← Chapters

လျူမင်ယွမ်နှင့်တိုက်ခိုက်ခြင်း

Vol. 007 Ch. 652

လျူမင်ယွမ်နှင့်တိုက်ခိုက်ခြင်း

Vol. 007 Ch. 652

သူမပြောအပြီးတွင် ငြိမ်နေသောတစ်ကွင်းလုံးသည် အော်ကြလေသည်။

ရောက်တာရက်ပိုင်းပဲရှိသေးတဲ့ ကျောင်းသားသစ်က မိုးကြိုးသွားအဖွဲ့ခေါင်းဆောင်ကို တိုက်ဖို့ စိန်ခေါ် တယ်ပေါ့။ ဒီသတင်းက အဓိကသတင်းကြီးပဲ။

“ဘယ်လိုလဲ တိုက်ရဲလား” ရှီမာယူယူသည် လျူမင်ယွမ်ကိုမေးငေါ့ပြလေသည်။

လျူမင်ယွမ်သည် ရှီမာယူယူအား ကြည့်လိုက်သည်။ မထင်မှတ်စွာပင် သူသည် လူငယ်မျိုးဆက်၏ ရန်စ ခြင်းကိုခံရသည်။ ဒီနေ့ သူမ စိန်ခေါ်မှုကို လက်မခံပါက အတွင်းဂိုဏ်းအတွင်းမှာ ဘယ်လိုလုပ် ဆရာကြီးလုပ်လို့ ရမလဲ။

သူ နှာမှုတ်ကာ “ငါ့ကိုစိန်ခေါ်ရဲတယ်ဆိုတော့ မင်းသတ္တိကမသေးဘူးပဲ”

“ချီးကျူးတဲ့အတွက် ကျေးဇူးပဲ၊ ကျွန်တော်က မကြောက်တတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုလဲ တိုက်ရဲလား”

“မတိုက်ရဲစရာဘာရှိလဲ ဒီမှာလူအရမ်းများတယ် သူတို့က မျက်မြင်သက်သေပဲ၊ မင်းနိုင်ရင် မိုးကြိုးသွား အဖွဲ့က မင်းကိုထပ်ပြီးပြဿနာမရှာတော့ဘူး၊ မင်းရှုံးမယ်ဆိုရင် ဒီနေ့ပဲ ငါတို့နောက်ကို ကျိုးကျိုးနွံနွံလိုက်ရမယ် ပြီးတော့ ငါတို့ကိုပြဿနာမရှာအောင် ရှုဂျင်းကိုပြောရမယ်”

“သဘောတူတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ပြိုင်ပွဲကျင်းပတဲ့နေရာသွားကြတာပေါ့” လျူမင်ယွမ်ထွက်သွားသည်နှင့် မိုးကြိုးသွားအဖွဲ့မှလူများလည်း သူနှင့်အတူလိုက်သွားကြလေသည်။

ရှီမာယူယူသည် ရှောင်ချီကိုခေါ်ပြီး သူတို့နောက်လိုက်ကာ ပြိုင်ပွဲကျင်းပသည့် နေရာသို့သွားလိုက်သည်။

ထိုနေရာရှိလူများသည် အမြင်ပွင့်သူများဖြစ်ကြသည်။ ကျောင်းသားအသစ်က စီနီယာကျောင်းသားကို စိန်ခေါ်တဲ့ပွဲမကြည့်ရတာ ဘယ်လောက်ကြာနေပြီလဲ။ ဒီနေ့တွေ့မယ်လို့ မထင်ထားမိဘူး။

“သွားမယ် ပွဲသွားကြည့်ရအောင်”

“ဟီးဟီး ကျင့်ကြံမှုဘုရားကျောင်းကလူတွေကို သွားသတင်းပေးလိုက်ဦးမယ် ငါ့ကိုစောင့်ဦး”

“ဒါဆိုသွားလိုက် နောက်ကျမနေနဲ့”

“ဒီကျောင်းသားသစ်က လျူမင်ယွမ်ကိုစိန်ခေါ်ရဲတဲ့ သတ္တိရှိတာပဲ”

“အဲကလေးကို လျော့မတွက်နဲ့၊ သူက ဂိုဏ်းထဲမလာခင်ကို ဟုန်ဖာရဲ့တပည့်ကို သင်းကွပ်ပစ်လိုက်တာ ပြီးတော့ သူ့ကိုဖမ်းတဲ့လူတွေကို ရိုက်ပစ်တာ၊ သူက ခန္ဓာကိုယ်ကိုတော့ သေချာလေ့ကျင့်ထားတာပဲ”

“လူသစ်ကအဲလောက် မောက်မာတာလား”

