← Chapters

တိုက်ကြမယ်

Vol. 007 Ch. 651

တိုက်ကြမယ်

Vol. 007 Ch. 651

“တုလေးက အတွင်းဂိုဏ်းမှာမရှိဘူး” ရှီမာယူယူ ပြောလုကိသည်။

“အတွင်းဂိုဏ်းမှာမရှိဘူးဟုတ်လား” အားလုံး အံ့သြသွားကြသည်။

“သူက အတွင်းဂိုဏ်းကိုအစောကြီးရောက်တာမဟုတ်ဘူးလား”

“သူက အတွင်းဂိုဏ်းမှာမရှိဘူးလား”

“မစိုးရိမ်ပါနဲ့ နားထောင်ဦး” ရှီမာယူယူ ပြောလိုက်သည် “တုလေးမှာ တစ်ခုခုတော့ဖြစ်နေတယ်၊ သူ့ကို ဒုကျောင်းအုပ်ကခေါ်သွားတယ်”

“ဘာဖြစ်တာလဲ”

“တုလေးရဲ့ သွေးစွမ်းအင်က ရုတ်တရက်နိုးထလာတယ်၊ သူ့ခန္ဓာကိုယ်က မခံနိုင်ဘူး အဲဒါကြောင့်… ဒါပေမဲ့ တုလေးရဲ့ ရောင်ဝါကတော့ ဒီမှာကျန်ခဲ့တုန်းပဲ သူ့အသက်အန္တရာယ်တော့မရှိပါဘူး” ရှီမာယူယူ ပြော လိုက်သည်။

“တုလေးက အခုဘယ်မှာလဲ”

ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။ “ဒါရိုက်တာမုံ့လည်း မသိဘူးလို့ပြောတယ်၊ သူ့အကြောင်းသိရအောင် နည်းလမ်းရှာပြီး ဘယ်လိုပဲဖြစ်ဖြစ် ဖြေရှင်းရမယ်”

“သူ့ကို ဂိုဏ်းရဲ့ဒုကျောင်းအုပ်ကခေါ်သွားမှတော့ အသက်အန္တရာယ်တော့မရှိဘူးလို့ထင်တယ်၊ အခု လည်း အန္တရာယ်မရှိလောက်ပါဘူး” ဝေကျိရွှီ ပြောလိုက်သည်။

“ကျိရွှီပြောတာမှန်တယ်”

“အဲလိုပဲမျှော်လင့်ရမှာပဲ” ဘေဂုံထန် ဖြည့်စွက်ပြောလိုက်သည်။

“အဖွဲ့ကိစ္စတော့ရှင်းပြီးသွားပြီ အစ်ကိုကြီး ဆရာရုံးခန်းသွားပြီး စာရွက်စာတမ်းပြင်ဆင်ပြီးတော့ အပြန် ကို ရှဲရုန်တို့ကိုဝင်ပြောခဲ့လိုက် သူတို့စောင့်နေလိမ့်မယ်” ရှီမာယူရန် ပြောလိုက်သည်။

“အင်း” ရှီမာယူရွှီ ပြန်ဖြေလေသည်။

“အဖွဲ့ကိစ္စတွေကို မဖြေရှင်းနိုင်သေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါ ဒီရက်ပိုင်းကိုအပြင်သွားရဦး မယ်”

“ဂိုဏ်းကိုအခုလေးတင်ရောက်တာ အပြင်ဘာသွားလုပ်မလို့လဲ”

“ငါ ကမ္ဘာကြီးမျက်လုံးရခဲ့ပြီ ဆရာဟော်နဲ့ဆွေးနွေးဖို့သွားပြီး ဖန်လေးကိုရှာပြီးတာနဲ့ ကိစ္စတစ်ခုလုံးကို သူ့ကိုပြောပြရမယ်လေ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။

“ဘာ မင်းကမ္ဘာကြီးမျက်လုံးရလာပြီဟုတ်လား”

အားလုံးသည် အော်လိုက်ကြကာ သူမအား မယုံကြည်စွာကြည့်လိုက်သည်။

“ငါတို့အတွင်းဂိုဏ်းမှာ လအတော်ကြာပြီနေတာ ကမ္ဘာကြီးမျက်လုံးသတင်းကိုကြားကိုမကြားမိဘူး၊ မင်းက ရက်ပိုင်းလောက်နဲ့ ဘယ်လိုလုပ်ရတာလဲ၊ အံ့သြဖို့ကောင်းလိုက်တာ”

ရှီမာယူယူသည်လည်း ကံကောင်းသည်ဟု ခံစားမိကာ ပြောလိုက်သည် “ငါမရှာပါဘူး၊ ဆရာကပေးတာ”

“ဆရာဟုတ်လား ဆရာရှုလား”

“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည်။ “သူ့ကိုလူတစ်ယောက်ပေးတာလို့ပြောတယ်၊ ဒီအကြောင်းပြ ချက်က ယုံချင်စရာမကောင်းပေမယ့် သူပြောတာကို မစုံစမ်းချင်တော့ဘူး၊ အချိန်တိုလေ ဖန်လေးကိုကယ်လို့ ပိုကောင်းလေပဲ”

“ကောင်းတာပေါ့ မင်းမောင်လေးကို ကုပြီးရင် တာဝန်ကြီးတစ်ခုတော့ ပြီးသွားပြီ” ဖက်တီးကျူ ပြုံးလိုက် သည်။

“အင်း” ရှီမာယူယူလည်း ထိုအတိုင်းတွေးသည်။ လက်ရှိတွင် သူမ ဖြေရှင်းရမည်မှာ ဖန်လေး၏ ပြဿနာ ပင်ဖြစ်သည်။ လက်စားချေရန်အတွက်ကတော့ တည်ငြိမ်ရန်လိုအပ်ပြီး ထိုအချိန်အတွင်းတွင် ပြီးမြောက်အောင် လုပ်ရမည့်ကိစ္စများရှိသည်။ ဖန်လေးပျောက်ကင်းမှပင် သူမ စိတ်သက်သာစွာ ကျင့်ကြံနိုင်မည်ဖြစ်သည်။

“ဘယ်တော့သွားမလို့စီစဉ်ထားလဲ” ရှီမာယူမင် မေးလိုက်သည်။

“နောက်ရက်နည်းနည်းကြာရင်၊ အဖွဲ့ကိစ္စတွေရှင်းပြီးမှပါ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ဖန်လေးကလည်း အခုကောင်းကင်မြို့တော်မှာမရှိဘူး၊ အဲဒါကြောင့် သူပြန်လာမှ ဆက်သွယ်ရမှာ”

ရှီမန်ဖန် ထိုစွမ်းအားထိန်းချုပ်မှုမှ ရုန်းထွက်နိုင်မည်ကို စဉ်းစားမိသောအခါ သူမ စိတ်ပျော်ရွှင်နေသဖြင့် တခြားသူများလည်း သူမအတွက်ဝမ်းသာပေးကြသည်။

သူတို့နှင့် အချိန်တစ်ခုစကားပြောဆိုပြီးနောက်တွင် သူမသည် ရှောင်ချီနှင့် ထွက်ခဲ့လိုက်သ်ည။ ဒီတစ်ကြိမ်တွင် သူမ စိတ်ပျော်နေသဖြင့် ဂိုဏ်းအတွင်း လှည့်ပတ်သွားလိုက်သည်။

“ရှောင်ချီ မင်းဂိုဏ်းအကြောင်း အများကြီးသိတာလား” ရှီမာယူယူ မေးလိုက်သည်။

ရှောင်ချီ ခေါင်းညိမ့်ပြီးနောက် ခေါင်းပြန်ရမ်းလေသည်။

“ခေါင်းညိမ့်ပြီးမှ ရမ်းတာ ဘာအဓိပ္ပာယ်လဲ” ရှီမာယူယူ ရယ်မောလိုက်သည်။

“ဒီနေရာကိုသာသိတာ လူတွေကိုသိတာမဟုတ်ဘူးလေ” ရှောင်ချီ ပြောလိုက်သည်။

သူမ အသွင်ပြောင်းပြီးနောက်တွင် တစ်ခါတလေ ဂိုဏ်းအတွင်းပြေးလွှားလေ့ရှိသောကြောင့် ဂိုဏ်း၏ အစိတ်အပိုင်းများကိုသိသည်။ သို့သော် သူမသည် လူများနှင့် ဆက်သွယ်ရသည်ကို မနှစ်သက်သဖြင့် သူတို့ ကိစ္စ များကို ဂရုမစိုက်ခဲ့ပေ။ တစ်ခါတစ်လေ ထိုလူများ၏ စကားများကိုနားထောငသော်လည်း ဘာပြန်ပြောရမည်ကို မသိပေ။

“သွားရအောင် ဂိုဏ်းရဲ့ကျင့်စဉ်မျှော်စင်ကိုသွားကြည့်ကြမယ်” ရှီမာယူယူ သူမခေါင်းကိုပုတ်လိုက်သည်။

“ကောင်းပြီ ရှောင်ချီ နေရာသိတယ် ခေါ်သွားပေးမယ်” ရှောင်ချီသည် ရှီမာယူယူလက်ကိုဆွဲကာ အကျယ်ဆုံးကွင်းပြင် ကိုဖြတ်ပြီး ဦးဆောင်သွားလေသည်။ သူတို့သည် စာကြည့်တိုက်အနောက်သို့ရောက်လာ သည်။ ပုံမှန်အရှည်မဟုတ်သော ဘုရားကျောင်းတစ်ခု သူမရှေ့တွင် ပေါ်လာသည်။

“မျှော်စင် အောက်၃လွှာနဲ့ အပေါ်၇လွှာရှိတယ်၊ လူအများစုကတော့ ပထမအလွှာကနေ ၄လွှာအထိ လေ့ကျင့်ကြပြီး တက်သွားကြတာပဲ” ရှောင်ချီ ပြောလိုက်သည်။

“အောက် ၂လွှာနဲ့ အပေါ်ဆုံးကရော အဲမှာ ဘယ်သူမှ မကျင့်ကြံကြဘူးလား”

“ကျင့်တယ်လေ အရည်အချင်းရှိတဲ့သူတွေက အပေါ်ဆုံးအထပ်မှာကျင့်ကြံကြပြီး အားကောင်းတဲ့လူ တွေကတော့ အောက်မှာကျင့်ကြံကြတယ်” ရှောင်ချီ ပြန်ဖြေလေသည်။

“ရှောင်ချီက ဘယ်အထပ်မှာကျင့်ကြံတာလဲ”

“ရှောင်ချီက ကျင့်ကြံဖို့ဒီကိုမလာဘူး” ရှောင်ချီသည် ပခုံးတွန့်လေသည်။

“ဟားဟား..” ရှီမာယူယူသည် ရှောင်ချီ၏ စကားများကို မအံ့သြတော့ပေ။

ရှောင်ချီ၏ အားသည် သာမန်လူတစ်ယောက် ရနိုင်သည့်အားမဟုတ်ပေ။

“ပြန်ရအောင်” သူမသည် ကျောင်းသားများသွားသွားလာလာလုပ်နေသည်ကို ကြည့်ကာ ကျင့်ကြံရန် အထဲသို့သွားရန် အစီအစဉ်မရှိပေ။

သူမလှည့်ထွက်ရာ သူမရှိရာသို့ လူတစ်စုလာနေသည်ကို တွေ့လိုက်သည်။

သူမ တခြားသူများကိုမသိသော်လည်း အနောက်တွင်ပုန်းနေသော ရှောင်ရွှီကို သိသည်။ သူ့အား သူမ မှတ်မိနေသည်။ မိုးကြိုးသွားအဖွဲ့မှလူများသည် သူမကို လက်လျော့ချင်သည့် ဆန္ဒရှိသည့်ပုံမပေါ်ပေ။

“မင်းက ရှီမာယူယူလား” ဦးဆောင်လာသော အမျိုးသားကမေးလိုက်သည်။

ရှီမာယူယူ လက်ပိုက်ကာ သာမန်ပင်ပြောလိုက်သည် “ဘယ်လိုလဲရှောင်ရွှီ သင်ခန်းစာမရသေးဘူးလား”

“ရှီမာယူယူ မင်းက မိုးကြိုးသွားအဖွဲ့လူကိုထိခိုက်အောင်လုပ်တယ်၊ အဲဒါဘာကိုဆိုလိုတာလဲသိလား” ရှောင်ရွှီသည် ဒီတစ်ကြိမ်တွင် လူအများကိုခေါ်လာသည်။ သူသည် အနောက်မှ စိတ်လှုပ်ရှားစွာပြောပြီး အတိအကျပြောရန် မကြောက်ပေ။

“အဲတော့ ဘာဖြစ်လဲ၊ ခင်ဗျားတို့ကို ကျွန်တော်တစ်ချိန်လုံး ဒုက္ခမရှာချင်ဘူး၊ ကိစ္စတွေကို ကိုင်တွယ်နိုင် တဲ့တစ်ယောက်ယောက်ကို ရှာလိုက်ပါ၊ တစ်ခါတည်း အပြီးသတ်ပေးမယ်” ရှီမာယူယူ ပြောလိုက်သည်။

“အတင့်ရဲလိုက်တာ” အလယ်မှလူသည် နှာမှုတ်လေသည်။

“ခင်ဗျားတို့ ဒေါသထွက်တာကပြဿနာပဲ” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားတို့မှာ ပို့စရာလူတွေ အများကြီးရှိတာ ကျွန်တော်ကတော့ ခင်ဗျားတို့အတွက်နဲ့အချိန်ကုန်မခံနိုင်ဘူး၊ လာခဲ့ ပြောရေးဆိုခွင့်ရှိတဲ့လူ လွှတ်လိုက်”

“မင်းက ဘယ်လိုရှင်းချင်လို့လဲ” ကြမ်းတမ်းသော ယောက်ျားသံတစ်ခုသည် ကျင့်ကြံမှုမျှော်စင်အဝမှ ထွက်လာသည်။ မိုးကြိုးသွားအဖွဲ့သည် သူ့ကိုမြင်သည်နှင့် တရိုတသေဖြင့် ခေါင်းဆောင်ဟုခေါ်လေသည်။

သူ့ပုံစံကိုကြည့်လိုက်ရာ ရှောင်ရှောင်နှင့် မတိမ်းမယိမ်းရှိသည်ကို ရှီမာယူယူ မြင်လိုက်သည်။ သူမ တက်ခေါက်လိုက်သည် “ဒါကိုရှင်းချင်တာမဟုတ်ဘူး ခင်ဗျားတို့က မနားမနေကိုနှောင့်ယှက်နေလို့လေ၊ လိုချင် တာကိုပြောလိုက် ဒါနဲ့ပဲ အဆုံးသတ်ကြမယ် ကျွန်တော်ဒေါသမထွက်ခင် နောက်ကို ကျွန်တော့်ကို မနှောင့်ယှက်နဲ့တော့”

“မင်းက ငါ့တို့အဖွဲ့ဝင်ကိုသင်းကွပ်လိုက်တယ်လေ၊ မင်းက လွယ်လွယ်နဲ့ဖြေရှင်းချင်တယ်၊ သွား ကိုယ့် ကိုယ်ကို သွားသင်းကွပ်လိုက်” မိုးကြိုးအဖွဲ့မှ ခေါင်းဆောင် လျူမင်ယွမ် မှတ်ချက်ပေးလေသည်။

“အဲဒါမဖြစ်နိုင်ဘူးဆိုတာ ခင်ဗျားသိပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

သူမ လုပ်ချင်တယ်ပဲထားတော့ ဖြတ်စရာမှမရှိတာ။ ဘယ်လိုလုပ် ကိုယ့်ဘာသာ သင်းကွပ်လို့ရမှာလဲ။

“ဒါဆို ကိုယ့်ကိုယ်ကို သက်သေလိုက်” လျူမင်ယွမ်ပြောလိုက်သည်။

“အဲဒါက ပိုမဖြစ်နိုင်သေးတယ်” ရှီမာယူယူ တွေဝေမှုမရှိ ငြင်းဆန်လိုက်သည်။

သူမသည် ဘယ်လောက်မှမနေရသေးတာ။ ဘာလို့သက်သေရမှာလဲ။

“ဒါဆို မင်းဘာလုပ်ချင်တာလဲ” လျူမင်ယွမ် မေးခွန်းထုတ်လေသည်။

“တကယ်တော့ ရှင်းပါတယ် တိုက်ကြမယ် ခင်ဗျားနိုင်ရင် ခင်ဗျားပြောတာနားထောင်မယ်၊ ကျွန်တော် နိုင်ရင် ခင်ဗျားတို့အဖွဲ့ဝင်တွေ ကျွန်တော့် မျက်စိရှေ့ပေါ်မလာစေနဲ့” ရှီမာယူယူသည် လျူမင်ယွမ်အား ညွှန်ပြ လိုက်သည်။

***

All Chapters