← Chapters

ပူးပေါင်းခြင်း

Vol. 014 Ch. 1320

ပူးပေါင်းခြင်း

Vol. 014 Ch. 1320

နှစ်အနည်းငယ်အကြာက ရီဖူရှင်းသည် နတ္တိဘုံတိုက်ပွဲကို အနိုင်ရခဲ့ကာ လီယောင်သည် သဘောတူညီချက်ကို ချိုးဖောက်၍ သူ့အား သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။

အင်ပါယာရှားဘုံနှင့် အင်ပါယာလီဘုံတို့၏ ဆက်ဆံရေးမှာလည်း ပိုမိုဆိုးဝါးလာခဲ့ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့၏။

အင်ပါယာရှား၏ လက်အောက်ခံဖြစ်သော ‘ထို’စစ်တပ်အား ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ဦး အုပ်ချုပ်သည်။ ထိုသူကား မင်းသမီး ရှားရှင်းယွန်ကို အချိန်တစ်ခုကြာ ကာကွယ်ပေးခဲ့ဖူးသော လုယွီဖြစ်ပေသည်။ အင်ပါယာလီဘုံမှ စစ်ဗိုလ်ချုပ်မှာ ဘုရင်ပိုင် ခေါ် အဖြူရောင်ဘုရင် ဖြစ်ပေသည်။

ဥဒေါင်းအင်ပါယာဘုံမှ ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်မှာ သားရဲကြီးတစ်ကောင် ဖြစ်ပေသည်။ သူကား အင်ပါယာ၏ဘေးနားမှ ကိုယ်ရံတော်တစ်ဦး ဖြစ်ပြီး ဥဒေါင်းအင်ပါယာဘုံတွင် ဘုရင်တစ်ပါး ဖြစ်ပေသည်။ သူကား အိုင်ဒေါဘုရင်ဘွဲ့ကို ရရှိကာ အလွန်အားကောင်းသော စွမ်းအားများကို ပိုင်ဆိုင်သည်။

ထိုအင်အားစုသုံးခုသည် နတ္တိဘုံတွင် အချင်းချင်း မကြာခဏ တိုက်ခိုက်ကြသော်လည်း စည်းကျော်ခြင်းတော့ မရှိပေ။ လွန်ကဲစွာ တိုက်ခိုက်ခြင်းက အင်ပါယာဘုံ အချင်းချင်း ကြီးမားသော တိုက်ပွဲများအား ဖြစ်စေနိုင်ပေသည်။

ထို့ကြောင့် ဘုရင်ထန်တောက်နှင့် မင်းသားကြီးတို့က လီဟန်ဓားသမားကို တားဆီးရန် ထွက်သွားကြောင်း သိရသောအခါတွင်မှ ရီဖူရှင်းက နတ္တိဘုံသို့ သွားရန် ရွေးချယ်ခဲ့၏။ သူက ရန်သူအင်အားစုမှ ထိပ်တန်းပုဂ္ဂိုလ်များ ထွက်ခွာပြီဖြစ်ကြောင်း အတည်ပြုလိုသည်။ အကယ်၍ သူသာ အတည်မပြုဘဲ နတ္တိဘုံကို သွားရောက်ကျူးကျော်ပါက အလစ်တိုက်ခံရ နိုင်ပေသည်။

ဘုရင်ထန်တောက်နှင့် မင်းသားကြီးတို့သည် တာလီတွင် အမြင့်ဆုံးသော အဆင့်အတန်းရှိသည်။ သူတို့သာ ပျောက်နေပါက ရီဖူရှင်းသည် သူကြုံရသော အလစ် တိုက်ခိုက်မှုများအား ထိန်းနိုင်စွမ်းရှိပေသည်။

ထိုအခိုက်တွင် လူတစ်စုသည် နတ္တိဘုံမှ အင်ပါယာရှားမြို့သို့ ဆင်းသက်လာခဲ့ကြ၏။ သူတို့ကား ရီဖူရှင်းတို့အုပ်စု ဖြစ်ကာ ရှားရှင်းယွန်လည်း ပါဝင်ပေသည်။

လုယွီနှင့် ဘုရင်ထန်တောက်တို့က လေထဲသို့ တက်လာကာ နှုတ်ဆက်ကြသည်။

“ မင်းသမီး”

လုယွီကား ရှားရှင်းယွန်ဘေးတွင် နှစ်ပေါင်းအတော်ကြာ သက်တော်စောင့် လုပ်ခဲ့ဖူးရာ သူမနှင့် အတော်ရင်းနှီးပေသည်။

ရှားရှင်းယွန်က အနည်းငယ် ခေါင်းညိတ်ပြကာ ရီဖူရှင်းအား ကြည့်သည်။ လုယွီက ရီဖူရှင်းနှင့် အကြိမ်အနည်းငယ် တွေ့ဖူး၏။ သို့သော်လည်း ဗိုလ်ချုပ်ထိုအတွက်မူ သည်တစ်ကြိမ်မှာ ပထမဆုံးဖြစ်ပေသည်။ ဗိုလ်ချုပ်၏မျက်လုံးက အင်ပါယာရှားဘုံတွင် လျှမ်းလျှမ်းတောက် ကျော်ကြားလာသော ပါရမီရှင်အား ကြည့်သည်။ သည်စစ်ပွဲအား ဦးဆောင်သူမှာ သည်လူငယ်ဟု သူကြားထားသည်။

စစ်တပ်ရှစ်ခု၏ ဦးစီးဗိုလ်ချုပ်ဖြစ်သူ ဗိုလ်ချုပ်ထန်သည်ပင် ထိုမျှ အခွင့်အာဏာအား ပိုင်ဆိုင်ခဲ့ဖူခြင်း မရှိပေ။

ထို့အပြင် ရီဖူရှင်းက စစ်ပွဲတွင် ပါဝင်ရန် လီဟန်ဓားသမားနှင့် တခြားသော နာမည်ကျော်များစွာကို ခေါ်ယူခဲ့သည်ဟု သူကြား၏။

“စီနီယာ၊ ဗိုလ်ချုပ်”

ရီဖူရှင်းကလည်း လက်နှစ်ဘက်ကို ဆုပ်ကာ လေးစားစွာ နှုတ်ဆက်သည်။

“ဆရာရီ”

လုယွီက ခေါင်းညိတ်သည်။

“မင်းရဲ့ ဂုဏ်သတင်းက လူနဲ့လိုက်ဖက်ပါပေတယ် ဆရာရီ။ ကျုပ်က နောက်ဆုံးတော့ ဆရာရီကို ကိုယ်တိုင်တွေ့ဖူးပြီပဲ”

ဗိုလ်ချုပ်ထိုက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်သည်။ သူ၏ဟန်ပင်က ရိုးရှင်းသိမ်မွေ့ကာ စာပေသမား တစ်ဦးနှင့်ပင် ဆင်ဆင်ရ၏။ သို့သော်လည်း သူ၏ တိုက်ရည်ခိုက်ရည်မှာ အလွန်ကောင်းမွန်သည်မှာ သံသယရှိစရာ မလိုပေ။ သူကား ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင်ဖြစ်ပေသည်။

“စီနီယာက ချီးကျူးလွန်းပါပြီ။ အခြေအနေတွေ ဘယ်လိုရှိပါသလဲ”

ရီဖူရှင်းက မေးသည်။

“အေးဆေးပါပဲ။ တာလီဘက်က ဘာလှုပ်ရှားမှုမှ မရှိဘူး။ ဥဒေါင်းအင်ပါယာ ဘုံကလည်း ဘေးကနေပဲ ကြည့်နေမယ့်ပုံပဲ”

ဗိုလ်ချုပ်ထိုက ပြောသည်။

“ဒီလိုမဖြစ်နိုင်ဘူး”

ရီဖူရှင်းက ခေါင်းယမ်းသည်။

ဗိုလ်ချုပ်ထိုက ရီဖူရှင်းအား ကြည့်ကာ မေးသည်။

“သူတို့က တာလီပြည်နဲ့ ပူးပေါင်းပြီးတော့ အင်ပါယာရှားဘုံကို တိုက်ခိုက်ဖို့ ကြိုးစားနိုင်သလား”

အင်ပါယာရှားဘုံကား လက်ရှိတွင် ဘုံသုံးခု၌ အင်အားအကြီးဆုံး ဖြစ်ပေသည်။ အင်ပါယာရှားဘုံက နတ္တိဘုံကို အမြဲတမ်းအားဖြင့် အပိုင်စီးသွားမည်ကို စိုးရိမ်သဖြင့် ဥဒေါင်းအင်ပါယာဘုံသည် အင်ပါယာလီဘုံနှင့် မဟာမိတ်ဖွဲ့ပြီး အင်ပါယာရှားဘုံအား တိုက်ခိုက်နိုင်ပေသည်။

“ဗိုလ်ချုပ်က ကျွန်တော်နဲ့အတူ ဥဒေါင်းအင်ပါယာမြို့ကို လိုက်ခဲ့နိုင်ပါမလား”

ရီဖူရှင်းက ပြုံးလျက်ပြောသည်။

ဗိုလ်ချုပ်ထိုက ရီဖူရှင်း၏ရည်ရွယ်ချက်ကို နားမလည်ပေ။

“ကောင်းပြီ”

ဗိုလ်ချုပ်ထိုက ခေါင်းညိတ်လျှင် သူတို့အုပ်စု စတင်ထွက်ခွာကြသည်။

သူတို့အနေဖြင့် နတ္တိဘုံမှ ဥဒေါင်းအင်ပါယာမြို့သို့ ရောက်ရန် အချိန်သိပ်မကြာလိုက်ပေ။ သူတို့အုပ်စုသည် မြို့ထဲသို့ တိုက်ရိုက်ဝင်လာခဲ့ကြကာ ဗဟိုချက်မနေရာသို့ ဆင်းသက်လိုက်ကြသည်။

သန်မာထွားကျိုင်းသော လူကြီးတစ်ဦးသည် ကြီးမားသော အရှိန်အဝါနှင့်အတူ သူတို့ရှေ့တွင် ထိုင်နေသည်။ သူ့မျက်လုံးများက အလွန်ကြီးမားကာ နှာခေါင်းသည် ပုံမှန်မဟုတ်စွာဖြင့် ရှည်လျားပေ၏။ ထိုကြီးမားသော အရှိန်အဝါများ ရှိနေသော မျက်လုံးများသည် ရီဖူရှင်းထံသို့ ရောက်လာသည်။

ထိုသူကား ဥဒေါင်းအင်ပါယာဘုံမှ ဗိုလ်ချုပ်တစ်ဦးဖြစ်သူ အိုင်ဒေါဘုရင် ဖြစ်ပေသည်။

ရီဖူရှင်းကား ထိုအကြည့်တွင်ပါဝင်သော ဖိအားမျှကပင် သူ့အား သေစေရန် တတ်နိုင်သည်ဟု ခံစားရ၏။ ဗိုလ်ချုပ်ထိုသည်ပင် သတိထားနေရဟန်ရှိသည်။

“ကျွန်တော် ရီဖူရှင်းက အိုင်ဒေါဘုရင်ကို တွေ့ရတာ ဝမ်းမြောက်မိပါတယ်”

ရီဖူရှင်းက အနည်းငယ်ဦးညွတ်ကာ လေးစားစွာ နှုတ်ဆက်သည်။

“မင်းက တကယ်ပဲ ထူးခြားထက်မြက်သူပဲ မြို့စားရီ။ မင်းသမီးက မင်းကို အရမ်းချီးမွှမ်းတာ မဆန်းတော့ဘူး”

အိုင်ဒေါဘုရင်ထံမှ ဖိအားများ ပျောက်ကွယ်သွားကာ သူက အားရဝမ်းသာ ရယ်မောလျက် ပြောသည်။

ဗိုလ်ချုပ်ထိုကလည်း ကောင်းမွန်စွာ လက်ခံပြောဆိုသည်။ အင်ပါယာရှားဘုံတွင် ရီဖူရှင်း၏ အဆင့်အတန်းကို သူသိပေသည်။ ရီဖူရှင်းသည် အင်ပါယာရှား၏ သမီးတော်နှင့် ထူးခြားသော ဆက်ဆံရေးရှိသူ ဖြစ်သည်။

“အရမ်း ချီးကျူးလွန်းပါပြီ စီနီယာ။ မင်းသမီးခွန်ရွှမ်က ပါရမီမြင့်ပြီးတော့ အနာဂတ်မှာ ဒီမွန်ဧကရီဖြစ်လာမှာ သေချာပါတယ်”

ရီဖူရှင်းကလည်း ပြုံးလျက် ပြန်ပြောသည်။ သိန်းငှက်နက်ကား ဥဒေါင်းအင်ပါယာမြို့တွင် လေ့ကျင့်နေဆဲဖြစ်ရာ သူနှင့်ခွန်ရွှမ်တို့ ဆက်ဆံရေးကလည်း ကောင်းမွန်နေပြီဟု ဆိုနိုင်သည်။

အကယ်၍ သူသည်သာ ခွန်ရွှမ်ကို သူ့ဘက်သို့ ဆွဲခေါ်နိုင်လျှင် တာလီသည် ဘုံသုံးခုကစားပွဲမှ သေချာပေါက် ထုတ်ပယ်ခံရပေမည်။

ခွန်ရွှမ်၏အမြင်တွင် ရီဖူရှင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းက ဥဒေါင်းအင်ပါယာဘုံ အတွက် သေချာပေါက် အကျိုးရှိပေသည်။ ထို့ကြောင့် ရီဖူရှင်းနှင့် ရန်ငြိုးများ ဖြေရှင်းပြီးနောက်တွင် ပိုမိုကောင်းမွန်သော ဆက်ဆံရေးအား တည်ဆောက်ခဲ့ ကြပေသည်။

ထို့ကြောင့် ရီဖူရှင်း၏ဖိတ်ကြားမှုကို ရရှိသည်နှင့် ခွန်ရွှမ်သည် ဥဒေါင်းအင်ပါယာဘုံသို့ ချက်ချင်းပြန်ကာ သတင်းပို့၏။ ထို့နောက် နတ္တိဘုံသို့ သိန်းငှက်နက်မှ တစ်ဆင့် သတင်းပို့ကာ ရီဖူရှင်းအား တိုက်ရိုက် စကားပြောဆိုသည်။ ထိုအရာများအားလုံးက ရီဖူရှင်းနှင့် အိုင်ဒေါဘုရင်တို့ တွေ့ဆုံခြင်း၏ အကြောင်းအရင်း ဖြစ်သည်။

“စီနီယာ … အင်ပါယာလီဘုံက နတ္တိဘုံမှာ စည်းမျဉ်းကို အရင်ဆုံး ချိုးဖျက်ခဲ့တာပါ။ ကျုပ်တို့က အင်ပါယာလီဘုံကို ဖယ်ထုတ်ပြီး နတ္တိဘုံကို အတူအုပ်ချုပ် နိုင်ပါတယ်”

ရီဖူရှင်းက ပြောသည်။ ထိုသဘောတူညီချက်ကား ခွန်ရွှမ်နှင့် ရယူထားပြီးဖြစ်သည်။

“ပြောတာ ကောင်းတယ်”

အိုင်ဒေါဘုရင်က ခေါင်းညိတ်သည်။

“အင်ပါယာလီဘုံက အရင်ဆုံး စည်းမျဉ်း ချိုးဖောက်ခဲ့တာ။ ငါတို့ သူတို့ကို ဖယ်ထုတ်ဖို့လိုတယ်”

ရီဖူရှင်းဘေးတွင် ရှိနေသော ဗိုလ်ချုပ်ထိုကား ကြီးစွာ အံ့အားသင့်နေသည်။

ဥဒေါင်းအင်ပါယာဘုံက အမှန်ပင် အင်ပါယာရှားဘုံနှင့် ပူးပေါင်းနေသည်။

“ကျုပ်က အင်ပါယာရှားမြို့က အင်အားတွေကို သွားခေါ်ပြီးတော့ အတူပူးပေါင်း တိုက်ခိုက်ကြပါမယ် စီနီယာ။ ကျုပ်တို့ အင်ပါယာလီဘုံကို ဝိုင်းပြီးတော့ ရှင်းထုတ်ကြတာပေါ့”

ရီဖူရှင်းက လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည်။

အိုင်ဒေါဘုရင်က ထွက်ခွာသွားသော ရီဖူရှင်း၏ နောက်ကျောအား ကြည့်နေသည်။ မင်းသမီး ခွန်ရွှမ်က ရီဖူရှင်းနှင့်ပတ်သက်၍ အမှန်ပင် ချီးကျူးပြောဆို ခဲ့ပေသည်။ ရီဖူရှင်း၏အနာဂတ်က အင်ပါယာရှားဘုံထက် မြင့်မားသော နေရာတွင်သာ ရှိသည်ဟု သူမက ဆိုခဲ့၏။

***

နတ္တိမြို့တွင် တာလီစစ်တပ်ကား အင်ပါယာလီမြို့တွင် တည်ရှိပေသည်။

နတ္တိဘုံကား သလင်းကျောက်များ ကြွယ်ဝပေါများသော နေရာဖြစ်ရာ သူတို့အနေဖြင့် တာလီပြည်ထောင်၏ အထောက်အပံ့များအတွက် အလွန်အရေးပါပေသည်။ ထို့အပြင် နတ္တိဘုံသည် ဘုံသုံးခုကို ဆက်သွယ်ထားသော နေရာဖြစ်ရာ ထိုနေရာအား အလွယ်တကူ လက်လွှတ်မည် မဟုတ်ပေ။

ထိုအခိုက်တွင် ဘုရင်ပိုင်က တစ်ခုစုံတစ်ခုအား သတိထားမိဟန်ရ၏။

“ဥဒေါင်းအင်ပါယာဘုံက လူတွေ ရောက်လာတာလား”

သူက မျက်မှောင်ကြုတ်လိုက်၏။ ဘုရင်ပိုင်၏ဘေးတွင် ကြီးမားသော အရှိန်အဝါနှင့် တစ်စုံတစ်ယောက် ထိုင်နေသည်။ သူကား ဒီမွန်းကလန်မှ ကောင်းခေါင်ဖြစ်ပေသည်။ သူ့နောက်တွင်လည်း များစွာသော ဒီမွန်ကလန်သားများ ရှိနေသည်။

ဘုရင်ပိုင် တစ်ဦးတည်းသည်သာ နတ္တိဘုံအတွက် တာဝန်ခံမဟုတ်ပေ။ ဒီမွန်းကလန်မှ တန်ခိုးရှင်များလည်း ထိုနေရာတွင် ရှိနေပေသည်။ ဤကပင် နတ္တိဘုံကို သူတို့ မည်မျှ အလေးထားသည်ကို သိသာစေနိုင်ပေသည်။

အလွန်အားကောင်းသော အရှိန်အဝါများ အဝေးမှ ရိုက်ခတ်လာခဲ့၏။ စစ်တပ်နှစ်ခု အဝေးမှ ခရီးနှင်လာပေသည်။

ဘုရင်ပိုင်က ရှေ့ဆုံးမှ ဦးဆောင်လာသော ဆံပင်ဖြူလူငယ်ကို ကြည့်ကာ ရှုပ်ထွေးသော ခံစားချက်များ ရသည်။ ယခင်က နန်းတွင်းအကြံပေးသည် ထိုလူငယ်အား တပည့်အဖြစ် လက်ခံခဲ့ကာ အင်ပါယာလီကိုယ်တိုင်က သူ့သမီးတော်နှင့် ပေးစားလိုခဲ့၏။ လီယောင်က သူ့ဇနီးအား သတ်ဖြတ်ခဲ့ရာ သူနှင့်လီယောင်က ရန်ငြိုးများ ဖြစ်တည်လာခဲ့ခြင်းက စိတ်မကောင်းစရာပင်။

နန်းတွင်း အကြံပေးသည်သာ ပြဿနာမတက်ခဲ့လျှင် သူတစ်ယောက်တည်းဖြင့် ထိုစစ်တပ်များအား ရင်ဆိုင်နိုင်ပေသည်။

နန်းတွင်းအကြံပေး၏ တပည့်ကြီး ရန်ယွင်သည်လည်း ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်နေပြီဖြစ်သည်။

သို့သော်လည်း ဖြစ်ပြီးသည့်ကိစ္စများမှာ နောက်ပြန်လှည့်၍ မရတော့ပေ။ ရီဖူရှင်းက ထိုမျှ မြန်မြန်ဆန်ဆန် ကြီးထွားလာကာ အင်ပါယာရှားဘုံသို့ ပြန်လည်မွေးဖွားခြင်း တန်ခိုးရှင်တစ်ခု ခေါ်လာနိုင်မည်ဟု မည်သူတို့ တွေးမိမည်နည်း။

“အိုင်ဒေါဘုရင် … တာလီပြည်ထောင်နဲ့ ဥဒေါင်းအင်ပါယာက ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ အခု ဥဒေါင်းအင်ပါယာဘုံက အင်ပါယာရှားဘုံနဲ့ တာလီတို့ရဲ့ ပဋိပက္ခမှာ ဝင်ပါမလို့လား”

ဘုရင်ပိုင်က အဝေးမှ အိုင်ဒေါဘုရင်အား ပြောသည်။

“ကျုပ်တို့က အင်ပါယာလီဘုံနဲ့ အင်ပါယာရှားဘုံအကြားက ပဋိပက္ခကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ လီယောင်က အရင်နှစ်တွေတုန်းက နတ္တိဘုံမှာ စည်းမျဉ်းကို ချိုးဖောက်ပြီးတော့ လက်ရှိ မတည်မငြိမ်တဲ့ အနေအထားကို ဖန်တီးခဲ့တယ်”

“အရင် စည်းမျဉ်းအဟောင်းတွေ မရှိဘဲ တိုက်ခိုက်တာတွေက နှစ်အများကြီး ကြာခဲ့တယ်။ အခြေအနေတွေကလည်း မတည်မငြိမ် ဖြစ်လာခဲ့တယ်”

အိုင်ဒေါဘုရင်က ပြောသည်။

“အင်ပါယာလီဘုံက စည်းမျဉ်းကို ချိုးဖောက်ခဲ့မှတော့ ကျုပ်တို့က ခင်ဗျားတို့ကို ရှင်းထုတ်ရမှာပဲ။ အင်ပါယာလီဘုံက နတ္တိဘုံက ထွက်သွားရမယ်”

ဘုရင်ပိုင်က ရှေ့ကို ကြည့်သည်။ အင်ပါယာလီဘုံကား ခြေတစ်လှမ်း နောက်ကျခဲ့လေပြီ။

အင်ပါယာရှားဘုံက နတ္တိဘုံကို ဦးဆုံး ကျူးကျော်ခြင်းမှာ တာလီကို အမြစ်ဖြုတ်ရန်မှာ သေချာပေသည်။

“ရီဖူရှင်းကို အရင်ဖမ်း”

ကောင်းခေါင်က ဘုရင်ပိုင်ကို စိတ်ဖြင့် ပြောသည်။ ထိုပြန်လည်မွေးဖွားခြင်း တန်ခိုးရှင်များသည် ရီဖူရှင်၏အမိန့်ကို နာခံကြရာ ရီဖူရှင်းကို ဖမ်းနိုင်လျှင် ကိစ္စပြတ်သွား ပေလိမ့်မည်။

“ခင်ဗျားရဲ့ ဂုဏ်သတင်းတွေကို ကြားမိပါတယ် အိုင်ဒေါဘုရင်။ အခု ခင်ဗျား ဘယ်လောက် စွမ်းတယ်ဆိုတာ ကြည့်ရတာပေါ့”

ဘုရင်ပိုင်က သူရပ်နေရာမှ ပျောက်ကွယ်သွား၏။ သို့သော်လည်း သူက အိုင်ဒေါဘုရင်ထံသို့ ဦးတည်သွားခြင်း မဟုတ်ဘဲ ရီဖူရှင်းရှိနေရာသို့ ဖြစ်နေသည်။

ကောင်းခေါင်ကလည်း လှုပ်ရှားလိုက်သည်။ သူက ရှေ့ကို လှမ်းတက်လိုက်လျှင် ပြင်းထန်သော မိစ္ဆာအရောင် အဝါများသည် ရီဖူရှင်းထံသို့ ရိုက်ခတ်သွား၏။

ပြန်လည်မွေးဖွားခြင်း အဆင့်၂ဦးက ရီဖူရှင်းကို ချက်ချင်း ပြစ်မှတ်ထားလိုက်ကြ၏။

ဘုန်း …

ပေါက်ကွဲသံတစ်ခုအား ကြားလိုက်ကြရသည်။ ကောင်းကင်သည် တုန်ခါကာ အောက်ကို ကျဆင်းလာဟန်ရသည်။ နတ်ဘုရားတောင်ကြီး တစ်ခု သူတို့အပေါ်သို့ ဆင်းသက်လာသည်ဟု တန်ခိုးရှင်များအားလုံး ခံစားကြရသည်။

အိုင်ဒေါဘုရင်က လက်သီးတစ်လုံး ဘုရင်ပိုင်ထံသို့ ပစ်သွင်းလိုက်၏။

ဘုန်း …

ကျယ်လောင်စွာ ပေါက်ကွဲသံ တစ်ခုနှင့်အတူ ဘုရင်ပိုင်မှာ တားဆီးခံလိုက်ရ၏။ အိုင်ဒေါဘုရင်က ရှေ့ကို တက်လာကာ ပြောသည်။

“ခင်ဗျားက ဒီလိုပြောမှတော့ ကျုပ်ကလည်း လိုက်လျောရတာပေါ့”

တိုက်ပွဲသည် မြန်ဆန်စွာပင် ဖြစ်ပေါ်လာခဲ့၏။ ကောင်းခေါင်က မိစ္ဆာလက်ဝါးတစ်ခုကို ရိုက်ထုတ်လိုက်ကာ လုယွီနှင့်ရင်ဆိုင်သည်။ သူ၏ကြီးမားသော စွမ်းအားက လုယွီအား နောက်ဆုတ်စေကာ သူသည် ရှေ့ကို ဆက်တိုးသွား၏။

မိစ္ဆာလမ်းစဉ်ကို လေ့ကျင့်သူများမှာ အလွန်အားကောင်း ကြပေသည်။

သူက လုယွီအား နောက်ဆုတ်စေပြီး ရီဖူရှင်းထံသို့ လှမ်းလာခဲ့သော်လည်း ရီဖူရှင်း၏ရှေ့တွင် မီးတောက်လူသားတစ်ဦး ရပ်နေသည်ကို မြင်၏။

သူကား ကျုံးလော်တိုက်ပွဲဝင် ပုံသဏ္ဌာန်ကို ဖော်ဆောင်ထားသော ဝူယုံးဖြစ်သည်။ ရီဖူရှင်းသည် ဝူယုံး၏နောက်တွင် ရပ်ကာ သူ့ခန္ဓာကိုယ်သည် နေမင်းအသွင်ကို ဆောင်၏။ အားကောင်းသော မဟာလမ်းစဉ် မီးတောက်များသည် သူ့ခန္ဓာကိုယ်မှတစ်ဆင့် သန့်စင်ကာ ဝူယုံးထံသို့ စီးဆင်းနေသည်။ ဝူယုံး၏ ကျုံးလော်တိုက်ပွဲဝင် သဏ္ဌာန်သည်လည်း အဆင့်၁၂သို့ မြင့်တက်လာခဲ့၏။

လီယောင်က နတ္တိဘုံတွင် ရီဖူရှင်းကို သတ်မည်ကြိုးစားစဉ်က ကောင်းခေါင်သည် အဓိက ကူညီသူဖြစ်သည်။ ရာရာကား ပြင်းထန်စွာ ဒဏ်ရာရခဲ့ကာ ရီဝူချင်းသည်လည်း သေလုနီးပါး ဖြစ်ခဲ့သည်။

***

All Chapters