“အဲလိုမထင်ရဘူး”

“ဟင် သူက အတွင်းဂိုဏ်းကလူတွေကို တိုက်ပြီးတာနဲ့ ပြိုင်ဘက်ကင်းမယ်ထင်နေတာလား စီနီယာ ကျောင်းသားကိုတောင် စိန်ခေါ်ရဲတယ်၊ မဟုတ်ရင် အဲလောက်အများကြီးအရိုက်ခံရတော့မှာပဲ”

“ဟီးဟီး သူရှုံးရင် အရိုက်ခံရတာတင်မဟုတ်ဘူး လျူမင်ယွမ်နဲ့လည်း အပေးအယူရှိသေးတယ်”

“သွားမယ် သွားမယ် သွားကြည့်ရအောင်….”

ရှီမာယူယူမှ လျူမင်ယွမ်ကိုစိန်ခေါ်သည်ဟု ကြားသည်နှင့် ကျင့်ကြံမှုဘုရားကျောင်းထဲရှိ လူအများသည် ကျင့်ကြံမှုကိုရပ်လိုက်ကြသည်။ သူတို့သည် ပွဲကြည့်ရန် ပြိုင်ပွဲကျင်းပရာနေရာသို့သွားကြလေသည်။ တတိယ အထပ်ရှိ အခန်းများတွင် လူအများသည် အောက်ထပ်မှ လှုပ်လှုပ်ရှားရှားဖြစ်မှုကို စိတ်အနှောင့်အယှက်ဖြစ်နေ လေသည်။ သူတို့သည် အချိန်ကြာမြင့်စွာ လေ့ကျင့်ပြီးဖြစ်သဖြင့် အပြင်အတူထွက်ကြသည်ဟု ထင်နေကြသည်။

ရှီမာယူမင်နှင့် တခြားသူများ ခြံဝန်းသို့ ဟော့ဘာယန်အာသည် အလျင်စလိုပြန်လာလေသည်။ သူမ သည် ဆွေးနွေးနေကြသော ဘေဂုံထန်နှင့် ဝေကျိရွှီတို့ကို နှောင့်ယှက်လေသည် “မင်းတို့ ပြိုင်ပွဲနေရာကိုသွားတာ ကောင်းမယ် ယူယူက လျူမင်ယွမ်ကိုစိန်ခေါ်နေတယ်”

ဘေဂုံထန်နှင့် ဝေကျိရွှီတို့သည် ဘော့ဘာယန်အာလောက်စိုးရိမ်မှုမရှိပေ။ သူတို့သည် တည်ငြိမ်စွာ ကြည့်လိုက်ပြီး မေးလိုက်သည် “ယူယူက လူတစ်ယောက်ကိုစိန်ခေါ်တယ်ဟုတ်လား၊ သူ သွားတာမှမကြာသေး ဘူး ဖြစ်နေပြီလား”

“မစိုးရိမ်ပါနဲ့ သူက ယုံကြည်ချက်မရှိတာကိုလုပ်မှာမဟုတ်ဘူး ငါတို့သွားကြည့်ရအောင်”

“အိုခေ”

ဝေကျိရွှီသည် တခြားသူများကို သတင်းပို့လိုက်သည်။ ရှီမာယူယူသည် လျူမင်ယွမ်နှင့် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အားလုံးသိသွားကြသည်။ သူမကို မည်သူမှမစိုးရိမ်ကြသော်လည်း အလွန်စိတ်ဝင်စားကြသည်။

“ယူယူနဲ့ မိုးကြိုးသွားခေါင်းဆောင်လား”

“သူမက ဒီကိစ္စကို ရှင်းဖို့အတွက် ဒါကိုအသုံးချမယ်ထင်တယ်”

“ဖြစ်နိုင်တယ် သွားကြည့်ရအောင်”

“ယူယူ သူ့ကိုဘယ်လိုထိုးမလဲဆိုတာ သိချင်လားပြီ”

“သွားကြည့်ရင်သိမှာပေါ့”

ဟော့ဘာယန်အာသည် သူတို့၏ တည်ငြိမ်မှုကို တွေ့သဖြင့် အံ့သြစွာပြောလိုက်သည် “ရှင်တို့ မစိုးရိမ် ကြဘူးလား၊ ပြိုင်ဘက်က အားအကောင်းဆုံး အဆင့်၆၀ထဲဝင်တယ်နော်”

“၆၀ဟုတ်လား အဲဒါဘယ်လောက်သန်မာတာလဲ”

“အံ့ဖွယ်အရှင်အထက်ပိုင်းစွမ်းအားရှင်အဆင့်ပဲ”

“ဒါဆို စိုးရိမ်စရာမရှိပါဘူး ယန်လေး အတူသွားကြည့်ချင်လား” ဘေဂုံထန် အားရပါးရပြုံးလိုက်သည်။

သူတို့၏တည်ငြိမ်နေမှုကိုကြည့်ပြီး ဘော့ဘာယန်အာ၏ စိုးရိမ်မှုသည် ပျောက်ကွယ်သွားလေသည်။ သူတို့တောင်ဒီလိုဆိုမှတော့ ရှီမာယူယူက ပြိုင်ဘက်ကိုရှင်းပစ်မယ့် နည်းလမ်းရှိလို့နေမှာပါလေ။

သူတို့ ပြိုင်ပွဲကျင်းပရာနေရာသို့ရောက်သောအခါ ကြည့်ရှုသူများဝိုင်းနေသည်ကိုတွေ့လိုက်ရသည်။ ရှီမာယူယူနှင့် လျူမင်ယွမ်တို့သည် အလယ်တွင် မျက်နှာချင်းဆိုင်ရပ်နေကြသည်။

သူတို့သင့်တော်သည့်နေရာရွေးပြီးသည်နှင့် ဘေးမှလူများသည် ရှီမာယူယူအကြောင်း ဆွေးနွေးနေသည် ကိုကြားလိုက်ရသည်။

“ကြည့်ဦး အဲလူသစ်က သူ့အဆင့်ကိုမဖော်ပြဘူး”

“နည်းလမ်းတွေနဲ့လျှို့ဝှက်ထားတာဖြစ်မယ် အဲဒါမျိုးကရှားတယ်”

“အဲဒီလျူမင်ယွမ်က အံ့ဖွယ်အရှင်အထက်ပိုင်းစွမ်းအားရှင်အဆင့်ပဲ ဒီလူသစ်ကငယ်သေးတဲ့ပုံပဲ ဘယ်လို ပဲဖြစ်ဖြစ် သူတို့ကပြိုင်ဘက်မဖြစ်နိုင်ဘူး”

“မဖြစ်မနေတော့မဟုတ်ပါဘူး” အသံတစ်သံသည် လူနှစ်ယောက်အနောက်မှထွက်လာသည် “အဲကောင်လေးနိုင်မယ် ထင်တာပဲ”

အားလုံးလှည့်ကြည့်ရာ ထန်ယန်သည် ခုံတွင်ထိုင်ကာ ယပ်တောင်ခတ်နေသည်ကို မြင်လိုက်ရသည်။ သူ့မျက်နှာမှာ ညှို့အားကောင်းသော အပြုံးရှိနေသည်။

သူ့ဘေးတွင် ထိုင်နေသော မိုဘင်းသည် ဘာမှတ်ချက်မှမပေးပေ။

“ထန်ယန် အဲလူသစ်နိုင်မယ်လို့ထင်တာလား” ခုနကစကားပြောသော လူသည်မေးလေသည်။

“နိုင်နိုင်တယ်လို့ပဲပြောတာပါ” ထန်ယန် ပြောလိုက်သည်။

“ထန်ယန် မင်းကအမြဲတမ်းတံခါးပိတ်ကျင့်ကြံနေလို့ ဂိုဏ်းအတွင်းကလက်ရှိအခြေအနေကို မသိတာ ဖြစ်မယ်၊ လျူမင်ယွမ်က အံ့ဖွယ်အရှင်အဆင့်ကနေ အံ့ဖွယ်သူတော်စင်ဖြစ်ဖို့လက်တစ်ကမ်းအလိုမှာရှိတယ်၊ ရှီမာယူယူက ကျောင်းသားသစ်ပဲ၊ အတွင်းဂိုဏ်းကိုရောက်တာမှမကြာသေးဘူး၊ ဒီနှစ်မှ ကျောင်းထဲရောက်တဲ့လူ ပဲလို့ပြောကြတယ် သူ့ကြည့်ရတာငယ်သေးတဲ့ပုံပဲ၊ သူက လျူမင်ယွမ်ထက် ဘယ်လိုလုပ်ပိုအားကောင်းရမှာလဲ သူ့အသက်အရွယ်နဲ့ အံ့ဖွယ်ဘုရင်တောင် မဖောက်နိုင်သေးလောက်ဘူး”

“ငါ့အမြင်ကိုမင်းက မယုံဘူးပဲ” ထန်ယန် ပြောလိုက်သည်။

“မင်းပြောတာက မဖြစ်နိုင်ဘူးလေ”

“ဟင်း သူလုပ်နိုင်မယ်လို့ ငါယုံတယ်” ထန်ယန်သည် တခြားသူများ၏ အတွေးကို ဂရုမစိုက်တော့ပေ။ ထိုအချိန်တွင် သူသည် စင်ပေါ်မှ လူနှစ်ယောက်ကိုသာ အာရုံစိုက်ထားသည်။

ရှီမာယူယူသည် လျူမင်ယွမ်အားကြည့်ပြီး ပြောလိုက်သည် “ကိုယ့်စကားကိုယ်တည်ပါ ခင်ဗျားရှုံးရင် ခင်ဗျားလူတွေ ကျွန်တော့်ရှေ့ပေါ်မလာစေရဘူးဆိုတာ သေချာအောင်လုပ်ပါ”

“ဘဝင်မြင့်နေတဲ့ကလေး ဒီနေ့ မင်းငါ့နောက်ကို ကျိုးကျိုးနွံနွံလိုက်အောင်လုပ်ပြမယ်”

လျူမင်ယွမ် ပြောပြီးနောက်တွင် ဝိဉာဉ်စွမ်းအင်များကို စတင်စုစည်းရာ လျင်မြန်စွာပင် လက်ထဲတွင် မီး ကြာပွတ်ပေါ်လာသည်။

ရှီမာယူယူ၏ လှုပ်ရှားမှုသည်လည်း မနှေးပေ။ သူမသည် ဒေါသမီးတောက်ခုတ်ချက်ကို ပြီးပြည့်စုံနီးပါး လေ့ကျင့်ထားပြီးဖြစ်သည်။ မီးကြာပွတ်ကျလာသည်နှင့် သူမသည် ဓားဖြင့်နှစ်ပိုင်းပိုင်းချလိုက်သည်။ တစ်ဝက်မှာ လျူမင်ယွမ်၏ လက်ထဲတွင်ကျန်နေခဲ့ပြီး နောက်တစ်ဝက်မှာ မြေပေါ်ကျကာ ပျောက်ကွယ်သွားလေသည်။

“မင်းက အံ့ဖွယ်အရှင်အထက်ပိုင်းအဆင့်ပဲ” ရှီမာယူယူ လွယ်ကူစွာ သူ့ကြာပွတ်ကို ပိုင်းဖြတ်လိုက် သည်ကို ကြည့်ပြီး လျူမင်ယွမ်သည် တည်ငြိမ်စွာပြောလေသည်။

“စုတ်တယ် မဟုတ်ရင် ကျွန်တော်ကဘာလို့ဒီမှာ ရပ်နေနိုင်မှာလဲ” ရှီမာယူယူသည် ဓားရှည်ကို ဝေ့ရမ်း လိုက်ပြီး “တချို့လူငယ်တွေက ဒီအတိုင်းသတ္တိရှိတာမဟုတ်ဘူး”

“မင်းအားက ငါနဲ့ အတူတူလောက်ဖြစ်မယ်လို့ထင်မထားဘူး၊ ဒါပေမဲ့ အဲလောက်နဲ့ငါ့ကိုနိုင်မယ်ထင်နေ လားကလေး နောက်တစ်ခါ ဆုံးဖြတ်ချက်ချရင် ကိုယ့်ရန်သူကိုယ် ကောင်းကောင်းသိပါစေ”

လျူမင်ယွမ်သည် ရှီမာယူယူ၏ အားကိုအံ့သြသော်လည်း အဆင့်တူသောလူနှင့် မကြုံဖူးပေ။ သူ မီး ကြာပွတ်လှုပ်ရမ်းလိုက်သည်နှင့် ဓားသွားများအဖြစ်ပြောင်းသွားပြီး ရှီမာယူယူဆီသို့ သွားလေသည်။ ထို့နောက် တွင် သူသည် ဓားသွားများအနောက်လိုက်ပြီး ရယ်မောလေသည် “ငါက သာမာန်ဝိဉာဉ်သခင်မဟုတ်ဘူး၊ ဝိဉာဉ် သခင်ဖြစ်တဲ့အပြင် ငါ့ခန္ဓာကိုယ်ကို သေချာလေ့ကျင့်ထားတာ၊ ဒီနေ့ ငါနဲ့တွေ့မှတော့ မင်းရှုံးမှာပဲ”

ရှီမာယူယူ သူ့မီးဓားသွားများကို လွယ်ကူစွာပင်အနိုင်ရလိုက်သည်ကို မြင်ရသော်လည်း သူ မရပ်ပေ။ ထို ဓားသွားများသည် သူ့အတွက် အကာအကွယ်ပင်။ သူ ရှီမာယူယူ၏ ဗိုက်ကိုထိုးလိုက်သော်လည်း မထင်မှတ်ထား ပဲ စင်တီမီတာအနည်းငယ်အလိုတွင် ရပ်သွားလေသည်။

***

All Chapters