အခန်း (၉၂၄)
Vol. 62 Ch. 924
ယန်မျိုးနွယ်စု နယ်မြေ၏ အထက် ကောင်းကင်ထဲတွင် ယန်မျိုးနွယ်စု ခေါင်းဆောင်က သူ၏ ထိခိုက်ဒဏ်ရာရသွားမှုကြောင့် ပျံသန်းလာနေကြသော မျိုးနွယ်စု ဝင်များကို ကြည့်လိုက်သည်။
ထို့နောက် ယန်မျိုးနွယ်စု ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။
“အားလုံး ရပ်ကြ”
“ဟုတ်ကဲ့”
ယန်မျိုးနွယ်စု ခေါင်းဆောင်၏ အမိန့်အောက်တွင် ယန်မျိုးနွယ်ဝင်များမှာ ရွေးချယ်စရာမရှိဘဲ နာခံရုံသာတက်နိုင်သည်။ ဝန်းရံလာသောလူများမှာ ဖြည်းဖြည်းချင်း ပြန်လည်လူစုခွဲလိုက်ကြသည်။
ဤအခိုက်အတန့်တွင် ယန်မျိုးနွယ်စု ခေါင်းဆောင်က အောက်ဘက်ရှိ စပါးအုံးနဂါးမျိုးနွယ်စု ဝင်များကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“တပ်မှူး မန့်တနဲ့ တပ်မှူးမန့်ကန်းတို့”
“ကျွန်တော်တို့ဒီမှာရှိပါတယ်.. ယန်မျိုးနွယ်စု ခေါင်းဆောင်”
မန့်တနှင့်မန့်ကန်းတို့က ယန်မျိုးနွယ်စုခေါင်းဆောင်အား အလွန်လေးစားမှုအပြည့်ရှိသော လေသံဖြင့် ပြောလိုက်သည်။
“မင်းတို့ဒီလူကိုအခု နေမဖယ်ရှားရင် သူက သေချာပေါက် ငါတို့မျိုးနွယ်စုတွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာလိမ့်မယ်.. မင်းတို့နှစ်ယောက် မျိုးနွယ်စုဆီမြန်မြန်ပြန်ပြီး ဒီလူကိုသတ်ဖို့ မင်းတို့မျိုးနွယ်စုခေါင်းဆောင်ကို သတင်းပေးနိုင်မယ်မျှော်လင့်တယ်..”
ယန်မျိုးနွယ်စုခေါင်းဆောင်က ပြောလိုက်သည်။
မန့်တက လျှင်မြန်စွာပြောလိုက်၏။
“ယန်မျိုးနွယ်စုခေါင်းဆောင် ကျွန်တော်တို့ စပါးအုံးနဂါးမျိုးနွယ်စုခေါင်းဆောင်က လောလောဆယ်မှာ အရေးကြီးကိစ္စလုပ်စရာရှိနေလို့ မရှိပါဘူး. ဒါပေမဲ့ မန့်တသေချာပေါက် ဒီမှာဖြစ်ပျက်ခဲ့တာတွေကို မျိုးနွယ်စု ခေါင်းဆောင်ကိုရော မျိုးနွယ်စုဝင်တွေကိုပါ ဖြစ်နိုင်သမျှ အမြန်ဆုံး အသိပေးလိုက်ပါ့မယ်.. ကျေးဇူးပြုပြီး စိတ်မပူပါနဲ့ မျိုးနွယ်စုခေါင်းဆောင်”
မန့်တ၏ စကားတို့အားကြားပြီးနောက် ယန်မျိုးနွယ်စုခေါင်းဆောင်က ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။
“အင်း”
“ဒီလိုဆိုရင် ကျွန်တော်တို့သုံးယောက် အရင်ဆုံးထွက်ခွာပါအုံးမယ်.. ယန်မျိုးနွယ်စုခေါင်းဆောင်ရဲ့အမိန့်တွေကို ကျွန်တော်တို့ မမေ့ရဲပါဘူး”
မန့်တက ထပ်မံပြောလိုက်သည်။
“လေးစားရပါသောဧည့်သည်တော်တို့ ဂရုစိုက်ကြပါ.. ယန်မျိုးနွယ်စုက စပါးအုံးနဂါးမျိုးနွယ်စု က စစ်သည်တော်တွေကို အမြဲကြိုဆိုနေမှာပါ..ယန်ကျင်း ငါတို့ရဲ့ လေးစားရတဲ့ဧည့်သည်တော်တွေကို လိုက်ပို့ပေးလိုက်”
ယန်မျိုးနွယ်စု ခေါင်းဆောင်က ပြောလိုက်သည်။
“ဟုတ်ကဲ့ မျိုးနွယ်စုခေါင်းဆောင်”
ယန်မျိုးနွယ်စုခေါင်းဆောင် စကားဆုံးပြီးပြီးချင်း ခံ့ညားသော အော်သံတစ်ခုကိုကြားရသည်။ ထို့နောက် အရပ်မြင့်မြင့် တုတ်ခိုင်သန်မာသော ပုံရိပ်တစ်ခုက မန့်တနှင့်အခြားသူနှစ်ဦးတို့ထံသို့ ပျံသန်းလာသည်။
၎င်း၏ကိုယ်အပေါ်ပိုင်းက ကိုယ်ဗလာဖြစ်ပြီး အဖုအထစ်ကြွက်သားများကို လှစ်ဟာပြထားသည်။ သူ၏ကိုယ်အောက်ပိုင်းက ပြင်းထန်သောမီးတောက်များ တောက်လောင်နေသည်။ သူကတကယ်ကြီး မီးတောက်များကို ဘောင်းဘီကဲသို့ ဆင်မြန်းထားခြင်းဖြစ်သည်။
ယန်ကျင်းမှာ ယန်မျိုးနွယ်စု၏တပ်မှူးဖြစ်သည်။ ယန်မျိုးနွယ်စုခေါင်းဆောင်က မန့်တနှင့်မန့်ကန်းတို့အား လိုက်ပို့ရန်တောင်းဆိုခဲ့သည်ဖြစ်၏။ ယင်းက အနောက်ပိုင်းဒေသကြီးအတွင်း ထုံးတမ်းစဉ်လာတစ်ခုဖြစ်သည်။
“နှုတ်ဆက်ပါတယ်.. ယန်မျိုးနွယ်စုခေါင်းဆောင်. နှုတ်ဆက်ပါတယ်.. ယန်မျိုးနွယ်စု စစ်သည်တော်တို့”
ယန်ကျင်းကသူတို့အားလိုက်ပါပို့ဆောင်မှုနှင့်အတူ မန့်တ၊မန့်ကန်းနှင့် ဆိတ်ဆိတ်နေပြီးစိုးရိမ်ပူပန်နေသော စပါးအုံးနးဂါးမျိုးနွယ်စုမှ ကောင်မလေးတို့က ရဲရဲတောက်ညကောင်းကင်ယံထဲမှ ထွက်ခွာသွားသည်။
အကယ်၍သူမသာ စပါးအုံးနဂါးမျိုးနွယ်စသို့ပြန်ရောက်ခဲ့လျှင် သူမအား မျိုးနွယ်စုဝင်များက အပြစ်ကင်းစင်သည်ဟု ယုံကြည်ခဲ့လျှင် အဆင်ပြေလိမ့်မည်ဖြစ်သည်။ အကယ်၍ မျိုးနွယ်စုဝင်များကသာသူမအား ဒုတိယတပ်မှူးကဲ့သို့ သံသယဝင်ခဲ့လျှင် ထို့နောက်ပိုင်း သူမ မည်ကဲ့သို့လုပ်ရပါမည်နည်း။
မြေရိုင်းတိုက်ကြီးအတွင်းတွင် အမျိုးသမီးများအား မနှစ်သက်သောယောက်ျားသားမည်သူရှိပါသနည်း။ ဘယ်အမျိုးသမီးကရော ပြန်ပေးဆွဲခံရပြီးနောက် သူမ၏သန့်စင်မှုကို ထိန်းထားနိုင်ပါအုံးမည်နည်း။
စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးရှောင်းမီ က သူမဖာသာသူမ စိုးရိမ်ပူပန်စွာတွေးနေသည်။
“အဲ့လူ..အဲ့လူကတကယ်ကြီး ဒီလိုမျိုးစွမ်းအားကြီးတယ်.. ယန်မျိုးနွယ်စု ခေါင်းဆောင်တောင်သူ့စွမ်းအားကြောင့်ထိခိုက်သွားတယ်. အကယ်၍..အကယ်၍သူသာငါ့ကို စောစောလေး အဝေးကိုခေါ်သွားခဲ့ရင် သူသာငါ့ကို ဘဝတစ်လျှောက်လုံးနောက်ကလိုက်ခွင့်ပြုရင်..”
စပါးအုံးနဂါးမျိုးနွယ်စုဝင်သုံးဦး တို့ထွက်ခွာသွားပြီးနောက် ယန်မျိုးနွယ်စုခေါင်းဆောင်က ခေါင်းကိုငုံ့လိုက်ပြီး သူ၏သားဖြစ်သူ ယန်မျိုးနွယ်စု၏ ပဉ္စမမြောက်တပ်မှူးဖြစ်သူ ယန်လွင်းကို ကြည့်လိုက်သည်။
“ယန်လွင်းမျိုးနွယ်စုက စစ်သည်တွေကိုဦးဆောင်ပြီးတော့ ပတ်ဝန်းကျင်ကမျိုးနွယ်စုတွေကို သတင်းပေးလိုက်.. အဲ့လူရဲ့ပုံပန်းသွင်ပြင်နဲ့ဗီဇလက္ခဏာတွေကို မျိုးနွယ်စုအားလုံးကို ဖော်ပြပြီး သူတို့ကို တောင်ပေါ်နတ်ဆရာမျိုးနွယ်စု က သူလျှိုတွေကို ဆန့်ကျင်ဖို့ သတိနေ့နေဖို့ပြောလိုက်”
“ကျွန်တော်နားလည်ပါပြီ.. စိတ်မပူပါနဲ့ အဖေ”
ယန်လွင်းကပြတ်သားခိုင်မာစွာပြန်ဖြေလိုက်သာည်။
“အဲ့လူ ..အဲ့လူငါ့ကိုအနိုင်ယူသွားရုံတင်မကဘူး ငါ့ရဲ့စွမ်းအားကြီးအဖေကိုလည်း ဒဏ်ရာရအောင်လုပ်သွားတယ်.. ဒီလူသေရမယ်”
ယန်လွင်းကသူ့ဖာသာသူတွေးလိုက်သည်။
မကြာခင် မြေရိုင်းဒေသကြီးအတွင်းရှိ မျိုးနွယ်စုအားလုံးက သတင်းအစအနများရသွားကြသည်။
၎င်းက တောင်ပေါ်နတ်ဆရာမျိုးနွယ်စု ကချာတိတ်တစ်ယောက်ဖြစ်သည်။ ၎င်း၏အဝတ်အစားက ထူးဆန်းပြီး ၎င်းကတိုက်ပွဲဝင်နည်းစနစ်များကလည်း ထူးဆန်းသည်ဖြစ်သည်။သူက ဆယ့်ခြောက်ဆယ့်ခုနှစ်နှစ်အရွယ်လောက်သာရှိ၏။သို့သော် ယမန်နေ့ညက ယန်မျိုးနွယ်စုအတွင်း ယန်မျိုးနွယ်စုခေါင်းဆောင်ကို ရင်ဆိုင်ဆန့်ကျင်တိုက်ခိုက်ခဲ့သည်ဖြစ်သည်။ အဆုံးသတ်တွင် တိုက်ပွဲက သရေဖြင့် အဆုံးသတ်ခဲ့သည်။
ဤသတင်းများထွက်ပေါ်လာသည်နှင့် ကလန်များနှင့်မျိုးနွယ်စုများအားလုံးက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက နောက်ထပ်နတ်ဘုရားတစ်ပိုင်း အဆင့်ကျွမ်းကျင်သူတစ်ဦးကို မွေးထုတ်လိုက်ပြီဖြစ်မှန်းသိလိုက်ကြသ်ည။ ထိုထက်ပိုသည်ကား ယင်းမှာ ဆယ့်ခြောက်ဆယ့်ခုနှစ်နှစ် အရွယ်သာရှိသေးပြီး ယန်မျိုးနွယ်စုခေါင်းဆောင်နှင့်သရေကျအောင်တိုက်ခိုက်နိုင်သည်ဖြစ်သည်။
ဆယ့်ခြောက်ဆယ့်ခုနှစ်နှစ်အရွယ်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ယောက်။ အကယ်၍ ၎င်းကိုဆက်လက်ကြီးထွားခွင့်ပြုလိုက်လျှင် အနာဂတ်ကစိတ်ကူးကြည့်၍ပင်ရလိမ့်မည်မဟုတ်ပေ။
စွမ်းအားကြီးတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက မြေရိုင်းတိုက်ကြီးအား ကံဆိုးမိုးမှောင်ကျမှုနှင့် ဆင်းရဲဒုက္ခတို့ကိုဖြစ်စေနိုင်သည်ဖြစ်သည်။
ချက်ချင်းပဲ မြေရိုင်းဒေသကြီးအတွင်း ယမန်နေ့ညကသတင်းအား လက်ခံရရှိသော မျိုးနွယ်စုများအားလုံးက ၎င်းတို့၏ကင်းလှည့်နေသာ မျိုးနွယ်စုဝင်များကို လျှင်မြန်စွာအမိန့်ပေးပြီး ကိုယ်ပိုင်နယ်မြေများတွင်း ရှာဖွေမှုများကိုပြုလုပ်စေသည်။ ဤသည်ကား ယုတ်မာကောက်ကျစ်ဆိုးသွမ်းသော စွမ်းအားကြီး တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လူငယ်က သူတို့၏မျိုးနွယ်စုများတွင်း ခိုးဝင်ခြင်းဖြစ်သည်။
အရေးယူဆောင်ရွက်မှု၌ ၎င်းတို့၏မျိုးနွယ်စုဝင်စစ်သည်များကိုဦးဆောင်သော နတ်ဘုရားတစ်ပိုင်းအချို့ပင်ရှိသည်။ ၎င်းတို့ကတောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူငယ်အား ဆက်လက်မကြီးထွားလာခင်သတ်ပစ်မည်ဟု ကျိန်ဆိုကြသည်။
ယမန်နေ့ညက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူငယ်နှင့်ယန်မျိုးနွယ်စုခေါင်းဆောင် တို့ကြားတိုက်ပွဲ၌နှစ်ယောက်လုံး အပြင်းအထန်ဒဏ်ရာရသွားသည်ဟူသော သတင်းကိုလည်းကြားထားကြသည်။
မြေရိုင်းတိုက်ကြီးအတွင်းရှိ ဂူလေးတစ်လုံးအတွင်း ရှစ်ဖုန့်က လက်တို့အား ဆီးလ်တစ်ခုပုံဖော်ကာ တင်ပျဉ်ခွေထိုင်နေသည်။
ယန်မျိုးနွယ်စုမှထွက်ခွာလာပြီး နောက်ရွှေရောင်မှ အဝါရောင်ပြောင်းသွားသော မှုန်ဝါးသည့် မြင့်မြတ်သန့်စင်သောအလင်းက မှေးမှိန်ပျောက်ကွယ်သွားသည်။ ရှစ်ဖုန့်၏ပုံရိပ်က သိပ်သည်းသောတောအုပ်တစ်ခုအ တွင်းမဆင်းသက်ခင်အရင် ဆုံးခဏကြာအောင် လေကိုထိုးခွင်းပျံသန်းခဲ့သည်။ ထို့နောက်ဤဂူအားသူရှာတွေ့ခဲ့ခြင်းဖြစ်သည်။
မနေ့ညက ယန်မျိုးနွယ်စု အတွင်း၌ အရာခပ်သိမ်းရဲ့ မူလဇစ်မြစ် မပေါ်လာခင် သူ၏ ကာယခန္ဓာကိုယ်က နတ်ဘုရားတစ်ပိုင်းစွမ်းအားကြောင့်များစွာ ထိခိုက်ဒဏ်ရာရထားပြီးဖြစ်၏။ ထို့နောက် ရှစ်ဖုန့်က ၎င်းကို မြဲမြံခိုင်မာသော စိတ်စွမ်းအားဖြင့် တောင့်ခံခဲ့ခြင်းဖြစ်သည်။
ဤဂူအားရှာတွေ့ပြီးနောက် ရှစ်ဖုန့်က တင်ပျဉ်ခွေထိုင်ကာ သူ၏ လက်တို့ဖြင့် ဆီးလ်တစ်ခုအား ပုံဖော်ပြီး ငရဲဘုံကိုးခု ဖျက်ဆီးမရသော ခန္ဓာကိုယ်ကိုအသုံးပြု၍ ဒဏ်ရာများကို ကုစားနေခဲ့သည်။
ထျန်းဟန်တိုက်ကြီးကဲ့သို့ ပင် ဤကမ္ဘာ၌လည်း နေ့ညရှိသည်ဖြစ်သည်။ နေ့ဘက်တွင် အလင်းနှင့်အပူကိုထုတ်လွှတ်သော ချစ်ချစ်တောက်ပူသည့် နေမင်းရှိသည်ဖြစ်၏။
နောက်ထပ်လေးနာရီကုန်ဆုံးသွားပြီးနောက် လက်သင်္ကေတဆီးလက်တစ်ခုနှင့်အတူ ခံစားချက်မဲ့စွာ တင်ပျဉ်ခွေထိုင်နေသော ရှစ်ဖုန့်က မျက်လုံးများ ဖြည်းညှင်းစွာပွင့်လာသည်။ ပါးလျသော မီးခိုးရောင် ကြိုးမျှင်အသွင်ရှိသည့် နောက်ကျိသော မီးခိုးရောင် လေတစ်ပွက်ကို ဖြည်းညှင်းစွာ ပါးစပ်အပြည့်အသက်ရှူထုတ်လိုက်သည်။
“နောက်ဆုံးတော့ ငါ့ကာယခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ လုံးဝတည်ငြိမ်သွားပြီ”
ရှစ်ဖုန့်က သူ၏ ကိုယ်အားငုံ့ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
ဤဘဝ၌ သူ၏ ယခင်ဘဝကအထွတ်အထိပ်အခြေအနေသို့ သူပြန်ရောက်စဉ် အရမ်း ခလုခချိုင့်ပေါလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ယခုဘဝတွင် နတ်ဘုရားအဆင့်ပစ္စည်းများအား သူမြင်တွေ့နိုင်ခဲ့ပြီးလူတစ်ယောက် ရောက်ဖို့ခက်ခဲလှသော နတ်ဘုရားအဆင့်စွမ်းအားများကိုလည်း မြင်တွေ့ရသည်ဖြစ်သည်။
ထိုထက်ပိုသည်ကား မြေရိုင်းတိုက်ကြီးမှာ ပို၍ပင်ထူးခြားသည်ဖြစ်သည်။ ယမန်နေ့ညက နတ်ဘုရားတစ်ပိုင်း စွမ်းအားကြီးသူတစ်ယောက်နှင့် သူရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး ထပ်မံသေလုနီးပါးဖြစ်ခဲ့ရသည်။
“ငါ..ငါနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ချိုးဖျက်ရမယ်”
ရှစ်ဖုန့်က သူ့ကိုယ်သူပြောလိုက်သည်။
“အရာခပ်သိမ်းရဲ့မူလဇစ်မြစ်စွမ်းအားအပေါ် ငါထပ်ပြီး မမှီခိုချင်တော့ဘူး…အားလုံးထက် အဲ့တာက ငါ့နဲ့မသက်ဆိုင်တဲ့ ပြင်ပစွမ်းအားတစ်ခုပဲ.. အကယ်၍ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ရဲ့စွမ်းအားသာ ကုန်ခမ်းသွားရင်တစ်ခြားသူတွေရဲ့ သက်ညှာသနားမှာကို ထပ်ပြီးတောင့်တနေရလိမ့်မယ်”
ဤသည်ကား ရှစ်ဖုန့်ဖြစ်ချင်သော နှလုံးသားထဲက ကျွမ်းကျင်သူတစ်ယောက်မဟုတ်ပေ။
“နတ်ဘုရားတစ်ပိုင်းနယ်ပယ်…နတ်ဘုရားတစ်ပိုင်းနယ်ပယ်..ငါနတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားကိုရကိုရရမယ်..ငါ့အသက်ကို တစ်ခြားသူတစ်ယောက်က ညှာတာပေးတာခံရတာမျိုး ထပ်ပြီး အဖြစ်မခံနိုင်ဘူး.. ငါပြန်ပြီး ယန်မျိုးနွယ်စုကို ဖျက်ဆီးပစ်မယ်”
ရှစ်ဖုန့်က ယန်မျိုးနွယ်စုအကြောင်းထပ်တွေးမိချိန်တွင် အမုန်းတရားများဖြင့်ပြောလိုက်သည်။
အစတုန်းက ၎င်းတို့နှင့်သူရန်သူမဟုတ်ခဲ့သော်လည်း ၎င်းတို့က သူ၏ အသက်အားလိုချင်ခဲ့ကြသည်ဖြစ်သည်။
“ကောင်လေး .ဒီကမ္ဘာကို ရောက်လာပြီးတဲ့နောက်မှာ မင်းဒါကိုသဘောမပေါက်ဘူးလား”
ဤအချိန်တွင် ရှစ်ဖုန့်၏ ကိုယ်အတွင်းမှ ကောင်းကင်မီးတောက်က ရုတ်ခြည်းပြောလိုက်သည်။
ဆက်ရန်………
ဘာသာပြန်သူ-ARISE