← Chapters

အခန်း (၉၂၈)

Vol. 62 Ch. 928

အခန်း (၉၂၈)

Vol. 62 Ch. 928

တီရှာ၏မြေစွမ်းအားနှင့် အနက်ရောင်ဝတ်အဘိုးအိုတို့၏လမ်းညွှန်မှုတို့အောက်၌ ရှစ်ဖုန့်နှင့်အခြား နှစ်ယောက်တို့မှာ မှောင်မိုက်သောမြေပြင်ကို လွန်းထိုးသွားလိုက်သည်။

“ဒီလိုမျိုးဆန်းကြယ်တဲ့ ဖုတ်ကောင် သက်ရှိတစ်ကောင်က ဒီကမ္ဘာမှာ တကယ်ကြီးရှိနေလိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားဘူး.. မြေစွမ်းအားကိုထိန်းချုပ်တဲ့နေရာမှာ သူက အရမ်း ကျွမ်းကျင်တယ်.. လူငယ်လေး မင်းရဲ့ဖုတ်ကောင်က မဆိုးဘူး..မင်းအဲ့တာကိုငါ့ကိုပေးနိုင်မလား”

အနက်ရောင်ဝတ်ရုံနှင့်အဘိုးအို၏အသံက မြေအောက်ထဲမှ ထွက်ပေါ်လာသည်။

“အဘိုးကြီး. တီရှာက ဒီသခင်လေးနဲ့ သေတူရှင်မကွာ အကြိမ်အများကြီးဖြတ်ကျော်ခဲ့တာ. ဒါက ခင်ဗျားအဲ့လိုပြော လို့ရတဲ့ ပစ္စည်းမဟုတ်ဘူး. ဘယ်လိုလုပ်ပြီးဒီသခင်လေးက ခင်ဗျားကိုပေးနိုင်မှာလဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“လူငယ်လေး.စိတ်မပူပါနဲ့.. ဒီဖုတ်ကောင်သတ္တဝါကိုငါ့ကိုပေးဖို့အတွက် ငါမင်းကို အကြပ်မကိုင်ပါဘူး. မင်းသာငါ့ကိုဖုတ်ကောင်ကိုပေးရင်. ငါမင်းကို နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက် ရေးနည်းစနစ်ကိုသင်ပေးမယ်. . မင်းဘယ်လိုထင်လဲ”

အနက်ရောင်ဝတ်ရုံနှင့်လူကဆက်ပြောသည်။ ဤတစ်ကြိမ်တွင် သူကရှစ်ဖုန့်အားသွေးဆောင်၏။

“နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးနည်းစနစ်..”

အနက်ရောင်ဝတ်ရုံနှင့်လူ၏နောက်ဆုံး စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်၏စိတ်ထဲမှ အံ့အားသင့်စွာရေရွတ်လိုက်သည်။

“ဒီတော့ ဒီကမ္ဘာမှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ် တိုက်ခိုက်ရေးနည်းစနစ်တွေရှိတယ်ပေါ့”

ယခင်ငရဲဘုံကိုးခု ဧကရာဇ် လေ့လာဆည်းပူး ဖန်တီးခဲ့သော တိုက်ခိုက်ရေးနည်းစနစ်များဖြစ်သည့် ငရဲဘုံကိုးခု ဓားပညာရပ်များ၊ ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုတို့က လက်ရှိထျန်းဟန်တိုက်ကြီးအတွင်းတွင် ပြိုင်ဘက်ကင်း နည်းစနည်းများအဖြစ် သေချာပေါက်ထည့်သွင်းစဉ်းစား၍ ရသည်ဖြစ်သည်။ ၎င်းက အထွတ်အထိပ် တော်ဝင်အဆင့် တိုက်ခိုက်ရေးနည်းစနစ်တစ်ခုကဲ့သို့ အမျိုးအစားသတ်မှတ်၍ရနိုင်၏။

ဤကမ္ဘာတွင် နတ်ဘုရားတစ်ပိုင်းအဆင့်တိုက်ခိုက် ရေးနည်းစနစ်ရှိနေသည်။ ယင်းကနတ်ဘုရားတစ်ပိုင်းအဆင့်ဖြစ်သည်။ ၎င်းမည်မျှစွမ်းအားကြီးမားနိုင်သည် ကိုရှစ်ဖုန့် စဉ်းစားနိုင်သည်ဖြစ်သည်။

အနက်ရောင်ဝတ်ရုံနှင့်လူပြောသည်ကို ရှစ်ဖုန့်ကြားသောအခါတွင် အံ့အားသင့်နေပြီးဘာမှပြောနိုင်ခြင်းမရှိပေ။ နတ်ဘုရးတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးနည်းစနစ်က ရှစ်ဖုန့်အား တော်တော်လေး သွေးဆောင်မည်ကို သူသိသည်ဖြစ်သည်။ ထို့နောက်အနက်ရောင်ဝတ်ရုံနှင့်အဘိုးအိုးက သံမဏိကိုပူနေတုန်းထပ်ရိုက်လိုက်သည်။ သူကရှစ်ဖုန့်ကိုဆက်ပြီးသွေးဆောင်၏။

“လူငယ်လေး..နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးနည်းစနစ်က ဘယ်လောက်စွမ်းအားကြီးလဲဆိုတာကို မင်းသိလား.. နတ်ဘုရားတစ်ပိုင်းအဆင့်တိုက်ခိုက် ရေးနည်းစနစ်က ဘယ်လောက်အဖိုးတန်လဲဆိုတာကိုမင်းသိလား.. ဒီကမ္ဘာပေါ်မှာနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူတွေ အများကြီးရှိပေမဲ့ လူနည်းစုလောက်ပဲ နတ်ဘုရားတစ်ပိုင်းနယ်ပယ် တိုက်ခိုက်ရေးနည်းစနစ်တွေကိုကျင့်ကြံနိုင်တာ”

“ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ပါရမီစွမ်းရည်မျိုးမရှိရင် .. နတ်ဘုရားတစ်ပိုင်းနယ်ပယ် တိုက်ခိုက်ရေးနည်းစနစ်တွေကိုဖန်တီးဖို့က မဖြစ်နိုင်ဘူး. ဘာပဲဖြစ်ဖြစ် ငါသိတဲ့လူတွေထဲမှာ အဲ့လိုပါရမီရှင်မျိုးမရှိဘူး. ငါ့ရဲ့ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ကံတရားကျေးဇူးကြောင့် ဒီအဘိုးကြီးက ရှေးဟောင်းအမွှေအနှစ်တစ်ခုထဲမတော်တဆဝင်ရောက်မိပြီး ဒီနတ်ဘုရားတစ်ပိုင်းအဆင့်တိုက်ခိုက်ရေး နည်းစနည်းစနစ်ကိုသင်ကြားနိုင်ခဲ့တာ”

ရှစ်ဖုန့်အား နတ်ဘုရားတစ်ပိုင်းနယ်ပယ် တိုက်ခိုက်ရေးနည်းစနစ်ကို သွေးမဆောင်ရန်မှာမဖြစ်နိုင်ပေ။ သို့သော် အကယ်၍ တီရှာကိုသာ ဤအဘိုးကြီးနှင့်နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးနည်းစနစ်အတွက် လဲလှယ်ရမည်ဆိုလျှင်….

အကယ်တီရှာအားယခုလေးတင်မှသာသူကထိန်းချုပ်ခဲ့သည်ဆိုလျှင် ရှစ်ဖုန့်အနေဖြင့် တီရှာနှင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးနည်းစနစ်အားအဘိုးကြီးနှင့်လဲလှယ်ရန် တုန့်ဆိုင်းနေမည်မဟုတ်ပေ။ သို့သော် ဤတစ်နှစ်အတွင်း တီရှာက သူ့နှင့်အတူ သေတူရှင်မကွာ အကြိမ်များစွာကျော်ဖြတ်ခဲ့သည်ဖြစ်သည်။ သူ့အနေဖြင့်၎င်းအား နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက် ရေးနည်းစနစ်အတွက် အဘိုးကြီးနှင့်လဲလှယ်ရန်မှာ မဖြစ်နိုင်ပေ။

ရှစ်ဖုန့်ကဘာမှမပြောပဲနေနေသေးသည်ကို တွေ့ရသောအခါတွင် အဘိုးအိုကထပ်မံပြောလိုက်သည်။

“အကယ်၍ ယန်မျိုးနွယ်စုက ယန်ချီးမှာသာနတ်ဘုရားတစ်ပိုင်း နယ်ပယ်အဆင့် တိုက်ခိုက်ရေးနည်းစနစ်တစ်ခုရှိနေခဲ့ရင်.. အခုချိန်မင်းယန်မျိုးနွယ်စုနယ်မြေထဲမှာ အကင်ခံရတဲ့အလောင်း တစ်ခုဖြစ်နေလောက်ပြီ”

“တော်လောက်ပြ.. အဘိုးကြီး. ပြောနေတာရပ်တော့”

