုံ့ထားဆဲဖြစ်သည်။ သူက စိုးရိမ်ဖွယ်အခြေအနေတစ်ခုအတွင်းကျရောက်ခဲ့သည်ဖြစ်သည်။ သူကအသက်ကိုခက်ခက်ခဲခဲ ဟောဟဲဆိုက်အောင်ရှူနေရင်း သူ၏ဝန်းကျင်၌ပေါ်လာသော ရွှေရောင်ကွင်းအားကြည့်ကာ အသံတိုးတိုးဖြင့်ပြောလိုက်၏။

တစ်နှစ်ကြာတွေ့ကြုံခဲ့ပြီးသည့်နောက် ထိုဘိုးအေကြီးက နတ်ဘုရားနယ်ပယ်စွမ်းအား သို့မဟုတ် နတ်ဘုရားနယ်ပယ်ပစ္စည်းများ သို့မဟုတ် ရှေးခေတ်ကာလက နတ်ဘုရားအဆင့်အရာများနှင့်ထိတွေ့မှသာ ကိုယ်ထင်ပြထွက်ပေါ်လာတတ်သည်ကို ရှစ်ဖုန့်သဘောပေါက်နေပြီဖြစ်သည်။

သို့သော်မည်သို့ပင်ဖြစ်နေပါစေ သူကလည်းဤအရာများအားအကြိမ်များစွာထိတွေ့ခဲ့သည်ဖြစ်သည်။ ယခုလည်း၎င်း၏စွမ်းအားကို နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားအောက်သို့ရောက်ရှိမှာသာကိုယ်ထင် ပြလာခြင်းဖြစ်သည်။

ဤအချိန်တွင်ရှစ်ဖုန့်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားအားပိုင်ဆိုင်ထားသည့် ယန်မျိုးနွယ်စုခေါင်းဆောင်ကို ထပ်မံမော့ကြည့်လိုက်သည်။ ယန်မျိုးနွယ်စုခေါင်းဆောင်၏အကြည့် ရှစ်ဖုန့်၏အပေါ်တွင် တစ်ချိန်လုံးကျရောက်နေခြင်းဖြစ်၏။

ရှစ်ဖုန့်ကခေါင်းမော့ပြီးသူအား ကြည့်သည်ကိုမြင်တွေ့လိုက်ရသောအခါတွင် ယန်မျိုးနွယ်စုခေါင်းဆောင်က သူ၏ညာလက်အား ဓားလက်ချောင်းအသွင်ပြုလုပ်လိုက်သည်။ သာမန်ကာလျှံကာ ဂရုမထားသောဟန်ဖြင့် ရှစ်ဖုန့်ကို ထိုးညွှန်လိုက်၏။

ထို့နောက်ချက်ချင်း မမြင်နိုင်သောစွမ်းအားကြီးစွမ်းအားက သူ၏ဝန်းကျင်၌ထပ်မံပေါ်လာသည်ကိုရှစ်ဖုန့်အာရုံခံမိလိုက်သည်။ သို့သော် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှဖြစ်ပေါ်လာသည့် ရွှေရောင်ကွင်းအလင်းက ထိုစွမ်းအားကိုထပ်မံတားဆီးလိုက်သည်။

‌

ရွှေရောင်ကွင်းအလင်းက ဖျစ်ညှစ်ခံရသောရေလှိုင်းတွန့်လေး များကဲ့သို့ဖြစ်နေသည့်တိုင် ထိုစွမ်းအားက ၎င်းအားချိုးဖျက်နိုင်ခြင်းမရှိပေ။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.. သူကနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုဝင်ရောက်ခဲ့ရင်တောင် ခုဏကမှ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုရောက်တဲ့ဟာ.. ဘယ်လိုဖြစ်ပြီးတော့ငါ့ရဲ့စွမ်းအားကိုခုခံနိုင်ရတာလဲ”

ယန်မျိုးနွယ်စုခေါင်းဆောင်၏တိုက်ခိုက်မှုက အပေါ်ယံတွင် သာမန်ကာလျှံကာနှင့်ဂရုမထား သောတိုက်ခိုက်မှုဖြစ်သည်။ သို့သော် ၎င်းက သူ၏စွမ်းအားအပြည့်ထည့်ထားသောတိုက်ခိုက်မှုတစ်ခုဖြစ်၏။ သို့တိုင်အောင်၎င်းက ရွှေရောင်ကွင်းအလင်းကို ချိုးဖျက်နိုင်ခြင်းမရှိပေ။ သူ၏မျက်မှောင်တို့ကြုတ်သွားပြီး အံ့အားသင့်သောအမူအယာတစ်ခုဖြစ်ပေါ်လာသည်။

“ဟားဟား..ဟားဟားဟား”

ဤအခိုက်အတန့်တွင် ယန်မျိုးနွယ်စုခေါင်းဆောင်အားကြည့်၍ ရှစ်ဖုန့်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူကအပြုံးတစ်ခုနှင့်ပြောလိုက်၏။

“မျိုးနွယ်စုခေါင်းဆောင်.. ယန်မျိုးနွယ်စုခေါင်းဆောင် ဒီနေ့ကြင်နာမှုကိုဒီသခင်လေးမှတ်ထားမယ်.. အနာဂတ်မှာ..သေချာပေါက်ဒီနေရာမှာ မင်းပြန်ပေးဆပ်ရမယ်”

