အခန်း (၉၃၀)
Vol. 62 Ch. 930
“မင်းကအသက်ရှင်နေသေးတာပဲ.. သောက်ချီးပဲ”
“မင်က ခေါင်းမာပြီးအပြင်းအထန်ကို ရုန်းကန်နေတုန်းပဲပေါ့.. မင်းကမသေခင်မှာအပြင်းအထန်ရုန်းကန်ပြီး မလိုလားအပ်တဲ့ နာကျင်မှုကိုခံစားချင်တာလား. ကောင်းပြီ.ဒါဆိုလည်း ဒီလူငယ်ခေါင်းဆောင်က မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
နတ်ဘုရားမြေခေါင်းလောင်း၏ ထိပ်ဖျားတွင် တိယီက ရှစ်ဖုန့်အားငုံ့ကြည့်နေဆဲဖြစ်ပြီး အေးစက်စွာအော်ပြောလိုက်သည်။
“ဒေါင်…ဒေါင်..ဒေါင်..ဒေါင်..ဒေါင်”
ထို့နောက်ချက်ချင်း နတ်ဘုရားမြေခေါင်းလောင်းက ထပ်မံမြည်ဟိန်းလာပြီး မြေပြင်အား လှုပ်ခါစေသော အသံလှိုင်းတို့ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။
ပြင်းထန်စွာယိမ်းထိုးလှုပ်ခါနေသောမြေပြင်၏ အထက်တွင် ကြီးမားပြီး ကြမ်းကြုတ်ရက်စက်သော မြေစူးချွန်များက ရှစ်ဖုန့်အား ကာကွယ်ထားသည့်ရွှေရောင်အလင်းကို အဆက်မပြတ်တိုက်ခိုက်နေသည်။ ဖျက်ဆီးခံရပြီးသည့်နောက်တွင် ၎င်းတို့က မြေပြင်ကိုဖြတ်သန်းပြီး မြေသားအဖြစ်ပြန်လည်ပြောင်းလဲသွားသည်။ ထပ်မံအဆက်မပြတ်တိုက်ခိုက်ပြီးနောက် ၎င်းတို့ကထပ်မံဖျက်ဆီးခံလိုက်ရပြီး ထို့နောက်ထပ်မံပေါ်လာပြန်သည်။
“ဟမ့်.. တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ဒီလိုလူငယ်တစ်ယောက်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်ထဲကိုရောက် နေတော့ရောဘာဖြစ်သေးလဲ.. ငါတို့မျိုးနွယ်စုရဲ့ နတ်ဘုရားမြေခေါင်းလောင်းကို ဆန့်ကျင်ရင်သေခြင်းတရားကပဲသူ့ကို စောင့်ဆိုင်းနေမှာ”
“ဒါပေါ့.. ငါတို့လိုကြီးမြတ်တဲ့မြေကလန်ရဲ့ နတ်ဘုရားမြေခေါင်းလောင်းကို သူ့လို ကောင်စုတ်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီးဆန့်ကျင်နိုင်မှာလဲ.. သူ့ကိုယ်သူ ယန်မျိုးနွယ်စုက ယန်ချီးနဲ့ရင်ဆိုင်နေရတုန်းလို့ ထင်နေတာလား.ဟမ့်”
“သူသာ ဆက်ပြီး ငါတို့နတ်ဘုရားမြေခေါင်းလောင်းရဲ့စွမ်းအားကိုခုခံနေရင် ဒုက္ခကိုပဲတောင်းဆိုနေပြီးတော့ သူစိုက်ပျိုးတာကိုသူရိတ်သိမ်းလိမ့်မယ်… ငါသာသူ့နေရာဆိုရင် မခုခံနေတော့ပဲ တစ်ချက်ပဲအနာခံပြီးသေလိုက်မှာ”
“ဟုတ်တယ်..အမှန်ပဲ.. ဒီကောင်စုတ်ကအရမ်းကိုရူးမိုက်တာမို့ ဒီနေ့သေရမှာပဲ’
တိယီ၏နောက်ရှိ ဒါဇင်နှင့်ချီသော မြေကလန်ကျင့်ကြံသူများမှာခေါင်းမာရုန်းကန်နေဆဲဖြစ်သော ရှစ်ဖုန့်ထံသို့ငုံ့ကြည့်၍ ဝင့်ကြွားစွာရပ်နေကြဆဲဖြစ်ကာ သူတို့ကြားထဲ၌စတင်ဆွေးနွေး ပြောဆိုနေကြ၏။
မောက်မာသောအသံများနှင့်အထင်သေးမှုတို့ပြည့်နှက်နေသော နှာခေါင်းရှုံ့သံများက အဆက်မပြတ်ထွက်ပေါ်လာသည်။
စွမ်းအားကြီးမြေကလန်၌မွေးဖွားလာရခြင်းကသူတို့လိုစစ်သည်တောများတွက် မွေးရာပါပင်ကိုဝင့်ကြွားရမှုတစ်ခုဖြစ်သည်။
“သောက်ချီးပဲ. .သူတောင်းစားကြီး. ဘာလို့အခုထိတစ်ချက်မလှုပ်ရှားသေးတာလဲ.. ဘာကိုစောင့်နေတာလဲ”
အသံလှိုင်းတို့နှင့်မြေဆူးချွန်တို့အား ခုခံတွန်းလှန်နေဆဲဖြစ်သောရှစ်ဖုန့်က ဒေါသတကြီးအော်ပြောလိုက်သည်။
နတ်ဘုရားမြေခေါင်းလောင်း ၏စွမ်းအားအောက်တွင် နတ်ဘုရားမြေခေါင်းလောင်းထက်ရှိလူငယ်အား သတ်ရန်အပထား သူ့အနေဖြင့်၎င်းအား မထိုးဖောက်နိုင်သည်ကိုသိထားပြီးဖြစ်သည်။
အရင်ဆုံး တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ အနက်ရောင်ဝတ်ရုံနှင့်လူက မြေကန်လန်မှကျင့်ကြံသူများ သူ့ကိုတိုက်ခိုက်အောင်စွဲဆောင်ထားချိန်ကို အခွင့်ကောင်းယူလိမ့်မည်ဟု သူထင်ခဲ့သော်လည်း ထိုသူတောင်းစားအိုကြီးက အချိန်တော်တော်ကြာသည်အထိ မပေါ်လာဘဲနေမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ရှစ်ဖုန့်မနေနိုင်ဘဲ ဒေါသတကြီးအော်ပြောလိုက်သည်။
“ဟားဟား.ဒီနေ့ခေတ်လူငယ်တွေ အရမ်းကို စိတ်မရှည်ကြပါလား အခုမင်းကအော်ပြောမှတော့ ဒီအဘိုးကြီး ရွေးစရာမရှိတော့ဘဲ ကိုယ်ထင်ပြရတာပေါ်လေ”
ဤအချိန်တွင် အဘိုးအို၏ရယ်မောသံက တုန်ခါနေသော တောအုပ်အတွင်း ရုတ်ခြည်းထွက်ပေါ်လာသည်။
“ယီးပဲလေ.. စွမ်းတွေနဲ့ဒီသခင်လေးတိုက်ခိုက်ခံနေရတာကို ခင်ဗျားကဘယ်လိုလုပ်ပြီးထေ့ငေါ့ရဲသေးတာလဲ”
အဘိုးအို၏ စကားများအားကြားချိန်တွင်ရှစ်ဖုန့်က ဒေါသတကြီးအော်ပြောလိုက်သည်။