အဘိုးအို၏ထပ်မံပြောဆိုမှုအားကြားသောအခါတွင် ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒီသခင်လေးကစိတ်ပိုင်းဖြတ်ပြီးပြီ.. တီရှာက ဒီသခင်လေးနောက်ကိုလိုက်ခဲ့တာတစ်နှစ်နီးပါးရှိပြီ.. ဒီသခင်လေးတို့တွေ သေခြင်းရှင်ခြင်းတွေကိုအကြိမ်အများကြီး တွေ့ကြုံဖြတ်ကျော်ခဲ့ပြီးပြီ. ဘယ်လိုလုပ်ပြီးဒီသခင်လေးက တိုက်ခိုက်ရေးပညာရပ်လေးတစ်ခုအတွက်နဲ့ခင်ဗျားနဲ့လဲနိုင်မှာလဲ”

“ဟူး.နှမြောစရာပဲ.အဲ့တာကနတ်ဘုရားတစ်ပိုင်းနယ်ပယ် တိုက်ခိုက်ရေးပညာရပ်ဟာ.. ဟူး..ဟူး..ဟူး..ဟူး”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက် အနက်ရောင်ဝတ်ရုံနှင့်လူက ရည်ရွယ်ချက်ရှိရှိထပ်တလဲလဲ သက်ပြင်းချလိုက်သည်။

“သခင်….”

တီရှာသည်လည်း အဘိုးအိုနှင့် ရှစ်ဖုန့်တို့ကြားထဲမှ စကားအပြန်အလှန်ပြောဆိုမှုကိုကြား သည်ဖြစ်သည်။ ရှစ်ဖုန့်၏နောက်ဆုံးဆုံးဖြတ်ချက်အား သူကြားရချိန်တွင် သူ၏တုတ်ခိုင်သန်မာသောကိုယ်က ရုတ်ခြည်းလှုပ်ခါသွားပြီဂ သူ၏နှလုံးသားထဲ၌ ခံစားချက်များဖြင့်ပြည့်နှက်လာသည်။

သူက အလောင်းထိန်းချုပ်ဧကရာဇ်နှင့်သခင်နှင့်အစေခဲ့ဖြစ်ခဲ့ဖူးသည်။ ၎င်းက လွန်ခဲ့သောနှစ်တစ်ထောင်ခန့်က အရှေ့ပိုင်းဒေသကြီး၏ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။

အလောင်းထိန်းချုပ်ဧကရာဇ်အတွက်မူ တီရှာက စိတ်ဝိညာ်အသိဉာဏ်ဆင့်ကဲ တိုးတက်မှုဖြစ်ပြီးကိုယ်ပိုင်ခံစားချက်များရှိလာခဲ့ပြီးသော်လည်း သူ့အား ၎င်းက အခြားသော ခံစားချက်မရှိသည့်အလောင်းများကဲ့သိုသာဆက်ဆံခဲ့သည်။ သူ့အားလက်နက်များ၊ရတနာများနှင့်တစ်တန်းတည်းသာသဘောထားဆက်ဆံခဲ့သည်။

အကယ်၍ တီရှာကိုသာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးနည်းစနစ်နှင့်လဲလှယ်ရမည်ဆိုလျှင်အလောင်းထိန်းချုပ်ဧကရာဇ်အနေ ဖြင့် မျက်တောင်တစ်ချက်တွန့်မည်မဟုတ်ပေ။ ပို၍ပင်ပျော်ရွှင်ဝမ်းမြောက်နေလိမ့်မည်ဖြစ်သည်။

သို့သော်တီရှာ၏ ဤတစ်ကြိမ်သခင်အသစ်ဖြစ်သော ထျန်းဟန်တိုက်ကြီး၏နံပါတ်တစ်ကျွမ်းကျင်သူငရဲဘုံကိုးခုဧကရာဇ် ယိုမင်ကတော့ တီရှာအတွက်အလို့ငှာ နတ်ဘုရားတစ်ပိုင်းအဆင့်တိုက်ခိုက်ရေးနည်းစနစ်ကိုတကယ်ကြီးလက်လျော့ခဲ့၏။

သူကတီရှာအားစိတ်ခံစားချက်များရှိသောသက်ရှိတစ်ဦးကဲ့သို့ဆက်ဆံသည်ဖြစ်သည်။

…………………..

“ဝုန်း..ဝုန်း..ဝုန်း.ဝုန်း..”

ရှစ်ဖုန့်နှစ်အခြားသူနှစ်ယောက်တို့က မြေပြင်အားတစ်ဟုန်ထိုးလွန်းထိုးဖြတ်သန်းသွားနေစဉ် ၎င်းတို့အပေါ်ရှိမြေပြင်က ရုတ်ခြည်းတစ်ဟုန်ထိုး လှုပ်ခါလာသည်။

စွမ်းအားကြီးမားပြီး ကြမ်းကြုတ်ခက်ထန်သောစွမ်းအင်တို့က သူတို့သုံးဦးရှိရာသို့ဘက်ပေါင်းစုံမှာ ပေါက်ကွဲဦးတည်လာသည်။

“ဒါက ဘာတွေဖြစ်နေတာလဲ. တစ်ယောက်ယောက်ကတကယ်ကြီးဒီသခင်လေးတို့တည်နေရာကို ရှာတွေ့သွားပြီလား”

ရှစ်ဖုန့်ကအလန့်တကြားပြောလိုက်သည်။ မြေပြင်ကလှုပ်ခါနေပြီး ဘက်ပေါင်းစုံမှစွမ်းအားတို့ကလာကာသူတို့အားသတ်ချင်နေသည်ကား လူလုပ်ခြင်းဖြစ်ကြောင်းရှင်းလင်းသည်။

ထို့နောက်ချက်ချင်း ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်တို့က ရွေ့လျားနေခြင်းကို ရပ်တန့်လိုက်သည်။

“ဒီလူတွေကမြေကလန်ကပဲ.. သူတို့ကမြေစွမ်းအားကိုကျင့်ကြံဖို့အတွက်မွေးဖွားလာကြပြီး မြေဓာတ်နဲ့ပက်သက်လို့တုန့်ပြန်နိုးကြားထက်မြက်ကြတယ်.. ငါတို့တွေတစ်ခြားသူတွေကို မြေအောက်ထဲမှာ ပုန်းနိုင်ပေမဲ့. မြေကလန်ကိုပုန်းဖို့ကတော့ခက်တယ်.. ငါတို့ဆီကိုလာနေတဲ့စွမ်းအားက မြေကလန်ရဲ့နတ်ဘုရားတစ်ပိုင်းနယ်ပယ် လက်နက် နတ်ဘုရားမြေခေါင်းလောင်းပဲ”

ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံနှင့်အဘိုးအိုက တုန်လှုပ်အံ့အားသင့်စွာပြောလိုက်သည်။

ထို့နောက်ချက်ချင်း အနက်ရောင်ဝတ်ရုံနှင့်အဘိုးအိုက မကျယ်သောအသံဖြင့်အော်ပြောလိုက်သည်။

“ဖျက်ဆီးစမ်း”

ရုတ်ခြည်း သူတို့ထံသို့ ဦးတည်ချက်ပေါင်းစုံမှလာနေသောစွမ်းအားက ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်ကို ရှစ်ဖုန့်ခံစားမိလိုက်သည်။

ထို့နောက်အနက်ရောင်ဝတ်ရုံနှင့်အဘိုးအိုက ထပ်မံပြောလိုက်သည်။

“ကောင်လေး. တို့တွေရဲ့ဘယ်မှာရှိလဲဆိုတာကိုရှာတွေ့သွားမှတော့ မြေအောက်ထဲမှထပ်ပြီးနေလို့မရတော့ဘူး. အခုငါတို့ မြေအောက်ထဲမှာထပ်ပြီးမနေနိုင်ဘူး.မဟုတ်ရင် ပြန်မတိုက်နိုင်ပဲသူတို့ရဲ့ တိုက်ခိုက်မှုတွေကိုသက်သက်ကြီးစီးခံရလိမ့်မယ်. အခုဒီကနေထွက်ကြစို့”

ဤတစ်ကြိမ်တွင်အနက်ရောင်ဝတ်ရုံနှင့်အဘိုးအို ၏အသံ၌ စိုးရိမ်ပူပန်စိတ်စောမှု တို့ဖြင့်ပြည့်နှက်နေသည်။

“ဒါပေါ့..ဒီသခင်လေးနားလည်တယ်”

ရှစ်ဖုန့်က မကျယ်သောအသံဖြင့်ပြန်ဖြေလိုက်သည်။ ဤအခိုက်အတန့်တွင် တီရှာသည်လည်း အခြေအနေကို နားလည်သည်။ သူ၏စွမ်းအားကို အသုံးပြု၍ မြေကြီးကို ထိန်းချုပ်လိုက်သည်။ ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်တို့က ရေနက်ထဲမှငါးကဲ့သို့ မျက်နှာပြင်ပေါ်လျှင်မြန်စွာပေါလောပေါ်လာသည်။

မြေပြင်ပေါ်တွင် ကောင်းကင်ထဲသို့ထိုးတက်နေသော သိပ်သည်းသောသစ်ပင်များနှင့် ပြည့်နှက်နေသည့်တောအုပ်တစ်ခုရှိပြီး လေထုအလယ်၌ အိမ်တစ်လုံးအရွယ်ရှိသည့်ကြီးမားသော ခေါင်းလောင်းကြီးတစ်ခုကရပ်တည်နေသည်။ ရှုပ်ပွနေသောဆံပင်များနှင့် နှစ်ဆယ်အစောပိုင်းအရွယ်ရှိသော လူငယ်တစ်ဦးက ခေါင်းလောင်းကြီးပေါ်၌ ဝင့်ကြွားစွာရပ်နေ၏။ သူ၏ညာခြေက ခေါင်းလောင်းထက်၌အဆက်မပြတ်လှုပ်ရှားနေသည်။

လူငယ်၏ညာခြေလှုပ်ရှားလိုက်သည့်အချိန်တိုင်းတွင် ကြီးမားသောခေါင်းလောင်းကြီးက “ဒေါင်”ဟု ကျယ်လောင်စွာမြည်သံတစ်ခုထွက်ပေါ်လာသည်။ မြေပြင်အားတုန်ခါစေသည့် အားကောင်းသောအသံလှိုင်းတစ်ခုထွက်ပေါ်လာပြီး မြေပြင်အားပြင်းထန်စွာယိမ်းထိုးလှုပ်ခါစေသည်။ ၎င်းက ဤဧရိယာအတွင်း မြေငလျှင်တစ်ခုအားအဆက်မပြတ်ဖြတ်သန်းဖြစ်ပေါ်စေသည်။

“ဟားဟားဟားဟား. မကောင်းဆိုးဝါးတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက မြေကိုဖြတ်ပြီးသွားရဲတယ်ပေါ့လေ.. ငါတို့မြေကလန်က သူ့ရဲ့ ပြေးမလွတ်တဲ့ ဝိပါတ်ဆိုတာကို သူမသိဘူးလား.. ဟားဟားဟားဟား”

ကြီးမားသောခေါင်းလောင်းကြီး ထက်၌ဝင့်ကြွားစွာရပ်နေသည့်လူငယ်က ကောင်းကင်သို့မော့၍ ကျယ်လောင်စွာရယ်မောလိုက်သည်။

ဤလူငယ်က မြေကလန်ခေါင်းဆောင်၏သားဖြစ်သူ မြေကလန်၏လူငယ်ခေါင်ဆောင် တိယီဖြစ်သည်။

“လူငယ်ခေါင်းဆောင်ရဲ့စွမ်းအားနဲ့ ကျွန်တော်တို့ ကလန်ရဲ့ရတနာ နတ်ဘုရားမြေခေါင်းလောင်းရဲ့ စွမ်းအားနဲ့ဆိုရင် အဲ့တောင်ပေါ်နတ်ဆရာမျိုးနွယ်ကကောင် ခုပဲ အပိုင်းပိုင်းထုခြေခံရမှဦသေချာတယ်”

“နတ်ဘုရားမြေခေါင်းလောင်းက နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်တစ်ခုပဲ.. နတ်ဘုရားတစ်ပိုင်းအဆင့်ကျွမ်းကျင်သူတစ်ယောက် မြေကြီးထဲပုန်းနေရင်တောင် ဒါက သူ့ကိုသေတဲ့အထိ လှုပ်ခါပစ်နိုင်တယ်”

မြေကလန်မှလူငယ်၏နောက်တွင် မြေကလန်၏ စစ်သည်တော်ပုံရိပ်ဆယ်ခုကျော်က မျောလွင့်ရပ်တည်နေသည်။ ၎င်းတို့က စကားပြောနေသကဲ့သို့ ပြင်းထန်စွာလှုပ်ခါနေဆဲဖြစ်သောမြေပြင်ကို ငုံ့ကြည့်နေကြဆဲဖြစ်သည်။

မြေကလန်မှလူများ၏မျက်နှာထက်တွင် အထင်သေးမှု၊ဝင့်ကြွားမောက်မာမှုတို့ဖြင့်ပြည့်နှက်နေသည်။ တော်ပေါ်နတ်ဆရာမျိုးနွယ်စုအား၎င်းတို့အနေဖြင့်အလေးအနက်ပင်မထားသည့်ပုံရသည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters