← Chapters

အခန်း (၉၂၃)

Vol. 62 Ch. 923

အခန်း (၉၂၃)

Vol. 62 Ch. 923

ရှစ်ဖုန့်က ရွှေရောင် အလင်းကွင်းအတွင်း၌ရှိနေသည်။ သူ၏ကိုယ်က ပြင်းထန်စွာတောက်လောင်နေသော မီးတောက်ပင်လယ်အတွင်းရှိနေ၏။ သူ၏လမ်းကြောင်းအားအပေါ်မှ ယန်မျိုးနွယ်စုခေါင်းဆောင်က ပိတ်ဆို့ထားသောကြောင့် နောက်ထပ်တစ်ကြိမ်သူ၏အမြန်နှုန်းကိုထုတ်ဖော်ပြီး ရှေ့သို့ချီတက်လိုက်သည်။

သို့သော်ရှစ်ဖုန့်၏ကိုယ်က ထပ်မံရွေ့လျားသွားသောအခါတွင် ပြင်းထန်စွာတောက်လောင်နေ သောမီးပင်လယ်အတွင်း ပုံရိပ်တစ်ခုက သူ၏ရှေ့၌ ရုတ်ခြည်းတိတ်တဆိတ်ပေါ်လာသည်။ထပ်မံပေါ်လာသည့်သူက ယန်မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည်။

ယန်မျိုးနွယ်စုခေါင်းဆောင်က သူ၏ညာလက်ကိုဆန့်ထုတ်လိုက်ပြီး အပြင်းချီတက်လာနေဆဲဖြစ်သော ရှစ်ဖုန့်အား ခြားနားမှုမရှိပြောလိုက်သည်။

“ငါပြောပြီးသား မင်းဒီနေ့သေရမယ်”

ယန်မျိုးနွယ်စုခေါင်းဆောင်၏ ဂရုမစိုက်စွာပြောဆိုသော အသံကထွက်ပေါ်လာသည်။ရုတ်ခြည်း သဏ္ဍန်မဲ့ပြီး စွမ်းအားကြီမားသော စွမ်းအင်တစ်ခုက နေရာတစ်ခုလုံးကို စတင်လွှမ်းခြုံလာ၏။ မျက်စိတစ်မှိတ်အတွင်း မီးတောက်ပင်လယ်ကြီးက ဧရာမမီးတောက်ဝဲကြီးတစ်ခုအဖြစ်ကိုပြောင်းလဲသွားသည်။ ရှစ်ဖုန့်မှာမူ မီးတောက်ဝဲကြီး၏အလယ်ဗဟို၌ရှိနေသည်။

“ချီးပဲ.မင်းကအရမ်းမာနကြီးတာမလား.. ငါသေမလားရှင်မလားက မင်းအပေါ်ဘဲမူတည်တယ်”

ရှစ်ဖုန့်ကနောက်တစ်ကြိမ် သူ့ဝန်းကျင်ရှိ ရွှေရောင်အလင်းကွင်းကို အော်ပြောလိုက်သည်။ သူက မီးတောက်ဝဲကြီး၏ အလယ်ဗဟို၌ရှိနေပြီး လွန်စွာ စွမ်းအားကြီးမားသောအပူနှင့် ထူးထူးကဲကဲကြမ်းကြုတ်သော စွမ်းအင်တို့သူ့နား၌စုစည်းနေသည်ကိုအာရုံခံမိသည်တောင် သူ့အနေဖြင့်ဖျက်ဆီးခံရဖို့ကို စောင့်ဆိုင်းနေရပြီး ဘာမှမလုပ်နိုင်ဖြစ်နေဆဲဖြစ်သည်။