သူကရယ်မောနေသည့်တိုင် ယန်မျိုးနွယ်စု ခေါင်းဆောင်အားကြည့်နေသောသူ၏အကြည့်နှင့် ပြောနေသောစကားတို့က အေးစက်မှုတို့ဖြင့်ပြည့်နှက်နေဆဲဖြစ်သည်။

ယိုမင်အားသေစေချင်သော သူကိုသေချာပေါက်ဖျက်ဆီး ပစ်မည်သာဖြစ်သည်။

ကျယ်လောင်စွာရယ်မောနေသကဲ့သို့ ရှစ်ဖုန့်၏ကိုယ်ကရုတ်ခြည်းလှုပ်ရှားသွားပြီး ကောင်းကင်ထဲသို့ထိုးတက်လိုက်သည်။ ရှစ်ဖုန့်၏ကိုယ်က တစ်ဟုန်ထိုးရွေ့လျားနေသကဲ့သို့ ရွှေရောင်ကွင်းအလင်းကလည်း သူ၏နောက်မှနီးကပ်စွာလိုက်ပါလာသည်။ ဤအခိုက်အတန့်တွင် ရှစ်ဖုန့်မှာရွေ့လျားနေသော နေအသေးစားလေးတစ်စင်းနှင့်တူသည်။

“ဒီကလေးထွက်မသွားရဘူး”

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်ထွက်ခွာသွားတော့မည်ကိုတွေ့ရသောအခါ ယန်မျိုးနွယ်စုခေါင်းဆောင်ကနက်ရှိုင်းသောအသံဖြင့် အေးစက်စွာအော်ပြောလိုက်သည်။ သူ၏ကိုယ်ကဖျက်ခနဲဖြစ်သွား ပြီးပျောက်ကွယ်သွားသည်။

သူပြန်ပေါ်လာသောအခါတွင် ရှစ်ဖုန့်၏ကိုယ်အထက်သို့ တိတ်တဆိတ်ရောက်ရှိနေပြီး ရှစ်ဖုန့်၏မြင့်တက်နေသော ကိုယ်ကိုပိတ်ပင်ထားပြီးဖြစ်သည်။ သူ၏ညာလက်က လက်ဝါးတစ်ခုဖြစ်သွားပြီး ရှစ်ဖုန့်ပေါ်သို့ဖိကျလာကာ တီးတိုးရေရွတ်လိုက်သည်။

“မင်းကအရမ်းငယ်ပြီး ဒူပေနာပေခံတယ်”

“မင်းမှာ ဒီလိုအသက်ငယ်ငယ်လေးနဲ့ ဒီလိုမျိုးစိတ်စွမ်းအားနဲ့ ဉာဏ်ပညာမျိုးရှိတယ်.. ငါ့ရဲ့ အကျပ်ကိုင်မှုအောက်မှာတောင် မင်းက နတ်ဘုရားတစ်ပိုင်းနယ်ပယ် စွမ်းအားကိုရရှိသွားသေးတယ်.. ဒီညမင်းသေရမယ်..မဟုတ်ရင်ငါ့ရဲ့မျိုးနွယ်စုက အဆုံးမဲ့ ဒုက္ခသုက္ခတွေကိုရင်ဆိုင်ရလိမ့်မယ်”

ဤကဲ့သို့လူငယ်တစ်ယောက ်အားမြင်တွေ့ရသောအခါတွင် စွမ်းအားကြီးကျွမ်းကျင်သူတစ်ဦးဖြစ်သော ယန်မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သူပင် စိတ်ထဲမှအကြောက်တရားကိုခံစားရသည်ဖြစ်သည်။

ယခုဤလူကတောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှဟုတ်သည်မဟုတ်သည်ကို သူထပ်မံအရေးမစိုက်တော့ပေ။ ယခုအမုန်းတရားများဖြစ်ပေါ် လာခဲ့ပြီဖြစ်သောကြောင့် သူ့အနေဖြင့် ၎င်းအား ဖျက်ဆီးပြီးအရင်းအမြစ်ကိုသုတ်သင်ပစ်ရမည်ဖြစ်သည်။

ယန်မျိုးနွယ်စုခေါင်းဆောင်၏လက်ဝါးအောက်တွင် အောက်ရှိကောင်းကင်ကရုတ်ခြည်း ပြင်းထန်သောမီးတောက်ပင်လယ်ကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။ ရှစ်ဖုန့်၏ထိုးတက်နေသောကိုယ်ကရုတ်ခြည်းမီးတောက်ပင်လယ်အတွင်းဝါးမျိုခံလိုက်ရ၏။

သူ၏လမ်းကြောင်းပိတ်ခံလိုက်ရသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်၏ကိုယ်က ရုတ်ခြည်းရပ်တန့်သွားသည်။ သူက ပြင်းထန်စွာလောင်ကျွမ်းနေသောမီးတောက်ပင်လယ်နှင် သူ၏ကိုယ်ဝန်းကျင်မှ ရွှေရောင်အလင်းကွင်းတို့ကိုကြည့်လိုက်သည်။ သူကရွှေရောင်အလင်းကွင်းအားတီးတိုးပြောဆိုလိုက်၏။

“မင်း.မင်းဒါကိုခပ်ကြမ်းကြမ်း တိုက်ပြီးတားဆီးရမယ်”

စကားပြောလိုက်သကဲသို့ သူ၏ပုံရိပ်ကလည်းတစ်ဟုန်ထိုး ထပ်မံရွေ့လျားသွားသည်။ လမ်းကြောင်းကပိတ်ထားခြင်း ခံရသောကြောင့် သူ့အနေဖြင့်တစ်ဟုန်ထိုးချီ တက်ရမည်သာဖြစ်သည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters