အခန်း (၉၂၅)
Vol. 62 Ch. 925
“ကောင်လေး..မင်းဒီကမ္ဘာကို ရောက်လာကတည်းက သတိမပြုမိသေးဘူးလား”
ကောင်းကင်မီးတောက်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က အံ့အားသင့်သွားပြီးပြောလိုက်သည်။
“ သတိပြုမိရမယ်.. ခင်ဗျားဘာကို သတိပြုမိတာလဲ..ဘာကိုလဲ”
ကောင်းကင်မီးတောက်က ထပ်မံပြောလိုက်သည်။
“ လက်ရှိထျန်းဟန်တိုက်ကြီးထဲမှာ မင်းနဲ့ ငါနတ်ဘုရားနယ်ပယ်ကို ရောက်ဖို့က မဖြစ်နိုင်သလောက်နီးပါပဲ..ဒါပေမဲ့ ဒီကမ္ဘာကတော့ တကယ့်ကိုကွဲပြားတယ်..မျိုးနွယ်စု တစ်ခုတည်းမှာတောင် ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် လေးယောက်ငါးယောက်နဲ့ အခြားနယ်ပယ်ကလူတွေအများ ကြီးရှိနေတယ်”
ကောင်းကင်မီးတောက်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်အနေဖြင့် ၎င်းဆိုလိုသည်ကို သဘောပေါက်သွားသည်။သူကပြောလိုက်၏။
“ဘာလဲ.. ခင်ဗျားကဒီကမ္ဘာထဲမှာ ဒီသခင်လေးကို သတ်ဖြတ်စေချင်တာလား”
“ဟုတ်တယ်”
ကောင်းကင်မီးတောက်ကပြောလိုက်သည်။
“အကယ်၍ ငါတို့သာ ထျန်းဟန်တိုက်ကြီးထဲမှာဆိုရင် မင်းအတွက်သေခြင်းစွမ်းအင်နဲ့သွေးရောငါဝါးမျိုဖို့ရော အများကြီးမရှိမှာကိုစိတ်ပူရတယ်..ဒါပေမဲ့ ..ဒီကမ္ဘာမှာတော့ စွမ်းအားကြီးသက်ရှိတွေ အများကြီးရှိနေတယ်.. မင်းနဲ့ငါဝါးမျိုချင်သလောက်ဝါးမျိုနိုင်တယ်.. ငါတို့မှာသာလုံလောက်တဲ့စွမ်းအင်ရှိရင်.. ငါမင်းကိုနတ်ဘုရားနယ်ပယ်ကိုရောက်အောင်ကူညီပေးနိုင်တယ်”
“ကျုပ်ကိုကူညီမယ်တဲာ့း.. ဘာလို့ရုတ်တရက်ကြီး ခင်ဗျားကအရမ်းကြင်နာပြနေတာတုန်း”
ကောင်းကင်မီးတောက်က အကြောင်းပြချက်မရှိဘဲ အရမ်း အာရုံစိုက်ခြင်းမရှိတတ်ပေ။ ရှစ်ဖုန့်က ၎င်းအား နတ်ဘုရားတစ်ပါးဖြစ်လာနိုင်သော လျှို့ဝှက်ချက်ကို ပေးရန် အမြဲတောင်းဆိုခဲ့ဖူးသော်လည်း ၎င်းက စကားတစ်လုံးပင်မပြောခဲ့ပေ။သို့သော် ယခုအခါတွင် ၎င်းကရုတ်တရက်ကြီး နတ်ဘုရားနယ်ပယ်သို့ရောက်ရန်သူ့အား ကူညီမည်ဟု ပြောနေပြီး ယင်းကရှစ်ဖုန့်အား စိုးရိမ်စေသည်ဖြစ်သည်။
“အခုမင်းနဲ့ငါက တစ်သားတည်းပဲ..ဒါကပြောင်းလဲလို့မရတဲ့အချက်ပဲ. မင်းရဲ့ ခမ်းနားကြီးကျယ်မှုနဲ့ငါ့ရဲ့ခမ်းနားကြီးကျယ်မှုက ဆုံးရှုံးသွားပြီ.. အကယ်၍မင်းသန်မာလာရင် ငါလည်းသန်မာလာမှာပဲ..”
ကောင်းကင်မီးတောက်က ပြောသည်။ သူပြောသကဲ့သို့ပင် ရှစ်ဖုန့်နှင့်သူက တစ်သားတည်းဖြစ်ပြီး အတူတကွရှိနေခဲ့သည်မှာ နှစ်နှစ်နီးပါးရှိနေပြီဖြစ်သည်။ ရှစ်ဖုန့်၏ အတွေးများကို သူက ချက်ချင်း ဆုပ်ကိုင်မိပြီး ပြောလိုက်သည်။
“အားလုံးက မင်းရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာမဟုတ်ဘူးလး. ငါနဲ့ပက်သက်ပြီးဘာတွေကို စိတ်ပူနေတာလဲ”
“ဟမ့်.အကယ်၍ကျုပ်သာခင်ဗျားကိုသတိနဲ့မနေရင် အသက်ရှင်ရတာကိုပင်ပန်းနေလို့ပဲဖြစ်မှာ”
ရှစ်ဖုန့်က ကောင်းကင်မီးတောက်အား အေးစက်စွာနှာခေါင်းရှုံ့၍ ပြောလိုက်သည်။
သို့သော်ရှစ်ဖုန့်အနေနဲ့လည်း ကောင်းကင်မီးတောက်ပြောသည်ကို သဘောတူသည်ဖြစ်သည်။ ဤကမ္ဘာအတွင်းရှိ သက်ရှိများအား ထျန်းဟန်တိုက်ကြီးကယှဉ်မရပေ။ထျန်းဟန်တိုက်ကြီးအတွင်းတွင် သူအဆင့်ချိုးဖျက်ရန် မျှော်လင့်ချက်မရှိလုနီးပါးဖြစ်သည်။
သို့သော် ဤကမ္ဘာတွင်အရမ်းကွဲပြားသည်ဖြစ်သည်။ လူတစ်ယောက်က ထူးထူးကဲကဲစွမ်းအားကြီး ခွန်အားကိုပိုင်ဆိုင်နေသည်နှင့် တစ်ခြားသူတစ်ယောက်၏သေခြင်းရှင်ခြင်းကထိုလူ၏လက်ထဲမှာပင်ဖြစ်သည်။
မည်သူကမှသူလုပ်ချင်သောအရာကိုတားဆီးနိုင်မည်မဟုတ်ပေ။
အကယ်၍သူသာလုံလောက်သောစွမ်းအားကိုပိုင်ဆိုင်လျှင် စပါးအုံးနဂါးမျိုးနွယ်စုအတွင်းသို့တိုက်ရိုက်ဝင်ရောက်ပြီး ထျန်းဟန်တိုက်ကြီးအား မှတ်တမ်းတင်ထားသော ရှေးဟောင်းစာလိပ်ကိုရှာဖွေကာ ထျန်းဟန်တိုက်ကြီးသို့ဦး တည်သည့်လမ်းကိုရှာဖွေ၍ ပြန်နိုင်မည်ဖြစ်သည်။
မနေ့ညက ယန်မျိုးနွယ်စု ၏လက်ထဲ၌သူသေလုနီးပါးဖြစ်ခဲ့သည်။ သူသာလုံလောက်စွာစွမ်းအားကြီးနေလျှင် ယန်မျိုးနွယ်စုနယ်မြေထဲသို့ဝင်ရောက်ပြီး သူ၏အကြွေးအား နာကျင်မှုအပြည့်ဖြင့် ပြန်ပေးဆပ်ခိုင်းမည်ဖြစ်သည်။
ပြောရမည်ဆိုလျှင် ထျန်းဟန်တိုက်ကြီးရော မြေရိုင်းတိုက်ကြီးရောနှစ်ခုလုံး၌ ယင်းကအမှန်တရားဖြစ်သည်။အရာအားလုံးကို စွမ်းအားဖြင့်သာဆုံးဖြတ်သည်ဖြစ်၏။
“ဟားဟား မနေ့ညက ယန်မျိုးနွယ်စုရဲ့ ငြိမ်းချမ်းမှုကို နှောက်ယှက်တဲ့သူက မင်းလိုကလေးတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ”
ဤအခိုက်အတန့်တွင် အဘိုးအိုတစ်ဦးကဲ့သို့ အက်ရှရှ နှင့်အားနည်းသောအသံတစ်ခုက ရုတ်ခြည်းရှစ်ဖုန့်ရှိရာ ဂူ၏အပြင်ဘက်မှထွက်ပေါ်လာသည်။
အသံက ရှစ်ဖုန့်၏ နားထဲ၌ မြည်ဟိန်းနေသကဲ့သို့ဖြစ်သည်။ ထိုအရာအားကြားသောအခါတွင် ရှစ်ဖုန့်၏နှလုံးက ခုန်သွားသည်။ သူဝိညာဉ်စွမ်းအားနှင့်ပင် စကားပြောနေသော ဤလူ ၏ အော်ရာကိုအာရုံမခံနိုင်သေးပေ။
ရှစ်ဖုန့်၏ကိုယ်က ရွေ့လျားသွားပြီး သူ၏တင်ပျဉ်ခွေနေသော ပုံစံမှ ရုတ်ခြည်းထရပ်လိုက်သည်။ သူကပတ်ဝန်းကျင်ကို နိုးနိုးကြားကြားသတိဝီရိယနှင့်နေပြီး အော်ပြောလိုက်သည်။
“ဘယ်သူက လှည့်ကွက်တွေလာကစားနေတာလဲ.. ထွက်လာခဲ့..”
တစ်ချိန်တည်းတွင် ရှစ်ဖုန့်၏ ညာလက်၌ ရွှေရောင်ဓားအလင်းတစ်ခု လင်းလက်သွားသည်။ ကောင်းကင်မွန်းစတားဓားက ရှစ်ဖုန့်၏လက်ထဲ၌ပေါ်လာပြီးဖြစ်သည်။
ရှစ်ဖုန့်မှာ ဤလူ၏ တည်ရှိမှုအားအာရုံမခံနိုင်သောကြောင့် ဤလူက သေချာပေါက်ရိုးရှင်းမည်မဟုတ်ပေ။
“ဟားဟား…ဟားဟားဟားဟား”
ဤအခိုက်အတန့်တွင် အိုမင်းသောအသံက ထပ်မံပေါ်လာ သည်။ ဤအကြိမ်တွင် ၎င်းက ကျယ်လောင်စွာဖြင့် ထူးဆန်းစွာ ဆက်တိုက်ရယ်မောလိုက်သည်။ ရှစ်ဖုန့်က ရယ်သံအား ဂရုတစိုက် နားထောင်သောအခါတွင် ယင်းကသူ၏ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာနေသကဲ့သို့ ခံစားရသည်။
“သူတောင်းစားအိုကြီး .. .လှည့်ကွက်တွေကစားနေတာ ရပ်လိုက်..ထွက်လာခဲ့”
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်က နောက်တစ်ကြိမ် အေးစက်စွာ အော်ပြောလိုက်သည်။ သူ၏လက်ထဲကဓားကလည်း အားအကောင်းဆုံးတိုက်ခိုက်မှုကို အချိန်မရွေးထုတ်ဖော်နိုင်ရန် အသင့်ဖြစ်နေသည်။
“ဟားဟား.. ဒီနေ့ခေတ်လူငယ်တွေကတော့ကွာ.. အရမ်းကိုစိတ်မရှည်ဖြစ်မနေဘူးလား”
အသံကထွက်ပေါ်လာသကဲ့သို့ သူ၏ရှေ့၌ မှုန်ဝါးသောအနက်ရောင်ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်းပေါ်လာသည်ကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။
“နောက်ဆုံးတော့ခင်ဗျားထွက်လာပြီပေါ့”
အနက်ရောင်ပုံရိပ်အား တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်ကအေးစက်စွာထပ်မံအော်ပြောလိုက်သည်။ ထို့နောက် သူ၏လက်ထဲမှ ကောင်းကင်မွန်းစတားဓားကို လွှဲယမ်းလိုက်သည်။ သူ၏ခွန်အားအားလုံးကို စုစည်းပြီး ရေပြင်ညီအတိုင်းခုတ်ပိုင်းလိုက်သည်။
ကောင်းကင်မွန်းစတားဓားချက်ဖြတ်သန်းသွားသောနေရာတိုင်းတွင် ဟင်းလင်းပြင်အာကာသဓာတ်တစ်ခုလုံး လှိုင်းတွန့်များထလာသည်။
“မင်းကငါ့အသက်ကိုလိုချင်တာလား”
သို့သော် ရှေ့ရှိမှုန်ဝါးသောအနက်ရောင်ပုံရိပ်က ဆက်လက်၍ဂရုမစိုက်ဟန်ကိုပြသနေပြီး ရှစ်ဖုန့်၏ ခုတ်ပိုင်းလိုက်သောစွမ်းအားကြီးဓားချက်အား မြင်လိုက်ရသောအခါတွင် အိုမင်းပြီးအက်ရှရှအသံဖြင့် ဆက်လက်ရယ်မောနေ၏။ ထို့နောက်မကြာခင် ရှစ်ဖုန့်၏စွမ်းအားအပြည့် တိုက်ခိုက်လိုက်သောဓားချက်က အနက်ရောင်ပုံရိပ်အားခုတ်ပိုင်းသွားသည်။
ကောင်းကင်မွန်းစတားဓားက အနက်ရောင်ပုံရိပ်အား ထိမှန်သွားချိန်တွင် ရှစ်ဖုန့်၏ အေးစက်နေသောမျက်နှာက ရုတ်ခြည်းပြောင်းလဲသွားသည်။သူ၏မျက်လုံးတို့က တုန်လှုပ်အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားသည်။
ကောင်းကင်မွန်းစတားဓားက အနက်ရောင်ပုံရိပ်အားခုတ်ပိုင်းလိုက်ချိန်တွင် ဓားကလေထုအားခုတ်ပိုင်းလိုက်သည်နှင့် ဘာမှခြားနားခြင်းမရှိသည်ကိုရှစ်ဖုန့်ရှင်းလင်းစာအာရုံခံလိုက်နိုင်သည်။ ထို့နောက်ချက်ချင်း ကောင်းကင်မွန်းစတားဓားက မှုန်ဝါးသောအနက်ရောင်အရိပ်ကို ထွင်းဖောက်ဖြတ်သန်းသွားသည်။
“ဒီမှုန်ဝါးဝါးအရိပ်က စိတ်လှည့်စားမှုတစ်ခုများဖြစ်နေတာလား”
ရှစ်ဖုန့်ကစိတ်ထဲမှတွေးလိုက်သည်။
“သတင်းတွေကမင်းမှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားကို ပိုင်ဆိုင်ထားတယ်လို့ပြောထားတာမဟုတ်ဘူးလား.. ယန်ချီးတောင်မင်းစွမ်းအားကြောင့် ဒဏ်ရာရသွားတယ်ဆို.. ဘာလို့ငါ့ရဲ့ အစစ်အမှန်ကိုယ်ကိုမင်းမခုတ်ပိုင်းနိုင်တာလဲ”
အနက်ရောင်အရိပ်က နားလည်ရခက်နေသောအသံဖြင့် ထပ်မံပြောလိုက်သည်။
အစောပိုင်းက ရှစ်ဖုန့်၏ ကောင်းကင်မွန်းစတားဓားက အနက်ရောင်အရိပ်ကို ထွင်းဖောက်ဖြတ်သန်းသွားပြီး မှုန်ဝါးသောပုံရိပ်ကလည်း ဖြည်းဖြည်းချင်းရှင်းလင်းလာသည်။ အနက်ရောင်မြူခိုးကဲ့သို့အခြေအနေမှတစ်ဆင့် ၎င်းက ဖြည်းညှင်းစွာ အကောင်အထည်ပေါ်လာသည်။ မကြာခင် ရှစ်ဖုန့်ရှေ့၌ပေါ်လာသည်က အနက်ရောင်ခေါင်းခြုံပါဝတ်ရုံကို ဆင်မြန်းထားသောလူတစ်ယောက်ဖြစ်သည်။
ရှစ်ဖုန့်၏အမြင်နှင့်ဝိညာဉ်စွမ်းအားက အနက်ရောင်ဝတ်ရုံနှင့်လူ၏ တည်ရှိမှုကို ဖြတ်မြင်နိုင်ခြင်းမရှိပေ။
“ဒါကမင်းမှာနတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားရှိမနေဘူးလို့ဆိုလိုတာမဟုတ်လား”
ရှစ်ဖုန့်က၎င်းအားဖြတ်မြင်ချင်သကဲ့သို့ ဆန်းကြယ်သောအနက်ရောင် ဝတ်ရုံနှင့်လူကလည်း ရှစ်ဖုန့်အားဖောက်ထွင်းမြင်လိုသည်။ အိုမင်းအက်ရှသော လေသံတစ်ခုနှင့်သူကဆက်ပြောသည်။
“မင်းမှာနတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားမရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီးတော့ယန်မျိုးနွယ်စုနယ်မြေနဲ့ယန်ချီးရဲ့လက်ထဲကနေ ထွက်းပြေးလွတ်မြောက်လာနိုင်တာလဲ.. ဘာလို့ယန်မျိုးနွယ်စုကဒီလိုမျိုး သတင်းမျိုးကိုတစ်ခြားမျိုးနွယ်စုတွေကလန်တွေကိုဖြန့်ရတာလဲ”
ထိုအသံသင်္ကာမကင်းမှု တို့ဖြင့်ပြည့်နှက်နေသည်။
“ခင်ဗျားကဘယ်သူလဲ”
ရှစ်ဖုန့်ကရှေ့ရှိအနက်ရောင်ဝတ်ရုံအားကြည့်၍ အေးစက်စွာထပ်မံမေးလိုက်သည်။
အနက်ရောင်ဝတ်ရုံနှင့်အဘိုးအိုအားသူ၏စွမ်းအားအပြည့်ဖြင့် မထိမှန်စေနိုင်သောကြောင့်ရှစ်ဖုန်ကထပ်မံမတိုက်ခိုက်ပေ။အကယ်၍သူ၏ပထမဆုံးတိုက်ခိုက်မှုမထိမှန်ဘူးဆိုလျှင် ဒုတိယနှင့်တတိယတိုက်ခိုက်မှုများကလည်းထို့နည်းတူစွာပင်ဖြစ်လိမ့်မည်ဖြစ်သည်။
ဤလူ၏ခွန်အားကသူ၏အထက်၌ရှိနေသည်မှရှင်းလင်းသည်။ သူကနောက်ထပ်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
အနက်ရောင်ဝတ်ရုံနှင့်လူကရှစ်ဖုန့်၏ မေးခွန်းအားပြန်မဖြေပေ။ ထိုအစားသူကနားလည် သဘောပေါက်သွားသော လေသံဖြင့်ပြောလိုက်သည်။
“ငါအခုနားလည်ပြီ..မင်းကနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုမရောက်ခဲ့ဘူး. မင်းကယန်ချီးကိုဒဏ်ရာရစေပြီး ယန်မျိုးနွယ်စုကနေ မထိမရှ ထွက်ပြေးလွတ်မြောက်လာနိုင်တာက မင်းမှာစွမ်းအားကြီးလက်နက်တစ်ခုရှိနေလို့ပဲ.အဲတာကိုအသက်သွင်းလိုက်တဲ့အချိန်မှာနတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူကိုတောင်အဲ့တာကရင်ဆိုင်ဆန့်ကျင်တိုက်ခိုက်နိုင်တယ်.. ငါပြောတာဟုတ်တယ်မလား”
“ကျုပ်မှာရတနာတစ်ခုရှိတာကို ခင်ဗျားသိရင် ရူးမိုက်တဲ့အရာတွေလာမလုပ်နဲ့ ..ခင်ဗျားကျုပ်အသက်ကိုခြိမ်းခြောက်ရင် ရတနာကို စွမ်းအားအကုန်အသက်သွင်းပြီးခင်ဗျားနဲ့အတူတူသေမယ်..ကျုပ်ပြောတာမယုံရင်ခင်ဗျားစမ်းကြည့်လို့ရတယ်”
ရှစ်ဖုန့်ကအနက်ရောင်ဝတ်ရုံနှင့်လူအား အေးစက်စွာထပ်မံပြောလိုက်သည်။
ဆက်ရန်………
ဘာသာပြန်သူ-ARISE