← Chapters

အခန်း (၉၂၆)

Vol. 62 Ch. 926

အခန်း (၉၂၆)

Vol. 62 Ch. 926

“ခင်ဗျား ကျုပ်အသက်ကိုခြိမ်းခြောက်ရင် ဒီရတနာကိုအစွမ်းကုန်အသက်သွင်းပြီး ခင်ဗျားကိုပါကျုပ်နဲ့အတူ အပါခေါ်သွားမယ်.. ကျုပ်ကပြောတဲ့အတိုင်းလုပ်တဲ့သူပဲ. မယုံဘူးဆိုရင် စမ်းကြည့်လို့ရတယ်”

ရှစ်ဖုန့်၏အေးစက်သောမျက်နှာနှင့်သတ်ချင်ဖြတ်ချင်စိတ်အပြည့်ဖြင့်စကားတို့အားကြားရသောအခါတွင် အနက်ရောင်ဝတ်ရုံနှင့်လူက နောက်တစ်ကြိမ် ထူးဆန်းသောရယ်မောသံဖြင့်ရယ်မောလိုက်သည်။သူကပြောလိုက်၏။

“လောလောဆယ်မှာ မင်းနဲ့ငါနဲ့က တစ်လှေတည်းစီးတဲ့သူတွေလို့ပြောနိုင်တယ်.မင်းကနတ်ဘုရားတစ်ပိုင်းစွမ်းအားကို စွမ်းအားကို အသက်သွင်းနိုင်တဲ့ရတနာတစ်ခုကို ပိုင်ဆိုင်ထားတာကြောင့် ငါတို့ပူးပေါင်းတာကမှအမှန်ပဲ”

“ပူပေါင်းမယ်တဲ့လား”

ရှစ်ဖုန့်ကနားလည်ရခက်သောအမူအယာတစ်ခုကိုပြသပြီး သံသယအပြည့်ဖြင့်ပြောလိုက်သည်။

“မင်းကဒီမှာပဲတစ်ချိန်လုံးပုန်းနေတော့ အပြင်မှာဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို မသိတဲ့ပုံပဲ”

အနက်ရောင်ဝတ်ရုံနှင့်လူကပြောသည်။

“မနေ့က မင်း ယန်မျိုးနွယ်စုခေါင်းဆောင် ယန်ချီးနဲ့တိုက်ခိုက်ခဲ့ပြီးတော့ သူ့ကိုဒဏ်ရာရစေခဲ့တယ်.. သတင်းတွေက မျိုးနွယ်စုတိုင်းကို ပြန့်နေပြီ.. အပြင်မှရှိနေတဲ့သူအားလုံးက မင်းကိုရှာနေကြတယ်”

အနက်ရောင်ဝတ်ရုံနှင့်လူ၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်၏မျက်နှာထက်တွင် သံသယတစ်ခုကတွဲခိုနေပြီး ပြောလိုက်သည်။

“ကျုပ်ကိုရှာနေတာလား..ကျုပ်က ယန်မျိုးနွယ်စုနဲ့စပါးအုံးနဂါးမျိုးနွယ်စုနဲ့ပဲ အချင်းများမှုရှိတာ. ဘာလို့တစ်ခြားမျိုးနွယ်စုတွေကပါ ကျုပ်ကိုရှာနေရတာလဲ. . သူတို့အားလုံးက ယန်မျိုးနွယ်စု ဒါမှမဟုတ် စပါးအုံးနဂါးမျိုးနွယ်စုရဲ့ အမိန့်ကိုနားထောင်တာလား”

“သူတို့မျိုးနွယ်စုတစ်ခုစီတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ခေါင်းဆောင်တွေရှိတယ်..သူတို့က ယန်မျိုးနွယ်စု ဒါမှမဟုတ် စပါးအုံးနဂါးမျိုးနွယ်စု ရဲ့ အမိန့်ကိုနားထောင်တာမဟုတ်ဘူး”

အနက်ရောင်ဝတ်ရုံနှင့်လူကပြောလိုက်သည်။

“ဒါဆို..သူတို့က..”

ထို့နောက် မနေ့ညက ယန်မျိုးနွယ်စုခေါင်းဆောင်သူ့အားသတ်ချင်သည့် အကြောင်းပြချက်ကို ပြန်အမှတ်ရလိုက်သည်။ သူကနောက်တစ်ကြိမ် အေးစက်စွာထပ်မံပြောလိုက်သည်။

“ ဒီလူအားလုံးက ကျုပ်ကို တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကလို့ထင်နေကြတာပဲ”

“ခင်ဗျားက ကျုပ်နဲ့တစ်လှေတည်းစီးတဲ့သူလို့ ပြောခဲ့တာဆိုတော့ ခင်များက အစစ်အမှန်တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကဖြစ်လိမ့်မယ်..ဟုတ်တယ်မလား”

“ဟားဟား..မင်းကတကယ်တော်တဲ့သူပဲ”

ရှစ်ဖုန့်ကသူ၏သရုပ်မှန်အားထုတ်ဖော်ပြောလိုက်သောအခါတွင် အနက်ရောင်ဝတ်ရုံနှင့်လူက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ထို့နောက်သူကပြောလိုက်သည်။

“မင်းလိုမျိုးလိမ္မါပါးနပ် တဲ့သူမျိုးနဲ့အလုပ်လုပ်ရတာ ငါသဘောကျတယ်..ဒါကငါ့ကို ပြဿနာတော်တော်များများကိုသတ်သာစေတယ်”

“ဖြစ်ပျက်ခဲ့တာကိုငါမင်းကိုပြောပြီးပြီ.. မင်းကလူတော်တစ်ယောက်ပဲဟာ..ဘာလုပ်သင့်တယ်ဆိုတာမင်းသိမှာပါ”

အနက်ရောင်ဝတ်ရုံနဲ့ လူအဆိုအရ လက်တလောတွင် ယန်မျိုးနွယ်စုကြောင့်ပြင်ပ၌ သူ့အားရှာဖွေနေကြသည်ဖြစ်သည်။ အကယ်၍သူသာ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားပိုင်ဆိုင်သည့် အနက်ရောင်ဝတ်ရုံလူနှင့်ပူးပေါင်းခဲ့လျှင် စွမ်းအားကြီးမဟာမိတ်တစ်ယောက်သူရှိလိမ့်မည်ဖြစ်သည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ အနက်ရောင်ဝတ်ရုံနှင့်လူအားရင်ဆိုင်ရန် သူ၏သတိကိုမလျော့ချရဲပေ။ စပါးအုံးနဂါးမျိုးနွယ်စုနှင့် ယန်မျိုးနွယ်စု တို့မှအကဲဖြတ်ရသလောက် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ပို၍ရန်လိုနိုင်လောက်သည်ဖြစ်သည်။

“ဒီအခိုကအတန့်မှာ ပူးပေါင်းတာကနှစ်ယောက်လုံးအကျိုးအမြတ်ရှိတာမို့ ကျုပ်ဆန္ဒရှိတယ်”

ရှစ်ဖုန့်ကအနက်ရောင်ဝတ်ရုံနှင့်လူကိုပြောလိုက်သည်။ ထို့နောက်ရှစ်ဖုန့်က ထပ်ပေါင်းပြောလိုက်၏။

“ဒါပေမဲ့ ခင်ဗျားက လိမ္မာပါးနပ်တဲ့သူတစ်ယောက်ပါ ..ပူးပေါင်းနေတဲ့အချိန်အတွင်းမှာ ကျုပ်ကို ဆန့်ကျင်ဖို့ကြံစည်မယ်ဆိုရင် ဖြစ်လာမဲ့အကျိုးဆက်ကိုခင်ဗျားသိမယ်ဆိုတာသေချာတယ်”

ယခု ရှစ်ဖုန့်က ထိုလူ၏သရုပ်မှန်နှင့် သူ၏လက်ရှိအနေကို သိသွားပြီး အကယ်၍ ၎င်းကသာသူ့အား တစ်ခုခုဆိုးရွားသောအရာကိုလုပ်ချင်ပါကလက်နက်တစ်ခုဖြင့်ခြိမ်းခြောက်ရန်ပင်လိုအပ်လိမ့်မည်မဟုတ်ပေ။

