အဖွဲ့တည်ထောင်ခြင်း
Vol. 007 Ch. 650
ရှီမာယူယူ နောက်ဆုံးတော့ နားလည်သွားသည်။ အားလုံး၏ အကြည့်များသည် ဆန္ဒမရှိသည်ကို သူမ မြင်လိုက်သည်။ အဖွဲ့တစ်ခုအတွင်းဝင်သည်မှာ အကောင်းဆုံးရွေးချယ်မှုမဟုတ်ပေ။
“ချောက်ကမ်းပါးအဖွဲ့ထဲကို ဝင်ဖို့ခေါ်တဲ့အတွက် မိန်းကလေးရှဲကိုကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့က အတွင်းဂိုဏ်းကိုဝင်တာကြာပြီဆိုပေမယ့် ဘယ်အဖွဲ့ထဲကိုမှမဝင်ရသေးဘူး၊ အဲဒါကြောင့် ဒီကိစ္စကိုစဉ်းစားဖို့လို ပါတယ်၊ နောက်ရက်ပိုင်းအတွင်းကို အဖြေပြန်ပေးပါမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပါပြီ ဒီနေ့တော့ ပြန်လိုက်ပါဦးမယ်၊ စဉ်းစားပြီးတာနဲ့ ချောက်ကမ်းပါးအဖွဲ့ကိုပဲ တိုက်ရိုက်လာခဲ့ လိုက်ပါ” ရှဲရုန် မတ်တပ်ရပ်ကာ အားလုံးကို နှုတ်ဆက်ပြီး မာဘိုကျားနှင့်အတူထွက်သွားလေသည်။
“မင်းတို့ အဖွဲ့ထဲမဝင်ချင်ဘူးမလား” ရှီမာယူယူသည် အတည်ပြုလေသည်။
“ဟုတ်တယ် ငါတို့အတွင်းဂိုဏ်းရောက်တာတောင် ဘယ်အဖွဲ့ကိုမှမဝင်ခဲ့တာကြည့်ပါလား” ဝေကျိရွှိ ပြောလိုက်သည်။
“အဖွဲ့ထဲဝင်တာ ဘာမကောင်းတာရှိလို့လဲ”
“အဖွဲ့ထဲဝင်လိုက်ရင် ကျောင်းသားသစ်တွေကို ကျောင်းသားအဟောင်းတွေက အနိုင်ကျင့်တယ်လို့ ကြားတယ်၊ အလုပ်သာပိုလုပ်ရတာ အမှတ်မရဘူး”
“အမှတ် အဲဒါဘာအတွက်လဲ”
“ယူယူ မင်းက အတွင်းဂိုဏ်းကိုရောက်တာရက်ကြာနေပြီကို ဘာလို့ဘာမှမသိရတာလဲ” ဖက်တီးကျူ လှောင်လေသည်။
“အမှတ်တွေက ကျင့်ကြံမှုမှာသုံးတယ်” ဘေဂုံထန်ရှင်းပြလေသည် “ငါတို့ အတွင်းဂိုဏ်းမှာ ဘာပဲသုံးချင် ချင် အမှတ်နဲ့လဲရတယ်”
“ဟုတ်တယ် ဥပမာအနေနဲ့ ငါတို့် ကျင့်ကြံမှုဘုရားကျောင်းကိုသုံးချင်တယ်ဆိုရင် တစ်ရက်ကို တစ်မှတ်၊ ရက်တစ်ရာသုံးချင်တယ်ဆိုရင် အမှတ် တစ်ရာပေးရမယ်”
“ဂိုဏ်းက ဆေးပစ္စည်းတွေလိုချင်တယ်ဆိုရင် အမှတ်နဲ့ပဲလဲရတယ်” ဝူရန်ဖေ ပြောလိုက်သည်။
“အမှတ်တွေကို ဘယ်လိုရအောင်လုပ်ရတာလဲ”
“ကျောင်းသားတိုင်း တစ်လကို ၅မှတ်ရတယ်၊ ပြီးတော့ ကျန်တာကတော့ မင်းလုပ်တာနဲ့ဆိုင်တယ်၊ မင်း လုပ်ရင်လုပ်သလောက် အမှတ်ရတယ်၊ ဥပမာဆိုရင် အဂ္ဂိရတ်ပညာနဲ့ လက်နက်လုပ်တာ၊ မဟုတ်ရင် ဂိုဏ်း အတွက် ဝိဉာဉ်မိစ္ဆာဖမ်းတာမျိုးလေ”
“အဖွဲ့ထဲဝင်ရင် အမှတ်အတူတူရတာလေ၊ ဒါပေမဲ့ အဲလောက်ပြန်မရဘူးလား” ရှီမာယူယူ ပြောလိုက် သည်။
အားလုံးခေါင်းညိမ့်လိုက်သည်။
“ကဲ နည်းနည်းတော့ အဆင်မပြောဘူးပဲ” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါကြောင့် ငါတို့အဖွဲ့ထဲမဝင်ချင်တာပဲ” ရှီမာယူလင်း ပြောလိုက်သည်။
“ဒါဆိုလည်း မဝင်နဲ့ပေါ့” ရှီမာယူယူ ပြောလိုက်သည် “မာဘိုကျားတို့က လူကောင်းတွေပဲ မင်းတို့ကို ဆိုးဆိုးဝါးဝါးဆက်ဆံမှာတော့မဟုတ်ပါဘူး၊ မိုးကြိုးသွားအဖွဲ့လို တခြားအဖွဲ့ကိုတောင် မကြောက်တာ သူတို့ကို ဘာလို့ကြောက်ရမှာလဲ”
“ယူယူ ငါတို့အဖွဲ့ဖွဲ့လိုက်ရင်ရော ဘယ်လိုလဲ” ဖက်တီးကျူသည် ရုတ်တရက်အတွေးဝင်လာသည်။ ထို စကားကြားပြီးနောက် အားလုံးမျက်လုံးများအရောင်တောက်လာသည်။
“ဟုတ်သားပဲ ငါတို့ကိုယ်ပိုင်အဖွဲ့ဖွဲ့လို့ရတယ်” ရှီမာယူလီ ထောက်ခံလေသည် “ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ လည်း လူများတာပဲ ပြီးတော့ ငါတို့အားကလည်း တခြားလူတွေထက်များတာပဲ ပြီးတော့ ငါတို့မှာ အဂ္ဂိရတ်ပညာ ရှင်၊ လက်နက်သခင်၊ မိစ္ဆာထိန်းကျောင်းသူနဲ့ တည်ဆောက်မှုသခင်တွေရှိတာပဲ၊ ငါတို့ဘာသာ အဖွဲ့ထောင်လို့ ရတယ်”
“ဖြစ်နိုင်တယ်” ရှီမာယူလင်း ခေါင်းညိမ့်လေသည်။
“အစ်ကိုလေး ဘယ်လိုထင်လဲ” ရှီမာယူယူသည် ရှီမာယူရန်အားမေးလိုက်သည်။
“အမှန်ဆိုရင် ငါတို့က အဖွဲ့တောင်ဖြစ်နေပြီ အားလုံးက ကျင့်ကြံပြီး မစ်ရှင်တွေလုပ်ခဲ့တာပဲ” ရှီမာယူရန် ပြောလိုက်သည် “နာမည်ပဲမရှိသေးတာ”
“ဟီးဟီး အဖွဲ့တည်ထောင်ရအောင်” ဖက်တီးကျူ ပြောလိုက်သည် “ငါက လက်နက်ထုတ်လုပ်တာကို ကြည့်ပေးမယ်”
“ငါက မိစ္ဆာထိန်းကျောင်းတာကိုကြည့်မယ်”
“ငါက တည်ဆောက်မှုလုပ်မယ်”
“အားလုံးက လက်ခံကြတယ်ဆိုရင် အဲလိုပဲသတ်မှတ်ကြတာပေါ့” ရှီမာယူလီ ပြောလိုက်သည်။
ရှီမာယူယူသည် စကားမပြောပေ။ သူတို့စိတ်လှုပ်ရှားနေသည်ကိုကြည့်ပြီး ရယ်လိုက်သ်ည “ဒါပေမဲ့ အဖွဲ့ဖွဲ့တာက ဘယ်လိုလဲ ပြဿနာဖြစ်လောက်လား”
“ဘာပြဿနာမှမရှိဘူး၊ အဖွဲ့တွေကို တာဝန်ယူထားတဲ့ဆရာဆီသွားပြီး မှတ်တမ်းထားလိုက်ရုံပဲ” ဝေကျိရွှီ ပြောလိုက်သည် “သူတို့ကို အဖွဲ့တည်ထောင်တဲ့အချိန်၊ အဖွဲ့နာမည်၊ အဖွဲ့ခေါင်းဆောင်နာမည်နဲ့ စဖွဲ့ တဲ့အဖွဲ့ဝင်ပြောလိုက်ရင် ရပြီ”
“အဲလောက်ရိုးရှင်းတာလား”
“အဲလောက်ရှင်းတယ်လေ၊ အခု ငါတို့အဖွဲ့နာမည်ပေးဖို့ လိုသေတးယ်၊ အဖွဲ့ခေါင်းဆောင်ဘယ်သူလုပ် မလဲ၊ ပြီးတော့ အဖွဲ့ဝင်ဘယ်လောက်ထားမလဲ”
“ယူယူ မင်းခေါင်းဆောင်လုပ်ရင်ရော” ဖက်တီးကျူ အကြံပေးလေသည်။
ရှီမာယူယူ ခေါင်းရမ်းလိုက်သည် “လူတိုင်းကခေါင်းဆောင်ဖြစ်နိုင်တာပဲ ငါမလုပ်ဘူး”
“ဘာလို့လဲ”
“ပြဿနာဖြစ်မှာလေ” ရှီမာယူယူ အေးစက်စွာ ပြောလိုက်သည် “ငါခေါင်းဆောင်ဖြစ်လာရင် လုပ်စရာ တွေများလိမ့်မယ်၊ ပြီးတော့ သူတို့နဲ့လည်းမရှင်းချင်ဘူး၊ ငါကအဲဒါတွေမတော်ဘူး၊ အဖွဲ့ဝင်ပဲလုပ်မယ်”
“ယူယူ နင် နာမည်ခံခေါင်းဆောင်ပဲလုပ်လေ ကျန်တာတခြားသူတွေလုပ်သွားလိမ့်မယ်” ဝေကျိရွှီ ပြော လိုက်သည်။
ရှီမာယူယူ ခေါင်းရမ်းကာ “မဟုတ်ဘူး အစ်ကိုအကြီးဆုံးလုပ်တာဖြစ်ဖြစ် မဟုတ်လည်း ယူလင်းမဟုတ် ရင် ကျိရွှီ ခေါင်းဆောင်လုပ်တာအကောင်းဆုံးဖြစ်မယ်ထင်တယ်”
“ညီလေး ၅ကမလုပ်ချင်မှတော့ ဖိအားမပေးပါနဲ့တော့ သူမအကျင့်ကိုလည်းသိရဲ့သားနဲ့ သူမပြောတာ မှန်တယ်ထင်တယ်၊ ငါတို့အစ်ကိုအကြီးဆုံး၊ ယူလင်း မဟုတ်ရင် ကျိရွှီက အဖွဲ့ခေါင်းဆောင်ဖြစ်တာ အသင့်တော် ဆုံးလို့ထင်တယ်၊ တခြားသူတွေကတော့ အဖွဲ့ခွဲခေါင်းဆောင်လုပ်လို့ရတာပဲ”
“ဟုတ်တယ် ဒီကောင်က အပျင်းဆုံးပဲ” ဘေဂုံထန်သည် ရှီမာယူယူအား ပြုံးပြလိုက်သည်။
“ဘယ်သူခေါင်းဆောင်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ အကုန်လုံး ရင်းနှီးပြီးသားပဲ ခေါင်းဆောင်ဆိုပြီး ညွှန်းနေဖို့ မလိုပါဘူး” ရှီမာယူလီ ပြောလိုက်သည် “နောက်ကျလို့ တခြားသူတွေဝင်လာရင်သာ အဖွဲ့ကိုစီမံဖို့လိုမှာ၊ အဲတော့ ခေါင်းဆောင်မယ့် ခေါင်းဆောင်နဲ့ အဖွဲ့ခွဲခေါင်းဆောင်တော့လိုတယ်”
“အစ်ကိုကြီးယူရွှီက ခေါင်းဆောင်ဖြစ်သင့်တယ်” ဝူရန်ဖေပြောလိုက်သည် “ယူလင်းနဲ့ ကျိရွှီက အဖွဲ့ခွဲ ခေါင်းဆောင်ပေါ့”
“ထောက်ခံတယ်” ရှီမာယူယူသည် ပထမဆုံးသဘောတူသူဖြစ်သည်။
“ငါလည်း သဘောတူတယ်”
“အဓိကက အဓိကဆိုတော့ လူအများဆန္ဒနဲ့ ဖြေရှင်းပြီးသွားပြီ”
ရှီမာယူရွှီနှင့် ရှီမာယူလင်းတို့ဘာမှမပြောခင်ရပင် သူတို့သည် အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ခွဲခေါင်းဆောင် အဖြစ် တွန်းပို့ခံလိုက်ရပြီဖြစ်သည်။
“အခု အဖွဲ့ခေါင်းဆောင်က ဆုံးဖြတ်ပြီးသွားပြီ အဖွဲ့နာမည်ကိုဆုံးဖြတ်ရအောင်” ဖက်တီးကျူ ပြောလိုက် သည် “ဘာနာမည်မှည့်ရမလဲ”
“မိုးကြိုးသွားအဖွဲ့ထက်ပိုပြီး လွှမ်းမိုးနိုင်တာလောက်” ရှီမာယူလီ ပြောလိုက်သည်။
“လျှပ်စီးအဖွဲ့ ဘယ်လိုလဲ” ဝေကျိရွှီ ပြောလိုက်သည်။
“လျှပ်စီး မဆိုးဘူးပဲ နှိပ်တယ်”
“အင်း ဒါနဲ့ နာမည်ကောင်းကိုစဉ်းစားလို့မရဘူး”
“ငါလည်းကောင်းတယ် ထင်တာပဲ ဟီးဟီး ဒါဆိုရင် ဒီလိုပဲခေါ်ရအောင်”
အားလုံးသည် နာမည်ပေးရာတွင် မတော်ကြပေ။ လျှပ်စီးသည် ဖိနှိပ်နိုင်သည်ဟုထင်ကြသည်။ အားလုံး သည် တခြားနာမည်ကိုစဉ်းစားရန် အလွန်ပျင်းကြသည်။
“အခု အရေအတွက်စဉ်းစားရမယ့်အချိန်ပဲ ငါတို့ပဲလား”
“အဖွဲ့ထဲဝင်ချင်တဲ့သူ ဂိုဏ်းထဲမှာရှိသေးလား” ရှီမာယူယူ မေးလိုက်သည်။
“မလိုပါဘူး” ရှီမာယူလင်း ပြောလိုက်သည် “လူတချို့က တော်တော်ခေါင်းမာလို့ အဖွဲ့ထဲဝင်မှာမဟုတ် ဘူး၊ တချို့အဖွဲ့တွေက ကောင်းကောင်းမထိန်းသိမ်းဘူး၊ သီးခြားနေပြီးတဲ့နောက်ကို အဖွဲ့ထဲမဝင်ကြတော့ဘူး အဆင့် ၅၀ထဲကလူတွေကလည်း သူတို့မှာ ဂိုဏ်းရဲ့အရင်းအမြစ်တွေရှိပြီးသားဆိုတော့ မဝင်ကြဘူး”
“ဒါဆို နောက်မှပြောကြတာပေါ့ အခုက ၁၀ယောက်ရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဟင်း” ရှောင်ချီသည် သူမရင်ခွင်ထဲတွင် ထိုင်နေသည်။ အရေအတွက်ကိုကြားသောအခါ သူမ နှာခေါင်း ရှုံ့လေသည်။
ရှီမာယူယူ ခေါင်းငုံ့ပြီး ရှောင်ချီနှုတ်ခမ်းဆူနေသည်ကို သတိထားမိသည်။ သူမပြုံးပြီး သူမ ဆံပင်ကိုပွတ် ကာ “အင်း ရှောင်ချီ.. ငါတို့ရှောင်ချီကိုပါ ထည့်ကြတာပေါ့”
“ရှောင်ချီက ဘယ်ဌာနကလဲ” ရှီမာယူလင်းသည် ရှောင်ချီအား ကြည့်လိုက်သည်။ သူမသည် အနည်း ငယ်ထူးဆန်းသည်ကို သူခံစားမိသည်။
ရှောင်ချီသည် ခေါင်းလွှဲသွားသည်။
“အဂ္ဂိရတ်ပညာဌာနကလို့ ရေးလိုက်” ရှီမာယူယူ ပြောလိုက်သည် “ရှောင်ချီ နောက်ကို မင်းကငါတို့ အဖွဲ့ကပဲ”
“ယူယူ တုလေးရော”
ရှီမာယူယူ တုလေးနာမည်ကြားသည်နှင့် သူမမျက်နှာမှအပြုံးသည် မှေးမှိန်သွားလေသည်။
***