သို့သော် စွမ်းအင်အား ရွှေရောင်အလင်းကွင်းက ဆက်လက်တားဆီးနေဆဲဖြစ်သည်။ ယန်မျိုးနွယ်စုခေါင်းဆောင်အား အရှုံးပေးရန်ငြင်းဆန်သောမျက်နှာနှင့် ရှစ်ဖုန့်ကအံကိုတင်းတင်းကြိတ်လိုက်ပြီး ခက်ထန်သော အမူအယာတစ်ခုကိုပြသလာသည်။ ဤယုတ်မာသည့်သတ္တဝါက သူ့လမ်းကိုပိတ်ကာ သူ့အားသုတ်သင်ရန်ဆုံးဖြတ်ထား သောကြောင့် ရှစ်ဖုန့်အနေဖြင့် အံကိုကြိတ်ထားရုံသာတက်နိုင်သည်။ ရှစ်ဖုန့်တစ်ယောက်ရွှေးချယ်စရာမရှိဘဲ အံကိုသာတင်းတင်းကြိတ်နေရခြင်းဖြစ်သည်။ ထို့နောက်၎င်းအားတိုက်ခိုက်ရန်အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏စွမ်းအားအား ငှားရမ်းရလိမ့်မည်ဖြစ်သည်။

“ဒီသခင်လေးအတွက်သေလိုက်စမ်း”

ရှစ်ဖုန့်၏ကိုယ်ကတစ်ဟုန်ထိုး ရှေ့သို့ပျံသန်းနေဆဲဖြစ်သည်။ ယန်မျိုးနွယ်စုခေါင်းဆောင်၏ အနီးအနားသို့ရောက်ရှိလာသကဲ့သို့ ခက်ထန်စွာကြုံးဝါးလိုက်သည်။ ထို့နောက်သူ၏ကိုယ်နှင့် ယန်မျိုးနွယ်စုခေါင်းဆောင်၏ကိုယ်ကို တစ်ဟုန်ထိုးပစ်ဆောင့်ပစ်လိုက်သည်။

“ဒီသခင်လေးကို မင်းထွက်ပြေးလွတ်မြောက်ခွင့်မပြုရင် မင်းနဲ့သေတဲ့အထိတိုက်မယ်”

“ဟမ့်”

ဤအခိုက်အတန့်တွင် သူ့ထံသို့ဆက်လက်ချီတက်လာရဲသောရှစ်ဖုန့်အားရင်ဆိုင်ရင်း ယန်မျိုးနွယ်စုခေါင်းဆောင် ၏မောက်မာသောမျက်နှာက အထင်းသေမှုအပြည့်ဖြင့်နှာခေါင်းရှုံ့မှုကိုပြသလာသည်။

ထို့နောက် ကောင်းကင်ထဲရှိလွန်စွာကြီးမားသော မီးတောက်ဝဲကြီးက ယန်မျိုးနွယ်စုခေါင်းဆောင်၏လက်ဝါး၌အကုန်လုံးစုစည်းသွားသည်။ ရုတ်ခြည်းဖိသိပ်ခံထားရသည့် လက်သီးဆုပ်အရွယ် မီးတောက်ဝဲတစ်ခုဖြစ်သွားသည်။ သို့သော် ဖိသိပ်ခံရသောစွမ်းအားက ပို၍ ဗျာများပြီး အသက်ရှူရကျပ်စေသောစွမ်းအားကိုထုတ်လှတ်နေသည်။

ထို့နောက်ယန်မျိုးနွယ်စု ခေါင်းဆောင်၏စွမ်းအား ကလာနေသောရှစ်ဖုန့်ထံသို့ စတင်ပေါက်ကွဲပစ်ထွက်သွားသည်။သူ၏လက်ဝါးက ရှစ်ဖုန့်အားကာကွယ်ပေးထားသော ရွှေရောင်အလင်းကွင်းနှင့် ပစ်ဆောင့်သွား၏။

“ဝုန်း”

နတ်ဘုရားတစ်ပိုင်းစွမ်းအားနှစ်ခုတို့ ပစ်ဆောင့်သောအခါတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ဧရိယာအတွင်းထွက်ပေါ်လာသည်။ စွမ်းအားကြီးမားသော စွမ်းအားတို့ကြောင့်နေရာ တစ်ခုလုံးလှုပ်ခါသွားသည်။

“ခရက်”

ကြက်ဥခွံအက်ကွဲသောအသံမျိုးနှင့်အတူ မီးတောက်ကောင်းကင်အတွင်း၌ ဆယ်မီတာရှည်လျားသော အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာသည်။

သို့သော်ထိုအချိန်တွင် မည်သူကမှ ပေါ်လာသော အက်ကွဲကြောင်းကကိုစိတ်မဝင်စားကြပေ။ တစ်ယောက်ပြီးတစ်ယောက် မျက်လုံးများပြူးကျယ်နေပြီး ကောင်းကင်ယံသို့ကြည့်၍ မယုံကြည်နိုင်သောအမူအယာ များဖြစ်ပေါ်နေကြသည်။

ယန်မျိုးနွယ်စုမှ စစ်သည်တော်များ ၊ စပါးအုံးနဂါးမျိုးနွယ်စုမှ မန့်တနှင့်မန့်ကန်း၊ စပါးအုံးနဂါးမျိုးနွယ်စုမှမိန်းကလေး အားလုံးတို့က တစ်ချိန်တည်းတွင် ပုံရိပ်နှစ်ခုမှ တစ်ယောက်စွမ်းအားကြောင့် တစ်ယောက်နောက်သို့လွင့်ထွက်သွားသည်ကိုတွေ့လိုက်ရသည်။

လူအုပ်ပြီး၏နှလုံးသားထဲတွင် ရှစ်ဖုန့်၏ကိုယ်ကနောက်သို့ လွင့်ထွက်သွားခြင်းက သဘာဝဖြစ်သည်။ ၎င်းမသေခြင်းကပင် ကောင်းနေပြီဖြစ်သည်။

သို့‌သော် သူတို့၏နှလုံးသားထဲရှိ မယိမ်းယိုင်နိုင်သော နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေသည့် ယန်မျိုးနွယ်စုခေါင်းဆောင်က တကယ်ကြီးပြိုင်ဘက်၏စွမ်းအားကြောင့်နောက်သို့ လွင့်ထွက်သွားရသည်ဖြစ်သည်။ ဤ….ဤသည်ကား ယန်မျိုးနွယ်စုမှလူများအတွက် အမှန်တကယ်လက်သင့်ခံဖို့ ခက်ခဲသောအရာဖြစ်သည်။

အခြားတစ်ဖက်မှလူက အသက်ဆယ့်ခြောက်ဆယ့်ခုနှစ်နှစ်အရွယ်သာရှိသေးသော ဆယ်ကျော်သက်လေးတစ်ဦးဖြစ်သည်။

“မဟုတ်ဘူး..မဖြစ်နိုင်ဘူး.. မျိုးနွယ်စုခေါင်းဆောင်..ငါအိမ်မက်မက်နေတာပဲဖြစ်ရမယ်.. ဒီလိုကိစ္စမျိုးကအကြွင်းမဲ့ မဖြစ်နိုင်ဘူး”

“ငါတို့ရဲ့စွမ်းအားကြီးမျိုးနွယ်စုခေါင်းဆောင်..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

“အဖေ..အဖေ..သူတကယ်ပဲ…..”

ယန်မျိုးနွယ်စုဝင်များအနေဖြင့်ဤအရာအားတကယ်လက်သင့်မခံချင်သော် လည်းတယယ်ဖြစ်ပျက်ခဲ့သည်ဖြစ်သည်။ ယင်းက မပြောင်းလဲနိုင်သောအချက်ဖြစ်သည်။

အစောပိုင်းကမှ ထိုလူငယ်အား အပြင်းလိုက်ဖမ်းနေသော သူတို့၏ စွမ်းအားကြီးမျိုးနွယ်စုခေါင်းဆောင်က ပြိုင်ဘက်၏စွမ်းအားကြောင့် နောက်သို့လွင့်ထွက်သွားခဲ့ရသည်ဖြစ်သည်။

ရှစ်ဖုန့်ကနောက်သို့လွင့်ထွက်နေသကဲ့သို့ သူဝန်းကျင်မှရွှေရောင်အလင်းကွင်းက နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူနှင့် အကြိမ်နည်းငယ် ထိခတ်ပြီးနောက် မှိန်လာသည်ကို သဘောပေါက်လိုက်သည်။ ၎င်းကစတင်ဝါနေပြီဖြစ်သည်။

အားကောင်းသောအရာနှစ်ခုကြားထိပ်တိုက်တွေ့မှုက အရာအားလုံးရဲ့မူလဇစ်မြစ်အား စွမ်းအင်များစွာကုန်ဆုံးစေပုံရပြီး သေခြင်းမဲ့တောင်တန်း၌ သွေးပန်းခက်မျိုးနွယ်မှဥနှင့် ထိတွေ့တုံးကကဲ့သို့ပင် ဖြစ်လာသည်ဖြစ်သည်။

သို့သော်ဤအဝါရောင်အလင်းက ထိုနေကထက်များစွာသာသေးသည်ဖြစ်သည်။ ထိုအချိန်က အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အနေဖြင့် ဆီကုန်သွားသော မီးအိမ်တစ်လုံးဟုပြောနိုင်၏။ ၎င်းကမီးခိုးရောင်ပြောင်းသွားပြီး သေသည်ရှင်သည်မသိပင်ဖြစ်သွားရသည်ဖြစ်သည်။

သို့သော်ဤအကြိမ်တွင် သူကယန်မျိုးနွယ်စုခေါင်းဆောင်နှင့် သရေကျခဲ့၏။ သူက ယန်မျိုးနွယ်စုခေါင်းဆောင်၏တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သော်လည်း ရှစ်ဖုန့်အနေဖြင့် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က သူ့အားနောက်ထပ်တစ်ကြိမ်ပြီးတစ်ကြိမ်ထပ်ကာထပ်ကာ ကာကွယ်ပေးနိုင်မည်ဟုအာမမံနိုင်ပေ။

ဤအတွေးများအားသူ၏စိတ်ထဲ၌တွေးမိပြီး ရှစ်ဖုန့်၏နောက်ပြန်လွင့်နေသောပုံရိပ်က လျှင်မြန်စွာရပ်တန့်လာသည်။ ရှစ်ဖုန့်ကရုတ်ခြည်းလှည့်လိုက်ပြီး နောက်တစ်ကြိမ်လေကိုထိုးခွင်းကာ အဝေးသို့အရှိန်ဖြင့်ထွက်ပြေးလိုက်သည်။

ရှစ်ဖုန့်၏ကိုယ်ရပ်တန့်သွား သည့်အခိုက်အတန့်တွင် ယန်မျိုးနွယ်စုခေါင်းဆောင်ကလည်းရပ်တန့်သွားသည်။ အဝေးသို့ ယန်မျိုးနွယ်စု၏နယ်မြေမှ ဝေးသည်ထက်ဝေးစွာ ပျံသန်းသွားသောပုံရိပ်အားကြည့်နေစဉ် ပုံမှန်မဟုတ်စွာအေးစက်သော အသံတစ်ခုဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

“ယန်မျိုးနွယ်စု. ဒီသခင်လေးမင်းတို့ကိုမှတ်ထားတယ်.. နောက်တစ်ကြိမ်ဒီသခင်လေးလာရင်..အဲ့နေ့ကမင်းတို့မျိုးနွယ်စုပျက်စီးတဲ့နေပဲ.. မင်းတို့ဒီသခင်လေးကိုစောင့်နေကြ”

အသံကဖြည်းဖြည်းချင်းလွင့်ပျယ်သွားပြီး ပုံရိပ်ကလည်းအားလုံး၏မြင်ကွင်းမှ ဖြည်းညှင်းစွာပျောက်ကွယ်သွားသည်။

အစောပိုင်းကထိုလူထုတ်ဖော်လိုက်သောစွမ်းအားကြောင့် ယန်မျိုးနွယ်စုမှလူများနှင့် စပါးအုံးနဂါးမျိုးနွယ်စုမှ တပ်မှူးနှစ်ဦးတို့က လိုက်လံဖမ်းဆီးရဲခြင်းမရှိပေ။

သို့သော် ဤအချိန်တွင်ထူးဆန်းသောအရာကား စွမ်းအားကြီးယန်မျိုးနွယ်စု ခေါင်းဆောင်ကလိုက်မဖမ်းခြင်းဖြစ်သည်။ ထိုအစား လူအုပ်၏အထက်ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေ၏။ သူ၏အမူအယာကခြားနားမှုမရှိ သူ၏မြင်ကွင်းမှပျောက်ကွယ်သွားသောပုံရိပ်ကိုစောင့်ကြည့်နေသည်။

ထိုပုံရိပ်မည်းတကယ်ထွက်ခွာ သွားသည်ကိုမြင်လိုက်ရသည့်အခိုက်အတန့်တွင် ယန်မျိုးနွယ်စုခေါင်းဆောင်၏ဂရုမထားသောမျက်နှာက ရုတ်ခြည်းပြောင်းလဲသွားသည်။ အချိန်တွင်သူ၏ကိုယ်ကတုန်ယင် လာပြီးကိုင်းညွှတ်လာသည်။

“ဝေါ့”

ယန်မျိုးနွယ်စုခေါင်းဆောင်၏ပါးစပ်မှ အော့အန်သောအသံတစ်ခုထွက်ပေါ်လာ၏။

သူ၏ပါးစပ်မှကြက်သွေးရောင်သွေးတစ်ပွက်ကိုအန်ထုတ်လိုက်သည်။

နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူဖြစ်သော စွမ်းအားကြီးယန်မျိုးနွယ်စုခေါင်းဆောင် တကယ်ကြီးထိခိုက်ဒဏ်ရာရသွားပြီးသွေးအန်လိမ့်မည်ဟု သူတို့လုံး စိတ်ကူးထားခြင်းမရှိကြပေ။

“မျိုးနွယ်စုခေါင်းဆောင်. မျိုးနွယ်စုခေါင်းဆောင်”

“အဖေ..အဖေ”

သူတို့၏ခေါင်းဆောင်ဖြစ်သူ တကယ်ကြီးထိခိုက်သွား သည်ကိုမြင်တွေ့ရသောခါတွင် များစွာသောပုံရိပ်များက ကောင်းကင်ထဲသို့ထိုးတက်နေသည့် သိပ်သည်းများပြားသော မီးတန်းများမှထွက်လာသည်။

ဤအချိန်တွင် ယန်မျိုးနွယ်စုခေါင်းဆောင်၏ကိုယ်ကလှုပ်ရှားသွားပြီးနောက်တစ်ကြိမ်တည့်မတ်လာသည်။ သူထံသို့ပျံသန်းလာနေသောမျိုးနွယ်စုဝင်များကိုကြည့်၍ သူကလက်ကိုယမ်းလိုက်ပြီး အော်ပြောလိုက်သည်။

“မင်းတို့လာစရာမလိုဘူး.ငါအဆင်ပြေတယ်”

“မျိုးနွယ်စုခေါင်းဆောင်”

“အဖေ”

မျိုးနွယ်စုခေါင်းဆောင်ထံမှအဆင်ပြေသည်ဟူသောအသံကိုကြားရသောအခါတွင် စိုးရိမ်သံများကထွက်ပေါ်နေဆဲ ဖြစ်သော်လည်း လေကိုထိုးခွင်းလာသောပုံရိပ်များက ယန်မျိုးနွယ်စုခေါင်းဆောင်၏အမိန့်အောက်၌ ချက်ချင်းရပ်တန့်လိုက်ကြသည်။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters