← Chapters

အခန်း (၉၂၉)

Vol. 62 Ch. 929

အခန်း (၉၂၉)

Vol. 62 Ch. 929

မြေပြင်က ပြင်းထန်စွာလှုပ်ခါနေဆဲဖြစ်သည်။ တလိပ်လိပ်ထနေသော စွမ်းအားကြီးမားပြီး အသက်ရှူမွန်းကျပ်စေသည့် စွမ်းအင်များက ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့ထံသို့ တစ်ဟုန်ထိုးဦးတည်လာနေဆဲဖြစ်သည်။

သို့သော် အနက်ရောင်ဝတ်ရုံနှင့်အဘိုးအို၏ တည်ရှိမှုနှင့်အတူ တစ်ဟုန်ထိုးလာနေသည့် စွမ်းအင်များမှာ အနက်ရောင်ဝတ်ရုံနှင့် အဘိုးအို၏ စွမ်းအားကြောင့်အဆက်မပြတ်ဖျက်ဆီးခံနေရ၏။

မြေပြင်အားလှုတ်ခတ်စေပြီး သူတို့ထံသို့ သတ်ဖြတ်ချင်စိတ်များဖြင့် တစ်ဟုန်ထိုးလာနေသော စွမ်းအားက တကယ်ကြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး ၏စွမ်းအားမျိုးရှိနေသည်ကိုရှစ်ဖုန့်အာရုံခံနိုင်စွမ်းရှိသည်ဖြစ်သည်။

မကြာခင် ရှစ်ဖုန့်နှင့်တီရှာတို့ မြေပြင်ထဲမှထွက်လာပြီး မျက်နှာပြင်ပေါ်၌ရပ်တည်လိုက်သည်။တီရှာ၏မြေစွမ်းအားထိန်းချုပ်မှုအောက်တွင် အနက်ရောင်ဝတ်ရုံနှင့်လူကလည်း မျက်နှာပြင်ထက်သို့ရောက်ရှိလာသည်။ သို့သော် အနက်ရောင်ဝတ်ရုံနှင့်လူမှာ ဘာသတိထားပြုမိမှုမှမရှိစေဘဲ ပျောက်ကွယ်သွားပြီးဖြစ်သည်။

အဘိုးအိုဘယ်ထွက်သွားသည်ကိုရှစ်ဖုန့်ပင်မသိလိုက်ပေ။

ရှစ်ဖုန့်နှင့်တီရှာတို့ မျက်နှာပြင်ထက်သို့ ရောက်ရှိလာချိန်တွင် မြေပြင်ကပြင်းထန်စွာလှုပ်ခါနေဆဲဖြစ်သည်။ ရှစ်ဖုန့်က ခေါင်းကိုမော့လိုက်ပြီး လေထဲ၌ ရပ်တည်နေသောကြေးခေါင်းလောင်းနှင့် ကြေးခေါင်းလောင်း၏ထိပ်ဖျားရှိ ပုံရိပ်တို့ကို ကြည့်လိုက်သည်။

ရှစ်ဖုန့်၏မျက်လုံးတို့၌သတ်ဖြတ်ချင် စိတ်တို့ဖြင့်ပြည့်နှက်နေဆဲဖြစ်သည်။ ယင်းက သူ့အား ‌မြေပြင်ထက်မှကြေးခေါင်းလောင်း ကိုအသုံးပြုပြီး သတ်ချင်နေသောသူဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်၏အကြည့်က လူငယ်၏နောက်ရှိ ဒါဇင်နှင့်ချီသောလူများထံသို့ ခြုံငုံ၍ ကျရောက်သွားသည်။

“ကောင်စုတ်လေး..မင်းက မနေ့ညတုန်းက ယန်မျိုးနွယ်စုရဲ့နယ်မြေထဲကို အတင်းကျူးကျော်တဲ့ကောင်မလား.. မင်းက မကောင်းဆိုးဝါးတောင်ပေါ်နတ်ဆရာ မျိုးနွယ်စုကမလား”

ဤအခိုက်အတန့်တွင် မြေကလန်၏ လူငယ်ခေါင်းဆောင်ဖြစ်သူ တိယီက ရှစ်ဖုန့်နှင့်အောက်ဘက်မှ တီရှာတို့အားမြင်တွေ့လိုက်ရသည်။ ထို့နောက် ယန်မျိုးနွယ်စုမှ ဖြန့်ကျက်ထားသော သတင်းအချက်အလက်များတွင်ပါဝင်သည့် ပုံပန်းသွင်ပြင်တို့ကို ပေါင်းစပ်လိုက်ပြီး သည့်အခါတွင် တိယီက အောက်သို့ မောက်မာစွာဖြင့်ငုံ့ကြည့်လိုက်သည်။ သူ၏အကြည့်က ရှစ်ဖုန့်ပေါ်သို့ကျရောက်ပြီး မေးလိုက်သည်။

တီရှာအတွက်မှာမူ သူက ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်သာရှိသော ဖုတ်ကောင်တစ်ကောင်သာဖြစ်သည်။ တိယီအနေဖြင့် ၎င်းအားအများကြီး ထည့်မစဉ်းစားပေ။

ရှစ်ဖုန့်အား ခဏကြာအောင် ကြည့်လိုက်ပြီးနောက် ကြေးခေါင်းလောင်းကြီးထက်၌ ရပ်နေသည့်တိယီက ပြောလိုက်သည်။

“မင်းကမဆိုးပါဘူး. တကယ်ကြီး ငါ့ရဲ့ နတ်ဘုရားကြေးခေါင်းလောင်းစွမ်းအားကို အကြာပြီးတောင့်ခံရပ်တည်နိုင်စွမ်းရှိတယ်.. မင်းကတကယ့်ကို မနေ့ညကယန်မျိုးနွယ်စုကိုဝင်ရောက်ပြီး ယန်ချီးကို အများကြီးထိခိုက်ဒဏ်ရာရစေတဲ့ လူဖြစ်ဖို့ထိုက်တန်တယ်”

“မင်းက မြေဓာတ်ပညာရပ်မှာ ကျွမ်းကျင်နေမယ်လို့ ငါမမျှော်လင့်ထားဘူး. ဒါပေမဲ့ ဒီနေ့မင်း မြေကလန်က တိယီနဲ့ လာတွေ့တာကတော့ စိတ်မကောင်းစရာပဲ.. ကြီးမြတ်တဲ့မြေရိုင်းတိုက်ကြီးရဲ့ နံပါတ်တစ်ပါရမီရှင်ကြောင့်ဒီမှာသေရတော့မယ်”

တိယီက နောက်ဆုံးစကားအား ပြောသောအခါတွင် ကြေးခေါင်းလောင်းပေါ်သို့ သူ၏ညာခြေဖြင့် ဆောင့်နင်းချလိုက်သည်။

“ဒေါင်”

ကြီးမားသော ကြေးခေါင်းလောင်းကြီးထံမှ နောက်ထပ် ကျယ်လောင်သောမြည်ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်မကြာခင်တွင် ဒေါင်လိုက်မျက်နှာမူထားသော နတ်ဘုရားမြေခေါင်းလောင်းက ရှစ်ဖုန့်ထံသို့ တလိပ်လိပ်ဦးတည်လာနေသော ပြင်းထန်သည့် အသံလှိုင်းကို ထုတ်လွှတ်လိုက်သည်။

“ဒါ..ဒါက နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်တစ်ခုရဲ့စွမ်းအားပဲ”

ရှစ်ဖုန့်ကရေခဲတမျှအေးစက်သောမျက်နှာနှင့်ကောင်းကင်ထဲသို့မျက်နှာမူလိုက်သည်။ နတ်ဘုရားမြေခေါင်းလောင်းမှ ထုတ်လွှတ်သော စွမ်းအားကိုမြင်တွေ့ရသောအခါတွင် သူက တီးတိုးရေရွတ်လိုက်သည်။

ဤစွမ်းအားကလက်ရှိသူ ရင်ဆိုင်နိုင်သောအရာမဟုတ်သည်ကို ရှစ်ဖုန့်ရှင်းလင်းစွာအာရုံခံနိုင်သည်ဖြစ်သည်။ ၎င်းက မနေ့ညကယန်မျိုးနွယ်စု ခေါင်းဆောင်ယန်ချီးအသုံးပြုခဲ့သော စွမ်းအားနှင့်နှိုင်းယှဉ်နိုင်သည်ဖြစ်၏။