လောလောဆယ်တွင်ပြင်ပကမ္ဘာသူ့အားရှာဖွေနေပြီး မျိုးနွယ်စုအမျိုးမျိုးမှ ကျွမ်းကျင်သူများလည်းရှိသည်ဖြစ်သည်။ အကယ်၍ဤလူသာသူ့အားတကယ်ထိခိုက်စေချင်လျှင် ရှစ်ဖုန့်အနေဖြင့်၎င်းအား အစွမ်းကုန်တိုက်ခိုက်ပြီး သူ၏တည်နေရာအားသိအောင်ပေါက်ကွဲသံတစ်ခု ဖန်တီးမည်ဖြစ်သည်။ ယင်းအခြားမျိုးနွယ်စုများမှ ကျွမ်းကျင်သူများကိုဆွဲဆောင် စေလိမ့်မည်ဖြစ်၏။

အကယ်တစ်စုံတစ်ယောက်ကသာသူ့အား ဘေးအန္တရာယ်ပေးလိုလျှင် သူကလည်း အလွယ်တကူတော့လက်သင့်ခံမည့်အစားထဲ၌ပါသည့်သူမဟုတ်ပေ။

“မစိုးရိမ်ပါနဲ့ ငါကဒီနေရာကနေ လုံလုံခြုံခြုံနဲ့ထွက်သွားချင်ရုံပါ. ငါနဲ့မင်းနဲ့ပန်းတိုင်ကအတူတူ ပဲဆိုတာသေချာပါတယ်”

အနက်ရောင်ဝတ်ရုံနှင့်လူက ပြောလိုက်သည်။

ရှစ်ဖုန့်အနေဖြင့်ထျန်းဟန်တိုက်ကြီး သို့ပြန်ရန် မှတ်တမ်းတင်ထားသောရှေးဟောင်းစာလိပ်အားမရသည့်အချက်ကိုစိတ်ကျေနပ်မှု မရှိသော်လည်းယခုနေရာတိုင်းတွင် သူ့အတွက်ရန်သူများဝိုင်းနေသည်ဖြစ်သည်။ သူက လမ်းမပေါ်ဖြတ်ပြေးသော ကြွက်လေးတစ်ကောင်နှယ်ဖြစ်၏။ သူ့အားရှာတွေ့သွားနိုင်သောကြောင့်အပြင်ထွက်ရန်မလွယ်ကူလှပေ။

“ပြောရရင်ဒါတွေအကုန်လုံးက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုရဲ့ကျေးဇူးတွေကြောင့်ပဲ”

ရှစ်ဖုန့်က ရှေ့ရှိအနက်ရောင်ဝတ်ရုံနှင့်လူအား ခြုံကြည့်၍ သူ့ဖာသာသူပြောလိုက်သည်။

“တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ဘယ်လိုယုတ်မာမှုမျိုးကိုကျူးလွန်ခဲ့လည်းဆိုတာ ကျုပ်တကယ်မသိဘူး. ခင်ဗျားခုဏကပြောသလောက်ဆိုရင် မြေရိုင်းတိုက်ကြီးက…”

“ဒီမြေရိုင်းတိုက်ကြီးက ဘယ်လောက်ကျယ်တယ်ဆိုတာကိုကျုပ်မသိပေမဲ့ တကယ်အရမ်းကြီးမားတယ်လို့ခံစားရတယ်.. မျိုးနွယ်စုနဲ့ကလန်တွေအားလုံးက ခင်ဗျားတို့ကို အရိုးထဲကနေစွဲနေအောင်မုန်းတဲ့ အထိရန်သူလို့မြင်ကြတယ်.. သူတို့အားလုံးက ခင်ဗျားတို့အသက်ကိုလိုချင်နေကြတယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

မနေ့ညက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုအကြောင့် လူများပြောခဲ့သည်ကိုကြားပြီးနောက် ၎င်းတို့က ဤမျိုးနွယ်စုအပေါ်တူးတူးခါးခါးမုန်းတီး သည်ကိုရှစ်ဖုန့်ခံစားမိနိုင်သည်ဖြစ်သည်။

ရှစ်ဖုန့်၏စကားတို့အားကြားသောအခါတွင် အနက်ရောင်ဝတ်ရုံနှင့်လူက ရယ်မောလိုက်သည်။

“ဟားဟား..အဲ့တာကဘာလို့ဆို သူတို့က ငါတို့တောင်ပေါ်နတ်ဆရာမျိုးနွယ်စုရဲ့အင်အားကိုမနာလိုလို့လေ. ကြီးမြတ်တဲ့တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက အမုန်းခံ၊မနာလိုခံရဖို့အတွက် မွေးဖွားလာတာပဲဟာ”

အကယ်၍ ၎င်းတို့အား မနာလိုမှုကြောင့်မုန်းတီးကြသည်ဆိုလျှင် ၎င်းပြောသောအရည်မရမဖက်မရများကိုမည်သူကယုံကြည်ပါမည်နည်း။ မည်သို့ပင်ဖြစ်စေ ရှစ်ဖုန့်က၎င်းအားယုံမည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင်ရှစ်ဖုန့်၏ကိုယ်ကရုတ်ခြည်းတုန်ယင်သွားသည်။ သူက ကျိန်ဆဲလိုက်၏။

“ချီးပဲ”

အစောပိုင်းက စပါးအုံးနဂါးမျိုးနွယ်စုမှကောင်မလေးအပေါ်သူထားခဲ့သောကန့်သတ်မှုကို တစ်စုံတစ်ယောက်က ချိုးဖျက်ခဲ့သည်ကို သူအာရုံခံမိခဲ့သည်။ အစောပိုင်းကသူ၏ကိုယ်တုန်ယင်မှုမှာ ကန့်သတ်ချက်ချိုးဖျက်ခံရသောကြောင့်ဖြစ်လာသည့် တန်ပြန်မှုဖြစ်သည်။

၎င်းက ကိစ္စကြီးမဟုတ်သော်လည်းရှစ်ဖုန့်၏သံသယကိုအတည်ပြုနိုင်ခဲ့၏။ သူ၏ ကန့်သတ်ချက်က အစစ်အမှန်စွမ်းအားကြီးနတ်ဘုရားတစ်ပိုင်းနယ်ပယ်ရှေ့တွင် မဖုံးကွယ်နိုင်ပဲ အလွယ်တကူချိုးဖျက်နိုင်သည်ဖြစ်သည်။

နတ်ဘုရားတစ်ပိုင်းနယ်ပယ်။ သူကနတ်ဘုရားတစ်ပိုင်းနယ်ပယ်နှင့်ခြေတစ်လှမ်းစာသာဝေးကွာသော်လည်း ယင်းက မကျော်လွှားနိုင်သော ချောက်နက်ကြီးတစ်ခုအလား ခံစားရသည်ဖြစ်သည်။

စပါးအုံးနဂါးမျိုးနွယ်စုသို့ကောင်မလေးပြန်သွားချိန်တွင် စပါးအုံးနဂါးမျိုးနွယ်စုမှ ဒုတိယတပ်မှူးကိုလည်း ပြန်လွှတ်ရန်တွေးခဲ့သည်။ ထိုမှသာကောင်မလေးနှင့်အ တူတကွပူးပေါင်း၍ ထျန်းဟန်တိုက်ကြီးအကြောင်း ရှေးဟောင်းစာလိပ်ကို ရရှိဖို့ကူညီနိုင်လိမ့်မည်ဖြစ်သည်။

သို့သော် ကြည့်ရသလောက် ၎င်းအပေါ်၌ထားခဲ့သည် ကန့်သတ်ချက်သည်လည်းနတ်ဘုရားတစ်ပိုင်းနယ်ပယ်က တွေ့သည်နှင့်ထွင်းဖောက်မြင်ခံရလိမ့်မည်ဖြစ်သည်။ ၎င်းတို့အားအတင်းအကျပ်ပြန်ခိုင်းပြီး ရှေးဟောင်းစာလိပ်အားခိုးယူရန် ကန့်သတ်ချက်ကိုအသုံးပြုရန်ကမဖြစ်နိုင်ပေ။

အရာအားလုံးက ခွန်အားအပေါ်တွင်သူမူတည်သည့်ပုံပေါ်သည်။၎င်းတို့အားပြီးမြောက်အောင်မြင်ရန် ခွန်အားစွမ်းပကားတော်တော်လေးလိုအပ်သည်ဖြစ်သည်။

အနက်ရောင်ဝတ်ရုံနှင့်လူကရှစ်ဖုန့်၏ ကိုယ်ရုတ်တရက်တုန်ယင်သွားသည်ကို မြင်ရသောအခါတွင် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ဘူး”