မြေကလန်မှလူများမှာမူ အိုမင်းသောအသံအားကြား လိုက်ရသောအခါတွင် လန့်ဖျပ်သွားသည်။ အထူးသဖြင့်နတ်ဘုရားမြေခေါင်းလောင်းထက်၌ရပ်နေသော တိယီဖြစ်သည်။ သူကနတ်ဘုရားမြေခေါင်းလောင်းနှင့်တိုက်ခိုက်နေသော်လည်းတစ်စုံတစ်ယောက် သူ့အားချောင်းမြောင်းနေသည်ကို သတိမထားမိခဲ့ပေ။
“ဘာလဲ..ဘယ်သူလဲ..ဒီလူငယ်ခေါင်းဆောင်အတွက်ထွက်လာစမ်း”
တိယီက ပတ်ဝန်းကျင်အားအာရုံခံပြီး အေးစက်စွာအော်ပြောလိုက်သည်။
အိုမင်းသောအသံကနေရာပေါင်းစုံ၌ရှိနေသည့်ပုံရသည်။တိယီမှာ အသံလာရာနှင့် ပုန်းအောင်နေသောလူရှိရာတည်နေရာကို မထောက်လှမ်းနိုင်ပေ။
“သောက်အဘိုးကြီး..ဘယ်လိုတောင် ဒီလူငယ်ခေါင်းဆောင်ကို လှည့်ကွက်တွေနဲ့ကစားရဲတာလဲ..ခင်ဗျားကထွက်မလာချင်မှတော့ ဒီလူငယ်ခေါင်းဆောင်က ခင်ဗျားကို ထွက်လာအောင်လုပ်ပြီးသတ်ပစ်မယ်”
တိယီက အေးစက်ကြမ်းကြုတ်ခက်ထန်စွာဖြင့်အော်ပြောလိုက်သည်။
“ဖန်း..ဖန်း..ဖန်း.ဖန်း..ဖန်း.ဖန်း..”
“ဖန်း..ဖန်း..ဖန်း.ဖန်း..ဖန်း.ဖန်း..”
တိယီ၏ ခြေဖဝါးက နတ်ဘုရားမြေခေါင်းလောင်းပေါ် ပြင်းထန်စွာဆောင့်နင်းချနေပြီး နတ်ဘုရားမြေခေါင်းလောင်းကလည်း မြည်ဟိန်းလာသည်။
“ဟားဟား”
ဤအခိုက်အတန့်တွင် အက်ရှရှနှင့် ဂရုမထားဟန်ရှိသော အိုမင်းသည့်ရယ်မောသံက ဤကမ္ဘာထဲ၌ထွက်ပေါ်လာပြီး တိယီ၏ ဦးခေါင်းထက်၌ မှုန်ဝါးဝါးအရိပ်တစ်ခု ရုတ်ခြည်ပေါ်လာသည်။
“လူ..လူငယ်ခေါင်းဆောင်”
တိယီ၏နောက်ရှိ မြေကလန်မှ ကျင့်ကြံသူများက တိယီ၏ဦးခေါင်းထက်၌ မှုန်ဝါးဝါးအရိပ်ပေါ်လာသည်
ကိုမြင်လိုက်ရသောအခါတွင် ရုတ်ခြည်းမျက်လုံးများပြူးကျယ်သွားပြီး တုန်လှုပ်အံ့အားသင့်စွာဖြင့် အလန့်တကြားအော်လိုက်ကြသည်။
ထို့နောက်တစ်ယောက်ပြီးတစ်ယောက် ရုတ်ခြည်းလှုပ်ရှားလိုက်ကြပြီး တိယီ၏ဦးခေါင်းထံ အပြင်းဦးတည်လိုက်ကြသည်။ ၎င်းတို့၏လက်သီးများအား တင်းနေအောင်ဆုပ်လိုက်ကြပြီး ခွန်အားအကုန်စုစည်းကာ အရိပ်ကို အတူတကွ တိုက်ခိုက်လိုက်ကြသည်။
သို့သော် မြေကလန်မှဒါဇင်နှင့်ချီသောကျင့်ကြံသူများ အရိပ်နားသို့ကပ်မလာခင် ၎င်းတို့က ရုတ်ခြည်းနာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။
“အား..အား..အား..အား..အား”
နာကျင်စွာဖြင့် အော်ဟစ်နေကြသော ကျင့်ကြံသူများမှာ သူတို့၏ပျံသန်းနေသေခန္ဓာကိုယ်များက ရုတ်ခြည်းခံစာချက်မဲ့လာကြသည်။ ထို့နောက်တစ်ဒါဇင်ကျော်သော ခန္ဓာကိုယ်များက မြေပြင်ထက်သို့အတူတကွကျဆင်းလာသည်။
အချိန်တိုလေးအတွင်း ဒါဇင်ကျော်သော မြေကလန်မှကျင့်ကြံသူများက ရှင်းပြရန်ခက်ခဲစွာဖြင့် နာနာကျင်ကျင်အော်ဟစ်ပြီး သေဆုံးသွားကြသည်။
“ဟားဟားဟားဟားဟား”
ထို့နောက် အိုမင်းပြီးအက်ရှရှရယ်မောသံများ ထပ်မံထွက်ပေါ်လာသည်။
“အမ်”
ဤအခိုက်အတန့်တွင် နတ်ဘုရားမြေခေါင်းလောင်းထက်ရှိ တိယီက ဒါဇင်ကျော်သော မြေကလန်၏ ကျင့်ကြံသူများရုတ်ခြည်းသေဆုံးသွားသည်ကိုတွေ့လိုက်ရပြီး ကျယ်လောင်သော နှာခေါင်းရှုံ့သံတစ်ချက်ထွက်လာသည်ကို ကြားလိုက်ရသည်။ သို့သော် ဤအခိုက်အတန့်တွင် ဦးတည်ဘက်ပေါင်းစုံသို့ ထုတ်လွှတ်ထားသော နတ်ဘုရားမြေခေါင်းလောင်းမှ စွမ်းအားကြီး အသံလှိုင်းတို့က အထက်ရှိ မှုန်ဝါးသောအရိပ်ထံသို့ တစ်ဟုန်ထိုးဦးတည်လာ၏။
“ဘယ်လိုတောင် ဒီလူငယ်ခေါင်းဆောင်ရဲ့ မြေကလန်က စစ်သည်တော်တွေကိုသတ်ရဲတာလဲ. သေလိုက်စမ်း”
နတ်ဘုရားမြေခေါင်းလောင်းမှ စွမ်းအားကြီးအသံလှိုင်းတို့က မှုန်ဝါးသောအရိပ်ယား ထိခိုက်စေတော့မည်ကို တွေ့လိုက်ရသောအခါတွင် ရှုံ့မဲ့နေသော မျက်နှာနှင့် တိယီက ခက်ထန်ကြမ်းကြုတ်စွာအော်ပြောလိုက်၏။
ဤအခိုက်အတန့်တွင် စွမ်းအားကြီးအသံလှိုင်းတို့၏အောက်၌ အနက်ရောင်အရိပ်က ပါးလျသောလေထုအတွင်း ပျောက်ကွယ်သွားတော့မည်ကို မြင်တွေ့ရဟန်တူသည်။
ဤအခိုက်အတန့်တွင် စွမ်းအားကြီးအသံလှိုင်းတို့နှင့် ဧရာမမြေဆူးချွန်တို့၏ တိုက်ခိုက်မှုအောက်၌ကျရောက်နေသော ရှစ်ဖုန့်သည်လည်း တိယီက နတ်ဘုရားမြေခေါင်းလောင်းကိုလှုပ်ခါစေပြီး နတ်ဘုရား မြေခေါင်းလောင်း၏စွမ်းအားကို ဘက်ပေါင်းစုံသို့တုန်ခါစေရသောကြောင့် သူ့ထံသို့လာနေသော စွမ်းအားက သိသိသာသာအားနည်းသွားသည်ကို ရှင်းလင်းစွာအာရုံခံနိုင်၏။
တိယီ၏ထိန်းချုပ်မှုအောက်၌ နတ်ဘုရားမြေခေါင်းလောင်း၏စွမ်းအားက မျက်နှာအသီးသီးသို့ပျံ့နှံ့သွားပုံရသည်။ ကောင်းကင်ထဲရှိအရိပ်ထံသို့ လှုပ်ခတ်စေသောအသံလှိုင်းစွမ်းအားက အဆက်မပြတ်တိုးမြင့်လာပြီးပို၍သန်မာလာသည်ကို ရှစ်ဖုန့်ပင်ခံစားမိနိုင်သည်။
တိယီကရှစ်ဖုန့်အားထပ်ပြီးအလေးမထားသည့်ပုံပေါ်သည်။ ထိုအစား သူ၏စွမ်းအားအားလုံးအား အထက်ရှိ အနက်ရောင်ဝတ်ရုံနှင့်အဘိုးအိုကို အရင်ကိုင်တွယ်ရန် စုစည်းလိုက်သည်။
“မင်းက စိတ်ထား သေးသိမ်ပြီးတော့ဒီသခင်လေးကို လျော့တွက်နေတာပဲ.. ဒီသခင်လေးမင်းကိုတန်ကြေး ပေးဆပ်ရအောင်လုပ်ပြမယ်”
ရှစ်ဖုန့်ကသရော်လိုက်သည်။သူ၏ကိုယ်ာအး ပြင်းထန်စွာထပ်မံလှုပ်ရှားလိုက်၏။ သူ့အားကာကွယ်ထားသောရွှေရောင်အလင်းကွင်းနှင့်အတူ သူ့အထက်ရှီ အသံလှိုင်းစွမ်းအားတို့ကိုရုတ်ခြည်း ပစ်ဆောင့်ပစ်လိုက်သည်။
ရှစ်ဖုန့်အားဖိနှိပ်ထားသော အသံလှိုင်းစွမ်းအားက အားနည်းနေပြီဖြစ်သည်။ ရှစ်ဖုန့်၏ပြင်းထန်စွာပစ်ဆောင့်ခံရပြီးနောက် စွမ်းအားကြီးအသံလှိုင်းတိုက ရှစ်ဖုန့်ကြောင့် ချက်ချင်းပျောက်ကွယ်သွားသည်။
“ဟင့်အင်း..မကောင်းတော့ဘူး”
နတ်ဘုရားမြေခေါင်းလောင်းထက်၌ဝင့်ကြွားစွာရပ်နေသောတိယီက အောက်ရှိ အသံလှိုင်းစွမ်းအားက ချက်ချင်းကျိုးပျက်ပြိုကွဲသွားသည်ကို အာရုံခံမိလိုက်သည်။ ဆိုးဝါးသောအမူအယာတစ်ခုကို ချက်ချင်းထုတ်ပြပြီး အလန့်တကြားအော်ပြောလိုက်၏။
သို့သော် တိယီလွှဲပြောင်းထားသော အသံလှိုင်းစွမ်းအားက အထက်ရှိ မှုန်ဝါးသောအရိပ်ထံသို့ဦးတည်ထားပြီးဖြစ်သည်။ အစောပိုင်းကတိယီထင်သကဲ့သို့ အနက်ရောင်ပုံရိပ်က စွမ်းအားကြီးအသံလှိုင်းအောက်၌ ပါးလျသောလေထုအတွင်းပျောက်ကွယ်သွားသလို မှေးမှိန်ပျောက်ကွယ်သွားသည်။
သို့သော် ၎င်းကတိယီစိတ်ကူးထားသကဲ့သို့လေထဲ၌ ပျောက်ကွယ်သွားခြင်းမဟုတ်ပေ။ အဘိုးအိုကအသက်ရှင်နေသေးသည်ကိုတိယီချက်ချင်းသိလိုက်သည်။
လွန်စွာစိတ်ပျက်ဖို့ကောင်းသော ရယ်မောသံတစ်ခုကို တိယီထပ်မံကြားလိုက်ရသည်။
“ဟီးဟီး. မင်းရဲ့တုန်ခါမှုလေးကြောင့်နဲ့ ငါသေမယ်လို့ထင်နေတာလား.. ဟားဟား.ဟားဟားဟားဟား”
ဤထူးဆန်းပြီးလှောင်ပြောင်ကျီစယ်သောရယ်သံကိုပိုကြားရလေတိယီပိုပြီး ရူးသွပ်လာလေဖြစ်သည်။
ဆက်ရန်…………
ဘာသာပြန်သူ-ARISE