ရှစ်ဖုန့်မျှော်လင့်ထားသကဲ့သို့ပင် နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်တစ်ခု၏ စွမ်းအင်အတက်အကျအောက်၌ သူ၏ကိုယ်ပေါ်တွင် ရွှေရောင်မြင့်မြတ်အလင်း ကမကြာခင်ပေါ်လာခဲ့သည်။

နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားအောက်၌ အရာခပ်သိမ်းရဲ့မူလဇစ်မြစ် ကထပ်မံပေါ်လာပြီး ရှစ်ဖုန့်၏ခန္ဓာကိုယ်အားကာကွယ်ရန် ရွှေရောင်အလင်းကွင်းတစ်ခုပေါ်လာသည်။ မနေ့ညမှယခုအချိန်ထိ ပြန်လည်ပြင်ဆင်ပြီးနောက် မူလက မှေးမှိန်ပြီးအဝါရောင်ပြောင်းလဲသွားသော ရွှေရောင်အလင်းက ယခုအခါတွင် ၎င်း၏ယခင်ရွှေရောင်ကိုပြန်လည်ရှိနေပြီဖြစ်သည်ကိုရှစ်ဖုန့်တွေ့လိုက်သည်။

“မင်းလည်းပြန်ကောင်းလာပြီဆိုမှတော့ ငါလည်းထိန်းမနေတော့ဘူး”

ရှစ်ဖုန့်ကရွှေရောင်အလင်းကွင်းအားတီးတိုးရေရွတ်ပြောဆိုပြီးနောက် သူ၏ကိုယ်ကရုတ်ခြည်းရွေ့လျား သွားပြီးအပေါ်သို့ထိုးတက်သွားကာ ကောင်းကင်ထက်မှကျဆင်းလာနေသော စွမ်းအားကြီးအသံလှိုင်းနှင့် တွေ့ဆုံရန်ဦးတည်လိုက်သည်။

ထိုနေရာ၌ထိုင်ကာ အခြားသူများ၏တိုက်ခိုက်မှုများကို တားဆီးပြီး သေခြင်းကို စောင့်ဆိုင်းနေရခြင်းကရှစ်ဖုန့်၏ ပုံစံသေချာပေါက်မဟုတ်ပေ။ သူ၏ကိုယ်အားကာကွယ်ရန် ရွှေရောင်အလင်းက တကယ်ကြီးပြန်လည်ပေါ်လာပြီးနောက် ရှစ်ဖုန့်က မနေ့ညက ယန်မျိုးနွယ်စုခေါင်းဆောင်နှင့် ရင်ဆိုင်စဉ်အသုံးပြုခဲ့သော တူညီသည့် လှုပ်ရှားမှုကိုအသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

သူ၏ကိုယ်အားရွှေရောင်အလင်းကွင်း ကိုမောင်းနှင်ရန်အသုံးပြုလိုက်ပြီး ပြိုက်ဘက်ကို ပြင်းထန်စွာထိမှန်စေခြင်းဖြစ်သည်။ ရှစ်ဖုန့်က ဤလှုပ်ရှားမှုအား “အရိုင်းဆန်သောထိုးဝင်မှု”ဟု ပင်အမည်ပေးထားသည်။

ဤအကြိမ်တွင် ရှစ်ဖုန့်က “အရိုင်းဆန်သော ထိုးဝင်မှု”ကို ထပ်မံအသုံးပြုလိုက်ပြီး နတ်ဘုရားမြေခေါင်းလောင်းထံမှ အသံလှိုင်းများ ထံသို့တစ်ဟုန်ထိုးဦးတည်လိုက်သည်။

ရှစ်ဖုန့်၏ကိုယ်အားကာကွယ်ပေးထားသောရွှေရောင်အလင်းကွင်းက နတ်ဘုရားမြေခေါင်းလောင်းထံမှ အသံလှိုင်းတို့နှင့် လျှင်မြန်စွာပစ်ဆောင့်သွားသည်။ မူလက အပေါ်သို့ တစ်ဟုန်ထိုး ဦးတည်နေသော ရှစ်ဖုန့်၏ကိုယ်က အသံလှိုင်းတို့၏ရုတ်ခြည်း တားဆီးခြင်းကို ခံလိုက်ရသည်။

ရှစ်ဖုန့်၏ အပေါ်သို့ ထိုးတက်လာမှုကြောင့် တစ်ဟုန်ထိုးလာနေသော ပြင်းထန်သည့်အသံလှိုင်းများမှာလည်း တားဆီးခံလိုက်ရပြီး အောက်သို့ရိုက်ခက်လာနိုင်ခြင်းမရှိတော့ပေ။ ရှစ်ဖုန့်၏ကိုယ်ပေါ်ရှိ ရွှေရောင် မြင့်မြတ်အလင်းနှင့် နတ်ဘုရားမြေခေါင်းလောင်းမှ အသံလှိုင်းတို့က အချိန်ခဏမျှ မဆုတ်သာမတိုးသာအခြေနေဖြစ်နေသည်။

“ဒေါင်..ဒေါင်..ဒေါင်..ဒေါင်..ဒေါင်”

ဤအခိုက်အတန့်တွင် နတ်ဘုရားမြေခေါင်းလောင်းကလည်း ဆက်တိုက်ပြင်းထန်စွာ မြည်ဟိန်းနေသည်။ ထူးဆန်းသော အဝတ်အစားတို့ကိုဝတ်ဆင်ထားသည့် လူငယ်ကတကယ်ကြီး နတ်ဘုရားမြေခေါင်းလောင်းမှ စွမ်းအားကို တားဆီးနိုင်သည်ကိုတွေ့လိုက်ရသောအခါတွင် တိယီက နတ်ဘုရားမြေခေါင်းလောင်း အပေါ်ဆက်တိုက်ဆောင့်နင်းချနေပြီး ရန်သူအားဖျက်ဆီးပစ်ရန် နတ်ဘုရားမြေခေါင်းလောင်း၏ အသံလှိုင်းစွမ်းအားကို ဆက်လက်အသက်သွင်းနေသည်။

ရုတ်ခြည်း တုန်ခါနေသော အသံလှိုင်းတို့က ပို၍ပြင်းထန်ပြီး ပို၍စွမ်းအားကြီးမားလာကာ ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်လာသည်။

“ဒီစွမ်းအားကို ချိုးဖျက်စမ်း”

အသံလှိုင်းတို့ကရုတ်ခြည်း ပို၍စွမ်းအားကြီးမားလာသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်၏ မျက်နှာထက်၌ရက်စက်ခက်ထန်သောအမူအယာတစ်ခု ဖြစ်ပေါ်လာသည်။ သူကခေါင်းကိုမော့ထားဆဲဖြစ်ပြီး နတ်ဘုရားမြေခေါင်းလောင်းပေါ်ရှိ ပုံရိပ်ကိုစိုက်ကြည့်နေ၏။

ထို့နောက်ရှစ်ဖုန့်၏စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။

“ဒီစွမ်းအားကိုချိုးဖျက်ပြီးတော့ ဒီကောင့်နားကို ကပ်နိုင်တာနဲ့ အသန်မာဆုံးတိုက်ခိုက်မှုနဲ့ သတ်ပစ်နိုင်တယ်ဆိုတာ ဒီသခင်လေးယုံကြည်တယ်.. နတ်ဘုရားမြေခေါင်းလောင်းကိုလဲသိမ်းပိုက်နိုင်မယ်”

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏နှလုံးသားထဲ၌ သတ်ဖြတ်လိုစိတ်များ သတ်ချင်နေသောစိတ်ဆန္ဒများဖြင့်ပြည့်နှက်နေသည်။ မြေကလန်မှတိယီက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် တစ်ဦးသာဖြစ်သော်လည်း နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားကိုအသုံးပြုရန် နတ်ဘုရားမြေခေါင်းလောင်းကို အသုံးပြုနိုင်နေသည်။ ဤနတ်ဘုရားတစ်ပိုင်းနယ်ပယ်အဆင့် လက်နက်ကတကယ့်ကို စွဲဆောင်နိုင်လွန်းသည်ဖြစ်၏။

သို့သော် တိယီ၏အဆက်မပြတ် မောင်းနှင်မှုအောက်တွင် နတ်ဘုရားမြေခေါင်းလောင်းမှ စွမ်းအားကြီးအသံလှိုင်းများက ရှစ်ဖုန့်အား အပေါ်သို့ထိုးတက်လာနိုင်စေခြင်းမရှိပေ။ ထိုအစားသူ့အားအတင်းအကျပ် နောက်သို့ဆုတ်ခွာစေ၏။