ရှစ်ဖုန့်ကပြောလိုက်သည်။ မည်သည့်အရာကိုမှ အနက်ရောင်ဝတ်ရုံနှင့်လူအား သူမရှင်းပြနိုင်ပေ။ သူတို့ကတစ်ဦးနှစ်တစ်ဦး အသုံးချနေခြင်းသာဖြစ်သည်။

ယန်မျိုးနွယ်စုကြောင့် သူ့အနေဖြင့်အဒေသကြီးအတွင်း၌ ထပ်ပြီးနေ၍မရတော့ပေ။ အကယ်၍သူက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ မဟုတ်ဖူးဆိုလျှင်တောင် ဤလူများကသူပြောသည်ကိုနားထောင်လိမ့်မည်မဟုတ်ပေ။

မနေ့ညက သူ့အားသံသယဝင်သောကြောင့်ယန်မျိုးနွယ်စုခေါင်းဆောင်က ဖျက်ဆီးပစ်ချင်သကဲ့သို့ဖြစ် မည်သာဖြစ်သည်။

“ငါအခုဒီကျယ်ပြောလှတဲ့ ဒီဒေသကသကြီးထဲကနေ ထွက်သွားပြီး ငါ့ရဲ့ခွန်အားတိုးဖို့ နည်းလမ်းတစ်ခုကိုစဉ်းစားရမယ်.. ငါလုံလောက်အောင်သန်မာလာတာနဲ့ ပြန်လာပြီးငါလိုတဲ့အရာအတွက် စပါးအုံးနဂါးမျိုးနွယ်စုကို အရင်သွားမယ်”

ရှစ်ဖုန့်က စိတ်ထဲမှ အစီအစဉ်ချလိုက်သည်။

ရှစ်ဖုန့်ကသူ၏ပါးစပ်ကိုထပ်မံဖွင့်ဟပြီး အနက်ရောင်ဝတ်ရုံနှင့်လူကိုမေးလိုက်သည်။

“ကျုပ်တို့ဘယ်အချိန် စပြီးလှုပ်ရှားပြီးတော့ ဒီကုန်းမြေကြီးကနေထွက်သွားမှာလဲ..”

ရှစ်ဖုန့်အနေဖြင့်ဤမြေရိုင်းကုန်းမြေက မည်မျှကျယ်ပြောပြီး မည်သည့်အရပ်သို့ထွက်ပြေး ရမည်ကိုကောင်းစွာမသိပေ။ သူတို့အနေဖြင့် ကျယ်ပြောလှသော မြေရိုင်းကုန်းမြေမှထွက်သွား ရုံသာတက်နိုင်ပြီး မျိုးနွယ်စု မျိုးစုံက သူအားသတ်ချင်နေသည်ဖြစ်၏။

အကယ်၍ အနက်ရောင်ဝတ်ရုံလူနှင့် အတူတကွပူးပေါင်းလုပ်ဆောင်မည်ဆိုလျှင် ရှစ်ဖုန့်အနေဖြင့် နောက်ထပ်လမ်းညွှန်တစ်ယောက်ကိုရလိမ့်မည်ဖြစ်သည်။ မြေရိုင်းတိုက်ကြီးအကြောင်း နှင့်ပက်သက်သော သတင်းအချက်ကိုပင် ပို၍ရကောင်းရနိုင်ခြင်းမျိုး လည်းဖြစ်နိုင်သည်။

“အခုတော့ဒီမှာပဲနေကြအုံးစို့.. ဒီကုန်းမြေပေါ်မှာမှောင်ချိန်ကြမှ လုပ်ဆောင်ရင်လည်းအရမ်းနောက်မကျပါဘူး”

အနက်ရောင်ဝတ်ရုံနှင့်လူကပြောလိုက်သည်။

“ပြီးတော့ မှောင်ချိန်ရောက်လာပြီးအမှောင်ထုက ပြန်ဝင်လာရင် ငါ့ရဲ့စွမ်းအားကငါ့တို့ကိုဖုံးကွယ်ဖို့ပိုပြီးအကူအညီပေးနိုင်တယ်”

ဆက်ရန်……

ဘာသာပြန်သူ -ARISE

All Chapters