“လှုပ်ခါခြင်း”

ထို့နောက်ချက်ချင်း နတ်ဘုရားတစ်ပိုင်းမြေခေါင်းလောင်းထက်ရှိ တိယီက ရုတ်ခြည်းအော်ပြောလိုက်ပြီး သူ၏ညာခြေအား နတ်ဘုရားမြေခေါင်းလောင်းထက်သို့ ညာခြေဖြင့် ဆောင့်နင်းချလိုက်သည်။

“ဝုန်း”

နတ်ဘုရားမြေခေါင်းလောင်းက မကြုံစဖူး ကျယ်လောင်သောမြည်သံတစ်ခုထွက်ပေါ်လာသည်။ ဤကျယ်လောင်သောအသံက အောက်ရှိ မြေပြင်သို့ မြည်ဟိန်းနေပြီး မြေပြင်ကစတင်တုန်ခါလာကာ နောက်တစ်ကြိမ်ပြင်းထန်စွာလှုပ်ခါလာသည်။

ထို့နောက် မြေပြင်၌ကြီးမားပြီးကြမ်းကြုတ် ရက်စက်သော မြေဆူးချွန်တစ်ခုထိုးထွက်လာသည်။ ၎င်း၌ နှိုင်းယှဉ်ဖော်ပြ၍မရနိုင်လောက်သော စွမ်းအားကြီးစွမ်းအားတစ်ခုပါရှိပြီး အောက်ရှိ ရှစ်ဖုန့်ထံသို့ ကြမ်းကြုတ်ရက်စက်စွာ ပစ်ဝင်လာသည်။

“ငါ့အတွက်သေလိုက်စမ်း.. မကောင်းဆိုးဝါးတောင်ပေါ်နတ်ဆရာမျိုးနွယ်စုကကောင်လေး”

မြေနတ်ဘုရားခေါင်းလောင်းထက်၌ ဝင့်ကြွားစွာရပ်နေသော တိယီက မြေပြင်မှထိုးထွက်လာသော မြေဆူးချွန်ကြီးနှင့် ရွှေရောင် မြင့်မြတ်အလင်းအတွင်းမှပုံရိပ်တို့အား အေးစက်စွာစိုက်ကြည့်ပြီး ကြမ်းကြုတ်ခက်ထန်ရက်စက်စွာအော်ပြောလိုက်သည်။

ထို့နောက်ချက်ချင်း မြေပြင်မှထိုးထွက်လာသည့် ကြမ်းကြုတ်ရက်စက်သော မြေဆူးချွန်က ရှစ်ဖုန့်အားကာကွယ်ပေးထားသည့် ရွှေရောင်အလင်းကွင်းကို အဆက်မပြတ်ဝုန်းဒိုင်းကျဲတိုက်ခိုက်ပြီး နတ်ဘုရားမြေခေါင်းလောင်းမှ တုန်ခါနေသော စွမ်းအားကြီးအသံလှိုင်းတို့ကလည်းလည်း ဘေးနှစ်ဖက်မှ တိုက်ခိုက်လာ၏။

သူ့အားကာကွယ်ပေးထားသော ရွှေရောင်အလင်းက ရုတ်ခြည်း ရေလှိုင်းတို့ကဲ့သို့စွမ်းအင်အတက် အကျတို့ဖြစ်လာသည်ကို ရှစ်ဖုန့်ရှင်းလင်းစွာခံစားနိုင်၏။ သူ၏ကိုယ်ကလည်း စွမ်းအားကြီးစွမ်းအားနှစ်ခုတို့၏တိုက်ခိုက်မှုအောက်၌ အဆက်မပြတ်ယိမ်းထိုးနေသည်။

ကံကောင်းသည်ကား နတ်ဘုရားမြေခေါင်လောင်း၏ ဘေးနှစ်ဖက်မှ အဆက်မပြတ်တိုက်ခိုက်မှုအားခံရသည့်တိုင် ရွှေရောင်အလင်းက ကွဲအက်မသွားခြင်းဖြစ်သည်။

သို့သော်ရွှေရောင်အလင်းက အနည်းငယ်မှိန်ဖျော့လာသည်ကို ရှစ်ဖုန့် ခံစားနိုင်၏။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters